Dr. Thu Soe Maw

Dr. Thu Soe Maw Smile Crafter

25/09/2025

Fighting ညီမလေး

19/09/2025

Miss Earth Mandalay ညီမလေးကို Whitening treatment လုပ်ပေးထားတာပါ




Direct composite veneer  by Dr. Thu Soe Maw
05/09/2025

Direct composite veneer by Dr. Thu Soe Maw

“Miss Earth Myanmar Sittwe” ရဲ့ Dental Checkup        #သွားဆေးခန်း
19/08/2025

“Miss Earth Myanmar Sittwe” ရဲ့ Dental Checkup
#သွားဆေးခန်း

– Veneer ဆိုတာ ဘာလဲ? ဘာကြောင့် လူကြိုက်များရတာလဲ?**  Veneer သည် သဘာဝသွားကို မထိခိုက်စေဘဲ **အပြုံးလှလှလေး** ကို ပေးစွမ်းန...
23/05/2025

– Veneer ဆိုတာ ဘာလဲ? ဘာကြောင့် လူကြိုက်များရတာလဲ?**

Veneer သည် သဘာဝသွားကို မထိခိုက်စေဘဲ **အပြုံးလှလှလေး** ကို ပေးစွမ်းနိုင်တဲ့ ကုသမှုဖြစ်ပါတယ်။ ကမ္ဘာကျော်သရုပ်ဆောင်တွေ၊ မော်ဒယ်တွေ လှပစေဖို့ ရွေးချယ်တဲ့ နည်းလမ်းဖြစ်ပြီး ယနေ့မှာ လူတိုင်းနီးပါး လက်လှမ်းမီလာပါပြီ။"

---

– Porcelain vs Composite Veneer:
ဘယ်ဟာက သင့်အတွက် သင့်တော်မလဲ?**
|----------------|-------------------|-------------------|
Porcelain veneer
အားသာချက်များ
=============
- သဘာဝအလင်းပြန်မှု အကောင်းဆုံး
- အရောင်မပျက် (ကော်ဖီ၊ လက်ဖက်ရည် သောက်လို့ရ)
- 10–15 နှစ်အထိ ခံ
အားနည်းချက်များ
=============
- စျေးနှုန်းမြင့်
- Appointment 2 ကြိမ်နှင့်အထက် လာရန်လိုအပ်
Composite veneer
အားသာချက်များ
============
- Appointment တစ်ကြိမ်သာလိုအပ်
- စျေးသက်သာ
-ပြင်ဆင်ရလွယ်

အားနည်းချက်
==========
- 5–7 နှစ်သာ ခံ
- အစားအသောက်ပေါ်မူတည်ပြီး အရောင်ပြောင်းနိုင်

---

သင့်အတွက် Veneer သင့်တော်မှုရှိမရှိ ဘယ်လိုသိနိုင်မလဲ?**
- သွားအရောင် ဝါ/မည်းပြီး ဖြူအောင်လုပ်ဖို့ ငွေကုန်ကြေးကျခံပြီးပြီ
- သွားတွေ အနည်းငယ်ကျိုးနေလို့ ယုံကြည်မှုလျော့နေတယ်
- သွားညီညာဖို့ Braces မတပ်ချင်ဘူး (Veneer နဲ့ ၂ ပတ်အတွင်း ညီအောင်လုပ်လို့ရ!)
- လက်ထပ်မင်္ဂလာပွဲ၊ အလုပ်အင်တာဗျူး စတာတွေမှာ ပြုံးလှပမှုကို အချိန်မီချင်တယ်" စတဲ့အခြေအနေတွေမှာ veneer ကရွေးချယ်စရာပါ
ဒါလေးကတော့ veneer နဲ့ပက်သက်နဲ့သိကောင်းစရာလေးတွေကိုမျှဝေပေးထားတာပါခင်ဗျ
====================••====••=====
သင်နှင့်သင့်မိသားစုသွားနှင့်ခံတွင်းကျန်းမာရေးအတွက် nice dental ကဆွေးနွေးအဖြေရှာပေးဖို့ အသင့်ရှိနေပါတယ်။ 🩵

Dr. nice , smile like never before!

