ဟိန်း Dental Clinic

ဟိန်း Dental Clinic Mingalarpar,Let me take Responsibility for your oral health and for your teeth

 #ရှေ့သွားတွေပြန်စိုက်ဖို့  ဘယ်လိုသွားမျိုးရွေးချယ်ရမလဲစဉ်းစားရခက်နေပါသလား???😒အပြုံးဆိုတာ မျက်နှာ၁ခုရဲ့ အရေးကြီးဆုံးအစိတ...
10/11/2017

#ရှေ့သွားတွေပြန်စိုက်ဖို့ ဘယ်လိုသွားမျိုးရွေးချယ်ရမလဲစဉ်းစားရခက်နေပါသလား???😒
အပြုံးဆိုတာ မျက်နှာ၁ခုရဲ့ အရေးကြီးဆုံးအစိတ်အပိုင်းပါပဲ☺
-ရှေ့သွားတွေ လှလှလေးပြန်စိုက်ဖို့အတွက် ဘယ်လိုသွားအမျိုးအစားကိုရွေးချယ်သင့်လဲ စဉ်းစားရခက်နေတဲ့ကိုကိုမမများအတွက်ရွေးချယ်စရာများကိုဖော်ပြပေးလိုက်ပြီနော်☺
1. Acrylic jacket crown (ပလက်စတစ်သွားလို့လည်းခေါ်ကြတယ်)
-သူကတော့ဈေးအသက် သာဆုံးပဲ ၊ပါးလွှာတယ်၊weightအားဖြင့်ပေါ့ပေါ့ပါးရှိတယ်၊သဘာဝသွားအရောင်နဲ့ နီးစပ်အောင်တော့ပြုလုပ်နိုင်တယ်
-များသောအားဖြင့် ယာယီ အစွပ် အနေနဲ့ပဲအသုံးပြုလေ့ရှိကြတယ်
👉👉👉👉👉အားနည်းချက်တွေကတော့
တိုက်စားမှု ဒဏ်ကို အရမ်းမခံနိုင်လို့ နှစ်ရှည် လများအသုံးပြုရင် acrylicသားပါးလာနိုင်တယ်၊ပေါက်ပြဲလာနိုင်တယ်
-နှစ်ကြာလာတာနဲ့အမျှ အရောင်ပြောင်းသွားနိုင်တယ်
-မာကြောတဲ့ အရာတွေ ဝါးလို့မရ

2.Pocelain fused to metal(သတ္တု စပ်ကြွေသွားလို့ခေါ်ကြတယ်)☺
-ဒီတစ်မျိုးကတော့ အသုံးအများဆုံးပဲ 😉
-အောက်ခံသတ္တုအလွှာကို အပေါ်က ကြွေရည်လောင်းထားတာပါ
-Acrylic crownနဲ့ ယှဉ်ရင် အရောင်အားဖြင့်ပိုလှမယ်၊နှစ်ပေါင်းများစွာ အသုံးပြုလည်း အရောင်ပြောင်းလဲမှု သိပ်မရှိဝူး
-အောက်ခံသတ္တုကိုကြွေရည်လောင်းထားလို့ နည်းနည်းပိုထူတယ်
👉👉👉👉👉အားနည်းချက်တွေက
-သတ္တုပေါ် ကြွေရည်လောင်းပြီး ပြုလုပ်ထားတာမို့ အရမ်း အမာကြီးဝါးရင်တော့ ပဲ့နိုင်တာမျိုးရှိမယ် ၊အခန့် မသင့်ရင်ပဲ့နိုင်တာမျိုးရှိတတ်တယ်
သွားရဲ့အနောက် မျက်နှာပြင်မှာ သတ္တု အရာလေး ၁ခုပါလေ့ရှိတယ်
-နည်းနည်းပိုထူလို့ သဘာဝသွားကို နည်းနည်းပိုသေးအောင်စားရတယ်😒

3.Pocelain fused to Zarconium(အကောင်းစား ကြွေသွားပေါ့)
-ဒါကတော့ ကုန်ကျစရိတ်အကြီးဆုံးပဲ😉
Zarconium သွားအကြောင်းပြောပြီဆိုတော့Zarconium ရဲ့ အားသာချက်လေးတွေကို ပြောပြရတော့မယ်☺
-ဒီmaterialက biocompatable အရမ်းဖြစ်တယ် (အရှင်းဆုံးပြောရရင် ပါးစပ်ထဲမှာရှိတဲ့ သွားဖုံး၊လျာစသည်တို့နဲ့ ဓာတ်တည့်တယ် allegicဖြစ်တာမျိုးမရှိဝူး ...)
-အလင်းဖောက်နိုင်တဲ့ materialအမျုးအစား ဖြစ်လို့ အရောင်အားဖြစ် အရမ်းလှတယ် ၊သဘာဝသွားနဲ့ခွဲမရလောက်အောင် ကိုချွတ်စွပ်တူတယ်😉
-နောက်၁ခုက Cad Camခေါ် အဆင့်မြင့်စက်ကြီးတွေနဲ့ (3D design)ဆွဲပြီး ခုတ်ရတာဖြစ်တယ်
-အချိန်အကြာကြီး နှစ်ရှည်လများအသုံးပြုလည်း အရောင်ပြောင်းလဲသွားခြင်းမရှိလို့ အရမ်း မိုက်ပါတယ်👍
-မာကြောမှု အကြမ်းပတမ်းခံမှု ကလည်း တခြား သွားတွေထက် အသာလွန်ဆုံးမို့ ဈေးနှုန်းအားဖြင့်လည်း အမြင့်မား ဆုံးဖြစ်သွားတာပါ ☺☺☺
😊Create your new days with the best smile ✌✌✌✌

#ဟိန်းDental Clinic
-အမှတ်(၁၁၈၀/ဂ)၊သံသုမာလမ်း၊တောင်ဥက္ကလာပစေတီအရှေ့၊တောင်ဥက္ကလာပမြို့နယ်၊ရန်ကုန်။
ဖုန်း-၀၉ ၂၆၄၄၄၅၄၁၂၊၀၉၂၆၄၅၉၀၉၆၂

** မွေးရာပါ ဒေါင်းရောဂါလက္ခဏာစု (Down Syndrome) **---------------------          Down Syndrome ဟာ ခရိုမိုဆုန်း 21 မှာပြဿန...
08/11/2017

** မွေးရာပါ ဒေါင်းရောဂါလက္ခဏာစု (Down Syndrome) **
---------------------

Down Syndrome ဟာ ခရိုမိုဆုန်း 21 မှာပြဿနာဖြစ်တာကြောင့် ရရှိလာတဲ့ မွေးရာပါရောဂါ တခုဖြစ်ပါတယ်။ Down Syndrome ရှိတဲ့ကလေးကို ပြုစုပျိုးထောင်နည်းနှင့်ပတ်သက်ပြီး မိဘတွေက စိုးရိမ်ပူပန်ကြပါတယ်။ Down Syndrome နှင့် ပတ်သက်တဲ့ ဗဟုသုတတွေကိုသိထားခြင်းက မိဘတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ပါးစေပြီး ပြုစုပျိုးထောင်ရာမှာ အထောက်အကူဖြစ်စေပါတယ်။

Down Syndrome နဲ့ မွေးလာတဲ့ ကလေးတွေမှာ အခြားသောကလေးများနှင့် မတူဘဲ ရုပ်သွင်လက္ခဏာ ကွဲပြားမှုတွေ ရှိပါတယ်။

- မျက်နှာဝိုင်းပြီးပြားခြင်း၊ နောက်စေ့ပြားခြင်း

- နှာခေါင်းသေးခြင်း

- မျက်စိစောင်းနေခြင်း

- ကြွက်သားများအားပျော့နေခြင်း

- ခြေမနှင့်ခြေညိုးကြားတွင် ကြီးမားသောအကွာအဝေးရှိခြင်း

- လက်ဝါးတွင်ကန့်လန့်စင်း 1 ခုသာပါရှိခြင်း

- အရိုးအဆစ်များလွန်စွာ ပျော့ပြောင်း၍ကွေး၍ရခြင်း

- ပါးစပ်ပေါက်သေးခြင်း

- လျှာတစ်လစ်တစ်လစ်ဖြစ်နေခြင်း စတာတွေက Down Syndrome ရဲ့လက္ခဏာတွေဖြစ်ပါတယ်။

အခြားသောကလေးတွေထက်စာရင် အသက်ရှုလမ်း ကြောင်းဆိုင်ရာရောဂါများနှင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယားရောဂါပိုး ကူးစက်ခံနှုန်းပိုများတာကြောင့် Down Syndrome ကလေးငယ်တွေအတွက် မိခင်နို့ကိုဂရုတစိုက်နဲ့သေချာတိုက်ပေးဖို့ အထူးလိုအပ်ပါတယ်။ National Down Syndrome Society ရဲ့ ဖော်ပြချက်အရ မိခင်နို့တိုက်ကျွေးခြင်းဟာ Down Syndrome ကလေးငယ်အတွက် အောက်ပါ အကျိုးကျေးဇူးတွေရရှိနိုင်တယ် လို့သိရပါတယ်။

