Evergreen Dental Care Myanmar

Evergreen Dental Care Myanmar Evergreen Dental Care is Yangon, Myanmar's premier state-of-the-art dental healthcare facility, providing a wide range of services in Lanmadaw Township.

A state-of-the-art facility with world-class services. Evergreen Dental Care is Yangon's premier dental facility, equipped with the advanced tools and capacity to meet the dental needs of the whole family. Through our tailor-made treatment approach, we aim to improve each patient's individual well-being through personalized care. Our skilled and experienced staff are dedicated to service, ensuring

that you and your loved ones receive the best dental care available in Yangon. Our office features:
• nine operating rooms with Sirona ergonomic patient chairs
• the latest in instrument sterilization technology
• paperless patient filing and charting system
• Cerec crown and bridge milling system
• Galileos 3D digital X-Ray
• digital prosthetics lab on premises


Services Available at Evergreen Dental Care:

Zoom! Tooth Whitening
Veneers
Tooth-Colored Fillings
Crown & Bridge
Extraction
Impacted Wisdom Tooth Operation
Orthodontics (Fastbraces & Invisalign)
Dentures, Partial and Full
Root Canal Treatment
Dental Implants
Deep Cleaning
Gum Treatment

Meet our founding doctors:

Dr. Tun Hla, BDS, DDS

• BDS, University of Dental Medicine, Yangon (1982)
• Licensed DDS, USA (1991)
• Member: American Dental Association (2004)
• Opened Evergreen Dental Care in San Leandro, California in 1995 and second Evergreen Dental Care in Pleasanton, California in 2006
• 25 years of dental care experience in USA


Love your smile!

02/05/2026

Handsome? ✅ Gentle? ✅ Expert? ✅ Why go anywhere else when you have the full package at Evergreen Dental Care? 🏆🦷

အခက်အခဲတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး နေ့စဉ် ရုန်းကန်ကြိုးစားနေကြသူတိုင်းအတွက် ပျော်ရွှင်စရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား...
01/05/2026

အခက်အခဲတွေကို အကောင်းဆုံးကျော်ဖြတ်ပြီး နေ့စဉ် ရုန်းကန်ကြိုးစားနေကြသူတိုင်းအတွက် ပျော်ရွှင်စရာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ (May Day) လေး ဖြစ်ပါစေ။ 🛠️

𝐄𝐯𝐞𝐫𝐠𝐫𝐞𝐞𝐧 မိတ်ဆွေများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာရွှင်လန်းပြီး လှပတဲ့ အပြုံးတွေနဲ့ လုပ်ငန်းခွင်ကို အကောင်းဆုံး ဖြတ်သန်းနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 💚


📣 ကမ္ဘာ့အလုပ်သမားနေ့ (May Day) ပိတ်ရက် အသိပေးကြေညာခြင်း𝐄𝐯𝐞𝐫𝐠𝐫𝐞𝐞𝐧 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞 ကို လာမည့် မေလ (၁) ရက်နေ့တွင် ကျရောက်မည့် က...
30/04/2026

📣 ကမ္ဘာ့အလုပ်သမားနေ့ (May Day) ပိတ်ရက် အသိပေးကြေညာခြင်း

𝐄𝐯𝐞𝐫𝐠𝐫𝐞𝐞𝐧 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐚𝐫𝐞 ကို လာမည့် မေလ (၁) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့ (May Day) မှာ ဆေးခန်းကို (၁) ရက်တာ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ 🛠️✨

မေလ (၂) ရက်နေ့မှစတင်၍ သွားနှင့်ခံတွင်းဆိုင်ရာ ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်စမ်းသပ်ကုသပေးသွားမည် ဖြစ်ပါသည်။ Evergreen ရဲ့ မိတ်ဆွေများအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းမြေ့ပြီး အလုပ်အကိုင်များ အဆင်ပြေတိုးတက်ကြပါစေ။ 💚


ဧပြီလရဲ့ နောက်ဆုံးရက်လေးတွေမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အချိန်ပေးပြီးပြီလား? ✨တစ်လလုံး အလုပ်တွေမှာ အာရုံစိုက် ကြိုး...
29/04/2026

ဧပြီလရဲ့ နောက်ဆုံးရက်လေးတွေမှာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဖို့ အချိန်ပေးပြီးပြီလား? ✨

တစ်လလုံး အလုပ်တွေမှာ အာရုံစိုက် ကြိုးစားခဲ့သမျှ၊ ပွဲတော်ရက်တွေမှာ ကဲခဲ့သမျှ၊ ပူပြင်းတဲ့ရာသီဥတုကြောင့် ပင်ပန်းနွမ်းနယ်ခဲ့သမျှတွေကို ဒီဧပြီလကုန်ရက်လေးတွေမှာ ခဏလောက် အနားပေးလိုက်ပါ။

