Dr.Tooth Dental Care

Dr.Tooth Dental Care Your Smile is Important to Us !!!!

🦷သင့်ကလေးရဲ့ သွားနှင့် ခံတွင်းကျန်းမာရေးအတွက် ဘယ်အရွယ်မှာ သွားဆေးခန်း စတင် ပြသင့်လဲ? 🦷ကလေးရဲ့ပထမဆုံးမွေးနေ့မတိုင်မီ သို့...
07/12/2023

🦷သင့်ကလေးရဲ့ သွားနှင့် ခံတွင်းကျန်းမာရေးအတွက်
ဘယ်အရွယ်မှာ သွားဆေးခန်း စတင် ပြသင့်လဲ?

🦷ကလေးရဲ့ပထမဆုံးမွေးနေ့မတိုင်မီ သို့မဟုတ် ပထမသွားပေါက်ပြီး 6 လအတွင်း သွားဆရာဝန်နဲ့ The First Dental Visit ပြုလုပ်သင့်ပါတယ်။

🦷ကလေးများရဲ့ သွားနှင့်ခံတွင်းကို ပုံမှန်စစ်ဆေးမှုများ စောစီးစွာ ပြုလုပ်နိုင်လေလေ၊ ကလေးတို့ရဲ့ သွားနှင့်ခံတွင်း ကျန်းမာလေလေဖြစ်ပါတယ်။

🦷စောစီးစွာစစ်ဆေးပြသခြင်းက နာကျင်မှု၊ အာရုံစူးစိုက်မှုအခက်အခဲနှင့် အခြားဆေးဘက်ဆိုင်ရာပြဿနာများအထိ ဖြစ်စေနိုင်သည့် သွားပေါက်ခြင်းနှင့် သွားပိုးစားခြင်းမှ ကာကွယ်ပေးပါတယ်။

🦷ကလေးများရဲ့ သွားဖြင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေ စားသုံးဖို့အရေးကြီးတာကြောင့်
ကျန်းမာသော သွားများရှိသော ကလေးသည် ကျန်းမာရေးနှင့်မညီညွတ်သော သွားနဲ့
ကလေးများထက် ဆော့ကစား၊ သင်ယူ၊ စားသောက်၊ အိပ်စက်မှု ပိုမို ပြုလုပ်နိုင်ပါတယ်။

🦷စကားပြောတတ်တဲ့အရွယ်ရောက်ရင် ရှင်းရှင်းလင်းလင်းပြောနိုင်အောင် ကူညီပေးရန်အတွက်လဲ သွားများသည် အရေးကြီးပါတယ်။

🦷အထက်ပါအချက်တွေကြောင့် ကလေးရဲ့ပထမဆုံးသွားပေါက်ချိန်မှ စတင်ပြီး သွားဆရာဝန်ဖြင့် ပုံမှန် စစ်ဆေးပြသသင့်တယ်ဆိုတာကို Dr.Tooth Dental Care မှ အကြံပြုပါတယ်နော်။

Your Smile Is Important To Us!

Dr.Tooth Dental Care
( HLAING BRANCH )
Building (4), Room (2), Kan Street, Hlaing Myintmo Housing, Hlaing Township, Yangon.

For Your Appointment -
09778833887, 09779944997

Dr.Tooth Dental Care
( MIN DHAMA BRANCH )
No.(B.17/002), Ground Floor, Shwe Kabar 1st Lane, Shwe Kabar Housing, Min Dhama Road, Mayangone Township, Yangon.

For Your Appointment - 09765559265











#သွားကျန်းမာရေး

Perfect time to schedule dental appointment.Sweet December ❄️❄️❄️🦷နှစ်သစ်တစ်ခုမစတင်ခင် သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေ...
01/12/2023

Perfect time to schedule dental appointment.

Sweet December ❄️❄️❄️

🦷နှစ်သစ်တစ်ခုမစတင်ခင် သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေးကုသခြင်း၊ သွားအလှအပပြုပြင်မှုများ ပြုလုပ်ဖို့အတွက် အကောင်းဆုံးလတွင် ကျန်းမာသုခ ကံကောင်းခြင်းကို ရယူနိုင်ရန် Dr.Tooth Dental Care မှ သွားနှင့် ခံတွင်း ကျန်းမာရေးကို ဂရုစိုက်ကြဖို့ တိုက်တွန်းပါရစေ။

🦷တစ်နှစ်တာလုံးမှာ သွားနှင့်ခံတွင်း ကျန်းမာရေး စစ်ဆေးခြင်းများ မပြုလုပ်မိထားဘူးဆိုရင်လဲ နောက်ဆုံးလမှာ စစ်ဆေးသင့်ပါတယ်နော်။

🦷6 လ တစ်ကြိမ် သွားနှင့်ခံတွင်း ကျန်းမာရေးကို ပုံမှန် စစ်ဆေးသင့်တာ ဖြစ်တဲ့အတွက် တစ်နှစ်တာလုံးမှာ တစ်ကြိမ်ပဲ စစ်ဆေးဖြစ်သေးရင်လဲ ဒုတိယအကြိမ် စစ်ဆေးကုသဖို့အတွက် အကြံပြုလိုက်ပါတယ်။

