10/12/2025
ငါ့ရဲ့ကလေးကြောက်နေမလား?
သွားဆရာဝန်တွေကကော ညင်ညင်သာသာကိုင်တွယ်ပါ့မလား?
ဘယ်သွားဆေးခန်းက ကလေးငယ်လေးတွေအတွက်အသင့်တော်ဆုံးလည်း?
သင်ဟာမိဘတစ်ယောက်ဖြစ်ပြီး ဒီလိုမေးခွန်းတွေကိုထပ်ခါထပ်ခါ ခေါင်းထဲမှာမေးနေပြီဆိုရင် တစ်ယောက်တည်းမဟုတ်ပါဘူး 😟
ကိုယ့်ကလေးအတွက်သွားဆေးခန်းရွေးချယ်ရတယ်ဆိုတာ ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး...အမှန်တကယ်လည်းစိုးရိမ်သင့်ပါတယ် 💫
La Min သွားဆေးခန်းမှာဆိုရင်တော့ ကလေးငယ်လေးတွေ စိတ်လုံခြုံမှုရှိပြီး စိတ်ပေါ့ပေ့ါပါးပါးနဲ့လာလို့ရအောင် ကလေးငယ်လေးတွေဆော့ကစားတဲ့နေရာကနေ ကုသမှုရယူတဲ့နေရာအထိ သူတို့အကြိုက်ပန်းချီကားတွေကိုခြယ်သထားတာဖြစ်လို့ သွားဆေးခန်းကိုကြောက်စရာနေရာလို့မသတ်မှတ်ပဲ ပျော်စရာကောင်းတဲ့နေရာတစ်ခုလို့မြင်သွားစေမှာပါ 🦷
သွားဆရာဝန်နဲ့ အကူဆရာ၊ဆရာမများကလည်း စိတ်ရှည်ရှည် ညင်ညင်သာသာနဲ့ပြောဆိုဆက်ဆံပြီး သက်သောင့်သက်သာဖြစ်အောင်လုပ်ပေးနေတာဖြစ်တဲ့အပြင် သွားဆေးခန်းလာပြတဲ့အတွေ့အကြုံတစ်ခုကို ထူးထူးခြားခြားလေးဖြစ်သွားအောင် အရုပ်တွေမဲနှိုက်ခိုင်းတဲ့အစီအစဉ်လေးလည်း ပြုလုပ်ပေးထားပါတယ်နော် 🎁
ကိုယ့်ရဲ့ကလေးသွားကျန်းမာရေးအတွက် စိတ်အချရဆုံးသွားဆေးခန်းတစ်ခုကိုရွေးနေပြီဆိုရင်တော့ La Min သွားဆေးခန်းကိုလာရောက်ဖို့ဖိတ်ခေါ်လိုက်ပါတယ်ဗျ 💚
☎ Office Ph no: 09 956845781
☎ Hotline : 09964088331, 099640 38977
🏠 အမှတ်(၁၇)၊ မြင်သော်တာလမ်း၊ မိုးကုတ်(အောင်စင်္ကြာ) ဘုန်းကြီးကျောင်းရှေ့၊ စုပေါင်းအိမ်ရာ၊ (၁) ထူပါရုံရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့
#လမင်းသွားဆေးခန်း