City Dental - Aesthetic, Orthodontic and Implant Center

City Dental - Aesthetic, Orthodontic and Implant Center City Dental Center is always ready for you both in dental health and dental aesthetic treatments

မေး။ သွားညှိပြီးနောက် ဘာလို့သွားတွေပြန်ကျဲကုန်တာလဲ။ဒေါက်တာ စန္ဒာမြင့် - ဖြေ။ သွားထပ်လို့ဖြစ်စေ၊ သွားကျဲလို့ဖြစ်စေ  သွားလ...
26/01/2026

မေး။ သွားညှိပြီးနောက် ဘာလို့သွားတွေပြန်ကျဲကုန်တာလဲ။

ဒေါက်တာ စန္ဒာမြင့် - ဖြေ။ သွားထပ်လို့ဖြစ်စေ၊ သွားကျဲလို့ဖြစ်စေ သွားလေးတွေညီညာသွားဖို့ Brace တပ်ကြတယ်။ အနည်းဆုံး ၁နှစ်ခွဲ ၂နှစ် အချိန်တွေယူပြီးတပ်ကြတယ်။ နောက်ဆုံး Perfect ဖြစ်တဲ့ Result လည်းရပြီ။ Patient ကလည်း Satisfied ဖြစ်သွားပြီဆို ဖြတ်ကြတယ်ပေါ့နော်။ Brace ဖြုတ်ပြီးပြီဆို သွားတွေက Position အသစ်ကို‌ရောက်သွားကြပါပြီ။ Position အသစ်နေရာအသစ်မှာရောက်သွားပြီ...လှသွားပြီ။ အဲ့ဒီချိန်မှာ ဆရာမတို့က Brace ကိုဖြုတ်လိုက်တယ်ဆိုရင် အထိန်းကိုဖြုတ်လိုက်တာဖြစ်တဲ့အတွက် Stability ကောင်းအောင် ဆက်ပြီးတော့ သွားလေးတွေက နေရာအသစ်မှာ မှတ်မိနေအောင်ဆိုတဲ့အနေအထားနဲ့ Retainer ကိုဆက်တပ်ပေးရတာပေါ့နော်။ Retainer ဆိုတာက Ortho Patient တိုင်းဆက်တပ်ရတဲ့ Process ပေါ့နော်။ ဘာကြောင့်လဲဆိုရင် လှပနေတဲ့ သွားလေးတွေကို နေရာသစ်မှာ ထပ်ပြီး အကြာကြီးမှတ်မိနေအောင် ထားရတဲ့ သဘောပဲပေါ့။ ဆိုတော့ ဆရာမတို့က အတုံးဖြုတ်ပြီးရင် Retainer တပ်ရမယ်။ လူနာတွေဘက်ကလည်း ဒီ retainer တွေကို သေချာလေးသတိထားပြီး ဂရုစိုက်တပ်ပေးရမယ်။ ဒါ့အပြင် ဆေးခန်းဘက်ကလည်း Retainer ကို Proper retainer (အသင့်တော်ဆုံး အလိုအပ်ဆုံး) ဖြစ်မယ့် Retainer ကိုတပ်ပေးဖို့ လိုပါတယ်။ လူနာတွေက ဆရာမ ပြောပြဖူးသလိုပါပဲ..... Case တွေက မတူဘူး။ တစ်ယောက်နဲ့တစ်ယောက် ပြုပြင်ပေးထားတဲ့ပုံစံတွေမတူကြဘူး။ အဲ့ဒီပေါ် မူတည်ပြီး ဒီလူနာဆိုရင်တော့ ဘယ်လို Retainer တပ်ပေးရင်အဆင်ပြေမယ်။ ပိုကောင်းမယ်ဆိုတာမျိုး ဆရာမတို့ Orthodontic တွေက ရွေးချယ်ပေးဖို့လိုပါတယ်။ Patient ကလည်းသေချာလေး ဂရုစိုက်တပ်ဖို့ သတိထားပေးမယ်ဆိုရင် သွားတွေက Stability ကောင်းသွားပြီး Relax ဖြစ်တာ (သွားပြန်ကျဲသွားတာ၊ ပြန်ဟသွားတာ၊ ပြန်ထပ်သွားတာ) မျိုးတွေ မဖြစ်တော့ပါဘူး။ ဒါကြောင့်လူနာတွေဘက်က သေချာလေးတပ်ပေးဖို့အရေးကြီးပါတယ်။ တစ်ချို့လူနာတွေကျတော့ Brace ဖြုတ်လိုက်ပြီဆိုရင် စားချင်တာတွေစားတယ်။ Retainer လည်းမတပ်ဘူး။ အစားစားတဲ့ချိန်ဖြုတ်ပြီးရင်လည်း ပြန်တပ်ဖို့ သတိမရဘူး။ ဆိုတဲ့အခါ သွားတွေက Relax ရတယ်ပေါ့နော်။ နောက်ဒီ Proper Retainer တွေမလုပ်ထားရင်လည်း တပ်တော့တပ်ပေမယ့် သွားနဲ့ Fitting မကျဘူး။ လိုအပ်တဲ့နေရာကိုသေချာလေးမထိန်းပေးဘူးဆိုရင် Relax ရသွားတတ်ပါတယ်။ ဆိုတော့ ဒီလိုမျိုးမဖြစ်အောင် ပြန်ပြီး အစကနေမတပ်ရအောင် ဆရာမတို့က Proper Retainer ကိုတပ်ပေးဖို့ လိုပါတယ်။

