06/05/2026
၆ လတစ်ခါ သွားနှင့်ခံတွင်းကို မဖြစ်မနေ စစ်ဆေးသင့်တဲ့ အကြောင်းရင်း 🦷✨
ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာတွေကြောင့် သွားနဲ့ခံတွင်းမှာ ပြဿနာသေးသေးလေးတွေ စတင်ဖြစ်ပေါ်နေတတ်ပါတယ်။ ဒီပြဿနာလေးတွေကို အချိန်မီ မသိလိုက်တဲ့အခါ နောက်ပိုင်းမှာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့လာရနိုင်ပါတယ်။
🔴 သွားကျောက်နဲ့ သွားဖုံးပြဿနာ (Calculus & Periodontitis)
သွားမှာ သွားကျောက် (Calculus) တွေ များလာပြီး အချိန်မီ မခြစ်ထုတ်ဘူးဆိုရင် သွားဖုံးရောင်ပြီး သွေးထွက်တဲ့ (Gingivitis) အဆင့်ကို စတင်ဖြစ်ပေါ်လာပါတယ်။ အဲဒီကနေတစ်ဆင့် အခြေအနေ ပိုဆိုးလာတဲ့အခါ ရေစီးကမ်းပြိုလို့ခေါ်တဲ့ (Periodontitis) ရောဂါဖြစ်လာပြီး သွားမြစ်တစ်ဝိုက်က အရိုးတွေ ဆုံးရှုံးတာ (Bone loss) တွေ ဖြစ်လာပါမယ်။ ဒီလို သွားကျောက်တွေကို စောစီးစွာ မဖယ်ရှားရင် အရိုးနိမ့်ကျလာပြီး သွားတွေဟာ အချိန်မတိုင်ခင် ယိုင်နဲ့လာကာ ကျွတ်ထွက်သွားတတ်ပါတယ်။ ဒါကြောင့် ရေစီးကမ်းပြိုနဲ့ သွားဖုံးရောင်ရောဂါတွေ မဖြစ်အောင် သွားကျောက် ရှိ၊ မရှိ စစ်ဆေးပြီး အချိန်မီ ဖယ်ရှားသင့်ပါတယ်။
🔴 သွားပိုးစားခြင်းနဲ့ အကြောသတ်ကုသခြင်း (Cavities & RCT)
နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ၆ လတစ်ခါ သွားပုံမှန် မစစ်ဆေးဘူးဆိုရင် သွားပိုးပေါက် သေးသေးလေးတွေကနေ တဖြည်းဖြည်း ပိုနက်လာပြီး အကြောသတ်ကုသရတဲ့ (RCT) အဆင့်၊ ဒါမှမဟုတ် သွားကို လုံးဝနုတ်ပစ်ရတဲ့ အဆင့်အထိ ဆိုးရွားသွားနိုင်တာပဲ ဖြစ်ပါတယ်။ သွားပိုးပေါက် သေးသေးလေးတွေ ဖြစ်နေချိန်မှာ ကြိုတင်သိရှိပြီး ဖာထေးလိုက်မယ်ဆိုရင် ငွေကုန်ကြေးကျများပြီး နာကျင်ရတဲ့ ကုသမှုတွေနဲ့ သွားနုတ်ရခြင်းကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
💡 ဒါကြောင့် ဘာလုပ်သင့်လဲ?
သွားကျောက်ဆိုတာ ရိုးရိုးသွားတိုက်ရုံနဲ့ ဖယ်ရှားလို့ မရသလို၊ သွားပိုးပေါက် သေးသေးလေးတွေကိုလည်း နာကျင်မှု မရှိသေးရင် ကိုယ်တိုင် သတိထားမိဖို့ ခက်ခဲပါတယ်။
ထို့ကြောင့် မိတ်ဆွေရဲ့ တန်ဖိုးရှိလှတဲ့ သွားလေးတွေ အချိန်မတိုင်ခင် ယိုင်နဲ့ကျွတ်ထွက်တာမျိုး မဖြစ်ရအောင်၊ ကြီးမားတဲ့ နာကျင်မှုနဲ့ ကုန်ကျစရိတ်တွေ မရှိရအောင် ၆ လတစ်ခါ သွားနှင့်ခံတွင်းကို သွားဆေးခန်းမှာ ပုံမှန်သွားရောက် စစ်ဆေးသင့်ပါတယ် လို့ အကြံပြုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာ။ 👨⚕️🏥
💬 သိရှိလိုတာတွေရှိရင်ပဲဖြစ်ဖြစ်၊ ကြိုတင် Booking ယူချင်ရင်ပဲဖြစ်ဖြစ် အောက်ပါဖုန်းနံပါတ်တွေကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။
☎️ 09-260729481, 09-772133927, 09-962597189
📍 လာရောက်ပြသလိုပါက - အမှတ်(၂၅၆)၊ ပထမထပ်၊ ပင်လုံလမ်း၊ စစ်တောင်း City Mart မျက်နှာချင်းဆိုင်၊ J-Donut အပေါ်ထပ်၊ မြောက်ဒဂုံမြို့နယ် ကို ယုံကြည်စိတ်ချစွာ လာရောက်နိုင်ပါတယ်။