Theory Dental Clinic

Theory Dental Clinic သီအိုရီ သွားဆေးခန်းမှ သွားဝေဒနာများကို အကောင်းဆုံးကုသမှုပေးနေပါသည်။
Welcome from Theory and thanks for your call!

Phone 09400012491 | 09988260838
အမှတ် (၆၈) မြေညီ၊ မိုးမခလမ်း(ဗဟိုဘက်ခြမ်း)၊ ကျွန်းတောလမ်းနှင့် ဗဟိုလမ်းကြား၊ စမ်းချောင်း၊ ရန်ကုန်မြို့။ Visit And Check Your Dental Condition Every 6 Months

03/06/2025
Orthodontics | သွားညှိ
18/05/2025

Orthodontics | သွားညှိ





Denture process     အံကပ်  #အပျော့  #အမာ
20/09/2024

Denture process



အံကပ် #အပျော့ #အမာ

22/08/2024

အကြောသတ်ထားသော အံလယ်သွား (𝙥𝙧𝙚𝙢𝙤𝙡𝙖𝙧𝙨) နှစ်ချောင်းကို ရေရှည်ခိုင်ခံ့ဖို့ အစွပ်လုပ်ပေးထားပါသည်။
𝗙𝘂𝗹𝗹 𝗖𝗼𝗻𝘁𝗼𝘂𝗿 𝗭𝗶𝗿𝗰𝗼𝗻𝗶𝗮 by Tʜᴇᴏʀʏ Dᴇɴᴛᴀʟ Cʟɪɴɪᴄ
https://youtu.be/Te34kL17YJI

No. (68/B1) Ground Floor, Moe Ma Kha Street, Between KyunTaw Road And BaHo Road, Sanchaung Township, Yangon, Myanmar.



------ THEORY DENTAL CLINIC ------
------------- Since 2016 -------------
Find us at
Grab Taxi : Theory Dental Clinic
Google Map : Theory Dental Clinic
https://maps.app.goo.gl/mWLVu2dTNZEACncY8

Clinic Hours : Monday - Saturday (9Am-8Pm) Appointment is preferable* | Sunday is closed
Phone : 09400012491 | 09988260838

အမှတ် (၆၈) မြေညီ၊ မိုးမခလမ်း၊ ကျွန်းတောလမ်းနှင့် ဗဟိုလမ်းကြား၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

15/08/2024

"သွားပိုးစားခြင်းကြောင့် ကြွေလွှာအရောင်ညိုမည်းလာခြင်းကို ပြုပြင်ပြောင်းလဲပေးခြင်း"
𝗙𝘂𝗹𝗹 𝗖𝗼𝗻𝘁𝗼𝘂𝗿 𝗭𝗶𝗿𝗰𝗼𝗻𝗶𝗮 (𝘚𝘦𝘱𝘢𝘳𝘢𝘵𝘦 𝘊𝘳𝘰𝘸𝘯𝘴) by Tʜᴇᴏʀʏ Dᴇɴᴛᴀʟ Cʟɪɴɪᴄ
https://youtu.be/uYf2_hgEjAY

No. (68/B1) Ground Floor, Moe Ma Kha Street, Between KyunTaw Road And BaHo Road, Sanchaung Township, Yangon, Myanmar.

------ THEORY DENTAL CLINIC ------
------------- Since 2016 -------------
Find us at
Grab Taxi : Theory Dental Clinic
Google Map : Theory Dental Clinic
https://maps.app.goo.gl/mWLVu2dTNZEACncY8

𝗖𝗹𝗶𝗻𝗶𝗰 𝗛𝗼𝘂𝗿𝘀
Monday - Saturday (9Am - 8Pm) Appointment is preferable* | Sunday is closed
Phone : 09400012491 | 09988260838

အမှတ် (၆၈) မြေညီ၊ မိုးမခလမ်း၊ ကျွန်းတောလမ်းနှင့် ဗဟိုလမ်းကြား၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

case of anterior crowns fracture       𝗖𝗹𝗶𝗻𝗶𝗰 𝗛𝗼𝘂𝗿𝘀 :Monday - Saturday (9Am - 8Pm), Sunday is closedAppointment  0940001...
10/05/2024

case of anterior crowns fracture




𝗖𝗹𝗶𝗻𝗶𝗰 𝗛𝗼𝘂𝗿𝘀 :
Monday - Saturday (9Am - 8Pm), Sunday is closed
Appointment
09400012491 | 09988260838

#သွားနှုတ် #သွားဖာ #သွားစိုက် #သွားညှိ

central incisors reconstruction  ------ THEORY DENTAL CLINIC ------------------- Since 2016 -------------Find us atGrab ...
30/04/2024

central incisors reconstruction

------ THEORY DENTAL CLINIC ------
------------- Since 2016 -------------
Find us at
Grab Taxi : Theory Dental Clinic
Google Map : https://maps.app.goo.gl/mWLVu2dTNZEACncY8

𝗖𝗹𝗶𝗻𝗶𝗰 𝗛𝗼𝘂𝗿𝘀 :
Monday - Saturday (9Am - 8Pm), Sunday is closed
Appointment
09400012491 | 09988260838

    ------ THEORY DENTAL CLINIC ------------------- Since 2016 -------------Find us atGrab Taxi : Theory Dental ClinicGo...
04/03/2024






------ THEORY DENTAL CLINIC ------
------------- Since 2016 -------------
Find us at
Grab Taxi : Theory Dental Clinic
Google Map : https://maps.app.goo.gl/mWLVu2dTNZEACncY8

𝗖𝗹𝗶𝗻𝗶𝗰 𝗛𝗼𝘂𝗿𝘀 :
Monday - Saturday (9Am - 8Pm), Sunday is closed
Appointment
09400012491 | 09988260838

#သွားဖာ #သွားစိုက် #သွားနှုတ် #သွားညှိ
#သွားဆေးခန်း #စမ်းချောင်း #မိုးမခလမ်း

    ------ THEORY DENTAL CLINIC ------------------- Since 2016 -------------Find us atGrab Taxi : Theory Dental ClinicGo...
09/02/2024






