Nova Menstrual Cup

Nova Menstrual Cup For better Menstrual Life.
(329)

Admin တို့ ပိတ်ရက်လေးကြေငြာချင်ပါတယ်ရှင် ….Chinese new year and annual trip ရှိလို့ admin တို့ page and office သည် comin...
16/02/2026

Admin တို့ ပိတ်ရက်လေးကြေငြာချင်ပါတယ်ရှင် ….

Chinese new year and annual trip ရှိလို့ admin တို့ page and office သည် coming 17 to 20 Feb, Tuesday ကနေ Friday ပိတ်ရက်ဖြစ်ပါတယ်ရှင့်

Order ပို့စရာရှိသည်များကို မနက်ဖန်နဲ့ 16 Feb Monday မှာ ပို့ထားပေးမည်ဖြစ်ပါတယ် ….

အက်မင်တို့ စာဖြေနောက်ကျသည် စာပြန်မဖြေဖြစ်ခဲ့သည်များကို ခွင့်လွှတ်ပေးပါနော် ….

အဆင်မပြေမှုရှိခဲ့ရင် many apologies ပါရှင်

တနှစ်မှာတခါတည်း ရုံးက ညီမလေးများကို ခေါင်းဆေးစေချင်တာမို့ပါရှင် 💓💓💓

🌙 Nova Menstrual Cup မိန်းကလေးတစ်ယောက် period cycle ခံစားချက်ကို တိတ်တိတ်လေး ပြောင်းလဲပေးတဲ့ cupလစဉ်လတိုင်းစိတ်ပင်ပန်းအခ...
11/02/2026

🌙 Nova Menstrual Cup

မိန်းကလေးတစ်ယောက် period cycle ခံစားချက်ကို တိတ်တိတ်လေး ပြောင်းလဲပေးတဲ့ cup

လစဉ်လတိုင်း
စိတ်ပင်ပန်း
အချိန်ပျက်
အရာရာ ကန့်သတ်နေရတာ
👉 အဲဒါ မိန်းက​လေး ဖြစ်ရတာရဲ့ အကျိုးဆက်မဟုတ်ပါဘူး
Nova Menstrual Cup နဲ့ ပြောင်းလဲလို့ရပါတယ်

💧 Nova Menstrual Cup ဆိုတာဘာလဲ?
Nova Menstrual Cup က
👉 Medical-grade silicone နဲ့ ပြုလုပ်ထားတဲ့
👉 လစဉ်သွေးကို “စုပ်မယူဘဲ” စုထားပေးတဲ့ cup ပါ

အရေပြားကို မခြောက်
အနံ့မဆိုး
ကိုယ့်ခန္ဓာကိုယ် rhythm ကို မဖျက်ဘူး

Nova Cup က
ကိုယ့်ကိုယ်ထဲနဲ့ အံဝင်ခွင်ကျ fit ဖြစ်အောင် ဒီဇိုင်းလုပ်ထားလို့
လှုပ်ရှားမှု​တွေအတွက်လဲ စိတ်ချ 💃

အနံ့မထွက် ဖော်ကင်​လေးလဲ မအိုက်
သွေးကို လေမထိဘဲ ထိန်းထားလို့
👉 Pad တွေလို အနံ့ဆိုးမဖြစ်
👉 တနေ့လုံး သန့်ရှင်းစိတ်ချ
👉 Chemical မပါ
👉 Bleach မပါ
👉 Sensitive skin မိန်းမတွေတောင် သုံးလို့ရ

🌱 ပိုပြီး သဘောကျစရာက…
Nova Cup တစ်ခုနဲ့
👉 လစဉ် pad အများကြီး မသုံးတော့ဘူး
👉 အမှိုက်လျော့
👉 ပိုက်ဆံလည်း သက်သာ
ကိုယ့်အတွက်ကောင်း
ကမ္ဘာအတွက်လည်း ကောင်း 🌍

🧘‍♀️ သုံးရခက်လား?
ပထမတစ်ခါတော့
👉 မရင်းနှီးသေးလို့ အနည်းငယ် အခက်အခဲရှိနိုင်တယ်
ဒါပေမယ့် 2–3 cycle အကြာမှာ
👉 Pad ပြန်မလိုချင်တော့တဲ့ level ရောက်သွားတတ်တယ် 😌