🦷သွားနှင့်ခံတွင်း ကျန်းမာရေးဆိုတာ ရောဂါဖြစ်ပေါ်လာမှ
ကုသခြင်းထက် ပုံမှန်စစ်ဆေးခြင်းက ပိုမိုကောင်းမွန်လို့
မဖြစ်မနေ ပြုလုပ်သင့်ပါတယ်။

🦷နှစ်သစ်ကို အပြုံးလှလှလေးနဲ့ စတင်နိုင်ရန် သွားအလှအပပြုပြင်မှူများ ပြုလုပ်ဖို့လဲ ဒီဇင်ဘာလက အကောင်းဆုံးလမို့ ဒီလထဲမှာ Appointment လုပ်ပြီး Dr.Tooth Dental Care မှာ အကြံပြုဆွေးနွေးခြင်းများနဲ့ ကုသမှုများ၊ သွားအလှအပ ပြုပြင်မှုများကို ပြုလုပ်နိုင်ပါတယ်။

Your Smile Is Important To Us!

Dr.Tooth Dental Care
( HLAING BRANCH )
Building (4), Room (2), Kan Street, Hlaing Myintmo Housing, Hlaing Township, Yangon.

For Your Appointment -
09778833887, 09779944997

Dr.Tooth Dental Care
( MIN DHAMA BRANCH )
No.(B.17/002), Ground Floor, Shwe Kabar 1st Lane, Shwe Kabar Housing, Min Dhama Road, Mayangone Township, Yangon.

For Your Appointment - 09765559265











#သွားကျန်းမာရေး

✨မီးပုံးမြိုင်ဆိုင် လတန်ဆောင်တိုင်မှာ အကောင်းဆုံး ဂါရဝလက်ဆောင်အနေနဲ့ ပျောက်ဆုံးနေတဲ့ ကွက်လပ်ကို ကျန်းမာ‌သုခအနေဖြင့် အစား...
27/11/2023

✨မီးပုံးမြိုင်ဆိုင် လတန်ဆောင်တိုင်မှာ အကောင်းဆုံး ဂါရဝလက်ဆောင်အနေနဲ့ ပျောက်ဆုံးနေတဲ့ ကွက်လပ်ကို ကျန်းမာ‌သုခအနေဖြင့် အစားထိုး ဖြည့်ဆည်းပါ။

✨တန်ဆောင်တိုင်အခါသမယမှာ ဖိုးဖိုး၊ ဖွားဖွား၊ ဖေဖေ၊ မေမေ တွေကို ဂါရဝပြုဖို့အတွက်
သွားစိုက်ခြင်းကုသမှုအမျိုးမျိုးကို ရွေးချယ်ခွင့်ပေးခြင်းက အကောင်းဆုံး ကုသိုလ်ပါ။

✨အသက်အရွယ်ရလာတာနဲ့အမျှ သွားတွေကို ပိုမိုဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။ သွားကျန်းမာရေးကောင်းမွန်မှသာ အာဟာရပြည့်ဝလုံလောက်‌အောင် စားသောက်နိုင်မှာ ဖြစ်ပါတယ်။

✨သွားစိုက်ခြင်းကုသမှုအမျိုးမျိုးကို Dr.Tooth Dental Care မှာ စိတ်ချယုံကြည်ရ‌သောကျွမ်းကျင်သွားဆရာဝန်များဖြင့် ဆွေးနွေးတိုင်ပင်‌ပေးပြီး ခေတ်မီနည်းပညာများဖြင့် ကုသပေးလျက်ရှိပါတယ်။

Your Smile Is Important To Us!

Dr.Tooth Dental Care
( HLAING BRANCH )
Building (4), Room (2), Kan Street, Hlaing Myintmo Housing, Hlaing Township, Yangon.

For Your Appointment -
09778833887, 09779944997

Dr.Tooth Dental Care
( MIN DHAMA BRANCH )
No.(B.17/002), Ground Floor, Shwe Kabar 1st Lane, Shwe Kabar Housing, Min Dhama Road, Mayangone Township, Yangon.

For Your Appointment - 09765559265











#သွားကျန်းမာရေး
#တန်ဆောင်တိုင်

23/11/2023

Bridal smile is the best bridal dental makeup for wedding confidence.

💐အမှတ်တရများစွာနဲ့ ဘဝရဲ့ အထိမ်းအမှတ်နေ့လေးမှာ အချိန်၊ အခိုက်အတံ့တိုင်းအတွက် အလိုအပ်ဆုံးက အသက်ဝင်နေတဲ့ အပြုံးလှလှလေးတွေပါ။

💐ပြီးပြည့်စုံတဲ့ အပြုံးလှလှလေးကို ပိုင်ဆိုင်ဖို့ Dr.Tooth Dental Care ရဲ့ Bridal Dentistry က အကောင်းဆုံး အထောက်အပံ့ပါပဲ။

💐Wedding Season ရောက်ရှိ လာပြီမို့ Dr.Tooth Dental Care ကို Perfect Smile Visit ဖြစ်ဖို့ အမြန်ဆုံးလာရောက်ခဲ့နော်။

Your Smile Is Important To Us!

Dr.Tooth Dental Care
( HLAING BRANCH )
Building (4), Room (2), Kan Street, Hlaing Myintmo Housing, Hlaing Township, Yangon.

