Ultra Care - Dental Studio

Ultra Care - Dental Studio Beyond Your Expectations

သွားပိုးစားခြင်းဟာ အသက်ရွယ်နဲ့ ဆိုင်လား ❓❓Dental Caries (သွားပိုးစားခြင်း) သွားပိုးစားခြင်းဆိုတာ သွားမှာ အခေါင်းပေါက်မျာ...
30/03/2025

သွားပိုးစားခြင်းဟာ အသက်ရွယ်နဲ့ ဆိုင်လား ❓❓

Dental Caries (သွားပိုးစားခြင်း)

သွားပိုးစားခြင်းဆိုတာ သွားမှာ အခေါင်းပေါက်များ ဖြစ်ပေါ်ခြင်းပါ။ ဘတ်တီးရီးယားပိုးများကြောင့် ဖြစ်တတ်ပြီး သွားပိုးစားခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုဖြစ်ပါတယ်။ မကုသဘဲထားလိုက်ရင် ပိုးပေါက်များ ပိုကြီးလာပြီး သွားအတွင်းလွှာများအထိ ထိခိုက်သွားနိုင်ပါတယ်။ သွားကိုက်ခြင်း၊ ပိုးဝင်ခြင်းနဲ့ နောက်ဆုံး သွားနှုတ်ရခြင်းထိ ဖြစ်နိုင်ပါတယ် ။

ဘယ်လောက်အဖြစ်များသလဲ ?

အလွန်တရာကို အဖြစ်များပါတယ်။ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးငယ်၊ ဆယ်ကျော်သက်များနဲ့ အသက်ကြီးသူများမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။

သွားပိုးစားခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ ?

~သွားကိုက်ခြင်း
~သွားကျင်ခြင်း
~အချို၊ အပူ၊ အအေးစာများ စားရင် စူးရှစွာနာကျင်ခြင်း
~သွားမှာ အပေါက်များဖြစ်ခြင်း
~သွားမျက်နှာပြင်ပေါ်မှာ အညိုရောင်၊ အမည်းရောင်၊ အဖြူရောင်များထင်ခြင်း
~အစာ ဝါးရင်၊ ကိုက်ရင် နာကျင်တို့ ခံစားရတတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ??

သွားပိုးစားတာကို တွေ့တာနဲ့ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ တကယ်လို့ ဖျားမယ်၊မခံနိုင်အောင်သွားနာမယ်ခံတွင်းအနံ့ထွက်လာမယ် ဆိုရင်တော့ အမြန်ဆုံး ပြသသင့်ပါတယ်။

သွားပိုးစားခြင်းဖြစ်နိုင်ခြေ များစေတဲ့ အချက်များ ⚠️

(1) သွားသန့်ရှင်းရေးအားနည်းခြင်း- နေ့စဉ်ပုံမှန်သွားတိုက်ခြင်း၊ သွားသန့်ရှင်းမှုမရှိခြင်း။

(2) ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာ၊ သစ်သီးဖျော်ရည်၊ ဆော်ဒါ၊ မုန့်အချိုများ၊ သကြားလုံး၊ ကွတ်ကီးများ အစားများခြင်း။

(3) အက်စစ်ပါတဲ့ စားစရာသောက်စရာများ (သံပုရာရည်၊ ဆော်ဒါ၊ ဖျော်ရည်များ) အလွန်အကျွံ စားသောက်ခြင်း။

(4) အစာအိမ်အတွင်းရှိ အက်စစ်များပြန်ဆန်တက်ကာ သွားများနဲ့ ထိတွေ့မိခြင်း၊

(5) ဖလိုရိုက် မလုံလောက်ခြင်း- သွားပေါက်များကို ကာကွယ်ပေးတဲ့ သဘာဝသတ္တုဓာတ် ဖလိုရိုက်နည်းပါးခြင်း။

(6) တံထွေးအထွက်နည်းခြင်း – ခံတွင်းအတွင်းရှိ တံထွေးဟာ သင့်သွားများကြားရှိ အစာများကို သန့်ရှင်းပေးပြီး သွားပျက်စီးစေတဲ့ ဘတ်တီးရီးယားများကိုလည်း လျှော့ချပေးနိုင်ပါတယ်။

သွားပိုးစားခြင်းဟာ အသက်အရွယ်မရွေး ဖြစ်နိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေကို သေချာနားလည်အောင်လုပ်ပြီး ဂရုတစိုက်နေထိုင်ကြည့်ပါ။

ကျန်းမာရေးကောင်းတဲ့ သွားနှင့်ခံတွင်းကို ပိုင်ဆိုင်နိုင်ကြပါစေ 🦷🦷



''Beyond Your Expectations''

လိပ်စာ
အမှတ်(၁၈)၊ ဝေဇယန္တာလမ်းမကြီး၊ (၆) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် - ၀၉ ၉၆ ၃၃၃၃ ၀၀၃
- ၀၉ ၇၇၇ ၃၀၀ ၃၀၄
Address
No.18, Waizayanta Road, 6th Ward, South Okkalapa Township, Yangon.
☎️Contact No. – 09 96 3333 003
- 09 777 300 304

