VVIP Dental Clinic

VVIP Dental Clinic Safe and Effective Standardized Dental Professional Treatment

ဒီနေ့ဟာ World Oral Health Day - ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့ ဖြစ်ပါတယ်သွားနှင့်ခံတွင်းကျန်းမာဖို့✅️ တစ်နေ့ ၂ကြိမ်...
20/03/2026

ဒီနေ့ဟာ World Oral Health Day - ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့ ဖြစ်ပါတယ်

သွားနှင့်ခံတွင်းကျန်းမာဖို့
✅️ တစ်နေ့ ၂ကြိမ် ဖလိုရိုက် Fluoride ပါတဲ့ သွားတိုက်ဆေးနဲ့တိုက်မယ်
✅️ အစားစားပြီးတိုင်းပါးလုပ်ကျင်းမယ်
✅️ သွားဆေးခန်းမှာ ၆လ တစ်ကြိမ်စစ်ဆေးမယ်
စတဲ့အချက်တွေကို လိုက်နာရပါမယ်ရှင့်

ယနေ့ကျရောက်တဲ့ ကမ္ဘာ့သွားနှင့်ခံတွင်းကျန်းမာရေးနေ့မှစ၍ သွားနှင့်ခံတွင်းရောဂါများကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကျပါစေလို့ ကျွန်မတို့ VVIP သွားဆေးခန်းမိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့် 🙏🙏🙏

" သွားဆေးခန်းတော့သွားချင်တယ် နာမှာကြောက်လို့မသွားဖြစ်ဘူး "ဒီစကားဟာ မကြာခနကြားရတဲ့စကားပါ၊ ကိုယ်တိုင်လည်း ပြောဖူးရင်ပြောဖူ...
18/03/2026

" သွားဆေးခန်းတော့သွားချင်တယ် နာမှာကြောက်လို့မသွားဖြစ်ဘူး "

ဒီစကားဟာ မကြာခနကြားရတဲ့စကားပါ၊ ကိုယ်တိုင်လည်း ပြောဖူးရင်ပြောဖူးပါလိမ့်မယ်

ဟုတ်ပါတယ်...သွားဆေးခန်းက လုပ်ငန်းစဥ်တွေဟာကြောက်စရာကောင်းပါတယ်။ ဒါပေမယ့် သွားဆေးခန်းက ကုသမှုတိုင်းက မနာတတ်ပါဘူး....ပိုပြီးတိတိကျကျပြောရရင် ရောဂါအခြေအနေမဆိုးခင် ကြိုတင်ပြီး ကုသတဲ့ ကုသမှုတွေဟာ များသောအားဖြင့် နာကျင်မှုအလွန်နည်းပါတယ်

သွားဆေးခန်းဆိုရင် အရင်ဆုံးပြေးမြင်တာက သွားနုတ်တာပါ သွားနုတ်ရမှာကို လူအများစုကြောက်ပါတယ် သွားဘာလို့နုတ်ရသလဲ....... လုံးဝပြုပြင်လို့မရအောင် သွားက ပိုးစားပျက်စီးသွားလို့ပါ

သွားပိုးစတင်ပြီးစားတဲ့အဆင့်ကနေ သွားကိုနုတ်ပစ်ရတဲ့အဆင့်ထိရောက်ဖို့ဆို နှစ်နဲ့ချီကြာတတ်ပါတယ်၊ ဒီနေ့သွားပိုးစား မနက်ဖြန်သွားနုတ်ရ ၊ အဲလိုမဟုတ်ပါဘူး

ဆိုလိုတာက ကြားမှာ ပြုပြင်ဖို့နှစ်နဲ့ချီ အချိန်ရပါတယ် သွားပိုးစားတာ နည်းသေးတဲ့အဆင့်မှာ သွားဖာကုသရင် နာကျင်မှုက အလွန်နည်းပါတယ် ။ ၁၀ မှာ ၁ လောက်ပဲရှိပါတယ်။ အဲဒါကို ကြောက်လို့မလုပ်မိပဲထားရင် ပိုဆိုးသွားပြီး ကြာလေနာလေပါပဲ။ အဲအချိန်ကျတော့ နာမှာကြောက်လည်း ရှောင်လွှဲလို့မရတော့ပါဘူး

