ROYAL YUKI Dental Specialist Clinic

ROYAL YUKI Dental Specialist Clinic Royal Yuki Dental Clinic (ロイヤル雪歯科クリニック)

Root Canal Treatmentအကြောင်သိကောင်းစရာRoot Canal Treatment (သွားအကြောထုတ်ကုသခြင်း) ဆိုတာ သွားပိုးစားတာ နက်ပြီး အာရုံကြော...
27/05/2026

Root Canal Treatmentအကြောင်သိကောင်းစရာ

Root Canal Treatment (သွားအကြောထုတ်ကုသခြင်း) ဆိုတာ သွားပိုးစားတာ နက်ပြီး အာရုံကြောအထိ ပိုးဝင်သွားတဲ့ သွားတစ်ချောင်းကို မနှုတ်ပစ်ရဘဲ သဘာဝအတိုင်း ပြန်သုံးနိုင်အောင် ပြုပြင်ကုသပေးတဲ့ နည်းလမ်းပါ။အလွယ်ဆုံးအနေနဲ့ရှင်းပြရမယ်ဆိုရင် အဆင့် (၃) ဆင့်နဲ့ ကုသတာဖြစ်ပါတယ်။

၁။ သန့်စင်ခြင်း
သွားအတွင်းထဲက ပိုးဝင်ပြီး ပုပ်နေတဲ့ သွားအာရုံကြောနဲ့ သွေးကြောတွေကို ဖယ်ထုတ် သန့်စင်ပါတယ်။

၂။ အမြစ်ပိတ်ခြင်း
ပိုးမွှားတွေ ထပ်မဝင်နိုင်အောင် သွားအမြစ်အပေါက်ကို ဆေးနဲ့ သေချာ ပြန်ပိတ်ပါတယ်။

၃။ သွားဖာခြင်း (filling)
ဆေးနဲ့ပြန်ပိတ်ပြီးလို့ ကုသမှုအဆင်ပြေတယ်ဆိုရင်
သွားကို ပြန်ဖာပေးပါတယ်။ အကောင်းဆုံးကတော့ အာရုံကြောထုတ်ထားတဲ့သွားက ကြွပ်ပြီး ကျိုးလွယ်
တဲ့အတွက် ခိုင်ခံ့အောင် အပေါ်ကနေ သွားစွပ် (Crown)
ပြန်စွပ်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။

အနှစ်ချုပ်အနေကတော့ သွားကိုက်တာကို ပျောက်ကင်းစေပြီး သဘာဝသွားကို မနှုတ်ဘဲ ရေရှည်ဆက်သုံးလို့ရအောင် လုပ်ပေးတဲ့ ကုထုံးဖြစ်ပါတယ်။
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰

👨‍💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯

*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး၊(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်၊တောင်ဥက္ကလာပမြို့နယ်
09-881463248

👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်၊ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး၊မြောက်ဥက္ကလာပမြို့နယ်
09-892192412

🚬 ဆေးလိပ်က သွားနဲ့ခံတွင်းကို ဘယ်လိုဒုက္ခပေးသလဲ?၁။ သွားတွေ အရောင်ဆိုးတာ (Tooth Staining)ဆေးလိပ်မှာပါတဲ့ Tar (ကတ္တရာ) နဲ့ ...
26/05/2026

🚬 ဆေးလိပ်က သွားနဲ့ခံတွင်းကို ဘယ်လိုဒုက္ခပေးသလဲ?

၁။ သွားတွေ အရောင်ဆိုးတာ (Tooth Staining)
ဆေးလိပ်မှာပါတဲ့ Tar (ကတ္တရာ) နဲ့ Ni****ne (နီကိုတင်း) ဓာတ်တွေက သွားရဲ့ ကြွေလွှာထဲကို စိမ့်ဝင်ပြီး သွားတွေကို ကော်ဖီရောင်၊ အဝါရောင် တောက်တောက်တွေအဖြစ် ပြောင်းပစ်ပါတယ်။ ဒါက သွားတိုက်ရုံနဲ့ ဘယ်လိုမှ
မပြောင်နိုင်ပါဘူး။

၂။ ခံတွင်းအနံ့ဆိုးခြင်းနဲ့ အရသာခံအာရုံ ပျက်စီးခြင်း
ဆေးလိပ်သောက်သူတွေရဲ့ ခံတွင်းအနံ့ (Smoker’s breath) က ဘေးကလူတွေအတွက် တော်တော်လေး
နေရခက်စေပါတယ်။ ဒါ့အပြင် လျှာပေါ်က အရသာခံဖုလေးတွေကို ထုံသွားစေလို့ အစားအသောက်စားရင်
အရင်လို အရသာ ကောင်းကောင်းမသိရတော့ပါဘူး။

၃။ သွားဖုံးရောဂါ (Gum Diseases) အဆိုးဆုံးအဆင့်အထိ ဖြစ်နိုင်ခြင်း
ဒါက အကြောက်ရဆုံး အချက်ပါပဲ။ ဆေးလိပ်သောက်ရင် သွေးထဲမှာ အောက်ဆီဂျင်နည်းသွားလို့ သွားဖုံးဆီကို သွေးလည်ပတ်မှု မကောင်းတော့ပါဘူး။