Google Map Location
Ultra Care - Facial Aesthetics and Dental Studio

https://maps.app.goo.gl/bKZRuizjdcG7Z97cA

သွားထပ်၊ သွားကျဲရခြင်းနှင့်အတူ ယုံကြည်မှုတွေ ပျောက်ဆုံးနေပြီလား ❓❓သွားကျဲခြင်း၊ သွားထပ်ခြင်းဆိုတာ သွားနှင့်ခံတွင်းကျန်းမ...
15/03/2025

သွားထပ်၊ သွားကျဲရခြင်းနှင့်အတူ ယုံကြည်မှုတွေ ပျောက်ဆုံးနေပြီလား ❓❓

သွားကျဲခြင်း၊ သွားထပ်ခြင်းဆိုတာ သွားနှင့်ခံတွင်းကျန်းမာရေးအရ ကြည့်ရင်လည်း မကောင်းသလို ရုပ်ပိုင်းဆိုင်ရာအရ ကြည့်ရင်လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဖြစ်စေတတ်ပါတယ် ။

ဒီလို သွားထပ်၊ သွားကျဲရခြင်းကို ဘယ်လို အခြေအနေတွေက ဖြစ်ပေါ်စေတာလဲ ?
ဘယ်လို ကုသလို့ရမလဲဆိုတာကိုတော့ အောက်မှာအသေးစိတ်လေးရှင်းပြပေးထားပါတယ်နော် 👇👇

သွားကျဲ/သွားထပ်/သွားခေါခြင်းကိုဖြစ်စေနိုင်သည့် အကြောင်းအရင်းများ ❗️❗️

(1) ငယ်ရွယ်စဥ်က လက်မစုပ်တတ်ခြင်း

(2) ငယ်ရွယ်စဥ်က သွားနှုတ်ရမည့် အချိန်မတန်
သေးပဲ နှုတ်ပစ်ရခြင်း/ ကျိုးသွားခြင်း

(3) ငယ်ရွယ်စဥ်က လျှာဖြင့် သွား၏အတွင်းမှ
အပြင်သို့ ထိုးတတ်ခြင်း

(4) မျိုးရိုးလိုက်ခြင်း

(5) ပုံမှန်မဟုတ်သည့် ` သွား ´ အရွယ်အစားများ
ပေါက်ကာ မိမိ မေးရိုးဖြင့် သဟဇာတ မဖြစ်ခြင်း
(သွားသေးငယ်ခြင်း/သွားကြီးခြင်း)

(6)ကလေးငယ်များအား နို့ဘူးနှင့်ပစ်ထားတတ်ခြင်း

(7) ပါးစပ် သို့မဟုတ် မေးရိုးတွင်အကြိတ် ဖြစ်ခြင်း

စသည်ဖြင့် အကြောင်းအရင်းများစွာကြောင့် ဖြစ်ပေါ်စေနိုင်ပါတယ် ။

သွားထပ်၊ သွားကျဲရခြင်း​နှင့်အတူ ❗️❗️

(1) မိမိ၏ အလှအပအား ထိခိုက်စေခြင်း/ မိမိကိုယ်ကို ယုံကြည်မှု လျော့ကျစေခြင်း

(2) သွားတွေ ကျဲ/ထပ်နေပါကအစားအစာ စားရာမှာ အစာညှပ်၍ စိတ်အနှောက်အယှက် ဖြစ်ရခြင်း

(3) သွားထပ်/သွားကျဲနေပါက သွားတွင် အစာတွေ အလွယ်တကူ ကပ်လွယ်၍ သန့်ရှင်းရေးသေချာမလုပ်ပါက ခံတွင်းနံ့မှာ အမြဲလိုလို ဆိုးရွားနေတတ်ခြင်း

(4) သွားတွေ ကျဲ/ထပ်နေပါက သန့်ရှင်းရေးလုပ်သော်လည်း အစာအလွယ်တကူ မထွက်နိုင်ကာ သွားချေးကျောက် ဖြစ်ဖို့ ရာခိုင်နှုန်းများခြင်း

(5) သွားဖုံးသွေးထွက်ခြင်း/ယောင်ခြင်း /ကိုက်ခြင်း အစရှိသဖြင့် သွားဖုံးရောဂါများ ဖြစ်ပွားနိုင်ခြင်း အစရှိသဖြင့် သွားကို အုပ်ထားသည့် သွားဖုံးမကောင်းပါက နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့် ရေစီးကမ်းပြိုဖြစ်ခြင်း သွားပိုးစားခြင်းများ ဖြစ်လာနိုင်ပါတယ်။

``သွားထပ်လေးနဲ့ ချစ်စရာကောင်းလိုက်တာ´´ ဆိုပြီးကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတယ်ပဲထားပါတော့ ....

