Confident Dental Clinic

Confident Dental Clinic Your Dental Health ,Our Priority

Available At Confident Dental Care🦷🪥
14/10/2024

Available At Confident Dental Care🦷🪥

သွားတိုက်ဆေးအမျိုးအစားတွေလည်း စုံနေပြီ အခုထိ သွားကျဉ်တာ မပျောက်သေးဘူး ဖြစ်နေလား ! !

Pearlie White Advanced Sensitive Fluoride သွားတိုက်ဆေးက သွားကျဉ်ခြင်းတွေသက်သာ ပျောက်ကင်းစေဖို့အတွက် အကောင်းဆုံးအဖြေ ဖြစ်လာမှာပါ။

Pearlie White Advanced Sensitive Fluoride သွားတိုက်ဆေးမှာ 1000ppm Fluoride ပါဝင်တဲ့အတွက် စတင် အသုံးပြုချိန်မှ စ၍ သွားကျဉ်ခြင်း ဝေဒနာကို လျင်မြန်စွာသက်သာသွားစေမှာဖြစ်ပြီး အသုံးပြုနေစဉ်အချိန်ကာလမှာလည်းသွားကျဉ်ခြင်းကိုရေရှည်အတားအဆီးတစ်ခုအနေဖြင့်အကောင်းဆုံးကာကွယ်ပေးထားနိုင်ပါတယ်။

ဒုတိယအနေနဲ့ Pearlie White ရဲ့ extra gentle formula ကြောင့် သင့်သွားနှင့် သွားဖုံးတွေကို ထိခိုက်စေမှာမဟုတ်ပဲ နေ့စဉ် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေအနေနဲ့ကလည်း သဘာဝမှရရှိတဲ့ထုတ်ကုန် ၁၀ မျိုး ကို ထည့်သွင်းထားသည့် အတွက် သင့်ခံတွင်း ကျန်းမာရေးကိုလည်း များစွာအထောက်အကူ ပြုစေမှာဖြစ်ပါတယ်။

ဒါကြောင့် သွားကျဉ်ခြင်းကို သက်သာပျောက်ကင်းစေဖို့အတွက် Pearlie White ရဲ့ Advanced Sensitive Fluoride သွားတိုက်ဆေးကို အခုပဲဝယ်ယူလိုက်ပါ။

Pearlie White ခံတွင်းကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို နီးစပ်ရာ City Mart, Marketplace, Capital Hypermarket, Gamone Pwint, One Stop Supermarket, Shwe Ohh Pharmacy ဆိုင်များနှင့် သွားနှင့်ခံတွင်းဆေးခန်းများတွင်ဝယ်ယူရရှိနိုင်ပါပြီ။ Online ကနေဆိုရင် Pearlie White Myanmar page တွင် မှာယူရရှိနိုင်ပါသည်။

Root Canal Treatment (သွား အကြောထုတ် ကုသခြင်း) အတွက် လိုအပ်သော ✔️သွား အကြောတိုင်းစက်✔️သွားအကြောထုတ်စက်✔️Digital Xray သွာ...
19/12/2022

Root Canal Treatment (သွား အကြောထုတ် ကုသခြင်း) အတွက် လိုအပ်သော
✔️သွား အကြောတိုင်းစက်
✔️သွားအကြောထုတ်စက်
✔️Digital Xray သွားဓာတ်မှန် စက် တို့ကို အသုံးပြု၍ကျွမ်းကျင်ဆရာဝန်များမှ တိကျ ထိရောက်မှု ရှိစွာ ကုသပေးလျက် ရှိပါသည်

“Your Dental Health ,Our Priority”

Confident Dental Clinic
အမှတ် ၆၇ စိတ္တသုခလမ်း
ကျောက်မြောင်း တာမွေ
ရန်ကုန်မြို့။

☎️09442520113

Your Reliable Dental Prosthesis (or)Dental Implant[သွားမြစ်တု အစားထိုး ကုသမှုဖြင့် သွားစိုက်ခြင်း]✔️မိမိပါးစပ်ထဲ နှုတ်ပစ...
25/10/2022

Your Reliable Dental Prosthesis (or)
Dental Implant
[သွားမြစ်တု အစားထိုး ကုသမှုဖြင့် သွားစိုက်ခြင်း]

✔️မိမိပါးစပ်ထဲ နှုတ်ပစ်ရမည့် သွားတစ်ချောင်းရှိနေပြီ(သို့မဟုတ်)အကြောင်း အမျိုးမျိုးကြောင့် သွားနှုတ်ထားရတယ် ဆိုရင် သွားပြန်စိုက်ဖို့ စဉ်းစားရပါပြီ

