We Care Dental Specialist Clinic & Dental Lab

We Care Dental Specialist Clinic & Dental Lab သင်တို့၏ မေးရိုး၊ သွားနှင့်ခံတွင်း?

😍😍သွားကျန်းမာရေးအတွက် ဆောင်ထားသင့်သည့် နည်းလမ်း (၁၁) သွယ်😍😍* မိမိတို့ရဲ့သွားများဟာ လူကြီးသွားပေါက်ပြီးချိန်မှစ၍ ထပ်မံအသစ...
06/08/2022

😍😍သွားကျန်းမာရေးအတွက် ဆောင်ထားသင့်သည့် နည်းလမ်း (၁၁) သွယ်😍😍

* မိမိတို့ရဲ့သွားများဟာ လူကြီးသွားပေါက်ပြီးချိန်မှစ၍ ထပ်မံအသစ်ပေါက်ခြင်းမရှိတော့ပဲ တစ်သက်တာ အသုံးပြုရတော့မှာဖြစ်ပါတယ်။
🌟🌟* ဒါ့ကြောင့် သွားကျန်းမာရေးဟာ အလွန်ပဲ အရေးကြီးပါတယ် 🌟🌟

၁။ သွားမတိုက်ပဲ အိပ်ရာမဝင်ပါနှင့်။
မိမိတို့ရဲ့ သွားများကို တစ်နေ့ နှစ်ကြိမ်သွားတိုက်ရမယ်ဆိုတာတော့ အားလုံးသိကြပါတယ်။ ဒါပေမယ့်လဲ တစ်ခါတစ်ရံမှာ အကြောင်းအမျိုးမျိုးနဲ့ သွားမတိုက်ဖြစ်ကြပါဘူး၊ ညဘက်အိပ်ရာမဝင်ခင် သွားတိုက်လိုက်မယ်ဆိုရင် တစ်နေ့လုံးစားထားသမျှသွားမှာကပ်နေတဲ့ အစာအကြွင်းအကျန်တွေနဲ့ ပိုးမွှားအများစုကို ကင်းစင်စေမှာ ဖြစ်ပါတယ်။
၂။ စနစ်ကျမှန်ကန်စွာ သွားတိုက်ပါ။
မိမိရဲ့ သွားတိုက်ပုံနည်းလမ်းဟာ အလွန်ပဲအရေးကြီးပါတယ်။ သွားကို ကောင်းကောင်းမတိုက်ဘူးဆိုရင် သွားလုံးဝမတိုက်ပဲနေတာနဲ့ သိပ်မကွာပါဘူး။ အချိန်ယူပြီး သွားတိုက်ပါ၊ ညင်သာစွာ သွားတိုက်ပါ၊ သွားကြားထဲကျန်နေတဲ့ plaque (သွားချေး) များပြောင်အောင် အထက်အောက် တိုက်ပေးပါ၊ တကယ်လို့ plaque တွေ မပြောင်ဘူးဆိုရင် ကြာလာတဲ့အခါ မာကျောလာပြီး သွားအရင်းတွေမှာ ကျောက်တည်ပြီး သွားဖုံးရောင်လာနိုင်ပါတယ်။
၃။ မိမိရဲ့ သွားများကို ဂရုမစိုက်ပဲ မနေပါနဲ့။
သွားကြားထဲမှာ ကျန်ခဲ့တဲ့ အစာအကြွင်းအကျန်တွေ plaque‌ တွေဟာ လျှာအပေါ်မှာလဲ စုပုံလာနိုင်ပါတယ်၊ ဒါဟာ ခံတွင်းအနံ့ကို ဆိုးစေရုံသာမက အခြားသော ခံတွင်းကျန်းမာရေးပြဿနာများကိုလဲ ဖြစ်စေနိုင်ပါတယ်၊ သွားတိုက်တဲ့အခါမှာ သွားတိုက်တံနဲ့ မိမိရဲ့ လျှာအပေါ်ကိုလဲ ညင်သာစွာ အနည်းငယ်ပွတ်တိုက်ပေးသင့်ပါတယ်။
၄။ ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးကို အသုံးပြုပါ။
သွားတိုက်ဆေးကို ရွေးချယ်တဲ့အခါမှာ သွားများကိုဖြူစေသော/ အရသာအမျိုးမျိုးပါဝင်သော သွားတိုက်ဆေးများအနက် မည့်သည့်သွားတိုက်ဆေးအမျိုးအစားကို ရွေးချယ်သည်ဖြစ်စေ ဖလိုရိုက်ပါဝင်နေဖို့တော့ လိုအပ်ပါတယ်၊ ဖလိုရိုက်ဟာ သွားပိုးစားခြင်းအတွက် အဓိက ကာကွယ်ပေးတဲ့ ခံစစ်မှူးဖြစ်ပါတယ်၊ သွားပိုးစားစေတဲ့ ပိုးမွှားတွေကို တိုက်ဖျက်‌ေပးပါတယ်၊ ဒါ့အပြင် သင့်ရဲ့သွားအတွက် အကာအကွယ်ကိုလဲ ပေးစွမ်းနိုင်ပါတယ်။
၅။ သွားကြားထိုးကြိုး (floss) အသုံးပြုပါ။
ပုံမှန်သွားတိုက်တဲ့သူအများစုမှာတောင် ပုံမှန် floss ထိုးဖို့ (သွားကြားထိုးကြိုး အသုံးပြုဖို့) ပျက်ကွက်ကြပါတယ်၊ floss ထိုးခြင်းဟာ သွားနှစ်ချောင်းကြားမှာ ညပ်နေတဲ့ အစာအပိုင်းအစသေးသေးလေးများကို ဖယ်ရှားပေးရုံသာမက သွားဖုံးများကို လှုံ့ဆော်ပေးခြင်း၊ သွားချေးများကို လျော့နည်းစေခြင်း ၊ သွားဖုံးရောင်ယမ်းမှု လျော့ကျစေခြင်း တို့ကို ပေးစွမ်းနိုင်တယ်လို့ ဆရာဝန်ကြီးအချို့က ဆိုပါတယ်။
