ConfiDent Dental Aesthetics & Implant Center

ConfiDent Dental Aesthetics & Implant Center We create smiles

ဒီတခါမှာတော့ မိမိတို့သွားလေးတွေ အကြောင်းတစ်ခုခုကြောင့် ဆုံးရှုံးသွားခဲ့သည်ရှိသော် ပြုလုပ်ပေးလို့ရတဲ့ သွားစိုက်ခြင်းအကြော...
30/08/2024

ဒီတခါမှာတော့ မိမိတို့သွားလေးတွေ အကြောင်းတစ်ခုခုကြောင့် ဆုံးရှုံးသွားခဲ့သည်ရှိသော် ပြုလုပ်ပေးလို့ရတဲ့ သွားစိုက်ခြင်းအကြောင်းလေး ရှင်းပြချင်ပါတယ်💓

သွားစိုက်ခြင်းမှာ ပုံမှန်အားဖြင့် သုံးမျိုးရှိပါတယ်..💓
၁..သွားအသေစိုက်ခြင်း
၂..သွားအရှင်စိုက်ခြင်းနဲ့
၃..သွားမြစ်တုအစားထိုးသွားစိုက်ခြင်း တို့ဖြစ်ပါတယ်..

၁..သွားအသေစိုက်ခြင်း💓

ဒီ treatment မှာတော့ လူကြီးမင်းတို့က မိမိတို့သွားစိုက်ရာမှာ အသုံးပြုချင်တဲ့ သတ္တု, ကြွေ , ကြွေသီးသန့် စတဲ့မိမိတို့ နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်..

မိမိသွားနဲ့တစ်ပုံစံတည်းတူတဲ့အရောင်ဖြစ်အောင်ပြုလုပ်နိုင်ခြင်း, ရွေးချယ်စရာအမျိုးမျိုးရှိတဲ့အတွက် ကုန်ကျစရိတ်ကိုချင့်ချိန်နိုင်ခြင်း, သဘာဝကျပီးလှပခြင်း, အဖြုတ်အတပ်ပြုလုပ်စရာ မလိုအပ်တဲ့ treatment ဖြစ်ပါတယ်

၂..သွားအရှင်စိုက်ခြင်း💓

ဒီ treatment မှာတော့ လူကြီးမင်းတိုအနေနဲ့ အံကပ်အမာ သို့မဟုတ် အပျော့ကို ရွေးချယ်စိုက်နိုင်ပါတယ်..

လှပပြီး ကုန်ကျစရိတ်အသက်သာဆုံး treatment ပဲဖြစ်ပါတယ်..

၃..သွားမြစ်တုအစားထိုးသွားစိုက်ခြင်း💓

ဒီ treatment လေးကတော့ အကောင်းဆုံးသွားစိုက်ခြင်း နည်းလမ်းလေးပဲဖြစ်ပါတယ်..လူကြီးမင်းတို့ရဲ့ ဘေးသွားလေးတွေကိုတိုက်စားစရာမလိုဘဲ မိမိတို့သွားနဲ့ အတူဆုံးသွားပုံစံကို ရရှိမှာဖြစ်ပါတယ်..

ခိုင်ခံ့ပီးတာရှည်ခံခြင်း, သဘာဝသွားများအတိုင်းပုံစံကျခြင်း, သေသပ်လှပခြင်း နဲ့ ကုသမှုမြန်ဆန်တဲ့ treatment ဖြစ်ပါတယ်..

အသေးစိတ်စုံစမ်းမှုအတွက် Page Cb သို့ Clinic Phone number သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်

🏥 အမှတ်67 စိတ္တသုခလမ်း
( အသောကဈေးအနီး )
တာမွေမြို့နယ်
☎️ 09 405916078

16/08/2024

✅ သွားကျောက်ခြစ်တာက ခံတွင်းနံ့ဆိုးတွေကို
ပျောက်ကင်းစေတဲ့အပြင်
✅ သွားနှင့်သွားဖုံးမှ သွေးထွက်ခြင်းကိုလည်း ကာ
ကွယ်နိုင်ပါတယ်
✅ ၆လ သို့ ၁နှစ် ၁ကြိမ် ခံယူသင့်ပါတယ်

🏥 အမှတ် ၆၇ စိတ္တသုခလမ်း
( အသောကဈေးအနီး)
တာမွေမြို့နယ် ရန်ကုန်မြို့
☎️ 09 405916078

Your smile , Our satisfaction ✨ရှေ့သွားလေးတွေ accident ကြောင့်ကျိုးသွားခဲ့တဲ့ လူနာကို သဘာဝသွားအရောင်နဲ့ တထပ်တည်းကျတဲ့ zi...
12/08/2024

