Prime Dental Center

Prime Dental Center Myanmar Multidisciplinary Oral Care Center,by the management of Prime Dental Academy Group,

28/04/2025

zoom premium account ဝယ်တာ မနက်ဖြန်မှ ရမည်ဖြစ်သောကြောင့်
ဒီနေ့သင်မည့် RCT သင်တန်းအားမနက်ဖြန်ည 8 နာရီ မှ စတင်သင်ကြားပေးပါမည်။
ဆရာ ဆရာမများအား အကြောင်းကြားအပ်ပါသည်။
ကျေးဇူးတင်ပါတယ်🙏

04/02/2025

Prime Shwe Hin Thar Dental Clinic တွင် Dental Assistant
သွားဆေးခန်းအကူ မ(၂)ဦး အလိုရှိပါသည်။ ။ ။

* ပညာအရည်အချင်း အနည်းဆုံး ဆယ်တန်းဖြစ်ရပါမည်။
* ရိုးသားကြိုးစားပြီး အလုပ်ကို သွက်လက်တက်ကြွစွာ လုပ်နိုင်ရပါမည်။
* စည်းကမ်းလိုက်နာတတ်သူဖြစ်ရမည်။
* အတွေ့အကြုံရှိသူကို ဦးစားပေးမည်။
* အတွေ့အကြုံမရှိပါက အလုပ်သင်ကာလအတွင်း တတ်အောင်သင်ပေးပါမည်။

အလုပ်ချိန် - မနက် ၉နာရီမှ ညနေ ၆နာရီထိ တစ်ပတ်တစ်ရက်နားခွင့်ရမည်။

လစာ - အတွေ့အကြုံနှင့် အရည်အချင်းကိုလိုက်၍ လစာကောင်းနှင့် ခံစားခွင့်များ ရရှိနိုင်မည်။

စိတ်ဝင်စားပါက ဓာတ်ပုံပါCV နှင့် မျှော်မှန်းလစာ ကို chatbox သို့မဟုတ် ဆေးခန်းတွင် လာရောက်လျှောက်နိုင်ပါသည်။
Email: [email protected] သို့လည်း ပို့နိုင်ပါသည်။
ဖုန်း - 09982880427 သို့လဲ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆေးခန်းလိပ်စာ - https://m.facebook.com/PrimeShweHinTharDenalCenter/

Myanmar Multidisciplinary Oral Care Center,by the management of Prime Dental Academy Group,

HelloMerry Christmas to you all❤❤Prime Shwe Hin Thar Dental Centerကို24 ရက် နဲ့ 25 ရက်နေ့တွေမှာ ပိတ်ပါတယ်ရှင်Dr. Oo နဲ့ပ...
23/12/2023

Hello
Merry Christmas to you all❤❤
Prime Shwe Hin Thar Dental Centerကို
24 ရက် နဲ့ 25 ရက်နေ့တွေမှာ ပိတ်ပါတယ်ရှင်
Dr. Oo နဲ့ပြသချင်တာပဲ ဖြစ်ဖြစ် တိုင်ပင်ဆွေးနွေးတာပဲ ဖြစ်ဖြစ်
ဖုန်းနဲ့ ဖြစ်စေ Chat box ကနေဖြစ်စေ ကြိုတင် Appointment များပေးလို့ရပါတယ်ရှင့်
သိလိုတာတွေလည်း မေးလို့ရပါတယ်ရှင်
ပျော်ရွှင်စရာ အချိန်လေးတွေ ပိုင်ဆိုင်ကြပါစေ။😍

---
Prime Shwehinthar Dental Center
ရွှေဟင်္သာသွားဆေးခန်း၊ ရွှေဟင်္သာကွန်ဒို(A)၊
အမှတ်(၁၀၄)၊ မြေညီထပ်၊ (၆)မိုင်ခွဲ ကျောင်းကွေ့မှတ်တိုင်၊
ပြည်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