------ THEORY DENTAL CLINIC ------
------------- Since 2016 -------------
Find us at
Grab Taxi : Theory Dental Clinic
Google Map : https://maps.app.goo.gl/mWLVu2dTNZEACncY8

𝗖𝗹𝗶𝗻𝗶𝗰 𝗛𝗼𝘂𝗿𝘀 :
Monday - Saturday (9Am - 8Pm), Sunday is closed
Appointment
09400012491 | 09988260838

#သွားဖာ #သွားဆေးခန်း #လေဆာ
#စမ်းချောင်း #မိုးမခလမ်း

💦 𝗧𝗛𝗘𝗢𝗥𝗬 Dental Clinic - သွားဆေးခန်း 💦 အမှတ် (၆၈) မြေညီ၊ မိုးမခလမ်း၊ ကျွန်းတောလမ်းနှင့် ဗဟိုလမ်းကြား (ဗဟိုဘက်နီး)၊ စမ်းခ...
21/03/2023

💦 𝗧𝗛𝗘𝗢𝗥𝗬 Dental Clinic - သွားဆေးခန်း 💦

အမှတ် (၆၈) မြေညီ၊ မိုးမခလမ်း၊ ကျွန်းတောလမ်းနှင့် ဗဟိုလမ်းကြား (ဗဟိုဘက်နီး)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

သီအိုရီ သွားနှင့်ခံတွင်း ဆေးခန်း -- Since 2016 --

ဆေးခန်းဖွင့်ချိန် 🧰
Monday - Saturday (တနင်္လာနေ့ မှ စနေနေ့)
နံနက် : 9Am - 12Pm (appointment)
ညနေ : 3Pm - 7Pm (appointment)
Sunday : 3Pm - 7Pm (appointment)
☎️ ဆေးခန်းဖုန်း - 09400012491 | 09988260838

🔍 မိမိပြလိုသောအချိန်အား 𝘈𝘱𝘱𝘰𝘪𝘯𝘵𝘮𝘦𝘯𝘵 ကြိုယူနိူင်ပါသည်။

📝 𝗔𝗩𝗔𝗜𝗟𝗔𝗕𝗟𝗘 𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧𝗦 (ရရှိနိူင်သော ကုသမှုများ)
I. သွားနှုတ်ခြင်း (Tooth Extraction)
II. သွားဖာခြင်း (Tooth Filling/Restoration)
- Glass ionomer, Laser light + composite
III. သွားအစွပ်စွပ်ခြင်း (Dental Crown)
- Acrylic, Ni-Cr, Por-Metal, PFM, Zirconia
IV. သွားစိုက်ခြင်း (Dental Prosthesis)
- အသေစိုက်ခြင်း (Bridges)
: Acrylic, Ni-Cr, Por-Metal, PFM, Zirconia
- အရှင်စိုက်ခြင်း (Dentures)
: Acrylic (အံကပ်မာ), Flexible (အံကပ်ပျော့), Skeletal (သတ္တုစပ်အံကပ်)
V. အရှေ့သွားများ ကြွေလွှာပြုပြင်ခြင်း (Veneer)
- Direct, Indirect
VI. သွားညှိကုသခြင်း (Orthodontics Treatment)
VII. သွားအကြောသတ် ကုသခြင်း (Root Canal Treatment)
VIII. သွားကျောက်/ကွမ်းဂျိုးများ ဖယ်ရှားခြင်း (Scaling & Cleansing)
IX. Dental Skyce (သွားအလှစိန်ကပ်ပေးခြင်း)
X. သွားဖြူခြင်း (Teeth Whitening Treatment)

🚍 အနီးစပ်ဆုံး 𝗬𝗕𝗦 ကားမှတ်တိုင်များ
∙ 𝗛𝗮𝗻𝘁𝗵𝗮𝗿 𝗪𝗮𝗱𝗱𝘆 (𝗣𝘆𝗮𝘆 𝗥𝗼𝗮𝗱) 𝘠𝘉𝘚 37, 103, 104, 105, 21, 24 𝘦𝘵𝘤.
∙ 𝗞𝘆𝗲𝗲 𝗠𝘆𝗶𝗻 𝗗𝗮𝗶𝗻𝗴 𝗡𝘆𝗮 𝗭𝗮𝘆 (𝗨𝗽𝗽𝗲𝗿 𝗞𝘆𝗲𝗲 𝗠𝘆𝗶𝗻 𝗧𝗮𝗶𝗻𝗴 𝗥𝗼𝗮𝗱) 𝘠𝘉𝘚 11, 41, 22 𝘦𝘵𝘤.

🌈 𝘚𝘦𝘢𝘳𝘤𝘩 words for our dental clinic;
Grab Taxi : Theory Dental Clinic
Google Map : Theory Dental Clinic
Map link - https://maps.app.goo.gl/mWLVu2dTNZEACncY8

"𝘈 𝘣𝘦𝘵𝘵𝘦𝘳 𝗟𝗶𝗳𝗲 𝘴𝘵𝘢𝘳𝘵 𝘸𝘪𝘵𝘩 𝘢 𝘣𝘦𝘢𝘶𝘵𝘪𝘧𝘶𝘭 𝗦𝗺𝗶𝗹𝗲"
လူကြီးမင်းတို့ သိမှတ်ဖွယ်ရာများနှင့် လိုက်နာသင့်သည့် သွားဘက်ဆိုင်ရာဗဟုသုတဆောင်းပါးလေးကို ဤ link ရဲ့ post ထဲတွင် ဖတ်ရှုလေ့လာလို့ ရပါသည်။

https://www.facebook.com/share/p/1GCBF24Pyc/

𝙒𝙚𝙡𝙘𝙤𝙢𝙚 𝙛𝙧𝙤𝙢 𝙏𝙝𝙚𝙤𝙧𝙮 𝙖𝙣𝙙 𝙩𝙝𝙖𝙣𝙠𝙨 𝙛𝙤𝙧 𝙮𝙤𝙪𝙧 𝙘𝙖𝙡𝙡!

