15/06/2026
အံဆုံးက သွားဖုံးအောက်မှာပဲ လှဲ နေပြီး အပြင်မထွက်ပါက
1.သွားဖုံးရောင်ခြင်းနှင့် အစာအကြွင်းအကျန်များ အောင်းနိုင်ခြင်း
သွားက သွားဖုံးအောက်မှာ ငုပ်နေတဲ့အခါ သွားနဲ့ သွားဖုံးကြားမှာ အစာဟောင်းတွေနဲ့ ဗက်တီးရီးယားတွေ ခိုအောင်းရလွယ်ကူစေပါတယ်။ ဒါကြောင့် သွားဖုံးရောင်တာ၊ ပြည်တည်တာနဲ့ ပြင်းထန်စွာ နာကျင်တာတွေ ဖြစ်နိုင်ပါတယ်။
2.ဘေးကပ်လျက်သွားများ ပျက်စီးခြင်း
လှဲနေတဲ့ အံဆုံးက ရှေ့က သွားမေးရိုးကို အမြဲတမ်း တွန်းကန်နေတာကြောင့် ဘေးက သွားရဲ့ အမြစ်ကို ပျက်စီးစေနိုင်ပြီး ဘေးသွားပါ ပိုးစားတာ၊ သွားဖုံးရောဂါဖြစ်တာတွေ ကြုံရနိုင်ပါတယ်။
3.သွားကိုက်ခြင်း
မေးရိုးနဲ့ အာရုံကြောတွေကို ဖိမိနေတဲ့အတွက် မေးရိုးတစ်ခုလုံး ကိုက်ခဲတာ၊ ခေါင်းကိုက်တာနဲ့ နားကိုက်တာမျိုးတွေအထိ ဖြစ်ပွားတတ်ပါတယ်။
ဒါ့အပြင်
အံဆုံးက အတွင်းကနေ အဆက်မပြတ် တွန်းနေတဲ့အတွက် အရှေ့က သွားတွေကို တွန်းသလိုဖြစ်ပြီး သွားတွေ ညီညာမှုမရှိတော့ဘဲ ထပ်လာတာ၊ ကောက်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် အံဆုံး ပေါက်ရမယ့် အရွယ်ရောက်နေပြီး မတွေ့ရပါက
ဓာတ်မှန် (X-ray) ရိုက်ကာ လိုအပ်ပါက ခွဲနှုတ်ပေးဖို့လိုအပ်ပါတယ်။
သွားကျန်းမာရေး နှင့် အလှအပအတွက် တိုင်ပင်ဆွေးနွေးလိုပါက 01077327213(သို့) messagenger မှ ဆက်သွယ် စုံစမ်းနိုင်ပါတယ်
txt-065151
img-065150