ဖုန်း - 09 3000 6466, 09 982880427
ဖွင့်ချိန် - နေ့စဉ် နံနက်(၉)နာရီ မှ ည(၆)နာရီအထိ

မင်္ဂလာပါ 🙏🏼🙏🏼လူကြီးမင်းတို့၏ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုများအတွက် Prime Dental Academy ဦးဆောင်မှုဖြင့် Pr...
05/08/2023

မင်္ဂလာပါ 🙏🏼🙏🏼

လူကြီးမင်းတို့၏ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုများအတွက် Prime Dental Academy ဦးဆောင်မှုဖြင့် Prime Yadanar Dental Center & Academy(Yadanar Branch) သွားနှင့်ခံတွင်းဆေးခန်းအား စတင်တိုးချဲ့ဖွင့်လှစ်လိုက်ပါပြီ။

နေ့စဉ် မနက် (၉)နာရီ မှ ညနေ (၆)နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပြီး အောက်ပါ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါများ၊ ပြသနာများကို ဆွေးနွေးတိုင်ပင် ကုသနိုင်ပါပြီ။

သွားများထိခိုက်ပျက်စီးခြင်းများအတွက်
🦷 သွားနှုတ်ကုသခြင်း (Dental Extraction)
🦷 သွားဖာခြင်း (Dental Restoration)
🦷 သွားအသေစိုက်ခြင်း (Dental Crown and Bridge)
🦷 သွားအရှင်(အံကပ်) ပြုလုပ်ခြင်း (Dentures)
🦷 သွားအကြောထုတ်ကုသခြင်း (RCT - Root Canal Treatment )
🦷 သွားအမြစ်တု အစားထိုးကုသခြင်း (Dental Implant)

သွားများသန့်ရှင်းရေးနှင့် ဖြူဖွေးလှပနေရန်အတွက်
🦷 သွားကျောက်ခြစ်ခြင်း နှင့် ကွမ်းဂျိုးခြစ်သန့်စင်ပေးခြင်း (Dental Scaling and Polishing)
🦷 လေဆာဖြင့်သွားများကို ဖြူဖွေးအောင်ပြုလုပ်ပေးခြင်း (Laser Teeth Whitening)
🦷 သွားမျက်နှာပြင်ကြွေလွှာကပ်ခြင်း (Dental Veneer a.k.a Hollywood Smile)
တို့အပြင်

🦷 သွားများကိုညီညာစေရန် သွားညှိကုသခြင်း (Orthodontics Treatment)
🦷 သွားစိန်အလှကပ်ခြင်း (Dental Skyce)
🦷 သွားနှင့်ခံတွင်းဆိုင်ရာ အခမဲ့ စစ်ဆေးပေးခြင်းနှင့်ဆွေးနွေးပေးခြင်း (FREE Dental Check-up and Consultation)

အစရှိသော ကုသမှုများကို
💯 အရည်အသွေးမှီပြည့်စုံစေရန်
💯 သန့်ရှင်းသပ်ရပ်စေရန်
💯 နည်းစနစ်မှန်ကန်စေရန်
💯 မြန်ဆန်တိကျစေရန်
💯 စျေးနှုန်းသင့်တင့်စေရန်နှင့်
💯လူနာများ စိတ်အေးချမ်းသာစွာကုသမှုခံယူနိုင်စေရန် ပြင်ဆင်ထားရှိပါသည်။

⏰ ဆေးခန်းဖွင့်ချိန် - မနက် (၉)နာရီမှ ညနေ(၆)နာရီ အထိ (နေ့စဉ်ပိတ်ရက်မရှိ)

**လူကြီးမင်းတို့၏ တန်ဖိုးရှိသောအချိန်များမကုန်ဆုံးစေရန် လာရောက်သည်နှင့် စောင့်ဆိုင်းခြင်းမရှိပဲ မြန်ဆန်စွာကုသမှုပေးနိုင်ရန်အတွက် ကြိုတင်ရက်ချိန်းရယူထားပါရန် ပန်ကြားပါရစေ**

☎️ Contact No: 09881133370, 09963277600

🏥Address : အမှတ် ၆၀၁၊ တိုက်အမှတ်(D)၊ 6 လွှာ၊ ရတနာအိမ်ရာ၊ ရတနာလမ်း၊ တောင်ဥက္ကလာမြို့နယ်၊ ရန်ကုန်မြို့။
No.601, Tower D, 6th Floor, Yadanar Housing Condos, Yadanar Road, South Okkalapa Township, Yangon.