Your smile , Our satisfaction ✨

ရှေ့သွားလေးတွေ accident ကြောင့်ကျိုးသွားခဲ့တဲ့ လူနာကို
သဘာဝသွားအရောင်နဲ့ တထပ်တည်းကျတဲ့ zirconia ကြွေသွားအသုံးပြုပြီး သွားစိုက်ပေးဖြစ်တာလေးပါ ။

Zirconia ဟာဆိုရင်တော့ သွားစိုက်တဲ့နေရာမှာ
သဘာဝသွားအရောင်နဲ့ထပ်တူကျပြီး ပုံမှန်သွားထက် ၅ဆ ပိုမာကြောတာမို့ effective အဖြစ်ဆုံးအနေနဲ့ သွားတုတွေထဲမှာ ထိပ်ဆုံးက top ဖြစ်နေရတာပါ🦷

လူနာကတော့ အရင်က သွားမရှိလို့ လက်နဲ့ကာကာပြိး သိပ်မရယ်ရဲပေမဲ့ ခုတော့ အားရပါးရ ရယ်နိုင်သွားပါပြီတဲ့ 😁😁

🏆Confident Dental Clinic တွင် လူနာများကြား ရောဂါ ကူးစက်မှု ကင်းဝေးစေရန် အတွက် တခါသုံး လက်အိတ်
ရေခွက် Apron ဆေးထိုးအပ်များနှင့် ဖိအားမြင့် ပိုးသတ် စနစ် (autoclave)ဖြင့် စနစ်တကျ ပိုးသတ်ထားသော
ကိရိယာ များ ကို အသုံးပြုလျက် ကုသမှု ပေးပါသည်

🏥 အမှတ် 67 စိတ္တသုခလမ်း
( အသောကဈေးအနီး)
တာမွေမြို့နယ်
☎️ 09 405916078

🌟ခံတွင်းကျောက်တွေရှင်းဖို့လိုနေပီလား ? 🦷 ❌ဆေးခန်းမှာနေ့စဉ်နဲ့အမျှ တွေ့နေရတာကတော့ခံတွင်းကျောက် (ခေါ်) calculus တွေပါပဲ ဒါ...
10/08/2024

🌟ခံတွင်းကျောက်တွေရှင်းဖို့လိုနေပီလား ? 🦷 ❌

ဆေးခန်းမှာနေ့စဉ်နဲ့အမျှ တွေ့နေရတာကတော့
ခံတွင်းကျောက် (ခေါ်) calculus တွေပါပဲ
ဒါကြောင့် ဒီနေ့ သွားနှင့် ခံတွင်းကို ဒုက္ခပေးတဲ့ ခံတွင်းကျောက်အကြောင်းလေးကို ဆရာကပြောပြပေးသွားပါမယ်

🌟ခံတွင်းကျောက် ဘယ်လိုဖြစ်လာလဲ ???

ကျွန်တော်တို့တွေရဲ့ သွားတွေပေါ်မှာ သာမန်မျက်စိနဲ့ မမြင်နိုင်နဲ့ dental plaque ဆိုတဲ့ အလွှာပါးလေးရှိပါတယ် အဲ့အလွှာပါးလေးကို နေ့စဉ်သွားတိုက် သန့်ရှင်းပေးရပါတယ်
တခါတရံ သွားမတိုက်မိ / သွားနှင့်ခံတွင်းသန့်ရှင်းရေးကို သေချာဂရုမစိုက်မိတာဖြစ်ဖြစ် သွားတိုက်သော်လည်း ခံတွင်းအနှံ့ မရောက်တာဖြစ်စေ ထို dental plaque အလွှာပါးပေါ်တွင် တံတွေးတွင်ပါဝင်သော calcium ဓာတ်များ ကပ်ငြိကာ တဖြေးဖြေးထူထပ်လာပီး ခံတွင်းကျောက် calculus များဖြစ်လာပါတယ်
ခံတွင်းကျောက်အခြေအနေရောက်သွားပီဆိုရင်တော့ဖြင့် ကျွန်တော်တို့ပုံမှန်သွားပြန်တိုက်လဲ ဒီကျောက်တွေကိုဖယ်ရှားမရတော့ပါဖူး သွားနှင့်သွားအခြေ သွားဖုံးနေရာမှာ ကျောက်တွေက စွဲနေတော့မှာပါ

🌟ခံတွင်းကျောက်ရှိရင် ဘာတွေဖြစ်လဲ ??