1. ခံတွင်းနှင့်မေးရိုးရှိ ကြွက်သားတွေကို သန်မာစေတာကြောင့် စကားပြောစွမ်းရည်တိုးတက်စေခြင်း

2. ကလေးနှင့်မိခင်အရေပြားချင်းထိတွေ့ခြင်းကြောင့် ဦးနှောက်တွင်းရှိ အာရုံကြောဆက်သွယ်မှုများတိုးတက် ကောင်းမွန်လာခြင်း

3. အစာချေစနစ်ကို ပိုမိုကောင်းမွန်စေတာကြောင့် အာဟာရစုပ်ယူနိုင်စွမ်းကို ပိုကောင်းစေခြင်း

Down Syndrome ရှိတဲ့ကလေးတွေဟာ ကြွက်သားအားနည်းပြီး တခြားသော ကလေးငယ်များထက် ပိုအိပ်တာကြောင့် မိခင်အနေဖြင့် ကလေးနို့တိုက်ချိန်နှင့်ပတ်သက်ပြီး အချိန်မှန်စေရန် ဂရုပြုသင့်ပါတယ်။

Down Syndrome ရှိတဲ့ ကလေးငယ်တွေဟာ အသက်ရှုလမ်းကြောင်းဆိုင် ရာရောဂါများ၊ နှလုံးချို့ယွင်းချက်များ၊ အစာအိမ်လမ်းကြောင်းပြဿနာများ၊ နားမကြားခြင်းနှင့် အမြင်အာရုံဆိုင်ရာပြဿနာတွေဖြစ်ဖို့ အလားအလာပိုများတာကြောင့် ကလေးငယ်ကို ငယ်ငယ်ကတည်းက ဂရုစိုက်သင့်ပါတယ်။ အစကတည်းက ကလေးငယ်ရဲ့ကျန်းမာရေးပတ်သက်ပြီး ကလေးဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ ဗဟုသုတတွေကို ကြိုတင်လေ့လာပါ။

ဆေးကုတာအပြင် ပညာရေးဆိုင်ရာ ပိုကောင်းအောင် အထူးသင်ကြားမှုတွေပြုလုပ်နိုင်ပါတယ်။ Down Syndrome ရှိတဲ့လူတွေဟာ ရုပ်ရှင်ပိုင်းဆိုင်ရာမှာ ထူးချွန်ဆုရခဲ့တာတွေတောင် ရှိပါတယ်။



Dr. Htet Htet Aung (www.drmyanmar.com)

ဆီးချိုသွေးချို နှင့် ခံတွင်းကျန်းမာရေး
31/10/2017

ဆီးချိုသွေးချို နှင့် ခံတွင်းကျန်းမာရေး

ဒီ၁ခေါက်ပြောပြပေးမှာကတော့   သွားများဖြူးဖွေးလာအောင် လေဆာဖြင့်ကုသပေးတဲ့   (Tooth whitening treatment) အကြောင်းပါ😊Tooth wh...
17/10/2017

ဒီ၁ခေါက်ပြောပြပေးမှာကတော့ သွားများဖြူးဖွေးလာအောင် လေဆာဖြင့်ကုသပေးတဲ့ (Tooth whitening treatment) အကြောင်းပါ
😊Tooth whitening treatemnt ဆိုတာဘာလဲ ...?
-အလှ အပနဲ့ဆိုင်တဲ့ကုသမှု ၁မျိုး ပါ။ မိမိသွားများ ဝါနေသူများ ညိုနေသူများ၊ပြုံးလိုက်တိုင်းယုံကြည်မှုလျော့နည်းနေသူများအတွက် သွားမျက်နှာပြင်ပေါ်ရှိအရောင်အဆင်းတချို့ကို ဖယ်ရှားပေးနိုင်ပြီး သွားများကိုဖြူဖွေးသစ်လွင်၍ မှန်ကြည့်လိုက်တိုင်း မိမိကိုယ်ကို ယုံကြည်မှု ရရှိစေနိုင်မယ့်ကုသမှုမျိုးပါ။

😊Tooth whitening treatment လုပ်တဲ့ဆေးတိုင်းမှာ carbamide peroxide ဖြစ်စေ ၊ Hydrogen peroxideဖြစ်စေ peroxide ၁မျိုးမျိုး အမြဲပါပါတယ်။

😊သွားဘာလို့ဝါတာလဲ
-ဒါကတော့ ၁ဦးနဲ့ ၁ဦး မတူညီပါဝူး တချို့က မွေးတည်းက သွားဝါတာမျိုးရှိပါတယ်။
-နောက်၁ချက်က မိခင်က ကိုယ်ဝန်လွယ်နေချိန် နှင့် နို့တိုက်ချိန်များတွင် Tetracycline ခေါ် ပဋိဇီဝ ပိုးသတ်ဆေး မျိုးကို စွဲစွဲမြဲမြဲ သောက်သုံးသောကြောင့် ကလေးရဲ့သွားမှာ tetracycline strainဖြစ်ပေါ်လေ့ရှိပါတယ်။
👉👉👉တခြားသွားဝါစေတဲ့အချက်တွေကတော့
-နှစ်ရှည်လများဆေးလိပ် သောက်သုံးခြင်း
-အရောင် အစွန်းပါသော အချို ရည်များ (eg .cola ) ၊coffee၊tea၊ အနီရောင်ရှိသော wineနှင့် soft drinkများ နှင့် ဆိုးဆေး ပါသော အစားအစာများကို အချိန်ကြာမြင့်စွာ စားသုံး သောက်သုံး သူများ ကသွားဝါလေ့ရှိကြပါတယ်။

😊Tooth whitening treatment ကိုဘယ်အသက်အရွယ်က စပြီးကုသမှု ခံယူနိုင်လဲ ??
-အသက် ၁၃နှစ် ကျော်နှင့် အထက်မှ သာ ခံယူသင့်ပါတယ်

😊ဘယ်လောက် ကြာကြာခံနိုင်လဲ
-Tooth whitening treatment က အမြဲတမ်းpermanent ခံတဲ့ treatmentမျိုးမဟုတ်ပါ။ ကုသမှုခံယူပြီး အပေါ်မှာဖော်ပြထားသည့် အရောင်ဆိုးဆေးပါသောအစားအစာများ အအေးများနှင့် ဆေးလိပ် အလွန်သောက်သုံးသူများ ကတော့ တဖြည်းဖြည်း colorပြန်လျော့သွားနိုင်ပါတယ်။ ထိုအချက်များကို ရှောင်ရှားနိုင်ပါက အချိန်အကြာကြီးခံပါတယ်။
-၁နှစ် ၁ခါ colorပြန်တင်တာဖြစ်စေ ၊ retreatmentပြန်လုပ်တာဖြစ်စေလုပ်လို့ရပါတယ်။

😊Tooth whitening treatment လုပ်လျင်နာကျဉ်နိုင်လား
-ဒါကတော့ မိမိအသုံးပြုတဲ့ဆေးအပေါ်မူတည်ပြီး အနည်းငယ်ကွာပါတယ်။
-ပုံမှန်အားဖြင့်တော့ သွားကျဉ် ခြင်းနှင့် သွားဖုံးစပ်ခြင်းတို့ ၁ရက်ခန့်ဖြစ်နိုင်ပါတယ်။ဒါကလည်း ခဏသာဖြစ်တဲ့အတွက် စိုးရိမ်စရာမလိုပြန်လည် ပျောက်ကင်းနိုင်ပါတယ်။

😊Tooth whitening treatmentလုပ်ရင် သွားကြွေလွှာတွေပျက်စီးစေနိုင်သလား?
- သွားကြွေလွှာတွေပျက်စီးစေနိုင်ခြင်း မရှိပါ။

😊 ဖာထေးထားသော ဆေးများ ၊ စိုက်ထားသော သွားများ(bridge)၊ crown အစွပ်များကို ထိခိုက်မှု ရှိစေပါသလား ၊ အရောင်ကောပြောင်းသွားစေနိုင်ပါသလား?
- ထိခိုက်မှု မရှိနိုင် သလို အရောင်လည်းမပြောင်းသွားနိုင်ပါ
ဒါကြောင့် colorကိုက်ညီမှုရှိစေရန် fillingသွားဖာခြင်း ၊ သွားစိုက်ခြင်း ၊ ကြွေလွှာကပ်ခြင်း တို့ကို whiteningလုပ်ပြီးမှ ပြုလုပ် သင့်ပါသည်။

😊ကြာချိန်ဘယ်လောက်ရှိလဲ ?
- သွားဖုံးရောင်တာ မရှိသောသူများ သွားဖုံးကျန်းမာရေးကောင်းသော သူများအတွက် အချိန် ၁နာရီမျှ ပျမ်းမျပေးရုံနဲ့ ပြုလုပ်နိုင်ပါပြီ။
(သွားဖုံးမကောင်းသူများနှင့် သွားဖုံးရောင်သူများ အတွက် တော့2 visit ၂ကြိမ်လောက်လာရပါတယ်)

