Dr. Care Dental Clinic

Dr. Care Dental Clinic The page is designed to help general public have better understanding about Dental Health .

Comments and suggestions to my posts from dental and medical professionals are welcomed.ďż˝

💠ရေကူးကန်ဘောင်နဲ့ ခိုက်မိပြီး အရှေ့သွားပဲ့သွားကာ သွားအပေါ်ပိုင်းရဲ့ ၃ပုံ ၁ပုံပဲ ကျန်တာပို အကြောထုတ် ကုသပြီး ကြွေသွားပြန်...
21/07/2025

💠ရေကူးကန်ဘောင်နဲ့ ခိုက်မိပြီး အရှေ့သွားပဲ့သွားကာ သွားအပေါ်ပိုင်းရဲ့ ၃ပုံ ၁ပုံပဲ ကျန်တာပို အကြောထုတ် ကုသပြီး ကြွေသွားပြန်စွပ်ထားတာပါ။
💠သွားမနှုတ်ရအောင် save လုပ်ပြီး ကုသထားတာလေးပါ။

18/07/2025

🎇Importance of growth spurt in dentistry🎇

✨️လူတစ်ယောက်ရဲ့ အရပ်အမောင်းနဲ့ ကိုယ်အလေးချိန်ဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာတဲ့ အချိန်ကာလတစ်ခုကို growth spurt လို့ခေါ်ပါတယ်

ဘယ်အချိန်တွေမှာ အသိသာဆုံးလဲ?

မွေးစ မှ ၁နှစ်အရွယ်အတွင်း အချိန်ကာလနဲ့ ဆယ်ကျော်သက်အရွယ်တွေဟာ အသိသာဆုံး ဖြစ်ပါတယ်။
ဆယ်ကျော်သက်မှာ ယောက်ျားလေးနဲ့ မိန်းကလေး တွေရဲ့ ကိုယ်ခန္ဓာ ဖွံ့ဖြိုးမှုက ကွာကြပါတယ်။

မိန်းကလေးတွေက ၁၁နှစ်ပတ်ဝန်းကျင်မှာ သိသိသာသာ ဖွံ့ဖြိုးလာကြပြီး ယောက်ျားလေးတွေကတော့ ၁၃နှစ်လောက်မှာ ဖွံ့ဖြိုးလာကြပါတယ်။

ဒါကြောင့် ကျောင်းနေစဥ်ကာလများမှာ မူလတန်းနဲ့ အလယ်တန်းတွေမှာ မိန်းကလေးတွေက ယောက်ျားလေးတွေထက် လျင်မြန်စွာ ကိုယ်အလေးချိန်နဲ့အရပ်တွေ ဖွံဖြိုးလာတာကိုတွေ့ရပြီး ယောက်ျားလေးများကတော့ အနည်းငယ်နောက်ကျပြီး အထက်တန်းရောက်သောအခါမှာ ကိုယ်အလေးချိန်နဲ့ အရပ်တွေ သိသိသာသာ ဖွံ့ဖြိုးလာတာကို တွေ့ရခြင်းဖြစ်ပါတယ်။

ဒီလို ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးခြင်းတွေကို growth hormone လို့ခေါ်တဲ့ ကြီးထွားခြင်းဆိုင်ရာဟော်မုန်းက အဓိက လုပ်ဆောင်ပေးနေတာပါ။

ကိုယ်အလေးချိန်နဲ့ အရပ်တွေ ဖွံ့ဖြိုးလာခြင်းနဲ့တူ ခြေတံ လက်တံတွေ၊ အရိုးတွေ၊ ကြွက်သားတွေလည်း ကြီးထွားလာကြပါတယ်။

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးလာတာနှင့်အမျှ လိုအပ်တဲ့ကယ်လိုရီပမာဏလည်း များလာပါတယ်။

ခန္ဓာကိုယ်အစိတ်ပိုင်းတွေ ကြီးထွားဖွံ့ဖြိုးလာတာနဲ့အတူ စိတ်ပိုင်းဆိုင်ရာခံစားမှုတွေလည်း ပြောင်းလဲလာပါတယ်။

ကလေးတစ်ယောက်နဲ့တစ်ယောက် growth spurt ဖြစ်တဲ့ အချိန်တွေ ကွာခြားတတ်ပါတယ်။

Growth spurt ဟာ သွားနဲ့ ခံတွင်းဆိုင်ရာ ကုသမှုတွေမှာ ဘယ်လိုအရေးပါပါသလဲ?

Growth spurt အချိန်မှာ ခန္ဓာကိုယ်ရဲ့ အရိုးတွေ ကြီးထွားလာသလို မျက်နှာနဲ့ မေးရိုး တွေဟာလည်း ကြီးထွားလာပါတယ်။

အဲဒီအချိန်မှာ သွားတွေညှိဖို့ နေရာပိုလေးတွေ ရလာတာကြောင့် သွားတွေနှုတ်စရာမလိုဘဲ သွားညှိ ဖို့အတွက် အခွင့်အရေးပိုရှိပါတယ်။

Growth spurt စစချင်းမှာ သွားညှိကုသမှုတွေ ပြုလုပ်မယ်ဆိုရင် ပိမိုကောင်းမွန်တဲ့ ရလဒ်တွေကိုရနိုင်မှာဖြစ်ပါတယ်။

ကုသမှုအချိန်ဟာလည်း growth spurt ပြီးမှ သို့မဟုတ် အရှိန်လျော့သွားတဲ့အချိန်မှ ကုသမှုခံယူတာနှင့် နှိုင်းယှဥ်လျင် growth spurt စစချင်းအချိန်မှာ ကုသမှုတွေပြုလုပ်ခြင်းက အချိန်ကုန်သက်သာစေပါတယ်။

မေးရိုးများ အနေအထားမမှန်ခြင်းတွေကို ပြုပြင်ကုသရာမှာလည်း growth spurt အချိန်မှာ ကုသခြင်းက နောက်ပိုင်းမှ ကုသခြင်းထက် ခွဲစိတ်ကုသမှုတွေ ပြုလုပ်ရန် အတော်လေး နည်းသွားစေနိုင်ပါတယ်။

သွားညှိကုသမှုတွေနဲ့ မေးရိုးဆိုင်ရာ ပြုပြင်မှုတွေအတွက် ကလေးတစ်ယောက်ရဲ့ growth spurt အချိန်ကို သိရှိပြီး အချိန်မှီ အသုံးချဖို့က အရေးကြီးပါတယ်။

ဒါမှ အချိန်ကုန်သက်သာပြီး လွယ်ကူရိုးရှင်းတဲ့ ကုသမှုတွေ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

🦷သွားပေါက်နှေးခြင်း( Delayed eruption)🦷🌿ကလေးအသက် ၆နှစ်၇နှစ် ဝန်းကျင်မှာ လူကြီးသွားတွေ စပေါက်လာပါတယ်။မျိုးတူသွား ဘယ်ညာ၂ချ...
17/02/2025

