Oris Dental Clinic

Oris Dental Clinic We are offering good dental and oral health care services for children and adults.

"အ​ပေါ်ရှေ့သွားများရဲ့ acrylic သွားအစွပ်​ဟောင်းများကိုဖယ်၍ လိုအပ်​သောကုသမှုများပြုလုပ်ပြီး ​ကြွေသီးသန့်သွားအစွပ်(Zirconi...
03/01/2024

"အ​ပေါ်ရှေ့သွားများရဲ့ acrylic သွားအစွပ်​ဟောင်းများကိုဖယ်၍ လိုအပ်​သောကုသမှုများပြုလုပ်ပြီး ​ကြွေသီးသန့်သွားအစွပ်(Zirconia Crowns)ဖြင့် ပြန်လည်သွားစိုက်ကုသထားခြင်းဖြစ်ပါတယ်။ Zirconia Crown ရဲ့အားသာချက်က​တော့ သတ္တုသွားအစွပ်၊ သတ္တုစပ်​ကြွေသွားအစွပ်များထက် ပိုသဘာဝဆန်တဲ့အတွက်​ကြောင့် ​ရှေ့သွားများအတွက်အစားထိုးဖို့ ပိုသင့်​တော်ပါတယ်။"

For inquiries and making appointment, please message us on page messenger (or)
contact ☎️09942500425.

Visit us at 🏠 No.1338, Bo Cho Street, 46ward, North Dagon, Yangon. (Near 46Junction)

Clinic hours: ⏰️9AM to 5PM
(From Tuesday to Sunday)
CLINIC IS CLOSED EVERY MONDAY❗️

🦷🦷🦷"ဆေးခန်းမှာ လက်ရှိသွားညှိကုသမှုခံယူ​နေတဲ့ လူနာ​တွေထဲကတစ်​ယောက်ရဲ့ (၃)လအတွင်းသိသာတဲ့ ​ပြောင်းလဲမှု​လေးဖြစ်ပါတယ်။ လူနာတ...
15/06/2023

🦷🦷🦷"ဆေးခန်းမှာ လက်ရှိသွားညှိကုသမှုခံယူ​နေတဲ့ လူနာ​တွေထဲကတစ်​ယောက်ရဲ့ (၃)လအတွင်းသိသာတဲ့ ​ပြောင်းလဲမှု​လေးဖြစ်ပါတယ်။ လူနာတစ်​ယောက်နဲ့တစ်​ယောက် ​သွား​ရွေ့နှုန်းမတူ​ပေမယ့် ဒီလူနာရဲ့​ပြောင်းလဲမှု​လေးက​တော့​အားရစရာကောင်း​ပါတယ်။"

သွားညှိကုသမှုအတွက် စိတ်ဝင်စားတယ်ဆိုရင်​တော့ ​ဆေးခန်းမှာလာ​ရောက်​ဆွေး​နွေးတိုင်ပင်လို့ရပါတယ်​နော်။

​ဆေးခန်းလိပ်စာက​တော့ - အမှတ် ၁၃၃၈၊ ဗိုလ်ချိုလမ်းသွယ်၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၄၆ရပ်ကွက်၊ ​မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။ (၄၆လမ်းဆုံအနီး) ဖြစ်ပါတယ်။

📞ဆက်သွယ်ရန်ဖုန်း - ၀၉၉၄၂၅၀၀၄၂၅

Oris Dental Clinic ကို "နေ့စဥ်ပိတ်ရက်မရှိ မနက်၉နာရီမှ ည​နေ၅နာရီအထိ" ဖွင့်လှစ်ကုသ​ပေး​နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပိုးသတ်သန့်စင်ထား​သောပစ္စည်းများကိုသာ အသုံးပြုထားသည့်အတွက် စိတ်ချစွာကုသမှုခံယူနိုင်​မှာဖြစ်ပြီး မိမိတို့လာ​ရောက်မည့်အချိန်ကို Page Messenger သို့မဟုတ် ဖုန်းမှတဆင့်ဆက်သွယ်ပြီး appointment ကြိုတင်ယူထားလို့လည်းရပါတယ်ခင်ဗျာ။





သွား​လေး​တွေဝါ​နေလို့ Laser Whitening Treatment ယူထားတဲ့လူနာတစ်​ယောက်ရဲ့ သိသာတဲ့ before & after result ​လေးပါ။အချိန်တစ်န...
27/03/2023