🗺️Google Map
https://maps.app.goo.gl/uGYFXfjZhFvfFvQE8?g_st=ic

🦷Prime Yadanar Dental Clinic
Beautiful smiles will lead you to a better life
(လှပတဲ့အပြုံးတွေက သင့်ရဲ့ဘဝကို ပိုမိုပြည့်စုံစေမှာပါ)

Prime Dental Academy ၏ဦးဆောင်မှုဖြင့် Prime Yadanar Dental Center & Academy အား တောင်ဥက္ကလာမြို့နယ်,ရတနာလမ်း,ရတနာအိမ်ရာဝ...
25/07/2023

Prime Dental Academy ၏ဦးဆောင်မှုဖြင့် Prime Yadanar Dental Center & Academy အား တောင်ဥက္ကလာမြို့နယ်,ရတနာလမ်း,ရတနာအိမ်ရာဝန်းအတွင်းရှိ တိုက် D , အိမ်အမှတ် (601) တွင် တိုးချဲ့ဖွင့်လှစ်ထားပြီး ဘုရားအနေကဇာတင်ခြင်းနှင့် Grand opening အခမ်းအနားအား အောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်ပါသည်

August လမှ စတင်၍လူနာလက်ခံဆွေးနွေးကုသခြင်းများပြုလုပ်မည်ဖြစ်ပါကြောင်းကိုလဲ သတင်းကောင်းပါးအပ်ပါသည်
အသေးစိတ်အချက်အလက်များကိုထပ်မံ၍ဖော်ပြပါဦးမည်

Beautiful smiles will give you a better life

Location - တောင်ဥက္ကလာမြို့နယ်,ရတနာလမ်း,ရတနာအိမ်ရာဝန်းအတွင်း တိုက် D , အိမ်အမှတ် (601)

Phone - 0930006466,09963277600

မင်္ဂလာပါ။သင်တို့၏ သွားနှင့်ခံတွင်းကျန်းမာရေးကို ကျွန်ုပ်တို့ သွားဆေးခန်း၏ အရေးအကြီးဆုံးတာဝန်အဖြစ် သတ်မှတ်ခံယူပြီး စောင့...
06/05/2020

မင်္ဂလာပါ။
သင်တို့၏ သွားနှင့်ခံတွင်းကျန်းမာရေးကို ကျွန်ုပ်တို့ သွားဆေးခန်း၏ အရေးအကြီးဆုံးတာဝန်အဖြစ် သတ်မှတ်ခံယူပြီး စောင့်ရှောက်မှု ပေးရန် ပြင်ဆင်ထားပါသည်။
ယခုအချိန်ဟာ အားလုံးသိရှိပြီးဖြစ်တဲ့အတိုင်း ကမ္ဘာနဲ့အဝှန်း နိုင်ငံပေါင်းများစွာ ကိုရိုနာVirus ကူးစက်မှုဒဏ်ကို ခါးစည်းခံနေရချိန်ဖြစ်ပါတယ်။
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအတွင်း ရောဂါကူးစက်မှု အခြေအနေ၏ ဖြစ်စဥ်အားလုံးကို အနီးကပ် လေ့လာစောင့်ကြည့်လျက်ရှိပြီး၊ မိမိတို့ဆေးခန်းတွင် သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှု ပေးရန်အတွက် လိုအပ်သော ရောဂါကာကွယ်တားဆီးရေး အစီအမံများကို စနစ်တကျ ပြင်ဆင်ထားရှိပါတယ်။
မိမိတို့ ဆေးခန်း၏ ဆရာဝန်နှင့် သူနာပြုများသည် ရာနှုန်းပြည့် ကျန်းမာလျက်ရှိပြီး၊ မိမိတို့မှတဆင့် ရောဂါကူးစက်ပျံပွားမှု မဖြစ်စေရန် ပြင်ဆင်၊ လေ့ကျင့်၊ သင်ကြားထားကြသဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အဆင်သင့်ရှိကြပါတယ်။
မိမိတို့တိုင်းပြည်၏ ရောဂါကူးစက်ပျံပွားမှု အခြေအနေအရ၊ အရေးကြီးသော၊ မဖြစ်မနေ လိုအပ်သော ကုသမှုမျိုးကိုသာ ကုသပေးမည်ဖြစ်ပြီး၊ ဆေးခန်းမှ ချမှတ်ထားသော စည်းကမ်းများကို တိတိကျကျ လိုက်နာခြင်းဖြင့်၊ မိမိကဲ့သို့ ဝေဒနာခံစားနေရသော အခြား လူနာများအတွက် ဤဆေးခန်းကို စောင့်ရှောက်ပါ။
Dr.Oo

