Mingalar Dental Clinic

Mingalar Dental Clinic မှန်ကန်သောသွားနှင့်ခံတွင်းကုသမှု့ကို ကုန်ကျစရိတ်သက်သာစွာဖြင့် ဝါရင့်သွားဆရာဝန်ကြီးမှ ကုသပေးနေပါတယ်။

သင့်မှာ ဒီလက္ခဏာတွေ ရှိနေပြီလား❓❌သွားတိုက်ရင် သွားဖုံးက သွေးထွက်တတ်တာ။❌သွားဖုံးတွေ နီမြန်းပြီး ရောင်ရမ်းနေတာ။❌ခံတွင်းနံ့...
28/03/2026

သင့်မှာ ဒီလက္ခဏာတွေ ရှိနေပြီလား❓

❌သွားတိုက်ရင် သွားဖုံးက သွေးထွက်တတ်တာ။

❌သွားဖုံးတွေ နီမြန်းပြီး ရောင်ရမ်းနေတာ။

❌ခံတွင်းနံ့ ဆိုးဆိုးရွားရွား နံနေတာ။

❌သွားဖုံးတွေ နိမ့်ဆင်းသွားပြီး သွားခြေတွေ ပေါ်လာတာ။

❌သွားတွေ တစ်ချောင်းနဲ့တစ်ချောင်း ကျဲလာတာ ဒါမှမဟုတ် လှုပ်လာတာ။

ဒီအချက်တွေဟာ Periodontal Disease (သွားဖုံးပတ်လည် ရောဂါ) ရဲ့ သတိပေးခေါင်းလောင်းသံတွေပါပဲ။ အချိန်ဆွဲထားမိရင် သွားတွေ ဆုံးရှုံးရုံတင်မကဘဲ မေးရိုးအရိုးတွေပါ ပျက်စီးသွားနိုင်ပါတယ်။😰

💡 ဘာကြောင့် စောစောကုသသင့်တာလဲ?🧐

သွားဖုံးရောဂါဟာ အစောပိုင်းမှာ နာကျင်မှုမရှိတတ်တာကြောင့် လူသတိမထားမိဘဲ သွားတွေ ဆုံးရှုံးသွားတတ်လို့ပါ။ 🥹
"စောစောကုသလေ သွားတွေ ပိုမြဲလေ" ဆိုတဲ့အတိုင်း...

🔷 သဘာဝသွားတွေကို တစ်သက်လုံး မြဲမြံအောင် ထိန်းထားနိုင်မယ်။

🔷ငွေကုန်ကြေးကျ များတဲ့ သွားအသစ်စိုက်ခြင်း (Implant) တွေကို ရှောင်လွှဲနိုင်မယ်။

🔷ယုံကြည်မှုရှိတဲ့ အပြုံးကို ထိန်းသိမ်းနိုင်ဖို့ အခုကစပြီး သတိထားလိုက်ပါနော်။

💙သွားဖုံးနဲ့ ပတ်သက်တဲ့ ဝေဒနာတွေကို ကျွမ်းကျင်ပါရဂူကြီးများနဲ့ စနစ်တကျ ကုသနိုင်ဖို့ Mingalar Dental ဆေးခန်းမှာ အခုပဲ Appointment ရယူလိုက်ပါ။🩷💙

"သင့်သွားလေးတွေ မြဲမြံဖို့... Mingalar Dentalမှ ဂရုစိုက်ပါရစေ" ❤️🦷
#သွားဖုံးရောဂါ #သွားဖုံးအစားထိုးခြင်း

သင့်ရဲ့ "စိန်ပွင့်လေး" တစ်သက်လုံး လှပတောက်ပနေဖို့ ဘယ်လိုဂရုစိုက်မလဲ? ✨😉😍Skyce ကပ်ပြီးသွားတဲ့အခါ ပိုပြီးဆွဲဆောင်မှုရှိသွာ...
26/03/2026

