Two Two Five Dental Clinic

Two Two Five Dental Clinic Dental Services: for children & adults. Dentist and dental surgery

095041132 မှာ operator error issue ကြောင့် လတ်တလော ခေါ်ဆို၍မရပါသဖြင့် ဆေးခန်း booking တင်ရန် နှင့် အခြားသော info များ စု...
21/05/2022

095041132 မှာ operator error issue ကြောင့် လတ်တလော ခေါ်ဆို၍မရပါသဖြင့် ဆေးခန်း booking တင်ရန် နှင့် အခြားသော info များ စုံစမ်းမေးမြန်းရန်အတွက် 📞-09263456975သို့ ဆက်သွယ်ပေးကြပါရန် အသိပေးအပ်ပါသည်ခင်ဗျာ။

ဘာကြောင့် သွားပုံမှန် စစ်ဆေးမှုက အရေးကြီးတာလဲ?မိမိခံတွင်းထဲမှာ ရှိတဲ့ သွားနှင့် သွားဖုံး ကျန်းမာရေး အခြေအနေ၊ပုံမှန်မဟုတ်...
05/02/2022

ဘာကြောင့် သွားပုံမှန် စစ်ဆေးမှုက အရေးကြီးတာလဲ?
မိမိခံတွင်းထဲမှာ ရှိတဲ့ သွားနှင့် သွားဖုံး ကျန်းမာရေး အခြေအနေ၊
ပုံမှန်မဟုတ်သော ဖြစ်ပေါ်လာတဲ့ အခြေအနေတွေကို သိရှိပြီး ကုသမှုခံယူနိုင်အောင်ဖြစ်ပါတယ်။

ဘာတွေစစ်ဆေးမှာလဲ?
သွားတွေမှာ ပိုးပေါက်တွေ ရှိမရှိ စစ်ဆေးခြင်း၊
သွား နှစ်ချောင်းမှာ ဖြစ်တတ်တဲ့ ပိုးပေါက်တွေကို သွားဓါတ်မှန် ရိုက်ပြီး စစ်ဆေးခြင်း တို့ဖြစ်ပါတယ်။
စစ်ဆေးမှုမှာ သွားကျောက်တည်ခြင်း နှင့် သွားအညှိ့တက်ခြင်း ရှိမရှိ တို့ကိုပါ စစ်ဆေးမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သွားဖုံးကျန်းမာရေး အခြေအနေကိုပါ စစ်ဆေးပေးမှာပါ။
ထပ်ပြီးတော့ လျှာ၊ ပါးစောင်၊ အာခေါင်၊ လည်ပင်း နဲ့ မျက်နှာ တွေမှာ ယောင်နေမှု၊ ကင်ဆာအကြို ရှေးပြေး လက္ခဏာတွေ ရှိမရှိ စစ်ဆေးမှာ ဖြစ်ပါတယ်။

စစ်ဆေးမှုအပြင် တခြား ဘာတွေလုပ်ပေးမှာလဲ?
ခံတွင်း သန့်ရှင်းရေး(သွားကျောက်များ သန့်ရှင်းရေး) လုပ်ခြင်းကို စစ်ဆေးမှုနဲ့ အတူ လုပ်သင့်ပါတယ်။

ဆေးခန်းရောက်ရင် သွားဆရာဝန်ကို ဘာတွေ မေးမြန်းသင့်သလဲ?
မိမိသွား၊ သွားဖုံး နဲ့ ခံတွင်းအခြေအနေ တွေကိုမေးမြန်းသင့်ပါတယ်။ မိမိရဲ့ အခက်အခဲတွေ ဖြစ်တဲ့၊ ခံတွင်းအနံ့မကောင်းတာ၊ စားလို့ ဝါးလို့ မကောင်းတဲ့နေရာတွေ၊ သွားကျဉ်နေမှုတွေကို သေချာဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဒါဆိုရင် သွားစစ်ဆေးမှုကို ဘယ်အချိန်မှာ လုပ်သင့်ပါလဲ?
လူတစ်ဦးဟာ အနည်းဆုံး ၆လ တစ်ကြိမ် သွားဆရာဝန်နဲ့ စစ်ဆေးမှုတွေကို လုပ်သင့်ပါတယ်။ လိုအပ်ရင် လိုအပ်သလိုလဲ စစ်ဆေးသင့်ပါတယ်။

