Innova dental care

Innova dental care We care about your smile. Better Teeth!!Better Health!!

သွားနှင့်ခံတွင်း ကုသမှုတို့ကို အရည်အသွေးပြည့်၀၍ ချိုသာသောစျေးနှုန်းများဖြင့် လူတန်းစားမ​ရွေးကုသနိုင်​​အောင် အကောင်းဆုံး၀န်ဆောင်မှု ပေးနေပါပြီ ....
Make the world a better place with your smile.

Happy New Year ✨ပျော်ရွှင်စရာ၂၀၂၆ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး စိတ်သစ်၊လူသစ်နဲ့အ...
01/01/2026

Happy New Year ✨

ပျော်ရွှင်စရာ၂၀၂၆ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊

ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး စိတ်သစ်၊

လူသစ်နဲ့အောင်မြင်မှုတွေဖန်တီးနိုင်ပါစေကြောင်း

Innova Dental Care မိသားစုမှ ဆုမွန်ကောင်း

တောင်းပေးလိုက်ပါတယ်။

#၂၀၂၆နှစ်သစ်ဆုတောင်း

🕯"တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)" တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး အေးချမ်းသော ...
04/11/2025

🕯"တန်ဆောင်မုန်းလပြည့်နေ့ (သာမညဖလအခါတော်နေ့)" တွင် စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံပြီး အေးချမ်းသော တန်ဆောင်တိုင်အခါသမယ ဖြစ်ပါစေကြောင်း Innova Dental Care မိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါသည်။✨

🕯️သီတင်းကျွတ်ဆုတောင်း 🎇ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြ...
06/10/2025

🕯️သီတင်းကျွတ်ဆုတောင်း 🎇

ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယလေးမှာ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းနိုင်ကြပါစေကြောင်း 🙏🏼

စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံပြီး လိုအင်ဆန္ဒများ လဲ ပြည့်ဝကြပါစေကြောင်း Innova Dental Care မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။🥰

#သီတင်းကျွတ်ဆုတောင်း

🦷Innova Dental Care ရဲ့သီတင်းကျွတ်ရာသီအတွက်သွားညှိကုသမှုအထူးအစီအစဥ်လေးလာပါပြီနော်💫👍သွားညှိကုဆရာဝန်နဲ့ အခမဲ့ သေသေချာချာ ဆ...
28/09/2025

🦷Innova Dental Care ရဲ့သီတင်းကျွတ်ရာသီအတွက်သွားညှိကုသမှုအထူးအစီအစဥ်လေးလာပါပြီနော်💫

👍သွားညှိကုဆရာဝန်နဲ့ အခမဲ့ သေသေချာချာ ဆွေးနွေးနိုင်တဲ့အပြင် Brace အမျိုးအစားတစ်ခုချင်းစီအတွက် 20%off လေးပေးထားပါတယ်

👌အားလုံးသိတဲ့အတိုင်း သွားညှိကုသမှုဟာ ကုသမှုကြာချိန် ပေးရတာကြောင့် လစဥ်အရစ်ကျ အနေဖြင့်
၅သောင်းကျပ် သွင်းကာသွားညှိနိုင်ပါပြီ

👀မိမိသွားလေးတွေညီညာမှုမရှိတာကြောင့် ပြုံးရယ်တာမှာဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက်စကားပြောရာမှာဖြစ်ဖြစ် မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းနေပြီလား 👀