ခံတွင်းကျောက် calculus တွေဟာ သွားဖုံးသားတွေကို ယောင်ရမ်းစေတဲ့ toxins တွေထုတ်တာမို့ သွားတိုက်ရင် သွေးထွက်တာ ပန်းသီးကိုက်ရင်သွေးထွက်တာ စသဖြင့် အလွယ်တကူ သွေးထွက်တာတွေဖြစ်လာပါတယ် ။
ဒီကျောက်တွေဟာ သွားဖုံးကိုလှိုက်စားသွားတာကြောင့် သွားဖုံးတွေ နိမ့်ဆင်းပြီး ရေစီးကမ်းပြိုလိုက်လာကာ သွားတွေယိုင်နဲ့လာတာ / ကျွတ်ထွက်လုနီးပါးဖြစ်လာတာတွေ ကြုံတွေ့လာရပါတယ်

နောက်အဆိုးဆုံးအနေနဲ့ လူနာတွေစိတ်အညစ်ရဆုံးဖြစ်တဲ့ပြသနာကတော့ foul smell / bad breath ခေါ် ခံတွင်းနံ့ နံခြင်းတွေဖြစ်လာတော့တာပါပဲ
စကားပြောတိုင်း ခံတွင်းက အနံ့ဆိုးထွက်နေတယ်
ပလုပ်ကျင်းဆေးရည်တွေငုံလဲမသက်သာ စသဖြင့် တော်တော်စိတ်မသက်သာဖြစ်ရစေပါတယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုကျဆင်းလာစေပါတယ်။

🌟အဲ့တော့ ဒီခံတွင်းကျောက်တွေကို ဘလိုရှင်းထုတ်မလဲ ??? ✅

ခံတွင်းကျောက်တွေကို သွားနှင့်ခံတွင်းဆေးခန်းမှာ သွားတွေကို မထိခိုက်ပဲ ဖယ်ထုတ် ကျောက်ခြစ်တဲ့ သွားသန့်ရှင်းရေး oral prophylaxis လုပ်လို့ရပါတယ်

ဒီပုံကတော့ လူနာတယောက် သွားသန့်ရှင်းရေး လုပ်ထားတဲ့ before & after ပါ ✨
ခံတွင်းကျောက်ကြောင့် သွားဖုံးတွေ လှိုက်စားနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်
ခံတွင်းကျောက်ဖယ်ပြီးပြီးချင်းမှာတော့ သွားဖုံးတွေ အနည်းငယ်ရောင်နေမှာဖြစ်ပီး ၁ရက်/ ၂ ရက်ကြာရင် သွားဖုံးသားပုံမှန်ပြန်ဖြစ်ပြီး ကျန်းမာတဲ့ သွားဖုံးလေးပြန်ရမှာပဲဖြစ်ပါတယ် ✅

သွားသန့်ရှင်းရေးလုပ်ပြီးရင် ကိုယ့်သွားနှင့်ခံတွင်းအခြေအနေနဲ့ သင့်လျော်တဲ့ သွားတိုက်တံ သွားတိုက်ဆေး သွားတိုက်ဖို့ နည်းစနစ်တွေ ဆရာဝန်ကညွှန်းပေးတဲ့အတိုင်းလိုက်အသုံးပြုပေးခြင်းအားဖြင့် ခံတွင်းကျောက်တွေ ဆက်မဖြစ်အောင်ကာကွယ်လို့လဲ ရပါတယ်ခင်ဗျာ ။✨

🏆Confident Dental Clinic တွင် လူနာများကြား ရောဂါ ကူးစက်မှု ကင်းဝေးစေရန် အတွက် တခါသုံး လက်အိတ်
ရေခွက် Apron ဆေးထိုးအပ်များနှင့် ဖိအားမြင့် ပိုးသတ် စနစ် (autoclave)ဖြင့် စနစ်တကျ ပိုးသတ်ထားသော
ကိရိယာ များ ကို အသုံးပြုလျက် ကုသမှု ပေးပါသည်

🏡 အမှတ် 67 စိတ္တသုခလမ်း
( အသောကဈေးအနီး)
တာမွေမြို့နယ် ရန်ကုန်မြို့
☎ 09 405916078

✨သွားလေးတေ‌ွဝါနေလို့ စိတ်ညစ်မနေနဲ့တော့နော်၊ အပြုံးလေးတွေ ပြန်လည်တောက်ပဖို့ Laser whitening treatment ရှိနေပါပြီ         ...
06/08/2024

✨သွားလေးတေ‌ွဝါနေလို့ စိတ်ညစ်မနေနဲ့တော့နော်၊ အပြုံးလေးတွေ ပြန်လည်တောက်ပဖို့ Laser whitening treatment ရှိနေပါပြီ

🏥 အမှတ် 67 စိတ္တသုခလမ်း
( အသောကဈေးအနီး)
တာမွေမြို့နယ် ရန်ကုန်မြို့
☎️ 09 405916078

ရှေ့သွားကြဲနေတာကို လေဆာဖြင့် ကြွေလွှာဖြည့်ပြုပြင်ထားတာလေးပါ✅ နာရီဝက်ပဲကြာပြီး နာကျင်မူလုံးဝမရှိပါဘူးနော်                ...
02/08/2024

