CROWN Dental Clinic

CROWN Dental Clinic Dental Care & Service

13/05/2025

Find local businesses, view maps and get driving directions in Google Maps.

Denture (အံကပ်စိုက်ခြင်း)👑 လူအများစု နားလည်ထားသည်မှာ အံကပ်တပ်ရမည်ဆိုလျှင် သွားတချောင်းမှ မရှိမှသာ တပ်ရသည်ဟု ထင်မှတ်ကြပါသ...
13/03/2025

Denture (အံကပ်စိုက်ခြင်း)

👑 လူအများစု နားလည်ထားသည်မှာ အံကပ်တပ်ရမည်ဆိုလျှင် သွားတချောင်းမှ မရှိမှသာ တပ်ရသည်ဟု ထင်မှတ်ကြပါသည်။

👑 များသောအားဖြင့် ပင်ကိုယ်မူလသွား ပါးစပ်ထဲတွင် နည်းနေခြင်း၊ အံသွားများတချောင်းမျှ မရှိတော့ခြင်း စသည့်အခြေအနေများတွင် တပ်ကြရပါသည်။

👑 သို့သော် အချို့အခြေအနေများတွင် (eg..မိမိပင်ကိုယ်သွားများကို စက်ဖြင့်တိုက်စားခြင်းကို မကြိုက်သော သူများလည်း အံကပ် တပ်ဆင်ကြပါသည်။

အံကပ်အမျိုးအစားများ...
၁။ Acrylic Denture (အံကပ်အမာ)
၂။ Flexible Denture (အံကပ်အပျော့)
၃။ Metal (Skeleton) Denture (သတ္တုအံကပ်)

အံကပ်တပ်ရမည့်သူများကို မလုပ်မီ​ကြိုတင်အသိပေးချင်ပါသည်

မိမိကိုယ်တိုင်လိုလိုလားလားတပ်ချင်ပါသည်လား??

👑 အံကပ်တပ်မည်ဆိုပါက ယနေ့တပ် ယနေ့အဆင်ပြေရှားပါသည်။ အချိန်တခုလိုအပ်ပါသည်။နာသည့်နေရာများပေါ်လာသည့်အခါ ဆေးခန်းသို့ပြန်လာပြရပါမည်။တချို့ဆိုလျှင် လနှင့်ချီကြာတတ်ပါသည်။ထို့ကြောင့်မိမိကိုယ်တိုင် လိုလိုလားလားတပ်ချင်သူမဟုတ်ပါက စိတ်ပျက်သွားတတ်ကြပါသည်။

👑 အံကပ်ကို ညအိပ်လျှင် ချွတ်ကိုချွတ်ရပါမည်....

အံကပ်သည် သွားအရှင်စိုက်ခြင်းဖြစ်၍ လူနာကိုယ်တိုင် ချွတ်၊တပ် လုပ်နိုင်ပါသည်။ ညအိပ်လျှင် အံကပ်မချွတ်ပါက အသက်ရှူလမ်းကြောင်းကို မတော်တဆ ထိခိုက်နိုင်ပါသည်။ မဖြစ်လျှင်ကောင်းသော်လည်း ဖြစ်လာလျှင်...???
ထို့ကြောင့် အံကပ်ချွတ်အိပ်ပေးပါလို့မှာချင်ပါသည်။

အံကပ်အမျိုးအစားနှင့် ဘယ်လိုအခြေအနေမှာ လုပ်သင့်သည်ကိုတော့ဖြင့် သွားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးပြီးမှ ကုသပါလို့ အကြံပြုချင်ပါသည်။

ဆေးခန်းဖွင့်ချိန်

နံနက် ၉း၀၀ နာရီ မှ ညနေ ၆း၀၀ ထိ
တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်။

ဆေးခန်းလိပ်စာ
အမှတ် ၇၆၊မြေညီထပ်၊ ၁၃လမ်း၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား၊ လမ်းမတော်မြို့နယ်။

09972993738
09943849504

ကိုယ်ဝန်ဆောင်မိခင်နှင့် ခံတွင်းကျန်းမာ👑 ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် အချို့သည် သွားဖုံးရောင် ရောဂါနှင့် သွားပိုးစားခြ...
13/03/2025

ကိုယ်ဝန်ဆောင်မိခင်နှင့် ခံတွင်းကျန်းမာ

👑 ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် အချို့သည် သွားဖုံးရောင် ရောဂါနှင့် သွားပိုးစားခြင်းများ အဖြစ်များကြပါသည်။

