20/04/2026
ကိုယ့်မိသားစု / ကိုယ့်ပတ်ဝန်းကျင်မှာ ဒီလိုသွားမဲမဲလေးတွေနဲ့ ကလေးလေးတွေရှိလား ???
ဒီလိုသွားမဲမဲလေးတွေဖြစ်လာရင် မိဘတွေဟာ အောက်ပါအတိုင်း အယူအဆအမှားတွေဖြစ်လာပါတယ်။
1.ချက်ချင်း နှုတ်ပစ်ရမယ်.. ဒါမှ ကြီးသွားထွက်လာရင် ပိုးမစားမှာ မစောင်းမှာ❌
2. ချက်ချင်း နှုတ်ပစ်ရမယ်.. ဒါမှ ကြီးသွား ထွက်နိုင်မှာ..မဟုတ်ရင် ကြီးသွားမထွက်ဘဲနေမယ်.❌
3. ဒီတိုင်းထားလိုက်..ကလေးသွားတွေက လူကြီးသွားလဲမှာ. ဘာမှလုပ်စရာမလိုဘူး.. ❌
ဒီအပေါ်က အယူအဆတွေအကုန်လုံးက မှားယွင်းပါတယ်နော်။❌❌❌
ဒါဆို အဖြေမှန်ကို ဆက်ဖတ်ကြည့်ရအောင်နော်.. ✔✔✔
1. ချက်ချင်း နှုတ်ပစ်စရာမလိုပါဘူး.. ဖာလို့ရတဲ့အနေအထားဆို ဖာထားလို့ရပါတယ်.. ဖာလို့မရတဲ့အနေအထားဆိုလဲ
Wait & see စောင့်ကြည့်ဖို်လိုပြီး ကြီးသွားစထွက်လာတဲ့အချိန်မှာမှ လိုအပ်ရင် နှုတ်ပေးရမှာဖြစ်ပါတယ်။✔
2. ချက်ချင်း နှုတ်စရာမလိုပါဘူးနော်..
သွားအငုတ်ကလေးတွေကို အချိန်မတန်မီနှုတ်လိုက်ရင် သွားဖုံးကမာသွားပြီး ကြီးသွားထွက်လာဖို့ကို ပိုပြီး
နှောင့်နှေးကြန့်ကြာစေပါတယ်။ ဆရာဝန်က နှုတ်ဖို့သင့်ပြီလို့ ဆုံးဖြတ်တဲ့အချိန်မှသာ နှုတ်ရပါမယ်နော်။✔
3.. ဒါဆို ဘာမှလုပ်စရာမလိုဘူးဆိုပြီးလဲ ဒီတိုင်းပစ်မထားရပါဘူးနော်။ သွားဆရာဝန်နဲ့ တစ်လတစ်ခါခန့် ပုံမှန်ပြပေးပြီး ဖာလို့ရသေးရင်ဖာထားဖို့ လိုပါတယ်။ တခြားသွားတွေပိုးစားနှုန်းမမြန်အောင် Fluoride သုတ်တဲ့ ကုသမှုလေးကိုလဲ ခံယူသင့်ပါတယ်။✔
Sunrise Dental Clinic မှာ ကလေးလေးတွေကို စိတ်ရှည်နွေးထွေးစွာ
လစဥ် Dental Checkup လုပ်ပေးမယ့် Programme ေလးရှိတာမို့ သင့်ကလေးတွေ သွားရောဂါကင်းဖို့ အခုပဲ Appointment ယူလိုက်တော့နော် ။
🤗လူကြီးမင်းတို့ရဲ့ တန်ဖိုးရှိလှတဲ့ အချိန်များကို
ဆေးခန်းစောင့်စားရင်း မကုန်စေဖို့ Sunrise Dental Clinic မှ Dental Unit 2 ခန်း၊ waiting room 2ခန်းဖြင့် privacy ရှိရှိ ကုသမှုများပေးနေပါပြီရှင်... 🥰🥰
သန့်ရှင်းကျယ်ဝန်းတဲ့ သွားကုသခန်း 2 ခန်းလုံးမှာ စိတ်အေးချမ်းသာစွာဖြင့် စောင့်ဆိုင်းစရာမလို ကုသနိုင်ပြီဖြစ်ပါကြောင်း မိတ်ဟောင်းမိတ်သစ် များအားလုံးကို သတင်းကောင်းလေးပါးလိုက်ရပါတယ်ရှင် 🙏🙏🙏
🤗 ကြိုတင် Appointment လေးတော့ ယူပေးကြပါနော်။
🕰 ဆေးခန်းဖွင့်ချိန်
မနက် (8:00am) မှ
ညနေ (8:00pm) ထိ
ကိုနေ့စဥ်ပိတ်ရက်မရှိဖွင့်လှစ်ပေးနေပါပြီရှင့်
to Your Dental Health
☎ 09420140650/09795482290/09406121238
💠 No.009,Bldg A,နှင်းဆီ လမ်း၊
High- Way Complex,ဆင်မလိုက်၊
ကမာရွတ်မြို့နယ် ၊ရန်ကုန်မြို့။
💠 အသေးစိတ်သိရှိလိုပါက. Sunrise Dental Clinic ၏ page cb (သို့) ဖုန်းမှတစ်ဆင့်
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။
#သွားဆေးခန်း #လှည်းတန်းနဲ့အနီးဆုံး #သွားနာ #သွားစိုက် #သွားနှုတ်