🦷သွားပေါက်နှေးခြင်း( Delayed eruption)🦷

🌿ကလေးအသက် ၆နှစ်၇နှစ် ဝန်းကျင်မှာ လူကြီးသွားတွေ စပေါက်လာပါတယ်။

မျိုးတူသွား ဘယ်ညာ၂ချောင်းစီဟာ ပြိုင်တူပေါက်လေ့ရှိပါတယ်။

ဥပမာ အပေါ်ရှေ့သွား နံပါတ် ၁ ဘယ်ညာ၂ချောင်းဟာ ကလေးသွားကျိုးပြီးနောက် ၁ချောင်းနဲ့၁ချောင်း အချိန် သိပ်မကွာဘဲ ပေါက်လာတတ်ပါတယ်။

📌ကလေး ၁ယောက်နဲ့ ၁ယောက် သွားပေါက်ချိန်တွေကတော့ ကွာခြားချက်ရှိပါတယ်။

ဘယ်ညာ မျိုးတူ သွား၂ချောင်းထဲမှ ၁ချောင်း ထွက်လာပြီး နောက်ထပ်၁ချောင်းက ၂လ လောက်ထိ မထွက်လာသေးဘူး ဆိုရင် မိဘတွေက စိတ်ပူနေကြပါပြီ။

တစ်ခါတစ်ရံမှာ ကလေး သွားကျိုးပြီး၆လလောက်ထိ ကြာပြီးမှ လူကြီးသွား ထွက်လာတတ်ပါတယ်။

တစ်ခါတစ်ရံမှာ ဒီထက်ပိုပြီးကြာနိုင်ပါတယ်။

အပေါ်ရှေ့သွား နံပါတ် (၁ ) ၂ ချောင်း ဟာ အသက် ၇နှစ်၊ ၈နှစ်လောက်မှာ ပေါက်လာတတ်ပါတယ်။

👌အပေါ်မှာရှင်းပြခဲ့သလိုမျိုး ၂ချောင်းလုံးဟာ တစ်ပြိုင်နက်ထဲ ပေါက်မလာဘဲ ၁ချောင်းပေါက်ပြီး နောက်တစ်ချောင်းက ၆လ တစ်ခါတစ်ရံ ၆လထက် နောက်ကျပြီးမှလည်း ပေါက်လာတာမျိုး ရှိတဲ့အတွက်ကြောင့် စောင့်ကြည့်လို့ရပါတယ်။

ရှေ့သွားအပြင် စွယ်သွား၊ ရှေ့အံသွားနဲ့ အံသွားများမှာလည်း သွားပေါက်နှေးတာမျိုး တွေ့ရတတ်ပါတယ်။

❓️ဘယ်လိုအကြောင်းအရာတွေက လူကြီးသွားများပေါက်တာကို နှေးစေတာလဲ?❓️

🌠၁ မျိုးရိုးဗီဇ
မျိုးရိုးဗီဇ အရ တစ်ချို့လူများမှာ ကလေးသွားများနှင့် လူကြီးသွားများ ပေါက်ရာမှာ ပုံမှန်ထက်ပိုပြီးနောက်ကျတတ်ပါတယ်။

🌠၂ ကလေးသွားများ အချိန်မတန်ဘဲ စောစီးစွာ ဆုံးရှုံးသွားခြင်း
ကလေးသွားများ သွားပိုးစားခြင်းကြောင့် စောစီးစွာ ဆုံးရှုံးသွားပါက ထိုနေရာတွင် အရိုးဖြင့် ဖြည့်ကာ မာသွားသဖြင့် လူကြီးသွားပေါက်ခြင်းပို နောက်ကျစေတန်ပါတယ်။

🌠၃ နေရာနည်းနေခြင်း

သွားများမညီမညာပေါက်နေခြင်းက နောက်ထပ်ထွက်လာမည့် လူကြီးသွားများလမ်းကြောင်းတွင် ပိတ်နေခြင်းကြောင့် လူကြီးသွားများပေါက်ရာတွင် နှောင့်နှေးနိုင်ပါတယ်။

ကလေးသွားများ ပေါက်ကတည်းက ထပ်နေပါကလည်း လူကြီးသွားများပေါက်ရာမှာ နေရာနည်းပြီး သွားထပ်နိုင်ချေ၊ သွားပေါက်နှေးနိုင်ချေများ ဖြစ်ပေါ်စေပါတယ်။

🌠၄ လိုအပ်တဲ့ အာဟာရများ နည်းနေခြင်း

မေးရိုးနှင့် သွားများဟာ ကလေးအရွယ်တွင် ကြီးထွားဖွံ့ဖြိုးသောကြောင့် အာဟာရများ ပြည့်ဝစွာ ရရှိရန် လိုအပ်ပါတယ်။
ကယ်လ်စီယမ် နှင့် ဗီတာမင် ဒီ ကဲ့သို့သော ဗီတာမင်နှင့် သတ္တုဓါတ်များ လျော့နည်းနေပါက သွားနှင့် မေးရိုးဖွံ့ဖြိုးမှု ကို နှောင့်နှေးစေ၍ သွားပေါက်ရာတွင်လည်း နောက်ကျတတ်ပါတယ်။

🌠၅ ကလေးသွားများ ထိခိုက်ဒဏ်ရာရခြင်း

ကလေးသွားကို ထိခိုက်မိသဖြင့် အတွင်းဆုံးအလွာသေဆုံးသွားပြီး ကလေးသွား သူ့လိုအလျောက် မကျိုးနိုင်ဘဲ သူ့နောက်မှာရှိနေသော လူကြီးသွား မထွက်နိုင်ခြင်း

🌠၆ သွားအပိုများ ရှိနေခြင်း

လူကြီးသွားပေါက်မည့် လမ်းကြောင်းရှေ့တွင် တစ်ခါတစ်ရံတွင် သွားအပိုများရှိနေခြင်းကြောင့်လည်း လူကြီးသွားများ မပေါက်နိုင်ဘဲ ဖြစ်တတ်ပါတယ်။

🌠သွားပေါက်နှေးခြင်းဟာ သွားနှင့် မေးရိုး ဆိုင်ရာ ပြသ၁နာများကြောင့် အဖြစ်များပါတယ်။
တစ်ခါတစ်ရံမှာ အခြားသော ရောဂါများနှင့်လည်း သွားပေါက်နှေးခြင်းဟာ ဆက်စပ်နေတာကို တွေ့ရတတ်ပါတယ်။
Down Syndrome
မွေးရာပါ သိုင်းရွိုက် ဂလင်း အားနည်းခြင်း
မွေးရာပါ ပီပျူသရီဂလင်း အားနည်းခြင်း အစရှိတဲ့အခြေအနေမျိုးများမှာ သွားပေါက်နှေးခြင်းများ ဖြစ်တတ်ပါတယ်။