နောက်ပြီး ရှေ့သွားလေး‌တွေ အရမ်းပြင်ထားတာ၊ ထပ်နေလို့ ကျဲနေလို့ ပြန်ပြီးစိထားရတယ်။ ဒီလူနာတွေဆိုရင် ရှေ့သွားလေးတွေက အရေးကြီးပါတယ်။ ဆရာမတို့က ပြန်ပြီး ကျဲသွားတာ၊ ထပ်သွားတာ မဖြစ်ချင်ဘူးဆိုရင် Fixed retainer လိုမျိုးလုပ်ပေးရင်ပိုပြီးစိတ်ချရပါတယ်။ Fixed retainer ဆိုတာ အသေဖြစ်တယ်။ သွားတွေရဲ့အတွင်းထဲမှာ ထိန်းထားတာမျိုးပါ။ အပြင်ကကြည့်ရင် လှနေတာပဲ တပ်ထားမှန်းလည်းမသိသာပါဘူး။ ဒီလိုမျိုး Fixed retainer လိုအပ်နေတဲ့ လူနာကို Essix retainer အကြည်စွပ်လေးပဲ တပ်ပေးထားမယ်ဆိုရင် Relax ရဖို့ Chance အရမ်းများပါတယ်။ ဒီလိုမျိုးအရေးကြီးတဲ့ Retainer ကိုလူနာတွေအနေနဲ့ ကိုယ်နဲ့ အသင့်တော်ဆုံးကို ‌ရွေးချယ်တပ်ပေးသင့်ပါတယ်။ ဒါဆိုရင် brace ဖြုတ်ပြီးလို့ ပြန်ကျဲသွားတာ၊ အစကနေပြန်တပ်ရတာ စတဲ့ Chance တွေနည်းသွားပါမယ်။ အဲ့တာကြောင့် ဆရာမအနေနဲ့ပြောပြချင်တာကတော့ Ortho Treatment ယူထားတဲ့လူနာတွေအနေနဲ့ Retainer ကိုမဖြစ်မနေတပ်ပေးဖို့နဲ့ ကိုယ်နဲ့ သင့်တော်တဲ့ Retainer ကိုသာတပ်ပေးဖို့ မှာချင်ပါတယ်။

အခု သွားညှိကုသမှုနဲ့သက်ဆိုင်တဲ့ အကြောင်းအရာလေးကိုတော့ City Dental ရဲ့ Dr.Talk အစီအစဥ်ထဲမှာ သွားညှိအထူးကုဆရာဝန်ကြီး ဒေါက်တာစန္ဒာမြင့်ကိုယ်တိုင် ဖြေကြားပေးထားတာလေးကို စာအရေးအသားနဲ့ ပြန်လည်မျှဝေပေးထားတာဖြစ်ပါတယ် 💛

🔸 အသေးငယ်ဆုံး အနေအထားမှာတည်းက ဖာထေးကုသဖို့ လိုအပ်တဲ့ထဲမှာ သွားပိုးပေါက်တွေ အဓိက ပါဝင်ပါတယ်။🔸 သွားပိုးပေါက်တွေ တဖြည်းဖြည်...
25/01/2026

🔸 အသေးငယ်ဆုံး အနေအထားမှာတည်းက ဖာထေးကုသဖို့ လိုအပ်တဲ့ထဲမှာ သွားပိုးပေါက်တွေ အဓိက ပါဝင်ပါတယ်။
🔸 သွားပိုးပေါက်တွေ တဖြည်းဖြည်း နက်လာတဲ့အခါ သွားကျဥ်၊ သွားကိုက်ဝေဒနာတွေ ခံစားရနိုင်ပြီး အဆိုးဆုံးအနေနဲ့ သွားအကြောထုတ်ကုသမှုပါ ခံယူရနိုင်တယ်နော်
🔸 ဒီတစ်ခေါက်မှာတော့ သွားပိုးပေါက်တွေ ကိုက်တဲ့အခါ အမြန်ဆုံးသက်သာစေမယ့် အန္တရာယ်ကင်း နည်းလမ်းကောင်းတွေကို မျှဝေပေးမှာ ဖြစ်ပါတယ်။

◼️◼️ ဆားရည်နဲ့ ပလုပ်ကျင်းပေးပါ
ဆားနဲ့ ရေနွေးနွေးလေးကို ရောပြီး ပလုပ်ကျင်းပေးတာက သွားကိုက်ဝေဒနာ သက်သာစေနိုင်ပြီး ပြင်ပရောဂါပိုးဝင်တာတွေကလည်း ကာကွယ်ပေးနိုင်ပါတယ်။

◼️◼️ ရေခဲကပ်ပေးပါ
ရေခဲကို ပါးအပြင်ဘက်ကနေ ကပ်ပေးတာက သွားကိုက်ဝေဒနာအပြင် ရောင်ရမ်းတာတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။

◼️◼️ အကိုက်အခဲပျောက်ဆေး သောက်ပါ
သွားက မခံနိုင်အောင် အရမ်းကိုက်နေတာ၊ နာနေတာ ဆိုရင်တော့ အကိုက်အခဲပျောက်ဆေး Paracetamol သောက်လို့ ရပါတယ်။ ဒါပေမယ့် အကိုက်အခဲပျောက်ဆေးက ယာယီအတွက်ပဲ သွားကိုက်ဝေဒနာကို သက်သာစေနိုင်တာကိုတော့ ကြိုတင်သိထားဖို့ လိုအပ်ပါတယ်။

◼️◼️ အိမ်တွင်းနည်းလမ်းတွေ လိုက်မလုပ်ပါနဲ့
အထူးသတိထားသင့်တာက အိမ်တွင်းနည်းလမ်းတွေဖြစ်တဲ့ သွားပိုးချတာတွေ၊ သွားပိုးပေါက်ထဲကို ဓာတုပစ္စည်းတွေထည့်တာတွေ လုံးဝမလုပ်သင့်ပါဘူး။ ဒီနည်းလမ်းတွေက ခေတ္တယာယီသက်သာနိုင်ပေမယ့် သွားနဲ့ခံတွင်းကျန်းမာရေးကို အန္တရာယ်ရှိစေနိုင်ပါတယ်။

◼️◼️ နီးစပ်ရာ သွားဆေးခန်းမှာ ကုသမှုခံယူပါ
သွားပိုးပေါက်က ကိုက်လာပြီဆိုတာနဲ့ အမြန်ဆုံး ကျွမ်းကျင်ဆရာဝန်တွေနဲ့ သေချာကုသမှုခံယူတာ အကောင်းဆုံးပါပဲ။ ဒါမှသာ သွားပိုးပေါက်တွေကို ဖာထေးကုသပြီး ကျန်းမာကြံ့ခိုင်တဲ့ သွားလေးတွေကို ပြန်လည်ပိုင်ဆိုင်နိုင်မှာပါ။

☑️ City Dental Center မှာ သွားပိုးပေါက်တွေကို နောက်ဆုံးပေါ် Composite Filling နည်းလမ်းနဲ့ ဖာထေးကုသမှုပေးတာဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ သွားဆရာဝန်တွေကိုယ်တိုင် ပိုးပေါက်ထဲက အဆွေးတွေကို ရှင်းလင်းပြီးမှ လေဆာဆေးနဲ့ သေချာဖာထေးပေးတာပါ။

