Dr MoeNay

Dr MoeNay 🦷 Teeth problems? I got you 😆
☕ Daily life + random thoughts
😁 Smile first, worry later

Halitosis / Bad Odour (ခံတွင်းနံ့ဆိုးခြင်း)ခံတွင်းနံ့ဆိုးခြင်း (Halitosis) သည် လူတိုင်းကြုံတွေ့ဖူးနိုင်သော ပြဿနာတစ်ခုဖြစ...
30/05/2026

Halitosis / Bad Odour (ခံတွင်းနံ့ဆိုးခြင်း)

ခံတွင်းနံ့ဆိုးခြင်း (Halitosis) သည် လူတိုင်းကြုံတွေ့ဖူးနိုင်သော ပြဿနာတစ်ခုဖြစ်သည်။ မိမိကိုယ်တိုင် ခံစားရနိုင်သလို၊ မိမိပတ်ဝန်းကျင်ရှိသူများတွင်လည်း တွေ့မြင်ရနိုင်ပါသည်။

• “ပါးစပ်နံ့မကောင်းဘူး”
• “သွားမတိုက်ထားဘူးလား”
• ကိုယ့်ခံတွင်းနံ့ကြောင့် အခြားသူများ စိတ်အနှောင့်အယှက်ဖြစ်ခြင်း
• အခြားသူ၏ ခံတွင်းနံ့ကြောင့် မိမိကိုယ်တိုင် စိတ်အနှောင့်အယှက်ဖြစ်ရခြင်း

စသည့် အတွေ့အကြုံများကို လူအများစု ကြုံတွေ့ဖူးကြပါသည်။

ခံတွင်းနံ့ဆိုးခြင်း၏ အကြောင်းရင်း

အဓိကအားဖြင့် ခံတွင်းအတွင်းရှိ Gram-negative anaerobic bacteria များ ပိုမိုများပြားလာခြင်းကြောင့် ဖြစ်ပါသည်။ ထိုဘက်တီးရီးယားများသည် Volatile Sulfur Compounds (VSCs) ဟုခေါ်သော Sulfur ပါဝင်သည့် ဓာတ်ပစ္စည်းများကို ထုတ်လုပ်ပေးပြီး ယင်းတို့က ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်ပေါ်စေပါသည်။

ထို့အပြင် -

👉 ခံတွင်းအတွင်း pH တန်ဖိုး မြင့်မားခြင်း
👉 တံတွေးထွက်နည်းခြင်း (Dry Mouth)
👉 အသက်အရွယ်ကြီးလာခြင်းကြောင့် Oral Microflora ပြောင်းလဲခြင်း
👉 ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း
👉 ပါးစပ်ဖြင့် အသက်ရှူခြင်း

စသည့်အချက်များသည်လည်း ခံတွင်းနံ့ဆိုးခြင်းကို ဖြစ်စေနိုင်ပါသည်။

အထူးသဖြင့် ညအိပ်နေစဉ် တံတွေးထွက်နည်းသွားသဖြင့် ဘက်တီးရီးယားများ ပိုမိုပေါက်ဖွားလာကာ မနက်အိပ်ရာနိုးချိန်တွင် ခံတွင်းနံ့ဆိုးခြင်းကို ပိုမိုသတိထားမိနိုင်ပါသည်။

ခံတွင်းအတွင်းရှိ အကြောင်းရင်းများ

👉 ခံတွင်းသန့်ရှင်းရေး အားနည်းခြင်း
👉 သွားမတိုက်ခြင်း
👉 သွားဖုံးရောဂါများရှိခြင်း
👉 သွားပိုးစားနေခြင်း
👉 လျှာသန့်ရှင်းရေး မပြုလုပ်ခြင်း
👉 အစာအကြွင်းအကျန်များ ညပ်နေခြင်း
👉 မသင့်တော်သော အံကပ်များ၊ Bridges များ တပ်ဆင်ထားခြင်း
👉 ခံတွင်းအနာများ ရှိခြင်း
👉 အနံ့ပြင်းသော အစားအစာများ စားသောက်ခြင်း
👉 ခံတွင်းခြောက်သွေ့ခြင်း
👉 ခံတွင်းကင်ဆာအနာများ