💦 သွားနှင့်ခံတွင်း ကျန်းမာရေးဗဟုသုတ 💦by Theory Dental Clinic💦 𝗧𝗛𝗘𝗢𝗥𝗬 Dental Clinic - သွားဆေးခန်း 💦ကို ၂၀၁၆ ခုနှစ်မှ စတင်...
19/03/2023

💦 သွားနှင့်ခံတွင်း ကျန်းမာရေးဗဟုသုတ 💦
by Theory Dental Clinic

💦 𝗧𝗛𝗘𝗢𝗥𝗬 Dental Clinic - သွားဆေးခန်း 💦
ကို ၂၀၁၆ ခုနှစ်မှ စတင်ဖွင့်လှစ်ပြီးနောက်၊ ယခုတွင်လည်း
အမှတ် (၆၈) မြေညီ၊ မိုးမခလမ်း၊ ကျွန်းတောလမ်းနှင့် ဗဟိုလမ်းကြား (ဗဟိုဘက်နီး)၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ၂၀၁၉ ခုနှစ်မှစ၍ ကုသမှုများ ပေးနေပါသည်။

သီအိုရီ သွားနှင့်ခံတွင်း ဆေးခန်း -- Since 2016 --

ဆေးခန်းဖွင့်ချိန် 🧰
Monday - Saturday (တနင်္လာနေ့ မှ စနေနေ့)
နံနက် : 9Am - 12Pm
ညနေ : 3Pm - 7Pm
Sunday : 3Pm - 7Pm (တနင်္ဂနွေနေ့)
☎️ ဆေးခန်းဖုန်း - 09400012491 | 09988260838

📝 𝗔𝗩𝗔𝗜𝗟𝗔𝗕𝗟𝗘 𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧𝗦 (ရရှိနိူင်သော ကုသမှုများ)
I. သွားနှုတ်ခြင်း (Tooth Extraction)
II. သွားဖာခြင်း (Tooth Filling/Restoration)
- Glass ionomer, Laser light + composite
III. သွားအစွပ်စွပ်ခြင်း (Dental Crown)
- Acrylic, Ni-Cr, Por-Metal, PFM, Zirconia
IV. သွားစိုက်ခြင်း (Dental Prosthesis)
- အသေစိုက်ခြင်း (Bridges)
: Acrylic, Ni-Cr, Por-Metal, PFM, Zirconia
- အရှင်စိုက်ခြင်း (Dentures)
: Acrylic (အံကပ်မာ), Flexible (အံကပ်ပျော့), Skeletal (သတ္တုစပ်အံကပ်)
V. အရှေ့သွားများ ကြွေလွှာပြုပြင်ခြင်း (Veneer)
- Direct, Indirect
VI. သွားညှိကုသခြင်း (Orthodontics Treatment)
VII. သွားအကြောသတ် ကုသခြင်း (Root Canal Treatment)
VIII. သွားကျောက်/ကွမ်းဂျိုးများ ဖယ်ရှားခြင်း (Scaling & Cleansing)
IX. Dental Skyce (သွားအလှစိန်ကပ်ပေးခြင်း)
X. သွားဖြူခြင်း (Teeth Whitening Treatment)

🚍 အနီးစပ်ဆုံး 𝗬𝗕𝗦 ကားမှတ်တိုင်များ
∙ 𝗛𝗮𝗻𝘁𝗵𝗮𝗿 𝗪𝗮𝗱𝗱𝘆 (𝗣𝘆𝗮𝘆 𝗥𝗼𝗮𝗱) 𝘠𝘉𝘚 37, 103, 104, 105, 21, 24 𝘦𝘵𝘤.
∙ 𝗞𝘆𝗲𝗲 𝗠𝘆𝗶𝗻 𝗗𝗮𝗶𝗻𝗴 𝗡𝘆𝗮 𝗭𝗮𝘆 (𝗨𝗽𝗽𝗲𝗿 𝗞𝘆𝗲𝗲 𝗠𝘆𝗶𝗻 𝗧𝗮𝗶𝗻𝗴 𝗥𝗼𝗮𝗱) 𝘠𝘉𝘚 11, 41, 22 𝘦𝘵𝘤.

🌈 𝘚𝘦𝘢𝘳𝘤𝘩 words for our dental clinic;
Grab Taxi : Theory Dental Clinic
Google Map : Theory Dental Clinic
Map link - https://maps.app.goo.gl/mWLVu2dTNZEACncY8

"𝘈 𝘣𝘦𝘵𝘵𝘦𝘳 𝗟𝗶𝗳𝗲 𝘴𝘵𝘢𝘳𝘵 𝘸𝘪𝘵𝘩 𝘢 𝘣𝘦𝘢𝘶𝘵𝘪𝘧𝘶𝘭 𝗦𝗺𝗶𝗹𝗲"

𝙒𝙚𝙡𝙘𝙤𝙢𝙚 𝙛𝙧𝙤𝙢 𝙏𝙝𝙚𝙤𝙧𝙮 𝙖𝙣𝙙 𝙩𝙝𝙖𝙣𝙠𝙨 𝙛𝙤𝙧 𝙮𝙤𝙪𝙧 𝙘𝙖𝙡𝙡!
အောက်တွင် လူကြီးမင်းတို့ သိမှတ်ဖွယ်ရာနှင့် လိုက်နာသင့်သော သွားဘက်ဆိုင်ရာဗဟုသုတဆောင်းပါးလေးကို ဆက်လက်ဖတ်ရှုနိူင်ပါသည်။

သွား/ခံတွင်းဝေဒနာများနှင့် dental problem များကို ခံစားနေရတဲ့ လူနာများကို သီအိုရီကျကျ၊ လက်တွေ့ကျကျ ကုသပေးနိူင်တာကတော့ သွားဆရာဝန်တွေသာ ဖြစ်မယ်လို့ ယုံကြည်မိပါတယ်။

သွားနှင့် ခံတွင်း ကျန်မာရေးဆိုင်ရာ ဆောင်ရန် ရှောင်ရန်များအကြောင်းတချို့နှင့် ကျန်ုပ်တို့ သီအိုရီ သွားနှင့်ခံတွင်း ဆေးခန်းရဲ့ availble treatments (ရရှိနိူင်သောကုသမှုများ) အကြောင်း အတိုချုန်းလေး ပြောပြလိုပါတယ်ခင်ဗျာ...