✨ မိန်းမတစ်ယောက်ရဲ့ Freedom
လစဉ်လာတာက ကိုယ့်ကို ချုပ်နှောင်ဖို့ မဟုတ်ဘူး
Nova Menstrual Cup က
👉 မိန်းမတစ်ယောက်ကို ကိုယ့်ခန္ဓာကိုယ်နဲ့ မိတ်ဆွေဖြစ်စေတယ်
👉 လစဉ်ကို စိတ်ပင်ပန်းမှုမရှိဘဲ ဖြတ်သန်းနိုင်စေတယ် 💗

Nova M cup : 25,000/- kyats

Credit : Yoon YoonNova Menstrual Disc လေးကို review ရေးဖို့ကြာသွားပါတယ် ကျမက Pad ကနေ Disc ကိုတန်းသုံးတဲ့သူပါ သူများတွေလိ...
10/02/2026

Credit : Yoon Yoon

Nova Menstrual Disc လေးကို review ရေးဖို့ကြာသွားပါတယ်

ကျမက Pad ကနေ Disc ကိုတန်းသုံးတဲ့သူပါ
သူများတွေလို tampon လဲမသုံးဖူးပါဘူး (pad တမျိုးပဲ သုံးဖူးတာပါ)
ရာသီရက်ရှည်ပီး pad သုံးရင် allergic ဖြစ်ပီး ယားလွန်းပေမယ့် ဘယ်သူကမှ ညွှန်ပေးသူမရှိခဲ့ဘူး။

EverFit Kegel Exerciser Device Group ထဲရောက်မှ Nova Cup အကြောင်းသိပီးသုံးဖို့ review တွေဝင်ဖတ်ရင်း Disc ကိုစသိတာပါ။ သိသိချင်း သုံးဖြစ်အောင် သုံးမယ်ဆိုတဲ့ စိတ်နဲ့ ဝယ်တယ်။ စမ်းတယ်ပေါ့နော် ။ သုံး လေးလလောက်ထိ အဆင်မပြေဘူး ။
ကြိုးစားရင်း ခုတော့ အရမ်း အဆင်ပြေနေပါပီ။

ကျမက Disc ကို L Size သုံးပါတယ် Flow များတဲ့ အထဲပါပါတယ်
( ၁ )Lubricant သုံးဖို့မနှမြောပါနဲ့ (ကျမက lubricant ကိုတစ်ဘူးပဲ မှာမိတော့ ကုန်မှာစိုးပါတယ်/နယ်ကမှာတာဆိုတော့ အဲ့တစ်ဘူးထပ်ဝယ်ဖို့ တန်ဆာခက ပိုစျေးကြီးတော့မဝယ်ဖြစ်ပါဘူး/ နီးရာ ဆေးဆိုင်မှာ သွားဝယ်ဖို့ကလဲ ရှက်လို့မဝယ်ဖြစ်/ KEB ပါသုံးတော့ Lubricant ကပိုကုန်ပါတယ်) အဲဒါကြောင့် ချစ်တို့ရေ ဝယ်ရင် တခါထဲ ၃/၄ ဘူးတာ မှာပစ်လိုက်ပါ ( Nova ရဲ့ Lubricant က အပြင်မှာရောင်းတာတွေထက်စျေးပိုသက်သာပါတယ် မျက်နှာလဲမပူရဘူး)

(၂ ) Lubricant များများသုံးတော့ ထည့်ရတာ ပိုလွယ်ပါတယ်။ ထည့်လို့မလွယ်ဘူးပြောကြတာက Lubricant နည်းလို့ပါ (ကိုယ်တွေ့) ။ ပြန်ထွက်မလာမှာမစိုးပါနဲ့ အဆုံးထိထိုးထဲ့ပီး KEB ညှစ်သလို ဆွဲညစ်လိုက်ရင် ပိုအဆင်ပြေပါတယ်။ အဖုလေးနောက်ရောက်ပီဆို ဒီအတိုင်းပြန်ထုတ်တောင်ကပ်နေတာပါ ညှစ်မထုတ်ပဲ မထွက်ပါဘူး။ ထည့်ရင်လဲ ဆွဲညှစ် ၊ ထုတ်ရင်လဲ ညှစ်ထုတ်ပါ အရမ်းအဆင်ပြေပါတယ်။