ခန္ဓာကိုယ်ရှိ ရောဂါများကြောင့် ဖြစ်နိုင်သော အကြောင်းရင်းများ

👉 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ
👉 အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ
👉 လည်ချောင်းရောင်ခြင်း၊ ထိတ်ခတ်နာများ
👉 စိတ်ဖိစီးမှုများခြင်း
👉 အမျိုးသမီးများ ရာသီလာစဉ်ကာလ
👉 ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါများ
👉 အသည်းရောဂါများ
👉 အချို့သော စိတ်ကျန်းမာရေးဆိုင်ရာ ရောဂါများ

ကာကွယ်ခြင်းနှင့် ကုသခြင်း

✅ သွားနှင့်ခံတွင်း သန့်ရှင်းရေးကို ဂရုစိုက်ပါ။
✅ သွားတိုက်ရာတွင် နေရာမကျန်အောင် စနစ်တကျ တိုက်ပါ။
✅ လျှာကိုလည်း သန့်ရှင်းရေး ပြုလုပ်ပေးပါ။
✅ Dental Floss (သွားပွတ်ကြိုး) အသုံးပြုပါ။
✅ Mouthwash အသုံးပြုနိုင်ပါသည်။
✅ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းများကို ရှောင်ကြဉ်ပါ။
✅ အစာစားပြီးတိုင်း ရေဖြင့် ပလုပ်ကျင်းပါ။
✅ စေးကပ်သော အစားအစာများကို လျှော့စားပါ။
✅ လတ်ဆတ်သော သစ်သီးဝလံများ များများစားပါ။
✅ ရေများများသောက်ပါ။
✅ Vitamin C ပါဝင်သော အစားအစာများ စားသုံးပါ။
✅ ၆ လတစ်ကြိမ် သွားဆေးခန်းတွင် သွားသန့်ရှင်းရေး ပြုလုပ်ပါ။
✅ လိုအပ်ပါက သွားနှင့်ခံတွင်းဆရာဝန်ထံ စစ်ဆေးကုသမှု ခံယူပါ။

ဒေါက်တာ မိုးနေ
Ref: Final BDS Periodontology Textbook, Yangon

#ခံတွင်းနံ့ဆိုးခြငိး
#သွားသန့်ရှင်းရေး

သွားကျဲတာကိုအချိန်တိုတွင်းအမြန်လှစေတဲ့Direct composite veneer
26/05/2026

သွားကျဲတာကိုအချိန်တိုတွင်းအမြန်လှစေတဲ့

Direct composite veneer

မွေးရာပါသွားကလည်းမရှိဘူးးကလေးသွားကလည်း မကျွတ်ဖူးလှချင်တယ်ဆိုလို့ အဆင်ပြေဆုံးအတတ်နိုင်ဆုံးကြိုးစားပေးထားပါတယ်လှသွားပါပြီ ...
25/05/2026

မွေးရာပါသွားကလည်းမရှိဘူးး

ကလေးသွားကလည်း မကျွတ်ဖူး

လှချင်တယ်ဆိုလို့ အဆင်ပြေဆုံးအတတ်နိုင်ဆုံး

ကြိုးစားပေးထားပါတယ်

လှသွားပါပြီ 😍😍🥰

Dr.MoeNay



သမီးမှန်တယ်ဆရာထောက်ခံတယ်😁😁😁
25/05/2026

သမီးမှန်တယ်

ဆရာထောက်ခံတယ်

😁😁😁

ပရွက်ဆိတ်ကိုက်သလောက်ပဲနာမယ်နော်🤭🤭🤭
24/05/2026

ပရွက်ဆိတ်ကိုက်သလောက်ပဲနာမယ်နော်

🤭🤭🤭

😂😂🤭
24/05/2026

😂😂🤭

Q-သွားသန့်ရှင်းရေးလုပ်ရင်သွားထိခိုက်လားဒီမေးခွန်းကို ခဏခဏမေးတတ်ကြပါတယ်သွားသန့်ရှင်းရေး (scaling) ကို ခဏခဏလုပ်တာက သွားကို...
22/05/2026