ရှေ့သွားကြဲနေတာကို လေဆာဖြင့် ကြွေလွှာဖြည့်ပြုပြင်ထားတာလေးပါ
✅ နာရီဝက်ပဲကြာပြီး နာကျင်မူလုံးဝမရှိပါဘူးနော်

🏥 အမှတ် 67 စိတ္တသုခလမ်း
( ‌အသောကဈေးအနီး)
တာမွေမြို့နယ် ရန်ကုန်မြို့
☎️ 09 405916078

💎 ရယ်လိုက်ပြုံးလိုက်တိုင်းမှာ  ဆွဲဆောင်မူရှိရှိနဲ့ ဝင်းလက်တောက်ပနေစေဖို့ သွားမှာစိန်ကပ်လို့ရနေပြီနော်💎✅ ကုန်ကျစရိတ်သက်သာ...
30/07/2024

💎 ရယ်လိုက်ပြုံးလိုက်တိုင်းမှာ ဆွဲဆောင်မူရှိရှိနဲ့ ဝင်းလက်တောက်ပနေစေဖို့ သွားမှာစိန်ကပ်လို့ရနေပြီနော်💎

✅ ကုန်ကျစရိတ်သက်သာတယ်
✅ ပြုံးလိုက်တိုင်း ဝင်းလက်တောက်ပပြီး နှစ်နဲ့ချီခံတာမို့ လူငယ်တိုင်းလိုလိုတပ်နေကြပြီနော်

🔹 သွားနှင့်ခံတွင်းနဲ့ပက်သတ်တဲ့ ကုသ‌မှု‌တွေ ၊ Promotion အစီအစဉ်လေးတွေလည်းရှိနေသေးတာမို့ Confident Dental Clinicကိုမြန်မြန်သာလာခဲ့လိုက်တော့နော်
🏥 အမှတ် 67 စိတ္တသုခလမ်း
( အသောက‌ဈေးအနီး)
တာမွေမြိုနယ် ရန်ကုန်မြို့
☎️ 09 405916078

သွား အစွပ် စွပ်ခြင်း (သို့မဟုတ် ) သွား အစွပ်လဲခြင်း                                                           {Dental Cr...
26/07/2024

သွား အစွပ် စွပ်ခြင်း (သို့မဟုတ် ) သွား အစွပ်လဲခြင်း

{Dental Crown}

✔️ဘယ် အချိန်မှာ သွား အစွပ် စွပ်ရမှာလဲ ?

🔸သွားပဲ့သွားပြီး သွားဖာခြင်းဖြင့် မမြဲနိုင်တဲ့ သွားတွေ ၊အရမ်း ပျက်စီးနေတဲ့ သွားတွေ ၊ အကြောထုတ် ကုသမှု ခံယူထားသော သွားတွေ ကို အစွပ် စွပ်ထားရပါမယ်

✔️သွားအစွပ် အမျိုး အစား ဘယ်နှစ်မျိုးရှိသလဲ?

🔸 Confident Dental Clinic တွင် ရရှိနိုင်သော သွားတု အစွပ် အမျိုးအစား အကြမ်းဖျင်း အားဖြင့် (4)မျိုးရှိပါတယ်
🔹အကောင်းစား ကြွေ သီးသန့် အစွပ်
(Ceramic )
🔹ကြွေ သီးသန့် အစွပ်(Zirconia or Porcelain
fused to zirconia)
🔷ကြွေ သတ္တုစပ် အစွပ် (Porcelain )

🔹သတ္တု အစွပ် (Ni Cr, Co Cr)

✔️သွားတု အစွပ် လုပ်မယ်ဆို အချိန် ဘယ်လောက်ကြာမလဲ

🔸ပထမတရက် ဆေးခန်း တွင် သွားပုံစံ အတိုင်း လာပေးရပါမယ် ….ထို့နောက်သွားတု အစွပ် အမျိုးအစားပေါ်မူတည်ပြီး ၂ ရက် မှ ၁ပတ် အတွင်း
သွားအစွပ် ကို လာရောက် တပ်ဆင်နိုင်ပါသည်

✔️သွားတု အစွပ်များ အတွက် Warrenty ပေးလား?

