Smile World Dental Specialist Centre

Smile World Dental Specialist Centre This is an advanced dental treatment care centre & we are here to offer u a flawless and radiant smi

12/04/2025

12ရက်နေ့ ( စနေနေ့ ) မှ 18ရက် ( သောကြာနေ့ ) ထိ သကြင်္န်အချိန်ခါ ဆေးခန်းလေး ပိတ်ပါတယ်ရှင့်။ 19ရက် ( စနေနေ့ ) ဆေးခန်းပြန်ဖွင့်ပါမယ်နော်။ ယခုကျရောက်တဲ့ သကြင်္န်ရက်နဲ့မြန်မာနှစ်သစ်ကအစပြုပြီး တဦးတယောက်စီတိုင်းအတွက် အန္တရာယ်ကင်းပြီး အေးချမ်းပျော်ရွှင်တဲ့နေ့ရက်လေးတွေပဲ ရရှိပိုင်ဆိုင်နိုင်ပါစေ လို့ မေတ္တာပို့ဆုတောင်းပေးလိုက်ပါတယ်ရှင့်။


October ၂၉ရက် (တနင်္ဂ​နွေ) “သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့” (၁)ရက် ဆေးခန်းပိတ်မယ်ဆိုတဲ့အကြောင်းလေး အသိပေးပါရစေရှင်...
26/10/2023

October ၂၉ရက် (တနင်္ဂ​နွေ) “သီတင်းကျွတ်လပြည့် အဘိဓမ္မာအခါတော်နေ့” (၁)ရက် ဆေးခန်းပိတ်မယ်ဆိုတဲ့အကြောင်းလေး အသိပေးပါရစေရှင့် ။
၃၀ရက်နေ့ (တနင်္လာနေ့)မှာတော့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်ပါတယ်ရှင့် ။


#သီတင်းကျွတ်လပြည့်နေ့

10/04/2023

“ Smile World “ သွားနှင့်ခံတွင်းဆေးကုခန်းကို
၁၁.၄.၂၀၂၃ (အင်္ဂါနေ့) မှ ၁၇.၄.၂၀၂၃ (မြန်မာနှစ်ဆန်းတစ်ရက်နေ့ တနင်္လာနေ့) အထိ အတာသင်္ကြန်ကာလ ခေတ္တနားရက်ယူမှာဖြစ်ပါတယ်

၁၈.၄.၂၀၂၃ (နှစ်ဆန်းနှစ်ရက်နေ့) မှာတော့ ပုံမှန်အတိုင်းပိတ်ရက်မရှိ ပြန်လည်ဖွင့်လှစ်သွားမှာဖြစ်တဲ့အကြောင်း အသိပေးအပ်ပါတယ်ရှင့်

💟 * 2 * for Your Baby 💟✌️ 2 times per year သွားဆရာဝန်ထံ အနည်းဆုံးတနှစ်၂ကြိမ်စစ်ဆေးပါ✌️ 2 times per dayတနေ့ ၂ကြိမ် သွားတိ...
01/10/2021