ဆေးခန်းလိပ်စာနဲ့ဖုန်းနံပါတ်လေးကတော့
🏡 အမှတ် အေ(၅)၊ သံသုမာအိမ်ယာ၊ သံသုမာလမ်းမ၊ သု၀ဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
📞 09 40533 4433
📞 09 40533 4422 (Viber)

ကလေးတွေရဲ့  ညီညာလှပတဲ့ အနာဂတ်အတွက် Ortho ကုသမှုခရီးစဥ် ◾◾◾💭 သွားလေးတွေကို ညီညာလှပစေတဲ့ သွားညှိကုသမှုက သားသား၊ မီးမီးတွေ ...
24/01/2026

ကလေးတွေရဲ့ ညီညာလှပတဲ့ အနာဂတ်အတွက် Ortho ကုသမှုခရီးစဥ် ◾◾◾

💭 သွားလေးတွေကို ညီညာလှပစေတဲ့ သွားညှိကုသမှုက သားသား၊ မီးမီးတွေ အတွက်လည်း လိုအပ်တယ်နော်

ကလေး သွားမညီမညာဖြစ်နေတာ၊ သွားကျဲနေတာ၊ သွားထပ်နေတာတွေ ကြိုတင်ပြီး သိတာနဲ့ သွားညှိကုသမှုခံယူမယ်ဆို အနာဂတ်မှာ ညီညာလှပတဲ့သွားလေးတွေ ပိုင်ဆိုင်နိုင်မှာပါ☑️

သွားညှိကုသမှုကို သားသား၊ မီးမီးလေးတွေအနေနဲ့
◼️ လူကြီးသွားတွေ စုံတာနဲ့ စတင်ကုသမှုခံယူမယ်
◼️ ကျွမ်းကျင်တဲ့ Ortho Specialist နဲ့ Treatment Plan ဆွဲမယ်
◼️ ဆေးခန်းရက်ချိန်း ပုံမှန်လာပြမယ်
◼️ သွားကျန်းမာရေးကိုလည်း သေချာဂရုစိုက်ပေးမယ်ဆိုရင် အောင်မြင်တဲ့ သွားညှိကုသမှုတစ်ခု ဖြစ်မှာ သေချာပါတယ်။

🔸 ကလေးသွားတွေ ဘယ်အချိန်မှာ အကုန်လဲမယ်၊ လူကြီးသွားတွေ စုံပြီလား၊ သွားဆေးခန်းနဲ့ အကျွမ်းတဝင်ဖြစ်နေဖို့ဆိုရင်တော့ ကလေးအသက်ငယ်စဥ်တည်းက Dental Check-up ပုံမှန်လုပ်ပေးဖို့ လိုအပ်ပါတယ်။
🔸 အချိန်တစ်ခုပေးပြီး ညီညာအောင်ညှိထားတဲ့ သွားလေးတွေ ပြန်ရွေ့မသွားအောင်လည်း Retainer သေချာတပ်ပေးဖို့ မမေ့ပါနဲ့။

☑️ City Dental Center မှာ သွားညှိကုသမှုကို Orthodontic Specialist အထိုင်ထားရှိထားတဲ့အပြင် Ortho Department သီးသန့်နဲ့ ကုသမှုပေးတာဖြစ်ပါတယ်။
☑️ သားသား၊ မီးမီးလေးတွေအတွက် စိတ်ချယုံကြည်ရတဲ့ Treatment Plan ဆွဲပေးနိုင်ပြီး သွားအခြေအနေတိုးတက်မှုကိုပါ သေချာပြောပြပေးပါတယ်။
☑️ ရက်ချိန်းတွေ ပြန်လာပြတဲ့အခါမှာလည်း ကျောင်းချိန်တွေနဲ့ အဆင်ပြေအောင်ညှိပေးလို့ ကလေးသွားညှိဖို့ စိတ်ချရတဲ့ သွားဆေးခန်းရှာနေတယ်ဆို CDC ကအသင့်ရှိပါတယ်။

ဆေးခန်းလိပ်စာနဲ့ဖုန်းနံပါတ်လေးကတော့
🏡 အမှတ် အေ(၅)၊ သံသုမာအိမ်ယာ၊ သံသုမာလမ်းမ၊ သု၀ဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
📞 09 40533 4433
📞 09 40533 4422 (Viber)

သွားပိုးပေါက်လေးတွေက ဘယ်အဆင့်ရောက်နေပြီလဲ💭 သွားမျက်နှာပြင်မှာ အမည်းရိပ်လေးတွေ မြင်နေရပြီလား💭 အစာဝင်တာနဲ့ ညှပ်နေပြီလား💭 ဘ...
23/01/2026

သွားပိုးပေါက်လေးတွေက ဘယ်အဆင့်ရောက်နေပြီလဲ

💭 သွားမျက်နှာပြင်မှာ အမည်းရိပ်လေးတွေ မြင်နေရပြီလား

💭 အစာဝင်တာနဲ့ ညှပ်နေပြီလား

💭 ဘာစားစား သွားကိုက်နေပြီလား

ကိုယ့်သွားပိုးပေါက်လေးကို ပြန်စစ်ဆေးကြည့်ဦးနော်

☑️ ပိုးပေါက်လေးတွေက အမည်းရိပ်အဆင့်ဆိုရင်တော့ သွားဖာထေးကုသပေးလို့ရပါ‌သေးတယ်

☑️ ပိုးပေါက်ထဲ အစာဝင်နေပြီဆိုရင် အမြန်ဆုံး ကုသပေးဖို့လိုနေပါပြီ

☑️ အစာဝင်တာနဲ့ ကိုက်နေတဲ့ သွားပိုးပေါက်ဆိုရင်တော့ သွားအကြောထုတ်ပေးရဖို့ ရာခိုင်နှုန်းများပါတယ်

သွားပိုးပေါက်တွေကို ဖာထေးကုသမယ်ဆိုရင်တော့ အကောင်းဆုံး လေဆာဆေး Composite Filling နဲ့ ကုသလို့ရပါတယ်။ လေဆာဆေး Composite Filling က သွားအရောင်နဲ့ တသားတည်းထပ်တူကျပြီး ကြာရှည် ခိုင်ခံ့မှုအားလည်းကောင်းပါတယ်

