16/12/2022
credit John Ten Khant
📚ရန်ကုန်မြို့ရဲ့ စာကြည့်တိုက်များ (သို့မဟုတ်) ကျနော့် အချိန်များ ကုန်ဆုံးရာ နေရာလေး 4 ခု (Part 1)
❣️ဒီစာလေးက အိမ်မှာ အဆင်မပြေလို့ အပြင်မှာ စာလုပ်ဖို့ နေရာရှာနေတဲ့ သူတွေရယ်၊ အေးဆေး လေး တိတ်တဆိတ် စာဖတ်ချင်သူ အတွက်ကော၊ ကျနော့်လို Library တွေဆိုတာနဲ့ ချစ်နေမိသူ တွေအတွက်ပါ ရည်ရွယ်ပြီး ပြုစုပေးထားတာပါ။ ကျနော်လဲ ရန်ကုန်စစ ရောက်တုန်းက ဒီနေရာတွေ သိဘူးဗျ။ နောက်မှ ဟိုစုပ်စု ဒီစုပ်စုနဲ့ တဖြည်းဖြည်းသိလာတာပေါ့။ experience အရ ဒီနေရာလေးနေရာရဲ့ အားသာချက်၊ အားနည်းချက်နဲ့ သိသင့်တဲ့ အချက်တွေကို မျှဝေ လိုက်ပါတယ်။
1️⃣ Yangon Book Plaza
ဒါက စာကြည့်တိုက်ဟုတ်ဘူးဗျ။ စာအုပ် ရောင်းတဲ့နေရာပါ But ပိုင်ရှင်က "လူငယ်တွေ စာဖတ်ပါစေ" ဆိုပြီး စာထိုင်ဖတ်ဖို့ ခုံလေးတွေ စားပွဲလေးတွေချထားပေးတယ်။ ကြိုက်တဲ့ Stall က ကြိုက်တဲ့ စာအုပ်ဆွဲယူလာပြီး ဖတ်လို့ရတယ်။ အားသာချက်ကြီးကြီးကတော့ စာအုပ်အသစ်တွေ အသစ်တွေ မှန်သမျှ တပြားမှ မကုန်ပဲ ရှယ်ထိုင် ဖတ်လို့ရတာါပဲ။ YBZ မှာက တစ်ဦးတည်း က ရောင်းတာမျိုး မဟုတ်ပဲစာအုပ်တိုက်ပေါင်းစုံက ကိုယ့် corner ကိုယ် ရောင်းကြတာပါ။ ပြီးတော့ မြန်မာ့အကြီးဆုံး စာအုပ် Distributor ဖြစ်တဲ့ WeDistribution လဲ ရှိတာမို့ စာအုပ်ပေါင်း စုံမှုက " အမလေး အံ့ဩဖွယ်ရာပါပဲ "။ ဒီနေရာလေးက ကျနော့် weekend ဆို library တွေသွားသွားမိနေတဲ့ အကျင့်ရဲ့ အစပါ။ တစ်ယောက်တည်း သင်္ချာတွက်လိုက် အကြည်တော် စာအုပ်လေး ခွီလိုက်နဲ့ လောက နိဗ္ဗာန် ပေါ့။ မကောင်းတာလေးကတော့ အဲကွန်းရှိဘူး၊ အသံနည်းနည်းညံတယ်၊ လူများတယ်။
🌟My full review - https://m.facebook.com/story.php?story_fbid=1060384017877433&id=100017175341054&mibextid=Nif5oz
🕰️Opening hours - Everyday, 9 am to 5 pm
🏢Location - လမ်းမတော်မြို့နယ်၊ အလယ်ဘလောက်၊ သံဈေး၊ 17 လမ်း အပေါက်က ၀င်ရန်။
☎️Phone number - 09767019926
📄page - https://www.facebook.com/yangonbookplaza/?mibextid=ZbWKwL
2️⃣ Tun Foundation Library
English စာအုပ်တွေ Category ပေါင်းစုံကို ရှယ်ကြိတ်ချင်တဲ့သူတွေကို ဝေးဝေးသွားမကြည့်ပါနဲ့ ဒီကိုသာ အမြန်ပြေးလာခဲ့ပါ။ များချက်ကတော့ ထည့်ဖို့ စင်တောင် မဆန့်လို့ ဆာလာအိတ်တွေ နဲ့ တောင်လို ရာလိုတောင် ပုံထားရတယ်ဗျ။ ပြီးတော့ အဲကွန်းနဲ့ တစ်ယောက်ထိုင် စားပွဲလေးတွေနဲ့ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်ငြိမ်သက်သက် စာဖတ်လို့ရတယ်။ (နေရာက နည်းနည်းလေးတော့ ကျဉ်းတယ်ဗျ။) တိတ်ဆိတ်ချက်ကတော့ နိုင်းပလစ်စ့်၊ အပ်ကျသံတောင် ပြန်ကြားရတယ်။ တစ်ခုမကောင်းတာက မီးပျက်သွားရင် အကုန်မှောင်ကျသွားတာပါ။ ကျနော်ဆို မီးအိမ်လေး ယူသွားရပါတယ် 🫠