ရလဒ်ကတော့ သွားဖုံးတွေ ရောင်မယ်၊ ပြည်ယိုမယ်၊ သွားဖုံးတွေ နိမ့်ဆင်းသွားပြီး သွားခြေတွေ ပေါ်လာမယ်။ နောက်ဆုံး သွားကို ထိန်းထားတဲ့ အရိုးပါ ပျက်စီးပြီး သွားတွေ အလိုလို လှုပ်ပြီး ကျွတ်ထွက်ကုန်တဲ့အထိ
ဖြစ်နိုင်ပါတယ်။

၄။ အနာကျက်နှေးခြင်း
သွားနှုတ်တာ၊ သွားစိုက်တာ ဒါမှမဟုတ် ခံတွင်းခွဲစိတ်မှုတစ်ခုခု လုပ်ပြီးရင် ဆေးလိပ်သောက်တဲ့သူက အနာကျက်ဖို့ တော်တော်ကြာတတ်ပါတယ်။ သွေးလည်ပတ်မှု မကောင်းတဲ့အတွက် ပိုးဝင်ဖို့ အခွင့်အလမ်းလည်း ပိုများပါတယ်။

၅။ ခံတွင်းကင်ဆာ (Oral Cancer)
ဆေးလိပ်မှာပါတဲ့ ဓာတုပစ္စည်းတွေက ခံတွင်းထဲက ဆဲလ်တွေကို ပျက်စီးစေပြီး လျှာကင်ဆာ၊ သွားဖုံးကင်ဆာနဲ့ နှုတ်ခမ်းကင်ဆာ ဖြစ်နိုင်ခြေကို သိသိသာသာ မြင့်တက်စေပါတယ်။

ဒါကြောင့်မလို့ ကောင်းကျိုးတစ်ခုမျှမပေးတဲ့ ဆေးလိပ်သောက်ခြင်း အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး ဖြတ်ကြဖို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰

👨‍💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯

*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး၊(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်၊တောင်ဥက္ကလာပမြို့နယ်
09-881463248

👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်၊ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး၊မြောက်ဥက္ကလာပမြို့နယ်
09-892192412

👶🧒ကလေးငယ်များအတွက် သွားနှင့်ခံတွင်း စောင့်ရှောက်မှုကလေးငယ်တွေရဲ့ သွားကျန်းမာရေးဟာ အစားအသောက် ကောင်းကောင်းစားနိုင်ဖို့တင်...
25/05/2026

👶🧒ကလေးငယ်များအတွက် သွားနှင့်ခံတွင်း စောင့်ရှောက်မှု

ကလေးငယ်တွေရဲ့ သွားကျန်းမာရေးဟာ အစားအသောက် ကောင်းကောင်းစားနိုင်ဖို့တင်မကဘဲ စကားပြောပီသဖို့နဲ့ နောင်တစ်ချိန်မှာ အမြဲတမ်းသွားတွေ လှလှပပ ညီညီညာညာ ထွက်လာဖို့အတွက်ပါ အရေးကြီးပါတယ်။ ဒါကြောင့် ကလေးရဲ့ သွားလေးတွေကို ကျန်းမာကြံ့ခိုင်နေစေဖို့ မိဘတွေ မဖြစ်မနေ လုပ်ဆောင်ပေးရမယ့် အခြေခံအချက် (၄) ချက်ကို ဆက်စပ်ပြီး ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ သွားတိုက်ဆေးပမာဏ (အသက်အလိုက် သုံးစွဲပုံ)
သွားလေးတွေ စတင်စောင့်ရှောက်ဖို့အတွက် ပထမဆုံးအနေနဲ့ သွားတိုက်ဆေး ပမာဏကို အသက်အရွယ်အလိုက် အောက်ပါအတိုင်း မှန်မှန်ကန်ကန် ရွေးချယ်ပေးရပါမယ်
၃ နှစ်အောက်ဆိုရင် ဖလိုရိုက်ဒ် (Fluoride) ပါတဲ့ သွားတိုက်ဆေးကို ဆန်စေ့ခန့် အနည်းငယ်မျှရုံပဲ သုံးပါ။
၃ နှစ်မှ ၆ နှစ်ထိဆိုရင် ပမာဏကို ပဲစေ့ခန့်သို့ တိုးမြှင့်ပေးပါ။

၂။ အချိန်နှင့် အကြိမ်ရေ
ဆေးပမာဏ မှန်ကန်ရုံတင်မကဘဲ ထိရောက်မှုရှိဖို့အတွက် အချိန်နဲ့ အကြိမ်ရေကိုလည်း စနစ်တကျ
ရှိရပါမယ်။

တစ်နေ့ ၂ ကြိမ်အနေနဲ့ မနက်စာစားပြီးတစ်ကြိမ်နဲ့
ညအိပ်ခါနီးတစ်ကြိမ် ပုံမှန်တိုက်ပေးပါ။

သွားပိုးမစားအောင် ကာကွယ်ဖို့အတွက် တစ်ခါတိုက်ရင် အနည်းဆုံး ၂ မိနစ်ကြာအောင် တိုက်ပေးရပါမယ်။

