DENT-T Dental Clinic

DENT-T Dental Clinic We will take responsibility for making your teeth healthy and smile confident.

Dental Implant နဲ့ ပတ်သက်ပြီး အထင်မှား အမှတ်မှားနေတာတစ်ခုရှိပါတယ်၊ အဲ့ဒါ Dental Implant နဲ့ လူနာရဲ့ အသက်အရွယ်ပါပဲ ⁉​🦷 အသ...
16/04/2026

Dental Implant နဲ့ ပတ်သက်ပြီး အထင်မှား အမှတ်မှားနေတာတစ်ခုရှိပါတယ်၊
အဲ့ဒါ Dental Implant နဲ့ လူနာရဲ့ အသက်အရွယ်ပါပဲ ⁉

​🦷 အသက်ကြီးရင် Dental Implant နဲ့ သွားစိုက်လို့မရတော့ဘူးလား?

​"ကျွန်တော်/ကျွန်မ အသက်က ၆၀ ကျော်နေပြီ၊ သွားစိုက်လို့ အောင်မြင်ပါ့မလား?" ဆိုပြီး စိုးရိမ်နေတဲ့ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွား တို့အတွက် သတင်းကောင်းတစ်ခု ရှိပါတယ်။

​တကယ်တော့ Dental Implant နဲ့ သွားစိုက်ခြင်းရဲ့ အောင်မြင်မှုနှုန်းဟာ "အသက်အရွယ်" နဲ့ တိုက်ရိုက်သက်ဆိုင်မှု မရှိပါဘူး။ အသက် ၈၀၊ ၉၀ အရွယ်တွေမှာတောင် အောင်မြင်စွာ ကုသနိုင်တဲ့ သာဓကတွေ အများကြီးရှိပါတယ်။

​✅ ဘာကြောင့် အသက်ကြီးပေမယ့် စိတ်ချရတာလဲ?
​၁။ အရိုးသိပ်သည်းဆက ပိုအရေးကြီးတယ်:
Implant အောင်မြင်ဖို့အတွက် အဓိကလိုအပ်ချက်က အသက်အရွယ်မဟုတ်ဘဲ စိုက်မယ့်နေရာမှာ ရှိတဲ့ မေးရိုးအခြေအနေ သာ ဖြစ်ပါတယ်။ မေးရိုးခိုင်မာမှုရှိရင် လူငယ်တွေနည်းတူ အောင်မြင်နိုင်ပါတယ်။
​၂။ ကျန်းမာရေးအခြေအနေက အဓိက:
အသက်ဘယ်လောက်ပဲရှိရှိ ဆီးချို စတဲ့ ရောဂါအခံတွေကို စနစ်တကျ ထိန်းသိမ်းထားနိုင်ရင် သွားစိုက်ကုသမှုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ပါတယ်။
​၃။ နည်းပညာသစ်များ:
ယနေ့ခေတ်မှာ ခွဲစိတ်မှုနည်းပညာတွေ တိုးတက်လာတာကြောင့် သက်ကြီးရွယ်အိုတွေအတွက် နာကျင်မှုနည်းပြီး မြန်မြန်ဆန်ဆန် သက်သာစေမယ့် နည်းလမ်းတွေ အများကြီး ရှိနေပါပြီ။

ကျွန်တော်တို့ အနေနဲ့ ​အကြံပြုရမယ်ဆိုရင် ​သွားစိုက်ဖို့အတွက် အသက်အရွယ်ကို ကြည့်ပြီး ဝေခွဲမရဖြစ်နေမယ့်အစား မိမိရဲ့ သွားဖုံးနဲ့ မေးရိုးအခြေအနေ ကို ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးကြည့်ဖို့ တိုက်တွန်းလိုပါတယ်။

​စနစ်တကျ ကုသမှုခံယူထားတဲ့ Dental Implant တစ်ခုဟာ သဘာဝသွားအတိုင်း ခိုင်မာမှုရှိလို့ အစားအစာတွေကို စိတ်ကြိုက်စားသုံးနိုင်ပြီး ဘဝရဲ့ အရသာကို အပြည့်အဝ ပြန်လည်ခံစားနိုင်မှာပါ။

ဒါတွေအတွက် စိတ်ချရတဲ့ DENT-T မှာ တိုင်ပင်ဆွေးနွေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