❓️ဘယ်အချိန်မှာ သွားဆရာဝန်နဲ့ ပြသ တိုင်ပင်သင့်သလဲ?❓️

♻️ကလေး အသက်၈နှစ်ကျော် တဲ့အထိ လူကြီးအပေါ်ရှေ့သွား ပေါက်မလာသေးဘူးဆိုရင် သွားနှင့်ခံတွင်း ဆရာဝန်နဲ့ ပြသကာ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

မျိုးရိုးဗီဇကြောင့် မဟုတ်ဘဲ အခြားသောအကြောင်းအရာများကြောင့် ဖြစ်ပါက စောစီးစွာ ကုသမှုခံယူသင့်ပါတယ်။

ဥပမာ လူကြီးသွားထွက်မည့်လမ်းကြောင်းတွင် သွားအပို ပိတ်နေပါက ထိုသွားအပိုကို ဖယ်ရှားခြင်းမျိုးပြုလုပ်ရပါမယ်။

သွားနှင့် မေးရိုးပြသ၁နာ များကြောင့်မဟုတ်ဘဲ အခြားသော ရောဂါများကြောင့် ဆိုပါက စောစီးစွာ အဖြေ ရှာကုသရပါမယ်။

🍀ရှေ့သွားကျဲနေတာလေးကို composite material ကို blue light အသုံးပြုပြီး  သွားဖာပေးထားတာပါ🍀
09/12/2024

🍀ရှေ့သွားကျဲနေတာလေးကို composite material ကို blue light အသုံးပြုပြီး သွားဖာပေးထားတာပါ🍀

😁ကလေးသွားများကြားမှာ နေရာလပ်များရှိခြင်း(သွားကျဲခြင်း) က ပုံမှန်လား?🤖😬ကလေးသွားများက ကလေးအသက် ၆ လလောက်ကစပြီး ပေါက်လာပြီး ...
22/11/2024

😁ကလေးသွားများကြားမှာ နေရာလပ်များရှိခြင်း(သွားကျဲခြင်း) က ပုံမှန်လား?🤖

😬ကလေးသွားများက ကလေးအသက် ၆ လလောက်ကစပြီး ပေါက်လာပြီး အသက် ၃ နှစ်လောက်မှာ ကလေးသွားအချောင်း ၂၀ စုံပါပြီ။

🌝ကလေးသွားများကြားမှာ နေရာလပ်လေးများတွေ့ရတတ်ပါတယ်။

🙂များသောအားဖြင့်အ‌ရှေ့သွားနှစ်ချောင်းကြားနဲ့ အရှေ့သွားနဲ့ စွယ်သွားကြားမှာတွေ့ရများပါတယ်။

ကလေးသွားလေးတွေ ကျဲနေတာကိုကြည့်ပြီး လူကြီးသွားများကိုပေါက်လာတဲ့အခါမှာလည်း ကျဲမှာလားဆိုပြီး စိတ်ပူပြီးလာလာ‌ မေးတတ်တဲ့ မိဘများအတွက် ဒီဆောင်းပါးလေးကိုဖတ်ရှုစေချင်ပါတယ်။

😊ကလေးသွားများကျဲတာက ပုံမှန်ပါပဲ။

👍ဒါ့အပြင် ကလေးသွားများကြားတွင် နေရာလပ်များရှိနေခြင်းက ကောင်းတဲ့လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။

🦷ကလေးသွားများက လူကြီးသွားများထက် အရွယ်အစားအားဖြင့် ပိုပြီးသေးငယ်ပါတယ်။။

လူကြီးသွားများပေါက်လာတဲ့အခါ အရွယ်အစားပိုကြီးမားတဲ့အတွက် နေရာပိုလိုအပ်ပါတယ်။

🌱လိုအပ်နေတဲ့နေရာအတွက် ကလေးသွားများကြားမှ နေရာလပ်များကိုယူသုံးရပါတယ်။

🌱လူကြီးသွားများ ပေါက်လာတဲ့အခါ သွား ဖုံးရိုးများ
ကြီးထွားလာခြင်းမှလည်း နေရာရနိုင်ပါတယ်။

အကယ်၍သာကလေးသွားများကြားမှာ နေရာလပ်မရှိဘူးဆိုရင်တော့ လူကြီးသွားများပေါက်လာတဲ့အခါ သွားထပ်နိုင်‌ချေ ပိုများပါတယ်။

များသောအားဖြင့်နေရာလပ်များကို ‌‌ ရှေ့သွားများကြားတွင်လည်းကောင်း၊
အပေါ်‌ ရှေ့သွားနဲ့ စွယ်သွားကြားတွင်၊လည်းကောင်း၊အောက်သွားများမှာဆိုရင်တော့ စွယ်သွားနဲ့ပထမအံသွားကြောင်းတွင်လည်းကောင်း တွေ့ရများတတ်ပါတယ်။

🌱ကလေးသွားများကြားမှာနေရာလပ်မရှိပါက ကလေးအံသွားများနေရာ လူကြီးရှေ့အံသွားများအစားထိုးပေါက်လာတဲ့အခါမှာလည်း နေရာရနိုင်ပါသေးတယ်။

လူကြီးရှေ့အံသွားများဟာ ကလေးအံသွားများထက် အရွယ်အစားပိုသေးလို့ပါ။

ထိုနေရာလပ်များဟာ အပေါ်အံသွားများနှင့် အောက်အံသွားများကိုက်သည့်အနေထား မှန်ဖို့အတွက်လည်းလိုအပ်ပါတယ်။

အကယ်၍သာ ကလေးအံသွားတွေဟာ စောစောစီးစီးဆုံးရှုံးသွားမယ်ဆိုရင် လူကြီးအံသွားများဟာ ရှေ့သို့လိုတာထက်ပိုရွေ့သွားပြီး နောက်မှပေါက်လာမယ့်ရှေ့အံသွားများနှင့် စွယ်သွားများအတွက် အတွက် နေရာနည်းသွားကာ သွားထပ်ခြင်းများဖြစ်ပေါ်နိုင်ပါတယ်။

🗯ဒါကြောင့် ကလေးသွားများကို အချိန်မတန်ဘဲစောစီးစွာ မဆုံးရှုံးရန်ကာကွယ်ဖို့ ငယ်စဉ်တည်းကသွားကျန်းမာရေးဂရုစိုက်ရင် အရေးကြီးပါတယ်။

အကြောင်းတစ်စုံတစ်ရာကြောင့် ကလေးအံသွားများစောစီးစွာဆုံးရှုံးသွားပါကလည်း ထိုနေရာလပ်ကိုထိန်းသိမ်းရန် သွားနှင့်ခံတွင်းဆရာဝန်နှင့်တိုင်ပင်ဆွေးနွေးကာ အကြံဉာဏ်ရယူသင့်ပါတယ်။