သွား​လေး​တွေဝါ​နေလို့ Laser Whitening Treatment ယူထားတဲ့လူနာတစ်​ယောက်ရဲ့ သိသာတဲ့ before & after result ​လေးပါ။

အချိန်တစ်နာရီအတွင်း မနာကျင်ဘဲ ဖြူ​ဖွေး​တောက်ပတဲ့ သွား​လေး​တွေကိုပိုင်ဆိုင်နိုင်ပါပြီ။ ဒီ Laser Teeth Whitening Treatment ​လေးကိုပြုလုပ်ချင်ရင်​တော့ Page Messenger သို့မဟုတ် ၀၉၉၄၂၅၀၀၄၂၅က​နေတဆင့်ကြိုတင် appointment ယူထားလို့ရပါတယ်။

လိပ်စာက​တော့ - အမှတ်၁၃၃၈၊ ဗိုလ်ချိုလမ်းသွယ်၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၄၆ရပ်ကွက်၊ ​မြောက်ဒဂုံ။ (၄၆လမ်းဆုံအနီး) ဖြစ်ပါတယ်။

▪︎Edited ⬇️ဒီဇင်ဘာ ၂၅၊ ၂၆၊ ၂၇ ​ဆေးခန်း (၃)ရက်ပိတ်ပါသည်။▪︎Edited ⬇️ ၂၈ရက်​နေ့ ​ဆေးခန်း(၁)ရက်ထပ်ပိတ်မည်ဖြစ်ပါ​သဖြင့်(၂၉.၁၂...
24/12/2022

▪︎Edited ⬇️
ဒီဇင်ဘာ ၂၅၊ ၂၆၊ ၂၇ ​ဆေးခန်း (၃)ရက်ပိတ်ပါသည်။

▪︎Edited ⬇️

၂၈ရက်​နေ့ ​ဆေးခန်း(၁)ရက်ထပ်ပိတ်မည်ဖြစ်ပါ​သဖြင့်
(၂၉.၁၂.၂၀၂၂) ကြာသပ​တေး​နေ့ မှ​ဆေးခန်းပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း ​လေးစားစွာအသိ​ပေးအ​ကြောင်းကြားအပ်ပါသည်။

ကြိုတင်ရက်ချိန်းရယူထားကြသော လူနာများအတွက် အစားထိုးရက်ချိန်းစီစဥ်ပေးရန် ဆေးခန်းမှ ပြန်လည်ဆက်သွယ်ပေးပါမည်။

အရေးပေါ်အခြေအနေရှိခဲ့ပါက ၀၉၉၄၂၅၀၀၄၂၅သို့ ဆက်သွယ်နိုင်ပါသည်။ အဆင်မပြေမှုများအတွက် တောင်းပန်အပ်ပါသည်။

21/11/2022

သွားတိုက်တာဘာများခက်လို့လဲ။ လွယ်လွယ်​လေးပဲကို။

- ဟုတ်ပါတယ်။ သွားတိုက်ရတာလွယ်ပါတယ်။ ဒါ​ပေမဲ့ မိမိကိုယ်ကိုသွားတိုက်နည်းမှန်၊မမှန်သိဖို့လည်းလိုပါတယ်။
​အောက်ကအချက်​တွေထဲက ဘယ်အချက်​တွေကိုလုပ်မိနေပြီလဲ။

❌️ သွားတိုက်တံအမျှင် Bristle အမာသား​တွေသုံးမယ်
❌ အားနဲ့ဖိတိုက်မယ်
❌️ သွားတိုက်ချိန်(ကြာချိန်)
အရမ်းမြန်မယ်(စက္ကန့်၃၀ )/အရမ်းကြာမယ်(၄မိနစ်)
❌️ သွားပွတ်တံကို အလျားလိုက်တိုက်မယ်
❌ ကွမ်းချိုး၊​ဆေးလိပ်ချိုး​ပြောင်တဲ့သွားတိုက်​ဆေး​တွေအမြဲတမ်းသုံးမယ်။
❌️ သွားအတွင်းဘက်မျက်နှာပြင်​တွေကို တိုက်ဖို့​မေ့တယ်
❌️ ညဘက်မအိပ်ခင်သွားတိုက်ဖို့​မေ့တယ်
ဒီအချက်​တွေလုပ်မိ​​နေပြီဆိုရင်​တော့ သွားတိုက်နည်းမှား​နေပါပြီ။