💟 * 2 * for Your Baby 💟

✌️ 2 times per year
သွားဆရာဝန်ထံ အနည်းဆုံးတနှစ်၂ကြိမ်စစ်ဆေးပါ

✌️ 2 times per day
တနေ့ ၂ကြိမ် သွားတိုက်ပါ

✌️ 2 whole minutes
အနည်းဆုံး ၂မိနစ်ပြည့်အောင် သွားတိုက်ပါ

✌️ 2 years of age
ကလေးအသက်၂နှစ်ထက်နောက်မကျစေဘဲ သွားနှင့်ခံတွင်းစစ်ဆေးမှု ခံယူပါ

☎️09979677778

29/07/2021

𝐇𝐚𝐩𝐩𝐲 𝐇𝐲𝐩𝐨𝐱𝐢𝐚 (သို့)
ပျော်ရွှင်စွာအောက်စီဂျင်ပြတ်လပ်ခြင်း

ကျွန်တော်တို့အားလုံးကိုဗစ်ရောဂါဆိုးကိုကြံ့ကြံ့ခံရင်ဆိုင်နေကြတဲ့အထဲသတိ ထားစရာလေးတစ်ခုကိုဝေမျှချင်ပါတယ်။ကိုဗစ်က အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ကြောင်းအားလုံးသိပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြီးတဲ့နောက်မှာ ဖျားခြင်း၊ချောင်းဆိုးခြင်း၊အနံံ့ပျောက်ခြင်း၊
ဝမ်းပျက်ခြင်း၊ပိုဆိုးလာရင် မောခြင်း ၊အသက်ရှူကြပ်ခြင်း ၊အောက်စီဂျင်ကျခြင်း မလူံလောက်ခြင်း ၊ ကိုယ်တွင်းအင်ဂါများထိခိုက်ခြင်း၊သတိလစ်ခြင်း၊ အသက်ဆုံးရှုံးခြင်းစသည့် အချက်များ တစ်ဆင့်ခြင်းဖြစ်ပေါ်နိုင်ပါတယ်။သို့မဟုတ်သက်သာလာနိုင်ပါတယ်။ဒါကိုအားလုံးလည်း သိထားပြီးဖြစ်ပါမယ်။

ဒါပေမယ့် သင့်သွေးသွင်းအောက်စီဂျင်ပမာဏကလဲကျနေမယ်၊ အထက်ပါလက်ခဏာတွေထဲက မောတာ အသက်ရှူကြပ်တာ တွေမခံစားရဘူးဆိုရင်တော့ သင်ဟာ
ပျော်ရွှင်စွာအောက်စီဂျင်ပြတ်လပ်နေခြင်း
(happy hypoxia) ကို ခံစားနေရတာဖြစ်နိုင်တယ်ဆိုတာသတိပြုသင့်ပါပြီ။

အများအားဖြင့်လူငယ်ပိုင်းတွေကပိုမိုခံနိုင်ရည်ရှိတဲ့အတွက် အောက်စီဂျင်ကျရင်ချက်ခြင်းဖြစ်ကိုဖြစ်ရမယ့်လက်ခဏာတွေကိုမခံစားရဘဲအေးအေးဆေးဆေးနေမိတာကြောင့်မလိုလားအပ်တဲ့ ကုသမှုနောက်ကျခြင်း သေဆုံးခြင်းတို့ဖြစ်နိုင်တယ်ဆိုတာပါဘဲ။


သင်ပျော်ရွှင်စွာအောက်စီဂျင်ငတ်နေပြီလား???
———————————————

သင်ဟာသွေးတွင်း အောက်စီဂျင်ပမာဏ 90% လောက်ပေမယ့် မောတာ အသက်ရှုကျပ်တာတွေ မခံစားရပဲ...
♦️ပြုံးပြုံးကြီး စကားပြောနေမယ် နိုင်နေမယ်
♦️လမ်းလျောက်နေမယ် လေ့ကျင့်ခန်းတွေဆက်လုပ်နေမယ်ဆိုရင်တော့

သင်ဟာ happy hypoxia ရနေပြီး ရုတ်တရက်အမောဖောက်တာ သတိလစ်လဲကျတာ သေဆူံးတာတွေဖြစ်နိုင်ပါတယ်။
ထိုအရာများထက် အောက်စီဂျင်ပေးဖို့နောက်ကျတာ ၊ ဆေးကုသမှုနောက်ကျတာ တွေကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် ကိုဗစ်စစ်လို့တွေ့တယ်၊ ဒါမှမဟုတ် အပျော့စားလက်ခဏာတွေ စခံစားရမယ်ဆိုရင် သွေးတွင်းအောက်စီဂျင်ပမာဏကိုလဲ စဥ်ဆက်မပြတ်တိုင်းတာနေဖို့လိုပါမယ်။


အောက်စီဂျင်ကျမကျဘယ်လိုသိမလဲ?

သွေးတွင်းအောက်စီဂျင်ပမာဏ ကို pulse oxymeter လို့ခေါ်တဲ့ စက်ကလေးတွေနဲ့တိုင်းနိုင်ပါတယ်။
ပုံမှနိကျန်းမာသန်စွမ်းတဲ့လူတစ်ယောက်ဆို 95-99%ဆိုပုံမှန်လို့သတ်မှတ်လို့ရပါတယ်။ စက်ရဲ့မှားနိုင်ခြေ ၊ တိုင်းပုံတိုင်းနည်း ၊ အရည်အသွေးပေါ်မူတည်ပြီး တိကျမှုတို့ကိုလည်း တော်တော်များများ သိထားကြပြီးဖြစ်မယ်လို့ယူဆရပါတယ်။
ထိုပမာဏထက်ကျလာရင်တော့ မောခြင်း၊ရင်တုန်ခြင်း၊အသက်ရှူကြပ်ခြင်း၊အစက်ရှူမြန်ခြင်း ၊ ဝေခွဲနိုင်စွမ်းကျလာခြင်း တို့ခံစားရနိုင်ပါတယ်။ပိုဆိုးရင် နှလုံးခုန်မမှန်ခြင်း၊အချိန်ကြာကြာ အောက်စီဂျင်ကျခြင်းကြောင့် ကိုယ်တွင်းအင်ဂါများထိခိုက်ခြင်း ( ဥပမာ နှလုံး ၊ကျောက် ကပ် ၊ဦးနှောက် ၊အဆုတ်)နောက်ဆုံး သတိလစ်ခြင်း အသက်ဆုံးရှုံးခြင်းတို့ကို ခံစားရပါမယ်။