အိမ်နဲ့လဲ နီးတာမို့ အားအားရှိ သွားနေတာပါ။ မိတ်ဆွေ ကံကောင်းရင် လူချောလေး ဂျွန်တန်းနဲ့ တွေ့ပါလိမ့်မယ် 😔
✅Requirements to be a member - မှတ်ပုံတင်မိတ်တူ ရယ်၊ passport-sized ဓာတ်ပုံ ၂ ပုံရယ်၊ ၅၀၀၀ ရယ် (တစ်သက်စာ) ပဲ လိုတာပါ။
🌟My full review - https://www.facebook.com/100017175341054/posts/1116730418909459/?mibextid=Nif5oz
🕰️Opening Hours - Tuesday to Saturday ( 9 am to 3:30 pm) (public holidays ဆို ပိတ်သည်)
🏢Location - ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်အောင်ကျော်လမ်း၊ အပေါ်ဘလောက်၊ Catholic church ၀င်ပေါက် မျက်စောင်းထိုး။
☎️Phone number - 01392990
3️⃣ American Center Yangon
မဆီမဆိုင် AC လို့ကြားလိုက်တာနဲ့ ဖင်တုန်အောင်အေးတဲ့ နေရာလို့ ပုံဖော်မိပါတယ်။ ☺️ Hoodie မပါသွားရင် တော့ ဂုဏ်ယူပါတယ် မိတ်ဆွေ၊ မြောက်၀င်ရိုးစွန်း သို့ Trip တစ်ခေါက် ကံထူးသွားပါပြီ။ jus Kidding 😆
AC ကတော့ ကျနော် လုပ်ဖူးသမျှ Library Member ship ထဲမှာ အတန်ဆုံးပါ။ တစ်နှစ်လုံးနေလို့ 5000 ထဲကိုမှ Digital products အစုံသုံးလို့ရတယ် (i Pad, i Mac, Chrome Book)။ စာအုပ်တွေက အများကြီးမရှိပေမယ့် ဖတ်လို့ကောင်းတာလေးတွေ ရှိတယ်။ ပြီးတော့ DVD တွေ လဲ ငှားလို့ရသေး။
နေ့လည် ၁၂ဒေါင်ခနဲ ဆို Refreshments လဲ ကျွေးသေး။ (ကျနော့် သူငယ်ချင်းတယောက် ပြောပါတယ် ဖွင့်တဲ့နေ့တိုင်း မုန့်သွားစားနေရင်တောင် တန်နေပြီ တဲ့ :3) နောက်ပိုင်းဆို တော်တော်မိုက်တဲ့ in-person class တွေ clun တွေ ပြန် run လာတော့မှာပါ။ ဒီမှာ Highlight လုပ်ချင်တဲ့ အချက်လေး က သူတို့ရဲ့ စနစ်ကျလှတဲ့ အလုပ်လုပ်ပုံတွေနဲ့ Building စတိုင် ပါ။ ကျနော်တော့ အဇမ်း သဘော ကျတာပဲ။
ဒါနဲ့ Study abroad သွားမယ့်သူတွေအတွက်လဲ အဆင်ပြေတယ်နော် Culture shock အမြည်းစမ်းခွင့်ရမှာပါ။ "Toilet ထဲမှာ ရေပန်းမပါပါဘူး" ☺️
‼️စိတ်မကောင်းစရာ သတင်းလေးက annual maintenance တွက် AC က jan 2 မှ ပြန်ဖွင့်တော့မှာပါ ဖွင့်ပြီးရင်တော့ in-person classes တွေဖွင့်လာမယ်လို့ ကြားပါတယ် ဒီကာလအတွင်း Digital Membership ၀င်ထားလို့ရတယ်နော် အပတ်တိုင်း အပတ်တိုင်း Zoom class တွေဖွင့်တယ်။ ( https://m.facebook.com/story.php?story_fbid=5262893713778764&id=161225777278942&mibextid=Nif5oz )