🌼ဒါမှသာလူကြီးသွားများပေါက်လာသည့်အခါ ညီညီညာညာနဲ့ပေါက်လာနိုင်မှာဖြစ်ပါတယ်။

When patient smiles, dentist smiles.🙂Smart Today Academy မှ Tr. ငြိမ်းချမ်းထွေး ကို သွားစိုက်ပြီးလို့ ပြုံးပျော်နေပုံ😀ပြ...
28/09/2024

When patient smiles, dentist smiles.🙂

Smart Today Academy မှ Tr. ငြိမ်းချမ်းထွေး ကို သွားစိုက်ပြီးလို့ ပြုံးပျော်နေပုံ😀

ပြုံးပျော်ရွှင်စွာနဲ့ စာတွေဆက်လက်သင်နိုင်ပါစေ အစ်မရေ😊

🍀Today Fluoride varnish application 🍀🌿အချိန်ခဏလေး ပေးရုံနဲ့ သွားပိုးစားရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းလေးပါ 🌿သွားနှင့်ခ...
31/08/2024

🍀Today Fluoride varnish application 🍀

🌿အချိန်ခဏလေး ပေးရုံနဲ့ သွားပိုးစားရောဂါကို ကာကွယ်နိုင်တဲ့ နည်းလမ်းလေးပါ

🌿သွားနှင့်ခံတွင်း ကျန်းမာဖို့ ကလေးအရွယ်ကစပြီး ဖလိုရိုက် သုတ်လိမ်းကြပါစို့ 🦷🌿

🥶🤯😰  "စိတ်ဖိစီးမှုနှင့်ခံတွင်းပြသနာများ"🥹😳😩💢ခံတွင်းဟာဆိုရင် လူတစ်ယောက်ရဲ့ စိတ်ခံစားချက်များနဲ့ များစွာ ဆက်နွယ်နေပြီး စိတ...
17/08/2024

🥶🤯😰 "စိတ်ဖိစီးမှုနှင့်ခံတွင်းပြသနာများ"🥹😳😩

💢ခံတွင်းဟာဆိုရင် လူတစ်ယောက်ရဲ့ စိတ်ခံစားချက်များနဲ့ များစွာ ဆက်နွယ်နေပြီး စိတ်ခံစားမှုများကို အတော်လေးတုံ့ပြန်နိုင်တဲ့နေရာဖြစ်ပါတယ်။

💫တစ်နည်းအားဖြင့်ဆိုရမည်ဆိုလျှင် ခံတွင်းထဲမှာဖြစ်ပေါ်လာသောရောဂါများဟာစိတ်ဖိစီးမှုများကို ထင်ဟပ်‌စေပါတယ်။

😬စိတ်ဖိစီးမှုများ များလာတဲ့အခါ သွားနှင့်ခံတွင်းမှာ ပြသ၁နာများ ဖြစ်ပေါ်လာတတ်ပါတယ်။

တွေ့ရများတဲ့ လက္ခဏာများကတော့

၁။ 👅လျှာ၊သွားဖုံး ၊ အာခေါင်နှင့် ခံတွင်းအမြှေးပါးများတွင် အနာလေးဖြစ်ပေါ်လာခြင်း

😟Apthous ulcer လို့ခေါ်တဲ့ ထိုအနာတစ်မျိုးဟာ စိတ်ဖိစီးမှုများလာတဲ့အခါ ဖြစ်ပေါ်လာတတ်ပါတယ်။

🧃အနာသက်သာတဲ့ လိမ်းဆေးလေးများလိမ်းကာ အေးသော အစားအသောက်များစားပေးခြင်း၊စိတ်ဖိစီးမှုများလျှော့ချခြင်းဖြင့် ရက်ပိုင်းအတွင်းပြန်လည်သက်သာစေနိုင်ပါတယ်။

၂။ 🤢စိတ်ဖိစီးမှုများခြင်းကြောင့် သွားဖုံးနှင့်သွားဖုံးရိုးများမှာလည်း ဘက်တီးရီးယားများကို တွန်းလှန်နိုင်အား နည်းသွားကာ သွားဖုံးနှင့်သွားဖုံးရိုးအပါအ၀င် သွားမြစ်ပတ်မြှေး တစ်သျှူးများမှာ ဆုံးရှူံးမှုများ ဖြစ်ပေါ်ရကာ ရေစီးကမ်းပြိုရောဂါများ ဖြစ်ပေါ်စေပါတယ်။

၃။ 👄နှုတ်ခမ်းတစ်ဝိုက်တွင် herpes ဗိုင်းရပ်စ်တစ်မျိုးကြောင့် ဖြစ်ပေါ်လာသောအနာ (cold sores)လို့ခေါ်တဲ့ အနာတစ်မျိုး ဟာဆိုရင်လည်း စိတ်ဖိစီးမှုများနှင့်ဆက်စပ်နေပါတယ်။

🦠စိတ်ဖိစီးမှုများလာတဲ့အခါ ကိုယ်ခံစွမ်းအား နည်းသွားကာ ထိုဗိုင်းရပ်စ်မှာ ပြန်ကြွလာပြီး နှုတ်ခမ်းထော့င်နားတစ်ဝိုက်တွင် အနာလေးဖြစ်ပေါ်လာပါတယ်။

🌿ရက်သတ်တစ်ပတ် တစ်ပတ် နှစ်ပတ်လောက်ကြာပြီးနောက် အလိုအလျောက် ပြန်ပျောက်နိုင်ပါတယ်။

🍀Anti viral လိမ်းဆေး လိမ်းပေးခြင်းဖြင့် မြန်မြန်ပျောက်ကင်းအောင် ကူညီပေးနိုင်ပါတယ်။

၄။🥀 Necrotizing Gingivitis (ANUG)

Furospirochote ဘက်တီးရီးယားကြောင့် ဖြစ်ပေါ်လာသော လျင်မြန်စွာသွားဖုံးများ ပျက်စီးစေသောရောဂါတစ်မျိုးဖြစ်တဲ့ ANUG ဟာဆိုရင်လျှင်လည်း ဖြစ်ပေါ်စေသော အကြောင်းအရင်းများစွာရှိတဲ့အထဲမှာ စိတ်ဖိစီးမှုဟာဆိုလျှင်လည်း အဖြစ်များသောအကြောင်းအရာတစ်မျိုးဖြစ်ပါတယ်။

၅။ 🪡✏️🫦 စိတ်ပိုင်းဆိုင်ရာမူမမှန်သူများတွင် လျှာ(သို့) နှုတ်ခမ်းကိုကိုက်ခြင်း၊ ခဲတဲ့အချွန်၊ သွားကြားထိုးတံ၊ လက်သည်းများကိုကိုက်တတ်သည့်အကျင့်များကိုလည်း တွေ့ရတတ်ပါတယ်။

