27/05/2026
Root Canal Treatmentအကြောင်သိကောင်းစရာ
Root Canal Treatment (သွားအကြောထုတ်ကုသခြင်း) ဆိုတာ သွားပိုးစားတာ နက်ပြီး အာရုံကြောအထိ ပိုးဝင်သွားတဲ့ သွားတစ်ချောင်းကို မနှုတ်ပစ်ရဘဲ သဘာဝအတိုင်း ပြန်သုံးနိုင်အောင် ပြုပြင်ကုသပေးတဲ့ နည်းလမ်းပါ။အလွယ်ဆုံးအနေနဲ့ရှင်းပြရမယ်ဆိုရင် အဆင့် (၃) ဆင့်နဲ့ ကုသတာဖြစ်ပါတယ်။
၁။ သန့်စင်ခြင်း
သွားအတွင်းထဲက ပိုးဝင်ပြီး ပုပ်နေတဲ့ သွားအာရုံကြောနဲ့ သွေးကြောတွေကို ဖယ်ထုတ် သန့်စင်ပါတယ်။
၂။ အမြစ်ပိတ်ခြင်း
ပိုးမွှားတွေ ထပ်မဝင်နိုင်အောင် သွားအမြစ်အပေါက်ကို ဆေးနဲ့ သေချာ ပြန်ပိတ်ပါတယ်။
၃။ သွားဖာခြင်း (filling)
ဆေးနဲ့ပြန်ပိတ်ပြီးလို့ ကုသမှုအဆင်ပြေတယ်ဆိုရင်
သွားကို ပြန်ဖာပေးပါတယ်။ အကောင်းဆုံးကတော့ အာရုံကြောထုတ်ထားတဲ့သွားက ကြွပ်ပြီး ကျိုးလွယ်
တဲ့အတွက် ခိုင်ခံ့အောင် အပေါ်ကနေ သွားစွပ် (Crown)
ပြန်စွပ်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။
အနှစ်ချုပ်အနေကတော့ သွားကိုက်တာကို ပျောက်ကင်းစေပြီး သဘာဝသွားကို မနှုတ်ဘဲ ရေရှည်ဆက်သုံးလို့ရအောင် လုပ်ပေးတဲ့ ကုထုံးဖြစ်ပါတယ်။
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰
👨💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯
*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး၊(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်၊တောင်ဥက္ကလာပမြို့နယ်
09-881463248
👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်၊ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး၊မြောက်ဥက္ကလာပမြို့နယ်
09-892192412