ရေရှည်မှာ မိမိသွားနှင့်ခံတွင်း ကျန်းမာရေးအတွက် စိတ်မညစ်ရလေအောင်/ဆိုးကျိုးတွေ မဖြစ်ရအောင် ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာ အရေးကြီးပါတယ်။

ဘာတွေလုပ်ဆောင်ရမလဲဆိုတော့❗️❗️❗️

💯 ပထမဆုံး အချက်အနေနဲ့ကတော့ သွားကျဲ/သွားထပ်သူတွေဟာ ပုံမှန်ထက်ပို၍ မိမိ၏သွားနှင့်ခံတွင်းကို ဂရုစိုက်ပေးဖို့ လိုပါမယ်။

ပုံမှန် သွားမကျဲ/မထပ်သူတွေက သွားတိုက်ယုံနဲ့အဆင်ပြေပေမဲ့ ကျဲ/ထပ်သူတွေကတော့ သွားတိုက်ပြီးပါကလည်း Dental Floss{သွားပွတ်ကြိုး}ဖြင့် သွားကြားတစ်ခုခြင်းအား သန့်ရှင်းခြင်း/ဆရာဝန် ညွှန်ကြားသော ငုံဆေးများအား ငုံပေးခြင်းတို့ပါ လုပ်ဆောင်သင့်ပါတယ်။

💯ဒုတိယ အချက်အနေနဲ့ကတော့ ကျွန်တော်တို့ သွားဆရာဝန်တွေ အမြဲပြောပြောနေကြ

⛑️{6} လ တစ်ကြိမ် သို့မဟုတ် {1} နှစ်မှာ တစ်ကြိမ်

သွားနှင့်ခံတွင်း ဆေးခန်းမှာ မိမိခံတွင်းအား စစ်ဆေးခြင်း/ သွားကျောက်ခြစ်ခြင်း တို့ကို ပြုလုပ်ပေးသင့်ပါတယ်။

💯 တတိယ အချက်အနေဖြင့်ကတော့ သွားကျဲ/ထပ်တာကြောင့် မိမိကိုယ်ကိုလည်း ယုံကြည်မှု မရှိဘူး/သွားကိုလည်း သူများတွေလို လှချင်တယ် ဆိုသူတွေ အနေဖြင့် ....

သွားညှိ Specialist ဖြင့်ဆွေးနွေးကာ သွားညှိကုသမှုကို ခံယူခြင်း/ငယ်ငယ်က သွားအစောကျိုးထားသဖြင့် ကြီးလာမှ သွားကျဲလာခြင်း အစရှိသဖြင့် တချို့အခြေအနေ များကို General Dentists သွားဆရာဝန်များဖြင့် တိုင်ပင်ဆွေးနွေးကာ သင့်တော်သည့်ကုသမှုကို ခံယူသင့်ပါသည်။

သွားကျဲ ၊ သွားထပ်ခြင်းကြောင့် မိမိအတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနှောက်အယှက် ဖြစ်နေတယ်ဆိုရင်တော့ Ultra Care မှာ ကျွမ်းကျင့်သည့် သွားနှင့်ခံတွင်းဆိုင်ရာ Specialist များ ၊ General Dentist များဖြင့် စိတ်ကြိုက် ရွေးချယ်၍ ဆွေးနွေးတိုင်ပင် ကုသမှုခံယူနိုင်ပါပြီ 👨‍⚕👩‍⚕



''Beyond Your Expectations''

လိပ်စာ
အမှတ်(၁၈)၊ ဝေဇယန္တာလမ်းမကြီး၊ (၆) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် - ၀၉ ၉၆ ၃၃၃၃ ၀၀၃
- ၀၉ ၇၇၇ ၃၀၀ ၃၀၄
Address
No.18, Waizayanta Road, 6th Ward, South Okkalapa Township, Yangon.
☎️Contact No. – 09 96 3333 003
- 09 777 300 304

Google Map Location
Ultra Care - Facial Aesthetics and Dental Studio

https://maps.app.goo.gl/bKZRuizjdcG7Z97cA

"Myanmar Peasant's Day" (2nd March)၂၀၂၅ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ကျရောက်သော "တောင်သူလယ်သမားနေ့" အား Ultra Care မိသားစု...
02/03/2025

"Myanmar Peasant's Day" (2nd March)

၂၀၂၅ ခုနှစ် မတ်လ (၂) ရက်နေ့တွင် ကျရောက်သော "တောင်သူလယ်သမားနေ့" အား Ultra Care မိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ် ။




#တောင်သူလယ်သမားနေ့

ဘာကြောင့် သွားကျဉ် ရတာလဲ ❓❓​တချို့တွေက ကြွေလွှာတွေ ပါးတာကြောင့် သူများတွေထက် သွားပိုကျဉ်တတ်ပါတယ်။ ဘာကြောင့်ပါးတာလဲ ဆိုတေ...
23/02/2025

ဘာကြောင့် သွားကျဉ် ရတာလဲ ❓❓

တချို့တွေက ကြွေလွှာတွေ ပါးတာကြောင့် သူများတွေထက် သွားပိုကျဉ်တတ်ပါတယ်။ ဘာကြောင့်ပါးတာလဲ ဆိုတော့