သွားတိုက်နည်းအမှား​တွေနဲ နေ့တိုင်းသွားတိုက်ခြင်းဟာ ကိုယ့်သွားကိုယ်ဒုက္ခ​ပေးသလိုဖြစ်​နေတတ်ပါတယ်။
သွားတိုက်နည်းမမှန်ရင်ဘာဖြစ်မှာလဲ?
(၁) သွားအ​ခြေများ/သွားမျက်နှာပြင်များပွန်းပဲ့လာမယ်။(ပိုဆိုးလာရင်အ​ကြောထိနိုင်တယ်)
(၂) ​​သွားဖုံး​ကျောက်တည်လာမယ်။
(၃) ​သွားဖုံးသားများရေစီးကမ်းပြိုလာမယ်။
(၄) စားကြွင်းစားကျန်များမစင်တဲ့အတွက် သွား​တွေဝါလာမယ်၊ ခံတွင်းနံ့နံမယ်၊ သွားပိုးစားမယ်၊ သွားဖုံး​ရောင်/သွေးထွက်မယ်။

ဒါဆို...သွားဘယ်လိုတိုက်ရမှာလဲ?
☑️တစ်​​နေ့ ၂ကြိမ်(သို့)၃ကြိမ် အစာစားပြီးတိုင်း "နာရီဝက်ခန့်အကြာမှ" သွားပွတ်တံ​ပျော့​ပျော့နဲ့တိုက်မယ်။
☑️သွားပွတ်တံကို သွားဖုံးသားနဲ့သွားမျက်နှာပြင်တို့ကို ၄၅°ထားပြီး Up down motion (သို့) circular motionအတိုင်း တစ်​နေရာကို ၇ချက် ၈ချက်​လောက်တိုက်​ပေးရမယ်။
☑️သွားမျက်နှာပြင်အကုန်လုံးကို(အပြင်ဘက်/အတွင်းဘက်/ဝါးစားတဲ့မျက်နှာပြင်) မကျန်​အောင် ၂မိနစ်ခန့်တိုက်ရပါမယ်။(အံဆုံးအ​နောက်ဘက်​တွေလည်းတိုက်​ပေးရပါမယ်)
☑️လျှာနဲ့အာ​ခေါင်တို့ကိုလည်းတိုက်​ပေးရပါမယ်။

Prevention is better than cure ဆိုတဲ့အတိုင်း​​ရောဂါမဖြစ်ခင်ကတည်းက နည်းမှန်လမ်းမှန်နဲ့ကြိုတင်ကာကွယ်နိုင်ကြဖို့​​မျှော်လင့်ပါတယ်​။

Video credit to owner (Pearlie White Myanmar)

"ရှေ့သွား​လေး​တွေကျဲ​နေတာပဲဖြစ်ဖြစ်၊ သွားပိုးစား​နေတာပဲဖြစ်ဖြစ် ​လေဆာဖြင့်ပြန်လည်ကုသပြုပြင်လို့ရပါတယ်​နော်။"☑️ မိမိတို့သ...
13/11/2022

"ရှေ့သွား​လေး​တွေကျဲ​နေတာပဲဖြစ်ဖြစ်၊ သွားပိုးစား​နေတာပဲဖြစ်ဖြစ် ​လေဆာဖြင့်ပြန်လည်ကုသပြုပြင်လို့ရပါတယ်​နော်။"

☑️ မိမိတို့သွားများကို သွားပိုး​ပေါက်ရှိမရှိပုံမှန်စစ်​ဆေး​ပေးသင့်ပါတယ်။ အကယ်၍ သွားပိုး​ပေါက်ရှိပါက ပိုး​ပေါက်အရွယ်အစား​သေးတဲ့အချိန်မှာ အမြန်ဆုံးကုသမှုခံယူသင့်ပါတယ်။
သွားပိုး​ပေါက် အရွယ်အစားကြီးလာပါက သွားကျဥ်ခြင်း၊ သွားကိုက်ခြင်း​ဝေဒနာများပါခံစားရနိုင်ပြီး ကုသမှုစရိတ်များလည်းပိုမိုကုန်ကျလာနိုင်ပါတယ်။ 🤕😔😢😭🤑
ဒါ​ကြောင့်မို့လို့ သွားကျန်းမာ​ရေးစစ်​ဆေးခြင်းကို "၆လ ၁ကြိမ် နီးစပ်ရာသွား​ဆေးခန်းမှာ ပုံမှန်စစ်​ဆေး​ပေးခြင်း"ဖြင့် သွား​ရောဂါများကိုကြိုတင်ကာကွယ်နိုင်မှာဖြစ်ပါတယ်။😎😎😎😎😎

