30/03/2023
သွားနှုတ်လိုက်ရပြီး သွားပြန်စိုက်တဲ့အခါ ပိုက်ဆံ ပိုကုန်ပါတယ်
✨️ သွားကိုက်ဝေဒနာ ခံစားရလို့ သွားနှုတ်လိုက်မယ်ဆိုရင် နှုတ်ပြီးတာနဲ့ ပြဿနာကို ဖြေရှင်းပြီးသွားတာ မဟုတ်ပါဘူး။ သွားနှုတ်ပြီးနောက် ပြန်မစိုက်တဲ့အခါ ဘေးသွားများ ယိုင်လာပါတယ်။ ဆန့်ကျင်ဘက်သွားမှာရှည်ထွက်လာတတ်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် နှုတ်လိုက်တဲ့သွားနေရာမှာ Dental bridges ဒါမှမဟုတ် Dental implants ( သွားအသေစိုက်ခြင်း) Denture ( သွားအရှင်အံကပ်စိုက်ခြင်း) တွေနဲ့ ပြန်လည် အစားထိုးပေးဖို့ လိုအပ်ပါတယ်။ သွားပြန်စိုက်တဲ့ ကုသမှုတွေဟာ Treatment ပိုများများလုပ်ရတဲ့အတွက် အချိန်လည်း ပိုကြာသလို ငွေကြေးကုန်ကျမှုလည်း ပိုများပါတယ်ဗျ
- သွားပိုးပေါက်တွေ ရှိနေပြီ
- သွားလည်း နာစပြုနေပြီ
- ကျန်ရှိသွားပမာဏဟာ အသုံးပြု၍ရနိုင်သေးရင် အကောင်းဆုံးနည်းလမ်းကတော့ သွားအကြောထုတ်ကုသနည်း (Root Canal Treatment) ဖြစ်ပါတယ်။
✨️ Root Canal Treatment ဟာ
♦️ ပထမဆုံး နာနေတဲ့သွားမှ ပိုးစားနေတဲ့နေရာများ၊ ပျက်စီးနေသော အကြောများကို ရှင်းပေးပါတယ်။
♦️ ပြီးနောက် အကြောတုပြန်ထည့်ပြီး သွားဖာပေးပါတယ်။
♦️ သွားဖာပြီးတဲ့နောက် ပိုပြီးရေရှည်ခိုင်ခံဖို့အတွက် သွားအစွပ် စွပ်ရပါတယ်။
✨️ သွားအကြောထုတ်လိုက်တဲ့အခါ လိုအပ်တဲ့ သွေး၊ အာဟာရထောက်ပံ့မှု ပြတ်သွားတဲ့အတွက် သွားရဲ့ သိပ်သည်းဆ နည်းလာပါတယ်။ ဒါကြောင့် ရေရှည်ခိုင်ခံ့ဖို့ဆိုရင် သွားအစွပ်တပ်ရပါတယ်။
အချိန်မှီ Root Canal Treatment ကို ရယူလိုက်တဲ့အခါ နဂိုသွား မဆုံးရှုံးတဲ့အပြင် Dental bridges လိုမျိုး ဘေးသွားတွေကိုလည်း စားလိုက်စရာ မလိုပါဘူး။ ကုန်ကျစရိတ်ကို မှာလည်း သွားပြန်စိုက်ခြင်းထက် ပိုမို သက်သာပါတယ်။ ဒါကြောင့် သွားကိုက်၊ သွားနာ လူနာတိုင်းကို သွားဆရာဝန်တွေက သွားမနှုတ်ရဖို့အစွမ်းကုန်ကြိုးစားပေးလေ့ရှိတာပါ။
💬 ယခုဒီစာကိုဖတ်ပြီးတဲ့အချိန် ကိုယ့်မှာ သွားကိုက်ဝေဒနာရောဂါကုသဖို့
" တောင်ကြီး သွား နှင့် ခံတွင်းဆေးခန်း"
ကို သတိရလိုက်ပါဗျ
[ ] *လိပ်စာ 🏥
တောင်ကြီး
သွား နှင့်ခံတွင်းဆေးခန်း
၁၂၃(A) ပထမထပ် , ဦးချစ်မောင်လမ်း ,ဆရာစံအနောက်မြောက်ရပ်ကွက်, ဗဟန်းမြို့နယ် , ရန်ကုန်မြို့