-သွားကို အကြမ်းပတမ်းတိုက်တာ

-သွားပွတ်တံ အမာနဲ့ တိုက်တာ

-ညအိပ်ရင် သွားကြိတ်တဲ့ အကျင့်ရှိတာ

-အက်စစ်ဓာတ်များတဲ့ အစားအစာတွေ၊ အရည်တွေကို မကြာခဏသောက်တာ

✅ အခြားရောဂါများ

GERD လို့ ခေါ်တဲ့ စားချဉ်ရည်ပြန်တဲ့ ရောဂါမှာဆိုရင် အစာအိမ်ထဲက အက်စစ်တွေ အပေါ်ကို ဆန်တက်လာတဲ့ အတွက် သွားနဲ့ အက်စစ်နဲ့ ထိတွေ့ပြီး ပျက်စီးလာပါတယ်။ နောက်ပြီး မကြာခဏ အန်တတ်တဲ့ အူလမ်းကြောင်းရောဂါ gastroparesis နဲ့ အစားအသောက်မူမှန်ရောဂါ bulimia မှာလည်း အက်စစ်ဓာတ်တွေ ပြန်ပြန်ထွက်တဲ့အတွက် ကြွေလွှာတွေပါးပြီး သွားကျဉ်တတ်ပါတယ်။

ရေစီးကမ်းပြိုခြင်း

ရေစီးကမ်းပြိုတဲ့အခါ သွားအမြစ်တွေ ပေါ်လာတာကြောင့် အလွယ်တကူ သွားကျဉ်တတ်ပါတယ်။

သွားရောဂါများ

သွားပိုးစားတာ၊ သွားကျိုးတာ၊ သွားပဲ့တာ စတာတွေမှာလည်း သွားအမြစ်တွေ ပေါ်လာတဲ့အတွက် သွားကျဉ်တတ်ပါတယ်။

သွားကျဉ်တာကိုမပေါ့ဆသင့်ပါ ✅

သွားကျဉ်တာကို ခံစားနေရပြီဆိုရင် သွားဆရာဝန်နဲ့ အရင်ဆုံးပြသင့်ပါတယ်။ ဒါမှ သွားကို စစ်ဆေးပြီး အပေါက်ရှိလား၊ သွားနဲ့နေတာလား၊ ရေစီးကမ်းပြိုဖြစ်နေတာလားဆိုတာ သိနိုင်မှာပါ။

သွားကျဉ်တာကို ဘယ်လိုကုကြမလဲ ❓

သွားကျဉ်တာက သိပ်မပြင်းထန်ဘူးဆိုရင် အပြင်မှာ အလွယ်ဝယ်လို့ရတဲ့ ဆေးတွေနဲ့တင် အဆင်ပြေပါတယ်။ (ဥပမာ အကိုက်အခဲပျောက်ဆေး)
သွားကျဉ်တာအတွက် သီးသန့်ထုတ်ထားတဲ့ သွားတိုက်ဆေးကို သုံးနိုင်ပါတယ်။ ဒီသွားတိုက်ဆေးတွေမှာ သွားကျဉ်တာကို သက်သာစေတဲ့ ပစ္စည်းတွေ ပါဝင်ပြီး သွားအမြစ်မှာ ကျဉ်တာမခံစားရအောင် လုပ်ပေးပါတယ်။

သွားကျဉ်တဲ့ သူတွေအတွက် သီးသန့်ထုတ်ထားတဲ့ သွားပွတ်တံ အပျော့စားကို ရွေးဝယ်ပါ။ သွားကို ညင်ညင်သာသာတိုက်ပါ။

တော်တော်များများကတော့ ဒီနည်းလမ်းတွေနဲ့ သက်သာသွားကြပါတယ်။ ဒါနဲ့မှ မသက်သာရင် သွားဆရာန်နဲ့ သေချာပြသပြီး ကုသမှုခံယူပါ။

သွားကျဉ်တာ ဘယ်လောက်ဆိုးလဲ ဆိုတာ ကျဉ်ဖူးတဲ့ သူတွေ ကောင်းကောင်း သိပါတယ်။ တစ်ခါကျဉ်လိုက်ရင် အသက်ရှူဖို့ မေ့မေ့သွားပါတယ်။ သွားကျဉ်တာက နောက်ကွယ်မှာ တခြားရောဂါတွေ ရှိနေနိုင်တဲ့ အတွက် ဒါတွေကို ကုဖို့ မမေ့သင့်ပါဘူး။ မကုဘဲ ထားရင် ပိုဆိုးဖို့ပဲ ရှိတာပါ။ ဒါကြောင့် သွားတွေ ဒီထက်ပိုပြီး မပျက်စီးခင် ကုသကြဖို့ အကြံပေးလိုပါတယ် ခင်ဗျာ 👈👈


''Beyond Your Expectations''

လိပ်စာ
အမှတ်(၁၈)၊ ဝေဇယန္တာလမ်းမကြီး၊ (၆) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် - ၀၉ ၉၆ ၃၃၃၃ ၀၀၃
- ၀၉ ၇၇၇ ၃၀၀ ၃၀၄