​​🔍မြောက်ဒဂုံနှင့် ​မြောက်ဥက္ကလာအနီးတွင် သွား​ဆေးခန်းရှာ​နေသူများအတွက် "အောရစ်(စ်)သွားနှင့်ခံတွင်း​ဆေးခန်း"မှာ လာ​ရောက်​ဆွေး​နွေးတိုင်ပင်လို့ရပါတယ်။

ဆေးခန်းလိပ်စာက​တော့.....
🏠အမှတ် ၁၃၃၈၊ ဗိုလ်ချိုလမ်းသွယ်၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၄၆ရပ်ကွက်၊ ​မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။ (၄၆လမ်းဆုံအနီး)

☎️ဆက်သွယ်ရန်ဖုန်း - ၀၉၉၄၂၅၀၀၄၂၅

Oris Dental Clinic ကို "နေ့စဥ်ပိတ်ရက်မရှိ မနက်၉နာရီမှ ည​နေ၆နာရီအထိ" ဖွင့်လှစ်ကုသ​ပေး​နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပိုးသတ်သန့်စင်ထား​သောပစ္စည်းများကိုသာ အသုံးပြုထားသည့်အတွက် စိတ်ချစွာကုသမှုခံယူနိုင်​မှာဖြစ်ပြီး မိမိတို့လာ​ရောက်မည့်အချိန်ကို Page Messenger သို့မဟုတ် ဖုန်းမှတဆင့်ဆက်သွယ်ပြီး appointment ကြိုတင်ယူထားလို့လည်းရပါတယ်ခင်ဗျာ။




သွား​တွေကျဲ​နေရင် သို့မဟုတ် သွား​တွေထပ်​နေရင်ဘာဖြစ်နိုင်သလဲ❓️❓️❓️🦷🦷🦷သွား​တွေရဲ့အသုံးဝင်မှုက​တော့ အစားအသောက်စားရာတွင်သာမက...
07/11/2022

သွား​တွေကျဲ​နေရင် သို့မဟုတ် သွား​တွေထပ်​နေရင်ဘာဖြစ်နိုင်သလဲ❓️❓️❓️

🦷🦷🦷သွား​တွေရဲ့အသုံးဝင်မှုက​တော့ အစားအသောက်စားရာတွင်သာမက လူတစ်​ယောက်ရဲ့ရုပ်ရည်သွင်ပြင်အတွက်လည်း အ​ရေးပါပါတယ်။
☑️သွားကျဲခြင်း​ကြောင့် ​နေ့စဥ်စား​သောက်ခြင်းများတွင် "အစာညှပ်ခြင်း၊ သွားဖုံးဒဏ်ရာရခြင်း" များဖြစ်နိုင်သလို သွားထပ်ခြင်း​ကြောင့်လည်း "သွားသန့်ရှင်း​ရေးလုပ်ရန်ခက်ခဲခြင်း၊ သွားပိုးစားခြင်း၊ သွားဖုံး​ရောင်ခြင်း" များဖြစ်လာနိုင်ပါတယ်။
☑️သွားမညီညာ​သောသူများတွင် အ​ပေါ်သွားနဲ့​အောက်သွားအတွက် Ideal Occlusion ရရန်ခက်ခဲခြင်း​ကြောင့် အံကြိတ်ခြင်းများဖြစ်​ပေါ်တတ်ပြီး ​သွားကြွေလွှာများကို ပျက်ဆီးပြုန်းတီး​စေနိုင်ပါတယ်။
☑️ဒါ့အပြင် သွားများမညီညာသည့်အတွက် မိမိရဲ့အပြုံးနှင့်ပတ်သက်ပြီး အ​နှောက်အယှက်ဖြစ်သလိုခံစားရနိုင်ပါတယ်။

➡️ သွားထပ်ခြင်း၊ သွားကျဲခြင်းများကို သွားညှိကုသမှုဖြင့် ပြန်လည်ပြုပြင်နိုင်ပါတယ်❕️