🚨တကယ်လို့ သင့်သွေးတွင်းအောက်စီကဂျင်က 90% အောက်ရောက်နေပေမယ့်သင်ဟာအထက်ပါလက်ခဏာတွေကိုမခံစားရဘူးဆိုရင် ကုသမှုနောက်ကျသွားနိုင်ပါတယ်။

ဘယ်အချိန်အောက်စီဂျင်လိုမလဲ?

သင်ဟာကျန်းမာသန်စွမ်းတယ်၊ ဆီးချို နှလုံးသွေးကြောကျဥ်း ရောဂါ ၊ခုခံအားဆိုင်ရာရောဂါအခံတွေမရှိဘူးဆို အောက်စီဂျင် 95 % ကျော်ရင် ပူံမှန်လို့ပြောလို့ရပါတယ်။အောက်စီဂျင်ပမာဏ 93 - 95 % ဒါပေမယ့် အသက်ရှူလေ့ကျင့်ခန်းလုပ်ပြီး မှောက်ခုံအိပ်prone position လုပ်ပြီး 95% ကျော်အောင် maintain လုပ်နိုင်တယ်ဆိုရင်လည်း အခြေအနေ ကောင်းပါတယ်။
အောက်စီဂျင်ပမာဏ 93% အောက် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်လဲ မတက်လာဘူးဆို အောက်စီဂျင်ရှူဖို့လိုနိုင်ပါတယ်။ နောက်တစ်ချက် က အောက်စီဂျင် ပမာဏ 95% ကျော်ဖို့သင့်နှလုံးခုန်နှုန်းက အရမ်းမြန်အောင် ထိန်းညိုရုန်းကန်နေရတယ်ဆိုလဲ အောက်စီဂျင်လိုနိုင်ပါတယ်။


ကုသခြင်း
———-

ဒါကတော့ ထွေထွေထူးထူးပြောစရာလိုမယ်မထင်တော့ပါဘူး။ online ကတစ်ဆင့် ရောဂါ အဆင့်တွေ ၊ဆေးနည်းတွေ သိထားပြီးတဲ့သူတွေလည်း ရှိမယ်။ Online consultation ကနေ တစ်ဆင့် Covid Hotline ကနေတစ်ဆင့် သမားတော်တွေ ညွှန်ကြားကုသပေးနေတာတွေလဲရှိသင့်သလောက် ရှိပြီးဖြစ်ပါတယ်။
မလိုအပ်ဘဲ steroid ၊ antivital ၊ နဲ့ NSAID တွေသောက်သုံးခြင်း ၊နွယ်မြက်သစ်ပင်ဆေးဖက်ဝင်ဆိုသော်လဲ အာနိသင်အတိအကျမသိရသောဆေးမြီးတိုများ စမ်းသူံးခြင်းတို့ကိုတော့ရှောင်ကျဥ်သင့်ပြီး ဆေးဝါးများကို သမားတော် (physician) တွေလိုအပ်သလိုပေးခြင်းကိုသာလိုက်နာသင့်ပါတယ်။
အစာစားခြင်း ၊ ကောင်းစွာအိပ်သက်ခြင်း ၊ရေဓာတ်ဖြည့်ခြင်း ၊ vitamin အားဆေးများသောက်သုံးခြင်း ၊ အသက်ရှူလေ့ကျင့်ခန်း လုပ်ခြင်းတို့ဖြင့်အဆုတ်နဲ့ ခုခံအားစနစ်ကို မြင့်တင်တာကပိုထိရောက်ပါတယ်။