(၁) ကလေးများ သွားပိုးစားခြင်းမှ ကင်းဝေးနိူင်ရန် မိဘများ ဘာတွေသိထားသင့်သလဲ?

အသက် ၁၃ နှစ်အထက်လူငယ်တွေရဲ့ permanent teeth (လူကြီးသွား) တွေရော ငယ်ရွယ်စဉ် အသက် ၆ နှစ်အထက်မှ မိဘတွေက သွားကျန်းမာရေးမလိုက်စားပေးခဲ့မိခြင်းရဲ့ ရလဒ်တွေကတော့ "သွားပိုးစားခြင်း၊ မညီမညာဖြစ်ခြင်း" တို့ ဖြစ်တတ်လေ့ရှိပါတယ်။

နည်းနည်း အကျယ်ချဲ့ရရင်...

ကလေးအသက် ၆.၇.၈ နှစ်ဝန်းကျင်ကလေးတွေမှာ အရှေ့သွားတချို့လှဲလှယ်ပါပြီ၊ အသစ်ပေါက်လာတဲ့သွားတွေက လူကြီးသွားတွေဖြစ်ပြီး နောက်တစ်ခါ ပြန်ဆုံးရှုံးတာနှင့် သွားအစစ်နောက်ထပ်အသစ်တစ်ချောင်း ပြန်အစားထိုးပြီး မပေါက်တော့ပါဘူး။ ဟုတ်ပြီ...ဒီလိုစပေါက်လာတဲ့ လူကြီးသွားတချို့ကို မိဘတွေက ပုံမှန်မသန့်ရှင်းပေးဘူး ပုံမှန်သွားမတိုက်ပေးဘူးဆိုရင် ဘာဖြစ်မလဲ? သွားတစ်ချောင်းနဲ့တစ်ချောင်းကြား အစာညက်ပြီး ကြာလာရင်သွားပိုးစားမယ်၊ သွားပိုးစားရင် သွားကိုက်လာမယ်၊ သွားကိုက်လာလျှင် သွားဆေးခန်းသွားရမယ်စသဖြင့် ဒီအရွယ်မှာ ဆေးခန်းပြဖို့ ကလေးတွေက co-operation ခက်တယ်၊ ဆိုတော့ ဆေးခန်းပြပြီဆိုရင်လည်း ဆရာဝန်ပြောတဲ့အတိုင်း မိဘက သေသေချာချာ လိုက်နာပေးဖို့ အရေးကြီးပါတယ်။
ဆေးခန်းမှာ ဆရာဝန်ကုသပေးနေတာမြင်ပြီး မိဘတွေက ကလေးကိုသနားလာမယ်၊ ဒီလို ကိုယ့်ကလေး ခံစားနေတာ၊ ကြောက်နေတာတွေ မဖြစ်အောင် ကိုယ့်ကလေး ငယ်ရွယ်စဉ်ကတည်းက ကလေးသွားများပေါက်ပြီဆိုတာနှင့် သွားကျန်းမာရေး ဂရုစိုက်ပေးဖို့ အရမ်းအရမ်း အရေးကြီးလှပါတယ်။ မွေးပြီး ကလေးအသက် ၆.၇.၈ နှစ်မတိုင်ခင် ပေါက်လာတဲ့ ကလေးသွား၊ မူရင်းသွား (baby or deciduous teeth) များကိုလည်း အချိန်မတန်ခင် မဆုံးရှုံးဖို့လည်း လိုအပ်ပါတယ်။ အချိန်မတန်ခင်ဆိုတာက တချို့ကလေးသွားတွေက အသက် ၆ နှစ် ၇ နှစ်မှာ လှဲတာရှိသလို၊ အသက် ၈ နှစ် ၉ နှစ် ၁၀ နှစ် ၁၂ နှစ် မှ သူ့အချိန်နှင့်သူ လှဲပါတယ်။ ကလေးသွား အံသွားတချို့ဆိုရင် အသက် ၁၂ နှစ်မှ လှလှယ်ပါတယ်။ အသက် ၁၂ နှစ် ၁၃ နှစ်လောက်ဆိုရင်တော့ ပါးစပ်ထဲမှာ ရှိတဲ့သွားတွေ အကုန်လုံးလူကြီးသွား (permanent teeth) တွေဖြစ်ပြီလို့ ယူဆလို့ရပါပြီ။
ဒီခေါင်းစဉ် အဆုံးသတ်တဲ့အနေနှင့် လုပ်စေချင်တာလေးကတော့ ကိုယ့်ကလေးကို သွားဆေးခန်းပြတာမျိုး တစ်ခါမှလည်း မရှိဖူးဘူး၊ အခု ကလေးအသက်ကလည်း ၁၂ နှစ်လောက်ရှိရင် သွားတွေမှန်မှန်ပေါက်ရဲ့လား? သွားတွေ ညီညီညာညာပေါက်ရဲ့လား၊ သွားတွေ အချောင်းအရေ စုံလင်စွာ ပေါက်ရဲ့လား? စသဖြင့် သွားဆေးခန်းပြဖို့ ကျွန်တော့်အနေနှင့် အထူးအကြံပြုလိုပါတယ်။

ဒီအထိကတော့ အခုမှ ကလေးမွေးမည့်မိဘများနှင့် အသက် ၁၂ နှစ်အောက်ကလေးများအတွက် မိဘများ သိထားသင့်တဲ့ အချက်အလက်တွေ အကြမ်းအားဖြင့် သိရှိနားလည်မယ်လို့ ယုံကြည်ပါတယ်။ အသေးစိတ် ထပ်မံသိရှိလိုတာရှိရင် comment box (or) Page messenger သို့ စာပို့ထားနိူင်ပါတယ်ခင်ဗျာ။