Address
No.18, Waizayanta Road, 6th Ward, South Okkalapa Township, Yangon.
☎️Contact No. – 09 96 3333 003
- 09 777 300 304

Google Map Location
Ultra Care - Facial Aesthetics and Dental Studio
https://maps.app.goo.gl/bKZRuizjdcG7Z97cA

သွားဝါတယ်၊ သွားအရောင်ပြောင်းတယ်ဆိုတာ ကြည့်ရဆိုးတဲ့ ပြဿနာတစ်ခုပါ 🤐🤐မျက်နှာရဲ့ အလှအပကို ပေါ်လွင်စေမယ့် သွားတွေ ဝါကျင်ကျင်ဖ...
15/02/2025

သွားဝါတယ်၊ သွားအရောင်ပြောင်းတယ်ဆိုတာ ကြည့်ရဆိုးတဲ့ ပြဿနာတစ်ခုပါ 🤐🤐

မျက်နှာရဲ့ အလှအပကို ပေါ်လွင်စေမယ့် သွားတွေ ဝါကျင်ကျင်ဖြစ်နေတာကို လူတိုင်းမြင်ဖူးကြတယ်ဟုတ် 🤷‍♂️

ဘာကြောင့် သွားဝါတာလဲ ❓

သွားဝါစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိကဖြစ်စေတဲ့ အချက်တွေကတော့ ဆေးလိပ်သောက်သုံးတာနဲ့ ပုံမှန်စားသုံးနေတဲ့အစားအစာတွေကြောင့်ပါပဲ။ သွားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကို ပြောပြချင်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။

နီကိုတင်းဓာတ် – ဆေးလိပ်-ဆေးပေါ့လိပ်-ဖက်ကြမ်း-စီးကရက်စတာတွေ သောက်သုံးတာ၊ ဆေးရွက်ကြီးငုံတာ၊ ကွမ်းစားတာ စတာတွေအားလုံးက သွားရဲ့မူလအရောင်ကို ပြောင်းလဲစေပါတယ်။

အစားအစာ – ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်နီ၊ ကိုလာ၊ ဘလက်ဘယ်ရီနဲ့ ဘလူးဘယ်ရီတွေကလည်း သွားကိုဝါစေနိုင်ပါတယ်။ ဝါစေရုံတင်မကပါဘူး။ ညိုတာ၊ မည်းတာနဲ့ အဝါစက်တွေထစေတာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်။

သွားချေး – သွားကို ပုံမှန်နဲ့ စနစ်တကျမတိုက်တဲ့အခါမှာ သွားမှာ သွားချေးတွေ စုပုံလာပြီး သွားအရောင်ဟာလည်း ဝါကျင်ကျင်အရောင်ကို ပြောင်းလဲသွားတတ်ပါတယ်။

Fluorosis – Fluoride က သွားကို ကာကွယ်ပေးနိုင်တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသုံးပြုတာ အရမ်းများသွားရင်လည်း သွားကို ဝါကျင်ကျင်ဖြစ်သွားစေတတ်တဲ့ dental fluorosis ဖြစ်စေတတ်တာမို့ သတိထားသုံးစွဲဖို့ လိုအပ်ပါတယ်။

Enamel hypoplasia – Enamel hypoplasia ဟာ သွားရဲ့ အပေါ်ယံကြွေထည်လွှာ ချိုတဲ့တဲ့ဝေဒနာတစ်မျိုးဖြစ်ပြီး ဒီလိုကြွေလွှာချို့တဲ့တာကြောင့် သွားဟာ ကြည်လင်တောက်ပြောင်မှုမရှိတော့ပဲ အရောင်ပြောင်းသွားတတ်ပါတယ်။

ဆေးဝါးများ – နေ့စဉ်ကျန်းမာရေးအတွက် မှီဝဲနေရတဲ့ ပဋိဇီဝဆေးတွေရဲ့ သက်ရောက်မှုကြောင်လည်း သွားတွေ ဝါနိုင်ပါတယ်။

သွားဝါခြင်းကိုကုသတဲ့ နည်းလမ်းတွေကတော့ ဖြစ်တဲ့ အနေအထားအလိုက် အမျိုးမျိုးရှိပါတယ်။

မိမိမှာ ဒီလို သွားဝါခြင်း အရောင်းပြောင်းခြင်းစတဲ့ ပြဿနာတွေရှိနေပြီဆိုရင်တော့ Ultra Care ကို လှမ်းခဲ့ပါ 💞 February လအတွင်းမှာလည်း လေဆာဖြင့်သွားဖြူအောင်ကုသမယ့်လူတိုင်းအတွက် ၂ယောက်လာရင် တစ်ယောက်အခမဲ့ ကုသပေးနေပါတယ်နော် 💞