အောက်စီဂျင်ပမာဏကိုတော့ တိုင်းတာနေဖို့လိုပါတယ်။ အောက်စီဂျင်ကျပြီဆိုရင်လိုအပ်တဲ့ထိရောက်တဲ့ကုသမှုတွေရရှိဖို့ ကြိုးစားရပါမယ်။
Hotline consultation တွေလဲတော်တော်များများပေါ်ထွက်လာနိုင်နေပြီလို့လဲမျှော်လင့်ပါတယ်။

✅တတ်နိုင်သလောက်အိမ်မှာနေပါ
✅၊လက်ဆေးပါ၊
✅စည်းကမ်းလိုက်နာပါ၊
✅ခုခံအားကိုမြင့်တင်ပါ။
✅အောက်စီဂျင်တိုင်းတာပါ။

လူတိုင်း ကိုဗစ်ကာလမှာ ပျော်ရွှင်စွာအောက်စီဂျင်ကျနေခြင်း
(Happy Hypixia )
ကိုသတိထားနိုင်ကြပါစေ။


With blessings,
Dr Luke

Smile World သွားနှင့်ခံတွင်းအထူးကုဆေးခန်းကို မနက်၉နာရီမှ ည၈နာရီအထိ လတ်တလော ပြောင်းလဲဖွင့်လှစ်ထားပါတယ်ရှင် .. 😇  Appointm...
13/05/2021

Smile World သွားနှင့်ခံတွင်းအထူးကုဆေးခန်းကို
မနက်၉နာရီမှ ည၈နာရီအထိ လတ်တလော ပြောင်းလဲဖွင့်လှစ်ထားပါတယ်ရှင် .. 😇 Appointment ယူလိုသူများ၊ ဆွေးနွေးမေးမြန်းလိုသူများအနေဖြင့် Page ၏ Chatbox မှလည်းကောင်း 09979677778 သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့် .. 😊


Smile World သွားနှင့်ခံတွင်းအထူးကုဆေးခန်းကို ယနေ့မှစ၍ မနက်၉နာရီမှ ည၉နာရီအထိ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားပါပြီ .. 😊...
05/01/2021

Smile World သွားနှင့်ခံတွင်းအထူးကုဆေးခန်းကို ယနေ့မှစ၍ မနက်၉နာရီမှ ည၉နာရီအထိ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ထားပါပြီ .. 😊 Appointment ယူလိုသူများအနေဖြင့် Page ၏ Chatbox မှတစ်ဆင့် မေးမြန်းနိုင်သလို 09979677778 သို့လည်း ဆက်သွယ်မေးမြန်းနိုင်ပါသည်ရှင့် .. 😇

Smile World သွားဆေးခန်း ၂နှစ်ပြည့်အထိမ်းအမှတ်အလှူအဖြစ် တောင်ဒဂုံမြို့နယ် "Save the Aged" ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအ...
17/07/2020

Smile World သွားဆေးခန်း ၂နှစ်ပြည့်အထိမ်းအမှတ်အလှူအဖြစ် တောင်ဒဂုံမြို့နယ် "Save the Aged" ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအတွက် ဆေးပဒေသာပင်အလှူငွေ သွားရောက်လှူဒါန်းခဲ့ပါသည် .. 😊😇
Smile World မိသားစုနှင့်တကွ လူနာအယောက်စီတိုင်း၏ အလှူဒါနဖြစ်သည့်အတွက် ကောင်းမှုကုသိုလ်တို့ကို ထပ်တူထပ်မျှရကြစေရန် ပေးဝေပါသည် .. 🙏🙏🙏

ကမ္ဘာ့ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် Covid 19 ဆက်လက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်စေရန်အလို့ငှါသွားကိုက်၊သွားနာအရေးပေါ်အ...
24/03/2020

ကမ္ဘာ့ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် Covid 19 ဆက်လက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်စေရန်အလို့ငှါ
သွားကိုက်၊သွားနာအရေးပေါ်အခြေအနေနှင့် ကြုံတွေ့နေရသော လူနာများအတွက် Emergency သွားရောဂါကုသမှုများမှအပ ကျန်သည့်ကုသမှုများကို ခေတ္တရွှေ့ဆိုင်းထားပါသည်။

ဆွေးနွေးတိုင်ပင်လိုပါက 095376831 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။



Address

No. 130, BaNyarDala Street
Yangon
11211

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

09979677778

Website

Alerts

Be the first to know and let us send you an email when Smile World Dental Specialist Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Smile World Dental Specialist Centre:

Share