✔️အကုန် အကျခံ သွားစိုက်ရတော့မယ် ဆိုရင်တော့
တာရှည်ခံဖို့ ၊ စားလို့ ဝါးလို့ ကောင်းဖို့၊အမြင်တင့်ဖို့
ဆိုတဲ့ အချက်တွေပြည့်ပြည့်စုံစုံကို ရရှိမည့် သွားတု အမျိုးအစား တခု ကို ရွေးချယ်ဖို့ အရေးကြီးပါတယ်

✔️Conventional (သာမန် သမားရိုးကျ)သွားစိုက်နည်း တွေ နဲ့ မတူဘဲ Average International Standardization အရ အနည်းဆုံး နှစ် 20 အာမခံ ချက်ရှိတဲ့ Dental Implant ခေါ် သွားမြစ်တု အစားထိုး ကုသနည်းဖြင့် သွားစိုက်ခြင်းဟာ သွားစိုက်နည်း များစွာ ထဲမှာ အကောင်းဆံုး သွားစိုက်နည်း ဖြစ်ပါတယ်

✔️Dental Imlpant ရဲ့ အားသာချက်များ ကတော့

🔸ဘေးသွားများ ကို စက်ဖြင့် စား၍ သွားစိုက်စရာ မလိုခြင်း

🔸သွား အရှင်(အံကပ်) စိုက်ခြင်း များ ကဲ့သို့ လှုပ်စိလှုပ်စိ မဖြစ်ခြင်း

🔸Titanium သွားမြစ်တု သည်လူ့ခန္ဓာကိုယ် နှင့် ဓာတ်တည့်ခြင်း (Biocompactableဖြစ်ခြင်း )တို့ ဖြစ်ပါသည်

✔️Dental Implant ဖြင့် သွားစိုက်ခြင်း ကို ထုံဆေးဖြင့် ဆောင်ရွက် ပေးခြင်းဖြစ်ပြီး နာကျင်မှု မရှိသလောက် နည်းပါးပါသည်

✔️Idea Dental Clinic မှာ Dental Implant Treatment အတွက် Dental Implantology နယ်ပယ်တွင် ကျွမ်းကျင်ပြီး အတွေ့ အကြုံ ပြည့်ဝသောဆရာဝန်များ မှ ဆောင်ရွက်ပေးခြင်းဖြစ်သည့် အလျောက် စိုးရိမ်စိတ်ကင်း စိတ်ချမ်းမြေ့စွာ ကုသမှု ခံယူနိုင်ပါသည်

🏆Idea Dental Clinic တွင် လူနာများကြား ရောဂါ ကူးစက်မှု ကင်းဝေးစေရန် အတွက် တခါသုံး လက်အိတ်
ရေခွက် Apron ဆေးထိုးအပ်များနှင့် ဖိအားမြင့် ပိုးသတ် စနစ် (autoclave)ဖြင့်စနစ်တကျ ပိုးသတ်ထားသော
ကိရိယာ များ ကို အသုံးပြုလျက် ကျွမ်းကျင်သော သွားနှင့်ခံတွင်းဆရာဝန်များမှ ကုသမှု ပေးနေပါသည် ။

✅ Covid ကာလ ဖြစ်သည့် အားလျော်စွာ ဆေးခန်း သို့ ကြိုတင် ဖုန်းဆက် Appointment ယူပြီး ပြသနိုင်ပါသည် ။

🏡လိပ်စာ......အမှတ်67,ခေမာသီလမ်း ၊ဆရပ်ကွက် ၊မြောက်ဥက္ကလာပမြို့နယ်၊ရန်ကုန်မြို့ ။

☎.......09442520113

သွား အစွပ် စွပ်ခြင်း (သို့မဟုတ် ) သွား အစွပ်လဲခြင်း                                                           {Dental Cr...
27/08/2022

သွား အစွပ် စွပ်ခြင်း (သို့မဟုတ် ) သွား အစွပ်လဲခြင်း

{Dental Crown}

✔️ဘယ် အချိန်မှာ သွား အစွပ် စွပ်ရမှာလဲ ?

🔸သွားပဲ့သွားပြီး သွားဖာခြင်းဖြင့် မမြဲနိုင်တဲ့ သွားတွေ ၊အရမ်း ပျက်စီးနေတဲ့ သွားတွေ ၊ အကြောထုတ် ကုသမှု ခံယူထားသော သွားတွေ ကို အစွပ် စွပ်ထားရပါမယ်

✔️သွားအစွပ် အမျိုး အစား ဘယ်နှစ်မျိုးရှိသလဲ?