Q-သွားသန့်ရှင်းရေးလုပ်ရင်သွားထိခိုက်လား

ဒီမေးခွန်းကို ခဏခဏမေးတတ်ကြပါတယ်

သွားသန့်ရှင်းရေး (scaling) ကို ခဏခဏလုပ်တာက သွားကိုတိုက်ရိုက် “ပျက်စီးစေတယ်” ဆိုတာ မဟုတ်ပါဘူး။
ဒါပေမယ့် မလိုအပ်ဘဲ အရမ်းမကြာခဏလုပ်ရင်တော့ သွားနဲ့ သွားဖုံး sensitive ဖြစ်လာနိုင်ပါတယ်။

အများအားဖြင့် —

* ၆ လ တစ်ခါ သို့မဟုတ်
* သွားကျောက်တက်လွယ်သူဆို ၃–၄ လ တစ်ခါ

လောက်က သင့်တော်တတ်ပါတယ်။

လူတချို့ scaling လုပ်ပြီးနောက် —

* သွားကျဉ်လာတာ
* သွားကြားကျယ်သလိုခံစားရတာ
* သွားဖုံးနည်းနည်းနာတာ

ဖြစ်တတ်ပေမယ့် အများစုက ယာယီပါ။

သွားကြားကျယ်သလိုခံစားရတာက သွားကျောက်တွေဖုံးထားတာကို ဖယ်လိုက်လို့ ဖြစ်တာများတယ်။ Scaling ကြောင့် သွားကိုဖြတ်စားသွားတာမဟုတ်ပါဘူး။

ဒါပေမယ့် —

* အရမ်းကြမ်းတဲ့စက်သုံးတာ
* မကျွမ်းကျင်တဲ့နေရာမှာလုပ်တာ
* အလွန်အကျွံ polishing လုပ်တာ

တွေဆိုရင် enamel ကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သွားဆရာဝန်နဲ့ပဲလုပ်တာကောင်းပါတယ်။

သွားကျောက်တက်တာ၊ သွားဖုံးသွေးယိုတာ၊ အနံ့ဆိုးတာရှိရင် scaling လုပ်တာက မလုပ်ဘဲထားတာထက် ပိုကောင်းပါတယ်။

Q -သွားသန့်ရှင်းရေးလုပ်ပြီးသွားကျင်တာပုံမှန်ပဲလား

ဟုတ်ပါတယ် — သွားသန့်ရှင်းရေး (scaling) လုပ်ပြီးနောက် သွားကျင်တာ၊ sensitive ဖြစ်တာက အတော်များများမှာ ပုံမှန်ဖြစ်တတ်ပါတယ်။

အထူးသဖြင့် —

* ရေအေး / ရေနွေးသောက်ရင်ကျင်တာ
* ချဉ်တဲ့အစားအစာစားရင်ကျင်တာ
* လေဝင်ရင်တောင်စိမ့်သလိုဖြစ်တာ

တွေက ၂ ရက်ကနေ ၁ ပတ်လောက်အထိ ဖြစ်တတ်ပါတယ်။

အဲ့ဒါက သွားကျောက်ဖုံးနေတဲ့နေရာတွေ ဖယ်လိုက်တော့ သွားရဲ့အတွင်းပိုင်း sensitive area ပိုပေါ်လာလို့ပါ။

သက်သာအောင် —

* Sensitive toothpaste (ဥပမာ Sensodyne) သုံးပါ
* အရမ်းအေး/အရမ်းပူတာ ခဏရှောင်ပါ
* ကြမ်းကြမ်းမတိုက်ပါနဲ့
* Fluoride mouthwash သုံးလို့ရပါတယ်

ဒါပေမယ့် —

* အရမ်းနာလာတာ
* ၁–၂ ပတ်ကျော်ထိမသက်သာတာ
* ကိုက်မရလောက်အောင်ကျင်တာ
* သွားဖုံးရောင်/သွေးယိုတာ