ဟိန်း(Dental Clinic)
အမှတ်(၁၁၈၀၊ဂ)၊ သစ္စာလမ်း၊ တောင်ဥက္ကလာဘုရားအရှေ့ ၊တောင်ဥက္ကလာမြို့နယ် ၊ ရန်ကုန်။
ဖုန်း -၀၉၂၆၄၄၄၅၄၁၂၊ ၀၉၂၆၄၅၉၀၉၆၂။

သွားဆေးခန်းနှင့် ကြောက်ရွံ့စိတ်(Dental Fear or Dental Phobia) တစ်ခုခုကို ကြောက်ရွံ့တာကို Phobia လို့ခေါ်ပါတယ် ။ဥပမာ ဆေးထိ...
13/10/2017

သွားဆေးခန်းနှင့် ကြောက်ရွံ့စိတ်
(Dental Fear or Dental Phobia)


တစ်ခုခုကို ကြောက်ရွံ့တာကို Phobia လို့ခေါ်ပါတယ် ။ဥပမာ ဆေးထိုးအပ်ကို ကြောက်တာကို Needle Phobiaလို့ခေါ်တယ် ။ သွားနှင့်ခံတွင်း စစ်ဆေးကုသမှုတွေကိုကြောက်တာ (သွားဆေးခန်းသွားရမှာ ၊သွားဆရာဝန်နဲ့တွေ့ရမှာ ကြောက်တာကိုတော့) Dental Phobia (Dentist Phobia or Odontophobia or Dental Anxiety) လို့ခေါ်ပါတယ် ။

အမေရိကန်နိင်ငံလို ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီးမှာတောင် သွားနှင့်ခံတွင်းကုသမှုကိုကြောက်ရွံ့တာကို တွေ့နေရသည် ဟု စစ်တမ်းများကဖော်ပြနေသည် ။ ကလေး ၊လူငယ် လူလတ် ၊လူကြီး ၊မရွေး သွားဆေးခန်းလာရမှာ ကြောက်ကြသည် ။ ကျတော်တို့တွေ ငယ်ငယ်တုန်းက လက်မောင်းမှာ ကာကွယ်ဆေးထိုးတော့ ကလေးတိုင်းလိုလို ငိုကြသည် မဟုတ်လား ။ ဒါတောင် လက်မောင်းတို့ တင်ပါးတို့ ဆိုတာ မမြင်အောင်လွှဲထားလို့ ရသည့်နေရာ ။ သွားနှင့်ခံတွင်း မျက်စိအောက် တည့်တည့်တွင်လုပ်ကိုင်ရတော့ ကြောက်သည်ဆိုသည်မှာ သဘာဝကျသည် ။

ကျတော်တို့ ကိုယ်တိုင်လည်း အနည်းနဲ့အများကြောက်ကြသည် မဟုတ်လော ။ အဓိက ကတော့ ကလေးငယ်တွေမှာ ပိုတွေ့ရသည် ။ Negative Attitude တွေပေါ့ ။မိဘတွေက ကလေးတွေကို သွန်သင်ဆုံးမတဲ့ နေရာမှာ Negative Thinking တွေပါ တစ်ခါထဲထည့်ပေးလိုက်တယ် ။ "နင် သွားမတိုက်လို့ကတော့ ဟိုမှာ သွားဆရာဝန်က သွားတွေအကုန်နှုတ်ပစ်မှာ …မကြောက်ဘူးလား… ဘာညာပေါ့ " ။ ကြောက်ရွံ့စိတ်တွေပါ တစ်ခါတည်း ထိုးသွင်းပေးလိုက်ပြီ ။

အဲ့တော့ကလေးက သွားဆရာဝန်ဆိုတာနဲ့ ငိုဟန်ပြင်ချေပြီ ။ ဒါကတစ်ချက်ပေါ့ ။

နောက်တစ်ခုက ပတ်ဝန်းကျင်…။ တစ်ယောက် စကား တစ်ယောက် နားစွန်နားဖျားကြားပြီး ဝါဒဖြန့်ရင်း အကုန်ဒုက္ခပေးပါလေရော ။ (သွားနှုတ်ရင် မျက်ကြောမလွတ်တာတို့ ဆိုတာ လူနာတော်တော်များများက ကြောက်ရွံ့စွာမေးလေ့ရှိသော မေးခွန်းတစ်ခုသာ) ။ဥပမာ လူနာက အရင်ကတည်းက မေးရိုးမှာ ပြဿ နာက ရှိပြီးသား (အသက်ကြီးလို့ အရိုးတွေ ပွလာတာက တစ်ကြောင်း ၊ ရောဂါဓာတ်ခံတစ်ခုခု ပေါ့) ။အဲ့တာကို မဖြစ်မနေသွားနှုတ်ဖို့လိုအပ်လာလို့ သွားနှုတ်ရင်း နဂိုရောဂါဓာတ်ခံ ကြောင့် မထင်မှတ်ပဲ ကျိုးသွားပြီဆိုပါတော့ ။ လာပြီ ။ "ဟို သွားဆေးခန်းက ဆရာပေါ့ ၊သွားနှုတ်တာမေးရိုးပါ ကျိုးသွားတယ် " ဆိုပြီး တစ်ဟုတ်ထိုးကို တစ်ခဏတွင်း ကျော်ကြားစေရမယ် ။ အဲ့တာက တစ်ကြောင်း ။

ငွေကြေး အခက်အခဲ ။ မှန်ပါတယ် ။သွားနှင့်ခံတွင်းသုံး ဆေးဘက်ဆိုင်ရာပစ္စည်း တွေက အင်မတန်ဈေးကြီးပါတယ် ။ဒါကျတော်တို့နိုင်ငံမှာတော့ တော်တော် သက်သာတယ်ပဲပြောရမှာပါ ။ စင်ကာပူလိုနေရာမျိုးမှာ သွားဖာတာလောက်ကိုတောင် ဒေါ်လာ ရာနဲ့ချီပြီးပေးနေရတာ ။ဒီမှာတော့ မြန်မာငွေ ၆၀၀၀ ၊ ၁၀၀၀၀ စသည်ပေါ့ ။ ခံတွင်းထဲမှာ သုံးရမယ့် ပစ္စည်းဖြစ်လေတော့ အဆိပ်အတောက် ကလည်းဖြစ်လို့မရ ၊လူကို အန္တရာယ်ပေးလို့ မရ ။ လိုအပ်တဲ့ အရေအချင်း သတ်မှတ်ချက်တွေက များလေတော့ ဈေးကလည်း များချေပြီ ။

နိုင်ငံခြား သင်္ဘောလိုက်တော့မယ့် သင်္ဘောသားတွေ ၊ တစ်ချို့ နိုင်ငံခြားခရီးစဉ် အလယ်အပတ်သွားမည့် သူတွေဆို မသွားခင် သွားဆေးခန်းတွေမှာ လာရောက်စစ်ဆေးကြသည်မှာ နိုင်ငံခြားမှာ ကုန်ကြစရိတ်များလွန်းတာက တစ်ကြောင်း အပါအဝင်သာဖြစ်တယ် ။ တစ်ခါဆို စင်ကာပူကနေ သီးသန့်လာပြီး သွားလာပြန်စိုက်သည်ကိုတောင် တွေ့ရသည် ။

နာကျင်မှု ။ လူတိုင်းက နာမှာ ကိုကြောက်ကြသည်။ သွားနှုတ်ရင်နာမှာကြောက်သည် ။ တစ်ခါဆို ဆေးကျောင်းက ပရော်ဖက်ဆာ တစ်ယောက်ကပင် နာမှာကြောက်လို့ စောင်းပေါက်နေသော အံဆုံးကို မနှုတ်ရဲဘူး ဆိုတာကို မျက်မြင်တွေ့ခဲ့ရသည်။

လူနာရဲ့ ဆရာဝန်ညွှန်ကြားချက်ကို လိုက်နာမှု ။ဆရာဝန်ကလည်း မိမိလုပ်ဆောင်မည့် ကုထုံးနဲ့ပတ်သတ်ပြီး လူနာကို နားလည်အောင်ရှင်းပြထားဖို့လိုပါတယ် ။ တစ်ခါ လူနာတစ်ယောက် ရောက်လာတယ် ။ ကြည့်လိုက်တော့ သွားပိုးပေါက်မှာ ယာယီဆေးဖာထားတယ် ။ ရည်ရွယ်ချက်က ယာယီဆေး ဖာပြီး တစ်ပတ်လောက်နေလို့ မနာရင် အမာနဲ့ သွားဖာရန်ဖြစ်တယ် ။ ဒါပေမယ့် ယာယီဆေးဖာပြီး တစ်ပတ်အတွင်း သို့မဟုတ် ဖာပြီးမည်သည့်အချိန်မဆို နာလာလို့ကတော့ ဆေးခန်းကို ပြန်သွားပြီး ဆေးကို ပြန်ဖယ်ထုတ်ပေးရမှာဖြစ်ပါတယ်။ အဲ့လိုနာလာလို့ကတော့ သွားဖာလို့မရတော့ပါ ။ အခြား ကုသမှုနဲ့ပြောင်းကုရမှာဖြစ်တယ် ။

