SHWE BHONE Dental Care Orthodontic & Implant Center

SHWE BHONE Dental Care Orthodontic & Implant Center Shwe Bhone Dental Care

ငလျင်ဘေးသင့်ဒေသမှ မိသားစုများကို စာနာသောအားဖြင့် ရွှေဘုန်း သွားဆေးခန်း ( ရန်ကုန် ) SHWE BHONE Dental Care Orthodontic & ...
03/04/2025

ငလျင်ဘေးသင့်ဒေသမှ မိသားစုများကို စာနာသောအားဖြင့် ရွှေဘုန်း သွားဆေးခန်း ( ရန်ကုန် )
SHWE BHONE Dental Care Orthodontic & Implant Center မှ နှမ်းတစေ့အဖြစ် တတပ်တအား ပါဝင်ကူညီအားဖြည့်ပါသည်။

ကူညီမှုကို လိုအပ်လျက်ရှိသော မိသားစုများအတွက် ခွန်အားတစုံတရာ ဖြစ်ထွန်းပါစေ။ 🙏🏻🙏🏻🙏🏻

2025年3月28日に発生した地震で被害を受けた方々へ、心よりお見舞い申し上げます。被災者の方々に、私たちのできる限りの支援をさせていただきます。助けを必要としているすべての方々に、少しでも力と希望が届きますように。シュエポン歯科クリニック...
03/04/2025

2025年3月28日に発生した地震で被害を受けた方々へ、心よりお見舞い申し上げます。

被災者の方々に、私たちのできる限りの支援をさせていただきます。

助けを必要としているすべての方々に、少しでも力と希望が届きますように。

シュエポン歯科クリニック(ヤンゴン)
SHWE BHONE Dental Care Orthodontic & Implant Center

🌙⭐️သီတင်းကျွတ် အခါသမယမှာ🌙⭐️       စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး           👨‍👨‍👧‍👦မိသားစု နှင့်အတူ ကျန်းမာပျော်ရွှင်စွာ👨‍👨...
16/10/2024

🌙⭐️သီတင်းကျွတ် အခါသမယမှာ🌙⭐️
စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး
👨‍👨‍👧‍👦မိသားစု နှင့်အတူ ကျန်းမာပျော်ရွှင်စွာ👨‍👨‍👧‍👦
💪ဖြတ်ကျော်နိုင်ပါစေကြောင်း 💪
🦷SHWE BHONE Dental Care Orthodontic
&
Implant Center🦷
မိသားစုမှ
🙏ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။🙏

သီတင်းကျွတ် ဆေးခန်းပိတ်ရက်အဖြစ် (၁၆.၁၀.၂၀၂၄ မှ ၁၈.၁၀.၂၀၂၄အထိ) ဆေးခန်းပိတ်ထားမည်ဖြစ်ကြောင်းလဲ အသိပေးအပ်ပါသည်ခင်ဗျ

Shwe Bhone Dental Care
Orthodontic & Implant Center

31/05/2024

ယခုခေတ်မှာ ခေတ်မှီတိုးတက်လာတာနဲ့အမျှ သွားစိုက်ခြင်း နည်းပညာများလည်းတိုးတက်ပြောင်းလဲလာပါတယ်
ဒီအထဲမှာမှ အကောင်ဆုံးသွားစိုကိနည်းဖြစိတဲ့
သွားမြစ်တုအစားထိုးစိုက်နည်း ( Dental Implant)အကြောင်းကိုVideo လေးနဲ့ပြောပြပေးထားပါတယ်
Shwe Bhone Dental Care Orthodontic & Implant Center မှာ Implant စိုက်ခြင်းဖြင့်ရရှိနိုင်တဲ့အားသာချက်များကတော့ Jalan မှ ခေတ်မီစက်များဖြင့် ကုသပေးခြင်း ၊ Japan နိုင်ငံမှ
သွားဆရာကြီးကိုယိတိုင် သွားမြစိတုအစားထိုးခြင်းကိုပြုလုပ်ပေးတာဖြစ်လို့ Japan နိုင်ငံမှ ဆေးကုသမှုအတိုင်း ရရှိနိုင်မှာဖြစ်တဲ့အတွက် စိတ်ချစွာလာရောက်ကုသနိုင်ပါတယ်
ဆေးခန်းပြသလိုပါက ကြိုတင် Appoitment ယူ၍ ပြသနိုင်ပါတယ်

ဆေးခန်းပြသလ်ုပါက

Shwe Bhone Dental Care
Orthodontic & Implant Center

အမှတ် ၇၃၊၇၄၊၇၅၊ ရတနာလမ်းသွယ် (၃)၊ ဘောက်ထော်၊ သင်္ဃန်းကျွန်း။

ဆက်သွယ်လိုပါက 09 789002888 သို့ ကြိုတင် ဖုန်းဆက်၍ ပြသနိုင်ပါတယ်

💦မြန်မာ နှစ်သစ်ကူး အခါသမယမှာ 💦       စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး           👨‍👨‍👧‍👦မိသားစု နှင့်အတူ ကျန်းမာပျော်ရွှင်စွာ...
13/04/2024