🔸 Idea သွားဆေးခန်းတွင် ရရှိနိုင်သော သွားတု အစွပ် အမျိုးအစား အကြမ်းဖျင်း အားဖြင့် (၃)မျိုးရှိပါတယ်

🔹ကြွေ သီးသန့် အစွပ်(Zirconia or Porcelain
fused to zirconia)
🔷ကြွေ သတ္တုစပ် အစွပ် (Porcelain )

🔹သတ္တု အစွပ် (Ni Cr, Co Cr)

✔️သွားတု အစွပ် လုပ်မယ်ဆို အချိန် ဘယ်လောက်ကြာမလဲ

🔸ပထမတရက် ဆေးခန်း တွင် သွားပုံစံ အတိုင်း လာပေးရပါမယ် ….ထို့နောက်သွားတု အစွပ် အမျိုးအစားပေါ်မူတည်ပြီး ၂ ရက် မှ ၁ပတ် အတွင်း
သွားအစွပ် ကို လာရောက် တပ်ဆင်နိုင်ပါသည်

✔️သွားတု အစွပ်များ အတွက် Warrenty ပေးလား?

🔸Idea သွားဆေးခန်း အနေနဲ့ သွားတု အစွပ်များ တပ်ဆင်ပြီး ၃လ အတွင်းအကြောင်းတစုံကြောင့်
ပျက်စီးခြင်းရှိပါက အခမဲ့ ပြန်လည် ပြုပြင်ပေးပါသည်

“Your Dental Health ,Our Priority “

🏥ဆေးခန်း လိပ်စာ။ အမှတ် 67၊စိတ္တသုခလမ်း၊ကျောက်မြောင်း တာမွေမြို့နယ် ၊ရန်ကုန် မြို့။
☎️Ph No ……………. 09442520113

🦷ဒီတခါမှာတော့ အံကပ် တပ်ဆင်နေရတဲ့ လူနာ တွေ အတွက် ရည်ရွယ်ပြီး အံကပ်တပ်ဆင်အသုံးပြုစဉ်လိုက်နာရမည့် အချက်တွေ ကို ပြောပြပေးထား...
23/06/2022

🦷ဒီတခါမှာတော့ အံကပ် တပ်ဆင်နေရတဲ့ လူနာ တွေ အတွက် ရည်ရွယ်ပြီး အံကပ်တပ်ဆင်အသုံးပြုစဉ်
လိုက်နာရမည့် အချက်တွေ ကို ပြောပြပေးထားပါတယ် ရှင်

🦷🦷အံကပ်တပ်ဆင်သူ "အမြဲ" လိုက်နာရမည့်အချက်များ

- တစ်ရက်လျှင် (၈)နာရီသာ အသုံးပြုရပါမည်။
(ဥပမာ-အစာစားချိန်၊ ရုံးသွားချိန်နှင့် လူအများနှင့်စကားပြောချိန်များတွင် တပ်ဆင်ထားသင့်ပြီး အိမ်၌ အနားယူချိန်၊ အိပ်ချိန်တို့တွင် ချွတ်ထားရပါမည်။)

- အစာဝါးသည့်အခါမျိုးတွင် ရှေ့သွားဖြင့် မဝါးရပါ။ အံသွားများနှင့် ၂ဖက်ညီညီ ဝါးရပါမည်။

- အံကပ်ချွတ်ထားချိန်တွင် သွားဖုံးသားများကို သွေးလည်ပတ်မှု ကောင်းမွန်စေရန် လက်ဖြင့် နှိပ်နယ်ပေးရပါမည်။

- အံကပ်ကို အစာစားပြီးတိုင်း သန့်ရှင်းရေး လုပ်ရပါမည်။အံကပ်ဆေးကြောသည့်ဆေးပြား (Denture Cleanser) ဖြင့် ဆေးကြောနိုင်ပါသည်။ Denture Cleanser မရှိပါက သွားပွတ်တံ၊ ဆပ်ပြာနှင့် ရေအေးတို့ကို အသုံးပြုရပါမည်။

- အံကပ်၏ အတွင်းမျက်နှာပြင်၊ အပြင်မျက်နှာပြင် နှင့် သွားများကို ပွတ်တိုက်သန့်ရှင်းရမည်။ သန့်ရှင်းရေးလုပ်နေစဥ် ဇလုံတစ်ခုထဲတွင်ရေထည့်ပြီး မတော်တဆ အံကပ်လွတ်ကျကွဲမသွားစေရန် အောက်မှ ခံထားပေးသင့်ပါသည်။

- အံကပ်ကို ရေနွေးဖြင့် မစိမ်ရ၊မဆေးရပါ။ အံကပ် ကျုံ့သွား လိမ်သွားစေနိုင်ပါသည်။

- အံကပ်တပ်ပြီး အလွန်မာသော အစာ (ဥပမာ- ကွမ်းသီး၊ငါး​ခြောက်)၊ အလွန်စေးကပ်သော အစာ (ဥပမာ- ကောက်ညှင်း ) တို့ကို မစားသင့်ပါ။