သွားကုသမှုတွေက ဈေးကြီးတယ် ဆရာ။
ဟုတ်ပါတယ်။ သွားကုသမှုတွေ အများစုက ဈေးကြီးပါတယ်။ ဒါပေမယ့် မိမိသွားကို သွားတိုက်ပြီးချိန် သွားပိုးပေါက်တွေ ရှိမရှိ စစ်ဆေးမယ်။ သွားဆရာဝန် နဲ့ စစ်ဆေးပြီး ဆွေးနွေးတိုင်ပင်မယ်၊ ကုသမှု လက်ဦးမှုရှိမယ် ဆိုရင်တော့ သွားကုသမှုတွေက ဈေးမကြီးတော့ပါဘူး။

Two Two Five Dental Clinic
အမှတ် ၂၅ ၊ ပထမထပ်၊ ရှင်စောပုဘုရားလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်။
Phone -09 5041132

29/07/2021

#ဆေးအလှူ

❤️ COVID ဖြစ်နေသူများအားလုံး
ပါရာစီတမောလောက်ပဲလိုပြီး
ရောဂါပျောက်ကင်းနိုင်ကြပါစေ

✅လိုအပ်တဲ့သူ ဖုန်း လိပ်စာပို့ပေးပါ
(၁)အိမ် (၁)ဗူး ပို့ပေးပါမယ်
ဆေးဖိုး အခမဲ့ပါ
ပို့ခလဲ မတက်နိုင်သူတွေကို အခမဲ့ပါ

✅ ပါရာအတွက်လောက်နဲ့
ဆေးရောင်းတဲ့ဆိုင်မှာ
တန်းမစီစေချင်လို့ပါ

📌COVID ဖြစ်ဖြစ် ဘာဖြစ်ဖြစ်
ဖျားနာ ကိုက်ခဲ လည်ချောင်းနာ
သက်သာအောင် သောက်လို့ရတဲ့
ပါရာ/ဘိုင်အိုဂျက်စစ်/စာရာ/တိုင်လနော
အားလုံးတူတူပါပဲ ပါရာစီတမောပါ

📌ဒီကိုဂျင်ထဲမှာလဲပါပါတယ်
ဒီကိုဂျင်ကိုသိပ်အားမပေးဘူး
ဘာမီတွန်လို အိပ်ချင်တဲ့ဆေး ရောထားလို့ပါ

🙏 ဒီအချိန်မှာစျေးတင်ပြီးလဲ မရောင်းချင်လို့
တက်နိုင်သလောက် အလှူပြန်လုပ်ချင်လို့ပါ

🏷 ဝယ်စျေး အတိုင်းပါ
- Para-Denk အလုံး (၂၀) ပါ တစ်ဗူး - ၂၇၀၀ ကျပ်
- Paracap (၁၀) လုံး တစ်ကဒ် - ၆၀၀ ကျပ်

လုပ်နိုင်ပါတယ်ရှင်

✅ mobile payments welcome for donation

Thank you 🙏 Wish everyone can overcome these unfortunate times very very soon 🙏 with a simple paracetamol 🙏

လိုအပ်မဲ့သူတွေအတွက် share ပေးပါ
23/07/2021

လိုအပ်မဲ့သူတွေအတွက် share ပေးပါ

မိသားစုစားဖို့ ဆန်အခက်ခဲဖြစ်လို့ လိုအပ်​နေရင်ဆက်သွယ်နိုင်ပါတယ်… ရန်ကုန်မြို့အတွင်း

ဖုန်းနံပါတ် လိပ်စာ အမည်အပြည့်စုံ comment တွင် ရေးပေးပါ ဆက်သွယ်ပေးပါမယ်

12/07/2021

❗️Self-test လုပ်ပြီးဘာဆက်လုပ်ရမလဲ?

“ပြည်သူက ပြည်သူကိုစောင့်ရှောက်ခြင်းဖြင့်” ဆိုတဲ့အတိုင်း …. Antigen test kit ဖြင့် Self-testing လုပ်မည့်သူများအတွက် အမေရိကန်နိုင်ငံ centre for disease control (CDC) မှ algorithm ကိုမှီ၍ ဘာသာပြန်ထားပေးပါတယ်ရှင်။

❗️ ပိုးမကူးစက်အောင် mask ဝတ်ပါ၊ (၆)ပေအကွာမှာနေပါ၊ လက်မကြာခဏဆေးပါ၊ မလိုအပ်ပဲအပြင်မသွားပါနှင့် - - စသည်တို့က ပိုးရှိ၊မရှိ test kit ဖြင့်ခဏခဏစစ်နေခြင်းထက် အရေးကြီးကြောင်း စေတနာဖြင့် သတိပေးပါရစေရှင်။

Local guideline မဟုတ်ပါ။ ဖြစ်နိုင်လျှင် ဆရာဝန်များနှင့် ကိုယ့်အခြေအနေကို တိုင်ပင်ပါရန်။

✅ Self-testing အဖြေများမှန်ကန်နှုန်းများစေရန် sample ကိုမှန်ကန်စွာယူနည်း ဖတ်ရန် (https://www.facebook.com/109595430619112/posts/334763731435613/?d=n)

……….

