20/05/2025
Haj Package Dental Checkup.
ယခုလို အချိန်သည် အစ္စလာမ်ဘာသာဝင်တို့၏မြင့်မြတ်လှသော ဟဂျ်ခရီးစဥ် အသီးသီးသို့ သွားရောက်ရန် ပြင်ဆင်နေချိန်ဖြစ်ပါသည်။
ကျန်းမာရေးစစ်ဆေးမှု ပြုလုပ်ခြင်းသည်လည်းပြင်ဆင်ဆောင်ရွက်မှုတခု အပါအဝင်ဖြစ်သည့်အလျောက်၊ သွားနှင့်ခံတွင်း စစ်ဆေးမှုများပြုလုပ်ခြင်းကိုလည်း မမေ့မလျော့ ပြုလုပ်ရန် အရေးကြီးပါသည်။
နိုင်ငံရပ်ခြားတွင် သွားခံတွင်းနှင့်ပတ်သက်၍ ဝေဒနာ တခုခုဖြစ်ပေါ်က အလွယ်တကူ ကုသနိုင်မှုခက်ခဲခြင်း၊ ငွေကုန်ကြေးကျ အဆမတန်များပြားခြင်း တို့ကြုံတွေ့ရနိုင်ပါသည်။
ထို့ကြောင့် ဟာဂျီလောင်း များ အနေဖြင့် မိမိတို့၏ ဟဂျ်ခရီးစဥ်မသွားခင် သွားနှင့်ခံတွင်းအတွက် စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်သော ကုသမှုများကို ဂရုတစိုက် ဆောင်ရွက်သွားစေချင်ပါသည်။
သွားခံတွင်းနှင့်ပတ်သက်လျှင် စိတ်ချစွာကုသမှု ခံယူလိုပါက ကုသမှုတွင် ကျွမ်းကျင်သည့် အလ်ဟဂျ် အထူးကုဆရာဝန်ကြီး၏ ခေတ်မှီသန့်ရှင်းသပ်ရပ်သော "ဂုဏ်ထူးဆောင်" သွား -ခံတွင်း နှင့် မေးရိုး ခွဲစိတ်အထူးကုဆေးခန်း သို့ ယုံကြည်စွာ ကြွမြန်းခဲ့ဖို့ ဖိတ်ခေါ်အပ်သည်။
ဟာဂျီလောင်းအသီးသီး၏ ဟဂျ်ခရီးစဥ်များအား အလ္လာ့ဘက်တော်မှ အစ,စ၊ အရာ,ရာ အဆင်ပြေလွယ်ကူမှုများ ရရှိကြပါစေ။ အလ္လာကဘုရ်ဖြစ်သောဟဂျ်ကို တာဝန်ကျေစွာ ပြုလုပ်နိုင်ကြပါစေလို့ ဂုဏ်ထူးဆောင် Team မှ ဆုမွန်ဒိုအာ ပို့သလိုက်ပါသည်။