သင့်ရဲ့ "စိန်ပွင့်လေး" တစ်သက်လုံး လှပတောက်ပနေဖို့ ဘယ်လိုဂရုစိုက်မလဲ? ✨😉

😍Skyce ကပ်ပြီးသွားတဲ့အခါ ပိုပြီးဆွဲဆောင်မှုရှိသွားပြီဆိုတာ သေချာပါတယ်။ ဒီတောက်ပမှုလေး ရေရှည်တည်တံ့ဖို့အတွက် အိမ်မှာ အလွယ်တကူ လိုက်နာရမယ့် အချက်လေးတွေကို မျှဝေပေးချင်ပါတယ်ရှင်။🥰

🔷သွားတိုက်တဲ့အခါ နူးနူးညံ့ညံ့လုပ်ဆောင်ပါ🪥
စိန်ပွင့်လေးကို ပွတ်တိုက်မိမှာ ကြောက်ပြီး သွားမတိုက်ဘဲ မနေပါနဲ့။
Soft Bristle (အမွေးနု) ပါတဲ့ သွားပွတ်တံကို သုံးပါ။ စိန်ကပ်ထားတဲ့ နေရာကို နူးနူးညံ့ညံ့လေး စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးခြင်းဖြင့် စိန်ပွင့်လေးကို အမြဲတောက်ပနေစေမှာပါ။
Electric Toothbrush သုံးသူဆိုလျှင် စိန်ကပ်ထားတဲ့ နေရာမှာ အရမ်းဖိမတိုက်မိဖို့ သတိထားပေးပါ။

🔷 ခံတွင်းသန့်ရှင်းရေးကို ပုံမှန်လုပ်ပါ ✨
စိန်ပွင့်လေးရဲ့ ပတ်လည်မှာ အစားအစာတွေ မကပ်ကျန်ခဲ့ဖို့ အရေးကြီးပါတယ်။ အစားစားပြီးတိုင်း အာလုပ်ကျင်းပေးပါ။ ဒါမှ စိန်ပွင့်လေးက အမြဲတမ်း "Shine" နေမှာပါ။
အကယ်၍ စိန်ပွင့်လေးက ပြုတ်ထွက်သွားခဲ့ရင် ကိုယ့်ဘာသာ အိမ်သုံးကပ်ဆေးတွေနဲ့ ပြန်မကပ်ပါနဲ့နော်။ ဒါဟာ သွားကြွေလွှာကို ပျက်စီးစေလို့ ဆေးခန်းကို ချက်ချင်း လာခဲ့ပါနော်

"တောက်ပတဲ့ အပြုံးလေးကို ဂရုစိုက်မှုနဲ့ ထိန်းသိမ်းလိုက်ပါ"
#သွားမှာစိန်ကပ်ခြင်း

✨ သင့်အပြုံးမှာ "စိန်ပွင့်လေး" တစ်ပွင့် တောက်ပနေဖို့ အဆင်သင့်ပဲလား? ✨🤩✨လူတစ်ယောက်ရဲ့ ပထမဆုံး ဆွဲဆောင်မှုက "အပြုံး" ပါပဲ။...
26/03/2026

✨ သင့်အပြုံးမှာ "စိန်ပွင့်လေး" တစ်ပွင့် တောက်ပနေဖို့ အဆင်သင့်ပဲလား? ✨🤩

✨လူတစ်ယောက်ရဲ့ ပထမဆုံး ဆွဲဆောင်မှုက "အပြုံး" ပါပဲ။ အဲဒီအပြုံးလေးက ရိုးရိုးလေးမဟုတ်ဘဲ ပြုံးလိုက်တိုင်း ဝင်းခနဲ၊ လက်ခနဲ ဖြစ်သွားစေမယ့် Skyce အကြောင်း သိပြီးပြီလား? 😍

🥰အခုခေတ်မှာ Fashion ဆိုတာ အဝတ်အစားနဲ့တင် မဟုတ်တော့ဘဲ သင့်ရဲ့ "အပြုံး" မှာပါ Accessory လေးတွေ ဆင်မြန်းလို့ ရနေပါပြီ။ ဒါဟာ သာမန်အလှအပတင် မဟုတ်ဘဲ သင့်ရဲ့ Personality ကိုပါ ပိုပြီး ပေါ်လွင်စေမှာပါ။🥰