📌Antigen test kit နှင့်စစ်မည့်သူသည်
A) COVID19 ရောဂါလက္ခနာများရှိနေသူ
B)ပိုးရှိသူနဲ့ (၁၄) ရက်အတွင်းထိတွေ့မိပြီး ရောဂါလက္ခနာ မပြသေးသူ
C) ရောဂါလက္ခနာမရှိ + ရောဂါရှိသူနှင့်ထိတွေ့မှုမရှိသေးသူ ဖြစ်နိုင်ပါတယ်။

………..

A) COVID19 ရောဂါလက္ခနာများရှိနေသူ

❗️Positive အဖြေ >> COVID19 ပိုးရှိနေပြီ။ Isolation လုပ်ရန်လိုအပ်သည်။

✅ Negative အဖြေ >> PCR test ဖြင့်စစ်သင့်သည်။ PCR လည်း Neg ဒါပေမဲ့ ပိုးရှိသူနှင့်ထိတွေ့မှုရှိခဲ့ပါက (၁၄)ရက် quarantine လုပ်သင့်သည်။ PCR အဖြေလည်း Neg & ပိုးရှိသူနှင့် ထိတွေ့မှုမရှိခဲ့လျင် quarantine လုပ်စရာမလိုပါ။ PCR positive ဆိုရင်တော့ COVID19 ပိုးရှိနေပါပြီ။

………..

B)ပိုးရှိသူနဲ့ (၁၄) ရက်အတွင်းထိတွေ့မိပြီး ရောဂါလက္ခနာ မပြသေးသူ

❗️Positive အဖြေ >> COVID19 ပိုးရှိနေပြီ။ PCR ဖြင့် confirm လုပ်ကြည့်နိုင်သည်… ဒါပေမဲ့ ဖြစ်နိုင်ချေများနေသည့်အခါ (ဥပမာ - third wave ဖြစ်နေချိန်) PCR စစ်ရန်မလိုတော့ပါ။ Isolation လုပ်ရန်လိုအပ်သည်။

✅ Negative အဖြေ >> လောလောဆယ် ပိုးမရှိပါ။ Quarantine တော့လုပ်သင့်သည်။ နောက်တစ်ကြိမ် Antigen test လုပ်၍ (ဥပမာ - (၁)ပါတ်ခြား၍) quarantine ထွက်သင့် မထွက်သင့် ဆုံးဖြတ်သင့်သည်။

………..

C) ရောဂါလက္ခနာမရှိ + ရောဂါရှိသူနှင့်ထိတွေ့မှုမရှိသေးသူ

❗️Positive အဖြေ >> COVID19 ပိုးရှိနေပြီ။ PCR ဖြင့် confirm လုပ်ကြည့်နိုင်သည်… ဒါပေမဲ့ ဖြစ်နိုင်ချေများနေသည့်အခါ (ဥပမာ - third wave ဖြစ်နေချိန်) PCR စစ်ရန်မလိုတော့ပါ။ Isolation လုပ်ရန်လိုအပ်သည်။ PCR negative ထွက်ရင်တော့ ပိုးမရှိပါ။

✅ Negative အဖြေ >> COVID19 ပိုးမရှိပါ။ လိုအပ်မှထပ်စစ်ပါ။

………….

❗️COVID19 ပိုးရှိသူသည် ရောဂါလက္ခနာစပြသည့်နေ့မှစ၍ (၁၀)ရက်အတွင်း အများကိုကူးစက်နိုင်ချေ အများဆုံးဖြစ်၍ [ISOLATION] (၁၀-၁၄)ရက်ခန့် သီးသန့်နေထိုင်သင့်သည်။ စဖြစ်ပြီး (၁၀)ရက်နောက်ပိုင်း အဖျားကျဆေးသောက်စရာမလိုအပ်ပဲ အနည်းဆုံး (၂၄)နာရီ အဖျားမရှိ+အခြားလက္ခနာများသက်သာသည့်အခါမှ isolation ကထွက်သင့်ပါသည်။

❗️ပိုးရှိသူသည် ဖြစ်ပြီး ရက်(၉၀)အတွင်း နေကောင်းနေပါက ပိုးရှိ/မရှိ ပြန်စစ်ကြည့်ရန်မလိုပါ။ ပိုးရှိသေးသည်ဟု အဖြေထွက်နိုင်သည် ဒါပေမဲ့ ရောဂါလက္ခနာ မရှိတော့ပါက (၁၄)ရက်ကျော်သည့်အခါ isolate လုပ်ရန် မလိုတော့ပါ။