For Your Appointment -
09778833887, 09779944997

Dr.Tooth Dental Care
( MIN DHAMA BRANCH )
No.(B.17/002), Ground Floor, Shwe Kabar 1st Lane, Shwe Kabar Housing, Min Dhama Road, Mayangone Township, Yangon.

For Your Appointment - 09765559265











#သွားကျန်းမာရေး

Your Smile is Important to Us !!!!

16/11/2023

Dental Wellness Of Hlaing 🔷

စိတ်ချယုံကြည်ရပြီး ကျန်းမာလှပတဲ့ သွားတွေကို ရရှိပိုင်‌ဆိုင်ဖို့အတွက် Dr.Tooth Dental Care

🥼🦷Dr.Tooth Dental Care မှ ကျွမ်းကျင် ဆရာဝန်များနှင့်အတူ သွားနှင့်ခံတွင်း ကျန်းမာရေး၊ သွားအလှအပပြုပြင်မှုများကို ခေတ်မီ ပစ္စည်းကိရိယာများ၊ တစ်ခါသုံးပစ္စည်းများနှင့် အပူချိန်ပေးဖိအားသုံး(Autoclave)ဖြင့် ပိုးသတ်သန့်စင်ထားသော ပစ္စည်းများအသုံးပြု၍ ခေတ်မီ နည်းပညာများဖြင့် ကုသပြုပြင်မှုများ ပြုလုပ်ပေးလျက်ရှိလို့ Dr.Tooth Dental Care မှ ကျွမ်းကျင် ဆရာဝန်များနှင့် အသေးစိတ်တိုင်ပင်ဆွေးနွေးကုသချင်တယ်ဆိုရင် 09778833887, 09779944997 သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ကုသမှုများအတွက် page ရဲ့ Message Box မှာလဲ Appointment ကြိုတင်ရယူနိုင်ပါတယ်။

Available Services For Dental Treatment

( 1 ) Dental Check Up

( 2 ) သွားဖာခြင်း (Tooth Filling)

( 3 ) သွားစိုက်ခြင်းအမျိုးမျိုး (Crown and Bridges)

( 4 ) သွားအံကပ်ပြုလုပ်ခြင်း (Denture)

( 5 ) သွားမြစ်တုထည့်ခြင်း (Dental Implant)

( 6 ) သွားအကြောထုတ်ကုသခြင်း (Root Canal Treatment)

( 7 ) သွားနှုတ်ခြင်း (Tooth Extraction)

( 8 ) အံဆုံးသွားနှုတ်ခြင်း (Wisdom Tooth Extraction)

( 9 ) သွားညှိကုသခြင်း (Orthodontic Treatment)

( 10 ) သွားများဖြူဖွေးအောင်ပြုပြင်ခြင်း (Teeth Whitening)

( 11 ) ကြွေသွားလွှာကပ်ခြင်း (Veneering)

( 12 ) သွားကျောက်ခြစ်သန့်ရှင်းရေးပြုလုပ်ခြင်း (Oral Prophylaxis)

( 13 ) သွားအလှပြုပြင်ခြင်း (Aesthetic Dentistry)

( 14 )သွားစိန်ကပ်ခြင်း (Skyce)

( 15 ) သွားနှင့်ခံတွင်းနှင့် ပတ်သက်သည့် အထွေထွေကုသမှုများ (General Dental Treatments) များကို
Dr.Tooth Dental Care မှာ အကောင်းဆုံးစောင့်ရှောက်များနှင့်အတူ ရယူလိုက်ပါ။

Your Smile Is Important To Us!

Dr.Tooth Dental Care
( HLAING BRANCH )
Building (4), Room (2), Kan Street, Hlaing Myintmo Housing, Hlaing Township, Yangon.

For Your Appointment -
09778833887, 09779944997

Google Maps
https://maps.app.goo.gl/JCHJnhxpvfHwU1xa8








#သွားကျန်းမာရေး

Your Smile is Important to Us !!!!

🥼🦷Dr.Tooth Dental Care ရဲ့ Branch ( ၂ ) ခုလုံးရဲ့ နီးစပ်ရာ တည်နေရာမှာအချိန်ကုန်သက်သာစွာ လာရောက်ကုသမှု ခံယူနိုင်ရန်၊ပိုမိ...
01/08/2023

🥼🦷Dr.Tooth Dental Care ရဲ့ Branch ( ၂ ) ခုလုံးရဲ့ နီးစပ်ရာ တည်နေရာမှာ
အချိန်ကုန်သက်သာစွာ လာရောက်ကုသမှု ခံယူနိုင်ရန်၊
ပိုမို ကောင်းမွန်သော ဝန်ဆောင်မှုများ ပေးနိုင်ရန်၊
ကြိုတင် Appointment များပြုလုပ်နိုင်ရန်နှင့်
Branch တစ်ခုချင်းစီရဲ့ Patient များအတွက် ကုသမှုကုန်ကျစရိတ်သက်သာနိုင်မယ့် အခွင့်အရေးတွေကို
အချိန်နှင့်တပြေးညီ အကြောင်းကြားပေးနိုင်ရန်အတွက်
Dr.Tooth Dental Care ရဲ့ page များကို
Branch အလိုက် စုံစမ်းမေးမြန်း တိုက်ရိုက်ဆက်သွယ်နိုင်ပြီဖြစ်ကြောင်း ချစ်ခင်လေးစားစွာဖြင့်
အသိပေးအပ်ပါတယ်။