၆။ သွားကြားထိုးကြိုး (floss) အသုံးပြုကာစတွင် ခက်ခဲမှုကြောင့် လက်မလျှော့ပါနဲ့။
သွားကြားထိုးကြိုး အသုံးပြုရတာ ခက်ခဲနိုင်ပါတယ် ၊ အထူးသဖြင့် ကလေးငယ်များနဲ့ လူကြီးပိုင်း အဆစ်ရောင်ရောဂါရှိသူများတွင် ပို၍ အခက်တွေ့နိုင်ပါတယ်၊ ယနေ့ခေတ်မှာဆိုရင် အလွယ်တကူအသုံးပြုလို့ရတဲ့ လေးကိုင်းပုံစံ floss လေးတွေ စီးတီးမတ်တွေမှာ ဝယ်ယူလို့ ရနေပါပြီ ၊ water floss လို့ခေါ်တဲ့ ရေအားသုံး floss လေးတွေလဲ အသက်ကြီးပိုင်းတွေအတွက် ဝယ်ယူနိုင်နေပါပြီ။
၇။ ခံတွင်းသန့်ဆေး အသုံးပြုပါ။
ခံတွင်းသန့်ဆေး mouthwash ဟာ ခံတွင်းထဲမှာရှိတဲ့ အက်စစ်အချဉ်ဓာတ်ကို လျော့ကျစေပါတယ်၊ သွားဖုံးတစ်ဝိုက်မှာရှိတဲ့ သွားတိုက်တံမရောက်နိုင်တဲ့နေရာတွေကို သန့်ရှင်းပေးပါတယ်၊ သွားများကို အားဖည့်ပေးပါတယ် ၊ ကလေးငယ်များနှင့် အသက်ကြီးပိုင်းများအတွက် floss ထိုးရတာခက်ခဲနိုင်တဲ့အတွက် ခံတွင်းသန့်ဆေးရည်သာ အသင့်တော်ဆုံးဖြစ်တယ်လို့ အချို့သော ဆရာဝန်ကြီးများက အကြံပြုပါတယ်။
၈။ ရေများများသောက်ပါ။
ရေဓာတ်လုံလောက်မှုရှိအောင် သောက်သုံးခြင်းဟာ ကျန်းမာရေးအတွက် အလွန်ပဲ အရေးကြီးသလို ခံတွင်းကျန်းမာရေးအတွက်လဲ အလွန်အရေးကြီးပါတယ်၊ အစာစားပြီးတိုင်း ရေသောက်လိုက်တဲ့အခါမှာ အစာအကြွင်းအကျန်တွေကို ရှင်းလင်းပေးပါတယ်။
၉။ လတ်ဆတ်ကြွပ်ရွသော အသီးအနှံ ဟင်းသီးဟင်းရွက်များ စားသုံးပါ။
အသင့်စား အစားအစာတွေဟာ စားသုံးရလွယ်ကူစေပေမယ့် သွားတွေအတွက်တော့ အဆင်မပြေဖြစ်စေနိုင်ပါတယ်၊ လတ်ဆတ်ကြွပ်ရွတဲ့ အသီးအနှံတွေမှာ အမျှင်ဓာတ်ပါဝင်တဲ့အတွက် သွားတွေအတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်၊ တကယ်လို့ ကလေးတွေအတွက် ကျွေးရခက်နေမယ်ဆိုရင်တော့ သေးသေးလေးတွေ စိတ်ပြီး ကျွေးနိုင်ပါတယ်။
၁၀။ အချိုပါသော အစားအစာများ လျှော့စားပါ။
အချိုအစားများခြင်းဟာ သွားရဲ့အပေါ်ယံကြွေအလွှာကို ပျက်စီးစေပါတယ်၊ သွားပိုးပေါက်များကို တွန်းအားပေးပါတယ်၊ ဒါကြောင့် မိမိရဲ့ သွားကျန်းမာရေးအတွက် အချိုလျှော့စားဖို့ မမေ့ပါနဲ့နော်။
၁၁။ သွားဆရာဝန်ထံ ၆လ တစ်ကြိမ် ပုံမှန်စစ်ဆေးပါ။
သွားဆရာဝန်တွေဟာ သွားရောဂါတွေကို ကုပေးနိုင်သလို ပုံမှန်သွားကျန်းမာရေးကောင်းတဲ့သူတစ်ယောက်မှာရှိနိုင်တဲ့ ကျောက် (calculus) တွေကိုလဲ ဖယ်ရှားပေးနိုင်ပါတယ်၊ သွားအခေါင်းပေါက် အသေးလေးတွေကိုလဲ ရှာဖွေ ဖာထေးပေးနိုင်ပါတယ်၊ ဖြစ်လာနိုင်မယ့် ပြဿနာတွေကိုလဲ အဖြေထုတ်ပေးနိုင်ပြီးတော့ ကြိုတင်ဖြေရှင်းပေးနိုင်ပါတယ်ဆိုတာ မမေ့ပါနဲ့နော်။
တစ်ချို့နိုင်ငံတွေက သွားအာမခံကုမ္ပဏီ (dental insurance companies ) တွေကဆိုရင် အာမခံထားတဲ့သူတွေကို သွားကျန်းမာရေးစစ်ဆေးမှု ခဏခဏဆောင်ရွက်ခိုင်းတယ်လို့ သိရပါတယ်ခင်ဗျာ ။
(သမိုင်းလမ်းဆုံ)
🌟🌟ဒီပို့စ်လေးကိုဖတ်လို့ အကျိုးရှိတယ်ဆိုရင် like & share လုပ်ပေးပါအုံးနော်🤩🤩😍😍 ၊ နောက်လဲ ကျန်းမာရေးဗဟုသုတရမယ့်အကြောင်းအရာလေးတွေ တင်ပေးသွားပါမယ်🌟🌟

