02/10/2025
Dental patient တွေသိချင်ကြတဲ့ အံကပ် အမျိုးအစားများအကြောင်း
☘️အံကပ်အမျိုးအစားများ✨✨✨
မိမိ၏သဘာဝသွားများဆုံးရှုံးပြီး သွားပြန်လည်အစားထိုးမည်ဆိုပါက သွားပြန်အစားထိုးခြင်း( သွားစိုက်ခြင်း) အောက်ပါ၃ မျိုးကိုရွေးချယ်နိုင်သည်
✳️သွားအသေစိုက်ခြင်း( Fixed Bridge)
✳️သွားအရှင်စိုက်ခြင်း ( Removable Denture)
✳️သွားမြစ်အစားထိုးခြင်း ( Dental Implant)
သွားအရှင်စိုက်ခြင်း တွင် အောက်ပါအံကပ်အမျိုးအစားများရှိသည်။
🟢Removable Partial Denture (for missing some teeth)- သွားတစ်ချောင်း သို့မဟုတ် တစ်ချောင်းထက်ပိုမရှိတော့သည့်အခါ အသုံးပြုတပ်ဆင်နိုင်သောအံကပ်-
🟢Full Denture - သွားတစ်ချောင်းမျှမရှိသည့်အခါအသုံးပြုရသော အံကပ် သို့မဟုတ် အံပုံ
--🔸Partial Denture သည်သွားအသေစိုက်သကဲ့သို့ ဘေးသွားများကိုစွပ်ရန်အတွက်သွားကိုသေးသွားစေရန်စားစရာမလိုပေ။
---🔸Partial Denture သည် သွားမရှိတော့သဖြင့်ဘေးသွားများနေရာရွေ့ယိုင်လာခြင်းကိုကာကွယ်ပေးသည်။
--🔸အံကပ် (Removable Partial Denture or Full Denture) သည် ဆုံးရှုံးသွားသောရှေ့သွား နှငိ့ နောက်သွားများနေရာတွင် အစားထိုးနိုင်သကဲ့သို့ သွားများမရှိတာ အချိန်ကြာမြင့်သဖြင့် သွားရိုး မေးရိုးများ နိမ့်ပါးလာပြီး သွားဖုံးရိုးများနိမ့်ကျလာသောနေရာများတွင်ပါ သွားဖုံးသားနှင့်တူသော ပန်းရောင် acrylic သတ္တုဖြင့် အစားထိုးပေးနိုင်ပါသည်။
Denture အမျိူးအစားများကို ပြုလုပ်သောပစ္စည်းအမျိုးအစားပေါ်မူတည်ပြီး အောက်ဖော်ပြပါအတိုင်းခွဲခြားထားပါသည်
1. Acrylic Dentures
2. Metal and Acrylic Dentures
3. Flexible thermoplastic Dentures
4. Implant supported Overdenture
1. Acrylic Dentures
Acrylic partial Denture သည် metal or alloy မပါဝင်သည့်အတွက်ခိုင်ခန့်မှုအားနည်းသည်။ သွားအနည်းငယ်ကိုအစားထိုးသည့်အခါ သို့မဟုတ် ယာယီအစားထိုးအတွက် အသုံးပြုနိုင်သည်။
2. Metal and Acrylic Dentures
Metal ပါဝင်သည့်အတွက် ကြာရှည်အသုံးပြုနိုင်ပြီးခိုင်ခန့်သည့် အမျိူးအစားဖြစ်သည်။ Acrylic Partial Denture ထက်ပိုမိုပါးအောင်ပြုလုပ်နိုင်သည်။
3. Flexible thermoplastic Dentures
ခိုင်ခန့်မှုသည် Metal / Acrylic Denture လောက်မရှိပေမယ့် အရှေ့သွား သို့မဟုတ် အစားထိုးသွားအရေအတွက်နည်းသည့် အခြေအနေမျိုးတွင် အသုံးပြုနိုင်သည်။
4.Implant supported overdentures
မေးရိုးတွင် လိုအပ်သောImplant အရေအတွက်အစားထိုးပြီးထို implant များပေါ်တွင် အံကပ်dentureကိုတပ်ဆင်ထားသော အံကပ်အမျိူးအစားဖြစ်သည်။ ခိုင်ခန့်ပြီး ကပ်အား(retention) ကောင်းသဖြင့် ရွေးချယ်သင့်သောdenture အမျိုးအစားတမျိုးဖြစ်သည်။
🌟🌟🌟မိမိနှင့်သင့်တော်သော အံကပ်အမျိုးအစားကို သွားဆရာဝန်နှင့်သေချာတိုင်ပင်ရွေးချယ်သင့်ပေသည်။
🟢အထက်ပါကုသမှုများအတွက် သက်ဆိုင်ရာသွားဆရာဝန်များနှငိ့ကုသရန်အတွက်ကြိုတင်တိုင်ပင်ဆွေးနွေးခြင်းအရင်ပြုလုပ်နိုင်ပါသည်။
📢၄၄ မြောင်းမြလမ်းစမ်းချောင်း
ရွှေသွားနှင့်ခံတွင်းဆေးခန်း .
✨✨✨With partial Denture, You 'll look better, feel better and chew better!✨✨✨
#အံကပ်