Dr.Tooth Dental Care ရဲ့
တည်နေရာ ( ၁ ) ဖြစ်တဲ့ 🔹HLAING BRANCH ရဲ့
page နဲ့ တည်နေရာဖြစ်ပါတယ်။

🔹Our Location ( 1 ) page
https://www.facebook.com/dentalclinicyangon?mibextid=ZbWKwL

🔹Our Location ( 1 ) Google Map
https://maps.app.goo.gl/mhcozjYKH976Qhnt6

🔹Address - Building (4), Room (2), Kan Street, Hlaing Myintmo Housing, Hlaing Township, Yangon.
🔹For Your Appointment - 09778833887, 09779944997

ပိုမိုကျယ်ဝန်းသော၊ ပိုမိုလှပခမ်းနားစွာ
ပြင်ဆင်ထား‌တဲ့ တည်နေရာ ( ၂ ) ဖြစ်တဲ့
🟦 MIN DHAMA BRANCH ရဲ့
page နဲ့ တည်နေရာဖြစ်ပါတယ်။

🟦Our Location ( 2 ) page
https://www.facebook.com/profile.php?id=100095472185579&mibextid=ZbWKwL

🟦Our Location ( 2 ) Google Map
https://maps.app.goo.gl/gfCcxLVw1J2Q53YM8

🟦Address- No.(B.17/002), Ground Floor, Shwe Kabar 1st Lane, Shwe Kabar Housing, Min Dhama Road, Mayangone Township, Yangon.
🟦For Your Appointment - 09765559265

✅သွားနှင့်ခံတွင်းကျန်းမာရေးအတွက်
Dr.Tooth Dental Care မှာ စစ်ဆေးခြင်းနှင့် အကြံပြုဆွေးနွေးတိုင်ပင်ခြင်းများကို Dr.Tooth Dental Care ရဲ့ တည်နေရာ ( ၂ ) ခုလုံးမှာ အကောင်းဆုံးစောင့်ရှောက်မှုများနဲ့ အတူရယူနိုင်ပါတယ်။

Your Smile Is Important To Us!




သွားအကြောထုတ်ကုသခြင်း( Root Canal Treatment ) ကို ဘယ်အခြေအနေမှာ ပြုလုပ်သင့်လဲ ?🔹သွားပိုးစားခြင်း🔹သွားဆွေးမြေ့ခြင်း🔹သွားအ...
30/07/2023

သွားအကြောထုတ်ကုသခြင်း
( Root Canal Treatment ) ကို ဘယ်အခြေအနေမှာ ပြုလုပ်သင့်လဲ ?

🔹သွားပိုးစားခြင်း
🔹သွားဆွေးမြေ့ခြင်း
🔹သွားအတွင်းဘက်အဆုံး မွသွားလွှာ ရောင်ရမ်းခြင်း၊ သွားအမြစ်ထိပ် ရောင်ရမ်းခြင်း
🔹အကြောင်းတစ်ခုခုကြောင့် သွားပဲ့ခြင်း၊ ကွဲအက်ခြင်း သို့မဟုတ် သွားရဲ့အတွင်းဘက်အဆုံး
မွသွားလွှာ ထိခိုက်ခြင်း

🔹🔹🔹🔹အစရှိတဲ့ အခြေအနေတွေမှာ
သွားနှုတ်စရာမလိုအောင် ပြုလုပ်ရခြင်း
ဖြစ်ပါတယ်။

✅ပထမအဆင့်အနေနဲ့ သွားရဲ့အတွင်းဘက်အဆုံးအလွှာ Dental Pulp ( မွသွားလွှာ ) ကုန်စင်အောင် ဖယ်ရှားပေးပြီး သွားရဲ့ အမြစ်အကြောလမ်းကြောင်းကို လုံနေအောင် ပြန်ပိတ်ပေးပါတယ်။

✅ဒုတိယအဆင့်အနေနဲ့ လုံနေအောင် ပြန်ပိတ်ပြီးတဲ့အခါမှာ တိုင်ထူပြီး သဘာဝသွား ပြန်ရအောင် သွားဖာဆေးနဲ့ ဖာထေးပေးပါတယ်။

✅တတိယအဆင့်အနေနဲ့ မကွဲမပဲ့ပဲ ရေရှည်အသုံးပြုနိုင်အောင် အပေါ်ကထပ်ပြီး
Dental Crown အစွပ်လေး စွပ်ဖို့ လိုအပ်ပါတယ်။

✅✅✅🕰️ကုသချိန် တစ်ကြိမ်တည်းနဲ့
အဆင့်များအားလုံးကိုကုသမှုခံယူလို့ရတဲ့အတွက်အချိန်ကုန်လဲ သက်သာပါတယ်။

🥼🦷သွားနှုတ်ပြီးနောက် သွားပြန်စိုက်ခြင်းထက်
ကုန်ကျစရိတ်လဲ သက်သာတဲ့အတွက်
သဘာဝသွားကို မနှုတ်ပဲ
သွားအကြောထုတ်ကုသခြင်း
( Root Canal Treatment ) ခံယူဖို့အတွက်
Dr.Tooth Dental Care မှ အကြုံပြုပါတယ်နော်။

✅သွားနှင့်ခံတွင်းကျန်းမာရေးအတွက်
Dr.Tooth Dental Care မှာ စစ်ဆေးခြင်းနှင့် အကြံပြုဆွေးနွေးတိုင်ပင်ခြင်းများကို အကောင်းဆုံးစောင့်ရှောက်မှုများနဲ့ အတူရယူနိုင်ပါတယ်။

Your Smile Is Important To Us!