သွားနှင့်ခံတွင်း ဆေးခန်းပြမည့် လူနာများ လိုက်နာရန် အချက်များ
---------------------------
ဤဆေးခန်းသည် ရောက်လာသမျှသော လူနာများအား ဘက်ပေါင်းစုံမှ အန္တရာယ် ကင်ရှင်းစေရန်အတွက် လူတိုင်းကို Covid 19 Positive ဟု သတ်မှတ်ပြီး ကြိုတင်ကာကွယ်မှု Precautions များယူ၍ ဆေးကုသပေးမည်ဖြစ်ပါသောကြောင့် အောက်ပါ အချက်အလက်များကို တိတိကျကျ လိုက်နာပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
-ဆေးခန်းပြရန် တတ်နိုင်လျှင် တစ်ဦးတည်းလာပါ။
-အဖော်ခေါ်လိုပါက တစ်ဦးတည်းခေါ်ခဲ့ရန်။ မိမိနှင့်အဖော်တစ်ဦးမှလွဲ၍ ဆေးခန်းအတွင်း ဝင်ခွင့် မပြုပါ။
-ဆေးခန်းသို့ လူနာနှင့်အဖော်လိုက်လာသူသည် လူနာနည်းတူ ကိုယ်ရေးအချက်အလက်များ ဖြည့်ပေးရမည် ဖြစ်ပြီး၊ ဆေးကုသခန်းအထိ ဝင်ရောက်လိုပါက ရောဂါကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ရပါမည်။
-ဆေးခန်းသို့ မလာခင် ဖြစ်နိုင်လျင် ရေချိုးလာပြီး သက်တောင့်သက်သာနှင့် ရှင်းလင်းသော အဝတ်အစားများ ဝတ်ဆင်ခဲ့စေလိုပါသည်။
-နာရီ၊ လက်ဝတ်လက်စား နှင့် အခြားသော တစ်ကိုယ်ရည် အသုံးအဆောင်များကို တတ်နိုင်သမျှ လျော့ချဝတ်ဆင်ခဲ့စေလိုပါသည်။
-သတ်မှတ်ထားသော အရေအသွေးမီ မျက်နှာဖုံး Mask ကို တပ်လာပါ။
-လူနာ တစ်ယောက်နှင့် တစ်ယောက်ကြား သန့်ရှင်းရေး ဆောင်ရွက်ခြင်း၊ ပိုးသတ်ခြင်း၊ ပြင်ဆင်ခြင်းများအတွက် လုံလောက်သော အချိန်ပေးရန် ကြိုတင်ရယူထားသော ရက်ချိန်း အချိန်အတိုင်း တိတိကျကျ လာစေလိုပါသည်။