☎️ 09 776266274, 09 5408859

🏥 Dr. nice အလှအပဆိုင်ရာသွားနှင့်ခံတွင်းဆေးခန်းအမှတ် ၈၅ /၂၀၂ (ဘီ) ၊ ပထမထပ် ၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

#သွားဆေးခန်း #သွားကျောက်ခြစ် #ခံတွင်းသန့်ရှင်း #သွားဖြူ

Gummy smile ဆိုတာ သင်ပြုံးရယ်လိုက်တဲ့အခါ သွားနဲ့နှုတ်ခမ်းကြားမှာ သွားဖုံးသားတွေပေါ်နေခြင်းဖြစ်ပါတယ်။ သွားဖုံးသားပေါ်တဲ့ပ...
10/05/2025

Gummy smile ဆိုတာ သင်ပြုံးရယ်လိုက်တဲ့အခါ သွားနဲ့နှုတ်ခမ်းကြားမှာ သွားဖုံးသားတွေပေါ်နေခြင်းဖြစ်ပါတယ်။ သွားဖုံးသားပေါ်တဲ့ပမာဏဟာ 3mm အထက်ကျော်လွန်နေရင်တော့ ယေဘူယျအားဖြင့် gummy smile လို့သတ်မှတ်နိုင်ပါတယ်။

Gummy smile ဘာကြောင့်ဖြစ်ရလဲ?

မူမမှန်တဲ့သွားပေါက်ခြင်း ၊ မွေးရာပါ အပေါ်နှုတ်ခမ်းတိုခြင်း ၊ သွားဖုံးရိုးပုံမှန်ထပ်ပို၍ဖွံ့ဖြိုးခြင်း၊ မျိုးရိုးလိုက်ခြင်း နှင့် သွားအရွယ်အစားပမာဏသေးခြင်း တွေက gummy smile ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေပဲဖြစ်ပါတယ်။ gummy smile ကြောင့် မိမိကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေသူတွေရှိကြသလို gummy smile ကြောင့်ဆွဲဆောင်မှုရှိတယ်လို့ ခံယူကြသူတွေလဲရှိပါတယ်။

Gummy smile ကိုဘယ်လိုကုသနိုင်လဲ?

Gummy smile ကိုကုသနိုင်တဲ့ အဓိကနည်းလမ်း (၃) မျိုးရှိပါတယ်။
-Orthodontic လို့ခေါ်တဲ့ သွားညှိကုသနည်းဖြင့် သွားနှင့်သွားဖုံးရိုးကို ပြုပြင်ခြင်း

-Diode laser ဖြင့် သွားဖုံးသားအား ပြန်လည်ပုံဖော်ပြုပြင်ပြီး လိုအပ်တဲ့သွားပမာဏအရွယ်အစားရအောင် (veneers ကြွေလွှာ)ဖြင့် ကြွေလွှာကပ်ခြင်း

-(Botulinum toxin A injection ) ဆိုတဲ့ Botox ထိုးပြီး နှုတ်ခမ်းကြွက်သားကို ပြုပြင်ခြင်းတို့ပဲဖြစ်ပါတယ်။

အလှအပဆိုင်ရာ သွားနှင့်ခံတွင်းဆရာဝန်များနှင့်တိုင်ပင်ပြီး မိမိနှင့်သင့်တော်သော ကုသမှုကိုခံယူခြင်းဖြင့် ပိုမိုတောက်ပသောအပြုံးများအား ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ🩵

သွားနှင့်ပက်သက်တဲ့အလှအပရေးရာအဖြာဖြာကို
Dr.Thu Soe Maw page ကနေ အမြဲတမ်းမျှဝေပေးသွားမှာဖြစ်တဲ့အတွက် Follow လေးလုပ်ထားဖို့မမေ့နဲ့နော်
🦷 သိလိုသမျှတွေကို page message ကနေဖြစ်ဖြစ်
အောက်မှာပေးထာတဲ့ ph no. တွေကိုဆက်သွယ်ပြီးဖြစ်ဖြစ်
24/7 မေးလို့ရပါတယ်ခင်ဗျ

☎️ 09 776266274, 09 5408859

🏥 Nice အလှအပဆိုင်ရာသွားနှင့်ခံတွင်းဆေးခန်းအမှတ် ၈၅ /၂၀၂ (ဘီ) ၊ ပထမထပ် ၊ ရေတာရှည်လမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။

#သွားဆေးခန်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr. Thu Soe Maw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share