💯Innova dental care မှာသွားညှိကုသပြီးဖြေရှင်းလို့ရပြီနော်

💯သွားညှိကုသမှုရလဒ် ကဘဝတစ်သက်တာလုံး သင့်ကိုလှပစေမှာပါ

👍သွားညှိကုသမှုရဲ့ကောင်းကျိုးတွေကတော့

🦷သွားများညီညာသွားတာကြောင့် သန့်ရှင်းရေးလုပ်ရလွယ်ကူခြင်း

🦷သွားများအလွယ်တကူ သွားပိုးမစားခြင်း

🦷သွားဖုံးရောဂါမဖြစ်အောင်ကာကွယ်ပေးခြင်း

🦷အစားစားရာမှာ ကြေညက်အောင် ဝါးနိုင်ခြင်း

🦷လူကြားထဲတွင်သင့်အပြုံးအား ထင်းခနဲ ပေါ်လွင်ခြင်း စတာတွေပဲဖြစ်ပါတယ်

👌သွားညှိကုသဖို့အတွက်ဆိုရင်Innova ကိုပဲလှမ်းခဲ့လိုက်တော့နော်

🏥အမှတ်(၉၅၀)၊ အခန်း(၅)၊ ထူပါရုံလမ်းမကြီးနှင့် ထူပါရုံ(၈)လမ်းအ​နောက်​ထောင့်၊ သာ​ကေတမြို့နယ်၊ ရန်ကုန်မြို့။
📞09788095969, 09789470794
🦷Innova Dental Care

🦷သွားဆေးခန်းကို ဘယ်အချိန်တွေမှာစတင် ပြသင့်တာလဲ👌လူတိုင်းဟာ မိမိတို့ရဲ့သွားတွေကို နေ့စဥ်နှင့်အမျှသန့်ရှင်းတဲ့အနေနဲ့ သွားတိ...
24/09/2025

🦷သွားဆေးခန်းကို ဘယ်အချိန်တွေမှာစတင် ပြသင့်တာလဲ

👌လူတိုင်းဟာ မိမိတို့ရဲ့သွားတွေကို နေ့စဥ်နှင့်အမျှသန့်ရှင်းတဲ့အနေနဲ့ သွားတိုက်ကြပါတယ်

✌️သွားတိုက်ပေမယ့် သွားကြားတွေမှာ အစားကြွင်းတွေကပ်တာ မပြောင်တာမျိုးတွေရှိတတ်ပါတယ်

👍အစာကြွင်းတွေသွားမှာကပ်ပြီး အချိန်ကြာလာတဲ့အခါ သွားပိုးစားရောဂါ ဖြစ်လာတတ်ပါတယ်

🕛ဒါကြောင့် သွားပိုးစားရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့အတွက် နီးစပ်ရာသွားနှင့်ခံတွင်းဆေးခန်း တွေမှာ ၆လ ၁ကြိမ် စစ်ဆေးကုသမှု ခံယူနိုင်ပါတယ်

👀မိမိရဲ့သွားလေးတွေကို မှန်ထဲမှာ အမြဲကြည့်၍စစ်ဆေးသင့်ပါတယ်

💯မိမိရဲ့သွားမှာ အမဲစက်လေးတွေ စပေါ်လာပြီဆိုရင်

💯သွားကြားထဲမှာ စားလိုက်တိုင်းအစာခဏခဏညပ်နေပြီဆိုရင်

💯သွားနဲ့သွားဖုံးကြား သွားခြေလေးတွေပေါ်နေပြီဆိုရင်

💯သွားဖုံးကသွားတိုက်တိုင်း သွေးထွက်နေတယ်ဆိုရင်

🦷သွားဆေးခန်းကိုစတင်ပြီး အမြန်ဆုံးပြသသင့်ပါတယ်

🏥အမှတ်(၉၅၀)၊ အခန်း(၅)၊ ထူပါရုံလမ်းမကြီးနှင့် ထူပါရုံ(၈)လမ်းအ​နောက်​ထောင့်၊ သာ​ကေတမြို့နယ်၊ ရန်ကုန်မြို့။
📞09788095969, 09789470794
🦷Innova Dental Care

✌️၆လအကြာသွားညှိကုသမှုရဲ့ရလဒ်လေးပါနော်👌☺️ပြောင်းလဲဖို့အတွက်အမြဲအဆင်သင့်ဖြစ်နေသူလေးတွေအတွက် မိမိသွားလေးတွေညီညာလှပစေဖို့ လှ...
17/08/2025

✌️၆လအကြာသွားညှိကုသမှုရဲ့ရလဒ်လေးပါနော်👌
☺️ပြောင်းလဲဖို့အတွက်အမြဲအဆင်သင့်ဖြစ်နေသူလေးတွေအတွက် မိမိသွားလေးတွေညီညာလှပစေဖို့ လှပသောအပြုံးလေးကိုပိုင်ဆိုင်ဖို့အတွက် အမြန်လှမ်းခဲ့တော့နော်🦷