ဒါကိုဆရာက ပြောဖို့မေ့သွားတာလား ။ လူနာကပဲ မကြားလိုက်လေသလားတော့ မသိ…။ထိုဆေးခန်းကို မသွားချင်တော့ပါပြောလာသည် ။

နောက်တစ်ခုက ဆရာဝန်နဲ့ လူနာဆက်ဆံရေး ။ အပြော အဆိုလေးလည်းကောင်း ၊မိသားစုလိုနွေးထွေးပြီး ချိုချိုသာသာဆက်ဆံ ၊ လူနာရဲ့ ရင်ဖွင့်သံကို ဂရုတစိုက်နားထောင်ပေးတဲ့ ဆရာနဲ့ဆိုရင် အနည်းနဲ့အများလူနာရဲ့ ကြောက်ရွံ့မှုက လွင့်ပျယ်သွားမှာပါ ။

ဘယ်လိုစီမံမလဲပေါ့ (Management)

အဓိက ကလေးငယ်တွေဆို ငယ်ငယ်ကတည်းက သွားနှင့်ခံတွင်း ဆရာဝန်တွေနဲ့ အထိအတွေ့ရှိမယ် ။မိခင်တွေ အနေနဲ့ ကလည်း သားသမီး တွေကို အကြောက်တရားတွေထိုးမသွင်းပေးမိစေဖို့နဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးကို ၆ လတစ်ကြိမ်အနည်းဆုံး စစ်ဆေးမှုခံယူခြင်းဖြင့် သွားဆေးခန်းတွေကို ရင်းနီးကျွမ်းဝင်စေပါမှာဖြစ်ပါတယ် ။ကလေးငယ်တွေကို ကုသမှုပေးတဲ့နေရာမှာ ဆရာဝန်အနေနဲ့ Tell,Show,Do Technique ကိုအသုံးပြုခြင်းဖြင့်လည်း Dental fear ကိုလွင့်ပြယ်စေမှာပါ ။

နောက်တစ်ခုက သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုစိုက်မယ် ။ တစ်နေ့ ၂ ကြိမ် ဖလိုရိုဒ်ပါတဲ့သွားတိုက်ဆေးနဲ့ ပုံမှန်သွားတိုက်ခြင်း ၊ သွားကြားပွတ်ကြိုးအသုံးပြု ပြီး သွားကြားတွေကို သန့်ရှင်းခြင်း ကိုပြုလုပ်ပေးရပါမယ် ။

ပတ်ဝန်းကျင်ရဲ့ ပြောစကားတွေကို မိမိရဲ့ အသိဉာဏ်ယှဉ်ပြီး ဆုံးဖြတ်ဖို့ နဲ့ သံသယရှိမယ်ဆိုရင် ကိုယ်တိုင် သွားဆရာဝန်နဲ့ တိုင်ပင်ခြင်း ။

စိတ်ပိုင်းဆိုင်ရာ ကိုပြောင်းလဲပေးခြင်း (Behavioural Techniques) နဲ့ စိတ်ဖိစီးမှု လျော့ချပေးနိုင်တဲ့ ဆေးဝါးတွေတိုက်ကျွေးခြင်း (Pharmachological Techniques) တွေနဲ့လည်း သွားနှင့်ခံတွင်း ကုသမှုနဲ့ အကြောက်တရားတွေ (Dental Phobia or Fear) ကိုဖယ်ရှားနိုင်ပါတယ် ။

မိမိ မှတ်သားမိသလောက် ပြန်လည်ဝေမျှထားခြင်းဖြစ်ပါသည် ။ အမှားအယွင်းပါ ပါက မေတ္တာရှေ့ထားပြီး ပြင်ဆင်လမ်းညွှန်ပေးကြရန် ဆန္ဒပြုပါသည် ။

Ref: American Academy of Pediatric Dentistry (AAPD). Guideline on behavior guidance for the pediatric dental patient. Chicago (IL) 2006.Bracha HS, Vega EM, Vega CB (2006).

"Posttraumatic dental-care anxiety (PTDA): Is "dental phobia" a misnomer?" (PDF). Hawaii Dent J. 37 (5):

PMID 17152624.
Locker D, Shapiro D, Liddell A (June 1996). "Negative dental experiences and their relationship to dental anxiety".

Community Dent Health. 13 (2): 86–92. PMID 8763138.
Dental Fear Central. The Tell-Show-Do Technique for Adult Dental Patients
Dr ရဲမာန်

သွားများ တိုက်စားခံရခြင်း (Abrasion of teeth)  သွားဆေးခန်းကိုလာတဲ့ လူနာအများစုမှာတွေ့ရလေ့ရှိတဲ့ သွားနှင့်ခံတွင်းပြဿနာ ။ ...
09/10/2017

သွားများ တိုက်စားခံရခြင်း (Abrasion of teeth)


သွားဆေးခန်းကိုလာတဲ့ လူနာအများစုမှာတွေ့ရလေ့ရှိတဲ့ သွားနှင့်ခံတွင်းပြဿနာ ။ " ဆရာ အပူအအေးသောက်လိုက်တိုင်း၊ တစ်ခါတစ်လေ လေတိုးသွားရင်တောင် သွားက ကျင်နေလို့ပါဆိုတာ… " ။

ပြဿနာက သွားတွေတိုက်စားခံရပြီး သွားအရင်းပိုင်းတွင် ပြုန်းနေခြင်းဖြစ်သည် ။ သွားရဲ့အပေါ်ယံကြွေလွှာက တိုက်စားခံရခြင်းကြောင့် ကြွေလွှာအောက်က ဆင်စွယ်နှစ်လွှာ (သွားကျင်ခြင်းကို ဖြစ်စေသည့် ကျင်ကြော) များပေါ်လာခြင်းကြောင့်ဖြစ်သည် ။

ဖြစ်ပွားရသည့်အကြောင်းအရင်းများ…
========================

(၁) သွားတိုက်နည်းစနစ်မှားယွင်းခြင်း

ယနေ့ချိန်အထိ နယ်ဘက်မှာရော မြို့ပေါ်မှာရော တွေ့နေရသော မှားယွင်းသော သွားတိုက်နည်းစနစ်တွေ ကျင့်သုံးနေခြင်းကြောင့်ဖြစ်သည် ။ သွားကို အပေါ်၊ အောက် တိုက်ရမည့်အစား အရှေ့ အနောက် ကန့်လန့်ဖြတ် တိုက်ခြင်းကြောင့် ကြွေလွာများပါလာကြခြင်းဖြစ်သည် ။

(၂) နေထိုင်မှုစနစ်မှားယွင်းခြင်း

ဆေးလိပ် နှင့်ကွမ်းယာတွေ သုံးစွဲခြင်း ၊ ဆေးတံသုံးစွဲခြင်း ၊ကျောင်းသာတွေ ခဲတံ ဘောပင် ကိုက်ခြင်း ၊ မာကြောသောပစ္စည်းတွေ ကိုက်တတ်သူတွေမှာ သွားတွေပြုန်းနိုင်ပါတယ် ။ ဒါ့အပြင် ရွာတွေမှာ မီးသွေး ၊ဆားစသည်ဖြင့် သွားတိုက်သည့် အလေ့ကလည်း သွားတွေပြုန်းရခြင်း အကြောင်းတစ်ခုဖြစ်ပါတယ် ။

(၃) သွားနှင့်ခံတွင်းသုံး ပစ္စည်းများ

အံကပ်တွေမှာပါတဲ့ သွားတွေကုတ်တွယ်ပေးပြီး အံကပ်ကိုတည်မြဲစေတဲ့ သံချောင်းခေါ် Clasp လေးတွေ ပုံမှန်ထက် သွားမျက်နှာပြင်နှင့် အလွန်ကပ်နေသည့်အခါ အချိန်ကြာလာသည်နှင့်အမျှ သွားတွေပြုန်းလာတတ်ပါတယ် ။

စသည်ဖြင့် ကြွေသွားလွှာတွေတိုက်စားခံရပြီး သွားတွေပြန်းလာကာ ကနဦးပိုင်းတွင် လက္ခဏမပြသော်လည်း ကျင်ကြောများပေါ်လာသည့် အခါ သွားတွေကျင်လာပြီး ၊ ကုသမှုမခံယူပါက သွားအမြစ်ထိရောက်ကာ နာကျင်လာမည် ဖြစ်သည် ။ ထိုအခါ အပ်နှင့်ထွင်းရမည့် အနာက ပုစိန်နှင့် ထွင်းရပေတော့မည် ။

ကုသမှုအနေနဲ့ …
===========

- သွားအမြစ်ထိ တိုက်စားခြင်းမခံရသေးပါက သွားဖာသည့်ဆေးများဖြင့် သွားအမြစ်ထိ နောက်ထပ်တိုက်စားမခံရအောင်နှင့် သွားကျင်ခြင်းမဖြစ်စေရန် တိုက်စားခံသည့်နေရာတွေကို သွားပြန်ဖာပေးလို့ ရပါတယ် ။ တစ်ဆက်ထဲမှာပဲ သွားတိုက်နည်းစနစ်မှန်ကို ရှင်းပြပေးရပါတယ် ။