၃။ မိဘက ကူညီပေးခြင်း
ကလေးငယ်တွေဟာ သွားပုံမှန်တိုက်ပေးရမယ်ဆိုတာကို သိပေမယ့် သူတို့ကိုယ်တိုင် သန့်စင်အောင် မတိုက်တတ်သေးပါဘူး။
ကလေးအသက် ၇ နှစ်/၈ နှစ်အထိ (သူတို့လက်နဲ့ ဖိနပ်ကြိုး သေသေချာချာ ချည်တတ်တဲ့အရွယ်အထိ) သွားချေးတွေ ပြောင်စင်သွားအောင် မိဘကပဲ အနီးကပ် ကူညီတိုက်ပေးဖို့ လိုအပ်ပါတယ်။

၄။ အဓိက ရှောင်ကြဉ်ရမည့်အချက်များ (သွားပျက်စီးမှုကို တားဆီးရန်)
သွားတွေကို ပုံမှန် တိုက်ပေးနေရင်တောင် အောက်ပါအလေ့အကျင့်ဆိုးတွေ ရှိနေရင် သွားတွေ အလွယ်တကူ ပိုးစားပျက်စီးသွားနိုင်ပါတယ်။

🍼နို့ဗူးစို့လျက် အိပ်ခြင်း
ကလေးကို နို့ဗူးစို့လျက်သားကြီး အိပ်ပျော်သွားတာမျိုး လုံးဝပေးမအိပ်ပါနဲ့ (တစ်ညလုံး နို့ထဲကသကြားဓာတ်တွေ သွားမှာတင်ကျန်ပြီး သွားအမြန်ဆုံး ပိုးစားတတ်လို့ပါ)။

🍭မုန့်အချိုများ လျှော့ကျွေးပါ သကြားလုံး၊ ချောကလက်နဲ့ ကပ်စေးနဲတဲ့ မုန့်ချိုတွေကို တတ်နိုင်သမျှ လျှော့ကျွေးပါ။ ကျွေးပြီးရင်လည်း ရေများများပြန်သောက်ခိုင်းပါ။

ကလေးသွားလေးတွေက လူကြီးသွားအသေးစားမဟုတ်ဘူးဆိုတာလေး အမြဲသတိရပေးပါနော် 🥰🥰
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰

👨‍💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯

*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး၊(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်၊တောင်ဥက္ကလာပမြို့နယ်
09-881463248

👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်၊ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး၊မြောက်ဥက္ကလာပမြို့နယ်
09-892192412

🦠 သကြား နှင့် သွားပိုးစားခြင်းအန္တရာယ်သကြားက သွားကို တိုက်ရိုက်ပိုးစားတာ မဟုတ်ပါဘူး။ အချိုစားတဲ့အခါ ခံတွင်းထဲက ဘက်တီးရီး...
24/05/2026

🦠 သကြား နှင့် သွားပိုးစားခြင်းအန္တရာယ်

သကြားက သွားကို တိုက်ရိုက်ပိုးစားတာ မဟုတ်ပါဘူး။ အချိုစားတဲ့အခါ ခံတွင်းထဲက ဘက်တီးရီးယားတွေက သကြားဓာတ်ကို စားသုံးပြီးအက်ဆစ် (Acid) တွေ ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ အဲဒီအက်ဆစ်က သွားမျက်နှာပြင်ကို တိုက်စားပစ်ရာကနေ ရေရှည်မှာ သွားပိုးစားပြီး အပေါက်ဖြစ်လာရခြင်း ဖြစ်ပါတယ်။

⚠️ သတိထားရမယ့် လက္ခဏာများ
သွားပေါ်တွင် အမည်းစက် သို့မဟုတ် အပေါက်ကလေးများ မြင်ရခြင်း၊ ရေအေး သောက်လျှင် သို့မဟုတ် အချိုစားလျှင် သွားကျဉ်ခြင်း၊ သွားကိုက်ခြင်းတို့ ဖြစ်လာတတ်ပါတယ်။

💡 သွားပိုးမစားအောင် ကာကွယ်နည်း (၄) ချက်
၁။ အချိုလျှော့စားပါ
သကြားလုံး၊ ကိတ်မုန့်နှင့် အချိုရည်များကို တတ်နိုင်သမျှ လျှော့ချပါ။
၂။ ချက်ချင်း ပလုပ်ကျင်းပါ💦
အချိုစားပြီးတိုင်း ခံတွင်းထဲ သကြားဓာတ်မကျန်စေရန် ရေဖြင့် စင်ကြယ်အောင် ပလုပ်ကျင်းပါ။
၃။ဖလိုရိုက်ဒ်ပါတဲ့ သွားတိုက်ဆေးသုံးဖြင့် တစ်နေ့ (၂) ကြိမ် စနစ်တကျ သွားတိုက်ပါ။
၄။ သွားပွတ်တံမရောက်နိုင်တဲ့ သွားကြားထဲက သကြားဓာတ်နဲ့ သွားချေးတွေကို သွားကြားပွတ်ကြိုး (Floss) ဖြင့် ဖယ်ရှားပါ။
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰

👨‍💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯

*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး၊(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်၊တောင်ဥက္ကလာပမြို့နယ်
09-881463248

👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်၊ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး၊မြောက်ဥက္ကလာပမြို့နယ်
09-892192412