👑 မီးမဖွားမီ မိခင်၏သွားနှင့်ခံတွင်းကျန်းမာရေးကို သေချာဂရုစိုက်သင့်ပါသည်။

👑 မိခင်၏သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုမစိုက်လျှင် မိခင်ကိုယ်တိုင်ရော၊ မွေးဖွားလာမည့် ကလေးပါ ကျန်းမာရေးထိခိုက်နိုင်ပါသည်။

👑 ၆၀%-၇၅%ကိုယ်ဝန်ဆောင်မိခင်များသည် သွားဖုံးရောင်ခြင်း(Gingivitis) နှင့် ကနဦး သွားမြစ်ဝန်းကျင်ရောဂါ (Periodontal Disease) ဖြစ်နိုင်ပါသည်။

👑 သွားဖုံးသားများသည် နီလာခြင်း၊ဖောင်းလာခြင်း၊
တခါတရံသွားများပါ နဲ့ လာသလိုခံစားရနိုင်ပါသည်။

👑 အရမ်းဆိုးရွားတဲ့အခြေအနေဆိုလျှင် သွားပတ်လည်တွင်ရှိသော သွားဖုံးအရိုးများနိမ့်လာပြီး သွားများပါ ယိုင်နဲ့လာတတ်ပါသည်။ အခန့်မသင့်လျှင် သွားပါဆုံးရှုံးရတတ်ပါသည်။

👑 သွားမြစ်ဝန်းကျင်ရောဂါ (Periodontal Disease) နှင့် ကလေးပေါင်မပြည့်မွေးဖွားခြင်း (Low Birth Weight)၊ ရက်မပြည့်ပဲစောပြီးမွေးဖွားခြင်း (Preterm Birth) တို့သည် ဆက်စပ်နေတတ်ပါသည်။

👑 ကိုယ်ဝန်ဆောင်မိခင်များသည် ကိုယ်ဝန်ဆောင်ချိန်တွင် အာဟာရပြည့်ဝအောင် စားသုံးကြရသဖြင့် သွားပိုးစားခြင်း(Tooth Decay) ပို၍ ဖြစ်နိုင်ပါသည်။ထို့ကြောင့်သွားပိုးပေါက် (Tooth Cavities) များအဖြစ်များကြပါသည်။

👑 ဟော်မုန်း(Hormones) ပြောင်းလဲခြင်းကြောင့် စိတ်ဖိစီးမှုများရှိတတ်ကြပါသည်။ တခြားကိစ္စများနှင့်လည်း အလုပ်များကြသည့်အတွက်ကြောင့် သွားနှင့်ခံတွင်းကို ဂရုမစိုက်နိုင်ကြပေ။ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သွားရောဂါ အဖြစ်များနိုင်ကြပါသည်။

👑 ကိုယ်ဝန်ဆောင်ချိန်တွင် သွားနှင့်ခံတွင်းကို ပုံမှန်စစ်ဆေးသင့်ပါသည်။

👑 လိုအပ်လျှင် သွားဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးသင့်ပါသည်။

👑 တချို့ကုသမှုများလိုအပ်လာလျှင် ကိုယ်ဝန်ဆောင်ချိန် ကာလ ၄လ၊၅လ၊၆လ အတွင်း ကုသမှုခံယူနိုင်ပါသည်။

👑 မိခင်နှင့်ကလေး ကျန်းမာဖို့ သွားနှင့်ခံတွင်းကို ဂရုစိုက်ကြပါ လို့ တိုက်တွန်းချင်ပါတယ်။

ဆေးခန်းဖွင့်ချိန်

နံနက် ၉း၀၀ နာရီ မှ ညနေ ၆း၀၀ ထိ
တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်။

ဆေးခန်းလိပ်စာ
အမှတ် ၇၆၊မြေညီထပ်၊ ၁၃လမ်း၊ မဟာဗန္ဓုလလမ်းနှင့် အနော်ရထာလမ်းကြား၊ လမ်းမတော်မြို့နယ်။

09972993738
09943849504

သွားပြန်စိုက်ရာတွင် အမေးများသောမေးခွန်းများ(၁) သွားဘယ်အချိန်ပြန်စိုက်လို့ ရနိုင်ပါသလဲ?သွားနှုတ်ပြီး အစောဆုံး ၁လ မှ နောက်...
19/12/2024

သွားပြန်စိုက်ရာတွင် အမေးများသောမေးခွန်းများ

(၁) သွားဘယ်အချိန်ပြန်စိုက်လို့ ရနိုင်ပါသလဲ?