ရှိရင်တော့ သွားဆရာဝန်ပြန်ပြတာကောင်းပါတယ်။

🦷 သွားသန့်ရှင်းရေးလုပ်ခြင်းရဲ့ အကျိုးကျေးဇူးများ

✅ သွားကျောက်များ ဖယ်ရှားပေးနိုင်ခြင်း
✅ ခံတွင်းအနံ့ဆိုး လျော့နည်းစေခြင်း
✅ သွားဖုံးရောင်ရမ်းခြင်းကို ကာကွယ်ပေးခြင်း
✅ သွားပိုးစားမှုအန္တရာယ် လျော့ချပေးခြင်း
✅ သွားများ ပိုမိုဖြူလင်းသန့်ရှင်းလာစေခြင်း
✅ သွားဖုံးကျန်းမာရေးကောင်းမွန်စေခြင်း
✅ ကြည်မှုပိုရှိစေသော အပြုံးလှလှ ရရှိစေခြင်း

📌 ၆ လ တစ်ကြိမ် သွားသန့်ရှင်းရေးလုပ်ပေးခြင်းက
သင့်သွားနှင့် သွားဖုံးကျန်းမာရေးအတွက် အရေးကြီးပါတယ်။

Dr.MoeNay

#သွားသန့်ရှင်းရေး #သွားကျောက်ခြစ်ခြင်း

အငွေ့သက်များတခါတလေမိုးစိုစိုထဲ လမ်းလျှောက်ရင်းမြေသင်းနံ့လေးတချက်ရလိုက်တာနဲ့အရင်ကကြုံခဲ့ဖူးတဲ့ နေ့တချို့ဆီစိတ်က ဖြတ်ခနဲ ပ...
19/05/2026

အငွေ့သက်များ

တခါတလေမိုးစိုစိုထဲ လမ်းလျှောက်ရင်းမြေသင်းနံ့လေးတချက်ရလိုက်တာနဲ့အရင်ကကြုံခဲ့ဖူးတဲ့ နေ့တချို့ဆီစိတ်က ဖြတ်ခနဲ ပြန်ရောက်သွားတတ်တယ်။

တခါတလေဟင်းနံ့လေးတစ်ခုကြောင့်အမေချက်ကျွေးခဲ့တဲ့ ထမင်းဝိုင်းကိုသတိရသွားတတ်တယ်။

တချို့ကလေးဘဝမုန့်လေးတွေမြင်ရင်အပူပင်မရှိတဲ့ ငယ်ဘဝကိုပြန်တွေ့လိုက်ရသလိုပဲ။

တခါတလေထမင်းပေါင်းနံ့လေးတချက်ရတာနဲ့ကျောင်းတက်တုန်းကသူငယ်ချင်းတွေနဲ့ ရယ်မောစားသောက်ခဲ့တဲ့နေ့တွေပြန်ပေါ်လာတတ်တယ်။

တချို့သီချင်းသံတွေကြားရင်လည်းတချိန်က ပျော်ခဲ့၊ ဆိုခဲ့၊ ရူးခဲ့တဲ့လူငယ်ဘဝကို ပြန်သတိရစေတယ်။

ဥပမာ…အငဲရဲ့ “လက်ခံလိုက်မယ်” သီချင်းကြားရင်၂၀၀၂ ခုနှစ်ကလက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာအောင်စာရင်းစောင့်ခဲ့တဲ့ညကိုပြန်မြင်ယောင်တ်တယ်။

ရေမွှေးနံ့လေးတချက်ရလိုက်ရင်တောင်
တချိန်က ရင်းနှီးခဲ့ဖူးတဲ့
ပခုံးတစ်ဖက်ရဲ့ အနံ့ကို
သတိရသွားတတ်တယ်။

အဲ့လိုမျိုး…
မထင်မှတ်ဘဲ ဖြတ်ခနဲပေါ်လာတတ်တဲ့
အတိတ်ရဲ့ အငွေ့သက်တွေကို
ကျွန်တော် အရမ်းသဘောကျတယ်။

ပြန်မရတော့တဲ့အချိန်တွေက
အမှတ်တရတွေထဲမှာပဲ
အသက်ရှင်နေတတ်တာမျိုး။

ဖြတ်ခနဲ…
ပေါ်လာပြီး
နှလုံးသားကို တချက်လောက် နွေးသွားစေတဲ့
အတိတ်အငွေ့သက်တွေက
တကယ်ချစ်ဖို့ကောင်းတယ်။