Dr.Tooth Dental Care
( HLAING BRANCH )
Building (4), Room (2), Kan Street, Hlaing Myintmo Housing, Hlaing Township, Yangon.
For Your Appointment -
09778833887, 09779944997

Dr.Tooth Dental Care
( MIN DHAMA BRANCH )
No.(B.17/002), Ground Floor, Shwe Kabar 1st Lane, Shwe Kabar Housing, Min Dhama Road, Mayangone Township, Yangon.
For Your Appointment - 09765559265








#သွားကျန်းမာရေး
#သွားအကြောထုတ်ကုသခြင်း

28/07/2023

🦷သွားနှင့် ခံတွင်း မသန့်ရှင်းမှုကြောင့် သွားဖုံးရောဂါ ဖြစ်ပေါ်နိုင်ပါတယ်။

✅သွားဖုံးရောဂါဖြစ်ပေါ်ခြင်းရဲ့ အစက
သွားဖုံးရောင်ခြင်းဖြစ်ပါတယ်။

✅သွားဖုံးရောဂါဖြစ်ပေါ်တဲ့အခါ သွားဖုံးများအောက်သို့ကျလာပြီး သွားများကျွတ်ထွက်သွားသည်အထိ ဆိုး‌ရွားနိုင်တဲ့အတွက် သွားဖုံးရောဂါကို မပေါ့ဆသင့်ပါဘူးနော်။

✅သွားဖုံးရောဂါကို ဖြစ်စေနိုင်တဲ့ အဓိကအကြောင်းအရင်းမှာ Bacterial Plaque ဟု ခေါ်တဲ့
ဘက်တီးရီးယားများ စုဝေးရာအလွှာကို မဖယ်ရှားခြင်းကြောင့် ဖြစ်ပါတယ်။

✅သွားနှင့် ခံတွင်းသန့်ရှင်းရေးကို ပုံမှန် ဂရုစိုက်ပါက သွားဖုံးရောဂါ ဖြစ်နိုင်စရာအကြောင်း နည်းပါးပါတယ်။

✅ဆေးလိပ်သောက်ခြင်း နှင့် ကွမ်းစားခြင်းကြောင့်လည်း သွားဖုံးရောဂါ ဖြစ်ပေါ်စေနိုင်ပါတယ်။

✅ကွမ်းဂျီးများနှင့် အစာများကပ်ခြင်းမှ တစ်ဆင့် ကျောက်များဖြစ်ပေါ်လာနိုင်ပါတယ်။

✅သွားဖုံးရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းမှာ သွားမှန်မှန်တိုက်ခြင်း ဖြစ်ပါတယ်။

✅သွားဖုံးရောဂါမဖြစ်ပွားမီ သွားဖုံးရောင်သည့်အဆင့်တွင်သွားပုံမှန်ပြန်တိုက်ပေးပါက ပြန်လည်ကောင်းမွန်လာနိုင်ပြီး အောက်သို့ နိမ့်ကျလာသော သွားဖုံးများလည်းအပေါ်ပြန်တက်လာနိုင်ပါတယ်။
သွားဖုံး‌ရောဂါ မဖြစ်ပွား‌အောင် အစား စားပြီးတိုင်းလဲ ပါးလုပ်ကျင်းသင့်ပါတယ်။

✅သွားဖုံးရောင်ရောဂါဖြစ်ပါက သွားတွင် တွယ်ကပ်နေသည့် ကျောက်များကို
Scaling Treatment
သွားကျောက်ခြစ်ကုသခြင်း ဖြင့် ကုသလို့ရပါတယ်။

🥼🦷သွားဖုံးရောဂါကင်းဝေးပြီး
သွားနှင့် ခံတွင်းကျန်းမာလှပစေဖို့
DR.TOOTH Dental Care မှ
ကျွမ်းကျင်သွားဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှု ခံယူနိုင်ပါတယ်။

Dr.Tooth Dental Care
( HLAING BRANCH )
Building (4), Room (2), Kan Street, Hlaing Myintmo Housing, Hlaing Township, Yangon.
For Your Appointment -
09778833887, 09779944997

Dr.Tooth Dental Care
( MIN DHAMA BRANCH )
No.(B.17/002), Ground Floor, Shwe Kabar 1st Lane, Shwe Kabar Housing, Min Dhama Road, Mayangone Township, Yangon.
For Your Appointment - 09765559265









#သွားကျန်းမာရေး
#သွားကျောက်ခြစ်ကုသခြင်း

🦷⏳သွားနှင့်ခံတွင်းကျန်းမာရေးအတွက် တစ်နေ့တွင် နှစ်ကြိမ် သွားတိုက်သင့်ပြီး တစ်နှစ်တွင် နှစ်ကြိမ် ( ၆ လတစ်ခါ )သွားနှင့်ခံတွ...
25/07/2023