💦မြန်မာ နှစ်သစ်ကူး အခါသမယမှာ 💦
စိတ်ကျန်းမာ ကိုယ်ချမ်းသာပြီး
👨‍👨‍👧‍👦မိသားစု နှင့်အတူ ကျန်းမာပျော်ရွှင်စွာ👨‍👨‍👧‍👦
💪ဖြတ်ကျော်နိုင်ပါစေကြောင်း 💪
🦷SHWE BHONE Dental Care Orthodontic
&
Implant Center🦷
မိသားစုမှ
🙏ဆုမွန်ကောင်းတောင်းပေးလိုက်ပါသည်။🙏

နှစ်သစ်ကူး ဆေးခန်းပိတ်ရက်အဖြစ် (၁၃.၄.၂၀၂၄ မှ ၂၁.၄.၂၀၂၄အထိ) ဆေးခန်းပိတ်ထားမည်ဖြစ်ကြောင်းလဲ အသိပေးအပ်ပါသည်ခင်ဗျ

Shwe Bhone Dental Care
Orthodontic & Implant Center

Happy full moon Thadingyut,We wish you all good health, weath & happiness on this auspidoucious occasion!
29/10/2023

Happy full moon Thadingyut,We wish you all good health, weath & happiness on this auspidoucious occasion!

✍️အားလုံးမဂ်လာပါခင်ဗျ✍️ကျွန်တော်တို့ နေ့စဉ်ဘ ဝမှာ အာဟာရမျှတစွာစားသုံးခြင်း၊ စကားပြောဆိုခြင်း၊ အလှအပ၊ လူမှုပတ်ဝန်ကျင် မှာ...
16/08/2023

✍️အားလုံးမဂ်လာပါခင်ဗျ
✍️ကျွန်တော်တို့ နေ့စဉ်ဘ ဝမှာ အာဟာရမျှတစွာစားသုံးခြင်း၊ စကားပြောဆိုခြင်း၊ အလှအပ၊ လူမှုပတ်ဝန်ကျင် မှာပြောဆိုဆက်ဆံဖို့ သွားနှင့်ခံတွင်းကျန်းမာရေးကလည်း အရေးကြီးတဲ့ မခန်းကနေ ပါဝင်ပါတယ်
✍️လူတစ်ယောက်က ကျန်းမာနေဖို့ အာဟာရမျှတစွာ စားသုံးနိုင်ရမယ်၊ အစာကြေညက်အောင် စားသုံးနိုင်ရမယ်
✍️အဟာရစားသုံးဖို့ အဆင်မပြေတဲ့အခါ နောက်ဆက်တွဲပြသနာတွေကြုံရနိုင်ပါတယ်
✍️ဒါကြောင့် မိမိ ခံတွင်းထဲမှာ သွားကျန်းမညရေးကလည်း အရေးကြီးပါတယ်
✍️မိမိခံတွင်းထဲမှာ သွားတွေ ဆုံးရှုံးသွားတာပဲ ဖြစ်ဖြစ်၊ အကြောင်းတစ်စုတစ်ခုကြောင့်နှုတ်လိုက်ရတာကြောင့်ဆိုရင် သွားတွေကို ပြန်လည်အစားထိုးဖို့အရေးကြီးပါတယ်
✍️ပြန်လည်အစားထိုးမှုမရှိခဲ့ရင် နောက်ဆက်တွဲ
ဆိုးကျိုးပြသနာလေးတွေကြုံရနိုင်ပါတယ်
✍️သွားတွေ မရှိတော့တဲ့အခါ ကြုံရနိုင်တဲ့ နောက်ဆက်တွဲပြသနာတွေကတော့

🔷သွားဖုံးရိုး များနိမိ့ဆင်းလာခြင်း
- အရိုးတွေဟာ သွားရဲ့ အမြစ်ကို ဝန်းရံထားတာကြောင့် သွားတွေမရှိတော့တဲ့အခါမှာ အရိုးတွေဟာ အောက်ကို နိမ့်ဆင်းလာတတိပါတယ်

🔷ပါးချိုင့်လာတတ်ခြင်း
- သွားများသည် ပါး၊ နှုတိခင်းစတာတွေကို
အတွင်းကနေ တွန်းပေးထားပြီး လူတစ်ယောက်ရဲ့ မျက်နှာကို ပုံပေါ်ပေးထားတာကြောင့်
သွားတွေမရှိရင် ပါးများ ချိုင့်ဝင်နိမ့်ဆင်းလာတတ်ပါတယ်
-မိမိ​၏ မျက်နှာသွင်ပြင်ကိုလဲ ပိုဆိုးစေတတ်ပါတယ်

🔷မျက်နှာခြင်းဆိုင်းသွားများရှည်ဆင်းလာ
ခြင်း
-သွားတွေဟာ အပေါ်/ အောင် မျက်နှာခြင်းဆိုင်
ထိတွေ့ပြီး နေကြတာဖြစ်ပါတယ်
-မျက်နှာခြင်းဆိုင်သွားတွေမရှိရင် အောက်အရိုးအထိရှည်ဆင်းလာတတ်ကြပါတယ်