- အံကပ်အဟောင်းရှိပီး အသစ်ထပ်မံပြုလုပ်သူဖြစ်ပါက နဂိုအဟောင်းကို လုံးဝတပ်ခြင်းမပြုလုပ်ရပါ။ အံကပ်အသစ်ကိုသာ တပ်ဆင်ရပါမည်။

- သိမ်းဆည်းပုံမှာ ရေအနည်းငယ်သာထည့်ထားသော အဝကျယ်ပုလင်းထဲတွင် အံကပ်ကိုထည့်ပြီး အဖုံးဖုံးထားရပါမည်။

-အံကပ်ကို (၅)နှစ် အသုံးပြုပြီးပါက အသစ်လဲလှယ်ပေးသင့်ပါသည်။

ဆေးခန်းလိပ်စာ
အမှတ် 67 ၊ ခေမာသီလမ်း
ဆ ရပ်ကွက် ၊ မြောက်ဥက္ကလာပမြို့နယ်
ရန်ကုန်မြို့(မင်းရန်အောင်ရုပ်ရှင်ရုံမှတ်တိုင်)
☎️09442520113

Root Canal Treatment (သွား အကြောထုတ် ကုသမှု ) အကြောင်း 🦷သွားပိုးစားလို့ သွားကိုက်လာတိုင်း သွား နှုတ်ပစ်ဖို့ မလိုပါဘူး။  ...
01/02/2022

Root Canal Treatment (သွား အကြောထုတ် ကုသမှု ) အကြောင်း

🦷သွားပိုးစားလို့ သွားကိုက်လာတိုင်း သွား နှုတ်ပစ်ဖို့ မလိုပါဘူး။ သွား အကြောထုတ်ကုသပြီး နှုတ်ပစ်ရမည့် သွား ကို ပြန်ကယ်လို့ ရပါတယ်

🦷သွား အကြောထုတ်တယ် ဆိုတာ သွားအတွင်း ထဲ မှာ ရှိတဲ့ ရောင်နေတဲ့ ပုပ်နေတဲ့ အသားနုလွှာလေး ကိုပဲ
ခေတ်မှီ စက်ကိရိယာတွေ အသံုးပြုပြီး ဖယ်ရှား
ပိုးသတ်လိုက်တာပဲ ဖြစ်ပါတယ်

🦷အကြောထုတ်ထားတဲ့ သွား ကို အကြောတု ထည့်
ပြန်ဖာထားပြီး နှုတ်စရာ မလိုပဲ ဆက်လက် အသံုးပြုနိုင်ပါပြီ။
သို့သော် အကြောထုတ်ကုသမှု ခံယူထားသော သွားများသည် ရေရှည်တွင် အက်ကွဲ နိုင်သည့် အတွက်
Dental Crown ခေါ် သွားအစွပ်လေးတွေ စွပ်ထားဖို့ လိုအပ်ပါတယ်

🦷သွားအကြောကုသမှု ခံယူ သည့် အခါ သွား ရောဂါ အခြေ အနေပေါ် မူတည်ပြီး ဆေးခန်း ကို ၁ကြိမ်မှ ၃ကြိမ်ခန့် ထိ လာရောက်ပြသရန်လိုအပ်ပါသည်

🏆Confident Denta Clinic တွင်လူနာ များကြား ရောဂါ ကူးစက်မှု ကင်းဝေး စေရန် တခါသံုး လက်အိတ်
Apron ရေခွက် ဆေးထိုးအပ် များနှင့် နောက်ဆံုးပေါ်
ပိုးသတ် စနစ်(Autoclave ) ဖြင့် စနစ်တကျ ပိုးသတ်ထားသော ကိရိယာများ ကို အသံုးပြုလျက်
ကုသမှုပေးပါသည်။


🏡ဆေးခန်းလိပ်စာ
အမှတ် ၆၇ စိတ္တသုခလမ်း
ကျောက်မြောင်း တာမွေ
ရန်ကုန်မြို့။
Ph: 09442520113

🌟ခံတွင်းကျောက်တွေရှင်းဖို့လိုနေပီလား ? 🦷 ❌ဆေးခန်းမှာနေ့စဉ်နဲ့အမျှ တွေ့နေရတာကတော့ခံတွင်းကျောက် (ခေါ်) calculus တွေပါပဲ ဒါ...
05/01/2022

🌟ခံတွင်းကျောက်တွေရှင်းဖို့လိုနေပီလား ? 🦷 ❌

ဆေးခန်းမှာနေ့စဉ်နဲ့အမျှ တွေ့နေရတာကတော့
ခံတွင်းကျောက် (ခေါ်) calculus တွေပါပဲ
ဒါကြောင့် ဒီနေ့ သွားနှင့် ခံတွင်းကို ဒုက္ခပေးတဲ့ ခံတွင်းကျောက်အကြောင်းလေးကို ဆရာကပြောပြပေးသွားပါမယ်

🌟ခံတွင်းကျောက် ဘယ်လိုဖြစ်လာလဲ ???