(၃) ရူးပေါက်တိုင်း သတိထားပါတယ် ။ အထူးတလည်မထုတ်ပဲ ဒီအတိုင်း ရူးပေါက်လိုက်တယ် ရူးပေါက်လို့ သွေးမြင်ရင် ထုတ်ပီးရေနဲ့ဆေးတယ် သွေးမတွေ့ရင် ၄ နာရီခြားလောက်ဆေးတယ်။ အရမ်းအဆင်ပြေ တာကတော့ ရူးပေါက်တိုင်းထုတ်စရာမလိုပဲ ပေါက်လို့ရတာပါ။ နောက်တခု ညအိပ်ရင် မပေတော့ဘူး pad သုံးတုန်းက အိပ်ရာတွေ ပေလို့ စိတ်ညစ်ရတာ အရမ်းပဲ ဘယ်မှမလိမ့်ရဲဘူး ခုတော့ ဖြဲကားအိပ်တာတောင် မပေပါဘူးနော်။ နောက်တခုက ရေချိုးတဲ့အချိန် ရေနွေးလေးစိမ်ထားပီး ရေချိုးပီးပြန်ထည့် အရမ်းအဆင်ပြေပါတယ်။

(၄) ကျမက နှာအရမ်းချေတဲ့သူပါ (အေးလဲ နှာချေ ပူလဲနှာချေပါတယ်) စသုံးခါစက ဟက်ချီးဆို Disc က ပလွတ်ဆိုထွက်ပီ ခုတော့ ချေလည်း Disc ကိုညစ်ထားတော့ မထွက်တော့ဘူးပေါ့နော် ။ နှာချေရင် ချောင်းဆိုးရင်တော့ ညှစ်ထုတ်သလိုဖြစ်လို့ တချက်သတိထားရပါတယ်။

(၅) လစဉ် pad သုံးလို့ ယားတာက အခု Disc လေးသုံးပီး အရမ်းသက်သာပါတယ်။ Disc လေးသုံးပီး M Penty လေးဆောင်ထားရင်ပိုအဆင်ပြေပါတယ် စိတ်ပိုလုံခြုံတာပေါ့နော် ။ ကျမကတော့အကြည့်တွေမှားပီး 4 ထောင်ကျော်ကို 4 သောင်းကျော်လို့ ဖတ်မိလို့ တခြားတံဆိပ်သွားဝယ်မိတာ စျေးပိုကြီးနေလို့ပါ။ တခြားနေရာနဲ့ယှဉ်ရင် Nova ကတကယ်သက်သာပါတယ်။
ဝယ်လို့ရတဲ့ link လေးက အားလုံး သိပီးသားဖြစ်မယ် ထင်ပါတယ်
လစဉ် ဓမ္မတာစက်ဝန်းကို အေးချမ်းစွာဖြတ်ကျော်နိုင်ပါစေ ချစ်တို့ရေ

ရေကိုအခြေခံထုတ်လုပ်သော အမျိုးသမီးမိန်းမကိုယ်တွင်း လွယ်ကူချောမွေ့စွာ ကူညီပေးမဲ့ Nova Waterbased Lubricant ❤️ made in Myan...
10/02/2026

ရေကိုအခြေခံထုတ်လုပ်သော အမျိုးသမီးမိန်းမကိုယ်တွင်း လွယ်ကူချောမွေ့စွာ ကူညီပေးမဲ့ Nova Waterbased Lubricant ❤️
made in Myanmar ပါ ...

Price : 7500/-kyats

မီ တို့ ဆီကနော် 💞🩷🤗
06/02/2026

မီ တို့ ဆီကနော် 💞🩷🤗

M cup user (ကျွန်မ သုံးတာက BC cup)တစ်ယောက်ဆိုတော့ ချက်ချင်းကို အမြန်ပြန်ဝယ်ရတယ်
7သောင်းကျော်ကို ၄နှစ်စီလောက်သုံးရတာဆိုတော့ တန်ပါတယ်လေ

menstrual cup ကို သုံးဖူးတဲ့ သူတော်တော်များများကတော့ အဆင်ပြေကြတယ်
တချို့ကျတော့ မသုံးရဲကြတာရော
စသုံးတဲ့အချိန် အဆင်မပြေတာရောနဲ့ တစ်ယောက်နဲ့ တစ်ယောက် မတူကြဘူးပါ့