သွားနှုတ်ပြီး အစောဆုံး ၁လ မှ နောက်အကျဆုံး ၆လ အတွင်းပြန်စိုက်နိုင်လျှင် ပိုကောင်းပါသည်။

(၂) သွားစိုက်နည်းဘယ်နှစ်မျိုးရှိပါသလဲ?

သွားစိုက်နည်း၃မျိုးရှိပါသည်။ နားလည်လွယ်အောင်ပြောရမည်ဆိုလျှင် သွားအသေစိုက်ခြင်း၊
သွားအံကပ်တပ်ခြင်း နှင့် မေးရိုးအတွင်း အမြစ်တုတိုင်ထည့်ခြင်း တို့ဖြစ်ပါသည်။

(၃) သွားစိုက်လျှင် ချက်ခြင်းရနိုင်ပါသလား?

များသောအားဖြင့်ချက်ခြင်းတော့ မရနိုင်ပါ။ ရက်အနည်းငယ်စောင့်ရပါသည်။ တစ်ချို့သွားဆေးခန်းများတွင် ကိုယ်ပိုင်သွားတုလုပ်ငန်းရှိလျှင်၊ လုပ်ပေးနိုင်လျှင် ရနိုင်ပါသည်။

(၄) စိုက်ထားသောသွားများသည် တစ်သက်လုံး အသုံးပြုလို့ရနိုင်ပါသလား?

အမေးအများဆုံးမေးခွန်းဖြစ်ပါသည်။ အချိန်တစ်ခုထိတော့ အသုံးခံပါသည်။ တစ်သက်လုံးတော့မဖြစ်နိုင်ပါ။ စိုက်ထားသောသွားများသည် ဘေးသွားများနှင့် သွားဖုံးပေါ်တွင် နေရာယူထားကြပါသည်။ အချိန်တစ်ခုကြာလာလျှင် သွားဖုံးသည် အပြောင်းအလဲဖြစ်ပြီးနိမ့်ဆင်းလာတတ်ပါသည်။ ထိုအခါ အစာညပ်ခြင်း၊ ခံတွင်းနံ့ဆိုးခြင်းများဖြစ်လာပါသည်။ သန့်ရှင်းရေးကောင်းစွာမလုပ်နိုင်လျှင် မိမိ၏မူလသွား ပိုးစားပီး ပျက်စီးတတ်ပါသည်။ထို့ကြောင့်ဤအချင်းအရာများဖြစ်ပေါ်လာပါက သွားဆရာဝန်နှင့် ပြန်လည်စစ်ဆေးသင့်ပါသည်။

(၅) သွားစိုက်ပြီးလျှင် ဘာတွေရှောင်သင့်ပါသလဲ?

ဖြစ်နိုင်လျှင်တော့ အခွံမာသော အစာများရှောင်သင့်ပါသည်။ မြန်မာအစားအစာများနှင့် စားသောက်မှုစရိုက်လက္ခဏာများသည် မိမိမူလသွားများပင် ပျက်စီးလွယ်သည်။ ဥပမာ အရိုးကိုက်ခြင်း၊ ပဲလှော်ဝါးခြင်း၊ မန်ကျည်းစေ့ကိုက်ခြင်း စသော မိမိသွားပျက်စီးစေနိုင်သော အစာများကို ရှောင်သင့်ပါသည်။ ဘာမျှမဟုတ်သော အစားအစာများကြောင့် မိမိ၏တန်ဖိုးရှိသောသွားများကို မဖျက်ဆီးမိဖို့ ရှောင်ကြဉ်သင့်ပါသည်။
စိုက်ထားသောသွားများကိုလည်း မိမိ၏မူလသွားသကဲ့သို့ သန့်ရှင်းစွာ ဂရုစိုက်ရပါမည်။ သို့မှသာလျှင်
သက်တမ်းစေ့ အသုံးပြုနိုင်ပါမည်။

Address

No. 5, Ground Floor, Thiri Myaing Street, Hlaing Township
Yangon

Telephone

+959965001617

Website

Alerts

Be the first to know and let us send you an email when CROWN Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share