DENT-T DENTAL IMPLANT AND FAMILY DENTISTRY

📍 အမှတ်၅ခ၊ မြေညီထပ်၊ ဝတ်ကျောင်းလမ်း၊ ရေကျော်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

https://maps.app.goo.gl/Bko77g2hd5SVeVDn9

☎ ၀၉၄၂၄၄၇၄၇၇၂ ၊ ၀၉၄၅၅၁၀၁၅၀၀

​ #သွားနှင့်ခံတွင်းဗဟုသုတ

အပေါ်သွားနှုတ်ထားတာ ကြာသွားလို့ သွားပြန်စိုက်ဖို့ ခက်ခဲနေသလား ❓အရိုးပါးနေလို့၊ ဒါမှမဟုတ် လေအိတ်ကျနေလို့ (Sinus Drop) စိတ...
14/04/2026

အပေါ်သွားနှုတ်ထားတာ ကြာသွားလို့ သွားပြန်စိုက်ဖို့ ခက်ခဲနေသလား ❓
အရိုးပါးနေလို့၊ ဒါမှမဟုတ် လေအိတ်ကျနေလို့ (Sinus Drop) စိတ်ပူနေပါသလား ❓

​"အပေါ်သွားတွေ နှုတ်ပြီးလို့ အချိန်ကြာလာတဲ့အခါ သွားမြစ်ရှိခဲ့တဲ့နေရာက အရိုးတွေက တဖြည်းဖြည်း ပါးလာတတ်ပါတယ်။ အဲဒီအခါ အပေါ်ဘက်မှာရှိတဲ့ လေအိတ် (Maxillary Sinus) က ဟာသွားတဲ့နေရာကို အောက်ဘက်လျှောကျလာပြီး နေရာရွေ့လာပါတယ်။"

​"အဲဒီနေရာမှာ သွားပြန်စိုက်ချင်တယ် (Dental Implant လုပ်မယ်) ဆိုရင် စိုက်မယ့် Dental Implant ခိုင်ခိုင်မာမာရှိဖို့ အရိုးအထူ လုံလောက်ဖို့ လိုပါတယ်။ ဒါကြောင့် ကျဆင်းလာတဲ့ လေအိတ်ကို အပေါ်နည်းနည်း ပြန်တင်ပေးရတဲ့ (Sinus Lift) ကုသမှုလေး လုပ်ဖို့ လိုလာပါတယ်။"

​"အများစုက လေအိတ်တင်ရမယ်ဆိုရင် ပြင်ပက အရိုးမှုန့်တွေ (Foreign Bone Graft) အမြဲတမ်း ထည့်ရမယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ အမြဲတမ်း ထည့်စရာ မလိုပါဘူး။"

​"ခေတ်မီတဲ့ နည်းပညာတွေအရ၊ ကျွန်တော်တို့ စိုက်မယ့် သွားဝက်အူတိုင်လေးကပဲ တဲတိုင်လေးတစ်ခုလိုမျိုး လေအိတ်ကို အပေါ်ပင့်တင်ပေးထားပြီး၊ အဲဒီနေရာက လွတ်နေတဲ့ နေရာလေးထဲမှာ လူနာရဲ့ သဘာဝအရိုးစ​လေး တွေကနေတစ်ဆင့် ကိုယ်ပိုင်အရိုးအသစ် အဖြစ် အလိုလို ပြန်လည်ဖြစ်တည်လာအောင် လုပ်ပေးလို့ ရပါတယ်။"
​"ဒီလိုလုပ်ခြင်းအားဖြင့် ပြင်ပအရိုးမှုန့်တွေ သုံးစရာမလိုဘဲ လူနာရဲ့ သဘာဝကိုယ်ပိုင်အရိုးအသစ်တွေနဲ့ပဲ အကောင်းဆုံး ကုသနိုင်ပါတယ်။"

​"ဒါကြောင့် အရိုးမှုန့်တွေ ထည့်ရမှာ စိုးရိမ်နေရင် မပူပါနဲ့။ လူနာရဲ့ လက်ရှိသွားဖုံးနဲ့ အရိုးအခြေအနေကို သေချာစစ်ဆေးပြီး၊ အသင့်တော်ဆုံးနဲ့ သဘာဝအကျဆုံး နည်းလမ်းကို ရွေးချယ်ပေးသွားမှာပါ။"