-ဆေးခန်းအတွင်း ဝင်ရောက်ပြီးလျင် သတ်မှတ်ထားသော နေရာတွင်သာ နေပါ။
-Reception မှ လိုအပ်သော အချက်အလက်များ ရယူခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်းများကို ပူးပေါင်းဆောင်ရွက်ပါ။
-မလိုအပ်ပဲ မည်သည့်အရာမှ မကိုင်မိစေရန် သတိပြုပါ။ လိုအပ်ခဲ့လျင် ဆေးခန်းဝန်ထမ်းထံမှ အကူအညီ ရယူပါ။
-ဆေးကုသမှု ခံယူချိန်မှ အပ Mask ကို အချိန်ပြည့် ဝတ်ဆင်ထားပါ။
-ချောင်းဆိုးလျင်၊ နှာချေလျင် Mask ဝတ်ဆင်ထားခြင်းမရှိပါက မျက်နှာကို လက်ဖြင့်အုပ်၍ ဆောင်ရွက်ရန် သတိရှိပါ။
-မိမိ မျက်နှာဖုံး Mask စိုစွတ်သည်ဟု သံသယ ရှိပါက အသစ်တောင်းဆိုပြီး အမြန်ဆုံး လဲလှယ်ပါ။
-ဆေးကုသမှုခံယူရန် တာဝန်ကျဝန်ထမ်း၏ ပိုးသန့်စင်ခြင်း ဆောင်ရွက်မှုများကို ပူးပေါင်းကူညီပါ။
-ဤကာလအတွင်း ကုသမှုများသည် ရက်ချိန်းနည်းနိုင်သမျှ နည်းစေရန် စီစဥ်ကုသမည် ဖြစ်ပါသဖြင့် ဆရာဝန်၏ ညွှန်ကြားချက်များကိုတိတိကျကျ လိုက်နာပါ။
-ရက်ချိန်းထပ်မံချိန်းဆိုပါက မိမိသေချာပေါက်လာနိုင်မည့် ရက်နှင့်အချိန်ကို ရွေးချယ်ပါ။
-ဆရာဝန်သည် တစ်ရက်လျင် လူနာ ၄ ယောက်သာ ကြည့်သောကြောင့် မိမိရက်ချိန်းကို ပြင်လို၊ ဖျက်လိုပါက ကြိုတင်အကြောင်းပါမှ တခြား လိုအပ်သော လူနာအား အစားထိုးနိုင်ပါမည်။
-ဆေးခန်းပြရာမှတဆင့် ရောဂါပိုး ကူးစက်မှု မရှိစေရန် ပြင်ဆင်ဆောင်ရွက်ထားမှုများအတွက် အပိုကုန်ကျစားရိတ် ရှိမည်ဖြစ်ပြီး၊ လူနာများအကြား မျှဝေ ကျခံစေရန် စီစဥ်ထားပါသည်။
ကျေးဇူးတင်ပါသည်။