💎 Skyce (စိန်ကပ်ခြင်း) က ဘာလို့ ဒီလောက်တောင် Popular ဖြစ်နေရတာလဲ?🧐

🔷"Diamond Smile" ကို ပိုင်ဆိုင်ရခြင်း
စကားပြောတဲ့အခါဖြစ်ဖြစ်၊ ရယ်မောလိုက်တဲ့အခါဖြစ်ဖြစ် သင့်သွားလေးပေါ်မှာ လက်ခနဲ ဖြစ်သွားတဲ့ စိန်ပွင့်လေးက သင့်ကို အများကြားမှာ ထင်ပေါ်စေပြီး "Luxury Look" တစ်ခုကို ပေးစွမ်းနိုင်ပါတယ်။

🔷နာကျင်မှု (လုံးဝ) မရှိခြင်း
"သွားမှာ စိန်ကပ်မယ်ဆိုတော့ သွားကို အပေါက်ဖောက်ရမှာလား?" ဆိုပြီး စိုးရိမ်နေပါသလား? လုံးဝ (လုံးဝ) မဟုတ်ပါဘူးနော်။ သွားမျက်နှာပြင်ကို အပေါက်ဖောက်စရာမလိုဘဲ အထူးပြုလုပ်ထားတဲ့ Dental Adhesive (သွားကပ်ဆေး) နဲ့ စနစ်တကျ ကပ်ပေးတာဖြစ်လို့ နာကျင်မှု လုံးဝမရှိပါဘူး။

🔷သွားကို မထိခိုက်ခြင်း
ကျွန်ုပ်တို့ဆေးခန်းမှာ အသုံးပြုတဲ့ နည်းပညာက သွားကြွေလွှာ (Enamel) ကို လုံးဝ မထိခိုက်စေပါဘူး။ နောက်ပိုင်းမှာ စိတ်ပြောင်းလို့ ပြန်ခွာချင်ရင်လည်း သွားဆရာဝန်နဲ့ အလွယ်တကူ ပြန်ခွာနိုင်ပါ။

🔷ခိုင်ခံ့မှုရှိခြင်း
ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများကိုယ်တိုင် ကပ်ပေးတာဖြစ်လို့ အစားအသောက်စားတဲ့အခါ ဒါမှမဟုတ် သွားတိုက်တဲ့အခါ ပြုတ်ထွက်သွားမှာကို စိတ်ပူစရာမလိုဘဲ ရေရှည်ခံပါတယ်။

🤔 ဘယ်သူတွေ ကပ်သင့်သလဲ?

🔹မိမိရဲ့ အပြုံးကို ပိုပြီး ယုံကြည်မှုရှိအောင် Upgrade လုပ်ချင်သူများ။

🔹ခေတ်မီဆန်းသစ်တဲ့ Fashion ကို မြတ်နိုးသူများ။

🔹အထူးသဖြင့် Photoshoot ဝါသနာပါတဲ့ သူငယ်ချင်းတို့အတွက်တော့ Skyce က မရှိမဖြစ်ပါပဲ!📸✨

🏥 Mingalar Dental Clinicမှာ ဘာကြောင့် ကပ်သင့်တာလဲ?😎
✅ အရည်အသွေးမြင့်ပြီး တောက်ပမှု အားကောင်းတဲ့ Original Skyce များကိုသာ အသုံးပြုပေးပါတယ်။

✅ သန့်ရှင်းသပ်ရပ်တဲ့ ပတ်ဝန်းကျင်နဲ့ ခေတ်မီစက်ကိရိယာများရှိပါတယ်။

✅ သွားဘက်ဆိုင်ရာ အထူးကုဆရာဝန်ကြီးများက တိကျသေချာစွာ ဆောင်ရွက်ပေးတာမို့ စိတ်ချလက်ချ ယုံကြည်စွာ နိုင်ပါတယ်။

🥰ဒါကြောင့် အခုပဲ Appointment ရယူဖို့ Messenger (သို့မဟုတ်)
ဖုန်း - 09970207150, 09766030804 သို့ ဆက်သွယ်လိုက်ပါနော် 😍