🔸Confident Dental Clinic အနေနဲ့ သွားတု အစွပ်များ တပ်ဆင်ပြီး ၃လ အတွင်းအကြောင်းတစုံကြောင့်
ပျက်စီးခြင်းရှိပါက အခမဲ့ ပြန်လည် ပြုပြင်ပေးပါသည်

“Your Dental Health ,Our Priority “

🏥 အမှတ် ၆၇ စိတ္တသုခလမ်း
( အသောကဈေးအနီး)
တာမွေမြို့နယ် ရန်ကုန်မြို့
☎️ 09 405916078

🦷ဒီတခါမှာတော့ အံကပ် တပ်ဆင်နေရတဲ့ လူနာ တွေ အတွက် ရည်ရွယ်ပြီး အံကပ်တပ်ဆင်အသုံးပြုစဉ်လိုက်နာရမည့် အချက်တွေ ကို ပြောပြပေးထား...
26/07/2024

🦷ဒီတခါမှာတော့ အံကပ် တပ်ဆင်နေရတဲ့ လူနာ တွေ အတွက် ရည်ရွယ်ပြီး အံကပ်တပ်ဆင်အသုံးပြုစဉ်
လိုက်နာရမည့် အချက်တွေ ကို ပြောပြပေးထားပါတယ် ရှင်

🦷🦷အံကပ်တပ်ဆင်သူ "အမြဲ" လိုက်နာရမည့်အချက်များ

- တစ်ရက်လျှင် (၈)နာရီသာ အသုံးပြုရပါမည်။
(ဥပမာ-အစာစားချိန်၊ ရုံးသွားချိန်နှင့် လူအများနှင့်စကားပြောချိန်များတွင် တပ်ဆင်ထားသင့်ပြီး အိမ်၌ အနားယူချိန်၊ အိပ်ချိန်တို့တွင် ချွတ်ထားရပါမည်။)

- အစာဝါးသည့်အခါမျိုးတွင် ရှေ့သွားဖြင့် မဝါးရပါ။ အံသွားများနှင့် ၂ဖက်ညီညီ ဝါးရပါမည်။

- အံကပ်ချွတ်ထားချိန်တွင် သွားဖုံးသားများကို သွေးလည်ပတ်မှု ကောင်းမွန်စေရန် လက်ဖြင့် နှိပ်နယ်ပေးရပါမည်။

- အံကပ်ကို အစာစားပြီးတိုင်း သန့်ရှင်းရေး လုပ်ရပါမည်။အံကပ်ဆေးကြောသည့်ဆေးပြား (Denture Cleanser) ဖြင့် ဆေးကြောနိုင်ပါသည်။ Denture Cleanser မရှိပါက သွားပွတ်တံ၊ ဆပ်ပြာနှင့် ရေအေးတို့ကို အသုံးပြုရပါမည်။

- အံကပ်၏ အတွင်းမျက်နှာပြင်၊ အပြင်မျက်နှာပြင် နှင့် သွားများကို ပွတ်တိုက်သန့်ရှင်းရမည်။ သန့်ရှင်းရေးလုပ်နေစဥ် ဇလုံတစ်ခုထဲတွင်ရေထည့်ပြီး မတော်တဆ အံကပ်လွတ်ကျကွဲမသွားစေရန် အောက်မှ ခံထားပေးသင့်ပါသည်။

- အံကပ်ကို ရေနွေးဖြင့် မစိမ်ရ၊မဆေးရပါ။ အံကပ် ကျုံ့သွား လိမ်သွားစေနိုင်ပါသည်။

- အံကပ်တပ်ပြီး အလွန်မာသော အစာ (ဥပမာ- ကွမ်းသီး၊ငါးခြောက်)၊ အလွန်စေးကပ်သော အစာ (ဥပမာ- ကောက်ညှင်း ) တို့ကို မစားသင့်ပါ။

- အံကပ်အဟောင်းရှိပီး အသစ်ထပ်မံပြုလုပ်သူဖြစ်ပါက နဂိုအဟောင်းကို လုံးဝတပ်ခြင်းမပြုလုပ်ရပါ။ အံကပ်အသစ်ကိုသာ တပ်ဆင်ရပါမည်။

- သိမ်းဆည်းပုံမှာ ရေအနည်းငယ်သာထည့်ထားသော အဝကျယ်ပုလင်းထဲတွင် အံကပ်ကိုထည့်ပြီး အဖုံးဖုံးထားရပါမည်။

-အံကပ်ကို (၅)နှစ် အသုံးပြုပြီးပါက အသစ်လဲလှယ်ပေးသင့်ပါသည်။

ဆေးခန်းလိပ်စာ
အမှတ် 67 စိတ္တသုခလမ်း
(အသောကဈေးအနီး) ရန်ကုန်မြို့
☎️09405916078

Root Canal Treatment (သွား အကြောထုတ် ကုသမှု ) အကြောင်း 🦷သွားပိုးစားလို့ သွားကိုက်လာတိုင်း သွား နှုတ်ပစ်ဖို့ မလိုပါဘူး။  ...
25/07/2024

Root Canal Treatment (သွား အကြောထုတ် ကုသမှု ) အကြောင်း

🦷သွားပိုးစားလို့ သွားကိုက်လာတိုင်း သွား နှုတ်ပစ်ဖို့ မလိုပါဘူး။ သွား အကြောထုတ်ကုသပြီး နှုတ်ပစ်ရမည့် သွား ကို ပြန်ကယ်လို့ ရပါတယ်