သွားဖုံးရောင်ခြင်း (Gingivitis) အကြောင်း သိကောင်းစရာအပြုံးတစ်ခု လှပဖို့အတွက် ကျန်းမာတဲ့ သွားဖုံးလေးတွေ ရှိနေဖို့ အလွန်အရ...
23/05/2026

သွားဖုံးရောင်ခြင်း (Gingivitis) အကြောင်း
သိကောင်းစရာ

အပြုံးတစ်ခု လှပဖို့အတွက် ကျန်းမာတဲ့ သွားဖုံးလေးတွေ ရှိနေဖို့ အလွန်အရေးကြီးပါတယ်။ သွားတိုက်ရင် သွေးပါတာ၊ သွားဖုံးနီရဲပြီး ရောင်တာတွေဟာ သွားဖုံးရောင်ခြင်းရဲ့ အစောပိုင်း သတိပေးလက္ခဏာတွေပဲ ဖြစ်ပါတယ်။

‼️ ဖြစ်ပွားရခြင်း အကြောင်းရင်း
အဓိကတရားခံကတော့ သွားနဲ့သွားဖုံးကြားမှာ ကပ်ငြိနေတဲ့သွားချေး (Plaque) ခေါ် ဘက်တီးရီးယား အလွှာလေးတွေကြောင့်ဖြစ်ပါတယ်။ သွားကို စနစ်တကျ မသန့်စင်တဲ့အခါ အဆိုပါ ဘက်တီးရီးယားတွေက သွားဖုံးကို ရောင်ရမ်းနာကျင်စေပါတယ်။

⚠️ သတိထားရမယ့် လက္ခဏာများ
သွားတိုက်လျှင် သွားဖုံးမှ သွေးထွက်ခြင်း၊ သွားဖုံးသား နီရဲပြီး ရောင်ရမ်းခြင်း၊ ခံတွင်းအနံ့မကောင်းခြင်းနှင့် သွားဖုံးသားများ နိမ့်ဆင်းကာ ပျော့အိလာခြင်းတို့ ဖြစ်ပါတယ်။

💡 ခံတွင်းကျန်းမာရေးအတွက် ကာကွယ်နည်း (၄) ချက်
1. စနစ်တကျ သွားတိုက်ပါ တစ်နေ့လျှင် (၂) ကြိမ် ပုံမှန် သွားတိုက်ပေးပါ။
2. သွားကြားပွတ်ကြိုး သုံးပါ
သွားပွတ်တံ မရောက်နိုင်တဲ့ သွားကြားထဲက အညစ်အကြေးတွေကို သွားကြားပွတ်ကြိုး (Floss) ဖြင့် ဖယ်ရှားပါ။
3. မျှတစွာ စားသုံးပါ
အာဟာရပြည့်ဝသော အစားအစာများကို စားသုံးပြီး ရေများများ သောက်ပေးပါ။
4. ဆရာဝန်နှင့် ပြသပါ အနည်းဆုံး (၆) လလျှင် တစ်ကြိမ် သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် စနစ်တကျ ပြသစစ်ဆေးပါ။

သင်၏ တန်ဖိုးရှိသော အပြုံးလေးများ အမြဲလှပနေစေရန် ယနေ့ကစပြီး သွားဖုံးကျန်းမာရေးကို အထူးဂရုစိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ 🥰🥰
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰

👨‍💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯

*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး၊(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်၊တောင်ဥက္ကလာပမြို့နယ်
09-881463248

👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်၊ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး၊မြောက်ဥက္ကလာပမြို့နယ်
09-892192412

Bad Breath အကြောင်းသိကောင်းစရာခံတွင်းနံ့ဆိုးတာ (Bad Breath) က လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။ စိတ်ညစ်မနေဘဲ ဒီရိုးရှင်းတ...
21/05/2026

Bad Breath အကြောင်းသိကောင်းစရာ
ခံတွင်းနံ့ဆိုးတာ (Bad Breath) က လူတွေမှာ ဖြစ်လေ့ဖြစ်ထရှိကြပါတယ်။ စိတ်ညစ်မနေဘဲ ဒီရိုးရှင်းတဲ့ နည်းလမ်း (၄) ခုနဲ့ ပြုပြင်ကြည့်ရအောင်။ ✨

၁။ ရေများများသောက်ပါ 💧
ခံတွင်းခြောက်ရင် အနံ့ဆိုးထွက်တတ်ပါတယ်။ ရေခဏခဏသောက်ပေးတာက ခံတွင်းကို စိုစွတ်စေပြီး ဘက်တီးရီးယားတွေကို သဘာဝအတိုင်း ဖယ်ရှားပေးပါတယ်။

၂။ လျှာတိုက်ဖို့ မမေ့ပါနဲ့ 👅
သွားတိုက်ရုံနဲ့ မလုံလောက်ပါဘူး။ အနံ့ဆိုးဖြစ်စေတဲ့ ပိုးမွှားတွေက လျှာပေါ်မှာ အများဆုံးရှိနေတတ်လို့ သွားတိုက်တိုင်း လျှာကိုပါ ညင်ညင်သာသာ တွဲတိုက်ပေးပါ။