ဒါသုံးရင် cupကို ပိုးသတ်ရမယ် လက်ကိုလည်း ဆပ်ပြာနဲ့ သေချာဆေးကြောပြီးမှ ကိုင်တွယ်ရမယ်
မဟုတ်ရင် ပိုးဝင်တာတွေ ဖြစ်နိုင်တယ်လေ

ကျွန်မအတွက်တော့ ရိုးရိုးcupထက် ဒီလို ကောက်ကောက်လေး ဖြစ်တဲ့ BC cupလေးက ပိုပြီး အဆင်ပြေတယ်
ကျွန်မ မရောင်းပါဘူးနော် ကျွန်မလည်း ဝယ်သုံးတာပါရှင်😁

Nova ရဲ့ cup လေးတွေကိုအပြင်မှာ ကိုယ်တိုင်ကိုင်ကြည့်ပြီး ဝယ်ချင်တယ် ? ရန်ကုန်အပြင် တစ်ခြား ဘယ်မြို့နယ်လေးတွေရသေးလဲ? လို့မ...
06/02/2026

Nova ရဲ့ cup လေးတွေကိုအပြင်မှာ ကိုယ်တိုင်ကိုင်ကြည့်ပြီး ဝယ်ချင်တယ် ?
ရန်ကုန်အပြင် တစ်ခြား ဘယ်မြို့နယ်လေးတွေရသေးလဲ? လို့မေးကြတဲ့ ကာကာလေးတွေအတွက် အခုကိုယ်စားလှယ်လေးတွေရဲ့ မြို့နယ်နဲ့အတူ ဆက်သွယ်မေးမြန်းနိုင်မယ့် ဖုန်းနံပါက်လေးတွေ အောက်မှာချပေးထားပါတယ်နော် ❤️❤️

အသုံးပြုပုံလေး အသေးစိတ်သိချင်တယ် cup လေးကထုတ်ရ ထည့်ရ အခက်ခဲဖြစ်နေတယ်ဆို page လေးမှာလဲ ဆက်သွယ်မေးမြန်းလို့ရပါတယ်နော် 🥰

Khin Nilar Aung ( မန္တလေး ) 09787577703
Hope ( နေပြည်တော် ) 09974345652
Aung Store ( ပန်းဘဲတန်း ) 09699506456
Zin Yadanar Zaw Zaw ( မဲဆောက် ) 0882676002
Mia Deep ( အောင်ပန်း ) 09779308471
Nectar Moe ( Bangkok ) 0825353347
နှင်းဆီနီနီ ( တောင်ငူ ) 095350975
Phoo Lay ( တောင်ကြီး ) 095211285
Nora for the ladies ( ပဲခူး ) 09260000837

သေချာသုံးတတ်ရင် period ကာလ ပေ့ါပါးသလို ပလက်စတစ်နဲ့ အခြားအမှိုက်တွေ လျော့ချရာမှာ အင်မတန်အထောက်အကူပြုပါတယ်ရှင် 💞🩷💖
05/02/2026

သေချာသုံးတတ်ရင် period ကာလ ပေ့ါပါးသလို ပလက်စတစ်နဲ့ အခြားအမှိုက်တွေ လျော့ချရာမှာ အင်မတန်အထောက်အကူပြုပါတယ်ရှင် 💞🩷💖

သူလာတော့မှာလား .. မလာသေးဘူးလား 🤔 💭ဝေခွဲရခက်နေပြီဆိုရင် Nova ရဲ့ Mestrual Pantyလေး သာဝတ်ထားလိုက်ပါရှင်...သူဆိုတာ မူရာမာယာ...
02/02/2026

သူလာတော့မှာလား .. မလာသေးဘူးလား 🤔 💭
ဝေခွဲရခက်နေပြီဆိုရင် Nova ရဲ့ Mestrual Pantyလေး သာဝတ်ထားလိုက်ပါရှင်...

