19/12/2023
သားသားမီးမီးတို့ရဲ့ သွားကျန်းမာရေး ကို ငယ်စဉ်ကတည်းက သေချာလေး ဂရုစိုက်ပေးပြီး ကျန်းမာတဲ့ သွားတွေ ပိုင်ဆိုင်အောင် လုပ်ပေးဖို့ လိုပါမယ်။ ငယ်စဉ်ကတည်းက သွားတိုက်တာကစလို့ လိုအပ်တဲ့ ခံတွင်းစောင့်ရှောက်မှုတွေကိုပါ သေချာလေး လုပ်ဆောင်ပေးဖို့ လိုပါမယ်။
သားသားမီးမီးတို့ သွားကျန်းမာစေဖို့ ဆိုရင်
* အချိုပါတဲ့ သောက်စရာတွေ အများကြီး မတိုက်ပါနဲ့
* ရေများများ တိုက်ပါ
* သကြား၊ ပျားရည်တို့လိုမျိုး ချိုတဲ့ အစားအစာတွေ မကျွေးပါနဲ့
* ဘေဘီလေး အိပ်သွားတာနဲ့ မေမေ့နို့ကို ဖြုတ်ပါ
* ဘေဘီလေးရဲ့ စားစရာတွေထဲကို သကြားထည့်ကျွေးတာမျိုး မလုပ်ပါနဲ့
* ဘေဘီလေးကို သွားမပေါက်သေးရင်တောင် သွားဖုံးလေးတွေကို အဝတ်စသန့်သန့်လေးမှာ ရေနွေးနွေးလေး ဆွတ်ပြီး ပုံမှန် သန့်ရှင်းပေးပါ။
* ဖလိုရွိုက်ပါတဲ့ သွားတိုက်ဆေးကို ရွေးချယ်ပေးပါ။ (သင့်တင့်တဲ့ ပမာဏ ဖြစ်ဖို့တော့ လိုပါမယ်)
* သောက်စရာတွေကို ၁ နှစ်အရွယ်မှာကတည်းက ခွက်နဲ့ သောက်တတ်အောင် လေ့ကျင့်ပေးထားပါ။
* သွားကို မနက် တစ်ကြိမ် ည တစ်ကြိမ် တိုက်ပေးပါ။
* အစာ စားပြီးတိုင်း ခံတွင်း သန့်ရှင်းပေးပါ။
* သွားဆရာဝန်နဲ့ ပြသပေးပါ။
* အာဟာရမျှတအောင် ကျွေးပါ။