-----------------

(၂) ဒုတိယအနေနှင့် အသက် ၁၃ နှစ်မှ ၆၀.၇၀ အထိလူတွေအတွက် ရည်ရွယ်ပြီး ပြောပြလိုပါတယ်။

မိမိအသက်အရွယ်ကလည်း အပေါ်ကနံပါတ် (၁) ထဲမှာ ပြောထားသလို ၁၃ နှစ်အောက်ထဲမှာ မရှိတော့ဘူး၊ သွားကျန်းမာရေးက ကောင်းမကောင်းဆိုတာလည်း ကိုယ့်ကိုကိုယ်ဆုံးမဖြတ်တတ် (သို့မဟုတ်) သိပ်မကောင်းဘူးလို့ ယူဆရင် အမှတ်တမဲ့ ဤစာကိုဖတ်လိုက်ရလို့ သွားကျန်းမာရေးကို အခုမှ လိုက်စားရကောင်းမှန်းသိတာဆိုရင် မိတ်ဆွေအနေနဲ့ ကျွန်တော့် သီအိုရီ သွားဆေးခန်းလိုမျိုး သွားဆေးခန်းသို့ ချက်ခြင်းပြေးလာခဲ့မယ်ဆိုလျှင် မိတ်ဆွေတို့ရဲ့ သွားကျန်းမာရေးအတွက် overall checkup စစ်ဆေးကြည့်ပေးပြီးတော့ ခန့်မှန်း expense လည်း တွက်ပေးမှာဖြစ်ပါတယ်နော်။

တစ်ဆက်တည်းမှာပဲ ဒီဆေးခန်းက ဘယ်လိုကုသမှုမျိုး ကုသပေးနေတာလဲဆိုတာ ထပ်မံပြောပြလိုပါတယ်ဗျာ။
ဆေးခန်းပြလိုသော၊ ဆွေးနွေးလိုသော နေ့ရက်နှင့် အချိန်ကိုလည်း ကြိုတင်ဖုန်းဆက်ပြီး booking ယူလို့ရပါတယ်။

☎️ 09400012491 | 09988260838

(booking ကြိုယူထားတော့ အဝေးကလာရောက်ပြသလိုသူများအတွက် ပိုပြီးအဆင်ပြေတာပေါ့ဗျာ)

📝 𝗔𝗩𝗔𝗜𝗟𝗔𝗕𝗟𝗘 𝗧𝗥𝗘𝗔𝗧𝗠𝗘𝗡𝗧𝗦 (ရရှိနိူင်သော ကုသမှုများ)
I. သွားနှုတ်ခြင်း (Tooth Extraction)
II. သွားဖာခြင်း (Tooth Filling/Restoration)
- Glass ionomer, Laser light + composite
III. သွားအစွပ်စွပ်ခြင်း (Dental Crown)
- Acrylic, Ni-Cr, Por-Metal, PFM, Zirconia
IV. သွားစိုက်ခြင်း (Dental Prosthesis)
- အသေစိုက်ခြင်း (Bridges)
: Acrylic, Ni-Cr, Por-Metal, PFM, Zirconia
- အရှင်စိုက်ခြင်း (Dentures)
: Acrylic (အံကပ်မာ), Flexible (အံကပ်ပျော့), Skeletal (သတ္တုစပ်အံကပ်)
V. အရှေ့သွားများ ကြွေလွှာပြုပြင်ခြင်း (Veneer)
- Direct, Indirect
VI. သွားညှိကုသခြင်း (Orthodontics Treatment)
VII. သွားအကြောသတ် ကုသခြင်း (Root Canal Treatment)
VIII. သွားကျောက်/ကွမ်းဂျိုးများ ဖယ်ရှားခြင်း (Scaling & Cleansing)
IX. Dental Skyce (သွားအလှစိန်ကပ်ပေးခြင်း)
X. သွားဖြူခြင်း (Teeth Whitening Treatment)

I. သွားနှုတ်ခြင်း (Tooth Extraction)

၆ နှစ်ဝန်းကျင်မှ အရှေ့သွားတွေကြွေပြီး နှုတ်ပေးဖို့လိုအပ်တယ်၊ သွားအဟောင်းမနှုတ်ပဲထားလျှင် သွားအသစ်ပေါက်ပြီး ပြန်ခိုင်နေတတ်ပါတယ် သွားထပ်ခြင်းဖြစ်စေတယ်။ ကလေး ၈ နှစ်အသက်ရွယ်တွေမှာ သွားဓါတ်မှန် Panoramic view (OPG) သွားဓါတ်မှန်နှင့် checking လုပ်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။

လူကြီးသွားနှုတ်တာကတော့ ဓါတ်မှန်က အံဆုံးသွားတွေ နှုတ်ရမှသာ လိုအပ်နိူင်ပါသည်။

II. သွားဖာခြင်း (Tooth Filling/Restoration)

သွားပိုးစားခြင်း၊ အရှေ့သွားပဲ့ခြင်း၊ အံသွားကြွေလွှာပါခြင်းများကို သင့်တော်သည့် သွားဖာဆေးပစ္စည်းများကို အသုံးပြုပြီး ပြန်ဖာထေးပေးခြင်း

ကလေးတွေမှာ အသက် ၅.၆.၇.၈ ဝန်းကျင် များသောအားဖြင့် သူတို့အံသွားတွေမှာ ငယ်ရွယ်စဉ်က သွားတိုက်ပေးခြင်း မပြုလုပ်မိတာကြောင့် သွားပိုးစားပြီး အပေါက်ကြီးတွေ ဖြစ်တတ်ပါတယ်။ စေးကပ်သော အစားအစာများ၊ အချိုဓါတ်များသော အစားစာများကြောင့် အဖြစ်များပါတယ်။
ကလေးသွားတွေက လူကြီးသွားထက်ပိုနုတာကြောင့် ပိုပြီးလည်း ပျက်ဆီးလွယ်၊ ပိုပိုးစားလွယ်၊ ပိုဆွေးမြေ့လွယ်ပါတယ်။ မိဘတွေက ကလေးအံသွားတွေကို ငယ်ရွယ်စဉ် အံသွားများပေါက်စဉ်ကတည်းကနေပြီးတော့ ကလေးသွားတိုက်ဆေးများသာသုံး၍ သေသေချာချာ သွားများ တိုက်ပေးပါ။ ကိုယ့်သားသမီးက သွားကိုက်တယ်ပြောလာမှ သူတို့အံသွားတွေမှာ အပေါက်ကြီးရှိနေမှန်း သိတာကတော့ မိဘတွေရဲ့ ပေါ့ဆမှုကြောင့်ဖြစ်ပြီး အပေါက်ကြီးဖြစ်မှ ဖာပေးတာကလည်း သွားနံရံတွေပါးရင် ပဲ့တတ်တယ်၊ နှစ်ခြမ်းကွဲတတ်တယ်၊ ဖာပြီးသားဆေးလည်း ပြန်ကွာမယ်။ ဆိုလိုတာကတော့ ပိုးစားနေတာလို့ယူဆရသော သွားမျက်နှာပြင်မှာ အမည်းစက်များဖြစ်ပေူလာတာနဲ့အမျှ အမြန်ဆုံး ကုသမှုခံယူဖို့ လိုပါတယ်။ အံသွားတွေဟာ အစာဝါးရတဲ့သွားဖြစ်သောကြောင့် ခိုင်ခံ့ဖို့လိုတယ်၊ ဒါကြောင့်မို့ ကိုယ့်ကလေးရဲ့ အံသွားကို သေချာ စစ်ဆေးပေးဖို့ အထူးပင် တိုက်တွန်းလိုပါတယ်။