မိုးနေ

#အငွေ့သက်များ

“ရည်းစားက ဖြတ်သွားလို့ စိတ်တိုပြီးအရိုးမာကို အားနဲ့ကိုက်လိုက်တာ…နောက်ဆုံး နှလုံးသားလေးနဲ့အတူသွားလေးပါဟက်တက်ကွဲသွား🦷💔”🥹🥹🥹...
16/05/2026

“ရည်းစားက ဖြတ်သွားလို့ စိတ်တိုပြီး
အရိုးမာကို အားနဲ့ကိုက်လိုက်တာ…
နောက်ဆုံး နှလုံးသားလေးနဲ့အတူသွားလေးပါ
ဟက်တက်ကွဲသွား🦷💔”

🥹🥹🥹🥹

Emotion control မရတဲ့အချိန်
သွားကပဲ victim ဖြစ်တတ်ပါတယ် 😭

အမာတွေ၊ ရေခဲတွေ၊ အရိုးမာတွေကို
အားနဲ့ကိုက်တာက
healthy tooth လည်း crack / split ဖြစ်နိုင်ပါတယ် ⚠️

Breakup က healing time နဲ့ကောင်းသွားနိုင်ပေမယ့်
ကွဲသွားတဲ့သွားကတော့
treatment လိုတတ်ပါတယ်
နှလုံးသားနဲ့အတူ သွားလေးပါဆုံးရှုံးလိုက်ရပီ😅

Dr.MoeNay

ကျန်းမာရေးဝန်ကြီးဌာနမှ စံချိန်မမှီတိုင်းရင်းဆေးများအဖြစ်ထုတ်ပြန်👇👇👇ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့အရေးသွေးမပြည့်မှ...
16/05/2026

ကျန်းမာရေးဝန်ကြီးဌာနမှ စံချိန်မမှီတိုင်းရင်းဆေးများအဖြစ်ထုတ်ပြန်
👇👇👇

ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့

အရေးသွေးမပြည့်မှိီတဲ့တိုင်းရင်းဆေးမှာ

မြန်မာအမျိုးသားများကြားရေပန်းစားနာမည်ကြီးနေတဲ့

တောင်ကြာပန်း အမျိုးသားအားတိုးဆေးပါ ပါဝင်

Tadalafil /sildenafilလို့ခေါ်တဲ့အနောက်တိုင်းဆေးထည့်သုံးထားတယ်လို့ရေးထားပါတယ်

Tadalafil ကတော့ အမျိုးသား erectile dysfunction (ED) — လိင်ဆက်ဆံချိန်မှာ er****on မတည်မငြိမ်ဖြစ်တာကို ကုသဖို့ အသုံးများတဲ့ဆေးပါ။
ဒါ့အပြင် benign prostatic hyperplasia (BPH) — ဆီးကျိတ်ကြီးခြင်းကြောင့် ဆီးခက်တာတွေကိုလည်း ကုသနိုင်ပါတယ်။

လူသိများတဲ့ brand name

* Cialis

အလုပ်လုပ်ပုံ

* သွေးကြောတွေကို ဖြေလျော့ပေးပြီး သွေးစီးဆင်းမှုကောင်းစေပါတယ်။
* လိင်စိတ်အလိုရှိတဲ့အချိန်မှာ er****on ပိုမိုကောင်းမွန်လာစေပါတယ်။
* ဆေးသောက်ပြီး 30 mins – 1 hr အတွင်း အာနိသင်စတင်တတ်ပြီး 36 hrs လောက်ထိ သက်ရောက်နိုင်တာကြောင့် “weekend pill” လို့တောင်ခေါ်ကြပါတယ်။

Sildenafil ကတော့ erectile dysfunction (ED) — အမျိုးသားလိင်အင်အားကျခြင်းကို ကုသဖို့ အသုံးများတဲ့ဆေးပါ။
Brand name အနေနဲ့ လူသိများတာက Vi**ra ဖြစ်ပါတယ်။