🦷🚨သွားပိုးစားတာကို 'မနာသေးပါဘူး' ဆိုပြီး လျစ်လျူရှုထားမိနေပြီလား? 😱🦷သွားပိုးစားတဲ့ အစက်အပြောက်လေး တစ်ခုဟာ တကယ်တော့ ရေခဲတ...
25/03/2026

🦷🚨သွားပိုးစားတာကို 'မနာသေးပါဘူး' ဆိုပြီး လျစ်လျူရှုထားမိနေပြီလား? 😱

🦷သွားပိုးစားတဲ့ အစက်အပြောက်လေး တစ်ခုဟာ တကယ်တော့ ရေခဲတောင်ရဲ့ ထိပ်ဖျားလေးလိုပါပဲ။ "မနာသေးလို့၊ အပေါက်သေးသေးလေးပဲ" ဆိုပြီး ပစ်ထားလိုက်ရင် အချိန်ကြာလာတာနဲ့အမျှ သင့်အတွက် နာကျင်မှု ရော ငွေကုန်ကြေးကျ ပါ ပိုများလာစေနိုင်ပါတယ်။😰

⚠️ လျစ်လျူရှုထားရင် ဘာတွေဖြစ်လာမလဲ?🧐

🛑သွားကြွေလွှာ ပျက်စီးမယ်: သွားကျဉ်တာကနေ စပါမယ်။ အချိုစားရင်ပဲဖြစ်ဖြစ်၊ ရေအေးအေးလေးသောက်ရင်ပဲဖြစ်ဖြစ် စတင်ခံစားရပါလိမ့်မယ်။

🛑အာရုံကြောအထိ ရောက်မယ်: အပေါက်နက်လာပြီး သွားအာရုံကြောကို ထိခိုက်လာရင်တော့ ညဘက်အိပ်မရအောင် နာကျင်တာ၊ မျက်နှာပါ ရောင်ရမ်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

🛑သွားနှုတ်ရကိန်း ဆိုက်မယ်: နောက်ဆုံးမှာတော့ ပြန်ပြင်လို့မရတော့ဘဲ မိမိရဲ့ မူလသွားစစ်စစ်ကို လက်လွှတ်လိုက်ရပါလိမ့်မယ်။

💰 အပေါက်သေးတုန်းဖာမလား? အမြစ်ကုပြီးမှ အစွပ်စွပ်မလား?🤔

အစောပိုင်းမှာ ကုသရင်: သွားဖာရုံတင်ဆိုတော့ စရိတ်သက်သာတယ်၊ အချိန် ၁၅ မိနစ်ပဲ ပေးရတယ်။ မိမိသွားလေးလည်း နဂိုအတိုင်း ပြန်လှသွားမယ်။

နောက်ကျမှ ကုသရင်: သွားအမြစ်ကုရမယ် (Root Canal)၊ သွားစွပ်ရမယ် (Crown)။ စရိတ်က ၁၀ ဆလောက် ပိုကုန်သွားနိုင်သလို အချိန်လည်း အများကြီးပေးရပါတယ်။

💕သွားနှုတ်လိုက်ရရင် ပြန်စိုက်ဖို့အတွက် (Implant/Bridge) က သိန်းဂဏန်းအထိ ကုန်ကျနိုင်လို့ အစောပိုင်းကုသတာက အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုပါပဲ။ "သွားပိုးစားတာဟာ သူ့အလိုလို ပြန်မကောင်းသွားပါဘူး၊ ကုသမှသာ ပျောက်ကင်းနိုင်တာပါ။"
နောင်တမရခင် အမြန်ဆုံး သွားစစ်ဆေးလိုက်ပါ! အပေါက်သေးတုန်း ဖာလိုက်တာက သင့်အပြုံးကိုရော၊ ကုန်ကျစရိတ်ကိုပါ ကာကွယ်ပေးရာ ရောက်ပါတယ်ရှင်။ 👨‍⚕️✨