လူကြီးသွားတွေအတွက်တော့ ထူးထူးထွေထွေထပ်ပြောဖို့ မလိုတော့ပါဘူး။ အပေါ်မှာ ပြောထားသလိုပဲ ကိုယ့်သွားမှာ အမည်းစက်တွေရှိမရှိ စစ်ဆေးပါ၊ ကိုယ်ကိုယ်တိုင်က သွားကျန်းမာရေးလိုက်စားတဲ့သူ၊ သွားမှန်မှန်တိုက်တဲ့သူ ဟုတ်မဟုတ် မေးခွန်းပြန်ထုတ်ပါ။ တစ်ခုခု စိတ်ထဲထစ်နေရင် သီအိုရီသွားဆေးခန်းသို့ ချက်ခြင်း လှမ်းလာခဲ့ပါ။ လိုအပ်တဲ့တာတွေ ညှိနှိုင်းပြီး တစ်ခါတည်းကုသမှုခံယူလို့လည်း ရပါတယ်နော်။

Direct သွားဖာခြင်း နှစ်မျိုးရှိပါတယ် Glass ionomer type (အမှုန့်နဲ့အရည်မွှေပြီး ၁၀ မိနစ်ခန့် မာကြောသည်အထိ စောင့်ခြင်း)၊ ကုသချိန် အစအဆုံး မိနစ် ၃၀ ခန့်
Light cure + composite type (လေဆာရောင်ခြည်ဖြင့် သွားဖာဆေးကို ၃ စက္ကန့် မှ ၁၀ စက္ကန့် အပူပေးကာ မာကြောစေခြင်း)၊ ကုသချိန် အစအဆုံး ၃၀ မိနစ်ခန့်

III. သွားအစွပ်စွပ်ခြင်း (Dental Crown)
သွားစိုက်ခြင်း (Dental Prosthesis)

(က) သွားအစွပ်စွပ်ခြင်း ဆိုသည်မှာ
နံပါတ် (၂) အဆင့်မှာ ကုသထားသော၊ သွားဖာထားသော အံသွား (သို့မဟုတ်) အရှေ့သွားများသည် ရေရှည်ခိုင်ခံ့ဖို့ရန်အတွက်နှင့် ဖာထားတဲ့ဆေးများ ပြန်မကွာတော့အောင် အဖုံး (အစွပ်) လုပ်ဖို့ လိုအပ်တတ်ပါတယ်။ ဖာထားပြီး တစ်လလောက်ပြည့်လို့ ပြန်နာခြင်း၊ သွားဖုံးပြည်တည်ခြင်း၊ သွားကိုက်ခြင်း ဤလက္ခဏာများ မတွေ့ရဘူးဆိုရင် သွားအစွပ်များ လုပ်နိူင်ပါပြီ။ ထိုနည်းတူစွာ အကြောသတ်ထားပြီးသော သွားများကိုလည်း သွားအစွပ် (အဖုံး) လုပ်လို့ရပါတယ် ဒါမှသာ​ ရေရှည်ခိုင်ခန့်မှာဖြစ်ပါတယ်။

သွားအစွပ် အမျိုးအစားများ

နံပါတ် (၁) အမျိုးအစားကတော့ Acrylic crown (ကော်သွားအစွပ်)
Color : အဖြူရောင်
အရှေ့သွားအတွက်သာ အဆင်ပြေပါမယ်။ စားတဲ့ဝါးတဲ့ဒဏ် မခံနိူင်ပါ။ ၆ လလောက်ဆိုရင် ပြန်ချောင်တတ်၊ ကွဲတတ်ပါသည်။ ဒါကြောင့်လည်း Temporal crown (ယာယီအစွပ်) လို့ ခေါ်ဝေါ်သမုတ်ကြသည်။

နံပါတ် (၂) အမျိုးအစားကတော့ Metal Crown (သတ္တုသွားအစွပ်)
: Ni-Cr crown / Por-Metal crown (Digital design 3D)
Color : သတ္တုရောင် (ငွေရောင်)
အံသွားများကို စွပ်ဖို့အတွက်သာ သင့်တော်ပြီး အကြမ်းဒဏ်ခံနိူင်ပါတယ်။

နံပါတ် (၃) အမျိုးအစားကတော့ Porcelain fused to metal - PFM (သတ္တုစပ်ကြွေသွားအစွပ်)
Color : ဘေးသွားအရောင်နဲ့တူအောင် ချိန်ညှိလို့ရပါတယ်
အရှေ့သွားများ၊ အလယ်သွားများ၊ အနောက်သွားအံသွားများ အားလုံးအတွက် အဆင်ပြေတဲ့ အမျိုးအစားဖြစ်ပြီး ၁၀ နှစ်ခန့် ခံပါသည်။

PFM သတ္တုစပ်ကြွေသွားအစွပ်က price to performance ဖြစ်ပြီး လှလည်းလှ၊ စျေးလည်းသက်သာသောကြောင့် လူအများ ကြိုက်နှစ်သက်သသည့် အမျိုးအစားပဲ ဖြစ်ပါတယ်။