◾◾◾ City Dental မှာ သွားဖာတဲ့အခါ ကျွမ်းကျင်ဆရာဝန်တွေကိုယ်တိုင် ပိုးပေါက်ထဲမှာရှိတဲ့ အဆွေးတွေကို သေချာရှင်းလင်း‌ပေးကာ လေဆာဆေး Composite Filling ဆေးကို တစ်လွှာချင်းစီဖြည့်ပြီး VALO LED လေဆာစက်နဲ့ Light ပြပေးတာဖြစ်လို့ စားလို့ဝါးလို့ကောင်းပြီးခိုင်ခံ့တဲ့ သွားတစ်စုံကို ရရှိစေပါတယ်

◾◾◾ ပိုးပေါက်ကုသတဲ့အခါ နာကျင်မှုလည်းမရှိ၊ ကုသချိန်လည်း မြန်တာကြောင့် အချိန်ခဏလေးနဲ့ ပိုးပေါက်လေးတွေ ကင်းဝေးစေပါတယ်

ကဲ … သွားမကိုက်ခင်မှာ သွားပိုး‌ပေါက်ဖာဖို့ အမြန်ဆုံး CDC ကိုလှမ်းလာခဲ့လိုက်တော့နော် 💛

ဆေးခန်းလိပ်စာနဲ့ဖုန်းနံပါတ်လေးကတော့

အမှတ် အေ(၅)၊ သံသုမာအိမ်ယာ၊ သံသုမာလမ်းမ၊ သု၀ဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

📞 09 40533 4433

📞 09 40533 4422 (Viber)

◼️◼️ သွားဖြူဖြူလေးတွေက နေ့စဥ်ပြောဆိုဆက်ဆံတဲ့အခါမှာ သင့်ကို ယုံကြည်မှုပိုတိုးစေမှာဖြစ်ပြီး လူအများရဲ့ အားကျခြင်းကိုလည်း ခ...
22/01/2026

◼️◼️ သွားဖြူဖြူလေးတွေက နေ့စဥ်ပြောဆိုဆက်ဆံတဲ့အခါမှာ သင့်ကို ယုံကြည်မှုပိုတိုးစေမှာဖြစ်ပြီး လူအများရဲ့ အားကျခြင်းကိုလည်း ခံရစေမှာပါ
◼️◼️ သွားတွေကို အချိန်တခဏအတွင်း ဖြူဝင်းစေတဲ့ နည်းလမ်းကောင်းတွေ အများကြီးထဲက
ဝယ်ယူပြီးတာနဲ့ အိမ်မှာ အလွယ်တကူအရောင်တင်နိုင်တဲ့ Whitening Take-Home Kit ရဲ့ အသုံးပြုနည်းအမှန်ကို ပြောပြပေးမှာ ဖြစ်ပါတယ်

☑️ Take-Home Kit တွေက Day White နဲ့ Night White နှစ်မျိုးရှိပြီး Home Kit တစ်ဗူးထဲမှာ မိမိသွားပုံစံတူ Custom Tray, Hydrogen Peroxide အနည်းငယ်ပါတဲ့ သွားဖြူဆေးရည်၊ Tray ထည့်ထားဖို့ Case, Take-Home အသုံးပြုနည်း (Instruction) တွေ ပါဝင်မှာပါ။

💭 ပထမဆုံး သွားသေချာတိုက်ပြီး သွားကြားတွေပါသန့်စင်စေဖို့ Floss အသုံးပြုပါ။
💭 မိမိသွားပုံစံတူ Custom Tray ရဲ့ နေရာအနှံ့ကို သွားဖြူဆေးရည် အနည်းငယ် သုတ်လိမ်းပါ။
💭 ထို့နောက် သွားပေါ်မှာ သတ်မှတ်အချိန်အတိုင်း Custom Tray ကို တပ်ထားပါ။
💭 အချိန်ပြည့်တဲ့အခါ Custom Tray ဖြုတ်ပြီး သွားပေါ်မှာ ကျန်ခဲ့တဲ့ ဆေးရည်ကို ပြောင်အောင်သုတ်ပါ။
💭 ပါးစပ်နဲ့ Custom Tray ကို ရေနဲ့သေချာဆေးပါ။
💭 Take-Home Kit အသုံးပြုပြီး သွားကျဥ်တယ်ဆို Sensitive Toothpaste အသုံးပြုပေးပါ။

🔸 Take-Home Kit တွေက Clinic တွေမှာ အသုံးပြုတဲ့ ဆေးရည်ထက် Hydrogen Peroxide ပါဝင်မှုနည်းလို့ သွားဖြူကုထုံး ခံယူပြီးသူ၊ နဂိုသွားအရမ်းမဝါတဲ့သူတွေ အသုံးပြုဖို့ ပိုသင့်တော်ပါတယ်။
🔸 သွားဖြူကုထုံး ခံယူပြီးတဲ့သူတွေအနေနဲ့ Take-Home Kit ကို မိမိသွားအရောင် အရောင်ပြန်ကျပြီလို့ ထင်တဲ့အချိန်မှာ စတင်အသုံးပြုနိုင်ပါတယ်။
🔸 Take-Home Kit တွေ အသုံးပြုပြီးတဲ့ အခါမှာလည်း အရောင်စွန်းထင်းလွယ်တဲ့ အစားအသောက်တွေ ရှောင်ကြဥ်ပေးမှ ကြာရှည်ခံတဲ့ Result ရရှိနိုင်မှာ ဖြစ်ပါတယ်။

🎉 City Dental Center မှာ New Year Promotion အနေနဲ့ Philips Zoom Take-Home Kit ကို အတန်ဆုံးလျှော့ဈေးနဲ့ ရောင်းချပေးနေတယ်နော်
ဆေးခန်းလိပ်စာနဲ့ဖုန်းနံပါတ်လေးကတော့
🏡 အမှတ် အေ(၅)၊ သံသုမာအိမ်ယာ၊ သံသုမာလမ်းမ၊ သု၀ဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
📞 09 40533 4433
📞 09 40533 4422 (Viber)

21/01/2026

💭 CDC ရဲ့ Dr.Talk အစီအစဥ်လေး ပြန်လာပါပြီ

ဒီတစ်ခေါက် Dr.Talk အစီအစဥ်လေးမှာ City Dental ရဲ့ Dentist တွေဖြစ်ကြတဲ့ ဒေါက်တာငြိမ်းထင်ပိုင်စိုးနဲ့ ဒေါက်တာထက်အိဝင်းက သွားလေးတွေဖြူဖွေးလှပနေဖို့ အချိန်မပေးရဘဲနဲ့ အမြန်ဖြူစေမယ့် နည်းလမ်းကောင်းတစ်ခုကို မျှဝေ‌ပေးထားပါတယ်