✅ မိမိသွားမှာ အမည်းစက်လေးတွေ ဒါမှမဟုတ် အပေါက်လေးတွေ တွေ့နေပြီလား? Messenger မှာ အခုပဲ Mingalar Dental Clinic မှာ ဆရာဝန်ကြီးများနဲ့ပြသတိုင်ပင်နိုင်ပါတယ်ရှင်။🩷

#သွားနှင့်ခံတွင်း #သွားပိုးစားခြင်း

🥹အံဆုံးပေါက်လို့ ကိုက်နေပြီလား?🥹"အံဆုံး" ဆိုတာ ပေါက်လာပြီဆိုတာနဲ့ နာကျင်မှုတွေ၊ စိတ်အနှောင့်အယှက်ဖြစ်မှုတွေပါ ပါလာလေ့ရှိ...
24/03/2026

🥹အံဆုံးပေါက်လို့ ကိုက်နေပြီလား?🥹

"အံဆုံး" ဆိုတာ ပေါက်လာပြီဆိုတာနဲ့ နာကျင်မှုတွေ၊ စိတ်အနှောင့်အယှက်ဖြစ်မှုတွေပါ ပါလာလေ့ရှိပါတယ်။ အံဆုံးက ပုံမှန်အတိုင်း တည့်တည့်မပေါက်ဘဲ စောင်းနေတာ၊ တစ်ဝက်ပဲ ပေါက်နေတာမျိုး ဖြစ်တဲ့အခါ "အံဆုံးပြဿနာ" စပါပြီ။😫

🔥 အံဆုံးကြောင့် ဘာတွေဖြစ်တတ်သလဲ?🧐

❌ဘေးသွားကို တွန်းခြင်း: အံဆုံးက စောင်းပေါက်တဲ့အခါ ရှေ့က သွားတွေကို တွန်းလို့ သွားတွေ ညီမညာဖြစ်လာတတ်ပါတယ်။

❌သွားဖုံးရောင်ခြင်း: သွားတစ်ဝက်ပဲ ပေါက်တဲ့အခါ အစာဟောင်းတွေ ညပ်ပြီး သွားဖုံးတွေ ပြည်တည်၊ ရောင်ရမ်းပြီး ပါးစပ်ဟရခက်တဲ့အထိ ဖြစ်နိုင်ပါတယ်။

❌ဘေးသွားပါ ပိုးစားခြင်း: အစာညပ်တာ ကြာတဲ့အခါ အံဆုံးတင်မကဘဲ ဘေးက အကောင်းသွားပါ ပိုးစားပျက်စီးသွားတတ်ပါတယ်။

✅ အဖြေရှာနည်း ✅

💙X-ray ရိုက်၍ စစ်ဆေးပါ: အံဆုံးက ဘယ်လိုအနေအထားနဲ့ ရှိနေလဲဆိုတာ သိဖို့ X-ray ရိုက်ကြည့်ဖို့ လိုအပ်ပါတယ်။

💙 အချိန်မီ နှုတ်ခြင်း/ခွဲစိတ်ခြင်း: အံဆုံးက ဘေးသွားကို ထိခိုက်နေပြီဆိုရင်တော့ မနာခင်ကတည်းက ကြိုတင်နှုတ်ပစ်တာက အကောင်းဆုံးပါ။ "အံဆုံးခွဲစိတ်တာ ကြောက်စရာကြီး" လို့ ထင်ရပေမဲ့ အခုခေတ် နည်းပညာတွေနဲ့ဆိုရင် နာကျင်မှုမရှိဘဲ ခဏလေးနဲ့ ပြီးသွားနိုင်ပါတယ်။

💙 ခံတွင်းသန့်ရှင်းရေး ဂရုစိုက်ပါ: အံဆုံးပေါက်ခါစမှာ ပိုးမဝင်အောင် ဆားရည်နဲ့ ပလုတ်ကျင်းတာ၊ သွားသေချာတိုက်တာမျိုး အမြဲလုပ်ပေးပါ။