🦷⏳သွားနှင့်ခံတွင်းကျန်းမာရေးအတွက် တစ်နေ့တွင် နှစ်ကြိမ် သွားတိုက်သင့်ပြီး
တစ်နှစ်တွင် နှစ်ကြိမ် ( ၆ လတစ်ခါ )
သွားနှင့်ခံတွင်းကျန်းမာရေးစစ်ဆေးခြင်း
Dental Check Up ကို ပြုလုပ်ပေးသင့်ပါတယ်။

✅သွားနှင့်ခံတွင်းပြဿနာများ ဖြစ်ပေါ်မှ ကုသခြင်းထက် ကြိုတင်စစ်ဆေးကုသခြင်းက
ပိုပြီး ကုန်ကျစရိတ်လဲ သက်သာတဲ့အတွက်
Dr.Tooth Dental Care မှ ပုံမှန်စစ်ဆေးခြင်းပြုလုပ်ဖို့ အကြံပြုပါတယ်။

✅သွားနှင့်ခံတွင်းကျန်းမာရေးအတွက် Dr.Tooth Dental Care မှာ စစ်ဆေးခြင်းနှင့် အကြံပြုဆွေးနွေး
တိုင်ပင်ခြင်းများကို အကောင်းဆုံးစောင့်ရှောက်မှုများနဲ့ အတူရယူနိုင်ပါတယ်။

✅သွား၊ သွားဖုံး၊ ခံတွင်းနှင့် ပတ်သက်သော
ဝေဒနာများအတွက်လဲ ကုသပေးနေတဲ့အတွက်
သွားနှင့် ခံတွင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် အထွေထွေကုသမှုတွေအတွက်
Dr.Tooth Dental Care မှာ ရက်ချိန်းယူပြီး
အကောင်းဆုံး စစ်ဆေးခြင်းနှင့် ကုသမှုတွေကို
နွေးထွေးစွာ စစ်ဆေးကုသမှု ခံယူလိုက်ပါနော်။

Your Smile Is Important To Us!

Dr.Tooth Dental Care
( HLAING BRANCH )
Building (4), Room (2), Kan Street, Hlaing Myintmo Housing, Hlaing Township, Yangon.
For Your Appointment -
09778833887, 09779944997

Dr Tooth Dental Care
( MIN DHAMA BRANCH )
No.(B.17/002), Ground Floor, Shwe Kabar 1st Lane, Shwe Kabar Housing, Min Dhama Road, Mayangone Township, Yangon.
For Your Appointment - 09765559265







#သွားကျန်းမာရေး

Dr.Tooth Dental Care ( MIN DHAMA BRANCH )ရဲ့ GRAND OPENING အထိမ်းအမှတ် အဖြစ်50% OFF အထိ ရရှိမယ့် Promotion ( 17.7.2023 )...
14/07/2023

Dr.Tooth Dental Care ( MIN DHAMA BRANCH )
ရဲ့ GRAND OPENING အထိမ်းအမှတ် အဖြစ်
50% OFF အထိ ရရှိမယ့် Promotion

( 17.7.2023 ) မှ စတင်ပြီး
Dr.Tooth Dental Care ( MIN DHAMA BRANCH ) မှာ သွားနှင့် ခံတွင်းဆိုင်ရာ ကုသမှုများ ရရှိပြီဖြစ်ပါတယ်။

MIN DHAMA BRANCH စတင်ဖွင့်လှစ်မယ့်
ပထမဆုံးရက် ( 17.7.2023 ) မှ စတင်ပြီး

💙 ပထမဆုံး လာရောက်ကုသသူ
( 5 ) ဦးအတွက်
50% OFF မေတ္တာလက်ဆောင်

💙 ဒုတိယ အစောဆုံး လာရောက်ကုသသူ
( 10 ) ဦးအတွက်
30% OFF မေတ္တာလက်ဆောင်

အစရှိတဲ့ မေတ္တာလက်ဆောင်တွေကို
GRAND OPENING အထိမ်းအမှတ်အဖြစ်
( 17.7.2023 ) မှ စတင်ပြီး
💙အရင်ဆုံး လာရောက်ကုသသူ ( 15 ) ယောက်ပဲ ရရှိမှာ ဖြစ်လို့
ဧည့်သည်တော်အဟောင်း၊ အသစ် များကို လာရောက်ခဲ့ဖို့ ဖိတ်ကြားအပ်ပါတယ်။

( 50% OFF, 30% OFF မေတ္တာလက်ဆောင်ပေးအပ်တဲ့ ကုသမှုများထဲမှာ
DENTAL IMPLANT &
ORTHODONTICS TREATMENT
နှစ်မျိုး မပါဝင်ပါ။ )

Your Smile Is Important To Us!

Dr.Tooth Dental Care ကို 2018 မှ စတင်ပြီး ( HLAING BRANCH )
ဖွင့်လှစ်ခဲ့ပါတယ်။

အသစ်ထပ်မံ ဖွင့်လှစ်တဲ့
Dr Tooth Dental Care
( MIN DHAMA BRANCH )
No.(B.17/002), Ground Floor, Shwe Kabar 1st Lane, Shwe Kabar Housing, Min Dhama Road, Mayangone Township, Yangon.