၆။ 😬 အံကြိတ်ခြင်း

စိတ်ဖိစီးမှုများကြောင့် ညအိပ်ချိန်တွင် အံကြိတ်တတ်သည့်အကျင့်တစ်မျိုးကြောင့် သွားမျက်နှာပြင်များပြုန်းတီးခြင်း၊ သွားမြစ်ပတ်မြှေးတစ်သျှူးများအနာတရဖြစ်ခြင်း၊ ရံဖန်ရံခါ မျက်နှာတစ်ဝိုက်တစ်သျှူးများနှင့်အပေါ်မေးရိုးနှင့် အောက်မေးရိုးဆက်သည့်နေရာ( TMJ joint )တွင်ပါ အနာတရဖြစ်ခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။

🗯ညအိပ်တဲ့အခါ သွားမျက်နှာပြင်အားလုံးကို လုံသော အဖုံးအစွပ်( mouth guard )တပ်ဆင်​၍ အိပ်ခြင်းဖြင့် သွားမျက်နှာပြင် ပြုန်းတီးမှုများ နှင့် နောက်ဆက်တွဲဝေဒနာများကို ကာကွယ်ပေးနိုင်ပါတယ်။

၇။ 👅🔥 Glossopyrosis ( လျှာနှင့်ခံတွင်း အမြှေးပါးများ ပူစပ်ပူလောင်ဖြစ်ခြင်း)

🍂လျှာနှင့်ခံတွင်းအတွင်းရှိ အမြှေးပါးများ ပူစပ်ပူလောင်ဖြစ်ခြင်းများဟာဆိုလျှင် မကြာခဏတွေ့ရတတ်ပြီးတော့ စိတ်ပိုင်းဆိုင်ရာပြဿနာတစ်ခုခုကြောင့် ဖြစ်ပေါ်ရပါတယ်။
🌝အခြေအနေဆိုးသောစိတ်ပိုင်းဆိုင်ရာမူမမှန်သောသူများနှင့် စိတ်ကျဝေဒနာခံစားနေရသူများတွင် အရသာခံစားမှုများပါပြောင်းလဲသွားတတ်တာကို တွေ့ရတတ်ပါတယ်။

🧑‍🔬ထိုကဲ့သို့ အခြေအနေမျိုးတွင် စိတ်ပိုင်းဆိုင်ရာကုသမှုများ သေချာစွာပြုလုပ်ရန်လိုအပ်ပါတယ်။

😯အထက်မှာ ဖော်ပြထားတဲ့ လက္ခဏာတစ်မျိုးမျိုး ကိုယ့်ဆီမှာ ရှိနေပြီ ဆိုရင်တော့ စိတ်ဖိစီးမှု များနေပြီလားဟု မိမိကိုယ်ကိုမိမိ ပြန်လည်သုံးသပ်ရပါမယ်။

🌱စိတ်ဖိစီးမှုများ များနေပါက သွားနှင့်ခံတွင်းအပြင် ခန္ဓာကိုယ်ရဲ့ အခြားသောအစိတ်အပိုင်းများမှာ ရောဂါများ ဖြစ်ပေါ်လာရပါတယ်။

🌼ဒါကြောင့်စိတ်ဖိစီးမှုများ ဖြစ်ပေါ်လာပါက တတ်နိုင်သမျှ လျှော့ချနိုင်ရန် တရားထိုင်ခြင်း၊စိတ်ဖိစီးမှု အကြောင်းအရင်းကို ဖြေရှင်းနိုင်ရန် အသင့်တော်ဆုံး အဖြေရှာခြင်း၊ ဝါတနာပါရာတစ်ခုခု ကို ပြုလုပ်ခြင်း၊ ကိုယ်ပိုင်အချိန်ပေးကာ အနားယူခြင်းမျိုး ပြုလုပ်ဖို့ လိုအပ်ပါတယ်။

🌻စိတ်ဖိစီးမှုများဝန်းရံနေတဲ့ ကမ္ဘာကြီးမှာ နေ့စဥ်ကြုံတွေ့လာရတဲ့ စိတ်ဖိစီးမှုများကို တတ်နိုင်သမျှ လျော့ကျအောင်ပြုလုပ်ရင်း စိတ်ဖိစီးမှုနဲ့ အတူ လိုက်လျောညီထွေစွာ နေနိုင်ရန် ကြိုးစားကြရပါမယ်။


Photo _credit

Dental check up🦷 ပုံမှန်လုပ်တဲ့ သူငယ်ချင်း 😁Check up လုပ်ရင်း လိုတာလေးတွေ လုပ်တော့ နာကျင်ကိုက်ခဲတာတွေ၊ နောက်ဆက်တွဲတွေ ကြ...
03/08/2024

Dental check up🦷 ပုံမှန်လုပ်တဲ့ သူငယ်ချင်း 😁
Check up လုပ်ရင်း လိုတာလေးတွေ လုပ်တော့ နာကျင်ကိုက်ခဲတာတွေ၊ နောက်ဆက်တွဲတွေ ကြိုတင်ကာကွယ်နိုင်တာပေါ့🫠
ကျန်းကျန်းမာမာနဲ့ အလုပ်တွေ ဆက်လုပ်နိုင်ပါစေ သူငယ်ချင်း☘️😊

02/08/2024

🦷သွားကလေးတွေ ကျန်းမာအောင် ဘာအားဆေးလိုပါသလဲ?❓️🦷

✴️ကလေးတွေ သွားကိုက်လို့ ဆေးခန်းလာပြတဲ့အခါမှာ မိဘတွေ မေးလေ့ရှိတဲ့ မေးခွန်းတစ်ခုရှိပါတယ်။
အဲဒါကတော့ ကလေးက သွားခဏခဏ ကိုက်လို့ အစာကောင်းကောင်းမစားနိုင်ပါဘူး။ 😮‍💨

✴️ဆေးခန်းလည်း ခဏခဏ ပြရတယ်။🥹

✴️အဲဒါ သားလေး/ သမီးလေး သွားကျန်းမာရေးကောင်းအောင် ဘာအားဆေးလေး တိုက်ရမလဲ။💊

☘️သွားကျန်းမာရေးနဲ့ ပတ်သက်ပြီး ပထမဦးဆုံး ပြောချင်တာကတော့ ကလေးတွေ ပုံမှန်ကြီးထွားဖွံ့ဖြိုးဖို့အတွက် သွားကျန်းမာရေးကလည်း အရေးကြီးပါတယ်။

🥀သွားပိုးစားတာတွေ ၊ သွားဖုံးပြည်တည်တာတွေ ရှိနေတဲ့အခါ နာကျင်တဲ့ ဝေဒနာကို ခံစားရသလို ပုံမှန်စားနေတဲ့ အစာတွေကိုလည်း ကောင်းကောင်းမစားနိုင်တော့ပါ။