😍💕"အံဆုံးကိုက်တာကို အကိုက်အခဲပျောက်ဆေးနဲ့ပဲ အောင့်ခံမနေပါနဲ့။ ရေရှည်မှာ ဘေးကသွားတွေပါ မဆုံးရှုံးရအောင် အမြန်ဆုံး ကုသလိုက်ပါ!"😍💕

✨ သင့်ရဲ့ အံဆုံးကရော ကိုက်နေပြီလား? ဒါမှမဟုတ် စောင်းနေလို့ စိတ်ပူနေရပြီလား?🩷
Comment မှာပဲဖြစ်ဖြစ်၊ Messenger မှာပဲဖြစ်ဖြစ် အခမဲ့ တိုင်ပင်မေးမြန်းနိုင်ပါတယ်ရှင်။ 👨‍⚕️🩺

#အံဆုံး #သွားနှင့်ခံတွင်း #အံဆုံးပြဿနာ

💙💙Eid Al-Adha Mubarak to you and your family!💙💙Wishing you and your loved ones a very happy and peaceful Eid. 💙🌟
20/03/2026

💙💙Eid Al-Adha Mubarak to you and your family!💙💙Wishing you and your loved ones a very happy and peaceful Eid. 💙🌟

တာမွေမြို့နယ် United Living Mall ရှိ Mingalar Dental Clinic တွင်တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအလိုရှိသည်။Dental Clinic Recept...
13/03/2026

တာမွေမြို့နယ် United Living Mall ရှိ Mingalar Dental Clinic တွင်တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းအလိုရှိသည်။

Dental Clinic Receptionists female - 2 posts

- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ။
-လူအများနှင့်ကောင်းမွန်စွာ ပြောဆို ဆက်ဆံတတ်ပြီး စီမံခန့်ခွဲနိုင်သူ ဖြစ်ရမည်။
- အသက် ၂၀ မှ ၃၀ အတွင်း ဖြစ်ရမည်။
- ရုပ်ရည် ပြေပြစ်ပြီးဆက်ဆံရေးကောင်းမွန်သူ
ဖြစ်ရမည်။
- အလုပ်အား အမှန်တကယ်စိတ်ပါဝင်စားသူ ဖြစ်ရမည် ။
- အကျင့်စာရိတ္တ ကောင်းမွန်ရမည် ။
-ကျောင်းနှင့် နိုင်ငံခြားသွားမည့် ကိစ္စရပ်များ ကင်းရှင်းရမည်။
-အနည်းဆုံး တစ်နှစ် လုပ်ကိုင်နိုင်ရမည်။
-အလုပ်ချိန် (9 Am-7:30 pm)
-တပတ်လျှင် တရက် နားရက်ရှိသည်။
-(၃) လပြည့်လျှင် လစာတိုးမည်။
- ဆေးခန်းနှင့်အနီးတဝိုက် နေထိုင်သူများအား ဦးစားပေးခေါ်ယူမည်။


အထက်ပါ Positions အတွက် လိုအပ်ပါက ချက်ချင်း Interview လာပေးနိုင်သူဖြစ်ရမည်။

လျှောက်ထားလိုသူများသည်
- CV form၊ အိမ်ထောင်စုဇယားမိတ္တူ၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ ပညာအရည်အချင်းမိတ္တူ ၊ မှတ်ပုံတင်မိတ္တူတို့နှင့်အတူ လာရောက်လျှောက်ထားနိုင်သည်။
- သို့မဟုတ် Page messenger သို့ ပေးပို့လျှောက်ထားနိုင်သည်။

Mingalar Dental Clinic ၊ အမှတ်(၄၀၁)၊၄ လွှာ၊ United Living Mall ၊ ကျိုက္ကဆံလမ်း၊ အလုပ်သမားဆေးရုံရှေ့ (ကျောက်မြောင်းမှတ်တိုင်အနီး)သို့ လာရောက်လျှောက်ထားနိုင်သည်။

Phone -09970207150, 09766030804

မာလာရှမ်းကော တစ်ပွဲစာ တန်ဖိုးလောက်နဲ့... ယုံကြည်မှုကို ပြန်ဝယ်မလား? 🤔သွားတိုက်ရုံနဲ့ မလုံလောက်တဲ့ သွားကျောက်တွေက သင့်ရဲ့...
10/03/2026