ကျွန်တော်တို့တွေရဲ့ သွားတွေပေါ်မှာ သာမန်မျက်စိနဲ့ မမြင်နိုင်နဲ့ dental plaque ဆိုတဲ့ အလွှာပါးလေးရှိပါတယ် အဲ့အလွှာပါးလေးကို နေ့စဉ်သွားတိုက် သန့်ရှင်းပေးရပါတယ်
တခါတရံ သွားမတိုက်မိ / သွားနှင့်ခံတွင်းသန့်ရှင်းရေးကို သေချာဂရုမစိုက်မိတာဖြစ်ဖြစ် သွားတိုက်သော်လည်း ခံတွင်းအနှံ့ မရောက်တာဖြစ်စေ ထို dental plaque အလွှာပါးပေါ်တွင် တံတွေးတွင်ပါဝင်သော calcium ဓာတ်များ ကပ်ငြိကာ တဖြေးဖြေးထူထပ်လာပီး ခံတွင်းကျောက် calculus များဖြစ်လာပါတယ်
ခံတွင်းကျောက်အခြေအနေရောက်သွားပီဆိုရင်တော့ဖြင့် ကျွန်တော်တို့ပုံမှန်သွားပြန်တိုက်လဲ ဒီကျောက်တွေကိုဖယ်ရှားမရတော့ပါဖူး သွားနှင့်သွားအခြေ သွားဖုံးနေရာမှာ ကျောက်တွေက စွဲနေတော့မှာပါ

🌟ခံတွင်းကျောက်ရှိရင် ဘာတွေဖြစ်လဲ ??

ခံတွင်းကျောက် calculus တွေဟာ သွားဖုံးသားတွေကို ယောင်ရမ်းစေတဲ့ toxins တွေထုတ်တာမို့ သွားတိုက်ရင် သွေးထွက်တာ ပန်းသီးကိုက်ရင်သွေးထွက်တာ စသဖြင့် အလွယ်တကူ သွေးထွက်တာတွေဖြစ်လာပါတယ် ။
ဒီကျောက်တွေဟာ သွားဖုံးကိုလှိုက်စားသွားတာကြောင့် သွားဖုံးတွေ နိမ့်ဆင်းပြီး ရေစီးကမ်းပြိုလိုက်လာကာ သွားတွေယိုင်နဲ့လာတာ / ကျွတ်ထွက်လုနီးပါးဖြစ်လာတာတွေ ကြုံတွေ့လာရပါတယ်

နောက်အဆိုးဆုံးအနေနဲ့ လူနာတွေစိတ်အညစ်ရဆုံးဖြစ်တဲ့ပြသနာကတော့ foul smell / bad breath ခေါ် ခံတွင်းနံ့ နံခြင်းတွေဖြစ်လာတော့တာပါပဲ
စကားပြောတိုင်း ခံတွင်းက အနံ့ဆိုးထွက်နေတယ်
ပလုပ်ကျင်းဆေးရည်တွေငုံလဲမသက်သာ စသဖြင့် တော်တော်စိတ်မသက်သာဖြစ်ရစေပါတယ် ကိုယ့်ကိုယ်ကို ယုံကြည်မှုကျဆင်းလာစေပါတယ်။

🌟အဲ့တော့ ဒီခံတွင်းကျောက်တွေကို ဘလိုရှင်းထုတ်မလဲ ??? ✅

ခံတွင်းကျောက်တွေကို သွားနှင့်ခံတွင်းဆေးခန်းမှာ သွားတွေကို မထိခိုက်ပဲ ဖယ်ထုတ် ကျောက်ခြစ်တဲ့ သွားသန့်ရှင်းရေး oral prophylaxis လုပ်လို့ရပါတယ်

ဒီပုံကတော့ လူနာတယောက် သွားသန့်ရှင်းရေး လုပ်ထားတဲ့ before & after ပါ ✨
ခံတွင်းကျောက်ကြောင့် သွားဖုံးတွေ လှိုက်စားနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်
ခံတွင်းကျောက်ဖယ်ပြီးပြီးချင်းမှာတော့ သွားဖုံးတွေ အနည်းငယ်ရောင်နေမှာဖြစ်ပီး ၁ရက်/ ၂ ရက်ကြာရင် သွားဖုံးသားပုံမှန်ပြန်ဖြစ်ပြီး ကျန်းမာတဲ့ သွားဖုံးလေးပြန်ရမှာပဲဖြစ်ပါတယ် ✅