Self-care လုပ်ဖို့ စဉ်းစားတဲ့အခါ ခန္ဓာကိုယ် အလှအပတင်မကဘဲ ကိုယ့်ရဲ့ ယုံကြည်မှုကို အဓိက တည်ဆောက်ပေးတဲ့ "သွားနဲ့ခံတွင်း ကျန်းမာရေး" ကိုလည်း သေချာလေး ဂရုစိုက်ဖို့ လိုပါတယ်နော်။ သွားကျန်းမာရေး စစ်ဆေးတာ၊ သွားသန့်ရှင်းရေး (Scaling) လုပ်တာတွေဟာ ကိုယ့်ကိုယ်ကိုယ် ချစ်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ 💚

Evergreen Dental Care မှာဆိုရင်...
အေးချမ်းပြီးသက်သောင့်သက်သာရှိတဲ့ ဆေးခန်းထဲမှာ အပန်းဖြေရင်း၊ ကျွမ်းကျင်ဆရာဝန်တွေရဲ့ စေတနာပါတဲ့ စောင့်ရှောက်မှုအောက်မှာ သင့်အတွက် အကောင်းဆုံး Quality Time ကို ရယူနိုင်မှာပါ။

"ဧပြီလကုန်မှာ သင့်ရဲ့ အပြုံးအတွက် အချိန်ပေးရင်း ဂရုစိုက်လိုက်ပါ။"

ယုံကြည်မှုရှိတဲ့ အပြုံးသစ်လေးတွေနဲ့ ရှေ့ဆက်မယ့် လသစ်တွေကို အားသစ်လောင်းနိုင်ဖို့ အခုပဲ Evergreen မှာ Appointment လေး ကြိုတင်ယူထားလိုက်တော့နော်။ 🥰

❝ အလှပဆုံး အပြုံးကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ ရှာဖွေပါ ❞

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: [email protected]
📞 Call Us: 09 799 395 395


ဗုဒ္ဓဘာသာဝင်သူတော်စင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် ကုသိုလ်ကောင်းမှုများပြုလုပ်ရင်း စိ...
29/04/2026

ဗုဒ္ဓဘာသာဝင်သူတော်စင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သော ကဆုန်လပြည့် (ဗုဒ္ဓနေ့) အခါသမယတွင် ကုသိုလ်ကောင်းမှုများပြုလုပ်ရင်း စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း Evergreen Dental Care Myanmar မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ကဆုန်လပြည့်နေ့ (၃၀) ရက်နေ့ တွင် Evergreen Dental Care ကို တစ်ရက်တာ ခေတ္တပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါသည်။ 🌿🙏

ကျန်းမာလှပသော အပြုံးများကို အစဉ်အမြဲ ပိုင်ဆိုင်နိုင်ကြပါစေ။ 🦷 💚


#ကဆုန်လပြည့်နေ့ #သွားကျန်းမာရေး

ဖေဖေမေမေတို့အနေနဲ့ ကလေးတွေ ငယ်သွားပိုးစားတဲ့အခါ အချိန်တန်ရင် ကျွတ်မှာပဲဆိုပြီး ပစ်ထားတတ်ကြပါတယ်။ တကယ်တော့ ငယ်သွားလေးတွေဟ...
27/04/2026

ဖေဖေမေမေတို့အနေနဲ့ ကလေးတွေ ငယ်သွားပိုးစားတဲ့အခါ အချိန်တန်ရင် ကျွတ်မှာပဲဆိုပြီး ပစ်ထားတတ်ကြပါတယ်။ တကယ်တော့ ငယ်သွားလေးတွေဟာ နောက်ပေါက်လာမယ့် လူကြီးသွားတွေ မှန်ကန်တဲ့နေရာမှာ ပေါက်လာဖို့ နေရာဦးပေးထားတဲ့ လမ်းပြသွားလေးတွေပါ။ ငယ်သွားတွေ ပိုးစားပြီး အချိန်မတိုင်ခင် စောစောစီးစီး ကျွတ်ထွက်သွားတဲ့အခါ ကွက်လပ်တွေပျောက်ပြီး ဘေးကသွားတွေ နေရာရွေ့လာတဲ့အတွက် နောက်ပေါက်မယ့်လူကြီးသွားတွေအတွက် နေရာမကျန်တော့ပါဘူး။ ❗