✅Requirements to be a member - AC fb page မှာ ကိုယ်သွားမယ့်ရက်တွက် register လုပ်၊ Entrance gate မှာ "non-member ပါ ဒီရက်တွက် register လုပ်ထားပါတယ်" လို့ပြော၊ ပြီးရင် Library ထဲ သွား၊ Form လေး ဖြည့်၊ ID ကဒ် ပေး၊ Counter မှာ ဓာတ်ပုံ ရိုက်၊ ၅၀၀၀ သွင်း၊ ၅ မိနစ်တွင်း ကဒ်ရလာလိမ့်မယ်။
🕰️Opening hours - Tuesday, Thursday, Saturday ( 9 am to 4 pm )
🏢Location - ကမာရွတ်မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း နဲ့ အင်ယားလမ်း ဆုံတဲ့ ထောင့်။
☎️Phone number - 019345490
📄page - https://www.facebook.com/americancenter.rangoon/?mibextid=ZbWKwL
❗Notice
- Laptop ယူသွားလို့ မရ။ Library မှာရှိတာပဲ သုံးရမှာပါ
- No photography except lobby
4️⃣ National Library Yangon
အဲကွန်း အေးအေးလေးမှာ အေးဆေး စာဖတ် ဇိမ်ယူလို့ရမယ့် မြို့လည်ခေါင်က နေရာလေးပေါ့။
Building က ၃ လွှာရှိပြီး ပထမလွှာ က digital room၊ ဒုတိယလွှာက စာဖတ်ခန်း၊ တတိယလွှာက ကလေးပုံပြင်ပြော အခန်း။
နေရာအကျယ်ကြီးနဲ့ စာအုပ်တွေ အများကြီး ထဲက ရွေးပြီး ဖတ်ချင်သူတွေ ဆို ဒီနေရာ လေး မိုက်တယ်ဗျ။ Category တော်တော်လေး စုံတယ်။ ပြီးတော့ တော်တော်လေးသန့်တယ်ဗျ သပ်ရပ်ပြီး စနစ်ကျနေတာပဲ Toilet တွေကအစ။ လူနည်းနည်း လေး များပေမယ့် တိတ်ဆိတ်တယ်။ ဒီအချက်တွေနဲ့ ကျနော်တော့ ပထမ ရောက်ရောက်ချင်း fell in love ဖြစ်သွားတယ်။ ခုတောင် ဒီစာကို အဲ့ကနေ ရေးနေတာ 😁
အားနည်းချက်က တစ်ခုထဲပါ။ it's a governmental building. (But you don't need to pay anything tho.)
🌟Requirements to be a member - Unavailable right now you can only visit and read at the library. သွားရင် မှတ်ပုံတင် (or) မိတ်တူ ယူသွားပါ။ library မှာ အပ်ခဲ့ပြီး Visitor card နဲ့ အထဲ၀င်ရမှာပါ။
🕰️Opening hours - Tuesday to Saturday ( 9 am to 4:30 pm )
🏢Location - ကုန်သည်လမ်း၊ အမှတ် 607/608 ( 32 လမ်း နဲ့ ကုန်သည်လမ်း အဆုံ ထောင့် မှာ )
☎️Phone number - 018377352
📄page - https://www.facebook.com/profile.php?id=100067055745634&mibextid=ZbWKwL
Part 1 တော့ ဒီလောက်ပဲဗျ။ နောက်လဲ တွေ့သေးရင် တင်ပေးပါဦးမယ်။
-
ဒါနဲ့လေ ကြိုပြောထားဦးမယ် ကျနော်က library တွေသာ သွားတာဗျ စာဂျပိုး မဟုတ်ဘူး။ စာအုပ်အကြောင်းတွေ Recommendation တွေ လာမေးရင် သိပ်သိဘူးရယ်။ 😅
-
ဘာမှ မကြိုးစားထားပေမယ့်
လေးစားစွာ ကြိုးစားလျက်
အနောက်တော်...