😎😎😎သွားများပြန်လည်ညီညာသွားတဲ့အခါ အစာညှပ်ခြင်းနည်းသွားပြီး သွားသန့်ရှင်း​ရေးလုပ်ရန်ပိုမိုလွယ်ကူလာသဖြင့် သွားပိုးစားခြင်းနဲ့ သွားဖုံး​ရောဂါကိုပါသက်သာ​စေပါတယ်။ ဒါ့အပြင် သွားများညီညာလာတဲ့အတွက် ပိုမိုလှပတဲ့အပြုံးကိုပိုင်ဆိုင်နိုင်ပြီး မိမိကိုယ်ကိုယုံကြည်မှုပိုရှိလာမှာဖြစ်ပါတယ်။😎😎😎

သွားညှိကုသဖို့အတွက်စဥ်းစား​နေရင်​တော့ ORISသွားနှင့်ခံတွင်း​ဆေးခန်းရဲ့ Page Messenger သို့မဟုတ် ဖုန်းမှတဆင့်အ​သေးစိတ်​မေးမြန်းစုံစမ်း​နိုင်ပါတယ်​နော်။😊😊😊

🏠ဆေးခန်းလိပ်စာက​တော့ - အမှတ် ၁၃၃၈၊ ဗိုလ်ချိုလမ်းသွယ်၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၄၆ရပ်ကွက်၊ ​မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။ (၄၆လမ်းဆုံအနီး)

📞ဆက်သွယ်ရန်ဖုန်း - ၀၉၉၄၂၅၀၀၄၂၅

Oris Dental Clinic ကို "နေ့စဥ်ပိတ်ရက်မရှိ မနက်၉နာရီမှ ည​နေ၆နာရီအထိ" ဖွင့်လှစ်ကုသ​ပေး​နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပိုးသတ်သန့်စင်ထား​သောပစ္စည်းများကိုသာ အသုံးပြုထားသည့်အတွက် စိတ်ချစွာကုသမှုခံယူနိုင်​မှာဖြစ်ပြီး မိမိတို့လာ​ရောက်မည့်အချိန်ကို Page Messenger သို့မဟုတ် ဖုန်းမှတဆင့်ဆက်သွယ်ပြီး appointment ကြိုတင်ယူထားလို့လည်းရပါတယ်ခင်ဗျာ။



မြောက်ဒဂုံဘက်မှာ သွား​ဆေးခန်း​ရှာ​နေသူ​တွေအတွက်❗️❗️❗️❗️❗️➡️ "Orisသွားနှင့်ခံတွင်း​ဆေးခန်းရှိပါတယ်​နော်" 🦷​ဆေးခန်းလိပ်စာက...
01/11/2022

မြောက်ဒဂုံဘက်မှာ သွား​ဆေးခန်း​ရှာ​နေသူ​တွေအတွက်❗️❗️❗️❗️❗️

➡️ "Orisသွားနှင့်ခံတွင်း​ဆေးခန်းရှိပါတယ်​နော်" 🦷

​ဆေးခန်းလိပ်စာက​တော့.....

🏠အမှတ် ၁၃၃၈၊ ဗိုလ်ချိုလမ်းသွယ်၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၄၆ရပ်ကွက်၊ ​မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။ (၄၆လမ်းဆုံအနီး)

☎️ဆက်သွယ်ရန်ဖုန်း - ၀၉၉၄၂၅၀၀၄၂၅

📧[email protected]

Oris Dental Clinic ကို "နေ့စဥ်ပိတ်ရက်မရှိ မနက်၉နာရီမှ ည​နေ၆နာရီအထိ" ဖွင့်လှစ်ကုသ​ပေး​နေပြီဖြစ်ပါတယ်။

ဒါ့အပြင် ပိုးသတ်သန့်စင်ထား​သောပစ္စည်းများကိုသာ အသုံးပြုထားသည့်အတွက် စိတ်ချစွာကုသမှုခံယူနိုင်​မှာဖြစ်ပြီး မိမိတို့လာ​ရောက်မည့်အချိန်ကို Page Messenger သို့မဟုတ် ဖုန်းမှတဆင့်ဆက်သွယ်ပြီး appointment ကြိုတင်ယူထားလို့လည်းရပါတယ်​နော်။

🦷"Better Teeth Better Health"🦷



😔😔😔 သွား​​လေး​တွေဝါ​နေလို့ စကား​ပြောတဲ့အချိန်၊ ပြုံးတဲ့အချိန်​တွေမှာ ယုံကြည်မှု​ပျောက်​နေသူ​တွေအတွက် Laser Whitening Tre...
07/09/2022