အလုပ်လုပ်ပုံ

* သွေးကြောတွေကို ဖြေလျော့ပေးပြီး လိင်အင်္ဂါဆီ သွေးစီးဆင်းမှုကောင်းစေပါတယ်။
* လိင်စိတ်ရှိတဲ့အချိန်မှာ er****on ပိုကောင်းစေပါတယ်။
* သောက်ပြီး 30 mins – 1 hr အတွင်း အာနိသင်စတင်တတ်ပြီး 4–6 hrs လောက်ကြာတတ်ပါတယ်။

Common side effects

* ခေါင်းကိုက်
* မျက်နှာနီ
* အစာမကြေ
* ကျောနာ / ကြွက်သားနာ
* နှာခေါင်းပိတ်

သတိထားရမယ့်အချက်

* Nitroglycerin လို nitrate ဆေးတွေနဲ့ တွဲမသောက်ရ
* နှလုံးရောဂါ၊ သွေးဖိအားပြဿနာရှိရင် ဆရာဝန်နဲ့တိုင်ပင်သင့်
* er****on 4 hrs ကျော်မပျောက်ရင် အရေးပေါ်ဆေးရုံသွားသင့်ပါတယ်။

Dr.MoeNay
Source Myanmar digital news

မနေ့က pageမှာ လူနာတစ်ယောက်လာမေးလို့ပါမနေ့က သွားနှုတ်ခဲ့တာ အမြစ်ကျန်နေလို့တဲ့ပြန်ခွဲထုတ်ရမာလားဆိုပြီးလာမေးလို့ပါ🦷 သွားနှု...
15/05/2026

မနေ့က pageမှာ လူနာတစ်ယောက်လာမေးလို့ပါ
မနေ့က သွားနှုတ်ခဲ့တာ အမြစ်ကျန်နေလို့တဲ့
ပြန်ခွဲထုတ်ရမာလားဆိုပြီးလာမေးလို့ပါ

🦷 သွားနှုတ်ပြီး အမြစ်ကျန်ခဲ့ရင် ဘာဆက်ဖြစ်နိုင်လဲ?

သွားနှုတ်တဲ့အချိန်မှာ
သွားအမြစ်တစ်စိတ်တစ်ပိုင်း ကျန်ခဲ့တာမျိုး ဖြစ်နိုင်ပါတယ်။
အမြစ်ကျန်နေတဲ့အခြေအနေပေါ်မူတည်ပြီး
ပြဿနာရှိနိုင်သလို မရှိဘဲနေနိုင်တာလည်းရှိပါတယ်။

❗ ဖြစ်နိုင်တဲ့ပြဿနာများ

• သွားဖုံးရောင်ခြင်း
• ကိုက်နာခြင်း
• ပြည်တည်ခြင်း
• ပိုးဝင်ခြင်း
• သွားဖုံးဖောင်းလာခြင်း
• အနံ့ဆိုးထွက်ခြင်း
• အနီးနားသွားတွေကိုထိခိုက်နိုင်ခြင်း

တချို့လူနာတွေမှာတော့
အစပိုင်း မနာပေမယ့်
နောက်ပိုင်းမှာ ရောင်လာပြီး နာလာတတ်ပါတယ်။

✅ ဘယ်အချိန်မှာ အမြစ်ကိုထုတ်ဖို့လိုလဲ?

• နာကျင်နေတဲ့အခါ
• ရောင်နေတဲ့အခါ
• ပိုးဝင်နေတဲ့အခါ
• X-ray မှာ ပြဿနာတွေ့တဲ့အခါ
ဆိုရင် အမြစ်ကျန်တာကို ထပ်ထုတ်ဖို့လိုနိုင်ပါတယ်။

❗ တချို့အခြေအနေတွေမှာတော့
အမြစ်သေးသေးလေးနဲ့ ပြဿနာမရှိဘူးဆိုရင်
ဆရာဝန်က စောင့်ကြည့်ထားဖို့ပဲ အကြံပေးတတ်ပါတယ်။

🦷 သွားနှုတ်ပြီးနောက်
နာတာ၊ ဖောင်းတာ၊ မသက်သာတာရှိရင်
ကိုယ့်ဘာသာမထားဘဲ သွားဆရာဝန်ပြန်ပြတာ အကောင်းဆုံးပါ။

Dr.MoeNay

#သွားနှုတ်ခြင်း #အမြစ်ကျိုးခြင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr MoeNay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share