For Your Appointment - 09765559265






#သွားကျန်းမာရေး

13/07/2023

🦷သွားတိုက်တယ်ဆိုတာ သွားတွေဖြူဖွေးစေဖို့နဲ့ ခံတွင်းနံ့ကောင်းဖို့အတွက်အပြင် သွားနှင့် ခံတွင်းထဲမှ အညစ်အကြေးများကို ဖယ်ရှားနိုင်မှ သွားပိုးပေါက်ဖြစ်ခြင်း၊ သွားဖုံးရောဂါနဲ့ အခြား သွားနှင့် ခံတွင်းနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်နိုင်မှာပါ။

🦷သွားတိုက်တဲ့အခါမှာလဲ
သွားတိုက်နည်းကမှားနေရင် သွားနှင့် ခံတွင်း ကျန်းမာဖို့ထက် ပျက်စီးတဲ့ဘက်ကို ရောက်သွားနိုင်တဲ့အတွက် စနစ်မှန်သွားတိုက်နည်းဖြစ်တဲ့ အချက်တွေကို Dr.Tooth Dental Care မှ အကြံပြုပါရစေ။

✅တစ်နေ့ကို မနက်တစ်ကြိမ်၊ ညအိပ်ရာဝင်တစ်ကြိမ် သွားတိုက်ပေးပါ။
အစားစားပြီးအချိန်များနဲ့ ကျန်အချိန်များမှာတော့ ပါးလုပ်ပဲကျင်းပေးပါ။

✅သွားပွတ်တံကို ကောင်းတာသုံးပါ။
သွားကြားတွေအထိ အညစ်အကြေး၊ အကြွင်းအကျန်တွေနဲ့ သွားချေးတွေကို ထိရောက်စွာဖယ်ရှားနိုင်ဖို့၊ သွားဖုံးတွေကိုမထိခိုက်စေဖို့အတွက် သွားကြွေလွှာတွေပျက်စီးစေနိုင်တဲ့ ဘရက်ရှ်မွေးတွေမဖြစ်စေရဘူးမို့ ကြုံရာ သွားတိုက်တံနဲ့ မတိုက်ပါနဲ့နော်။ကိုင်ရအဆင်ပြေတဲ့ သွားပွတ်တံလက်ကိုင်နဲ့အတူသွားပွတ်တံထိပ်က သွားတွေအားလုံးအထိ လွယ်လွယ်ကူကူ သန့်စင်နိုင်လောက်တဲ့ ပုံသဏ္ဍာန်အရွယ်အစားရှိတဲ့
အရည်အသွေးကောင်း သွားပွတ်ံကိုသာ အသုံးပြုပါ။

✅သွားတိုက်ဆေးနည်းနည်းပဲသုံးပါ။
သွားတိုက်တဲ့အခါ သွားတိုက်ဆေးကို မန်ကျည်းစေ့ခန့်သာ ထည့်ခြင်းက လုံလောက်ပါတယ်။
သွားတိုက်ဆေးများလွန်းရင် ဖလူအိုရိုက်ပါတဲ့ သွားတိုက်ဆေးတွေ ဗိုက်ထဲပိုရောက်သွားနိုင်လို့ ကျန်းမာရေးအတွက် မသင့်တော်လို့ပါ။

✅သွားပွတ်တံဘရက်ရှ်တွေကို သွားမှာ ၄၅ ဒီဂရီစောင်းပြီးတိုက်ပါ။
သွားပွတ်တံကို ခပ်စောင်းစောင်းလေးထားပြီး ညင်ညင်သာသာ စက်ဝိုင်းပုံဝိုက်ပြီးတိုက်ရင် သွားကြားထဲက အညစ်အကြေးတွေ ပိုပြီးသန့်စင်တဲ့အတွက်
သွားတွေကို ကန့်လန့်ဖြတ် ဘေးတိုက်မတိုက်ပါနဲ့နော်။သွားတိုက်တဲ့အခါ
အပေါ်နဲ့အောက် တိုက်ပြီးတဲ့အခါ စက်ဝိုင်းသဏ္ဍာန်ဖြင့် ဘယ်ကနေ ညာ၊ ညာကနေ ဘယ်ကို တစ်ပိုင်းချင်း အချိန်ပေးပြီးတိုက်ပါ။
အချိန်အားဖြင့် နှစ်မိနစ်/ သုံးမိနစ်ခန့်တိုက်ပေးသင့်ပါတယ်။

✅အံသွားတွေကိုလည်း တိုက်ပေးပါ။
သွားတိုက်တဲ့အခါ အံသွားတွေကိုလည်း ချန်မထားသင့်ပါဘူး။ အတွင်းထဲထိ သေချာတိုက်ပေးမှ အစားအစာအကြွင်းအကျန်တွေနဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားနိုင်မှာပါ။

✅သွားရဲ့အတွင်းဘက်ကိုတိုက်ပါ။
သွားရဲ့အရှေ့ခြမ်းကိုတင်မကပဲ အတွင်းဘက်ခြမ်းကိုလဲ သေချာတိုက်ပေးသင့်ပါတယ်။