ကဲ… Video လေးကိုအတူကြည့်လိုက်ကြရအောင်နော် ◾◾◾💛

Dental Implant စိုက်ခြင်းရဲ့အားသာချက်များ ◾️◾️◾️သွားမရှိလို့ သွားပြန်စိုက်ရတော့မယ်ဆိုရင် တသက်တာအသုံးပြုနိုင်မယ့် ကြံ့ခို...
20/01/2026

Dental Implant စိုက်ခြင်းရဲ့အားသာချက်များ ◾️◾️◾️

သွားမရှိလို့ သွားပြန်စိုက်ရတော့မယ်ဆိုရင် တသက်တာအသုံးပြုနိုင်မယ့် ကြံ့ခိုင်တဲ့သွားအစစ်ကိုသာ ရွေးချယ်စိုက်ဖို့ အရေးကြီးပါတယ်။ ဒါကြောင့် သွားဆရာဝန်တွေက ညွှန်ကြတဲ့အခါ Dental Implant ကိုသာ အဓိကအဖြစ် ဦးစားပေး ညွှန်‌ပေးကြပါတယ်

Dental Implant ဆိုတာ ဆုံးရှုံးသွားတဲ့ သွားနေရာမှာ သွားအစစ်နီးပါး ကောင်းမွန်တဲ့ သွားအမြစ်တုကို သွားဖုံးထဲ ထည့်ပြီး သဘာဝသွားနဲ့အနီးစပ်ဆုံးတူအောင် အစားထိုးကုသတဲ့ ခေတ်မီသွားစိုက်နည်းပဲ ဖြစ်ပါတယ်။ နောက်ဆုံး‌ပေါ် သွားစိုက်နည်း Dental Implant (သွားအမြစ်တုအစားထိုးသွားစိုက်နည်း) ကို သွားအစစ်နေရာမှာအစားထိုးစိုက်ခြင်းက အားသာချက်တွေက အများကြီးရှိပါတယ်

◼️ သဘာဝသွားနီးပါး စွမ်းဆောင်နိုင်ခြင်း ◼️

Dental Implant ဟာ မေးရိုးထဲမှာ အမြစ်တွယ်ထားတာကြောင့် သဘာဝသွားလို ခိုင်ခံ့မှုရှိပါတယ်။ အစားအစားတွေကို စိတ်ကြိုက်ဝါးနိုင်စားနိုင်ပြီး စကားပြောတဲ့အခါမှာလည်း သွားတုတပ်ထားသလို ပြုတ်ထွက်မှာစိုးရိမ်စရာမလိုဘဲ ပုံမှန်အတိုင်းစကားပြောဆိုနိုင်ပါတယ်

◼️ သွားဖုံးရိုး/ မေးရိုး ဆုံးရှုံးမှုကို ကာကွယ်ပေးခြင်း ◼️

သွားဖုံးရိုး/ မေးရိုး စတဲ့ အရိုးများ ပြုန်းတီးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ပုံမှန်အရဆို သွားတွေက တစ်ချောင်းဆုံးရှုံးသွားရင် အဲ့ဒီနေရာက မေးရိုးဟာ အလုပ်မလုပ်တော့တာကြောင့် တဖြည်းဖြည်း ဆုံးရှုံးသွားတတ်ပါတယ်။ တကယ်လို့သာ Implant စိုက်ထားမယ်ဆိုရင် Implant က မေးရိုးကို အဓိကလှုံ့ဆော်ပေးတာကြောင့် အရိုးပြုန်းတီးခြင်းကိုကာကွယ်ပေးပါတယ်

◼️ ဘေးသွားတွေကို မထိခိုက်စေခြင်း ◼️

Implant သွားစိုက်နည်းရဲ့ အဓိကအားသာချက်တစ်ခုကတော့ ဘေးသွားတွေကိုမဆုံးရှုံးစေတာပါပဲ။ Bridge တံတားထိုးသွားစိုက်နည်းဆိုရင် ဘေးသွားလေးတွေကို စားပြီးမှ စိုက်လို့ရတာကြောင့် ကောင်းနေတဲ့ သွားလေးတွေကို အနည်းငယ်ထိခိုက်စေပါတယ်။ Dental Implant ကတော့ သီးသန့်တစ်ချောင်းတည်း စိုက်လို့ရတာက အဓိက အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်

◼️ ‌ရေရှည်ခံပြီးစိတ်ချရခြင်း ◼️

Dental Implant ကသေချာဂရုစိုက်သုံးပေးမယ်ဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ (သို့) တသက်တာလုံးစိတ်ချယုံကြည်စွာအသုံးပြုနိုင်ပါတယ်။ အခြားသွားစိုက်နည်းတွေလို ၅နှစ်တစ်ခါ၊ ၁၀နှစ်တစ်ခါ ပြန်လဲပေးရတာမျိုးတွေ မလိုဘဲ တစ်ခါစိုက်ပြီး စိတ်အေးလက်အေးနေလို့ရပါတယ်

◼️ ရုပ်အသွင်အပြင်ကို မြှင့်တင်ပေးခြင်း ◼️

သွားတစ်ချောင်းမရှိတာနဲ့ မျက်နှာပုံစံက ပြောင်းလဲသွားတတ်ပါတယ်။ ပါးချိုင့်ဝင်သွားတာကြောင့် ရှိရင်းစွဲထက် အသက်ကြီးသလို ခံစားရစေပါတယ်။ Implant ကသဘာဝသွားအတိုင်း မျက်နှာပုံစံကို ထိန်းညှိပေးတဲ့အတွက် နုပျိုမှုကို ထိန်းသိမ်းပေးပြီး ပြုံးလိုက်တဲ့အခါမှာလည်း သွားအစစ်အတိုင်းထပ်တူကျလို့ ယုံကြည်မှုရှိရှိပြုံးရယ်နိုင်ပါတယ်

💭 ဒီလိုအားသာချက်တွေအများကြီးပိုင်ဆိုင်ထားတဲ့အပြင် Dental Implant က အသက်အရွယ်မရွေး သွားတစ်ချောင်းကစပြီး ခံတွင်းတစ်ခုလုံးအပြည့်ထိ စိုက်ပေးလို့ရတာကြောင့် သွားမရှိသူတွေအတွက် စဥ်းစားရွေးချယ်သင့်တဲ့ သွားစိုက်နည်းပါပဲ