- သွားအတွင်းပိုင်း အမြစ်ထိရောက်သွားပြီဆိုရင်တော့ သွားဖာလို့မရတော့ဘဲ သွားအမြစ်နှင့်ပတ်သတ်သည့် ကုသမှုတွေပေးရတော့မှာပါ ။

ဒါကြောင့် သွားတွေတိုက်စားခံခြင်းနှင့် သွားကျင်ခြင်း၊ သွားကိုက်ခြင်းနှင့် သွားနှင့်ခံတွင်းရောဂါတွေမှကင်းဝေးစေရန်

- စနစ်မှန်သော သွာတိုက်
နည်းဖြင့် တစ်နေ့နှစ်ကြိမ်တိုက်ခြင်း…

- ၆ လတစ်ကြိမ် သွားနှင့်ခံတွင်းကျန်းမာရေးကို စစ်ဆေးမှုခံယူခြင်း…

- မကောင်းတဲ့ အလေ့အကျင့်တွေ ဖြစ်တဲ့ ကွမ်းစားခြင်း ၊ဆေးလိပ်သောက်ခြင်းတို့ကိုရှောင်ကြဉ်ကြခြင်းဖြင့် ထာဝရပြုံးပန်းဆင်နိုင်ကြပါစေ… ။

# credict Dr .ရဲမာန်

** ပါးချိတ်ရောင်ခြင်း **----------------          ပါးချိတ်ရောင်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းတစ်မျိုးဖြစ်ပြီး par...
08/10/2017

** ပါးချိတ်ရောင်ခြင်း **
----------------

ပါးချိတ်ရောင်ရောဂါဟာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်းတစ်မျိုးဖြစ်ပြီး parotid gland လို့ခေါ်တဲ့ နားရှေ့တွင်ရှိသော တံတွေးအကျိတ်ရောင်ရမ်းတာဖြစ်ပါတယ်။ အရင်တုန်းက အဖြစ်များတဲ့ရောဂါ တခုဖြစ်ပေမယ့် အခုအခါမှာ ကာကွယ်ဆေးတွေပေါ်လာပြီးဖြစ်တာကြောင့် ဖြစ်ပွားနှုန်းလျော့ ကျလာပြီဖြစ်ပါတယ်။ ကာကွယ်ဆေးကိုတော့ သတ်မှတ်ထားတဲ့အတိုင်းထိုးဖို့အရေးကြီးပါတယ်။

>> ရောဂါလက္ခဏာများ

ရောဂါလက္ခဏာတွေကို များသောအားဖြင့် ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး နှစ်ပတ်မှ သုံးပတ်အတွင်း တွေ့ရလေ့ရှိပြီး အချို့သောလူတွေမှာ ရောဂါလက္ခဏာပြလေ့မရှိပါ။

- မျက်နှာပြင် တစ်ဘက်တည်း (သို့) နှစ်ဘက်လုံးရှိ တံတွေးဂလန်း (ပါးချိတ်ရောင်ခြင်း) များရောင်ရမ်းခြင်း

- ကိုယ်ပူခြင်း

- ခေါင်းကိုက်ခြင်း

- ကြွက်သားနာကျင်ကိုက်ခဲခြင်း

- နုံးခွေခြင်း၊ ပါးဆောင်များနာလာခြင်း

- ခံတွင်းပျက်ခြင်း

- အစာဝါးရာတွင် (သို့) မျိုချရာတွင် နာကျင်ခြင်း

>> ဖြစ်ပွားရသည့်အကြောင်းရင်း

Mumps ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားရခြင်းဖြစ်ပြီး ဗိုင်းရပ်စ်ပိုးဟာ ရောဂါပိုးကူးစက်ခံထားရသူရဲ့ တံတွေးမှတဆင့် အခြားသူများသို့ လွယ်ကူစွာပျံ့နှံ့သွားနိုင်ပါတယ်။ ရောဂါပိုးရှိသူနှင့် အသုံးအဆောင်များမျှဝေသုံးစွဲခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးရာမှတဆင့် ရောဂါပိုးရှိသူရဲ့ တံတွေးမှတဆင့်ကူးစက်နိုင်ပါတယ်။

>> နောက်ဆက်တွဲဆိုးကျိုးများ

နောက်ဆက်တွဲဆိုးကျိုးတွေက ပြင်းထန်ပေမယ့် အဖြစ်နည်းတာကိုတွေ့ရပါတယ်။

1. ဝှေးစေ့ရောင်ရမ်းခြင်း- အရွယ်ရောက်ပြီးတဲ့အမျိုးသားတွေမှာ ဝှေးစေ့ရောင်ရမ်းတာဖြစ်နိုင်ပါတယ်။ အဖြစ်နည်းပေမယ့် တခါတရံမှာ ကလေးမရတဲ့အထိ ဖြစ်နိုင်ပါတယ်။

2. ပန်းကရိယရောင်ရမ်းခြင်း

3.အရွယ်ရောက်ပြီးတဲ့အမျိုးသမီးများတွင် မျိုးဥအိမ်နှင့် ရင်သားရောင်ရမ်းခြင်း

4. ဗိုင်းရပ်စ်ပိုးဦးနှောက်သို့ရောက်သွားခြင်းကြောင့် ဦးနှောက်အမြှေးပါးရောင်ရမ်းခြင်း

5. အကြားအာရုံဆုံးရှုံးခြင်း

6. အသဲရောင်ရမ်းခြင်း

7. သိုင်းရွိုက်ဂလန်းရောင်ရမ်းခြင်း

>> စစ်ဆေးခြင်း

ပါးချိတ်ရောင်တယ်လို့သံသယရှိပါက culture ပိုးမွေးခြင်းနှင့် သွေးစစ်ဆေးခြင်းကိုပြုလုပ်နိုင်ပါတယ်။ mumps ဗိုင်းရပ်ကူးစက်ခံရပါက ခန္ဓာကိုယ်က ပဋိဇီဝပစ္စည်းတွေထုတ်ပြီး အလိုအလျောက်တိုက်ခိုက်တာကြောင့် သွေးစစ်ဆေးခြင်းဖြင့် ဗိုင်းရပ်စ်ကိုတိုက်ခိုက်တဲ့ ပဋိဇီဝရှိ/မရှိ စစ်ဆေးနိုင်ပါတယ်။

>> ကုသခြင်း

အနားယူခြင်းက အကောင်းဆုံးကုသမှုဖြစ်ပါတယ်။ ပုံမှန်အားဖြင့် နှစ်ပတ်ခန့်အကြာမှာ နာလန်ပြန်ထနိုင်မှာဖြစ်ပါတယ်။ ပါးချိတ်ရောင်နေပါက ကိုယ်ပူသက်သာတဲ့အထိ အိမ်တွင်အနားယူပါ။ ရေဓာတ်ပြည့်ဝနေစေရန် ဂရုစိုက်ပါ။ အချဉ်ဓာတ်ရှိတဲ့ အစားအစာတွေက တံတွေးထွက်ရှိလာအောင် လှုံ့ဆော်ပေးတာကြောင့် ပါးချိတ်ရောင်နေစဉ်အတောအတွင်းရှောင်ရှားပါ။ ရောင်ရမ်းနေတဲ့နေရာကို ရေနွေးအိတ် (သို့) ရေခဲကပ်ပေးပါ။ ကိုယ်ပူခြင်း၊ ရောင်ရမ်းခြင်းတွေအတွက် ဆရာဝန်ညွှန်ကြားတဲ့ အကိုက်အခဲပျောက်ဆေးတွေ မှီဝဲပါ။

အစာစားရာမှာ နာကျင်မှုလျော့နည်းစေရန် အစာပျော့ပျော့ပဲ စားပေးဖို့လိုအပ်ပါတယ်။ ပါးချိတ်ရောင်တဲ့ ကလေးငယ်မှာအောက်ပါအခြေအနေတွေ တွေ့ရှိရပါက ဆရာဝန်နှင့်အမြန်ဆုံးပြသဖို့လုပ်ဆောင်ပါ။

- အဖျား 103 ဒီဂရီဖာရင်ဟိုက် အထက်တွင်ရှိခြင်း

- အစာမဝင်ခြင်း

- စိတ်ရှုပ်ထွေးခြင်း

- ဝမ်းဗိုက်အောင့်ခြင်း

- ဝှေးစေ့ရောင်ရမ်းနာကျင်ခြင်း

>> ကာကွယ်ခြင်း

MMR (measles, mumps, and rubella) လို့ခေါ်တဲ့ သုံးမျိုးစပ် (ဝက်သတ်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး) ကာကွယ်ဆေးကို ကာကွယ်ဆေးထိုးရန် အချိန်ဇယားအတိုင်း ထိုးထားခြင်းဖြင့် ပါးချိတ်ရောင်ရောဂါကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ပါးချိတ်ရောင်ရောဂါတစ်ခါဖြစ်ဖူးပါကလည်း နောက်တစ်ခေါက်မဖြစ်အောင် ခုခံနိုင်စွမ်းရှိသွားမှာဖြစ်ပါတယ်။