သွားသန့်ရှင်းရေးလုပ်ပြီးရင် ကိုယ့်သွားနှင့်ခံတွင်းအခြေအနေနဲ့ သင့်လျော်တဲ့ သွားတိုက်တံ သွားတိုက်ဆေး သွားတိုက်ဖို့ နည်းစနစ်တွေ ဆရာဝန်ကညွှန်းပေးတဲ့အတိုင်းလိုက်အသုံးပြုပေးခြင်းအားဖြင့် ခံတွင်းကျောက်တွေ ဆက်မဖြစ်အောင်ကာကွယ်လို့လဲ ရပါတယ်ခင်ဗျာ ။✨

🏆Idea Dental Clinic တွင် လူနာများကြား ရောဂါ ကူးစက်မှု ကင်းဝေးစေရန် အတွက် တခါသုံး လက်အိတ်
ရေခွက် Apron ဆေးထိုးအပ်များနှင့် ဖိအားမြင့် ပိုးသတ် စနစ် (autoclave)ဖြင့် စနစ်တကျ ပိုးသတ်ထားသော
ကိရိယာ များ ကို အသုံးပြုလျက် ကုသမှု ပေးပါသည်

🏡လိပ်စာ......အမှတ် ၆၇ စိတ္တသုခလမ်း ကျောက်မြောင်း တာမွေ ရန်ကုန်မြို့

☎.......09442520113

Your smile , Our satisfaction ✨ရှေ့သွားလေးတွေ accident ကြောင့်ကျိုးသွားခဲ့တဲ့ လူနာကို သဘာဝသွားအရောင်နဲ့ တထပ်တည်းကျတဲ့ zi...
24/11/2021

Your smile , Our satisfaction ✨

ရှေ့သွားလေးတွေ accident ကြောင့်ကျိုးသွားခဲ့တဲ့ လူနာကို
သဘာဝသွားအရောင်နဲ့ တထပ်တည်းကျတဲ့ zirconia ကြွေသွားအသုံးပြုပြီး သွားစိုက်ပေးဖြစ်တာလေးပါ ။

Zirconia ဟာဆိုရင်တော့ သွားစိုက်တဲ့နေရာမှာ
သဘာဝသွားအရောင်နဲ့ထပ်တူကျပြီး ပုံမှန်သွားထက် ၅ဆ ပိုမာကြောတာမို့ effective အဖြစ်ဆုံးအနေနဲ့ သွားတုတွေထဲမှာ ထိပ်ဆုံးက top ဖြစ်နေရတာပါ🦷

လူနာကတော့ အရင်က သွားမရှိလို့ လက်နဲ့ကာကာပြိး သိပ်မရယ်ရဲပေမဲ့ ခုတော့ အားရပါးရ ရယ်နိုင်သွားပါပြီတဲ့ 😁😁

🏆Idea Dental Clinic တွင် လူနာများကြား ရောဂါ ကူးစက်မှု ကင်းဝေးစေရန် အတွက် တခါသုံး လက်အိတ်
ရေခွက် Apron ဆေးထိုးအပ်များနှင့် ဖိအားမြင့် ပိုးသတ် စနစ် (autoclave)ဖြင့် စနစ်တကျ ပိုးသတ်ထားသော
ကိရိယာ များ ကို အသုံးပြုလျက် ကုသမှု ပေးပါသည်

✅ Covid ကာလ ဖြစ်သည့် အားလျော်စွာ ဆေးခန်း သို့ ကြိုတင် ဖုန်းဆက် Appointment ယူပြီး ပြသနိုင်ပါသည် ရှင့်

🏡လိပ်စာ......အမှတ် ၆၇ ခေမာသီလမ်းမကြီး မြောက်ဥက္ကလာမြို့နယ် (မင်းရန်အောင် ရုပ်ရှင်ရုံမှတ်တိုင် ) ရန်ကုန်မြို့

☎.......09442520113 09772362317

🏥အားလုံး ပဲ မင်္ဂလာပါ ရှင်. Confident Dental Clinicကနေ ကြိုဆိုပါတယ်📌 ဒီတပတ်မှာတော့  သွားနှင့်ခံတွင်းရောဂါ ဖြစ်ပွားမှု ကိ...
12/10/2021

🏥အားလုံး ပဲ မင်္ဂလာပါ ရှင်. Confident Dental Clinicကနေ ကြိုဆိုပါတယ်

📌 ဒီတပတ်မှာတော့ သွားနှင့်ခံတွင်းရောဂါ ဖြစ်ပွားမှု ကို ကာကွယ်ရာမှာ အရေးကြီးတဲ့
''စနစ်မှန် သွားတိုက်နည်း"
အကြောင်း ကို ဝေမျှပေးသွားမှာပဲ ဖြစ်ပါတယ်