18/04/2020

သင်္ကြန်ပိတ်ရက်များ ပြီးဆုံးတဲ့ ဧပြီ ၂၀၊ ၂၁ရက်နေ့ လောက်ကနေ စလို့ ဆရာဦး လူနာပြန်ကြည့်ပါမယ်။

ဧပြီလ အစတည်းက Public Transport သုံးပြီး အလုပ်လာနေရတဲ့ နပ်စ်သမီးလေးများကို အလုပ်ကနေ ခွင့်နဲ့ နားခွင့်ပေးခဲ့ပါတယ်။
ဘယ်အချိန်ထိ နားဖို့ သတ်မှတ်ပေးလိုက်လဲဆိုရင် အစိုးရ ရုံးပိတ်ရက်တွေကုန်ဆုံးတဲ့ ဧပြီ ၁၉ရက်အထိပါပဲ။ ဧပြီ၂၀ ရက်နေ့ ကနေ အလုပ်ပြန်လုပ်ဖို့ မှန်းထားခဲ့ပြီး အဲ့အချိန်ကျမှ ဖြစ်နေတဲ့ အခြေအနေကိုလိုက်ပြီး ပြန်ညှိကြမယ်ဆိုပြီး ပြောခဲ့ပါတယ်။

အခု အချိန်ကျပါပြီ။
အခြေအနေက Safe မဖြစ်သေးပါဘူး။

အခုအခြေအနေဟာ တစ်ယောက်တည်း ခွဲထွက်ပြီး လုပ်ချင်ရာလုပ်လို့ မဖြစ်ပါဘူး။
တနိုင်ငံလုံး အတိုင်းအတာနဲ့ စဥ်းစားပြီးမှ အစိုးရက ချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာလို့ လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။
(Guide Line တွေ မတွေ့ရသေးပါဘူး)

ဒါပေမယ့်
General Public ထဲမှာ သွားလူနာတွေ ရှိနေ​ပြီး သူတို့အတွက် အားကိုးစရာ သွားနှင့်ခံတွင်းဆေးခန်းတွေ ရှားပါးနေပါတယ်။

မြန်မာနိုင်ငံမှာ ပုံမှန်အတိုင်းတောင် Regular checkup လုပ်လေ့မရှိကြတာ၊ အခုလို အခြေအနေမှာ ပြစရာ ဆေးခန်း၊ ဆရာဝန် လိုက်ရှာနေတယ် ဆိုကတည်းက သူတို့ရဲ့အခြေအနေကို မှန်းဆလို့ရပါရဲ့။

Covid လူနာစတွေ့တဲ့အချိန်ကစလို့ ကိုယ့်ဆေးခန်းက တဆင့် ရောဂါကူးစက်တာ မဖြစ်ရအောင် Protocol နဲ့အညီ၊ သတိအပြည့်နဲ့ လူနာကြည့်ပေးခဲ့ပါတယ်။

အခါတွင်း ဆေးခန်းပိတ်ချိန်က စလို့ အခုချိန်ထိ ဆရာဦးဆီ ဖုန်းဆက်၊ FB ကစာပို့၊ Page က စာပို့ပြီး ဆေးခန်းဖွင့်လားလို့ ကိုယ်တိုင်မေးကြသလို၊ သွားဆရာဝန်ညီငယ်ညီမငယ်များကတဆင့် မေးလာကြတာတွေလည်း ရှိပါတယ်။

အတော်စဥ်းစားရပါတယ်။
လူနာလက်ခံမလား? လက်မခံဘူးလား?

ဘာမှမဆုံးဖြတ်သေးခင် Risk Assessment လုပ်ကြည့်တဲ့အခါ၊

-ဆရာဦးကိုယ်တိုင်နဲ့ Assistant/Staff ​​တွေရဲ့ Safty.
ကိုယ့်အနောက်ကအတူနေမိသားစုရဲ့ Safty.
ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ Safty.
ဆိုတာ တပိုင်း-

-လာပြတဲ့ လူနာများရဲ့ Safty.
သူတို့အနောက်က အတူ​​နေမိသားစု ရဲ့ safty. သူတို့ နေထိုင်ရာ ပတ်ဝန်းကျင်ရဲ့ Safty
ဆိုတာ တပိုင်း-

-Cross infection ဆိုတဲ့
လူနာကနေ လူနာ
လူနာကနေ ဆရာဝန်
ဆရာဝန်ကနေ လူနာ
ရောဂါ ကူးပြီး Infection Control ပျက်စီးမှာ ဆိုတာ တပိုင်း ရှိတာမို့

​ဆေးခန်းထိုင်ရမှာ တာဝန်အတော့်ကို ကြီးတဲ့ အတွက် Isolation လုပ်ပြီး ထိုင်နေတာ ပို ဘေးကင်းသလို ပါပဲ။

ဒါပေမယ့် ဝေဒနာခံစားနေရတဲ့ လူနာတွေ အတွက်ရော ဘယ်သူက စဥ်းစားပေးမှာလဲ?