✅လျှာကိုခပ်ဖွဖွတိုက်ပေးပါ။
သွားတိုက်ပြီးတဲ့အခါ လျှာကိုလည်း ညင်သာစွာတိုက်ပေးသင့်ပါတယ်။ လျှာကိုသန့်စင်ပေးခြင်းအားဖြင့် ခံတွင်းနံ့ဆိုးကိုကာကွယ်ပေးပြီး ဘက်တီးရီးယားတွေ ကင်းစင်စေပါတယ်။

✅သွားပွတ်တံကိုဆေးပါ။
သွားမတိုက်ခင်နဲ့ သွားတိုက်ပြီးအချိန်မှာ သွားပွတ်တံကို ရေနဲ့လောင်းချပြီး ဆေးကြောသင့်ပါတယ်။နောက်တစ်ကြိမ်သုံးတဲ့အခါ ဘက်တီးရီးယားများ ရှိတတ်ပါတယ်။မဆေးတဲ့အခါမှာ သွားတိုက်ဆေးတွေကပ်နေရင် ခြောက်သွေ့ပြီး ဘက်တီးရီးယားတွေ ကပ်ငြိပေါက်ဖွားစေနိင်တဲ့အတွက်ပါ။

Your Smile Is Important To Us!






#သွားကျန်းမာရေး
#ကလေးနှင့်သွားကျန်းမာရေး

👶ကလေးတွေရဲ့ သွားတွေမညီမညာဖြစ်ခြင်း၊ သွားခေါခြင်း၊ သွားများထပ်ခြင်းရဲ့ အခြေခံအကြောင်းအရင်းကတော့ မေးရိုးတွေရဲ့ အရွယ်အစားနဲ...
12/07/2023

👶ကလေးတွေရဲ့ သွားတွေမညီမညာဖြစ်ခြင်း၊ သွားခေါခြင်း၊ သွားများထပ်ခြင်းရဲ့ အခြေခံအကြောင်းအရင်းကတော့ မေးရိုးတွေရဲ့ အရွယ်အစားနဲ့ သွားတွေရဲ့အရွယ်အစားက
မမျှတလို့ပါ။

ဒါ့အပြင် မျိုးရိုးလိုက်ခြင်း၊ ထိခိုက်မိခြင်း၊ ငယ်သွားများမကျိုးပဲကျန်ခြင်းကြောင့်လဲ ဖြစ်ပေါ်နိုင်ပါတယ်။

👶ကလေးတွေရဲ့ သွားတွေ မညီမညာဖြစ်ခြင်း၊ သွားခေါခြင်း နှင့် သွားများထပ်ခြင်းကို ဖြစ်စေနိုင်တဲ့ ကလေးတွေရဲ့ အမူအကျင့်များလဲရှိပါတယ်။

🔹လက်သည်းကိုက်ခြင်း
🔹လက်မစုပ်ခြင်း
🔹အောက်နှုတ်ခမ်းကိုက်ခြင်း
🔹လျှာကိုကိုက်ခြင်း
🔹လျှာဖြင့်သွားများကို ထိုးခြင်း၊ တွန်းခြင်း
🔹ပါးစပ်ဖြင့်အသက်ရှူခြင်း
🔹မှောက်လျှက်အိပ်ခြင်း
🔹နို့ဘူးစို့သည့်အချိန်များခြင်း
🔹သွား‌ပေါက်ပြီးသားအရွယ်တွင်ချိုလိမ်ကို ပါးစပ်ထဲထည့်ချိန်များခြင်း
🔹သွားနှင့်ခံတွင်းကို သန့်ရှင်းရေးမပြုလုပ်ခြင်း

အစရှိတဲ့ အမူအကျင့်တွေကတော့ ကလေးတွေရဲ့ သွားအလှအပကို ထိခိုက်စေနိုင်တဲ့ အမူအကျင့်ဆိုးတွေပဲဖြစ်ပါတယ်။

သွားကျန်းမာရေးအတွက် ဆိုးကျိုးတွေကတော့
🔹အစားစားတဲ့အခါ စားရ ဝါးရ ခက်ခဲခြင်း
🔹သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ ဖြစ်ခြင်း
🔹မေးရိုးအဆစ်များ နာကျင်ခြင်း
🔹ပါးစပ်ဖြင့်သာ အသက်ရှူခြင်း
🔹စကားပြောရခက်ခဲခြင်း တို့ကို ဖြစ်ပေါ်စေပါတယ်။

👶ကလေးတွေရဲ့ သွားတွေမညီညာဖြစ်နေမယ်၊ ခေါနေမယ်၊ သွားထပ်နေမယ်ဆိုရင်တော့ သွားညှိကုသခြင်းဖြင့် ကုသလို့ရပါတယ်။

👨‍👩‍👧‍👦ကလေးတွေရဲ့ သွားတွေ ညီညာလှပဖို့အတွက် အမူအကျင့်ဆိုးတွေကိုတော့ မိဘများမှ ဂရုစိုက် ပြုပြင်ပေးဖို့အတွက် Dr.Tooth Dental Care မှ တိုက်တွန်းပါရစေ။

Your Smile Is Important To Us!






#သွားကျန်းမာရေး
#ကလေးနှင့်သွားကျန်းမာရေး

Address

Kan Road, Hlaing Township
Yangon
11051

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

959778833887

Website

Alerts

Be the first to know and let us send you an email when Dr.Tooth Dental Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Tooth Dental Care:

Share