အဲဒီအခါမှာ တစ်နေ့တာမှာ လိုအပ်တဲ့ အာဟာရတွေကို အပြည့်အဝ မရနိုင်တော့ပါ။

ကောင်းကောင်းလည်းမအိပ်နိုင်ပါ။

အခြားကလေးများနည်းတူ ပြေလွှားဆော့ကစားတာတွေလည်း မလုပ်နိုင်တော့ပါ။

ဒါ့အပြင် ပိုးသတ်ဆေး သောက်ရတဲ့အခါမျိုးပါရှိလာပါတယ်။

🤦‍♂️🙇🙇‍♀️ကလေးတစ်ယောက်အတွက် တစ်နေ့တာ လိုအပ်တဲ့ လုံလောက်တဲ့အာဟာရကို မရနိုင်ဘဲ ကောင်းစွာ လှုပ်ရှားကစား မလုပ်နိုင်တဲ့ အခါ ကြီးထွားဖွံဖြိုးမှုအပိုင်းမှာလည်း နှောင့်နှေးမှုများ ဖြစ်ပေါ်စေနိုင်ပါတယ်။

သွားပိုးစားခြင်းနဲ့ သွားပိုးစားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရောဂါများဟာ ကြိုတင်ကာကွယ်လို့ရနိုင်တဲ့ ရောဂါများပဲ ဖြစ်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းဖြင့် သွားကလေးများ ကျန်းမာကာ ကလေးရဲ့ နေ့စဥ်လုပ်ဆောင်မှုများလည်း ပုံမှန်လုပ်ဆောင်နိုင်ပါမယ်။

အကိုက်အခဲပျောက်ဆေးများနဲ့ ပိုးသတ်ဆေးများလည်း သောက်ရခြင်းများလည်း လျော့နည်းသွားပါလိမ့်မယ်။

🔷️သွားများကျန်းမာရေးအတွက် ဘာအားဆေးတိုက်ရမလဲဆိုတဲ့ မေးခွန်းကို ဖြေရမယ်ဆိုရင်တော့
သွားများအတွက် အားဆေးကတော့ ဖလိုရိုက်ပဲ ဖြစ်ပါတယ်။
ဖလိုရိုက်ကို လူတစ်ဦးချင်းအတွက် အသုံးပြုနိုင်တဲ့
နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဖလိုရိုက် အသုံးပြုပုံ နည်းလမ်းကတော့

1️⃣ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးနဲ့ သွားတိုက်ခြင်း

ကလေးသွားစပေါက်တဲ့အရွယ်ကစပြီး ၃နှစ်အရွယ်ထိ
ဖလိုရိုက်ပါတဲ့ သွားတိုက်ဆေးနဲ့ သွားတိုက်ပေးရန်ဖြစ်ပါတယ်။

ထိုအရွယ်မှာ ကလေးက သွားတိုက်ဆေးကို မထွေးထုတ်တတ်သဖြင့် ဖလိုရိုက် အနည်းငယ်(500ppm) သာပါဝင်သော သွားတိုက်ဆေးဖြင့် ဆန်စေ့အရွယ်မျှလောက်သာ တစ်နေ့၂ကြိမ်တိုက်ပေးရန် လိုပါတယ်။

ကလေး၃နှစ်မှ ၆နှစ်ထိ ဖလိုရိုက်( 1000ppm) ပါဝင်သော သွားတိုက်ဆေးဖြင့် ပဲစေ့အရွယ်မျှ တစ်နေ့၂ကြိမ်တိုက်ပေးရန် လိုပါတယ်။

၇နှစ်နှင့်အထက်ကလေးများနှင့် လူကြီးများတွင် ဖလိုရိုက်( 1350 မှ 1500 ppm) ပါဝင်သော သွားတိုက်ဆေးဖြင့် တစ်နေ့ ၂ကြိမ်တိုက်ရန် လိုပါတယ်။

၆ နှစ်အောက် ကလေးများကို သွားတိုက်ရာတွင် မိဘကစောင့်ကြည့်ပေးရန်လိုအပ်ပါတယ်နော်။

ကလေးများရဲ့သဘာဝအလျောက် သွားတိုက်ဆေးက ချိုပြီးမွှေးတဲ့အခါ မြိုချတတ်တဲ့သဘာဝ ရှိသောကြောင့် ဖြစ်ပါတယ်။

ဖလိုရိုက်ရဲ့ အကျိုးကျေးဇူးများနဲ့ ဆိုးကျိုးများအကြောင်းကို အောက်ပါ link များမှာ ဖတ်ရှုနိုင်ပါတယ်။

https://www.facebook.com/share/p/SRhwijjFcP5gPVAy/?mibextid=oFDknk

https://www.facebook.com/share/p/n5oBtHAtDz24RZdv/?mibextid=oFDknk

2️⃣အခြားနည်းလမ်းများဖြင့် အသုံးပြုရသော ဖလိုရိုက်

ဖလိုရိုက်သွားတိုက်ဆေးဖြင့် သွားတိုက်သည့်အပြင် လူတစ်ဦးချင်းရဲ့ လိုအပ်ချက်နှင့် ဒေသတစ်ခုရဲ့ သောက်ရေထဲတွင် ဖလိုရိုက်ပါဝင်မှုပေါ် မူတည်ကာ ထပ်ဆောင်းဖြည့်စွက်ရသော ဖလိုရိုက်အမျိုးအစားများလည်းရှိပါတယ်။

✴️ဖလိုရိုက်ဆေးခဲ

📌မူကြိုအရွယ် ကလေးများအတွက် လိုအပ်ချက်ပေါ် မူတည်ပြီး ဖလိုရိုက်ဆေးခဲ လေးများ တိုက်ရတာမျိုးရှိပါတယ်။

📌နေ့စဥ်တိုက်ရမှာဖြစ်ပြီး နှစ်ရှည်တိုက်ရတာမျိုး ဖြစ်ပါတယ်။

✳️သွားမျက်နှာပြက်ပေါ်တွင် တိုက်ရိုက်သုတ်လိမ်းရသော အရည်( Fluoride varnish)

➡️နောက်တစ်မျိုးကတော့(Fluoridevarnish)ခေါ် သွားမျက်နှာပြင်ပေါ်တွင် တိုက်ရိုက်သုတ်လိမ်းရသော အရည်ပုံစံ မျိုးဖြစ်ပါတယ်။

➡️ကလေး များအတွက် သွားစပေါက်တဲ့အရွယ်မှ စပြီး ၅နှစ်ထိ သွားပိုးစားနိုင်ချေ ပေါ်မူတည်ပြီး တစ်နှစ် ၂ကြိမ် အနည်းဆုံး ဆေးခန်းတွင် သုတ်လိမ်းရန် လိုအပ်ပါတယ်။

