19/09/2017
မေးလေ့မေးထရှိသောပိုးပေါက်နှင့်ပတ်သတ်သော မေးခွန်းများ
ဒီကနေ ကမ္ဘာပေါ်မှာ ကျောင်းနေအရွယ်တွေရဲ
60-90 percent နဲ အရွယ်ရောက်ပြီသူ အားလုံးလောက်ဟာ သွားပိုပေါက်ရှိတက်ပါတယ်။
သွားပိုးစာတယ်၊ သွားဆွေးတယ်၊ ပိုးပေါက်ဖြစ်တယ်ဆိုတာ လူခန္တာမှာ အမာဆုံးဖြစ်တဲ သွားရဲ့အပြင်ဆုံးအလွာ က ပျက်စီးလိုဖြစ်တာပါ။
သွားပိုပေါက်ကုသမှုဟာဆိုရင် သွာဆရာဝန်တွေ နေစဉ်ကုသမှုအပေးရဆုံး ကုသမှုတခုဖြစ်ပါတယ်။
အောက်က မေးခွန်တွေကတော လူနာတွေသိချင်၊ မေးလေ့ရှိတဲ မေးခွန်းများကို ဖြေဆို
ထားတာဖြစ်ပါတယ်။
Q.1 ကျွန်တောသွားတချောင်မှ မနာပါဘူး။ ဒါကြောင့် ကျွန်တော့်သွားတွေ ပိုးမစားဘူး။ အားလုံးကောင်းတယ်လို ယူဆလို့ရလား?။
အဖြေကတော မရပါဘူးလိုပဲဖြေရမှာပါ။ စိတ်မကောင်းစရာကတော သွားပိုးပေါက်အရွယ်အစားနဲ
သွားကိုက်တာရဲ ထင်ရှာတဲ ရှင်းလင်တဲ ဆက်သွယ်ချက်ကို မတွေရတာပါပဲ။ တခါတလေမှာ ဘာရောဂါလက္ခဏာမှမပြပဲ (ကိုက်တာ နာတာမရှိဘဲ သွားပိုပေါက်တွေရှိတက်ပါတယ်။)
တခါတလေ သွားပိုပေါက်သေသေလေးကနေ အရမ်းကိုက်တာ ကျင်တာဖြစ်တက်ပါတယ်။ တခါတလေသွာပိုပေါက်ကြောင့်မဟုတ်တဲ သွားရောဂါတွေကြောင့် နာတာကျင်တာတွေလည်း ဖြစ်တက်တာမျိုးပါ။
သွားနည်းနည်းနာတာ ၊ကျင်တာလောက်ကတော သွားကိုစက်နဲ စားစရာမလိုပဲ ဆရာဝန်ရဲ အကြံပေးချက်နဲတင်ပျောက်ကင်နိင်ပါတယ်။ဒါပေမယ် dental check up သို့မဟုတ် သွားကျန်မာရေစစ်ဆေးမှုမလုပ်ဘူးဆိုရင်တော သွာပိုစားနိုင်တဲအန္တရယ်ရော သွာမြစ်ကိုထိခိုက်မယ်အန္တရယ်ပါပိုများလာပါတယ်။ ကျွန်တော်တိုမြန်မာနိုင်ငံမှာ သွားဆရာဝန်များဟာ routine dental check up ကို အလွန်သက်သာတဲ fee နဲကြည်ပေးလေ့ရှိပါတယ်။ တချိုဆရာများဆို consultant fee တောင်မယူပါဘူး။
နောက်တခုအနေနဲက သွားလေးနဲနဲပဲကျဉ်တာပါ/နာတာပါဆိုပြီး ပေါပေါဆဆနေလိုက်ရင် အရမ်ဆိုတဲ သွားကိုက်မှု၊ သွားချင်းထိရင်မခံနိုင်မှုတွကိခံစားရတက်ပါတယ်။ တခါတလေ အဖျာပါဝင်လာတက်ပါတယ်။
ဒါကြောင့်အကြံပေးလိုတာက သွားပိုစာတာ၊ သွားမြစ် ရောင်တာတွေမဖြစ်အောင် 6 လ သိုမဟုတ်
တနှစ်တခါကျန်မာရေးစစ်ဆေးမှု ခံယူသင်ပါတယ်။ သွားနဲပတ်သတ်ပြီးတခုခု အဆင်မပြေဖြစ်တယ်လို ထင်ရင် သွားဆရာဝန် နဲပြသသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော တခုခုဆိုရင်ပြသနာမျာခင် ၊ ရာဂာမဆိုခင် စောစောကုသတာကပိုကောင်တဲ ရလာဒ်ကိုရရှိလိုပါ။
ဖြစ်ခါစသွားပိုပေါက်ကို အလွယ်တကူပဲ သွားဖာလိုရပါတယ်။ရရှေည်လဲခံပါတယ်။ကုန်ကျစရိတ်လည်းသက်သာပါတယ်။ နောက်ပိုများတွင် မေးလေးမေးထရှိတဲ သွားပိုစားခြင်းအကြောင်းကိုဆက်လက်ဖော်ပြသွားပါမယ်။
Dr.APP Dental Clinic
Ph:095156467
Appointသို့အခမဲ့မေးမြန်နိုင်ပါတယ်။Appointmentများယူနိုင်ပါတယ်။