မာလာရှမ်းကော တစ်ပွဲစာ တန်ဖိုးလောက်နဲ့... ယုံကြည်မှုကို ပြန်ဝယ်မလား? 🤔

သွားတိုက်ရုံနဲ့ မလုံလောက်တဲ့ သွားကျောက်တွေက သင့်ရဲ့ Confidence ကို သတ်နေပါပြီ😷

စကားပြောတိုင်း တစ်ဖက်လူ နောက်ဆုတ်သွားတာမျိုး ထပ်မဖြစ်စေရဖို့ Mingalar Dental Clinic မှာ
11.3.2026 မှ 31.3. 2026ထိ ခံတွင်းတစ်ခုလုံးစာ Scaling (သွားကျောက်ခြစ်ခြင်း) ကို ၅၀% Discount ဖြင့် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်🌟🤩

⚠️ ပထမဆုံး Register လုပ်သူ အယောက် (၃၀) ကိုသာ ၅၀% Discount ပေးမှာဖြစ်လို့ လက်သွက်ဖို့တော့ လိုမယ်နော်🙄

🌟အရည်အသွေး ပြည့်ဝစွာ ဝန်ဆောင်မှု ပေးချင်သည့်အတွက် သတ်မှတ်လူဦးရေပြည့်သည်နှင့် Bookingလက်ခံခြင်း ပိတ်ပါမည်🌟

👉 အခုပဲ Chat Box မှာ အမြန်ဆုံး စာရင်းသွင်းလိုက်ပါ🤩

ဆေးခန်းမှ Booking Date Confirm လုပ်ပြီးသည်နှင့် ငွေကြိုလွှဲပြီး အတန်ဆုံး scaling လုပ်ဖို့ ရက်လေးကို ရယူလိုက်ပါနော်💙🌟

📅 Campaign Date: 11.3.2026 - 31.3.2026
📍 Location: အမှတ် ၄၈ ကျိုက္ကဆံလမ်း တာမွေ အလုပ်သမားဆေးရုံရှေ့ United Living Mall လေးလွှာ။

#သွားကျောက်ခြစ် #ကွမ်းဂျိုး

🎉 Congratulations to our Giveaway Winners! 🎉ကံထူးရှင်များအားလုံးကို ဝမ်းသာအားရ ဂုဏ်ပြုလိုက်ပါတယ်! giveaway မှာ ပါဝင်ဆင်န...
09/03/2026

🎉 Congratulations to our Giveaway Winners! 🎉

ကံထူးရှင်များအားလုံးကို ဝမ်းသာအားရ ဂုဏ်ပြုလိုက်ပါတယ်! giveaway မှာ ပါဝင်ဆင်နွှဲပေးကြတဲ့သူတွေထဲကနေ ကံအကောင်းဆုံး (၆) ဦးကို ရွေးချယ်ပြီးပါပြီ။

🏆 Winner List 🏆
၁။ Akari Soe
၂။ John Lay ka
၃။ Theint Tharaphi Aung
၄။ Hlaing Su yati May
၅။ May Yam
၆။ Hnin Thiri Ko

🎁 ဆုလက်ဆောင် ရယူရန် အချက်အလက်များ
ကံထူးရှင်များအနေနဲ့ မိမိတို့ရဲ့ ဆုလက်ဆောင်တွေကို ထုတ်ယူနိုင်ဖို့အတွက် Page Messenger မှာ (၃) ရက်အတွင်း လာရောက်ဆက်သွယ်ပေးပါဦးနော်။

ပါဝင်ပေးကြတဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးအများကြီးတင်ပါတယ်။ နောက်ထပ် giveaway အစီအစဉ်ကောင်းတွေရှိဦးမှာမို့လို့ Page ကို See First လုပ်ထားဖို့ မမေ့နဲ့ဦးနော်! 💖