နောက်ဆုံးပေါ်သွားစိုက်နည်း Dental Implant နဲ့ပတ်သက်ပြီး ဆွေးနွေးအကြံကောင်းရယူလိုပါက City Dental ရဲ့ Implantologist ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်စိန် နဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်

ဆေးခန်းလိပ်စာနဲ့ဖုန်းနံပါတ်လေးကတော့

အမှတ် အေ(၅)၊ သံသုမာအိမ်ယာ၊ သံသုမာလမ်းမ၊ သု၀ဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။

📞 09 40533 4433

📞 09 40533 4422 (Viber)

Dental Implant နဲ့ သွားစိုက်ဖို့ အကောင်းဆုံးနေရာ City Dental Center ◾◾◾🔸 တသက်တာအသုံးခံနိုင်အောင် ခိုင်ခံ့တဲ့ Implant ကို...
19/01/2026

Dental Implant နဲ့ သွားစိုက်ဖို့ အကောင်းဆုံးနေရာ City Dental Center ◾◾◾

🔸 တသက်တာအသုံးခံနိုင်အောင် ခိုင်ခံ့တဲ့ Implant ကို အာမခံချက်အပြည့်ရှိတဲ့ Dental Clinic မှာ စိုက်ချင်တာလား?
◼️ အတွေ့အကြုံများစွာရှိတဲ့ ဝါရင့် Implantologist ကိုယ်တိုင် တာဝန်ယူ ကုသမှုပေးတယ်
◼️ Implant အတွက် လိုအပ်တဲ့ကုသမှုတွေအကုန် တစ်နေရာတည်းမှာ ကုသမှုခံယူနိုင်တယ်
◼️ Implant အမျိုးအစားကို စုံလင်စွာ ရွေးချယ်နိုင်တယ်
◼️ Surgery Case ဖြစ်လို့ အသုံးပြုတဲ့ ကိရိယာမှန်သမျှ သေချာပိုးသတ်သန့်စင်ထားတယ်
◼️ After-Care အတွက် သောက်ဆေးတွေ၊ Follow-up ပါသေချာပြန်လုပ်ပေးတဲ့ City Dental Center ရှိတယ်နော်

☑️ City Dental Center ရဲ့ Implant Case တွေအကုန်လုံးက Founder ဆရာဝန်ကြီး Implantologist ဒေါက်တာ အောင်ကျော်စိန်ကိုယ်တိုင် သေချာကုသမှုပေးတာ ဖြစ်ပါတယ်။
☑️ Implant ကို အခြေခံတဲ့ Implant Supported Bridge, Implant Supported Denture, All-On-4, All-On-6, Full Mouth Implants တွေပါ စိတ်ချယုံကြည်စွာ ကုသမှုခံယူနိုင်တယ်နော်
☑️ Implant နဲ့ပတ်သက်ပြီး Reviews ကောင်းတွေအများကြီးလည်း ရှိတာဖြစ်လို့ Implant စိုက်မယ်ဆို CDC ကိုသာ ရွေးချယ်လိုက်ပါ။

ဆေးခန်းလိပ်စာနဲ့ဖုန်းနံပါတ်လေးကတော့
🏡 အမှတ် အေ(၅)၊ သံသုမာအိမ်ယာ၊ သံသုမာလမ်းမ၊ သု၀ဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
📞 09 40533 4433
📞 09 40533 4422 (Viber)

18/01/2026

💭 City Dental ရဲ့ မေးမယ်၊ ဖြေမယ် အစီအစဥ်ကနေ ပြန်လည်ကြိုဆိုပါတယ်။

◼️ ဒီတစ်ခေါက်မှာ အံကပ်သွားစိုက်နည်းနဲ့ပတ်သက်ပြီး အမေးများတဲ့ မေးခွန်းလေးတွေကို ဒေါက်တာစိုးဇင်မိုးက City Dental ရဲ့ Founder ဆရာဝန်ကြီး Implantologist ဒေါက်တာ အောင်ကျော်စိန်ကို မေးမြန်းပေးထားပါတယ်။
◼️ အံကပ်နဲ့ပတ်သက်ပြီး ဗဟုသုတရစရာတွေပါ ဆရာကြီးက သေချာဖြေကြားပေးခဲ့တာဖြစ်လို့ Video လေးကို အဆုံးထိကြည့်ပေးကြပါဦး☑️

🔸 City Dental Center မှာ အံကပ်သွားစိုက်နည်းကို ကျွမ်းကျင် Specialist တွေကိုယ်တိုင် ကုသမှုပေးတာဖြစ်လို့ စိတ်ချယုံကြည်စွာနဲ့ ရွေးချယ်နိုင်ပါတယ်။
#မေးမယ်ဖြေမယ်

ခံတွင်းနဲ့ တသားတည်း ထပ်တူကျမယ့် အံကပ်ကိုရှာဖွေနေလား ◾◾◾☑️ စားလို့ဝါးလို့လည်းကောင်းရမယ် ☑️ သက်တောင့်သက်သာရှိရမယ် ☑️ အကြမ်...
17/01/2026

ခံတွင်းနဲ့ တသားတည်း ထပ်တူကျမယ့် အံကပ်ကိုရှာဖွေနေလား ◾◾◾

☑️ စားလို့ဝါးလို့လည်းကောင်းရမယ်
☑️ သက်တောင့်သက်သာရှိရမယ်
☑️ အကြမ်းလည်းခံရမယ်
☑️ ခံတွင်းနဲ့လည်း အံဝင်ခွင်ကျဖြစ်ရမယ်
ဒီလို အံကပ်မျိုးရှာဖွေနေရင် City Dental မှာ ရှိပါတယ်

💭 City Dental မှာ လူကြိုက်အများဆုံးနဲ့ လူသုံးအများဆုံး Quality မြင့်တဲ့ အံကပ်အမျိုးအစားတွေကိုသာ ထားရှိပေးထားပြီး အံကပ်သွားစိုက်နည်းအတွက် ကျွမ်းကျင်ဆရာဝန်ကြီးကိုယ်တိုင် စစ်ဆေးဆွေးနွေးပေးပါတယ်