❗️ပိုးမရှိသေးသူများအားလုံး ပိုးမကူးစက်အောင် mask ဝတ်ပါ၊ (၆)ပေအကွာမှာနေပါ၊ လက်မကြာခဏဆေးပါ၊ မလိုအပ်ပဲအပြင်မသွားပါနှင့် - - စသည်တို့က ပိုးရှိ၊မရှိ test kit ဖြင့်ခဏခဏစစ်နေခြင်းထက် အရေးကြီးကြောင်း စေတနာဖြင့် သတိပေးပါရစေရှင်။

Source:https://www.cdc.gov/coronavirus/2019-ncov/lab/resources/Antigen_Testing_Algorithm_2020-12-14_v03_NO_DRAFT_SPW_508.pdf

Credit: Axcel Dental Trading

04/06/2021

Baby Steps ဆေးခန်း page အသစ်ကို ဆက်သွယ်ပြီး flu shot အတွက် booking တင်နိုင်ပါပြီရှင်

For Dr Myint Myat Thu’s patients
14/11/2020

For Dr Myint Myat Thu’s patients

✅ Clinic dates:
- 2/12/2020 Wednesday 9am-12noon (Full)
- 13/12/2020 Sunday 9am-12noon (Full)
- 3/1/2021 Sunday 9am-12noon (Full)

✅ chatbox မှတဆင့် (or) page ၏ “Book Now” button မှတဆင့် booking လက်ခံနေပါတယ်ရှင် .. ❌ Ph booking လက်မခံပါ, ဝန်ထမ်းမရှိသဖြင့် Ph ဖြင့်ပြန်ဆက်သွယ်မပေးနိုင်တာ နားလည်ပေးပါရှင်

✅ကျေးဇူးပြု၍ ကလေး အမည်၊ အသက်၊ ဖုန်း နှင့်အတူ .... ကာကွယ်ဆေးထိုးရန်လိုအပ်လျှင် ထိုးထားတဲ့ record (သို့)ထိုးဖို့လိုတဲ့ဆေးအမည်ကို ပို့ထားပေးပါရှင်.. ဆေးရှိ၊မရှိ နှင့် ဆေး၏စျေးနှုန်းကို appointment မပေးခင်ပြန်ပြောပေးပါမယ်ရှင်

✅ ဖုန်း/zoom ဖြင့် တိုင်ပင်ဆွေးနွေးလိုလျှင် ❗️ပိတ်ရက်မရှိ❗️ (၁)ရက် ကြိုတင် chatbox မှတဆင့် (or) page ၏ “Book Now” button မှတဆင့် booking တင်နိုင်ပါတယ်ရှင်

❤️Thank you for your cooperation!

❗️Jan 4 2021 မှ Mar 31 2021 အတွင်း service အားလုံးနား၍ ဆေးခန်းပိတ်မည့်အကြောင်း ကြိုတင် အသိပေးအပ်ပါသည်ရှင် (All services will not be available during Dr MMT’s maternity leave Jan - Mar 2021)

Updated immunization schedule for children. Pls follow Baby Steps page for most up-to-date posts on children's health.
12/11/2020

Updated immunization schedule for children. Pls follow Baby Steps page for most up-to-date posts on children's health.

ကလေးဆေးခန်းပြလိုတဲ့ဖေဖေမေမေတို့ရှင်Dr မြင့်မြတ်သူ၏‌ ဆေးခန်းသည် Baby Steps အမည်ဖြစ်နေရာပြောင်းသွားပြီဖြစ်လို့ကျေးဇူးပြု၍ ...
10/11/2020

ကလေးဆေးခန်းပြလိုတဲ့ဖေဖေမေမေတို့ရှင်

Dr မြင့်မြတ်သူ၏‌ ဆေးခန်းသည်
Baby Steps အမည်ဖြစ်နေရာပြောင်းသွားပြီဖြစ်လို့
ကျေးဇူးပြု၍ Baby Steps Myanmar page မှတဆင့်
ဆက်သွယ် စုံစမ်းပေးပါရန် အသိပေးအပ်ပါသည်။
(facebook.com/babysteps.mm)

Address

25, Shin Saw Pu Pagoda Street, Shin Saw Pu Ward, Sanchaung Township
Yangon
11111

Telephone

+9595041132

Website

Alerts

Be the first to know and let us send you an email when Two Two Five Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Two Two Five Dental Clinic:

Share