သူဆိုတာ မူရာမာယာများတဲ့ Menstruationပေါ့🩸

ဒီPeriod Pantyလေးက-
🩲ယိုစိမ့်မှုကို အတိုင်းအတာတစ်ခုအထိကာကွယ်ပေးတယ်။
🩲ရှေ့ရော နောက်ရော coverဖြစ်ပြီးလုံစေတယ်။
🩲Poly Clothအသားလေးနဲ့ ဝတ်ရတာ သက်တောင့်သက်သာရှိတယ်။
🩲မမအကိတ်တို့အတွက် 8XL ထိsize ရှိတယ်နော်
🩲သူလာနေချိန်မှာ pad, tampon, M cupတို့နဲ့အတူတူတွဲဝတ်နိုင်ပြီး
🩲သူပြန်ခါနီးမှာလည်း ဆင်းတာနည်းသွားတဲ့အခါ ဒီတိုင်းဝတ်ထားလို့ရပါတယ်...

Nova Period Panty Cotton
4XL(blue)_9900/-
3XL(Gray)_9900/-
2XL(black)_8900/-
XL(ပန်း)_7900/-
L(ပန်း)_7900/-
M(အသား)_5900/-

Nova Period Panty Lace : 9900/- kyats
2XL (ပန်း,နက်,ပြာ)
3XL (ပန်း,နက်,ပြာ)

Nova Period Panty Sport : 9900/- kyats
8XL(နက်)
7XL(ခိုပြာ)
5XL(ခဲ )

🧡 Nova M Disc နှင့် Nova M Cup/BC cup 🩷Disc and M cup များသည် ပုံသဏ္ဍာန်ကွဲပေမဲ့ လုပ်ဆောင်ချက်ချင်း အင်မတန် ဆင်တူပါတယ်ရှ...
30/01/2026

🧡 Nova M Disc နှင့် Nova M Cup/BC cup 🩷

Disc and M cup များသည် ပုံသဏ္ဍာန်ကွဲပေမဲ့ လုပ်ဆောင်
ချက်ချင်း အင်မတန် ဆင်တူပါတယ်ရှင် ….

📌 ဒါပေမယ့် disc and cup မှာ ထည့်သွင်းခြင်းနှင့် ဖယ်ရှားပုံ ကွဲပြားမှုတွေ ရှိပါတယ် ….

📌 နှစ်ခုလုံးကတော့ ရာသီလာစဉ်အတွင်း ဓမ္မတာသွေးကို သိမ်းယူပေးသည့်ပုံစံမျိုးပါ …

📌 ရာသီအနဲအများအလိုက် 8-12 နာရီအထိ အသုံးပြုနိုင်ပေမဲ့ အချို့ခြွင်းချက်အနေဖြင့် ဓမ္မတာများလွန်းလျှင် ၄-၆နာရီထိသာ အသုံးပြုနိုင်ပါတယ် …

Disc and Cup အဓိကကွာခြားချက်မှာ-
✅ M Disc သည် ပြောင်းလွယ်ပြင်လွယ်ရှိသော ခွက်ပုံသဏ္ဍာန်အပြားဖြစ်ပြီး
✅ Silicon ဖြင့်ပြုလုပ်ထားတဲ့ hula-hoop ပုံစံမျိုးပါ …
✅ M cup ကတော့ အောက်ခြေမှာ လက်ကိုင် ပါဝင်သော ခွက်ပုံသဏ္ဌာန်ရှိ silicon cup ပုံစံလေးပေါ့ ….

🌟 M disc ကို မွေးလမ်းတွင်းထဲ့ပြီး ဆီးစပ်အရိုးနောက်မှာနေရာချထားရပါတယ် …
🌟 M cup ကတော့ သင့်သားအိမ်ခေါင်း အောက်ဘက်
မွေးလမ်းကြောင်းအတွင်းတွင် နေရာချထားရပါတယ် …

🌹M disc ကတော့ ထုတ်တဲ့အခါ ရာသီသွေး လက်မှာ ပေဖို့ ပိုဖြစ်နိုင်တာကြောင့် အချို့သူတွေအတွက် ထဲ့သွင်းစဉ်းစားရမဲ့အချက်ပါရှင်

🌷ဒီလောက်ဆို M disc and M cup အကြမ်းဖျင်းကွာခြားချက်လေးကို သိလောက်ပြီပေါ့နော်

Nova M disc : 39000/- kyats
Nova M cup : 25000/- kyats
Nova BC cup : 52000/- kyats

Nova တို့ကို သိလိုသည်များရှင်းလင်းသည်အထိ မေးမြန်းနိုင်ပါတယ်ရှင် 🥰

မဝယ်သေးလဲမေးပါ …
ဗဟုသုတအနေနဲ့လဲမေးပါ …
သိချင်ရုံလဲမေးပါနော် ….