​ခက်ခဲသိမ်မွေ့တဲ့ ကုသမှုတွေအတွက် လူနာများအနေဖြင့် စိတ်ပူစရာမလိုအောင် DENT-T တွင် အောက်ပါအချက်များကို အထူးဂရုစိုက် ဝန်ဆောင်မှုပေးနေပါသည်-
💯 ​ကျွမ်းကျင်မှုနှင့် အတွေ့အကြုံ - အဆင့်မြင့်နည်းပညာများကို ပိုင်နိုင်စွာ အသုံးပြုနိုင်ပြီး အတွေ့အကြုံရင့်ကျက်သည့် ကျွမ်းကျင်ဆရာဝန်များကိုယ်တိုင် တိကျသေချာစွာ ကုသပေးခြင်း။
💯 နာကျင်မှုကင်းဝေး - လူနာများအတွက် အသက်သာဆုံးနှင့် နာကျင်မှုမရှိစေမည့် အကောင်းဆုံး ကုသမှုအတွေ့အကြုံကို အလေးထားပေးစွမ်းခြင်း။
💯 ​ရေရှည်ယုံကြည်စိတ်ချရမှု - ယာယီဈေးနှုန်းသက်သာမှုထက် နိုင်ငံတကာအဆင့်မီ အရည်အသွေးနှင့် ရေရှည်ခိုင်မာမှုကိုသာ အဓိကထားပြီး လူနာတိုင်းအတွက် စိတ်အချရဆုံး ဝန်ဆောင်မှုကို ပေးအပ်ခြင်း။
🦷​ ခက်ခဲတဲ့ သွားနှင့်ခံတွင်း ပြဿနာတွေအတွက် စိတ်ပူစရာမလိုဘဲ အကောင်းဆုံးရလဒ်ကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့... DENT-T ကိုသာ သတိရလိုက်ပါ။

DENT-T DENTAL IMPLANT AND FAMILY DENTISTRY

📍 အမှတ်၅ခ၊ မြေညီထပ်၊ ဝတ်ကျောင်းလမ်း၊ ရေကျော်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

https://maps.app.goo.gl/Bko77g2hd5SVeVDn9

☎ ၀၉၄၂၄၄၇၄၇၇၂ ၊ ၀၉၄၅၅၁၀၁၅၀၀

Dental Assistant   (Female) ၂ဦး အလိုရှိသည်။- အသက် 30နှစ် အောက်- နယ်မှလာသူများအတွက် အဆောင်ကူရှာပေးပါသည်။- ကျန်းမာရေးကောင...
14/04/2026

Dental Assistant (Female) ၂ဦး အလိုရှိသည်။

- အသက် 30နှစ် အောက်

- နယ်မှလာသူများအတွက် အဆောင်ကူရှာပေးပါသည်။

- ကျန်းမာရေးကောင်းမွန်သူ
- လေးစားလိုက်နာဆောင်ရွက်နိုင်သူ
- ရိုးသားကြိုးစားသူ
- အချိန်လေးစားသူ
- ရေရှည်လုပ်ကိုင်နိုင်သူ

💎 ပညာအရည်အချင်း အထက်တန်း
💎 အလုပ်အတွေ့အကြုံမရှိလျှင် သင်ကြားပေးသည်။

🔑 ရိုးသားကြိုးစားပြီး သန့်ရှင်းရေးမှစ၍ ဆေးခန်းကိစ္စအဝဝ ကို သေချာစွာ လုပ်ကိုင်နိုင်သူ ဖြစ်ရပါမည်။

⏰ အလုပ်ချိန် - နံနက် ၉နာရီ မှ ည ၇နာရီ

📌 အလုပ်သင်ကာလအတွင်း တစ်လလျှင် လကုန်ရက်တစ်ရက် နားရက်ရပါမည်။

📌 အလုပ်သင်ကာလပြီးမြောက်ပါက တပတ်တရက် နားရက်ရပါမည်။

💯 အရည်အချင်းနဲ့ အလုပ်ကြိုးစားမှုပေါ်မူတည်၍ လစာရှိပါသည်။ (350,000-400,000-450,000-500,000)

CV form နှင့် မျှော်မှန်းလစာ ကို Viber number 09972977749 or cb တွင်ပို့၍ လျောက်ထားနိုင်ပါသည်။

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် အခါသမယ မှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွားတိုးတက်ခြင်းများနှင့် ကောင်းကျိုးလိုရာဆန္ဒမျာ...
12/04/2026