✔'စနစ်မှန် သွားတိုက်နည်း 'ဆိုတာ က သွားပွတ်တံနဲ့ သွားတိုက်ဆေး ကို အသုံးပြုပြီး အစာ အကြွင်း အကျန်တွေ နဲ့ သွားချေးလွှာတွေ ကို ထိထိရောက်ရောက်ဖယ်ရှားတဲ့ နည်းပဲ ဖြစ်ပါတယ် (ဆား၊ဖွဲပြာ၊မီးသွေး၊သဲတို့နဲ့လုံးဝသွားမတိုက် ရပါဘူး)
✔အသုံးပြုမည့် သွားပွတ်တံဟာ အမျှင်ပျော့ပျောင်းပြီး
မြဲမြံစွာ ဆုပ်ကိုင်နိုင်တဲ့ လက်ကိုင် ပါရှိရပါမယ်
✔သွားတိုက်ဆေး အနေနဲ့ ကတော့ Fluoride (ဖလိုရိုဒ်) ဓာတ်ပါတဲ့ မည်သည့် အမှတ် တံဆိပ်သွားတိုက်ဆေးကို မဆို အသုံးပြုနိုင်ပါတယ်
✔သွားတိုက်တဲ့ အခါ သွားရဲ့ အပြင်မျက်နှာပြင်
အတွင်း မျက်နှာပြင် စားတဲ့ ဝါးတဲ့ မျက်နှာပြင် အားလုံးကို သေချာတိုက်ဖို့ အရေးကြီးပါတယ်...... သွားနှစ်ချောင်းကြား ကို လည်း Dental floss (သွားပွတ်ကြိုး) ကို အသုံးပြုပြီး သန့်ရှင်းရေး လုပ်ရပါမယ်
✔သွားရဲ့ အပြင် မျက်နှာပြင် နဲ့ အတွင်းမျက်နှာပြင်အ များကို သွားတိုက်တဲ့ အခါအပေါ် အောက်ဆွဲ၍ တိုက်ရပါမယ်(ကန့်လန့် ​ဖြတ် ဆွဲ၍ သွားမတိုက်ရပါ)
✔နောက်ဆုံး လျှာ ကို ဖွဖွ လေး တိုက်ပေးရပါမယ်
✔သွားတိုက်လျှင် အနည်းဆုံး ၂မိနစ်ခန့် ကြာအောင်
သွားတိုက်ပေးသင့် ပြီး.... တစ်နေ့ လျှင် ၂ကြိမ် (မနက် အစာ စားပြီးချိန် နှင့် ညအိပ်ရာ ဝင်ခါနီးချိန်) တို့၌သွားတိုက်ပေးရပါမယ်
✅သွားနှင့်ခံတွင်း ဆိုင်ရာ ဗဟုသုတ များ ကို အစဥ် သင့် သလို တင်ပေးသွားမှာမို့ Like &Share လေး လုပ်ထားပေးကြပါ နော်
🔰သွားတိုက်တဲ့ အခါ မှားပြီး တိုက်တတ်တဲ့ direction လေးတွေ ကို အမှန် ပြင်နိုင်ဖို့ သရုပ်​ပြပုံ​ ​​နဲ့ ရှင်းပြထားပါတယ်
🔰စနစ်မှန်သွားတိုက်နည်း ကို အသုံးပြုရင်း သွားနှင့်ခံတွင်းရောဂါ များ ကင်းဝေးပါစေကြောင်း ဆန္ဒ ပြု အပ်ပါတယ်.... Covid 1 9ကူးစက်ရောဂါဘေးမှ လည်း ကင်းဝေးကြပါစေ
🏥Confident Dental Clinic
အမှတ်၆၇. ​​စိတ္တသုခလမ်း
ကျောက်မြောင်း တာမွေ

📠09442520113
09771362317

✨✨Behind every beautiful smile , there’s pearl teeth !လှပတဲ့ အပြုံးလေးတွေရဲ့နောက်မှာ ပုလဲလုံးလိုသွားလှလှလေးတွေရှိပါတယ်တဲ...
16/09/2021

✨✨Behind every beautiful smile , there’s pearl teeth !
လှပတဲ့ အပြုံးလေးတွေရဲ့နောက်မှာ ပုလဲလုံးလိုသွားလှလှလေးတွေရှိပါတယ်တဲ့ ✨✨✨