ဒီမနက် ဆက်သွယ်လာတဲ့ လူနာဆိုရင် Apical Abscess နဲ့ သွားကနာနေကိုက်နေတယ်၊ သွားဆေးခန်းပြစရာ မရှိလို့ ရိုးရိုးဆေးရုံသွားပြထားရတယ်။ Antibiotics ပေးထားပေမယ့် လိုအပ်တာတွေရှိနေပါသေးတယ်။

ဆရာဦးရဲ့ စိတ်ထဲရှိတာ ပြောရရင် General public ကို Lock down လုပ်ထားတာမို့ ဆေးခန်းတွေ အကုန်ပိတ်ထားတာ သဘောမကျလှပါဘူး။ ဆရာဝန်တွေဟာ Medical personnel တွေမို့ ကျန်းမာရေးနဲ့ ပတ်သက်ရင် Able person တွေပါ။

ဒါပေမယ့်လည်း Covid 19 ရဲ့ အခြေအနေမှာ
အပြင်လျောက်မသွားပဲ အိမ်ကပ်နေတာ ပိုဘေးကင်းသလို..
လုံလောက်တဲ့ Safty, Guideline, Protocol, SOP မရှိပဲ ဆေးခန်းထဖွင့်တာ၊ လူနာကြည့်တာ၊ ဆေးကုတာဟာ ပြသနာကို မီးထွန်းရှာတဲ့ လုပ်ရပ် ဖြစ်တာမို့ မလုပ်သင့်ပါဘူး။
Society အတွက်လည်း မသင့်တော်ပါဘူး။
---------

ဆရာဦး အကြိမ်ကြိမ်အခါခါ စဥ်းစားပြီး ဆုံးဖြတ်ချက်တစ်ခု ချပါတယ်။

ဆေးကုပါမယ်။
မဖြစ်မနေ ကုသမှုလိုအပ်နေတဲ့ သွားလူနာများကို ဆေးကုပေးပါမယ်

ကိုယ့်ဆီရှိတဲ့ Facility ဟာ ကောင်းမွန်တဲ့ Management နဲ့ ဆို လူနာများကို စိတ်ချရတဲ့ Safty ပေးနိုင်မယ် လို့ ယုံကြည်သလို၊
Cross infection ကိုလည်း Control လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်။

Desperate times မှာ အကျိုးရှိတဲ့ အလုပ်ကို လုပ်ချင်ပါတယ်။ အသုံးဝင်တဲ့ လူတစ်ယောက်ဖြစ်ချင်ပါတယ်။ အားကိုးရတဲ့ Facility တစ်ခု ဖန်တီးချင်ပါတယ်။

--------

-လူနာတစ်ယောက်နဲ့တစ်ယောက်ကြား ၂နာရီခြားပြီး တစ်ရက်ကို ၄ယောက် ကြည့်ပေးပါမယ်။
-Emergency treatment ပဲ ပေးပါမယ်။

-Trauma / Accident လူနာကုပါမယ်။

-Extraction သွားနုတ်ပါမယ်။

ဆရာဦးဆီမှာ E motor ရှိလို့ Handpiece ကို လေမပါပဲ အသုံးပြုလို့ရတဲ့အတွက်-

-နာနေကိုက်နေတဲ့သွား ဖာလို့ရရင် Filling သွားဖာပေးပါမယ်။ ဖာလို့မရရင် RCT အကြောထုတ်ပေးပါမယ်။

----------

Clinic Staff တွေအားလုံး
PPE, N95 mask, face shield, Surgical Glove သုံးပါမယ်။
Patient အားလုံးအတွက် Surgical Gown Cap, protective Goggle သုံးပါမယ်။

Surface Disinfectant ကို Isopropyl alcohol 70% သုံးပါမယ်။
NaOCl သုံးပါမယ်။
ဝယ်လို့ရရင် UV Light သုံးပါမယ်။

WHO နဲ့ CDC တို့ရဲ့ Guideline အတိုင်း
Before procedure
During Procedure
After Procedure
အကုန် စနစ်တကျ ဖြစ်အောင်လုပ်ထားပါမယ်။