ဒီလိုဖြစ်သွားတဲ့အခါ အသစ်ပေါက်လာမယ့် လူကြီးသွားတွေဟာ နေရာလွဲပေါက်ပြီး သွားတွေမညီတာ၊ စောင်းနေတာနဲ့ ထပ်နေတာမျိုးတွေ ဖြစ်လာပါတော့တယ်။ သွားမညီတဲ့အခါ သန့်ရှင်းရေးလုပ်ရ ခက်ခဲလို့ သွားပိုးပိုစားလွယ်သလို ကလေးရဲ့ အပြုံးနဲ့ ယုံကြည်မှုကိုပါ ထိခိုက်စေပါတယ်။

ဒါကြောင့် "ငယ်သွားပဲလေ" ဆိုပြီး မပေါ့ဆဘဲ သေချာကုသပေးဖို့ လိုအပ်ပါတယ်။ သားသားမီးမီးတို့ရဲ့ ကျန်းမာလှပတဲ့ အပြုံးလေးတွေကို သေချာစောင့်ရှောက်ပေးဖို့ Evergreen က အကောင်းဆုံး ကူညီပေးဖို့ အသင့်ရှိနေပါတယ်။ 💚✨

❝ အလှပဆုံး အပြုံးကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ ရှာဖွေပါ ❞

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿
Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: [email protected]
📞 Call Us: 09 799 395 395


#သွားကျန်းမာရေး #သွားမညီခြင်း #ငယ်သွားစောင့်ရှောက်မှု

24/04/2026

သွားလေးတွေ ညီပြီး လှပချင်ပေမယ့် Braces တပ်ရမှာ စိတ်ညစ်နေလား? 🤔

သွားလေးတွေ မညီလို့ ပြုံးရမှာ ယုံကြည်မှု ပျောက်ဆုံးနေပေမဲ့လည်း သမားရိုးကျ Braces သံကြိုးကြီးတွေ တပ်ဖို့ကျတော့ အလှပျက်မှာစိုးလို့ တွန့်ဆုတ်နေမိတာ သဘာဝပါပဲ။ 😰

အခုဆိုရင်တော့ ဒီလိုစိုးရိမ်ပူပန်မှုတွေအတွက် စိတ်မပူပါနဲ့တော့။

Evergreen Dental Care Myanmar မှာ သင့်ရဲ့ မူလအလှအပကို လုံးဝမထိခိုက်စေဘဲ သွားလေးတွေကို တဖြည်းဖြည်းနဲ့ သဘာဝကျကျ ညီညာလှပသွားစေမယ့် နည်းပညာမြင့် Clear Aligners ဝန်ဆောင်မှု ရှိနေပါပြီ။ 🔥🦷

ဒီ Clear Aligners လေးတွေက အဆင့်မြင့် 3D နည်းပညာနဲ့ သင့်သွားပုံစံအတိုင်း တိတိကျကျ ဖန်တီးပေးထားတာဖြစ်လို့ တပ်ထားမှန်းတောင် သတိမထားမိလောက်အောင် ပွင့်လင်းမြင်သာမှုရှိပါတယ်။ ဒါ့အပြင် သံကြိုးတွေလို ကသိကအောက်မဖြစ်စေဘဲ သက်တောင့်သက်သာရှိသလို၊ အစာစားချိန်နဲ့ သွားတိုက်ချိန်တွေမှာလည်း အလွယ်တကူ ဖြုတ်ထားလို့ရတဲ့အတွက် နေ့စဉ်သွားလာလှုပ်ရှားမှုတွေမှာ အရမ်းကို အဆင်ပြေချောမွေ့စေမှာ အသေအချာပါပဲ။

လူမသိ၊ သူသိမသာဘဲ လှပညီညာတဲ့ သွားလေးတွေနဲ့ ဆွဲဆောင်မှုရှိတဲ့ အပြုံးတစ်ခုကို ပိုင်ဆိုင်ဖို့ အချိန်ဆွဲမနေပါနဲ့တော့။

သင့်ရဲ့ ယုံကြည်မှုအပြည့်နဲ့ အပြုံးတွေအတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ Evergreen က အသင့်စောင့်ကြိုနေပါတယ်။ 💚✨

❝ အလှပဆုံး အပြုံးကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ ရှာဖွေပါ ❞
𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today

🌐 Website: evergreendentalmm.com/appointment
📬 Mail: [email protected]
📞 Call Us: 09 799 395 395


22/04/2026

When the doctor asks which tooth hurts, but you have other plans. 😂 Tag someone who would do this! 🙋‍♀️

ပျော်စရာကောင်းတဲ့ သင်္ကြန်ပွဲတော်ကြီး ပြီးဆုံးသွားခဲ့ပြီဆိုတော့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ရေကစားရင်း စားသောက်ခဲ့ကြတဲ့...
20/04/2026