အရွယ်ရောက်ပြီးတဲ့သူများ၊ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူများ၊ နိုင်ငံရပ်ခြားသို့ ခရီးသွားရန်အစီအစဉ်ရှိနေသူများ အနေဖြင့် MMR Vaccine ထိုးနှံထားခြင်းမရှိသေးပါက ဆရာဝန်နှင့်တိုင်ပင်ပြီး MMR vaccine ထိုးရန် လုပ်ဆောင်သင့်ပါတယ်။

ကိုယ်ဝန်ရှိသူများ၊ ခုခံအားနည်းနေသူများ၊ စတီးရွိုက်ဆေးဝါးမှီဝဲနေသူများ၊ ကင်ဆာရောဂါရှိသူများ၊ Gelatin (သို့) Neomycin (ပဋိဇီဝဆေးဝါး) နှင့် ဓာတ်မတည့်သူများ၊ တလအတွင်းကလေးယူရန် အစီအစဉ်ရှိသောအမျိုးသမီးများ၊ လွန်ခဲ့သောတလအတွင်း အခြားသောကာကွယ်ဆေးတခုခုထိုးထားသူများအနေဖြင့် MMR ကာကွယ်ဆေးထိုးမယ်ဆိုပါက ဆရာဝန်နှင့်သေချာတိုင်ပင်ရမှာဖြစ်ပါတယ်။

>> MMR Vaccine ၏ ဘေးထွက်ဆိုးကျိုးများ

များသောအားဖြင့် ဘေးထွက်ဆိုးကျိုးမရှိဘူးဆိုပေမယ့် အချို့သောလူတွေမှာ အနီစက်ထွက်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်းတို့ဖြစ်တတ်ပါတယ်။ ပြင်းထန်တဲ့ဓာတ်မတည့်မှုဖြစ်ပွားနှုန်းဟာ လူ 10 သိန်းမှာ တယောက်နှုန်းထက်တောင် နည်းပါးတာကိုတွေ့ရပါတယ်။


Dr. Htet Htet Aung (www.drmyanmar.com)

Source-drmyanmar

07/10/2017

အကြောထုတ်ကုသခြင်း(Root Canal therapy)
👉ဒီကုသမှုကတော့ အခုနောက်ပိုင်းလူတော်တော်များများလည်း အကျွမ်းတဝင်သိလာကြတဲ့ကုသမှုပါ။ရိုးရိုးရှင်းရှင်းပြောရရင်တော့ အကြောထုတ်ကုသမုဆိုတာ သွား၁ချောင်းကို နုတ်စရာမလိုပဲ မိမိပါးစပ်ထဲမှာ ဆက်လက်ထိန်းသိမ်းထားတဲ့ကုသမှုမျိုးကို အကြောထုတ်ကုသတယ်လို့ခေါ်ပါတယ်။
-ကုသတဲ့နေရာမှာအကြမ်းဖျင်း အဆင့်၃ဆင့်ရှိပါတယ်
၁။သွား၁ချောင်းကို အမိုးဖွင့်ပြီး ပျက်စီးနေသော pulpများနှင့်တကွ infectionများကိုဖယ်ရှားခြင်း
၂ ။သွားအတွင်းရှိ(canal)အကြောတု ထည့်ကုသမည့်လမ်းကြောင်းငယ်ကို ပုံဖော်ခြင်းနှင့်
၃။အကြောတုထည့်၍ သွားပြန်ဖာထေးခြင်းတို့ဖြစ်ပါတယ်။

😊ဘယ်လိုသွားမျိုးကိုအကြောထုတ်ကုသလေ့ရှိလဲ?
-သွား၁ချောင်းဟာ (infection)ရောဂါပိုးဝင်နေပြီဟု ယူဆရတဲ့အခြေအနေမျိုးဆို အကြောထုတ်တဲ့ကုသမှုမျိုးလုပ်လေ့ရှိပါတယ်

😊ဘယ်လိုမျိုးလဲ?
-ကျွန်တော်တို့ရဲ့ သွားလေးတွေကို ပုံမှန် အားဖြင့် ကြွေလွှာ (enamel) ၊ဆင်စွယ်၂အလွှာ (dentine)နဲ့ မွသွားလွှာခေါ် အာရုံကြောငယ်ရှိသောအလွှာ (pulp)ဆိုပြီးအလွှာ၃လွှာနဲ့ဖွဲ့စည်းထားပါတယ်။အထူးသဖြင့် အတွင်း ဘက် အကျဆုံးဖြစ်တဲ့ အာရုံကြောအလွှာ (pulp)လေးဟာ အကြောင်းအမျိုးမျိုးကြောင့် (infection)ရောဂါပိုးဝင်ပြီး ရောင်ရမ်းလာသောအခါမျိုး ၊ ပျက်စီး၍ပုတ် လာသောအခါမျိုးနှင့် သွားပိုးစားခြင်းကြောင့် အမြစ်ထိပ်တွင်ပြည်တည် လာသောအခါမျိုးမှာအကြော ထုတ်ကုသမှုကို ပြုလုပ်လေ့ရှိပါတယ်။

😊ဘယ်လိုသွားမျိုးတွေမှာ( bacterial infection)ဝင်တတ်လဲ
-ကုသမှုခံယူတာနောက်ကျလို့ သွားပိုး အရမ်းစားနေသောသွား
-ဖာထေးကုသထားသော်လည်း sealမလုံသောသွား
-ထိခိုက်ဒဏ်ရာပြင်းထန်စွာရဖူးသောသွား(ဥပမာ ချော်လဲခြင်း၊ အလွန်မာကြောသောအရာများကိုကိုက်မိသဖြင့် ဒဏ်ဖြစ်သွားခြင်း)စသည့် သွားများမှာ ရောဂါပိုးဝင်လေ့ရှိပါတယ်။

😊သွားအကြောထုတ်ကုသရင်နာသလား
-ဒါကတော့လူနာတော်တော်များများမေးလေ့ရှိပါတယ်။ပြောရရင်တော့ တော်တော်များများကလုံးဝနာလေ့မရှိပါဝူး ။ဘာလို့လဲဆိုတော့ တော်တော်များများက သွားကိုက်တာအလွန်အမင်း ခဏခဏ ဖြစ်ပြီး မခံမရပ်နိုင်အောင် သွားကိုက်တော့မှ သွားဆေးခန်းရောက်လာလေ့ရှိပါတယ်။ ✌ပြောရရင်အဲ့ အချိန်မျိုးဆို သွားကအသက်မရှိ(non vital)ဖြစ်နေတတ်ပါပြီ ခံစားချက်မရှိတော့ပါဝူး။

ဆက်ပြောပြပါမယ်
၁။သွားအတွင်းရှိအာရုံကြောလွှာလေး ပျက်စီး နေချိန် ၊ သွားပိုးစား၍ အမြစ်ထိပ်၌ပြည်တည်နေချိန်မှာ အကြောထုတ် ကုသလျင် နာကျဉ်မှု မရှိနိုင်ပါ(pulp) လို့ခေါ်တဲ့ အာရုံကြောငယ်လေးက သွား၁ချောင်းကို ခံစားမှု အဟာရပေးမှုတို့ကိုပြုလုပ်ပေးတဲ့ အဓိက ဇာတ်ကောင်ပါ ။ အဲ့ အာရုံကြောငယ်လေးပျက်စီးနေပြီ ဆို ကျွန်တော်တို့က သွား၁ချောင်းက သေနေပြီ (non vital)ဖြစ်နေပြီလို့ တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။သူပျက်စီးနေချိန်ဆို ကုသမှုခံယူလိုက်တာနဲ့ ရောဂါတွေချက်ချင်း ယူလိုက်သလို လုံးဝလုံးဝ ချက်ချင်းကြီး သက်သာသွားမှာပါ☺

၂။နောက်အခြေအနေ၁ခုကတော့ သွားအတွင်းရှိ အာရုံကြောငယ်လေးများရောင်ရမ်းနေသည့်အချိန်ပါ ။ဒီအချိန်မှာတော့ အာရုံကြောငယ်လေးဖြစ်တဲ့ (pulp)လေးကစတင်ပျက်စီးဖို့တာစူနေပါပြီ။ ဒါပေမယ့်ခံစားချက်ရှိနေသေးတဲ့အတွက် အကြောထုတ်ကုသလျင်အနည်းငယ်နာကျဉ်တတ်ပါတယ်။ထိုအခြေအနေကို သွားကအသက်ရှိသေးတယ် (vital)ဖြစ်တယ် ဆိုပြီး ကျွန်တော်တို့တွေတင်စားလေ့ရှိပါတယ်။စိုးရိမ်စရာမလိုပါ ထုံဆေးဖြင့်သေချာကုသလျင်နာကျ၊ဉ်ခြင်းဝေသနာခံစားရမည်မဟုတ်ပါ☺