ဆေးခန်းပြချင်တဲ့ လူနာများအနေနဲ့ မိမိပြသနာ
အရေးမကြီးရင် မဆက်သွယ်ပါနဲ့။
Appointment မရပဲ ဆေးခန်းကို မလာပါနဲ့။

Appointment လုပ်ဖို့ ဆရာဦးနဲ့ ဖုန်းကတဆင့် အရင် ဆွေးနွေးပြီး လိုအပ်မှ ဆေးခန်းခေါ်ကုဖို့ ရက်ချိန်း ပေးပါမယ်။
မိမိရဲ့ History ကို မကွယ်မဝှက် အမှန်အတိုင်းပြောပေးပါ။
ဆေးခန်းလာတဲ့အခါ ဖြစ်နိုင်ရင် တစ်ယောက်တည်းလာပါ။
Disability ရှိလို့ဖြစ်ဖြစ်၊ Minor မို့လို့ဖြစ်ဖြစ်
အဖော်လိုရင် တစ်ယောက်ထက် ပို လက်မခံပါ။
အချိန်တိတိကျကျ လာပေးပါ။

# #လူတိုင်း အန္တရယ်ကင်းဖို့ လိုအပ်သော ပစ္စည်းများ ဝယ်ရတဲ့အတွက် Extra/ Surplus Charges ရှိပါလိမ့်မယ်။
ဆေးခန်းလာပြတဲ့ လူနာများအတွက် Safty Measure ကုန်ကျစားရိတ် ပိုမှာဖြစ်တဲ့အတွက် ပုံမှန် ဆရာဦး ယူတဲ့ Treatment fees ကို Percentage တစ်ခု လျော့ပေးထားပါမယ်။
Desperate time မို့ လုပ်စားတယ် အထင်မခံနိုင်တဲ့အတွက် Treatment Fees ကို လျော့ပေးထားတာဖြစ်ပြီး ဖုန်းနဲ့ ရောဂါလက္ခဏာ မေးပြီးမှ ရက်ချိန်းပေးမှာပါ။ ဆေးသောက်ရုံသက်သာမယ့် ကိစ္စကို ဖုန်းကတဆင့်ပဲ ဆေးပေးပါမယ်။ # #

Emergency မဟုတ်တဲ့
Walk in Patient ကြည့်မပေးပါဘူး။

ဆေးခန်းကို ရောက်တဲ့အခါမှာလည်း
ချမှတ်ထားတဲ့ စည်းကမ်းများကို တိတိကျကျ လိုက်နာပေးကြပါ။
ဆေးကုတဲ့ Service Facility ကလွဲလို့
ဘာ Customer Service မှ မပေးနိုင်ပါဘူး။

တစုံတခု မှားယွင်းသွားတာနဲ့ Q ထိမှာမို့ ကိုယ်ချင်းစာစိတ်နဲ့ လာပေးကြဖို့ Request လုပ်ပါတယ်။

Dr. Oo.

31/03/2020

ဧပြီ ၁ရက်နေ့မှ စ၍ သင်္ကြန်ကာလအထိ အရေးပေါ်လူနာများသာ လက်ခံကုသပေးပါမယ်။
Dr.Oo နှင့် ဝန်ထမ်း တစ်ယောက်သာ ရှိနေနိုင်မည် ဖြစ်သဖြင့် အရေးပေါ် အခြေအနေ မဟုတ်ပါက မိမိအိမ်တွင်သာ သီးသန့် အနားယူကြခြင်းဖြင့် မိမိနှင့် မိသားစု ပတ်ဝန်းကျင်ကို ထိန်းသိမ်း စောင့်ရှောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Address

Room 104, Shwe Hin Thar Condo, Tower A, 6. 5miles, Pyay Road, HlaingTownship
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00

Telephone

95930006466

Alerts

Be the first to know and let us send you an email when Prime Dental Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share