🏥အမှတ်(၉၅၀)၊ အခန်း(၅)၊ ထူပါရုံလမ်းမကြီးနှင့် ထူပါရုံ(၈)လမ်းအ​နောက်​ထောင့်၊ သာ​ကေတမြို့နယ်၊ ရန်ကုန်မြို့။
📞09788095969, 09789470794
🦷Innova Dental Care
#အပြုံးတွေလှပဖို့Innovaကိုလှမ်းခဲ့စို့

မိုးရာသီ အထူး Special Promotions 🌧️Wowww မြန်မာကျပ်ငွေ (5)သောင်းကျပ်ကို အရစ်ကျ ပေးသွင်းရုံနဲ့ သွားညှိကုသမှုခံယူနိုင်ပြီတ...
13/08/2025

မိုးရာသီ အထူး Special Promotions 🌧️

Wowww မြန်မာကျပ်ငွေ (5)သောင်းကျပ်ကို အရစ်ကျ ပေးသွင်းရုံနဲ့ သွားညှိကုသမှုခံယူနိုင်ပြီတဲ့နော် 😱😱

INNOVA DENTAL CARE
ဆေးခန်းတွင် အစဉ်အမြဲ ယုံကြည်အားထားပြီး
ကုသမှု ခံယူနေကြသော လူကြီးမိဘများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် မိုးဦးကာလ အထိမ်းအမှတ် အထူး ( Special Promotions ) လေး စီစဥ်ပေးထားပါတယ် ရှင့်🙆🏻

🦷 သွားညှိကုသခြင်း 15 % Off ( Orthodontics Treatment )ပြီးပြည့်စုံတဲ့ အလှတရားလေးတွေ ပိုင်ဆိုင်ဖို့ဆိုရင်တော့ သွားလှလှလေးတွေ ရှိဖို့လည်း လိုအပ်ပါတယ်ရှင့်

သွားညှိကုသမှု စတင်ချိန်မှာ ကနဦး မြန်မာငွေ ( 1 ) သိန်းကျပ်သာ ပေးသွင်းရမှာဖြစ်ပြီး ကျန်သည့် ကုန်ကျငွေကို လစဥ် အရစ်ကျ 50,000 ကျပ်သာ ပေးသွင်းသွားနိုင်ပါတယ်

ဒါ့အပြင် ကုသမှု ကုန်ကျစရိတ်အားလုံးရဲ့ ( 15% Off ) ခံစားခွင့်လေးပါ ကျေးဇူးတုံ့ပြန်ထားတာမို့ ဘာလိုသေးလဲ🙆🏻‍♂️

#သွားကျန်းမာရေးအတွက် Innova ရှိတယ်
#အပြုံးတွေလှပဖို့Innovaကိုလှမ်းခဲ့စို့

🦷 သားသားမီးမီးတို့ သွားကျန်းမာရေးအတွက်ဆို Innova Dental Care ရှိတယ်နော်.......ကလေးငယ်များအတွက်  သွားသန့်ရှင်းရေးစနစ်တကျန...
25/07/2025

🦷 သားသားမီးမီးတို့ သွားကျန်းမာရေးအတွက်ဆို Innova Dental Care ရှိတယ်နော်.......

ကလေးငယ်များအတွက် သွားသန့်ရှင်းရေးစနစ်တကျနှင့် ကောင်းမွန်သောအလေ့အထများကို ငယ်စဥ်ကတည်းက သင်ကြားပေးခြင်းက
သွားအပေါက်၊ အနံ့ဆိုး၊ သွားကျန်းမာရေး စတဲ့ ပြဿနာများကို ရှောင်ရှား စေနိုင်ပါတယ်။

ဒါ့အပြင် ကလေးများကို ၆လတစ်ကြိမ် သွားဆရာဝန်ထံ regular check-up ပြသခြင်းက သွားနာခြင်း, သွားကျန်းမာရေးများကို
ကြိုတင်ကာကွယ်နိုင်ပါတယ်....