Bring a smile to everyone's lips ❤❤❤
20/09/2021

Bring a smile to everyone's lips ❤❤❤

12/08/2021
တောက်ပသော အပြုံးများအတွက် We Care မှကြိုဆိုပါတယ် 😊
11/01/2021

တောက်ပသော အပြုံးများအတွက် We Care မှကြိုဆိုပါတယ် 😊

Covid ကာလအတွင်း ရက်ချိန်းသေသေချာချာ လာ​ရောက်ကုသမှုအတွက်​ကျေးဇူးတင်ပါတယ်  နောက်လာမဲ့ ကုသမှု့များအတွက် We Care မှကြိုဆိုပါတ...
09/12/2020

Covid ကာလအတွင်း ရက်ချိန်းသေသေချာချာ လာ​ရောက်ကုသမှုအတွက်
ကျေးဇူးတင်ပါတယ် နောက်လာမဲ့ ကုသမှု့များအတွက် We Care မှ
ကြိုဆိုပါတယ်ရှင့်

B4 and after 3 months
14/09/2020

B4 and after 3 months

ပိုမိုလှပသော မနက်ဖြန်များစွာအတွက် We Care Dental Specialist Clinic
09/09/2020

ပိုမိုလှပသော မနက်ဖြန်များစွာအတွက် We Care Dental Specialist Clinic

အကြောင်းအမျိုးမျိုးကြောင့် သွားတွေ မရှိလို့ အစာဝါးဖို့ အဆင်မပြေဖြစ်နေသော ဘိုးဘိုး ဘွားဘွားတို့အတွက်
01/09/2020

အကြောင်းအမျိုးမျိုးကြောင့် သွားတွေ မရှိလို့ အစာဝါးဖို့ အဆင်မပြေဖြစ်နေသော ဘိုးဘိုး ဘွားဘွားတို့အတွက်

We care abut your smile 😊
01/09/2020

We care abut your smile 😊

31/08/2020
Improve your 😊 Before and after 3 months
30/08/2020

Improve your 😊
Before and after 3 months

Address

No(34), Bhone Gyi Street ( Lower Block), Lann Ma Daw Township
Yangon
11131

Opening Hours

Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+95973162506

Website

Alerts

Be the first to know and let us send you an email when We Care Dental Specialist Clinic & Dental Lab posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share