၃။ သွားကြားပွတ်ကြိုး သုံးပါ 🦷
သွားပွတ်တံမရောက်တဲ့ သွားကြားထဲက အစာဟောင်းတွေက ပုပ်သိုးပြီး အနံ့ထွက်စေပါတယ်။ တစ်နေ့တစ်ကြိမ် သွားကြားပွတ်ကြိုး (Floss) သုံးပေးပါ။

၄။ အစားအသောက် ဆင်ခြင်ပါ 🍎
ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ အချိုကဲတာတွေက အနံ့ဆိုးကို ပိုဆိုးစေပါတယ်။ အဆာပြေအဖြစ် ပန်းသီး၊ မုန်လာဥနီလို ကြွပ်ရွတဲ့ အသီးအနှံတွေစားပေးရင် ခံတွင်းကို သဘာဝအတိုင်း သန့်စင်ပေးပါတယ်။

💡ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ပြုံးပျော်နိုင်ကြပါစေ။ 🌟🍃
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰

👨‍💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯

*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး၊(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်၊တောင်ဥက္ကလာပမြို့နယ်
09-881463248

👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်၊ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး၊မြောက်ဥက္ကလာပမြို့နယ်
09-892192412

သွေးကြဲဆေး (Anti-platelet/ anti-coagulant) သောက်နေရသူတစ်ယောက် သွားနှုတ်တော့မယ်ဆိုရင်...မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ ကျွန်တ...
20/05/2026

သွေးကြဲဆေး (Anti-platelet/ anti-coagulant) သောက်နေရသူတစ်ယောက် သွားနှုတ်တော့မယ်ဆိုရင်...

မင်္ဂလာပါခင်ဗျာ။ ဒီနေ့တော့ ကျွန်တော်တို့ မိသားစုထဲမှာရော၊ ပတ်ဝန်းကျင်မှာပါ အမေးများပြီး သတိထားရမယ့် ကျန်းမာရေးအသိလေးတစ်ခုကို ရှင်းပြပေးချင်ပါတယ်။ အထူးသဖြင့် နှလုံးရောဂါ သို့မဟုတ် သွေးတိုးရောဂါကြောင့် သွေးကြဲဆေးပုံမှန်သောက်နေရတဲ့သူတွေ သွားနှုတ်ဖို့ ဖြစ်လာရင် ဘာတွေသိထားရမလဲဆိုတာပါ။ အန္တရာယ်ကင်းဖို့ ဒါလေးတော့ မဖြစ်မနေ သိထားရပါမယ်နော်။

၁။ ဘာဖြစ်နိုင်လဲ?
သွေးကြဲဆေးရဲ့ သဘာဝက သွေးခဲပိတ်ဆို့မှုကို တားဆီးပေးတာပါ။ ဒါကြောင့် သွေးကြဲဆေး သောက်ထားတဲ့သူက သွားနှုတ်လိုက်ရင် ပုံမှန်လူတွေလို သွေးက ချက်ချင်းမတိတ်ဘဲ သွေးထွက်လွန်တာ၊ သွေးယိုစိမ့်မှု ကြာရှည်တာမျိုးဖြစ်တတ်ပါတယ်။

၂။ ဆရာဝန်ကို မဖြစ်မနေ ပြောပြပါ။
သွားနှင့်ခံတွင်းဆရာဝန်ဆီ သွားတဲ့အခါ မိမိ သောက်နေတဲ့ သွေးကြဲဆေးအမည် (ဥပမာ - Aspirin, Clopidogrel, Warfarin) တွေကို ကဒ်ပြား သို့မဟုတ် ဆေးစာအုပ်ပါ တစ်ပါတည်းပြပြီး ကြိုတင်အသိပေးဖို့ လိုအပ်ပါတယ်။

၃။ ကိုယ်သဘောနဲ့ကိုယ် ဆေးမဖြတ်ပါနဲ့။ သွေးထွက်မှာ ကြောက်လို့ဆိုပြီး သွားနှင့်ခံတွင်းဆရာဝန် သို့မဟုတ် သမားတော်ရဲ့ ညွှန်ကြားချက်မပါဘဲ မိမိသဘောနဲ့မိမိသွေးကြဲဆေးကို လုံးဝ (လုံးဝ) ကြိုတင် မဖြတ်ပါနဲ့။ ဆေးဖြတ်လိုက်ရင် သွေးခဲပိတ်ပြီး ပိုအန္တရာယ်ကြီးတဲ့ နှလုံးသွေးကြောပိတ်တာ၊ လေဖြတ်တာမျိုး ဖြစ်သွားနိုင်လို့ပါ။

၄။ ဆရာဝန်တွေ ဘယ်လိုစီမံပေးမလဲ?
သွားနှင့်ခံတွင်းဆရာဝန်က မိမိပြသနေကျ သမားတော်နဲ့ တိုင်ပင်ပြီး သွားမနှုတ်ခင် ဆေးကို ဘယ်နှစ်ရက် ခေတ္တရပ်ရမလဲ (သို့မဟုတ်) ဆေးမရပ်ဘဲ သွေးတိတ်စေမယ့် အထူးနည်းလမ်းတွေ သုံးမလဲဆိုတာကို ဘေးကင်းအောင် စနစ်တကျ စီစဉ်ပေးပါလိမ့်မယ်။