ဒါကြောင့် ပိုးစားနေတဲ့သွားတွေကို စောစောကုသရင် နာကျင်မှုနည်းစွာနဲ့ ကုသလို့ရပါတယ်

သွားဆေးခန်းမှာ မဖြစ်မနေလုပ်ရတဲ့ နောက်ကုသမှုက သွားကျောက်ခြစ်တာပဲဖြစ်ပါတယ် သွားကျောက်တွေဟာ တစ်နှစ်တစ်ခါ ခြစ်ထုတ်ရပါတယ် နာသလားဆိုရင် ခံနိုင်ရည်ရှိတဲ့ပမာဏ ခံစားရပါတယ်။ ၁၀ မှာ ၂ လောက်နာပါတယ်။ ဒါကိုလည်း ကြောက်လို့မလုပ်ဖြစ်ဘူးရင် နှစ်ပေါင်းများစွာကြာတဲ့အခါ သွားကျောက်တွေက သွားတွေကို လှုပ်လာစေပြီး နုတ်ရတော့တာပါပဲ

ဒါကြောင့် သွားရောဂါတွေကိုကြိုဆင်ကုသခြင်းဟာ နာကျင်ခံစားရမှုကို လျှော့ချပေးနိုင်ရုံတင်သာမက ကုန်ကျစရိတ်တွေကိုလည်း လျှော့ချပေးနိုင်ပါတယ်

သွားဆေးခန်းမှာ ပုံမှန်စစ်ဆေးခြင်းအားဖြင့် သွားရောဂါတွေကို စောစောသိ စောစောကုသပြီး နာကျင်မှုကင်းဝေးတဲ့ ကျန်းမာတဲ့သွားနဲ့ခံတွင်းကိုပိုင်ဆိုင်နိုင်ပါတယ်ရှင့်

သွားကျောက်တွေတည်နေတာကို သွားကျောက်ခြစ်ချေးချွတ်ထားတဲ့ပုံပါရှင့်သွားရဲ့အခြေမှာကပ်နေတဲ့ အဝါရောင် အမည်းရောင်အဖတ်တွေက သွားကျ...
15/03/2026

သွားကျောက်တွေတည်နေတာကို သွားကျောက်ခြစ်ချေးချွတ်ထားတဲ့ပုံပါရှင့်

သွားရဲ့အခြေမှာကပ်နေတဲ့ အဝါရောင် အမည်းရောင်အဖတ်တွေက သွားကျောက်တွေဖြစ်ပါတယ်ရှင့်

သွားကျောက်တွေရှိရင်
❌️သွားဖုံးသွေးထွက်တာ
❌️ခံတွင်းနံ့နံတာ
❌️အချိန်ကြာလာတဲ့အခါ ရေစီးကမ်းပြိုရောဂါဖြစ်တာတွေ ဖြစ်လာတတ်ပါတယ်

ဒါတွေကို ကာကွယ်ဖို့အတွက် ၁နှစ် ၁ခါ သွားကျောက်ခြစ်ဖို့လိုအပ်ပါတယ်ရှင့်

🦷🦷🦷 ကျွန်မတို့ VVIP သွားနှင့်ခံတွင်းဆေးကုခန်းတွင် အောက်ပါကုသမှုများကို သင့်တင့်သောစျေးနှုန်းများဖြင့် ကုသမှုခံယူနိုင်ပါပ...
13/03/2026

🦷🦷🦷 ကျွန်မတို့ VVIP သွားနှင့်ခံတွင်းဆေးကုခန်းတွင် အောက်ပါကုသမှုများကို သင့်တင့်သောစျေးနှုန်းများဖြင့် ကုသမှုခံယူနိုင်ပါပြီ 🧡🧡🧡

(1) သွားဖြူအောင်ပြုလုပ်ခြင်း
(Laser Whitening)

(2) သွားကြွေလွှာကပ်ခြင်း
(Veneer)

(3} သွားညှိကုသခြင်း
(Othodontic Treatment)

(4) သွားအမြစ်တုစိုက်ခြင်း
( Dental Implant )

(5) သွားအသေစိုက်ခြင်း
( Crown and Bridge )