မြန်မာ့နှစ်သစ်ကူး အတာသင်္ကြန် အခါသမယ မှစ၍
စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွားတိုးတက်ခြင်းများနှင့်
ကောင်းကျိုးလိုရာဆန္ဒများ ပြည့်စုံပါစေကြောင်း
DENT-T မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အတာသင်္ကြန်ကာလ 13.4.2026(Mon) မှ 17.4.2026(Fri) နေ့အထိ ဆေးခန်းခေတ္တပိတ်ထားမည်ဖြစ်ပါသည်။

18.4.2026(Sat) တွင် ဆေးခန်းပုံမှန်ဝန်ဆောင်မှုအတိုင်း ကုသမှုများပြန်လည်စတင်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

DENT-T DENTAL IMPLANT AND FAMILY DENTISTRY

📍 အမှတ်၅ခ၊ မြေညီထပ်၊ ဝတ်ကျောင်းလမ်း၊ ရေကျော်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

https://maps.app.goo.gl/Bko77g2hd5SVeVDn9

☎ ၀၉၄၂၄၄၇၄၇၇၂ ၊ ၀၉၄၅၅၁၀၁၅၀၀

DENT-T DENTAL IMPLANT AND FAMILY DENTISTRY ကို အခန်းတွင်းပြင်ဆင်မှု ပြုလုပ်နေပါသဖြင့် 15-March-2026 မှ 31-March-2026 အထိ...
14/03/2026

DENT-T DENTAL IMPLANT AND FAMILY DENTISTRY ကို အခန်းတွင်းပြင်ဆင်မှု ပြုလုပ်နေပါသဖြင့် 15-March-2026 မှ 31-March-2026 အထိ ခေတ္တခန ပိတ်ထားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည် ခင်ဗျာ။

ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများနဲ့ 1-April-2026 မှစတင်၍ သွားမြစ်တု (Dental Implant) ကုသမှုများနှင့် ​အခြားသော သွားနှင့်ခံတွင်းပြဿနာများကို ပြန်လည်ကုသစောင့်ရှောက်မှုပေးနိုင်မှာဖြစ်ပါတယ်လို့ သတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။

ဆေးခန်းရပ်နားထားချိန်အတွင်း သိလိုသည်များနှင့် ကြိုတင်ရက်ချိန်းရယူလိုမှုများအတွက် 09424474772 ကို ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ ။

DENT-T မှာ Dental Implant ဘာလို့ စိုက်သင့်တာလဲ? 🤔​သွားမရှိလို့ အစားကောင်းကောင်းမစားနိုင်၊ ယုံကြည်မှုရှိရှိ မပြုံးရဲဖြစ်န...
17/01/2026

DENT-T မှာ Dental Implant ဘာလို့ စိုက်သင့်တာလဲ? 🤔

​သွားမရှိလို့ အစားကောင်းကောင်းမစားနိုင်၊ ယုံကြည်မှုရှိရှိ မပြုံးရဲဖြစ်နေပါသလား? သဘာဝသွားအတိုင်း ပြန်လည်အစားထိုးပေးနိုင်တဲ့ Dental Implant (သွားမြစ်တု) စိုက်ဖို့ စဉ်းစားနေတယ်ဆိုရင် DENT-T က အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။ ✅

​ဘာကြောင့် DENT-T ကို ရွေးချယ်သင့်တာလဲ? 👇
​(၁) စိတ်ကြိုက်ရွေးချယ်စရာ နိုင်ငံတကာအမှတ်တံဆိပ် (၄) မျိုးတောင် ရှိခြင်း 🌍
လူနာတွေရဲ့ Budget နဲ့ လိုအင်ဆန္ဒအပေါ်မူတည်ပြီး ရွေးချယ်နိုင်ဖို့အတွက် နိုင်ငံတကာအဆင့်မီ Implant တွေကို စုံစုံလင်လင် ဖြည့်ဆည်းထားပေးပါတယ်။

​🇮🇹 Italy Made (အီတလီ)
​🇰🇷 Korea Made (ကိုရီးယား - ၂ မျိုး)
​🇮🇱 Israel Made (အစ္စရေး)