🦷သွား အကြောထုတ်တယ် ဆိုတာ သွားအတွင်း ထဲ မှာ ရှိတဲ့ ရောင်နေတဲ့ ပုပ်နေတဲ့ အသားနုလွှာလေး ကိုပဲ
ခေတ်မှီ စက်ကိရိယာတွေ အသံုးပြုပြီး ဖယ်ရှား
ပိုးသတ်လိုက်တာပဲ ဖြစ်ပါတယ်

🦷အကြောထုတ်ထားတဲ့ သွား ကို အကြောတု ထည့်
ပြန်ဖာထားပြီး နှုတ်စရာ မလိုပဲ ဆက်လက် အသံုးပြုနိုင်ပါပြီ။
သို့သော် အကြောထုတ်ကုသမှု ခံယူထားသော သွားများသည် ရေရှည်တွင် အက်ကွဲ နိုင်သည့် အတွက်
Dental Crown ခေါ် သွားအစွပ်လေးတွေ စွပ်ထားဖို့ လိုအပ်ပါတယ်

🦷သွားအကြောကုသမှု ခံယူ သည့် အခါ သွား ရောဂါ အခြေ အနေပေါ် မူတည်ပြီး ဆေးခန်း ကို ၁ကြိမ်မှ ၃ကြိမ်ခန့် ထိ လာရောက်ပြသရန်လိုအပ်ပါသည်

🏆Confident Denta Clinic တွင်လူနာ များကြား ရောဂါ ကူးစက်မှု ကင်းဝေး စေရန် တခါသံုး လက်အိတ်
Apron ရေခွက် ဆေးထိုးအပ် များနှင့် နောက်ဆံုးပေါ်
ပိုးသတ် စနစ်(Autoclave ) ဖြင့် စနစ်တကျ ပိုးသတ်ထားသော ကိရိယာများ ကို အသံုးပြုလျက်
ကုသမှုပေးပါသည်။


🏡 ဆေးခန်း လိပ်စာ
အမှတ် ၆၇ စိတ္တသုခလမ်း
တာမွေမြိ့နယ် ရန်ကုန်မြို့
☎️ 09 405916078

🦷👋မညီညာတဲ့သွားလေးတွေကို ဘိုင့်ဘိုင်လုပ်ကြမယ်👋🦷 ဒီရက်ပိုင်းဆေးခန်းလာတဲ့လူနာတွေထဲမှာလေ“သွားလေးတွေ မညီလို့”“သွားတွေ ရှေ့နော...
25/07/2024

🦷👋မညီညာတဲ့သွားလေးတွေကို ဘိုင့်ဘိုင်လုပ်ကြမယ်👋🦷

ဒီရက်ပိုင်းဆေးခန်းလာတဲ့လူနာတွေထဲမှာလေ
“သွားလေးတွေ မညီလို့”
“သွားတွေ ရှေ့နောက် ထပ်နေလို့”
“သွားလေးတွေ အထဲဝင်နေလို့ “
“သွား တွေ ကျဲ နေလို့ “စသဖြင့်
သွားမညီညာလို့ ဘာကုသမှုယူရမလဲဆိုပီး လာမေးကြတဲ့ လူနာတွေအတွက် လေ့လာနိုင်အောင် တင်ပေးလိုက်ပါတယ်နော် 🦷

သွားညှိကုသမှုက ခုနောက်ပိုင်းတအားခေတ်စားလာတာမို့ သိပြီးသားသူတွေ ရှိနိုင်ပေမဲ့ မသိသေးတဲ့သူတွေအတွက် ရှင်းပြလိုက်ပါတယ်ရှင့်

🌟Orthodontic Treatment (သွားညှိကုသမှု)ဟာ ဆိုရင်

ဆေးခန်းလာပြတဲ့ လူနာအများစုရဲ့
အဓိက priority ဖြစ်တဲ့

🌟Aesthetic ( အလှအပပိုင်း) တင် မကပဲ

🌟Ideal Occlusion လို့ခေါ်တဲ့ အံသွားလေးတွေရဲ့ စားတဲ့ဝါးတဲ့ function တွေကိုလဲ ပုံစံမှန်အောင် အကောင်းဆုံး စံနှုန်း တခုကိုရအောင်ပြုပြင်ပေးသွားတာမို့
အံသွားတွေ ကြိတ်မိလို့ ကြွေလွှာတွေပြုန်းတီးလာတာ
အံသွားတွေ ကွဲအက်လာတာအစရှိသဖြင့် occlusion မမှန်လို့ဖြစ်လာနိုင်တဲ့ ပြသနာတွေကိုလဲကြိုတင်ကာကွယ်ပေးနိုင်ပါတယ်နော်