😊နောက်ဆုံ၁ခုကတော့ အကြောထုတ်ထားတဲ့သွား၁ချောင်းကို (crown)အစွပ်ပြန်စွပ်သင့်ပါသလား?
-စွပ်သင့်ပါတယ် ။ကျွန်တော်တို့သွားထဲမှာရှိတဲ့ pulpလို့ခေါ်တဲ့ အာရုံကြောငယ်လေးဟာ သွား၁ချောင်းကို သွေးနှင့် အဟာရဓာတ်တွေ အမြဲပေးနေသောအရာလေးပါ။ ပြောရရင် သစ်ပင် ၁ပင်ရဲ့ရေသောက်မြစ်ကလေးတွေလိုပါပဲ ။ သစ်ပင်၁ပင်မှာရေသောက်မြစ်မရှိတော့ ရင်အဲ့သစ်ပင်ဟာသက်တမ်းကြာလာတာနဲ့အမျှအကိုင်းအခက်တွေ ခြောက်သွေ့ ကြွေကျလာမည်မဟုတ်လား? သွားလည်းအဲ့လိုပါပဲ အကြောထုတ်ကုသမှုလုပ်ပြီး အကြောတုပြန်ထည့်ထားသော်လည်း အကြောတုက သွား၁ချောင်းကို သွေးနှင့် အဟာရဓာတ်မပေးနိုင်ပါ ။ထို့ကြောင့် သက်တမ်းကြာလာရင် သွားနံရံလေးတွေကြွေကျလာနိုင်ပါတယ် ။အဲ့ဒါကိုကာကွယ်ဖို့ဆိုလျင် သွား၁ချောင်းကို ဦးထုပ်စွပ်သလို (crown)ဆိုတဲ့ အစွပ်လေးစွပ်ပြီးသုံးမှ ကြာရှည်ခံနိုင်မှာဖြစ်ပါတယ်😊
အောက်မှာ vedio fileလေးနှင့်တကွ ဖော်ပြပေးထားပါတယ်

ဟိန်း(dental clinic)
အမှတ်(၁၁၈၀/ဂ)၊ ၇ရပ်ကွက်၊ သံသုမာလမ်း၊ တောင်ဥက္ကလာပစေတီအရှေ့ ၊တောင်ဥက္ကလာပမြို့နယ် ၊ရန်ကုန်။
ဖုန်း-၀၉၂၆၄၄၄၅၄၁၂၊၀၉၉၆၉၇၉၃၀၁၃✌

04/10/2017

😊

သွားပိုးစားရောဂါအကြောင်း အပိုင်း(၂)(၃)သွားပိုးစားခြင်း၏နောက်ဆက်တွဲဖြစ်စဉ်များ👉👉👉သွားပိုးစားခြင်းကို အချိန်မှီမကုသဘဲ ရေရှ...
03/10/2017

သွားပိုးစားရောဂါအကြောင်း အပိုင်း(၂)

(၃)သွားပိုးစားခြင်း၏နောက်ဆက်တွဲဖြစ်စဉ်များ
👉👉👉သွားပိုးစားခြင်းကို အချိန်မှီမကုသဘဲ ရေရှည်ထားရှိပါက မွသွားလွှာခေါ်အာရုံကြောငယ်လေးစတင်ရောင်ရမ်း လာပြီး သွားကိုက်ခြင်းဝေသနာနှင့် သွားပိုးပေါက်ထဲသို့ အစားအစာများဝင်ပါက ကျဉ်ခြင်း ကိုက်ခြင်းတို့ကိုစတင်ခံစားရမည်ဖြစ်သည်။ထိုမှတစ်ဆင့် မွသွားလွှာ ခေါ်အာရုံကြောငယ်လေးများ(pulp) တဖြည်းဖြည်းပျက်စီး၍ ပုတ်လာနိုင်ပေသည်။ထိုနောက် ဘတ်တီးရီးယားပိုးများမှာ ထိုအကြောငယ်လေး၏ လမ်းကြောင်းမှ တစ်ဆင့် သွား၏ အမြစ်ထိပ်သို့ရောက်ပြီး သွားအမြစ်ထိပ်တွင်ပြည်တည်ခြင်း၊ အပေါ်သွားနှင့်အောက်သွားကိုက်မိပါက ကျဉ်ခြင်း၊ နာခြင်း၊ ညဘက်အိပ်မရနိုင်လောက်အောင် သွားကိုက်ခြင်း၊ တနေကုန်တငွေ့ငွေ့ တဆစ်ဆစ်ကိုက်နေသဖြင့် အလုပ်ပျက်ခြင်းတို့ ဖြစ်ပွားနိုင်ပေသည်။ထိုအခြေအနေသို့ရောက်လျင် သွားသည်နဂိုအရောင်မှ တဖြည်းဖြည်းအရောင်ပြောင်းလာပြီး မည်းလာတတ်ပေသည်။
ထိုအခြေအနေကိုကုသမှုမခံယူသေးပါက ဘတ်တီးရီးယား (bacteria)ပိုးများသည် ဆက်လက်ပြန့်နှံပြီး ပါးစပ်နှင့် မျက်နှာ၁ခြမ်းရောင်ရမ်လာခြင်း၊ရံဖန်ရံခါဖျားနာခြင်းနှင့် ဘတ်တီးရီးယားပိုးများ သွေးထဲသို့ပျံနှံ့သွားနိုင်ပြီး မလိုလားအပ်သော အသက်အန္တရာယ် စိုးရိမ်စရာကိစ္စများကြုံတွေ့နိုင်မည်ဖြစ်ပေသည်။

(၄)သွားပိုးစားခြင်းပိုမိုဖြစ်ပွားနိုင်သည့်အချက်များ
👉👉👉အဓိကအားဖြင့် (saliva)ခေါ် တံတွေး အထွက်နည်းသော လူများနှင့် ခံတွင်းသန့်ရှင်းမှုအားနည်းသောသူများ၊လူပျို အပျိုဝင် ကာစအချိန် များတွင်သွားပိုးစားရောဂါဖြစ်ပွားနိုင်ခြေ(risk) ပိုများပေသည်။
ဘယ်လိုလူတွေမှာ တံတွေးအထွက်နည်းတတ်လဲ?
👉များသောအားဖြင့်( Diabetes Mallitus )ဆီးချို ရောဂါသမားများနှင့် Sjogren's syndrome ရောဂါရှိသူများ ၊ တံတွေးအထွက်နှုန်းနည်းစေ သောက် ဆေးဝါးများ ကို မှီဝှဲနေသူများ (ဥပမာ antihistamine နှင့် စိတ်ကျရောဂါကာကွယ်ဆေးများ antidepressents)များတွင် ခံတွင်းထဲ၌ တံတွေးအထွက် နဲတတ်သဖြင့် သွားပိုးစားခြင်းပိုမိုဖြစ်ပွားနိုင်ပေသည်။
(၅)သွားပိုးစားခြင်းရောဂါကိုဘယ်လိုကာကွယ်နိုင်လဲ?
👉👉👉 စနစ်မှန်သွားတိုက်နည်းဖြင့် မနက်စာ စားပြီးချိန် ၁ချိန် နှင့် ညအိပ်ယာဝင်ခါနီး မည်သည့် အစားအစာမှ မစားတော့မည့်အချိန် ၁ရက်ကို ၂ကြိမ်ပုံမှန်သွားနှင့်ခံတွင်းသန့်ရှင်းရေးလုပ်ပေးခြင်း၊ချို ၍စေးကပ်သောအစားအစာများကို လျော့ချ စားသုံးခြင်း၊Fluorideပါဝင်သော သွားတိုက်ဆေးများ ရွေးချယ်အသုံးပြုခြင်းအားဖြင့် သွားပိုးစားရောဂါကိုကာကွယ်နိုင်ပါသည်။တချို့သောသူများသည် သွား၂ချောင်း၏ အကြား၌အနည်းငယ်ကျဲနေ၍ အစပ်ညှပ်ခြင်းပြသနာ ကိုမကြာခဏကြုံ တွေ့ရလေ့ရှိသည်။ထိုသူများအနေဖြင့် အထူးဂရုပြု၍ အစားစားပြီးတိုင်းပလုတ်ကျင်းခြင်း သွားပွတ်ကြိုးများကို စနစ်တကျသုံးဆွဲခြင်းတို့ပြုလုပ်ပေးရန်လိုအပ်သည်။နို့တိုက်မိခင်များအနေဖြင့် ရင်သွေးငယ်လေးများကို မိခင်နို့ရည်၁မျိုးတည်းကိုသာ တိုက်ကျွေးခြင်းဖြင့် သွားပိုးစားရောဂါဖြစ်ပွား မှုကိုလျော့ချနိုင်ပေသည်။
(၆)သွားပိုးစားရောဂါကိုမိမိကိုယ်တိုင်ဘယ်လိုစစ်ဆေးမလဲ?
👉👉👉သွားပိုးစားရောဂါသည် ရုတ်တရက်ပေါ်ပေါက်လာတတ်သော ရောဂါများမဟုတ်ပေ။ (၁)သွားအညှိတက် လွယ် သည့် သွားမျက်နှာပြင်(သွားမျက်နှာပြင်ရှိအချိုင့် အခွက်များ ၊သွား၂ချောင်းကြားရှိ သွားပွတ်တံဖြင့်သန့်ရှင်းရေးလုပ်ရခက်သောနေရာများ)၊(၂)အက်ဆစ်အပျော့ကိုဖြစ်ပေါ်စေနိုင်သည့် ဘတ်တီးရီးယားပိုးကောင်များ (၃)ချို၍စေးကပ်သော အစား အစာတွင်ပါဝင်လေ့ရှိသည့် သကြားဓာတ်နှင့် အခြားသော အချဉ်ဖောက်လွယ်သည့်ကာဗွန်ဟိုက်ဒရိတ်ဓာတ်များ (၄)အက်ဆစ်ပျော့ နှင့်သွားတို့ ထိတွေ့သည့် ကြာမြင့်သောအချိန် စသည့်အချက်ကြီး ၄ချက်စုဆုံမှသာဖြစ်ပွားနိုင်ပေသည်။
ထို့ကြောင့်သွားပိုးစားရောဂါသည် သာမန်မျက်လုံးဖြင့် မြင်နိုင်သည့်အခြေအနေရောက်ရန် အနည်းဆုံး၁နှစ်ခန့်ကြာမြင့်နိုင်သည်။
မိမိ၏ အစာဝါးသောအံသွားများ မျက်နှာပြင်၌ အမဲစက်လေးများ၊ အပေါက်ငယ်လေး မြောင်းငယ်လေးများတွေ့လျင် သွားပိုးစားရောဂါဟု သံသယဖြစ်နိုင်ပေသည်။ရှေ့သွား၂ချောင်းကြားတွေလဲ သွားပိုးစားခြင်းဖြစ်လေ့ဖြစ်ထရှိပေသည်။ ထို့ကြောင့်ထိုကဲ့သို့သံသယဖြစ်ဖွယ်များတွေ့ရှိပါက သွားကိုက်ခြင်းနှင့် တခြားသောနောက်ဆက်တွဲဆိုးကျိုးများမဖြစ်ပေါ်စေရန် နီးစပ်ရာ သွားဆရာဝန်ထံ အမြန်ဆုံး ပြသ၍ ကုသမှုခံယူသင့်ပေသည်။😊😊😊😊😊

