05/01/2026
ကောင်းချမ်းသာ သွားနှင့်ခံတွင်းဆေးခန်းမှာ အလုပ်အတူတွဲလုပ်ဖို့ ရိုးသားကြိုးစားတဲ့ သွားဆေးခန်းအကူ (Dental Assistant) အမျိုးသမီး ၁ ဦး အလိုရှိပါသည်။
၁။ အသက် ၁၈ နှစ်မှ ၃၀ နှစ်အတွင်း၊ မြောက်ဒဂုံမြို့နယ် အနီးတဝိုက်နေထိုင်သူဆို ပိုအဆင်ပြေပါတယ်။
၂။ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင် နေထိုင်တတ်သူ၊ အချိန်တိကျသူ၊ အချိန်လေးစားသူ ဖြစ်ရပါမယ်။
၃။ အပြော အဆိုပြေပြစ်သူ၊ စိတ်ရှည်တတ်သူဖြစ်ရပါမယ်။
၄။ လုပ်ငန်း အတွေ့အကြုံမရှိလည်းရပါတယ်။ သင်ယူလိုစိတ်ရှိပြီး အလုပ်ကြိုးစားသူဖြစ်ရပါမယ်။
၅။ ပညာအရည်အချင်း အနည်းဆုံး အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူဖြစ်ရပါမယ်။
အလုပ်ချိန် မနက် ၉နာရီမှ ည ၆:၃၀ အထိ၊ တပတ်ကြားရက် ပိတ်ရက်တရက်ပေးပါမယ်။
လျှောက်ထားလိုပါက CV form ကို ဆေးခန်းမှာကိုယ်တိုင်သော်လည်းကောင်း၊ Viber နံပါတ် 09404093930 သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။