🌟သွားလေးတွေညီသွားပြီဆိုမှတော့ အရင် သွားတွေထပ်နေတုန်းကလို အစာညပ်တာတွေ ပိုးစားလွယ်တာတွေ အကုန်လုံးကိုလဲ say bye bye ပဲပေါ့ရှင်

🌟အရင်ထက်သွားတွေပိုလှလာမှာမို့ ခဏခဏရယ်နေမိပီး confidence တွေပိုလာမှာကတော့ bonus ✨✨✨

🏆အဲ့လို သွားလေးတွေညီညာပြီး တသက်လုံးလှသွားဖို့ဆိုရင်တော့
Confident Dental Clinic မှာ orthodontic treatment နဲ့ ကုသမှုခံယူလို့ရနေပါပြီလို့ တဆက်တည်း သတင်းကောင်းလဲပါးလိုက်ပါတယ်✨✨✨

ရွေးချယ်စရာတွေကရော❓❓❓

🏆Traditional Braces
အရိုးရှင်းဆုံးနဲ့ ကုန်ကျစရိတ်အသက်သာဆုံးသွားညှိကုသမှုလေးပါ တလတကြိမ် appointment မှန်မှန်ပြပေးဖို့ပဲလိုပါတယ်နော်

🏆Self-ligating Braces
ဒါကတော့ အရွေ့မြန်ပီး သိသာတဲ့ treatment result ကို မြန်မြန်လိုချင်တဲ့ သူတွေအတွက်ပါ တလခွဲ တခါလောက်ပဲ appointment ပြပေးရမှာဖြစ်လို့ အလုပ်ရှုပ်လဲ တအားသက်သာစေပါတယ်

🏆Ceramic Braces
Metal braces တွေ မကြိုက်လို့ သွားအရောင် ceramic အကြည် braces လေးတွေမှ ဆိုတဲ့ patient လေးတွေအတွက်လဲ အသင့်တော်ဆုံးကိုရွေးချယ်ပေးမှာမို့ စိတ်ဝင်စားတယ်ဆိုရင် လာရောက်မေးမြန်းလိုက်ပါနော်

Orthodontics သွားညှိကုသမှုပညာရပ်မှာ specialist ဖြစ်တဲ့ ဆရာဝန်တွေကိုယ်တိုင်က ကုသပေးမှာဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင် မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေလဲ အလေအလွင့်မဖြစ်ရအောင် booking လေး လှမ်းလုပ်လိုက်ပါလို့ ✨✨✨

✅ လတ်တလောဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် ဆေးခန်း သို့ ကြိုတင် ဖုန်းဆက် Appointment ယူပြီး ပြသနိုင်ပါသည် ။

🏡လိပ်စာ......အမှတ် ၆ရ စိတ္တသုခလမ်း ( အသောကဈေးအနီး) တာမွေမြို့နယ် ရန်ကုန်မြို့

☎......09 405916078

Time to say bye bye to your misaligned teeth 👋🦷

Recently, we’ve seen many walk-in patients with complaints of crowded teeth ,misalignments , rotated or space gap between incisors etc..
And most of them is curious about orthodontic treatment.!
So, I’d like to explain a little about orthodontic treatment for people following our dental clinic page . ✨

Maybe some people already know about this kinda knowledge but I hope my little knowledge might be helpful to those who have no idea in orthodontics .✨

In Orthodontic treatment , we use brackets (metal or ceramic , depends on patients’ and dentist’s choice ) to fix misaligned teeth
And it might take 1-2 yrs (depends on individual) with monthly regular appointments ! 🦷

What are the benefits of orthodontics??💁🏼‍♀️

1️⃣Your very first priority, Aesthetic
2️⃣Ideal occlusion
3️⃣Say byebye to food stagnation and caries
4️⃣ Infinite booster to your confidence ✨✨✨

We’d like to announce that you can receive your customized orthodontic treatment at our Confident Dental Clinic with affordable prices 💰💰

And yes there’s much variables you can choose from 💁🏼‍♀️

🏆Traditional Braces
🏆Self-ligating Braces
🏆Ceramic Braces

No need to worry and afraid of ,as our specialist orthodontist will reassure you by explaining all details of your treatment and options ✨

You can Inquire on messenger or make a booking not to waste your precious time !
(Normally, we prefer booking appointments so ,we can see your teeth conditions and can explain you well in person as chatting online lacks a lot of informations )😉

Address: No.67, Sateta thuka road , Tarmwe township Yangon .