✨အနှစ်ချုပ်အနေနဲ့ သွေးကြဲဆေးသောက်နေသူတွေ သွားနှုတ်လို့ ရပါတယ်။ ဒါပေမယ့် သွားမနှုတ်ခင် သွားနှင့်ခံတွင်းဆရာဝန်ကို “ကျွန်တော် သွေးကြဲဆေး သောက်နေပါတယ်” လို့ စကားတစ်ခွန်း အသိပေးလိုက်ရုံနဲ့တင် ဘေးအန္တရာယ်အားလုံးကနေ ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်ခင်ဗျာ။
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰

👨‍💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯

*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး၊(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်၊တောင်ဥက္ကလာပမြို့နယ်
09-881463248

👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်၊ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး၊မြောက်ဥက္ကလာပမြို့နယ်
09-892192412

သွားကနေတစ်ဆင့် မျက်နှာနဲ့ မျက်လုံးအထိ ပြင်းထန်စွာ ပိုးဝင်ရောင်ရမ်းတဲ့အခြေအနေ (Facial & Orbital Cellulitis) ဖြစ်ပါတယ်။ပုံ...
19/05/2026

သွားကနေတစ်ဆင့် မျက်နှာနဲ့ မျက်လုံးအထိ ပြင်းထန်စွာ ပိုးဝင်ရောင်ရမ်းတဲ့အခြေအနေ (Facial & Orbital Cellulitis) ဖြစ်ပါတယ်။

ပုံထဲက ကလေးငယ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး

🚨 အဓိက တွေ့ရမယ့် လက္ခဏာ ၃ ချက်
၁။ မျက်ခွံ အဆမတန် မို့အစ်ပြီးမျက်လုံး လုံးဝဖွင့်မရ
တောဘဲ အရေပြား တင်းပြောင်နေခြင်း။
၂။ သွားပိုးဝင်ရာဘက်က ပါးပြင် အောက်မေးရိုးမှ
မျက်လုံးအထိ ရောင်အစ်ခြင်း။
၃။ ဘက်တီးရီးယားပိုး ပြင်းထန်စွာ ပေါက်ဖွားနေတဲ့
အတွက် အရေပြားနီရဲနေခြင်း။

‼️ ဘယ်လိုဖြစ်တာလဲ
👉 သွားပိုးစား/ပြည်တည်ရာမှ လုံလောက်တဲ့ မြန်ဆန်
တိကျသော ကုသမှုမခံယူခဲ့တဲ့အတွက်ဖြစ်ရတာပါ။

❌ အချိန်မှီ မကုသရင် အန္တရာယ် ၃ ချက်
👉 မျက်လုံးအိမ်တွင်း ဖိအားကြောင့် အမြင်အာရုံကြော
ပျက်စီးပြီး မျက်လုံးကွယ်ခြင်း။
👉 မျက်နှာသွေးကြောမှ ဦးနှောက်သို့ ကူးစက်ပြီး
ဦးနှောက်အမြှေးရောင်ခြင်း။
👉 ပိုးမွှားများ သွေးထဲရောက်ရှိကာ သွေးဆိပ်တက်ပြီး
အသက်ဆုံးရှုံးနိုင်ခြင်း။

🏥 ဒီလိုအခြေအနေမှာ ချက်ချင်း လုပ်ဆောင်ရမည့်
ကုသမှုကတော့
ချက်ချင်း အရေးပေါ်ဌာန သို့မဟုတ် နီးစပ်ရာ သွားနှင့်ခံတွင်းဆေးခန်းသို့ ချက်ချင်းသွားပါ။

⚠️ သတိပြုရန်
သနပ်ခါးလူးခြင်း၊ ဆေးမြီးတိုလိမ်းခြင်းနှင့် မိမိသဘောဖြင့် သောက်ဆေးတိုက်ပြီး အချိန်ဆွဲခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ရပါ။
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰

👨‍💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯

*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး၊(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်၊တောင်ဥက္ကလာပမြို့နယ်
09-881463248

👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်၊ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး၊မြောက်ဥက္ကလာပမြို့နယ်
09-892192412

🦷 မှန်ကန်တဲ့ သွားတိုက်တံ ဘယ်လိုရွေးမလဲ။သွားတိုက်တံ ရွေးချယ်တာဟာ သာမန်ကိစ္စလို ထင်ရပေမဲ့ ခံတွင်းကျန်းမာရေးအတွက် အခြေခံအကျ...
18/05/2026

🦷 မှန်ကန်တဲ့ သွားတိုက်တံ ဘယ်လိုရွေးမလဲ။
သွားတိုက်တံ ရွေးချယ်တာဟာ သာမန်ကိစ္စလို ထင်ရ
ပေမဲ့ ခံတွင်းကျန်းမာရေးအတွက် အခြေခံအကျဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ် မိမိနဲ့ အကိုက်ညီဆုံးဖြစ်ဖို့ အောက်ပါ (၄) ချက်ကို သတိပြုရွေးချယ်သင့်ပါတယ်။

၁။ အမွှေးအမျှင် (Bristles) နူးညံ့မှု ☁️
Soft (နူးညံ့)
သွားဆရာဝန်အများစု ထောက်ခံထားပြီး သွားဖုံးမနာစေဘဲ အညစ်အကြေးတွေကို နူးညံ့စွာ ဖယ်ရှားပေးပါတယ် ✅