နံပါတ် (၄) ကတော့ Cad/Cam အမျိုးအစားများဖြစ်ကြသည့် ယနေ့ခေတ် အပြောများ၊ အကြိုက်များကြသည့် အကောင်းစားကြွေသွားသီးသန့်သွားအစွပ်အမျိုးအစားတွေ အနေနဲ့ ဘာတွေရှိမလဲဆိုရင် FCZ - Full Contour Zirconia တို့ PFZ - Porcelain fused to Zirconia တို့အပြင်၊ Wet Milling Crown or Veneer တို့အနေနဲ့ Lithium Discilicate တို့ Vita Mark II တို့အစရှိသည့် အမျိုးအစားများသည် သတ္တုရောစပ်ထားခြင်းမရှိသောကြောင့် MRI - Magnetic resonance imaging ခေါ် (သံလိုက်ဓါတ်မှန်) ရိုက်မည့်အခါမှာချွတ်စရာမလိုသောကြောင့် စျေးကြီးပေး လုပ်ထားစိုက်ထားသည့် သွားများ အလကား မဖြစ်တော့လို့ အဆင်ပြေပါသည်။
Color : ကြိုက်သလို အရောင်ညှိလို့ရသည်၊ ဖွေးဖွေးလေးလား၊ ညိုညိုလေးလား၊ ဝါဝါလေးလား အကြိုက်တွေ့စေရမည်။

ကဲ..အခုဆို သွားအစွပ်အကြောင်း သိသင့်သလောက် ဗဟုသုတ ရပြီလို့ ထင်ပါတယ်။

IV. သွားစိုက်ခြင်း (Dental Prosthesis)
သွားစိုက်ခြင်း (၂) မျိုးရှိပါသည်။ အဲဒါတွေကတော့ အရှင်စိုက်ခြင်း (or) အံကပ် (Denture), သေစိုက်ခြင်း (Bridge) တို့ဖြစ်သည်။

အရှင်စိုက်ခြင်း - Denture (အံကပ်)
အကြမ်းအားဖြင့် ၃ မျိုးရှိပါတယ်။ ၎င်းတို့မှာ Flexible denture (အံကပ်ပျော့)၊ Acrylic denture (ပုံမှန်အံကပ်/အံကပ်မာ)၊ Skeletal denture (သတ္တုစပ်အံကပ်) တို့ ဖြစ်ပါတယ်။

အသေစိုက်ခြင်း (Bridges)
အမျိုးအစားတွေကတော့ အပေါ်မှာပြောထားသလိုပဲ Acrylic, Metal, PFM, Zirconia, Lithium, Vita တို့ဖြစ်ကြပြီး အမျိုးအစားအသေးစိတ်ကို ဖော်ပြပါအတိုင်း ပြောပြပြီးဖြစ်ပါသည်။

သင့်မှာ အရင်တစ်နှစ်လောက်က သွားနှုတ်ထားတာရှိနေတယ် သွားပြန်မစိုက်ရသေးဘူးဆိုရင် အခုပဲ အမြန်စိုက်ဖို့ တိုက်တွန်းချင်ပါသည်။ သွားနှုတ်ပြီး တစ်လမှစပြီး သွားပြန်စိုက်လို့ရပါပြီ။

IV. သွားညှိကုသခြင်း (Orthodontics Treatment)
သွားများထပ်ခြင်း၊ ခေါခြင်း၊ သွားတစ်ချောင်းနှင့်တစ်ချောင်း direction မတူခြင်း၊ လည်ခြင်း၊ သွားများ လိုအပ်သည်ထက် မှေးရိုးထဲမှမထွက်ခြင်း၊ လိုအပ်သည်ထက် ရှည်ထွက်နေခြင်း၊ မှေးရိုးအနေအထား မမှန်ကန်မှု အစရှိသော ပြသနာများကို ကုသပေးသည့် ကုသမှုတစ်ခု ဖြစ်ပါတယ်။ ၁ နှစ် မှ ၂ နှစ်ခန့်ကြာမြင့်နိူင်တဲ့ ကုသမှုမျိုးဖြစ်သောကြောင့် အချိန်လိုအပ်ပါသည်။ follow up တစ်လတကြိမ် သို့မဟုတ် နှစ်လတစ်ကြိမ် ဆေးခန်းသို့ ပြသနိူင်ရန် လိုအပ်ပါသည်။ ဘယ်လိုကုသမှုမျိုးနှင့် material မျိုး ရွေးချယ်ပြီး ကုသသင့်သလဲဆိုတာ တစ်ဦးနဲ့တဦးမတူညီနိူင်တာကြောင့် သွားညှိဆရာဝန်နှင့် တိုင်ပင်ဖို့ လိုအပ်ပါမည်။

V. Root Canal Therapy/Treatment (သွားအကြောသတ်ခြင်း)

ဤကုသမှုကိုတော့ သွားများရဲ့ pulp chamber (သွားထဲရှိ အသားနုအလွှာ) ပွင့်ပြီး၊ သွေးလည်းထွက်၊ အရမ်းလည်းကိုက်တာမျိုးဆို RCT လုပ်မှ ရေရှည် သက်သာပျောက်ကင်းမှာဖြစ်ပါသည်။ ဒီအခြေအနေမှာ သွားဆေးခန်းပြရင် သွားဆရာဝန်တွေက သွားနှုတ်ပေးလေ့မရှိပါဘူး။ သွားအကြောထုတ်တာလည်း ၃ ရက်ခြား ၃ ကြိမ်လောက် လာပြဖို့လိုပါမယ်၊ သွားအကြောသတ်တာပြီးသွားရင် သွားမနာတော့ရင် နောက်တစ်လလောက်နေရင် သွားအစွပ်လုပ်ဖို့ ဆရာဝန်က ရက်ချိန်းပြန်ပေးပါလိမ့်မယ်။ ဤကုသမှုထိရောက်ဖို့ အစအလယ်အဆုံးအထိ လူနာရဲ့ co-operation က အရေးကြီးပါသည်။