💭 စိုက်မယ့်သူရဲ့အသက်အရွယ်ပေါ် မူတည်ပြီး အကောင်းဆုံးနဲ့ သက်တောင့်သက်သာဖြစ်မယ့် အံကပ်အမျိုးအစားကိုလည်း ဆွေးနွေးရွေးချယ်ပေးပါသေးတယ်

မိတ်ဆွေတို့ရဲ့ သွားဖုံးနဲ့ သက်တောင့်သက်သာရှိမယ့် အံကပ်တစ်စုံဖန်တီးပေးဖို့ CDC ကနွေးထွေးစွာ စောင့်ကြိုနေပါတယ် ◾◾◾ 💛

ဆေးခန်းလိပ်စာနဲ့ဖုန်းနံပါတ်လေးကတော့
အမှတ် အေ(၅)၊ သံသုမာအိမ်ယာ၊ သံသုမာလမ်းမ၊ သု၀ဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
📞 09 40533 4433
📞 09 40533 4422 (Viber)

တိကျတဲ့ သွားအကြောထုတ်ကုသမှု ဖြစ်/မဖြစ် ဘယ်လိုသိနိုင်မလဲ=======================================ဒီနေ့မှာတော့ သွားအကြောထုတ်...
16/01/2026

တိကျတဲ့ သွားအကြောထုတ်ကုသမှု ဖြစ်/မဖြစ် ဘယ်လိုသိနိုင်မလဲ
=======================================

ဒီနေ့မှာတော့ သွားအကြောထုတ်ကုသမှုနဲ့ ပတ်သက်ပြီး မျှဝေပေးချင်တာလေးရှိပါတယ်။ ဒီဆောင်းပါးလေးကတော့ တိကျတဲ့ သွားအကြောထုတ်ကုသမှုဖြစ်/မဖြစ်ကိုဘယ်လိုသိနိုင်မလဲ” ဆိုတဲ့ အကြောင်းအရာလေးပါပဲ။

ကျွန်တော်တို့ရဲ့ သွားလေးတွေကို အကြောင်းတစ်စုံတစ်ရာကြောင့် သွားအကြောထုတ်လိုက်ရတာမျိုးတွေ ရှိဖူးကြမှာပါ။ အဲ့ဒီလို သွားအကြောထုတ်လိုက်ပေမယ့်လည်း သွားလေးတွေက မသက်သာဘူး။ နာနေတယ်။ အရင်လိုကိုက်နေတုန်းပဲဆိုတာမျိုးတွေ လူအတော်များများလည်း ကြုံဖူးကြမှာပါ။ ဒီလို သွားအခြေအနေကိုတော့ RCT Failure ဖြစ်တယ်လို့ပြောလို့ရပါတယ်။ ဒီလိုမျိုး RCT Failure ဖြစ်တယ်ဆိုတာကလည်း တိကျသေချာမှုရှိ/မရှိကို သေချာမစစ်ဆေးမိခဲ့ခြင်းရဲ့ နောက်ဆက်တွဲလို့ ဆိုရမှာပါပဲ။

အရင်ဆုံး သွားအကြောထုတ်ကုသမှုကို ဘယ်လိုအခြေအနေကြောင့် လုပ်‌ပေးရလဲဆိုတာ ရှင်းပြပေးသွားပါမယ်။ သွားလေးတွေက သွားပိုးစားလို့ပဲဖြစ်ဖြစ်၊ အကြောင်းအမျိုးမျိုးကြောင့် သွားကြွေလွှာဆုံးရှုံးတဲ့အခါ သွားအလယ်ဆုံးအပိုင်းမှာရှိတဲ့ သွားမြစ်ကြောကို ထိခိုက်သွားပါတယ်။ အဲ့ဒီလိုကနေ သွားမြစ်ကြောပေါ်လာတဲ့အခါ သွားကအရမ်းကျဥ်လာမယ်။ ဒီထက်ဆိုးဝါးပြီး သွားအမြစ်ကြောက ပုပ်လာမယ်ဆိုရင်တော့ သွားအရင်းကိုက်တာတွေ ဖြစ်လာနိုင်တယ်။ ဒီလိုကနေ သွားအမြစ်ကြောခြောက်သွားရင်တော့ နောက်ပိုင်းမှာ Infection ဝင်ပြီး ရောင်ရမ်း နာကျင်မှုကို ဆိုးဆိုးရွားရွား ခံစားရနိုင်ပါတယ်။ အဲ့ဒီလိုအခြေအနေတွေမှာ သွားအကြောထုတ်ကုသမှုကို ပြုလုပ်ပေးဖို့လိုအပ်လာပါတယ်။

အပေါ်မှာပြောခဲ့တဲ့ သွားအခြေအနေတွေကြောင့် ဆေးခန်းမှာသွားအကြောထုတ်ဖို့လိုလာခဲ့ပြီဆိုရင် ကျွန်တော်တို့က သွားအကြောအိမ်ကို ပထမဆုံးစစ်ဆေးပေးပါတယ်။ လူတစ်ယောက်ရဲ့ သွားအမြစ်ကြောက သွားတစ်ချောင်းချင်းပေါ်မူတည်ပြီး သွားမြစ်ကြော ၁ချောင်းကနေ ၄ ချောင်းလောက်ထိရှိတတ်ပါတယ်။ ဒါကြောင့် သွားအကြောထုတ်တော့မယ်ဆိုရင် အတိအကျသိနိုင်ဖို့ သွားဓာတ်မှန် အရင်ရိုက်ခိုင်းပါတယ်။ နောက်ပြီးမှ သွားအမြစ်ကြောတိုင်းကိရိယာကို သုံးပြီး တိကျစွာ ပြုလုပ်ပေးရပါတယ်။ သွားအကြောထုတ်ပြီဆိုရင် သွားရဲ့ အမြစ်ကြောလမ်းကြောင်းကိုဖွင့်ပြီး တစ်ချောင်းချင်း သေချာသန့်ရှင်းရေးလုပ်ပြီးမှ သွားမြစ်ကြောတုကို သွားအမြစ်ထိပ်ထိရောက်အောင် ထည့်ပေးရပါတယ်။ ပြီးမှသာ သွားမျက်နှာပြင်ပေါ်က သွားပိုးပေါက်ကိုဖာထေးပြီး ရေရှည်ခံအောင် သွားအစွပ်စွပ်ဖို့လိုတာတွေကို လုပ်ရပါတယ်။ အဓိကအရေးကြီးတဲ့အချက်ကတော့ သွားအကြောထုတ်ပြီးတိုင်းမှာ သွားကြောထိပ်ရောက်မရောက်၊ အမြစ်ကြောပေါက်စုံ မစုံ စစ်ဆေးပေးဖို့ 2D သို့ 3D X-Ray ကိုထပ်မံရိုက်ပေးဖို့ လိုပါတယ်။ ဒါမှသာ တိကျသေချာပြီး အောင်မြင်တဲ့ သွားအကြောထုတ်ကုသမှုလို့ ပြောလို့ရပါတယ်။