(6) သွားအရှင်အံကပ်စိုက်ခြင်း
( Denture )

(7) သတ္တုအံကပ်စိုက်ခြင်း
( Skeletal Denture )

(8) Implant အသုံးပြု၍ သွားအသေစိုက်ခြင်း
( Implant supported bridge )

(9) Implant အသုံးပြု၍ သွားအရှင်စိုက်ခြင်း
( Implant supported denture )

(10) သွားကျောက်ခြစ်ခြင်း ၊ သွားသန့်ရှင်းရေးလုပ်ခြင်း
( Scaling )

(11) သွားဖုံးအစားထိုးကုသခြင်း
( Gingival Graft )

(12) အံဆုံးခွဲစိတ်ကုသခြင်း
( Impaction )

(13) သွားအကြောထုတ်ကုသခြင်း
( Root Canal Treatment )

(14) သွားဖာခြင်း
( Filling )

(15) သွားစိန်ကပ်ခြင်း
( Diamond bonding )

(16) သွားနုတ်ခြင်း
( Extraction )

🙏🙏🙏🙏🙏🙏🙏🙏
နိုင်ငံတကာအဆင့်မီ ဖိအား​မြင့် Autoclaveစက်​​ဖြင့် ပိုးသတ်ထားသောပစ္စည်းများ ၊ တစ်ခါသုံးပစ္စည်းများဖြင့် ကုသပေးသောကြောင့် လူနာတစ်ဦးနှင့်တစ်ဦးအကြား B ပိုး ၊ C ပိုး ၊ HIV ပိုး ကူးစက်ခံရမှာကို လုံးဝစိုးရိမ်စရာမလိုပဲ စိတ်ချစွာ ကုသမှု ခံယူနိုင်ပါတယ်

❤ Cb မှဖြစ်စေ ဖုန်းဆက်၍ ဖြစ်စေ အခုကစပြီး Appointment
ကြို တင်ယူနိုင်ပါပြီ 📋📋

❤ VVIP Dental Clinic ( သင်္ဃန်းကျွန်း )
အမှတ် (၁၀၂) ၊ ပထမထပ် ၊ ​လေး​ထောင့်ကန်လမ်း၊ သုမင်္ဂလာရပ်ကွက်၊ Junction ဇဝနအနီး၊ မီတာရုံးမျက်နှာချင်းဆိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့

ဖုန်း - 09401409731, 09890091007

❤ ဆေးခန်းဖွင့်ချိန် 🕘🕘🕘
မနက် ၉း၀၀ မှ ညနေ ၆:၀၀ အထိ
(ပိတ်ရက်မရှိ )

❤ You Are Always Our VVIP

ကျွန်မတို့ VVIP သွားဆေးခန်းမှာ သွားကျောက်ခြစ်ချေးချွတ်ထားတဲ့ပုံပါရှင့်သွားရဲ့အခြေမှာကပ်နေတဲ့ အဝါရောင် အမည်းရောင်အဖတ်တွေက...
10/03/2026

ကျွန်မတို့ VVIP သွားဆေးခန်းမှာ သွားကျောက်ခြစ်ချေးချွတ်ထားတဲ့ပုံပါရှင့်

သွားရဲ့အခြေမှာကပ်နေတဲ့ အဝါရောင် အမည်းရောင်အဖတ်တွေက သွားကျောက်တွေဖြစ်ပါတယ်ရှင့်

သွားကျောက်တွေရှိရင်
❌️သွားဖုံးသွေးထွက်တာ
❌️ခံတွင်းနံ့နံတာ
❌️အချိန်ကြာလာတဲ့အခါ ရေစီးကမ်းပြိုရောဂါဖြစ်တာတွေ ဖြစ်လာတတ်ပါတယ်

ဒါတွေကို ကာကွယ်ဖို့အတွက် ၁နှစ် ၁ခါ သွားကျောက်ခြစ်ဖို့လိုအပ်ပါတယ်ရှင့်

သွားကျောက်ဆိုတာဘာလဲ ❓❓ဘာကြောင့်ခြစ်ထုတ်ဖို့လိုတာလဲ ❓❓ပုံမှန်ကုသသင့်လား ❓❓✅ သွားကျောက်ဆိုတာ        သွားအခြေတွေမှာကပ်နေတဲ့...
08/03/2026