Medium/Hard (မာ)
သုံးရတာ ကြမ်းတမ်းပြီး အသုံးပြုပုံမမှန်ရင် သွားကြွေလွှာ (Enamel) ပါးခြင်းနဲ့ သွားဖုံးစုတ်ပြဲခြင်း ဖြစ်စေနိုင်ပါတယ်။ ⚠️

၂။ ခေါင်းအရွယ်အစား (Head Size) 🔍
အံသွားအဆုံးအထိ လွယ်လွယ်ကူကူ ရောက်ရှိသန့်စင်နိုင်ဖို့အတွက် ခေါင်းခပ်သေးသေး (Small head)အမျိုးအစားကို ရွေးချယ်တာ ပိုမိုထိရောက်ပါတယ်။

၃။ ကိုင်တွယ်ရလွယ်ကူမှု (Handle Design) 🖐️
သွားတိုက်နေစဉ် လက်ထဲက ချော်မထွက်ဖို့အတွက် လက်ကိုင်ရိုးမှာ မချော်စေသော ရာဘာ (Anti-slip)
ပါဝင်တဲ့ ဒီဇိုင်းမျိုးကို ရွေးချယ်သင့်ပါတယ်။

၄။ သာမန် (Manual) နှင့်
လျှပ်စစ် (Electric) သွားတိုက်တံ ⚡
Manual
ဈေးနှုန်းချိုသာပြီး ကိုယ်တိုင် စိတ်ကြိုက်ထိန်းချုပ် တိုက်နိုင်ပါတယ်။
Electric
အလိုအလျောက်တုန်ခါမှုကြောင့် သွားချေး (Plaque) တွေကို ပိုမိုထိရောက်စွာ ဖယ်ရှားပေးနိုင်ပါတယ်

💡 သိမှတ်ဖွယ်ရာ အကြံပြုချက်
သွားတိုက်တံတစ်ချောင်းရဲ့ သက်တမ်းဟာ (၃) လ သာ ဖြစ်ပါတယ်။ အမွှေးများ ကားထွက်သွားလျှင် သန့်စင်မှုစွမ်းရည် ကျဆင်းသွားတတ်လို့ ချက်ချင်း အသစ်လဲလှယ်ပေးပါ။ 📅🔄

မိမိနဲ့ကိုက်ညီတဲ့ သွားတိုက်တံကို ရွေးချယ်ပြီး ဝင်းပတဲ့အပြုံးနဲ့ ကျန်းမာတဲ့ သွားဖုံးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ 😁🌟
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰

👨‍💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯

*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး၊(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်၊တောင်ဥက္ကလာပမြို့နယ်
09-881463248

👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်၊ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး၊မြောက်ဥက္ကလာပမြို့နယ်
09-892192412

လူငယ်နှင့်သွားနှင့်ခံတွင်းကျန်းမာရေးလူငယ်တစ်ယောက်အတွက် သွားနဲ့ခံတွင်းကျန်းမာရေးဆိုတာ ရုပ်ပိုင်းဆိုင်ရာအရတင်မကဘဲ လူမှုဆက်...
17/05/2026

လူငယ်နှင့်သွားနှင့်ခံတွင်းကျန်းမာရေး

လူငယ်တစ်ယောက်အတွက် သွားနဲ့ခံတွင်းကျန်းမာရေးဆိုတာ ရုပ်ပိုင်းဆိုင်ရာအရတင်မကဘဲ လူမှုဆက်ဆံရေးမှာပါ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိဖို့ အဓိကသော့ချက်တစ်ခုပါပဲ။ လူငယ်သဘာဝ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ စကားပြောတဲ့အခါဖြစ်စေ၊ ပြုံးလိုက်တဲ့အခါဖြစ်စေ တောက်ပစင်ကြယ်တဲ့ သွားတန်းလေးတွေနဲ့ လန်းဆန်းတဲ့ ခံတွင်းနံ့ရှိနေဖို့က အရမ်းအရေးကြီးပါတယ်။ ဒါကြောင့် နေ့စဉ်မှန်ကန်စွာ သွားတိုက်ရုံတင်မကဘဲ သွားကြားပွတ်ကြိုးသုံးတာ၊ လျှာတိုက်တာမျိုးတွေကိုလည်း အလေ့အကျင့်လုပ်ထားသင့်ပါတယ်။ အထူးသဖြင့် ဒီအရွယ်မှာ နှစ်သက်တတ်တဲ့ အချိုရည်တွေ၊ အသင့်စားမုန့်တွေကြောင့် သွားပိုးမစားအောင် အစာစားပြီးတိုင်း ပလုတ်ကျင်းပေးဖို့ လိုအပ်သလို၊ ဆေးလိပ်နဲ့ ကွမ်းလိုမျိုး သွားအရောင်ပျက်စေတဲ့ အရာတွေကိုလည်း တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ တစ်နှစ်ကို အနည်းဆုံး နှစ်ကြိမ်လောက် သွားဆရာဝန်နဲ့ ပြသစစ်ဆေးတာဟာ နောင်တစ်ချိန်မှာ သွားနဲ့ပတ်သက်တဲ့ ကြီးမားတဲ့ပြဿနာတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ရာရောက်တဲ့အပြင်၊ စွဲမက်စရာကောင်းတဲ့ အပြုံးပိုင်ရှင်တစ်ယောက်အဖြစ် အမြဲတမ်း ဝေဆာနေစေမှာ ဖြစ်ပါတယ်။
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰

👨‍💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯

*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး
(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်
တောင်ဥက္ကလာပမြို့နယ်
09-881463248

👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်
ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး
မြောက်ဥက္ကလာပမြို့နယ်
09-892192412

ခံတွင်းကင်ဆာအကြောင်းသိကောင်းစရာ---------------------------–---------ကွမ်းစားခြင်းရဲ့ အဆိုးဆုံးနောက်ဆက်တွဲကတော့ ခံတွင်းကင...
16/05/2026

ခံတွင်းကင်ဆာအကြောင်းသိကောင်းစရာ
---------------------------–---------
ကွမ်းစားခြင်းရဲ့ အဆိုးဆုံးနောက်ဆက်တွဲကတော့ ခံတွင်းကင်ဆာဖြစ်ပွားတာပါပဲ။ ဒါဟာ ရုတ်တရက်ကြီး ဖြစ်လာတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်က အချက်ပြတဲ့ ရှေ့ပြေးလက္ခဏာတွေ အရင်လာတတ်ပါတယ်။

ရှေ့ပြေးလက္ခဏာတွေအနေနဲ့ အရင်ဆုံး ပါးစပ်ဟရခက်လာခြင်းဖြစ်ပါတယ်။ ကွမ်းသီးမှာပါတဲ့ ဓာတ်ပစ္စည်းတွေကြောင့် ပါးစောင် တစ်ရှူးတွေက တောင့်တင်းပြီး မာလာတတ်ပါတယ်။ အဲဒီအခါ ပါးစပ်ကို အရင်လို အကျယ်ကြီး ဟလို့မရတော့ဘဲ စားရသောက်ရတာ အခက်အခဲဖြစ်လာတာမျိုးပါ။ ဒါဟာ ကင်ဆာမဖြစ်ခင် အဆိုးဆုံး သတိပေးချက်တစ်ခုပဲ ဖြစ်ပါတယ်။

ပါးစပ်ထဲမှာ အဖြူကွက်၊ အနီကွက်တွေ ပေါ်လာတာ ဒါမှမဟုတ် နှစ်ပတ်ထက်ကျော်တာတောင် မပျောက်တဲ့ အနာတွေရှိနေရင် ဒါဟာ ဆဲလ်တွေ ပုံမှန်မဟုတ်တော့တဲ့ လက္ခဏာနောက်တစ်မျိုးပါ။

ကွမ်းသီး၊ ထုံးနဲ့ ဆေးရွက်ကြီးတို့ ပေါင်းစပ်လိုက်တဲ့အခါ ထွက်လာတဲ့ ဓာတုပစ္စည်းတွေက ခံတွင်းထဲက ဆဲလ်တွေကို တိုက်ရိုက်ဖျက်ဆီးပြီး နောက်ဆုံးမှာ ကုသရခက်ခဲတဲ့ ခံတွင်းကင်ဆာအထိ ဖြစ်ပွားစေနိုင်ပါတယ်။

ခံတွင်းကင်ဆာရောဂါကာကွယ်ဖို့အတွက် အရေးကြီးဆုံး အချက်တစ်ခုဖြစ်တဲ့ ကွမ်းစားခြင်းကိုရှောင်ရှားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
************************************************
🦷ကျွန်တော်တို့ Royal Yuki Aesthetic Dental Specialist Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှ
ကျွမ်းကျင်သောသွားနှင့်ခံတွင်းအထူးကုပါရဂူများကလည်း သင်နဲ့အတူ သင့်ရဲ့သွားနှင့်ခံတွင်းအကြောင်းအရာလေးတွေကိုဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးကုသပေးဖို့အသင့်ရှိနေပါတယ်🥰🥰

👨‍💻ဆေးခန်းဖုန်းသို့လည်းကောင်း၊Page messengerသို့လည်းကောင်း ကြိုတင်ရက်ချိန်းရယူဖို့မမေ့ပါနဲ့နော်💯💯

*********************
👉Royal Yuki(South Okkalapa branch)
အမှတ်(၉၃၉)၊ပထမထပ်၊သစ္စာလမ်းမကြီး
(၇)ရပ်ကွက်၊ဘုရားလမ်းမှတ်တိုင်
တောင်ဥက္ကလာပမြို့နယ်
09-881463248

👉Royal Yuki(North Okkalapa branch)
အမှတ်(၄၃)၊သုဓမ္မာလမ်းမကြီး၊(၂)ရပ်ကွက်
ဘုန်းကြီးလမ်းမှတ်တိုင်၊မယ်လမုဘုရားအနီး
မြောက်ဥက္ကလာပမြို့နယ်
09-892192412

Address

-> (SOK Branch) No. 939, 1st Floor, Thit Sar Road, Near Phayar Lann Bus-stop, South Okkalarpa Township, Yangon (Tel: 09881463248)
Yangon
11091

Website

Alerts

Be the first to know and let us send you an email when ROYAL YUKI Dental Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ROYAL YUKI Dental Specialist Clinic:

Share