တကယ်လို့ အကြောထုတ်ပြီး ပြန်လည်မစစ်ဆေးမိတဲ့အခါမျိုးတွေမှာ ဖြစ်တတ်လေ့ရှိတာကတော့ သွားအမြစ်ကြောတုကထိပ်ထိ မရောက်တဲ့အခါ သွားကြောမကုန်စင်ဘူးလို့ ယူဆနိုင်ပြီး နောက်ပိုင်းမှာ ရောင်ရမ်းနာကျင်တာတွေ ဖြစ်လာတတ်ပါတယ်။ နောက်ပြီး သွားအမြစ်ကြော ၄ချောင်းမှာ ၃ချောင်းလောက်ပဲလုပ်မိပြီး ၁ချောင်းကျန်ခဲ့တာမျိုးတွေဖြစ်တတ်ပါတယ်။ ဒါကို RCT Failure ဖြစ်တယ်လို့ ဆိုလို့ရပါတယ်။ အဲ့ဒီလိုသွားအခြေအနေတွေဆိုရင်တော့ နာတာမသက်သာပဲ သွားအမြစ်ကြောပုပ်တာက ကျန်နေတတ်ပါတယ်။ အဲ့ဒီလို သွားအမြစ်ကြောပုပ်ကျန်တဲ့အခါ ပြည်တည်ယောင်ရမ်းနာ ဖြစ်တတ်လို့ပေါ့ဆလို့မရပါဘူး။

ဒါကြောင့် တိကျတဲ့ သွားအကြောထုတ်ကုသမှုဖြစ်/မဖြစ်ကို သိရှိနိုင်ဖို့ သွားအကြောထုတ်ပြီးတိုင်း X-ray ထပ်မံရိုက်ပြီး စစ်ဆေးပြုလုပ်ပေးဖို့ အကြံပေးချင်ပါတယ်။ အားလုံးပဲ ကျန်းမာလှပခိုင်ခံ့တဲ့ သွားလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။

ဒေါက်တာ စိုးဇင်မိုး
B.D.S (YGN)


အောင်မြင်တိကျတဲ့ သွားအကြောထုတ်ကုသမှုဖြစ်အောင် အတည်ပြုပေးတဲ့ City Dental Center ◾◾◾🔸 သွားအကြောထုတ်ကုသမှုက သွားတစ်ချောင်းလ...
15/01/2026

အောင်မြင်တိကျတဲ့ သွားအကြောထုတ်ကုသမှုဖြစ်အောင် အတည်ပြုပေးတဲ့ City Dental Center ◾◾◾

🔸 သွားအကြောထုတ်ကုသမှုက သွားတစ်ချောင်းလုံးကို နှုတ်ပစ်စရာမလိုဘဲ ကယ်တင်နိုင်တဲ့အပြင် သွားကိုက်၊ သွားနာ ဝေဒနာကိုပါ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
🔸 တစ်ချို့သွားတွေမှာ အကြောထုတ်ထားပေမယ့် သွားပြန်ကိုက်တာမျိုးဖြစ်တယ်ဆိုတာ သွားအကြောထုတ်ကုသမှုက မအောင်မြင်ခဲ့လို့ပါ။

သွားအကြောထုတ်ကုသမှုတွေ မအောင်မြင်တဲ့အခါ
◼️ သွားပြန်ကိုက်တာ
◼️ သွားအမြစ်ထိပ် ပြည်တည်တာ
◼️ သွားအကြောအိမ် ပြန်လည်ရောင်ရမ်းတာတွေ ဖြစ်နိုင်ပါတယ်
ဒါကြောင့် အောင်မြင်တိကျတဲ့ သွားအကြောထုတ်ကုသမှုဖြစ်အောင် သေချာစစ်ဆေးပေးဖို့ လိုအပ်တယ်နော်

City Dental Center မှာ-
☑️ အောင်မြင်တိကျတဲ့ သွားအကြောထုတ်ကုသမှု ဖြစ်၊ မဖြစ် သေချာ X-Ray ပြန်ရိုက်ပြီး အတည်ပြုပေးတယ်။
☑️ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ သွားဆရာဝန်တွေကိုယ်တိုင် ကုသမှုပေးတာဖြစ်ပြီး ခက်ခဲတဲ့ Case တွေကိုလည်း Specialist တွေကိုယ်တိုင် သေချာလာကြည့်ပေးတယ်။
☑️ နောက်ဆုံးပေါ် စက်ပစ္စည်းကိရိယာတွေနဲ့ သွားအကြောအိမ်ရဲ့ အနက်အထိသေချာတိုင်းတာပြီး အကြောထုတ်ကုသမှု ပေးတာပါ။
☑️ နာကျင်မှုမရှိအောင် ထုံဆေးနဲ့ ကုသမှုပေးတာဖြစ်ပြီး ထုံဆေးစက်မှာပါ စိတ်လှုပ်ရှားတာကို Relax ဖြစ်စေတဲ့ သီချင်းသံလေးတွေ ပါဝင်ပါတယ်။
☑️ သန့်ရှင်းသပ်ရပ်မှုအပိုင်းပါ စိတ်ချယုံကြည်ရလို့ သွားအကြောထုတ်မယ်ဆိုရင် CDC ကိုသာ အရောက်လာခဲ့ပါ။

ဆေးခန်းလိပ်စာနဲ့ဖုန်းနံပါတ်လေးကတော့
🏡 အမှတ် အေ(၅)၊ သံသုမာအိမ်ယာ၊ သံသုမာလမ်းမ၊ သု၀ဏ္ဏ၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
📞 09 40533 4433
📞 09 40533 4422 (Viber)

Address

Building A-5 Thanthumar Street, Thuwana , Near Bogyoke Village
Yangon
11072

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959405334433

Alerts

Be the first to know and let us send you an email when City Dental - Aesthetic, Orthodontic and Implant Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to City Dental - Aesthetic, Orthodontic and Implant Center:

Share