#သွားဖြူအောင်ကုသခြင်း

''Beyond Your Expectations''
လိပ်စာ
အမှတ်(၁၈)၊ ဝေဇယန္တာလမ်းမကြီး၊ (၆) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် - ၀၉ ၉၆ ၃၃၃၃ ၀၀၃
- ၀၉ ၇၇၇ ၃၀၀ ၃၀၄

Address
No.18, Waizayanta Road, 6th Ward, South Okkalapa Township, Yangon.
☎️Contact No. – 09 96 3333 003
- 09 777 300 304

Google Map Location
Ultra Care - Facial Aesthetics and Dental Studio
https://maps.app.goo.gl/bKZRuizjdcG7Z97cA

💞 𝙑𝙖𝙡𝙚𝙣𝙩𝙞𝙣𝙚'𝙨 𝘿𝙖𝙮 💞 𝐋𝐚𝐬𝐞𝐫 𝐓𝐞𝐞𝐭𝐡 𝐖𝐡𝐢𝐭𝐞𝐧𝐢𝐧𝐠 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐎𝐟𝐟𝐞𝐫! သွားဝါဝါလေးတွေကြောင့် စိတ်ညစ်နေရတဲ့ မိတ်ဆွေတို့အတွက် Ultra Care...
05/02/2025

💞 𝙑𝙖𝙡𝙚𝙣𝙩𝙞𝙣𝙚'𝙨 𝘿𝙖𝙮 💞
𝐋𝐚𝐬𝐞𝐫 𝐓𝐞𝐞𝐭𝐡 𝐖𝐡𝐢𝐭𝐞𝐧𝐢𝐧𝐠 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐎𝐟𝐟𝐞𝐫!

သွားဝါဝါလေးတွေကြောင့် စိတ်ညစ်နေရတဲ့ မိတ်ဆွေတို့အတွက် Ultra Care ရဲ့ 𝗩𝗮𝗹𝗲𝗻𝘁𝗶𝗻𝗲's 𝗗𝗮𝘆 𝗕𝘂𝘆 1 𝗚𝗲𝘁 1 𝗣𝗿𝗼𝗺𝗼𝘁𝗶𝗼𝗻 ကြီးလာပါပြီ 📣📣

နေ့စဉ်နဲ့အမျှ အလှအပရေးရာအတွက်ဆိုရင် Cosmetic, Skincare ဖို့အတွက် ဈေးဘယ်လောက်ကြီးကြီး သုံးကြပေမယ့် သွားနှင့်ပက်သက်ပြီးတော့ လည်း မေ့ထားလို့မရဘူးနော် 🦷🦷

ဘယ်လောက်ပဲ မျက်နှာအလှအပအတွက်
ဂရုစိုက်စေဦးတော့ သွားဝါ သွားမလှရင်လည်း
အပြုံးတွေက ဖက်ရှင်မကျသလို ပြောဆိုဆက်ဆံရာမှာ ယုံကြည်မှုမရှိ ဖြစ်စေပါတယ် ✅✅

Ultra Care - Dental Studio မှာ February လအတွင်း သွားဖြူအောင်ကုသမည့် သူတိုင်းအတွက်

👉 မိမိရဲ့ ချစ်ရတဲ့သူနဲ့ အတူလာမလား ?
👉 မိတ်ဆွေ သူငယ်ချင်းနဲ့လား ?

ဘယ်သူနဲ့ပဲလာလာ Buy 1 Get 1 Promotion ဖြစ်တဲ့အတွက် (၁) ဦးစာပဲ ကုန်ကျမှာဖြစ်ပါတယ်။

ပုံမှန် Whitening Treatment တွေထပ် ပိုပြီးတော့ဖြူ ၊ Result ကိုလည်းအချိန်ကြာကြာ ထိန်းသိမ်းထားပေးနိုင်တဲ့

ကမ္ဘာ့နံပါတ် (၁) အကောင်းဆုံးသွားဖြူကုထုံး Philips Zoom Brand အမျိုးအစားကို အသုံးပြုပေးမှာဖြစ်ပါတယ် ✅

Philips Zoom Whitening Treatment ဆိုတာက

✨သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးခြင်းလုံးဝမရှိဘဲ နဂိုရှိသောသွားလေးတွေကိုသဘာဝအတိုင်း ဖြူဖွေးလာစေတယ်

✨ပုံမှန်သွားဖြူကုထုံးများထက် ပိုမိုဖြူဝင်းစေပြီး

✨အရောင်အလွယ်တကူ ပြန်ကျသွားတာမျိုးမရှိခြင်းတို့ကြောင့် သင့်သွားလေးတွေကို ဖြူဝင်းတောက်ပနေစေမှာပါ

(၁၀) ဦးသာ Promotion Price ရရှိမှာဖြစ်လို့ အချိန်နောက်မကျခင် Booking ကြိုတင်ထားဖို့လိုမယ်နော်...
အချိန်နဲ့ လူဦးရေ ကန့်သတ်ထားတာဖြစ်လို့ သတ်မှတ်ကာလအတွင်း Appointment ကြိုတင်ရယူထားဖို့တော့ လိုအပ်ပါမယ်နော် ❗️❗️