✡️ အသစ်စထွက်ခါက သွားများဟာ ဖလိုရိုက် စုပ်ယူနိုင်မှု အားအကောင်းဆုံး အချိန်ဖြစ်သဖြင့် လူကြီးရှေ့သွားများနှင့် အံသွားများ စပေါက်လာတဲ့အချိန်မှာ fluoride varnish သုတ်လိမ်းရန် အရေးကြီးပါတယ်။✡️

ထို့အတွက် ၅နှစ်နောက်ပိုင်းကလေးများနှင့် လူကြီးများတွင် အနည်းဆုံး တစ်နှစ်လျှင်၂ကြိမ် သုတ်လိမ်းရန် လိုအပ်ပါတယ်။

🤩Fluoride varnish သုတ်လိမ်းခြင်းအားဖြင့် သွားပိုးစားရောဂါ ကာကွယ်ရန် များစွာ အထောက်အကူဖြစ်သလို သွားပိုးစားခြင်း စဖြစ်နေသည့် နေရာများတွင်လည်း ဆက်ပြီးပိုးမစားမအာင် ရပ်သွားစေပါတယ်။

🤗ဒါ့အပြင် သွားကျင်တာများကို ကုသရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။

💠 ဖလိုရိုက်ပါဝင်သော ပလုပ်ကျင်းဆေးရည်

📌ကလေးအသက်အရွယ်နဲ့ သွားပိုးစားနိုင်ချေပေါ် မူတည်ပြီး ဖလိုရိုက်ပါဝင်သော ပလုပ်ကျင်းဆေးရည်များလည်း အသုံးပြုနိုင်ပါတယ်။

❄️သွားကျန်းမာရေးအတွက် အထောက်အကူအများကြီးပေးတဲ့ ဖလိုရိုက်ကို ကလေးသွားစပေါက်တဲ့အရွယ်ကစပြီး အသုံးပြုသင့်ပါတယ်။

🤾‍♂️🤸‍♂️⛹️‍♀️သားသားမီးမီးလေးတွေကို မေမေကျွေးသမျှ စားနိုင်ပြီး တက်ကြွတဲ့ကလေးလေးတွေဖြစ်ဖို့ သွားစပေါက်တဲ့အရွယ်ကစပြီး သွားဆရာဝန်နဲ့ check upလုပ်ပြီး လိုအပ်တဲ့ ဖလိုရိုက်ကုသမှုများကို အနည်းဆုံး ၆လ တစ်ကြိမ် ပြုလုပ်ဖို့ တိုက်တွန်းလိုက်ရပါတယ်။🦸‍♂️

😮‍💨😮‍💨ခံတွင်းမကောင်းလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေပါသလား?😷😷ဒီpost လေးမှာ ခံတွင်းအနံ့ဆိုး ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လိ...
01/07/2024

😮‍💨😮‍💨ခံတွင်းမကောင်းလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေပါသလား?😷😷

ဒီpost လေးမှာ ခံတွင်းအနံ့ဆိုး ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လို ကာကွယ်ကုသမှုတွေ ပြုလုပ်နိုင်မလဲဆိုတာတွေကို ဖော်ပြပေးထားပါတယ်။

🤭ခံတွင်းအနံ့ဆိုး ဆိုတာ ခံတွင်းထဲမှာရှိတဲ့ bacteria ဘက်တီးရီးယားတွေက ထုတ်လွှတ်လိုက်တဲ့ volitile suphur compound တွေကြောင့် ဖြစ်ပေါ်လာရတာပါ။

🦷အများဆုံးဖြစ်ရတဲ့ အကြောင်းရင်းကတော့ သွားနှင့်ခံတွင်း သန့်ရှင်းရေးမှာ နည်းစနစ်မမှန်တဲ့အတွက်
ကြောင့်ပဲ ဖြစ်ပါတယ်။

သွားနှင့်ခံတွင်း သန့်ရှင်းရေးလုပ်ရာမှာ နည်းစနစ်မမှန်တဲ့အခါ နောက်ဆက်တွဲများအနေနဲ့
သွားပိုးပေါက်များ ဖြစ်လာခြင်း
သွားဖုံးယောင်လာခြင်းများ
ရေစီးကမ်းပြိုရောဂါများဖြစ်ပေါ်လာရပါတယ်။

ထိုမှတစ်ဆင့် အဓိက အနံ့ဆိုးများဖြစ်ပေါ် လာရပါတယ်

နောက်ထပ်အဖြစ်များတဲ့ အရာတစ်ခုကတော့(tongue coating)လို့ ခေါ်တဲ့ လျှာမျက်နှာပြင်တွင် ထူနေပါကလည်း ဘက်တီးရီယားများကိန်းအောင်းကာ volitile sulphur compound များ ထုတ်လွှတ်ရာကနေ ခံတွင်းအနံ့ဆိုးများ ဖြစ်ပေါ်ရပါတယ်။

ဒါကြောင့် သွားတိုက်ရာမှာ သွားမျက်နှာပြင်များအားလုံးတိုက်ပြီးပါက လျှာကိုပါ တိုက်ရန် လိုအပ်ပါတယ်။

Acute necrotizing ulcerative gingivitis ဟုခေါ်သော သွားဖုံးများ လျင်မြန်စွာ ပျက်စီးပြီး အနာဖြစ်ပေါ်ခြင်း မှာလည်းဆိုးရွားသော အနံ့များဖြစ်ပေါ်တတ်ပါတယ်။

ခံတွင်းထဲတွင် အနာများရှိနေခြင်း၊
oral malignancy
ခံတွင်းကင်ဆာရာဂါများတွင်လည်း ခံတွင်းအနံ့ဆိုးများ ဖြစ်ပေါ်တတ်ပါတယ်။

အံကပ်တပ်ဆင်သောသူများမှာလည်း အံကပ်ကို သေချာစွာ သန့်ရှင်းရေး မလုပ်နိုင်ပါကလည်း အစာအကြွင်းအကျန်များနှင့် ဘက်တီးရီးယားများ စုပေါင်းကာ အနံ့ဆိုးများ ဖြစ်တတ်ပါတယ်။

အာခံတွင်းခြောက်သည့် ရောဂါ(dry mouth)၊
သွားနှုတ်ထားသည့်နေရာတွင် သွေးခဲပြုတ်ထွက်သွားပြီး ဖြစ်ပေါ်လာသော အခေါင်းပေါက်(Dry socket)၊
သွားဖုံးပြည်တည်ခြင်း အစရှိသည်တို့တွင်လည်း ခံတွင်းအနံ့ဆိုး ဖြစ်ပေါ်လေ့ရှိပါတယ်။

နောက်ထပ် ဖြစ်လေ့ဖြစ်ထရှိတဲ့ အကြောင်းအရာတစ်ခုကတော့ မနက်အိပ်ရာကထတဲ့အချိန်မှာ ခံတွင်းအနံ့ မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။🥱