🤔 Baby တို့သိကြလား 🤔Nova မှာ ဘေဘီတို့ Period အတွက် သက်တောင့်သက်သာဖြစ်အောင် product အစုံအလင်ရှိတယ်ဆိုတာ 💞💝 Nova Menstrual...
29/01/2026

🤔 Baby တို့သိကြလား 🤔
Nova မှာ ဘေဘီတို့ Period အတွက် သက်တောင့်သက်သာဖြစ်အောင် product အစုံအလင်ရှိတယ်ဆိုတာ 💞
💝 Nova Menstrual Cup 25000/-
မူလလက်ဟောင်း M cup တွေ ထက် အများကြီး ပိုမိုနူးညံ့လာသော Medical grade silicone cup
💝 Nova Ring Cup 25000/-
ဘယ်လိုခေါက်ခေါက် ယိုစိမ့်ပါတယ်
ကူကယ်ရာမဲ့နေပီဆို ဝိုင်းဝိုင်းပြည့်ပြည့် လက်ကိုင်ကွင်းလေးနဲ့ Ring Cup ကိုသုံးပါနော်
💝 Nova Fit cup 36000/-
အသားပြည့်ပေမဲ့ ပျော့ပျောင်းမှုအပြင် အားကစားလုပ်သူ ယောဂကစားသူ လှုပ်ရှားမှုများသူများအတွက်
💝 Nova BirthCanal cup 52000/-
မွေးလမ်းကြောင်း sensitive ဖြစ်သူများအတွက် သင့်တော်တဲ့ Organic လျှော် မှ ထုတ်သော မွေးလမ်းကြောင်း ပုံစံ အကွေးသဏ္ဍာန်ရှိသော premium cup လေး
💝 Nova Menstrual Disc 39000/-
နောက်ဆုံး update ဖြစ်သော အသွင်းအထုတ်လွယ်ကူပြီး သုံးသူတိုင်းသဘောကျသော …
အမျိုးသမီးအကာအကွယ်နဲ့ သဘောသဘာဝ ဆင်တူသော
တခါတလေ မီးနီလေးဖြတ်မောင်းချင်ရင်လဲ အေးဆေးပေါ့
💝 Nova Sterilized cup 9000/-
Menstrual cup တွေအတွက် လွယ်ကူသော ရေနွေးပူခံ ပိုးသတ်ခွက်
💝 Nova Lubricant
ရေမှအခြေခံထုတ်လုပ်ထားသော မိန်းမကိုယ်အတွက် သင့်တော်သော ချောဆီ
💝 Nova silicon cleanser
လိမ္မော်ခွံအနံ့လေးသင်းသင်းလေးနဲ့ silicon အတွက် ဆပ်ပြာဆေးရည်
💝 Nova Menstrual Panty
ဓမ္မတာလာကာစ ပြီးကာစ ချိန်တွင် cup, disc, pad စသဖြင့်မသုံးလိုပါက ဝတ်ဆင်ထားသော ပြန်လည်လျော်ဖွပ်သုံးနိုင်သော အတွင်းခံ ..
ဇာလေးနဲ့လဲ လှသလို
ချည်သားလေးနဲ့လဲ နေလို့ တအား ကောင်းပါတယ်
ကဲ ဓမ္မတာကာလမှာ quality ကောင်းတဲ့ products တွေ တနေရာထဲအစုံရတဲ့ Nova ကိုသာ လှမ်းလာခဲ့တော့နော် 💞
ရွေးချယ်စရာတွေအများကြီးထဲကမှ Nova တို့ကို စိတ်ချလက်ချသာ ပုံအပ်လိုက်ပါလို့ နော် 💞
ချစ်တဲ့
Nova

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959773917226

Alerts

Be the first to know and let us send you an email when Nova Menstrual Cup posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share