ဒီလိုကာကွယ်ဖို့ဆိုရင် ကလေးငယ်တစ်ဦးစီအတွက် သင့်လျော်တဲ့ကုသမှုနဲ့ ပြုံးပျော်စေဖို့ သွားကျန်းမာရေး ဂရုတစိုက်ရှိ စေရန်
Innova Dental Care ကို လှမ်းခဲ့စို့နော် ။
🧒😁

Appointment ရယူရန်
🏥အမှတ်(၉၅၀)၊ အခန်း(၅)၊ ထူပါရုံလမ်းမကြီးနှင့် ထူပါရုံ(၈)လမ်းအ​နောက်​ထောင့်၊ သာ​ကေတမြို့နယ်၊ ရန်ကုန်မြို့။
📞09788095969, 09789470794
🦷Innova Dental Care

#ကလေးသွားပြသခြင်းအရေးကြီးမှု
#သွားကျန်းမာရေးဗဟုသုတ #ကလေးတစ်ဦးချင်းသင့်လျော်သောကုသမှု
#ပြုံးချင်တဲ့ကလေးတွေအတွက်

🦷 ဘာကြောင့် သွားကျောက် ခြစ်ဖို့ လိုအပ်တာလဲ? 🤔Scaling ( သွားကျောက်ခြစ်ခြင်း) ဆိုတဲ့  ကုသမှုလေးကတော့ သွားဖုံးကျန်းမာ​ရေးအတ...
15/07/2025

🦷 ဘာကြောင့် သွားကျောက် ခြစ်ဖို့ လိုအပ်တာလဲ? 🤔

Scaling ( သွားကျောက်ခြစ်ခြင်း) ဆိုတဲ့ ကုသမှုလေးကတော့ သွားဖုံးကျန်းမာ​ရေးအတွက် လူတိုင်းလုပ်သင့်တဲ့ ကုသမှု​လေးတစ်ခုပါ✌

မိမိကိုယ်တိုင် သွားကျောက်ခြစ်ဖို့လိုအပ်နေပြီလား ဆိုတာ အောက်ကအချက်လေးတွေနဲ့ သတိထားကြည့်ရအောင်နော် 🧐

🦷ခံတွင်းအနံ့အသက်မကောင်းခြင်း
🦷သွား​လေး​တွေနဲနဲယိုင်နဲ့​နေမယ်
🦷သွားကြား​တွေမှာအမည်းအတုံးလေးတွေမြင်ရခြင်း
🦷သွားတ​စ်​ချောင်းနဲ့တစ်​ချောင်းကြား သွားဖုံးသား​လေး​တွေနီရဲပြီး​ရောင်ရမ်း​နေခြင်း
🦷သွားတိုက်လျှင်သွေးထွက်ခြင်း ၊အသီးမာတာ​တွေကိုက်မိလျှင်သွားဖုံးမှ​သွေးထွက်ခြင်း စတဲ့လက္ခဏာလေးတွေရှိနေပြီဆိုရင်တော့ သွား​ကျောက်ခြစ်ဖို့လိုအပ်​နေပါပြီ👌

✨ သွားကျောက်ခြစ်ခြင်းနဲ့ရရှိနိုင်သောအကျိုးကျေးဇူးများ
✅ သွားသန့်နေစေခြင်း
✅သွားဖုံးရောင်ခြင်း၊ သွားကျဉ်ခြင်းကို ကာကွယ်ခြင်း
✅ခံတွင်းအနံ့ဆိုးကို လျော့ချနိုင်ခြင်း
✅သွားဖုံးရောဂါများကို ကာကွယ်ခြင်း

ဒါ့ ကြောင့် သွားကျောက်ခြစ်တာကတော့ ၆ လတစ်ကြိမ်ပြုလုပ်ပေးရပြီး တစ်နှစ်မှာ၂ကြိမ်သာပြုလုပ်သင့်တဲ့ ကုသမှုလည်းဖြစ်ပါတယ်👀