ညအိပ်ချိန်မှာ ခံတွင်းထဲမှာရှိတဲ့ တံတွေး ဂလင်းများမှ တံတွေးမထွက်သလောက် ဖြစ်ကာ အာခံတွင်းခြောက်ခြင်းမှ ခံတွင်းအနံ့ မကောင်းတာမျိုးဖြစ်တတ်ပါတယ်။

တစ်ခါတစ်ရံတွင် အသက်ရှူလမ်းကြောင်း အပေါ်ပိုင်း(နှာခေါင်း) အတွင်းမှ infection ဘက်တီးရီးယားများကြောင့် နှာရည်များ လည်ချောင်းအတွင်းသို့ စီးဝင်ခြင်းကြောင့်လည်းကောင်း၊
နှာခေါင်းပိတ်၍ ပါးစပ်မှအသက်ရှူရသည့် အခါတွင်လည်းကောင်း မနက်အိပ်ယာထသည့်အချိန်တွင် အာခံတွင်းခြောက်ကာ ခံတွင်းအနံ့ မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။

အစားအသောက်များထဲမှာဆိုလျှင် အနံ့ပြင်းသောအစားအစာများဖြစ်တဲ့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ ဒူးရင်းသီး တို့ စားပြီးသည့်အချိန်တွင်လည်း နာရီပေါင်းများစွာ ခံတွင်းနံ့များ ကျန်နေခဲ့ပါတယ်။🧄🧅

တစ်ချို့သောဆေးများကလည်း ခံတွင်းနံ့ဆိုးများ ဖြစ်ပေါ်စေပါတယ်။💊

ဥပမာ allergy ဓါတ်မတည့်မှုတွင်သုံးသော antihistamines ကဲ့သို့သောဆေးများ က ဘေးထွက်ဆိုးကျိုးအနေဖြင့် တံ တွေးထွက်နည်း စေပြီး အာခံတွင်း ခြောက်စေပါတယ်။

တံတွေးထွက်နည်းသောအခါ တံ​တွေး၏ခံတွင်းသန့်စင်ပေးမှု အားနည်းသွားကာ ခံတွင်းအနံ့ဆိုးများ ဖြစ်ပေါ်လာရပါတယ်။

စွဲသောက်ရမည့်သူများတွင် သတိပြုရမည့်အချက်တစ်ခု ဖြစ်ပါတယ်။

ဆေးရွက်ကြီး၊ ကွမ်းနှင့် အရက်တို့မှလည်း သိသာသော ခံတွင်းအနံ့များ နာရီ များစွာ ကျန်နေပါတယ်။

ခန္ဓာကိုယ်ရှိ အခြားသော အစိတ်အပိုင်းများတွင် ရောဂါဖြစ်နေပါကလည်း ထူးခြားသော ခံတွင်းနံ့များ ဖြစ်ပေါ်လေ့ရှိပါတယ်။

ဥပမာ
နာတာရှည်ကျောက်ကပ် ဝေဒနာရှင်များတွင် ကျောက်ကပ်က စွန့်ထုတ်ရမည့်အရာများ မစွန့်ထုတ်နိုင်ဘဲဖြစ်ခြင်းကြောင့် (fishy odour) ဟု ခေါ်သော အသက်ရှူရာတွင် ငါးအနံ့ ဖြစ်ပေါ်ခြင်း၊🎏

ဆီးချိုရောဂါကို ပုံမှန်ကုသမှု မခံယူသူများတွင် ketone ဟုခေါ်သော အရာများစုဝေးလာကာ rotten apple 🍏 ပန်းသီးပုပ်သောအနံ့ ရခြင်း၊

အစာအိမ်နှင့်အူလမ်းကြောင်းတွင် H.polari ဘက်တီးရီးယားမှ ထုတ်လွှတ်သော sulphur compound များကြောင့် ခံတွင်းအနံ့ဆိုးများ ဖြစ်ပေါ်လာရပါတယ်။

တစ်ခါတစ်ရံအမျိုးသမီးများ မျိုးဥ ကြွေချိန် နှင့် ရာသီစက်ဝန်းချိန်များတွင် ဟော်မုန်း အပြောင်းအလဲများကြောင့် ထူးခြားသော ခံတွင်းနံ့များ ဖြစ်ပေါ်တတ်ပါတယ်။

မိမိထံတွင် ခံတွင်းအနံ့ဆိုးများ ဖြစ်ပေါ်နေပါက သွားနှင့်ခံတွင်း သန့်ရှင်းရေးကို နည်းစနစ်မှန်အောင် ဂရုစိုက်ပြုလုပ်ရပါမယ်။

လျှာကိုလည်း သန့်ရှင်းရေးလုပ်ရပါမယ်။

တံ တွေးထွက်နည်းခြင်းကြောင့် ဖြစ်ရတဲ့ ခံတွင်းအနံ့မကောင်းခြင်းအတွက် ရေခဏခဏ သောက်ခြင်း၊ သကြားမပါသော chewing gumဝါးခြင်း တို့ကို လုပ်ဆောင်ကြည့်ပါ။

chewing gum ဝါးခြင်းအားဖြင့် တံတွေးထွက်အားကောင်းလာစေရန် ဖြစ်ပါတယ်။

သွားကျောက်များရှိနေပါက သွားနှင့်ခံတွင်းဆရာဝန်နှင့် ပြသကာ ကျောက်သန့်ရှင်းရေး ပြုလုပ်ရပါမယ်။

သွားနှင့် သွားဖုံးများတွင် ဖြစ်ပေါ်နေသော ရောဂါများ( သွားပိုး ပေါက်များ၊ သွားဖုံးပြည်တည်ခြင်းများ)ကို
လည်း လိုအပ်တဲ့ ကုသမှုများပြုလုပ်ရပါမယ်။

အထောက်အကူအနေနှင့် chlohexidine ကဲ့သို့သော ပိုးသတ်ဆေးပါသော ပလုပ်ကျင်းဆေးရည် များကို ဆရာဝန်နှင့် တိုင်ပင်ကာ အသုံးပြုနိုင်ပါတယ်။

ထိုသို့ သွားနှင့်ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ပြုလုပ်ခြင်းအားဖြင့် ခံတွင်းအနံ့ဆိုးများ သက်သာပျောက်ကင်းနိုင်ပါတယ်။🎉🎉🎉

Address

No. (320/322), Shwe Bon Thar (Middle) Road, Pabedan Township
Yangon
11141

Opening Hours

Monday 09:30 - 19:00
Tuesday 09:30 - 19:00
Wednesday 09:30 - 19:00
Thursday 09:30 - 19:00
Friday 09:30 - 19:00
Saturday 09:30 - 15:00
Sunday 09:30 - 12:00

Website

Alerts

Be the first to know and let us send you an email when Dr. Care Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share