​(၂) ကျွမ်းကျင်မှုနဲ့ အတွေ့အကြုံ (Expertise & Experience) 👨‍⚕️
နိုင်ငံတကာ (International) Training ပေါင်းများစွာကို တက်ရောက်ထားပြီး၊ လက်တွေ့ Case ပေါင်းများစွာကို အောင်မြင်စွာ ကုသပေးထားတဲ့ ဆရာဝန်ကိုယ်တိုင် ဂရုတစိုက် ကုသပေးမှာဖြစ်လို့ ရာနှုန်းပြည့် စိတ်ချရပါတယ်။
​အရည်အသွေးကောင်းမွန်တဲ့ Implant အမျိုးအစားတွေနဲ့ ကျွမ်းကျင်ဆရာဝန်ရဲ့ ကုသမှုပေါင်းစပ်လိုက်တဲ့အခါ လူကြီးမင်းတို့အတွက် အကောင်းဆုံးရလာဒ်ကို ရရှိစေမှာပါ။ ✨
​အသေးစိတ်ဆွေးနွေးတိုင်ပင်လိုပါက Page Messenger (သို့မဟုတ်) ဖုန်းကနေတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ 📩

DENT-T DENTAL IMPLANT AND FAMILY DENTISTRY

📍 အမှတ်၅ခ၊ မြေညီထပ်၊ ဝတ်ကျောင်းလမ်း၊ ရေကျော်၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

https://maps.app.goo.gl/Bko77g2hd5SVeVDn9

☎ ၀၉၄၂၄၄၇၄၇၇၂ ၊ ၀၉၄၅၅၁၀၁၅၀၀

31/12/2025
26/12/2025

ယုံယုံကြည်ကြည်နဲ့ 💯
မိသားစုတစ်စုထဲက တစ်ပတ်ထဲမှာတင် နှစ်ယောက် က Dental Implant နည်းနဲ့သွားလာစိုက်တာ ကျေးဇူး အထူးတင်ရှိပါတယ် ခင်ဗျာ။
ယုံကြည်ပေးသလို အကောင်းဆုံးကုသမှုကို အကောင်းဆုံးပစ္စည်းတွေနဲ့ အကောင်းဆုံး ကုသပေးခဲ့ပါတယ် 🥰

Simple Crestal Sinus Lift with Sinus Drill









🥰 ကိုယ့် Customer ယုံကြည်ချက် 💯 🥰 ဘယ်ညာတစ်ပြိုင်တည်းသုံးချောင်းထည့်🥰 ချက်ချင်းနှုတ်ပြီးထည့်တာ တစ်ချောင်းပါသေးတယ်ဗျ ယုံကြ...
24/12/2025

🥰 ကိုယ့် Customer ယုံကြည်ချက် 💯
🥰 ဘယ်ညာတစ်ပြိုင်တည်းသုံးချောင်းထည့်
🥰 ချက်ချင်းနှုတ်ပြီးထည့်တာ တစ်ချောင်းပါသေးတယ်ဗျ
ယုံကြည်မှုကြောင့် အားတိုးရပါပြီး အကောင်းဆုံးကုသမှုပေးခဲ့ပါပြီ 🙏








* Patient အတွက် Simple ဖြစ်အောင် စဥ်းစားပေးနိုင်ရမယ်။* Simple ဖြစ်ရုံနဲ့လဲမရဘူး Successful Treatment outcome နဲ့ ရရမယ်။🥰...
23/12/2025

* Patient အတွက် Simple ဖြစ်အောင် စဥ်းစားပေးနိုင်ရမယ်။
* Simple ဖြစ်ရုံနဲ့လဲမရဘူး Successful Treatment outcome နဲ့ ရရမယ်။

🥰 ကျွန်တော်တို့ DENT-T DENTAL IMPLANT AND FAMILY DENTISTRY က လူနာတစ်ယောက်ချင်းစီတိုင်းကို ဒီလို စိတ်စေတနာတွေနဲ့ အမြဲကုသပေးပါတယ် ခင်​ဗျာ 🥰







22/12/2025

သွားနှုတ်ပြီး 5လ အကြာမှာ DIO DENTAL IMPLANT (Made in KOREA) နဲ့ သွားပြန်စိုက်ပေးထားတာ ဖြစ်ပါတယ် ခင်ဗျာ 🥰

Address

No(5), Wut Kyaung Street, Pazundaung Township
Yangon
11171

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959453335599

Website

Alerts

Be the first to know and let us send you an email when DENT-T Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to DENT-T Dental Clinic:

Share