ပျော်စရာကောင်းတဲ့ သင်္ကြန်ပွဲတော်ကြီး ပြီးဆုံးသွားခဲ့ပြီဆိုတော့ သူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ ရေကစားရင်း စားသောက်ခဲ့ကြတဲ့ မုန့်လုံးရေပေါ်တွေ၊ ရွှေရင်အေးနဲ့ အခြားအချိုရည်တွေရဲ့ အရသာက အခုထိ လျှာဖျားမှာ စွဲနေတုန်းပဲ မဟုတ်လား။ 😋

ဒီလိုမျိုးစားသောက်ခဲ့တဲ့ အချိုဓာတ်တွေဟာ သွားကြားထဲမှာ ကပ်ကျန်နေတတ်ပြီး သာမန်သွားတိုက်ရုံနဲ့ အပြည့်အဝ မဖယ်ရှားနိုင်တဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ သွားကျောက်တည်ခြင်း၊ သွားပိုးစားခြင်းနဲ့ သွားဖုံးရောင်ရမ်းခြင်းစတဲ့ ပြဿနာတွေကို အလွယ်တကူ ဖြစ်ပေါ်လာစေနိုင်ပါတယ်။

ဒါကြောင့် ဒီဆိုးကျိုးတွေကနေ ကင်းဝေးဖို့ဆိုရင် ခိုင်မြဲစွာ တွယ်ကပ်နေတဲ့ သွားချေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးတဲ့ သွားကျောက်ခြစ်ခြင်း (Scaling) နဲ့ သွားမျက်နှာပြင်ကို ချောမွေ့တောက်ပစေပြီး ဘက်တီးရီးယား ထပ်မံကပ်ငြိမှုကို တားဆီးပေးတဲ့ ပွတ်တိုက်သန့်စင်ခြင်း (Polishing) တို့ကို သင်္ကြန်အပြီးမှာ မဖြစ်မနေ လုပ်ဆောင်သင့်ပါတယ်။

လာမယ့်နေ့ရက်တွေမှာ သွားကိုက်၊ သွားနာဒုက္ခတွေကနေ ကင်းဝေးပြီး စိတ်ကြိုက် ဆက်လက်စားသောက်နိုင်ဖို့ သင့်ရဲ့ ယုံကြည်မှုရှိတဲ့ အပြုံးတွေကို Evergreen Dental Care မှာ လာရောက်ပြီး အသစ်တစ်ဖန် ပြန်လည်ဖန်တီးလိုက်ပါ။ ✨

သင်္ကြန်အပြီးမှာ သင့်ရဲ့သွားလေးတွေကို အသစ်တစ်ဖန် ပြန်လည်သန့်စင်ပြီး ယုံကြည်မှုရှိတဲ့ အပြုံးတွေကို Evergreen နဲ့အတူ ပြန်လည်ဖန်တီးလိုက်ပါ။ 💚✨

❝ အလှပဆုံး အပြုံးကို 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 မှာ ရှာဖွေပါ ❞

𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 𝗠𝘆𝗮𝗻𝗺𝗮𝗿

Book Your Appointment Today
🌐 Website: evergreendentalmm.com/appointment
📬 Mail: [email protected]
📞 Call Us: 09 799 395 395



#သွားကျောက်ခြစ်ခြင်း

19/04/2026

Just had a tooth extraction and feeling a bit confused? 🦷🤔 Don’t worry! The Evergreen team is here to show you exactly what’s allowed and what’s a big "No-No" for a speedy recovery. Watch until the end to ensure your smile heals perfectly! ✨✅

17/04/2026

Warm Thingyan wishes from our doctors at Evergreen Dental Care! May your New Year be filled with fresh smiles and endless joy. 🌊💖

#သင်္ကြန်ဆုတောင်း

မြန်မာ့နှစ်သစ်ကူးကာလမှာ မိတ်ဆွေများအားလုံး ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 မိသားစုမှ ဆုမွန်...
17/04/2026

မြန်မာ့နှစ်သစ်ကူးကာလမှာ မိတ်ဆွေများအားလုံး ကျန်းမာရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း 𝗘𝘃𝗲𝗿𝗴𝗿𝗲𝗲𝗻 𝗗𝗲𝗻𝘁𝗮𝗹 𝗖𝗮𝗿𝗲 မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ✨


Address

No. 6 Corner Of Pyay Road And Min Yae Kyaw Swar Rd, Lanmadaw Township
Yangon
0000

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959799395395

Alerts

Be the first to know and let us send you an email when Evergreen Dental Care Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Evergreen Dental Care Myanmar:

Share