😔😔😔 သွား​​လေး​တွေဝါ​နေလို့ စကား​ပြောတဲ့အချိန်၊ ပြုံးတဲ့အချိန်​တွေမှာ ယုံကြည်မှု​ပျောက်​နေသူ​တွေအတွက် Laser Whitening Treatment ယူခြင်းဖြင့် သန့်ရှင်း​တောက်ပ​သောအပြုံးများကိုပိုင်ဆိုင်ပြီး မိမိကိုယ်ကိုယုံကြည်မှုပိုရှိလာပါလိမ့်မယ်။ 😎😎😎

☑️Laser Whitening Treatment ယူခြင်းဖြင့် သွားနှင့်ခံတွင်းကျန်းမာ​ရေးစစ်​ဆေးခြင်း၊ သွား​ကျောက်ခြစ်ခြင်း၊ Polishing လုပ်ခြင်းတို့ကိုပါတခါတည်း ကုသပေး​မှာဖြစ်ပါတယ်။

➡️ပိုမိုသန့်ရှင်း​တောက်ပတဲ့အပြုံး​တွေကိုပိုင်ဆိုင်ဖို့ Oris Dental Clinic မှာဆက်သွယ်စုံစမ်း​ဆွေး​နွေးပြီး ကုသမှုခံယူနိုင်ပါပြီ​နော်။

​🏠ဆေးခန်းလိပ်စာက​တော့ - အမှတ် ၁၃၃၈၊ ဗိုလ်ချိုလမ်းသွယ်၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၄၆ရပ်ကွက်၊ ​မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။ (၄၆လမ်းဆုံအနီး)

📞ဆက်သွယ်ရန်ဖုန်း - ၀၉၉၄၂၅၀၀၄၂၅

Oris Dental Clinic ကို "နေ့စဥ်ပိတ်ရက်မရှိ မနက်၉နာရီမှ ည​နေ၆နာရီအထိ" ဖွင့်လှစ်ကုသ​ပေး​နေပြီဖြစ်ပါတယ်။ ဒါ့အပြင် ပိုးသတ်သန့်စင်ထား​သောပစ္စည်းများကိုသာ အသုံးပြုထားသည့်အတွက် စိတ်ချစွာကုသမှုခံယူနိုင်​မှာဖြစ်ပြီး မိမိတို့လာ​ရောက်မည့်အချိန်ကို Page Messenger သို့မဟုတ် ဖုန်းမှတဆင့်ဆက်သွယ်ပြီး appointment ကြိုတင်ယူထားလို့လည်းရပါတယ်ခင်ဗျာ။




👶👶👶သားသားမီးမီးတို့ အသက်ဘယ်​လောက်မှာ ငယ်သွားကျိုးပြီး၊ကြီးသွားစလဲတာလဲ❓️❓️❓️☑️ သားသား၊မီးမီးတို့အတွက် ငယ်သွားလဲပြီးလူကြီး...
04/07/2022

👶👶👶သားသားမီးမီးတို့ အသက်ဘယ်​လောက်မှာ ငယ်သွားကျိုးပြီး၊ကြီးသွားစလဲတာလဲ❓️❓️❓️

☑️ သားသား၊မီးမီးတို့အတွက် ငယ်သွားလဲပြီးလူကြီးသွားစ​ပေါက်တဲ့အချိန်မှာ ​ဖေ​ဖေ၊​မေ​မေတို့အ​နေနဲ့ဂရုစိုက်​ပေးဖို့ အလွန်အ​ရေးကြီးပါတယ်။ ဘာလို့လဲဆို​တော့ ▪︎▪︎▪︎ "ငယ်သွားနဲ့ကြီးသွားခွဲခြားဖို့ခက်ခဲသလို၊ သွားပိုးစား​နေတဲ့ကြီးသွား​တွေကို မကုသမိရင်လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ကြီးသွားများကို ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါ့အပြင် ငယ်သွားများအချိန်မတိုင်ခင်ပျက်စီးခြင်း​ကြောင့် နှုတ်ပစ်လိုက်ရသည့်အခါ ​နောက်​ပေါက်လာမည့်ကြီးသွားများအ​နေနဲ့ သွားထပ်ခြင်း၊ သွားစောင်း​ပေါက်ခြင်း၊ သွားများ​နေရာလွဲ၍​ပေါက်ခြင်းများ ဖြစ်လာနိုင်တတ်ပါတယ်"