VI. Scaling & Polishing - သွားကျောက်/ကွမ်းဂျိုးများ ဖယ်ရှားခြင်း (Dental stone/calculus & Stains Removal)
သွားသန့်ရှင်းရေးကိုတော့ ၆ လတစ်ကြိမ်လုပ်ဖို့ ညွှန်ကြားထားပါတယ်။ ဆိုလိုတာကတော့ ၆ လတစ်ကြိမ် သွားကျန်းမာရေး (or) သွားဆေးခန်းသို့ check up လုပ်ကြည့်ပါ။
တစ်ခါမှ သွားသန့်ရှင်းရေးမလုပ်ဖူးရင်တော့ ဒီနေ့ (or) မနက်ဖြန် လုပ်ဖို့ တိုက်တွန်းလိုပါတယ်။
နည်းနည်းလေး ထပ်ပြောမယ် ကြာလို့...သွားအောက်ခြေမှာ ကပ်နေတဲ့ ကျောက်တွေ မဖယ်ရှားပဲ ရေရှည်နေမယ်ဆိုရင် သွားတိုက်ရင်းနှင့် သွားဖုံးမှ သွေးတွေ ခဏခဏ၊ အမြဲတမ်းလိုလိုထွက်တာတွေ တွေ့ရမယ် (Gum bleeding), သွားဖုံးတွေယောင်လာမယ် (Gingivitis), သွားဖုံးရောဂါ (Periodontal Disease) ရလာမှာဖြစ်တယ်။ ဒီလို လက္ခဏာတွေ ကြုံနေတယ်ဆိုရင် အမြန်ဆုံးပြသလိုက်ပါလို့ တိုက်တွန်းလိုပါတယ်။

VII. Dental Skyce လို့ခေါ်ဝေါ်သည့် သွားမျက်နှာပြင်များတွင် အလှစိန်တပ်ပေးခြင်း

VIII. Dental Veneer (Direct, Indirect) သွားမျက်နှာပြင် ကြွေလွှာကပ်ခြင်း
သွားမျက်နှာပြင်မှာ ပိုးစားခြင်း၊ အချိုင့်အခွက်များဖြစ်ခြင်း၊ သွားအရောင်မလှခြင်းများကို ဤ Veneer များကပ်ကာ လှပကြည်လင်သွားအောင် ကုသလို့ရပါတယ်။ Hollywood smile treatment (or) Celebrity smile treatment လို့လည်း ခေါ်ဝေါ်ကြပါသည်။ အရှေ့မျက်နှင်ပြင်သာ ပြုပြင်ခြင်း ဖြစ်ပါသည်။

IX. Dental/ Teeth Laser Whitening (သွားဖြူအောင် ကုသခြင်း)
Coffee အသောက်များလို့၊ ဆေးလိပ်သောက်သုံးခြင်းတို့ကြောင့် သွားများ မူလအရောင်ထက် ညိုခြင်း၊ ဝါခြင်းများကို ပြန်လည် ဖြူဖွေးစေချင်တယ်ဆိုရင်တော့ Whitening လုပ်ရမှာဖြစ်ပါတယ်။ အဆင့် (၃) ဆင့်အထိ ဖြူလို့ရပါတယ်။

ဆေးခန်းမှ တစ်ခါသုံးပစ္စည်းများကို အသုံးပြုကာ လူနာများကို ကုသပေးခြင်း။
ထို့အတူပဲ ဖြည့်အားမြင့် ပိုးသတ်စက်ပစ္စည်းများ၊ UV box များကို အသုံးပြု၍ Autoclavable Instruments များကိုလည်း Autoclave လုပ်ကာ cross infection မဝင်အောင် ကိရိယာများကို Sterilization စနစ်တကျ အဆင့်ဆင့် ပိုးသတ်ထားပါတယ်။ အခြားတစ်ခါသုံးပစ္စည်းဖြစ်သည့် disposable water cup, water spray, saliva/water suction ejector များကိုလည်း အသုံးပြု၍ ကုသပေးနေတာဖြစ်သောကြောင့် ရောဂါကူးစက်မှုမရှိစေဖို့ ၁၀၀% စိတ်ချရအောင် အစဉ်အမြဲ စီစဉ်ပေးလျက်ရှိပါသည်။

လူကြီးမင်းများ စိတ်ချယုံကြည်စွာ ကုသမှုခံယူနိူင်ပါကြောင်းပြောရင်းနှင့် နိဂုံးချုပ်လိုက်ပါသည်။

သွားများမလိုအပ်ပဲ မနှုတ်မိစေရန်နှင့် နှုတ်ထားပြီးသောသွားများကို ပြန်စိုက်ခြင်း၊ ပိုးစားခြင်း၊ မညီညာသောသွားများ သွားညှိပြုပြင်ခြင်း၊ အက်ကွဲသောသွားများ ပြန်လည်ပြုပြင်ခြင်းများနှင့် ဆုံးရှုံးသောသွားများကို အချိန်မှီပြုပြင်ကာကောင်းမွန်ကျန်းမာသော သွားအသစ်များကို ပိုင်ဆိုင်နိူင်ကြပါစေ။

"𝘈 𝘣𝘦𝘵𝘵𝘦𝘳 𝗟𝗶𝗳𝗲 𝘴𝘵𝘢𝘳𝘵 𝘸𝘪𝘵𝘩 𝘢 𝘣𝘦𝘢𝘶𝘵𝘪𝘧𝘶𝘭 𝗦𝗺𝗶𝗹𝗲"
"လှပသော အပြုံးလေးများနှင့် သာယာတဲ့ဘဝကို ဖြတ်သန်းကြပါစို့"

----- THEORY DENTAL CLINIC -----
------------ Since 2016 ------------

Address

No. (68) Ground Floor, Moe Ma Kha Street, Between KyunTaw & BaHo Road, San Chaung Township
Yangon
11111

Opening Hours

Monday 09:00 - 12:00
15:00 - 19:00
Tuesday 09:00 - 12:00
15:00 - 19:00
Wednesday 09:00 - 12:00
15:00 - 19:00
Thursday 09:00 - 12:00
15:00 - 19:00
Friday 09:00 - 12:00
15:00 - 19:00
Saturday 09:00 - 12:00
15:00 - 19:00
Sunday 15:00 - 19:00

Telephone

+959400012491

Website

Alerts

Be the first to know and let us send you an email when Theory Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Theory Dental Clinic:

Share