သွားကျောက်ဆိုတာဘာလဲ ❓❓
ဘာကြောင့်ခြစ်ထုတ်ဖို့လိုတာလဲ ❓❓
ပုံမှန်ကုသသင့်လား ❓❓

✅ သွားကျောက်ဆိုတာ
သွားအခြေတွေမှာကပ်နေတဲ့ အမည်းရောင်အဖတ်တွေဟာသွားကျောက်တွေပါ ကျွန်မတို့ဟာ နေ့စဥ်အစားအသောက်တွေစားကြပါတယ် ပြီးရင်သွားတိုက်ကြပါတယ် ဒါပေမယ့် သွားတိုက်တာမပြောင်တဲ့အခါ အစားကြွင်းအစားကျန်တွေဟာ သွားမျက်နှာပြင်တွေမှာ ကပ်ငြိကျန်ခဲ့ပြီး ကြာလာတော့သွားကျောက်အသွင်ကူးပြောင်းလာပါတယ်

✅ ဘာကြောင့်ခြစ်ထုတ်ဖို့လိုတာလဲ
သွားကျောက်တွေဟာ.....
ကြည့်ရဆိုးစေပါတယ်
ခံတွင်းအနံ့အသက်ဆိုးစေပါတယ်
သွားဖုံးသွေးယိုစေတတ်ပါတယ်
သွားတွေယိုင်လာစေပါတယ်
ရေစီးကမ်းပြိုဖြစ်စေပါတယ်

✅ ပုံမှန်ကုသသင့်လား

သွားကျောက်တွေဟာ ၆လတစ်ကြိမ် သို့မဟုတ် ၁နှစ်၁ကြိမ် ပုံမှန်စစ်ဆေးပြီး လိုအပ်ပါက ကျောက်ခြစ်သင့်ပါတယ်

VVIP မှာ သွားညှိကုသရင် ဒီလို ကစဥ့်ကလျား မညီမညာဖြစ်နေတဲ့ သွားတွေကို ညီညာလှပအောင် ပြုပြင်နိုင်မှာဖြစ်ပါတယ်
25/02/2026

VVIP မှာ သွားညှိကုသရင် ဒီလို ကစဥ့်ကလျား မညီမညာဖြစ်နေတဲ့ သွားတွေကို ညီညာလှပအောင် ပြုပြင်နိုင်မှာဖြစ်ပါတယ်

ကျွန်မတို့ဟာ အကြောင်းအမျိုးမျိုးနဲ့ သွားတွေနုတ်ရတတ်ပါတယ် အဲလိုနုတ်ပြီးရင်တော့ သွားဖုံးအနာကျက်ရင် မဖြစ်မနေသွားပြန်စိုက်ဖိ...
22/02/2026

ကျွန်မတို့ဟာ အကြောင်းအမျိုးမျိုးနဲ့ သွားတွေနုတ်ရတတ်ပါတယ် အဲလိုနုတ်ပြီးရင်တော့ သွားဖုံးအနာကျက်ရင် မဖြစ်မနေသွားပြန်စိုက်ဖို့လိုပါတယ်

သွားပြန်မစိုက်ရင်ဘာဖြစ်မလဲ ❓️❓️❓️

❌️ဘေးသွားတွေယိုင်လာပါမယ်

❌️သွားတွေကြဲလာပါမယ်

❌️မျက်နှာချင်းဆိုင်သွားတွေရှည်ထွက်လာပါမယ်

❌️ယိုင်လာတဲ့သွားတွေကြားထိချက်တွေမမှန်တော့ပဲသွားပိုးတွေစားပါမယ်

❌️အစားဝါးတာမကြေညက်တော့ပဲအစာအိမ်ရောဂါပါရလာနိုင်ပါတယ်

အဲတာကြောင့်သွားနုတ်ပြီးရင် ပျမ်းမျှ ၆လ လောက်အတွင်း မဖြစ်မနေသွားပြန်စိုက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင့်

==========================

မေးခွန်းလေးဖြေကြည့်ပါဦးနော် 💯💯သိချင်တာတွေရှိရင်လည်းမေးသွားလို့ရပါတယ်  ✅✅✅
21/02/2026