(2024 Feb 6 ရက်နေ့မှ Feb 26 ရက်နေ့) အတွင်း Appointment ကြိုတင်ရယူထားသူများကိုသာ လက်ခံကုသပေးသွားပါမည်။

~ (10 Persons)

( Laser Whitening Treatment ) ဖြင့် သွားဖြူအောင် ကုသချင်သူများအနေဖြင့် ဆေးခန်းဖုန်းနံပါတ် 📲 09 777 300 304 သို့ ဆက်သွယ်၍ Appointment ကြိုတင်ယူနိုင်သလို Page Messenger မှတစ်ဆင့် ဆက်သွယ်၍လည်း Booking ကြိုတင်နိုင်ပါပြီ ။

#သွားဖြူအောင်ကုသခြင်း

''Beyond Your Expectations''

လိပ်စာ
အမှတ်(၁၈)၊ ဝေဇယန္တာလမ်းမကြီး၊ (၆) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
☎️ ဖုန်းနံပါတ် - ၀၉ ၉၆ ၃၃၃၃ ၀၀၃
- ၀၉ ၇၇၇ ၃၀၀ ၃၀၄
Address
No.18, Waizayanta Road, 6th Ward, South Okkalapa Township, Yangon.
☎️Contact No. – 09 96 3333 003
- 09 777 300 304

Google Map Location
Ultra Care - Facial Aesthetics and Dental Studio

https://maps.app.goo.gl/bKZRuizjdcG7Z97cA

Happy Year Of The Snake 🐍🐍 2025Wishing you and your family health, wealth, and endless happiness.
29/01/2025

Happy Year Of The Snake 🐍🐍 2025

Wishing you and your family health, wealth, and endless happiness.

နှစ်သစ်မှာ သွားဖြူဖြူလေးတွေနဲ့ အပြုံးအသစ်တွေ ပေါ်ထွက်လာနိုင်ဖို့အတွက် တန်မှတန် Promotion ကြီး ယူဆောင်လာပါပြီ။ 🤩ပုံမှန် W...
11/01/2025

နှစ်သစ်မှာ သွားဖြူဖြူလေးတွေနဲ့ အပြုံးအသစ်တွေ ပေါ်ထွက်လာနိုင်ဖို့အတွက် တန်မှတန် Promotion ကြီး ယူဆောင်လာပါပြီ။ 🤩

ပုံမှန် Whitening Treatment တွေထပ် ပိုပြီးတော့ဖြူ ၊ Result ကိုလည်းအချိန်ကြာကြာ ထိန်းသိမ်းထားပေးနိုင်တဲ့

ကမ္ဘာ့နံပါတ် (၁) အကောင်းဆုံးသွားဖြူကုထုံး Philips Zoom Whitening Treatment ကို
👉ယခင် ဈေးနှုန်း - 900,000 MMK မှ
👉ယခု ဈေးနှုန်း - 500,000 MMK ဖြင့် January လကုန်အထိ Promotion Price နဲ့ ပြုလုပ်နိုင်ပါပြီ။

Philips Zoom Whitening Treatment ဆိုတာက

✨သွားကြွေလွှာတွေကို ထိခိုက်ပျက်စီးခြင်းလုံးဝမရှိဘဲ နဂိုရှိသောသွားလေးတွေကိုသဘာဝအတိုင်း ဖြူဖွေးလာစေတယ်

✨ပုံမှန်သွားဖြူကုထုံးများထက် ပိုမိုဖြူဝင်းစေပြီး

✨အရောင်အလွယ်တကူ ပြန်ကျသွားတာမျိုးမရှိခြင်းတို့ကြောင့် သင့်သွားလေးတွေကို ဖြူဝင်းတောက်ပနေစေမှာပါ

(၁၀) ဦးသာ Promotion Price ရရှိမှာဖြစ်လို့ အချိန်နောက်မကျခင် Booking ကြိုတင်ထားဖို့လိုမယ်နော်...

လိပ်စာ
အမှတ်(၁၈)၊ ဝေဇယန္တာလမ်းမကြီး၊ (၆) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

ဖုန်းနံပါတ် - ၀၉ ၉၆ ၃၃၃၃ ၀၀၃
- ၀၉ ၇၇၇ ၃၀၀ ၃၀၄

Address
No.18, Waizayanta Road, 6th Ward, South Okkalapa Township, Yangon.

Contact No. – 09 96 3333 003
- 09 777 300 304

Google Map Location
Ultra Care - Facial Aesthetics and Dental Studio

https://maps.app.goo.gl/bKZRuizjdcG7Z97cA

Happy New Year 2025 💥💥Wishing you a bright, healthy, and happy New Year in 2025! May your smiles be as radiant as ever, ...
31/12/2024

Happy New Year 2025 💥💥

Wishing you a bright, healthy, and happy New Year in 2025! May your smiles be as radiant as ever, and we look forward to seeing you for all your dental needs in the year ahead."