သွားကျောက်ခြစ်ခြင်းက သင့်အပြုံးကို သန့်ရှင်းအောင်ထားပေးသလို၊ သွားကျန်းမာရေးကို မကြာခဏစစ်ဆေးနိုင်တဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။

📍 သွားကျောက်မရှိတဲ့ အပြုံးလှလှနဲ့ သွားကျန်းမာရေးကို ယနေ့ကစလို့ ဂရုစိုက်ကြပါစို့။

အသေးစိတ်မေးမြန်းဖို့နဲ့ Appointment ယူဖို့ဆိုရင်တော့ -
☎️ 09-788095969 , 09-789470794 သို့
ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

အမှတ်(၉၅၀)၊ အခန်း(၅)၊ ထူပါရုံလမ်းမကြီးနှင့် ထူပါရုံ(၈)လမ်းအ​နောက်​ထောင့်၊ သာ​ကေတမြို့နယ်၊
ရန်ကုန်မြို့။
🚍🚏 YBS နဲ့လာမယ်ဆိုရင် 4,32,85 စီးလာ၍ ကျောင်းကွေ့မှတ်တိုင်တွင်ဆင်းကာ လိပ်စာအတိုင်း လှမ်းလာနိုင်ပါတယ်နော်။
#သွားကျောက်ခြစ် #သွားကျန်းမာရေး #သန့်ရှင်းတဲ့

အစားစား လိုက်တိုင်း သွားလေး တွေ နာကျင်မှုခံစားရနေပြီလား???🥺ဒါမှမဟုတ် သွားပိုးစားခြင်းကြောင့်ဖြစ်စေ သွားဖုံးရောဂါ တစ်ခုခု...
02/07/2025

အစားစား လိုက်တိုင်း သွားလေး တွေ နာကျင်မှုခံစားရနေပြီလား???🥺

ဒါမှမဟုတ် သွားပိုးစားခြင်းကြောင့်ဖြစ်စေ သွားဖုံးရောဂါ တစ်ခုခုကြောင့်ဖြစ်စေ နာကျင်မှုတွေ ခံစားနေရပြီလား???

ဒါတွေအားလုံးဒီထပ် အခြေအနေမဆိုးခင် INNOVA DENTAL CARE မှာ ကျွမ်းကျင်ဆရာ၀န်များနဲ့ Dental Checkup လုပ်ပြီး ဆွေးနွေးအကြံပြုများ ယူနိုင်ပါတယ်နော်.....

လိုအပ်တယ်ဆိုလျှင် သွားနှုတ်ကုသခြင်း (Tooth Extraction) , သွားအကြောထုတ် ကုသခြင်း (RCT) ကိုလည်း ဆောင်ရွက်သင့်ပါတယ်နော်.....

ဒါကြောင့်မို့ သွားနာ သွားကိုက်ခြင်းများအတွက် စိတ်ပူစိုးရိမ်ခြင်းမရှိပဲ INNOVA DENTAL CARE ကို သတိရလိုက်ပါနော်......
အသေးစိတ်မေးမြန်းဖို့နဲ့ Appointment ယူဖို့ဆိုရင်တော့ -
☎️ 09-788095969 , 09-789470794 သို့
ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။

အမှတ်(၉၅၀)၊ အခန်း(၅)၊ ထူပါရုံလမ်းမကြီးနှင့် ထူပါရုံ(၈)လမ်းအ​နောက်​ထောင့်၊ သာ​ကေတမြို့နယ်၊
ရန်ကုန်မြို့။

🚍🚏 YBS နဲ့လာမယ်ဆိုရင် 4,32,85 စီးလာ၍ ကျောင်းကွေ့မှတ်တိုင်တွင်ဆင်းကာ လိပ်စာအတိုင်း လှမ်းလာနိုင်ပါတယ်နော်။

#သာကေတ #
#သွားကျန်းမာရေး

Address

အမှတ် ၉၅၀, ထူပါရုံလမ်းမကြီး ထူပါရုံ(၈)လမ်းထောင့်, , သာကေတမြို့နယ်, ရန်ကုန်မြို့
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Innova dental care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share