မနက်နိုးလာတိုင်း မေးရိုးတွေ ညောင်းပြီး နာနေတတ်သလား?🤔တစ်ခါတလေ မနက်နိုးလာရင် မေးရိုးတွေ ညောင်းနေတာ၊ ခေါင်းကိုက်တာ ဒါမှမဟုတ...
24/02/2026

မနက်နိုးလာတိုင်း မေးရိုးတွေ ညောင်းပြီး နာနေတတ်သလား?🤔
တစ်ခါတလေ မနက်နိုးလာရင် မေးရိုးတွေ ညောင်းနေတာ၊ ခေါင်းကိုက်တာ ဒါမှမဟုတ် သွားတွေ ကျဉ်နေတာမျိုး ခံစားရဖူးပါသလား? 😲

ဒါဟာ သင်မသိလိုက်ဘဲ အိပ်ပျော်နေစဉ်မှာ သွားကြိတ်ခြင်း (Teeth Grinding) နေလို့ ဖြစ်နိုင်ပါတယ်😷

‼️သွားကြိတ်တာဟာ သွားကြွေလွှာတွေကို တဖြည်းဖြည်းချင်း ပျက်စီးစေပြီး သွားတိုလာတာ၊ သွားစောင်းတာတွေအထိ ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် မေးရိုးအဆစ်တွေကို ဝန်ပိစေလို့ ရေရှည်မှာ မေးရိုးနာကျင်တဲ့ ဝေဒနာကို ခံစားရမှာပါ။ ‼️

🌟ဒီပြဿနာအတွက် ရိုးရှင်းပြီး အထိရောက်ဆုံး ဖြေရှင်းနည်းကတော့ Night Guard လေး တပ်အိပ်ပေးတာပါပဲ။🌟

💙သွားတွေ တစ်ခုနဲ့တစ်ခု တိုက်ရိုက်မထိတွေ့အောင် ကြားကခံပေးထားတာမို့ သွားကြွေလွှာပျက်စီးမှုကို ကာကွယ်ပေးသလို မေးရိုးကြွက်သားတွေကိုလည်း အနားရစေပါတယ်။💙

🌟မနက်ခင်းကို လန်းဆန်းစွာနဲ့ ဝေဒနာကင်းကင်း နိုးထဖို့ Night Guard ရှိနေပါပြီ🌟

ကိုယ်ရဲ့ သွားနဲ့ အကိုက်ညီဆုံး ဖြစ်မယ့် Night Guard ပြုလုပ်ချင်တယ်ဆိုရင် Mingalar Dental Clinicသို့ လှမ်းခဲ့ပါနော်🥰

ကျန်းမာတဲ့ အိပ်စက်ခြင်းနှင့် လှပတဲ့အပြုံးကို မင်္ဂလာသွားအထူးကုဆေးခန်းမှ ဖန်တီးပေးပါရစေ🥰

#သွားဆေးခန်း #သွားကြိတ်

💙မင်္ဂလာရှိသော လမြတ်လေးမှာ မိတ်ဆွေများအားလုံး အေးချမ်းတဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်ပါစေကြောင်း Mingalar Dental Clinic ...
19/02/2026

💙မင်္ဂလာရှိသော လမြတ်လေးမှာ မိတ်ဆွေများအားလုံး အေးချမ်းတဲ့ ဘဝခရီးကို လျှောက်လှမ်းနိုင်ပါစေကြောင်း Mingalar Dental Clinic မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင် 💙

🌟Happy Chinese New Year🌟ရွှေငွေများတိုးပွားပြီး ကျန်းမာချမ်းသာသော မင်္ဂလာနှစ်လေးဖြစ်ပါစေကြောင်း Mingalar Dental Clinic မ...
17/02/2026

🌟Happy Chinese New Year🌟
ရွှေငွေများတိုးပွားပြီး ကျန်းမာချမ်းသာသော မင်္ဂလာနှစ်လေးဖြစ်ပါစေကြောင်း Mingalar Dental Clinic မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်💙🌟

Address

Kyaikasan Road
Yangon
1111

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00

Telephone

+959970207150

Website

Alerts

Be the first to know and let us send you an email when Mingalar Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mingalar Dental Clinic:

Share