☎ 09405916078

✨✨Behind every beautiful smile , there’s pearl teeth !လှပတဲ့ အပြုံးလေးတွေရဲ့နောက်မှာ ပုလဲလုံးလိုသွားလှလှလေးတွေရှိပါတယ်တဲ...
24/07/2024

✨✨Behind every beautiful smile , there’s pearl teeth !
လှပတဲ့ အပြုံးလေးတွေရဲ့နောက်မှာ ပုလဲလုံးလိုသွားလှလှလေးတွေရှိပါတယ်တဲ့ ✨✨✨

ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းစီမှာ signature smile လှလှလေးတွေကိုယ်စီရှိကြတယ်ဗျ😁
Sweet smile , cute laugh , sexy smirk စသဖြင့် တစ်ယောက်ချင်းစီရဲ့ အပြုံးလေးတွေက ဆွဲဆောင်မှု ရှိပြီးသားပေါ့ဗျာ 😉
ဒါပေမဲ့ ဒီအပြုံးလှလှလေးတွေကို ပိုပြီး အသက်ဝင်အောင်ဖန်တီးပေးနေတာကတော့ ကျွန်တော်တို့ခံတွင်းထဲက သွားလေးတွေပါပဲ 🦷
သွားလေးတွေက နေ့စဉ် အာဟာရအတွက်စားတဲ့ဝါးတဲ့ လုပ်ငန်းစဉ်ကို လုပ်ပေးနေတဲ့အပြင် ကျွန်တော်တို့ရဲ့ aesthetic အသွင်အပြင်ပိုင်းကိုလဲ အများကြီး လွှမ်းမိုးမှုရှိပါတယ် ‼️

❌သွားလေးတွေ ဝါနေလို့
❌သွားမှာ ကွမ်းဂျိုး ဆေးလိပ်ဂျိုးတွေ ရှိနေလို့
❌သွားမှာ အရောင် stain တွေတင်နေလို့ စသဖြင့်
အကြောင်းကြောင့်မျိုးစုံ ကျွန်တော်တို့ဟာ ဟက်ဟက်ပက်ပက်မရယ်မောဖြစ်ကြတဲ့ အချိန်တွေရှိခဲ့ကြမယ် ထင်ပါတယ်🙊
ကျွန်တော်တို့ အပြုံးလေးတွေကလဲ အသက်မဝင်တော့ ပဲ လှသင့်သလောက် မလှပဲဖြစ်ကုန်တာပေါ့ဗျာ။ 🤷🏻

ဒီလိုမျိုးသွားလေးတွေရဲ့ အရောင်အဆင်းနဲ့ ပတ်သက်ပြီး စိတ်အလိုမကျရမဲ့ခေတ်ကဟိုးးအဝေးကြီးမှာ ကျန်ခဲ့ပါပီနော် !
ခုဆိုရင်တော့ မိတ်ဆွေရဲ့သွားလေးတွေ ပုလဲလုံးလေးလို ဖြူဖွေးသန့်စင်သွားဖို့ အချိန် ၁ နာရီပဲ လိုပါတယ်ခင်ဗျာ ‼️‼️

🏆သွားလေးတွေ မွေးရာပါ (သို့) stains ကြောင့် ဝါနေတဲ့ သူတွေ အတွက် ဖြူဖွေးစေတဲ့
✨“Hollywood smile whitening “ treatment

🏆ကွမ်းဂျိုး ဆေးလိပ်ဂျိုးတွေကြောင့် ညစ်ထေးနေတဲ့ သွားလေးတွေကို original လို ပြန် ဖြူသန့်စေဖို့
✨“Scaling and Polishing” treatment စသဖြင့်

တစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကုသမှုတွေအတွက် ကျွန်တော်တို့ရဲ့
🏆Confident သွားနှင့်ခံတွင်းဆေးခန်း မှာ လာရောက်တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူလို့ရပါပြီ ✨✨✨

🏆Confident Dental Clinic တွင် လူနာများကြား ရောဂါ ကူးစက်မှု ကင်းဝေးစေရန် အတွက် တခါသုံး လက်အိတ်
ရေခွက် Apron ဆေးထိုးအပ်များနှင့် ဖိအားမြင့် ပိုးသတ် စနစ် (autoclave)ဖြင့်စနစ်တကျ ပိုးသတ်ထားသော
ကိရိယာ များ ကို အသုံးပြုလျက် ကျွမ်းကျင်သော သွားနှင့်ခံတွင်းဆရာဝန်များမှ ကုသမှု ပေးနေပါသည် ။

✅ လတ်တလော ဖြစ်ပွားနေသော အ‌ခြေအနေများကြောင့် ဖုန်းဆက် Appointment ယူပြီး ပြသနိုင်ပါသည် ။

🏡လိပ်စာ......အမှတ်67 ၊ စိတ္တသုခလမ်း(အသောကဈေးအနီး) တာမွေမြို့နယ် ရန်ကုန်မြို့

☎.......09 405916078

Address

အမှတ် ၆၇ ၊ စိတ္တသုခလမ်း အောက်ဘလောက် (အာသောကစျေးအနီး ) တာမွေမြို့နယ်
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Website

Alerts

Be the first to know and let us send you an email when ConfiDent Dental Aesthetics & Implant Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share