သွားပိုးစားရောဂါအကြောင်း အပိုင်း(၁)(၁)သွားပိုးစားခြင်းသွားဆိုတာဘာလဲ?👉👉👉👉ပိုးစားခြင်းကို တချို့သောသူများက မိမိတို့၏သွားမျ...
02/10/2017

သွားပိုးစားရောဂါအကြောင်း အပိုင်း(၁)

(၁)သွားပိုးစားခြင်းသွားဆိုတာဘာလဲ?
👉👉👉👉ပိုးစားခြင်းကို တချို့သောသူများက မိမိတို့၏သွားများကိုပိုးကောင်လေးများကကိုက်ဖဲ့စားသောက်သည်ဟုမြင်တတ်ကြသည်။တကယ်တော့ သွားပိုးစားခြင်းဆိုတာထိုကဲ့သို့ မဟုတ်ပေ။ကျွန်ုပ်တို့၏ ပါးစပ်ထဲတွင်သာမန်မျက်စိဖြင့်မမြင်နိုင်သော အလွန်တရာသေးငယ်သည့်ဘတ်တီးရီးယား(bacteria)ပိုးများမြောက်များစွာ ရှိပေသည်။ထို( bacteria)ဘတ်တီးရီးယားပိုးများသည် စေးကပ်ပါးလွှာသော အညှိလေးများ တစ်နည်းအားဖြင့် သွားချေးလွှာများတွင်ခိုအောင်း၍နေထိုင်လေ့ရှိကြသည်။
ထို ဘတ်တီးရီးယား(bacteria)ပိုးများပါဝင်သော သွားချေးလွှာ(plaque)များသည် သွား၏ မျက်နှာပြင်များ၊ အစာဝါးသောသွား၏မျက်နှာပြင်ရှိ အစင်းအချိုင့် များ၊ မြောင်းကလေးများ၊ သွားစိုက်ထားသောသွားများ၏အခြေများတွင် တွယ်ကပ်နေတတ်ကြပြီး အချိန်ကြာမြင့်လာသောအခါ ကျွန်ုပ်တို့စားသောအစားအစာများ (အထူးသဖြင့် ချိုပြီးစေးကပ်သော အစားအစာများထဲတွင်)ပါဝင်သော (sugar)သကြားဓာတ်နှင့် ကာဗွန်ဟိုက်ဒရိတ်(carbonhydrate)ဓာတ်များကို ဓာတုပြောင်းလဲခြင်းများ ဖြစ်ပေါ်စေပြီး (acid) အက်ဆစ် အပျော့၁မျိုးကိုထွက်ပေါ်လာစေသည်။ထိုအက်ဆစ်သည် သွားနှင့်အကြိမ်အဖန်ပေါင်းများစွာ ထိတွေ့လာသောအခါ သွားမျက်နှာပြင်ရှိ ကြွေလွှာများကိုပျော်ဝင်ပျက်စီးစေပြီး အပေါက်ငယ်လေးများဖြစ်ပေါ်ကာ သွားပိုးစားခြင်းစတင်ဖြစ်ပေါ်လာခြင်းဖြစ်ပေသည်။😊😊😊

(၂)သွားပိုးစားရောဂါဖြစ်ပွားလာပုံ အဆင့်ဆင့်
👉👉👉ထိုအချက်ကို မပြောခင် သွား၁ချောင်းကို မည်ကဲ့သို့ဖွဲ့စည်းတည်ဆောက်ထားသည်ကို ဦးစွာရှင်းပြဖို့လိုသည်။သွား၁ချောင်းကို ပုံမှန်အားဖြင့် အလွှာ ၃လွှာဖြင့် ဖွဲ့စည်းထားသည် အပေါ်ဆုံးအလွှာသည် ကျွန်ုပ်တို့ မြင်တွေ့နိုင်သောအဖြူရောင်ကြွေသွားလွှာ(enamel)ဖြစ်သည်။ သူ၏အောက်ဘက်အလွှာ ဒုတိယအလွှာကို ဆင်စွယ်၂လွှာ(dentine)ဟု ခေါ်ပြီး ဝါကျင့်ကျင့်အရောင် ရှိပေသည်။ဆင်စွယ်၂လွှာ ၏အတွင်းဘက်တွင်ကား မွှသွားလွှာ(pulp)ဟုခေါ်သောတစ်နည်းအားဖြင့်သွား၁ချောင်း၏ အသက်အာရုံကြောလေးရှိပေသည်။
👉သွားပိုးစားခြင်းသည် ကြွေသွားလွှာ(Enamel)ပေါ်တွင် စတင်ဖြစ်ပေါ်လေ့ ရှိပါသည်။ထိုမှ၁ဆင့် သွားပိုးပေါက်ငယ် ကလေးများဖြစ်ပေါ်လာသည်။ထိုသွားပိုးပေါက်ငယ်ကလေးများသည် အချိန်ကြာလာသည်နှင့်အမျှ လှိုက်စား ကြီးထွားလာနိုင်ပေသည်။😊ကြွေသွားလွှာ၌ သွားပိုးပေါက်ဖြစ်ခြင်းသည် နာကျင်မှုဝေသနာကို မခံစားရသော်လည်း သွားပိုးပေါက်ထဲသို့ အစာဝင်နိုင်သည့်အတွကိ အက်ဆစ်ဓာတ်များဖြစ်ပေါ်ကာ အောက်ရှိဆင်စွယ်၂လွှာသို့ ယိုစိမ့် ရောက်ရှိနိုင်ပေသည်။
ထိုအခြေအနေတွင် ကုသမှုမခံယူဘဲထားပါက 😔သွားပိုးစားခြင်းသည် အောက်ဘက်ရှိ ဆင်စွယ်၂လွှာ(Dentine) ရောက်ရှိလာနိုင်ပေသည်။ထို ဆင်စွယ်၂လွှာ၌သွားပိုးပေါက်စတင်ဖြစ်ပေါက်လာပါက အေးသော/ပူသောအစားအစာများစားသုံးသောက်သုံးချိန်တွင် သွားကျဉ်ခြင်(hypersensitivity)ကိုစတင်ခံစားလာရမည်ဖြစ်သည်။
ဆင်စွယ်၂လွှာတွင်သွားပိုးစားခြင်းကို အချိန်မှီကုသမှု မခံယူပါက သွား၏အတွင်းဘက်အကျဆုံးအလွှာဖြစ်သော မွှသွားလွှာ အာရုံကြောငယ်လေးကို စတင်ထိခိုက်လာမည်ဖြစ်သည်။ထိုအခြေအနေသို့ရောက်လျင်လူနာများသည် ကိုသွားကိုက်ခြင်းဝေသနာနှင့် နောက်ဆက်တွဲဆိုးကျိုးများ စတင်ခံစားရတော့မည်ဖြစ်ပေသည်။

Address

South Okkalapa
Yangon

Telephone

09264445412

Website

Alerts

Be the first to know and let us send you an email when ဟိန်း Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share