☃️❄️ Merry Christmas ❄️☃️This Christmas season, our dental office wishes for the public to prioritize their oral health ...
25/12/2024

☃️❄️ Merry Christmas ❄️☃️

This Christmas season, our dental office wishes for the public to prioritize their oral health and make regular dental check-ups a part of their self-care routine. May everyone remember the importance of maintaining good oral hygiene habits to prevent dental issues and promote overall well-being. Let's spread smiles and cheer by taking care of our teeth and gums, ensuring a bright and healthy smile for the festive season and beyond.
From all of us at the dental office, we wish you a Merry Christmas filled with joy, laughter, and excellent oral health!☃️⛄️

Ultra Care မှာ ကုသမယ့် သူများအတွက် အထူး Christmas Promotion✨ဒီဇင်ဘာအားလပ်ရက်ကို အကျိုးရှိရှိ အသုံးချဖို့ အချိန်ရောက်ရှိလ...
14/12/2024

Ultra Care မှာ ကုသမယ့် သူများအတွက် အထူး Christmas Promotion✨

ဒီဇင်ဘာအားလပ်ရက်ကို အကျိုးရှိရှိ အသုံးချဖို့ အချိန်ရောက်ရှိလာပြီ။ သွားနဲ့ပတ်သက်ပြီး ကုသမှုပြုလုပ်ဖို့ စဉ်းစားထားပြီဆိုရင် Ultra Care မှာ Christmas Promotion ကြီးရှိပါတယ်။

သွားညှိကုသမည့်သူများ၊ သွားအမြစ်တုအစားထိုးကုသမှုပြုလုပ်ချင်သူများအတွက်
Dental Brace နဲ့ Dental Implant အတွက် Cash Down ပေးချေမယ်ဆိုရင်

✨Dental Braces အတွက် 20% Discount
✨Dental Implant အတွက် 10% Discount ရရှိမှာဖြစ်ပါတယ်။

တစ်ခါစိုက်ပြီး တစ်သက်တာနီးပါးခံတဲ့ Dental Implant၊ တစ်ခါသွားညှိပြီးတာနဲ့ တစ်သက်တာအထိ အပြုံးတွေ ပြန်လည်ပေါ်ပေါက်လာမယ့် Dental Braces Treatment တွေက သာမာန်ကုသမှုတွေလို Discount ပြုလုပ်ပေးလေ့မရှိလို့ အကောင်းဆုံးသော အခွင့်အရေးကြီးဖြစ်ပါတယ်။

Christmas အားလပ်ရက်မှာ သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှုတွေကို ကိုယ်ချစ်ရတဲ့သူတွေနဲ့လာလုပ်ရင် ပိုပြီးလည်းတန်၊ တစ်ယောက်အခမဲ့ လုပ်လို့ရမယ့် Promotion ကြီးလည်းရှိပါတယ်…

သွားကျောက်ကင်းပြီး ပုလဲလုံးလေးတွေလို ဖြူဝင်းတဲ့သွားတွေကိုပိုင်ဆိုင်ဖို့အတွက်

✨Dental Scaling (Buy 1 Get 1)

✨Laser Whitening Treatment (Buy 2 Get 1) ရရှိမှာဖြစ်ပါတယ်။

Promotion အချိန်ကာလက December လကုန်အထိသာဖြစ်လို့ Appointment များကြိုတင် ရယူထားနိုင်ပါပြီနော် ။📞📞📞

''Beyond Your Expectations''

လိပ်စာ
အမှတ်(၁၈)၊ ဝေဇယန္တာလမ်းမကြီး၊ (၆) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်းနံပါတ် - ၀၉ ၉၆ ၃၃၃၃ ၀၀၃
- ၀၉ ၇၇၇ ၃၀၀ ၃၀၄

Address
No.18, Waizayanta Road, 6th Ward, South Okkalapa Township, Yangon.
Contact No. – 09 96 3333 003
- 09 777 300 304
Google Map Location
Ultra Care - Facial Aesthetics and Dental Studio
https://maps.app.goo.gl/bKZRuizjdcG7Z97cA

တန်ဆောင်မုန်းလပြည့်နေ့ 🌕ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်တွေထဲက တစ်ရက် ဖြစ်တဲ့ ဤရက်မြတ်ချိန်ခါမှစ၍ .....ခုနှစ်ရက်သားသမီး...
15/11/2024

တန်ဆောင်မုန်းလပြည့်နေ့ 🌕

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ်တွေထဲက တစ်ရက် ဖြစ်တဲ့ ဤရက်မြတ်ချိန်ခါမှစ၍ .....

ခုနှစ်ရက်သားသမီးအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ ဘေးကင်းအေးချမ်း ရွှင်လန်းကြပါစေကြောင်း Ultra Care မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ။

#တန်ဆောင်မုန်းလပြည့်နေ့ #သာမညဖလနေ့

Address

No 18, Waizayanta Road, 6th Ward, South Okkalapa Township
Yangon
11091

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959777300304

Website

Alerts

Be the first to know and let us send you an email when Ultra Care - Dental Studio posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ultra Care - Dental Studio:

Share

Category