မေးခွန်းလေးဖြေကြည့်ပါဦးနော် 💯💯

သိချင်တာတွေရှိရင်လည်းမေးသွားလို့ရပါတယ် ✅✅✅



VVIP မှာလုပ်ထားတဲ့ Special Laser Whitening Treatment လေးပါ 💜💜💜ကြာချိန် ၂နာရီဝန်းကျင် အချိန်ပေးရပါတယ်Laser Whitening လုပ်...
20/02/2026

VVIP မှာလုပ်ထားတဲ့ Special Laser Whitening Treatment လေးပါ 💜💜💜

ကြာချိန် ၂နာရီဝန်းကျင် အချိန်ပေးရပါတယ်

Laser Whitening လုပ်မယ့်လူနာများအတွက်သွားကျောက်ခြစ်ချေးချွတ်ခြင်း ကိုအခမဲ့လုပ်ပေးပါတယ်

သွားကိုက်နေတယ် သွားဆေးခန်းပြရတော့မယ်ဆိုရင် ဒီ post လေးက သင့်အတွက်အကျိုးရှိစေမှာပါရှင့် 💯💯💯သွားကိုက်လို့ သွားဆေးခန်းပြရင်...
17/02/2026

သွားကိုက်နေတယ် သွားဆေးခန်းပြရတော့မယ်ဆိုရင် ဒီ post လေးက သင့်အတွက်အကျိုးရှိစေမှာပါရှင့် 💯💯💯

သွားကိုက်လို့ သွားဆေးခန်းပြရင် သွားဆေးခန်းမှာ ဒီကုသမှုတွေကိုလုပ်ရတတ်ပါတယ် 👇👇👇

✅️ သွားဖာကုသမှု

တစ်ချို့သွားပိုးပေါက်တွေက အတွင်းက အာရုံကြောကိုမထိသေးရင် ပိုးပေါက်ကိုသေချာသန့်ရှင်းရေးလုပ်ပြီး သွားဖာလိုက်ရုံနဲ့ ကောင်းသွားတတ်ပါတယ်

ကြာချိန် - တစ်ကြိမ်တည်းနဲ့ကုသမှုပြီးပါတယ်
ကုန်ကျစရိတ် - +

✅️ သွားအကြောထုတ်ကုသမှု

အရမ်းနက်နေပြီး အတွင်းကအာရုံကြောကိုပါထိနေတဲ့ပိုးပေါက်တွေကတော့ သွားဖာရုံမရတော့ပါဘူး အထဲက မကောင်းတဲ့ အာရုံကြောတွေကိုထုတ်ပစ်တဲ့ အကြောထုတ်ကုသမှုကိုလုပ်ရတတ်ပါတယ်

ကြာချိန် - ဆေးခန်းကို ၂ကြိမ် ၃ကြိမ်လောက်လာရတတ်ပါတယ်
ကုန်ကျစရိတ် - +++

✅️ သွားနုတ်ကုသမှု

သွားအကြောထုတ်ကုသလို့မရလောက်အောင်ပျက်စီးနေတဲ့သွားတွေ ဒါမှမဟုတ် သွားအကြောထုတ်ကုသမှုကိုမလုပ်ချင်တဲ့အခါ သွားတွေကိုနုတ်ပစ်ရပါတယ်

ကြာချိန် - တစ်ကြိမ်တည်းနဲ့ပြီးတတ်ပါတယ်
ကုန်ကျစရိတ် - +

ဒါတွေကတော့ သွားကိုက်ရင်ဆေးခန်းမှာလုပ်ရတတ်တဲ့ ကုသမှုတွေဖြစ်ပါတယ်ရှင့် ဒါတွေကိုကြိုသိထားခြင်းအားဖြင့် သွားဆေးခန်းရောက်တဲ့အခါ ကုသမှုတွေကိုသေချာနားလည် ရွေးချယ်နိုင်မှာဖြစ်ပါတယ်ရှင့်

==========================

Address

No102, Lay Daung Kan Street, Zawana, Thingunkyun Township
Yangon
11211

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959890091007

Alerts

Be the first to know and let us send you an email when VVIP Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to VVIP Dental Clinic:

Share