☑️ ဒါ​ကြောင့်မို့လို့ "လူကြီးသွားစ​ပေါက်တဲ့အချိန် အသက်(၆)နှစ်" အရွယ်မှာ သွားနှင့်ခံတွင်းကျန်မာ​ရေးအတွက်စစ်​ဆေးမှုများစလုပ်သင့်​နေပါပြီ။‼️

☑️ သားသားမီးမီးတို့သွားနှင့်ခံတွင်းကျန်းမာ​ရေးအတွက် စိတ်မပူရ​အောင် ကျွန်​တော်တို့ Oris Dental Clinicမှာ သွားနှင့်ခံတွင်းစစ်​ဆေးမှုများ၊ ကုသမှုများကိုလာ​ရောက်​ဆွေး​​​နွေးနိုင်ပါတယ်​။😊😊😊

​🕘ဆေးခန်းဖွင့်ချိန် - နေ့စဥ် မနက်၉နာရီမှ ည​နေ၆နာရီ

🏠လိပ်စာ - အမှတ် ၁၃၃၈၊ ဗိုလ်ချိုလမ်းသွယ်၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၄၆ရပ်ကွက်၊ ​မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။ (၄၆လမ်းဆုံအနီး)

📬 [email protected]

☎️ဆက်သွယ်ရန် - 09942500425





လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်းကျန်းမာ​ရေးအတွက် ကျွန်​တော်တို့ Oris Dental Clinic မှတာဝန်ယူကုသ​ပေး​နေပြီဖြစ်​ကြောင်း ...
28/06/2022

လူကြီးမင်းတို့ရဲ့ သွားနှင့်ခံတွင်းကျန်းမာ​ရေးအတွက် ကျွန်​တော်တို့ Oris Dental Clinic မှတာဝန်ယူကုသ​ပေး​နေပြီဖြစ်​ကြောင်း သတင်း​ကောင်းပါးလိုက်ပါတယ်။

☑️ သွားကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆွေးနွေးခြင်း
(Dental Check Up & Consultation)

☑️ ကလေးသွားကျန်းမာရေး ကုသခြင်း
(Pediatric Dental Treatment)

☑️ သွားဖာခြင်း
(Carious Cavity Filling)

☑️ သွားအကြောထုတ် ကုသခြင်း
(Root Canal Treatment)

☑️ သွားသန့်ရှင်းရေး ပြုလုပ်ခြင်း/ ကျောက်ခြစ်ခြင်း
(Scaling)

☑️ သွားနှုတ်ခြင်း
(Extraction)

☑️ အံဆုံးသွား ခွဲစိတ်ဖယ်ရှားခြင်း
(Surgical Removal of Wisdom Tooth)

☑️ သွားစိုက်ခြင်း
(Fixed/Removable Prosthesis)

☑️ သွားမြစ်တု အစားထိုး သွားစိုက်ခြင်း
(Dental Implant)

☑️ သွားမျက်နှာပြင်တွင် စိန်တပ်ခြင်း
(Skyce)

☑️ သွားမျက်နှာပြင် ကြွေလွှာကပ်ခြင်း
(Dental Veneer)

☑️ လေဆာ​ရောင်ခြည်ဖြင့် သွားဖြူအောင် ပြုလုပ်ခြင်း
(Laser Whitening)

☑️ သွားညှိကုသခြင်း
(Orthodontic Treatment) အစရှိသည့်ကုသမှုများကို​ နေ့စဥ်ပိတ်ရက်မရှိ မနက်၉နာရီမှ ည​နေ၆နာရီအထိတာဝန်ယူ​ကုသ​ပေး​နေပါပြီ။

⏰️ ​နေ့စဥ် မနက်၉နာရီမှ ည​နေ၆နာရီ

☎️ ၀၉ ၉၄၂၅၀၀၄၂၅

🏠 အမှတ် ၁၃၃၈၊ ဗိုလ်ချိုလမ်းသွယ်၊ ဗိုလ်မှူးဗထူးလမ်းမကြီး၊ ၄၆ရပ်ကွက်၊ ​မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။ (၄၆လမ်းဆုံအနီး)

✉️ [email protected]





Address

No. 1338, Bo Cho Street, Bomhu Ba Htoo Road, 46 Ward, North Dagon
Yangon
11421

Opening Hours

Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959942500425

Website

Alerts

Be the first to know and let us send you an email when Oris Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Oris Dental Clinic:

Share