ကျွန်တော်တို့တစ်ဦးတစ်ယောက်ချင်းစီမှာ signature smile လှလှလေးတွေကိုယ်စီရှိကြတယ်ဗျ😁
Sweet smile , cute laugh , sexy smirk စသဖြင့် တစ်ယောက်ချင်းစီရဲ့ အပြုံးလေးတွေက ဆွဲဆောင်မှု ရှိပြီးသားပေါ့ဗျာ 😉
ဒါပေမဲ့ ဒီအပြုံးလှလှလေးတွေကို ပိုပြီး အသက်ဝင်အောင်ဖန်တီးပေးနေတာကတော့ ကျွန်တော်တို့ခံတွင်းထဲက သွားလေးတွေပါပဲ 🦷
သွားလေးတွေက နေ့စဉ် အာဟာရအတွက်စားတဲ့ဝါးတဲ့ လုပ်ငန်းစဉ်ကို လုပ်ပေးနေတဲ့အပြင် ကျွန်တော်တို့ရဲ့ aesthetic အသွင်အပြင်ပိုင်းကိုလဲ အများကြီး လွှမ်းမိုးမှုရှိပါတယ် ‼️

❌သွားလေးတွေ ဝါနေလို့
❌သွားမှာ ကွမ်းဂျိုး ဆေးလိပ်ဂျိုးတွေ ရှိနေလို့
❌သွားမှာ အရောင် stain တွေတင်နေလို့ စသဖြင့်
အကြောင်းကြောင့်မျိုးစုံ ကျွန်တော်တို့ဟာ ဟက်ဟက်ပက်ပက်မရယ်မောဖြစ်ကြတဲ့ အချိန်တွေရှိခဲ့ကြမယ် ထင်ပါတယ်🙊
ကျွန်တော်တို့ အပြုံးလေးတွေကလဲ အသက်မဝင်တော့ ပဲ လှသင့်သလောက် မလှပဲဖြစ်ကုန်တာပေါ့ဗျာ။ 🤷🏻

ဒီလိုမျိုးသွားလေးတွေရဲ့ အရောင်အဆင်းနဲ့ ပတ်သက်ပြီး စိတ်အလိုမကျရမဲ့ခေတ်ကဟိုးးအဝေးကြီးမှာ ကျန်ခဲ့ပါပီနော် !
ခုဆိုရင်တော့ မိတ်ဆွေရဲ့သွားလေးတွေ ပုလဲလုံးလေးလို ဖြူဖွေးသန့်စင်သွားဖို့ အချိန် ၁ နာရီပဲ လိုပါတယ်ခင်ဗျာ ‼️‼️

🏆သွားလေးတွေ မွေးရာပါ (သို့) stains ကြောင့် ဝါနေတဲ့ သူတွေ အတွက် ဖြူဖွေးစေတဲ့
✨“Hollywood smile whitening “ treatment

🏆ကွမ်းဂျိုး ဆေးလိပ်ဂျိုးတွေကြောင့် ညစ်ထေးနေတဲ့ သွားလေးတွေကို original လို ပြန် ဖြူသန့်စေဖို့
✨“Scaling and Polishing” treatment စသဖြင့်

တစ်ဦးတစ်ယောက်ချင်းစီရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ကုသမှုတွေအတွက် ကျွန်တော်တို့ရဲ့
🏆IDEA သွားနှင့်ခံတွင်းဆေးခန်း (North Okkala Branch ) မှာ လာရောက်တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူလို့ရပါပြီ ✨✨✨

🏆IDEA Dental Clinic တွင် လူနာများကြား ရောဂါ ကူးစက်မှု ကင်းဝေးစေရန် အတွက် တခါသုံး လက်အိတ်
ရေခွက် Apron ဆေးထိုးအပ်များနှင့် ဖိအားမြင့် ပိုးသတ် စနစ် (autoclave)ဖြင့်စနစ်တကျ ပိုးသတ်ထားသော
ကိရိယာ များ ကို အသုံးပြုလျက် ကျွမ်းကျင်သော သွားနှင့်ခံတွင်းဆရာဝန်များမှ ကုသမှု ပေးနေပါသည် ။

✅ Covid ကာလ ဖြစ်သည့် အားလျော်စွာ ဆေးခန်း သို့ ကြိုတင် ဖုန်းဆက် Appointment ယူပြီး ပြသနိုင်ပါသည် ။

🏡လိပ်စာ......အမှတ် ၆၇ စိတ္တသုခလမ်းကျောက်မြောင်း တာမွေ ရန်ကုန်မြို့

☎.......09442520113 09772362317

Address

အမှတ် ၆၇ ၊စိတ္တသုခလမ်း ၊ကျောက်မြောင်း ၊တာမွေ ၊ရန်ကုန်မြို့။
Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959442520113

Website

Alerts

Be the first to know and let us send you an email when Confident Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share