🔷ဘေးသွားများယိုင်လာတတ်ခြင်း
- ဘေးမှာ ထိစရာ သွားမရှိတော့တဲ့အခါ တွေမှာ ဘေးမှသွားများသည် ယိုင်နဲ့လာတတ်ကြပါတယ်

🔷သွားကျဉ်ခြင်း

-ဘေးသွားများမရှိတဲ့အခါတွေဟာ အရိုးတွေ
နိမ့်လာတာကြောင့် မရှိတဲ့သွားရဲ့ ဘေးသွားတွေဟာ အမြစ်တွေပေါ်လာတတ်ပြီး သွားကျဉ်ခြင်း
ကိုခံစားရနိုင်ပါတယ်

🔷မေးရိုးများကျုံ့လာခြင်း

- သွားတွေဆုံးရှူံးသွားတဲ့အခါမှာ သွအများစုသည် သွားမရှိတဲ့နေရာ လွတ်ကိုရွေ့လာတာကြောင့် ရှေ့ကိုတိုးလာတတ်ကြပါတယ်
- အဲဒီအခါမှာ မေးရိုး တွေဟာလည်း ကျုံ့လာတတ်ပါတယ်
ဒါကြောင့် သွားတွေ ဆုံးရှူံးရင်ပဲဖြစ်ဖြစ်၊ သွားတွေမရှိတော့ရင်ပဲဖြစ်ဖြစ် ၆ လ အတွင်းပြန်လည် အစားထိုးဖို့ အကြုံပြုလိုက်ပါတယ်

ဆေးခန်းပြသလိုပါက

Shwe Bhone Dental Care
Orthodontic & Implant Center

အမှတ် ၇၃၊၇၄၊၇၅၊ ရတနာလမ်းသွယ် (၃)၊ ဘောက်ထော်၊ သင်္ဃန်းကျွန်း။

ဆက်သွယ်လိုပါက 09 789002888 သို့ ကြိုတင် ဖုန်းဆက်၍ ပြသနိုင်ပါတယ်

Shwe Bhone Dental Care Orthodontic & Implant Center အမှတ် ၇၃၊၇၄၊၇၅၊ ရတနာလမ်းသွယ် (၃)၊ ဘောက်ထော်၊ သင်္ဃန်းကျွန်း။ ဆက်သွယ်...
13/08/2023

Shwe Bhone Dental Care
Orthodontic & Implant Center

အမှတ် ၇၃၊၇၄၊၇၅၊ ရတနာလမ်းသွယ် (၃)၊ ဘောက်ထော်၊ သင်္ဃန်းကျွန်း။

ဆက်သွယ်လိုပါက 09 789002888 သို့ ကြိုတင် ဖုန်းဆက်၍ ပြသနိုင်ပါတယ်

ယနေ့(၇.၈.၂၀၂၃၂)🙏မဇ္ဈိမဂုဏ်ရည် မဟာစည်သာ့သနာ့ရိပ်သာကြီးများ၏ ပဓာန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ🙏အား   Orthodontic & Im...
07/08/2023

ယနေ့(၇.၈.၂၀၂၃၂)
🙏မဇ္ဈိမဂုဏ်ရည် မဟာစည်သာ့သနာ့ရိပ်သာကြီးများ၏ ပဓာန နာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တကောဝိဒ🙏အား Orthodontic & Implant Center မိသားစုမှ သွားကျန်းမာရေးနှင့်ပတ်သတ်၍ ကုသိုလ်ယူခွင့်ရခဲ့ပြီး ဆရာတော်ဘုရားကြီးကို ဝါဆိုသင်္ဏန်း ဆပ်ကပ်လှူဒါန်းခြင်းကုသိုလ်🙏

သွားစိုက်ခြင်း နည်းစနစ်များအကြောင်း✍️အားလုံးပဲ မဂ်လာပါခင်ဗျ✍️ဒီတစ်ခါမှာ ပြောပြပေးချင်တဲ့အကြောင်းကတော့ သွားတွေဆုံးရှုံးသွ...
08/03/2023

သွားစိုက်ခြင်း နည်းစနစ်များအကြောင်း

✍️အားလုံးပဲ မဂ်လာပါခင်ဗျ
✍️ဒီတစ်ခါမှာ ပြောပြပေးချင်တဲ့အကြောင်းကတော့ သွားတွေဆုံးရှုံးသွားတာပဲဖြစ်ဖြစ်၊
သွားမရှိတော့တာပဲ ဖြစ်ဖြစ် သွားပြန်လည်အစားထိုးလို့ရတဲ့နည်းစနစ်တွေအကြောင်းပဲဖြစ်ပါတယ်
✍️သွား နှင့်ခံတွင်းဆိုတာ အစားစားဖို့အတွက်တင်မက အလှအပ ၊ အထွေထွေကျန်းမာရေး၊ စကားပြောဆိုခြင်းတွေအတွက်အရေးကြီးလှပါတယ်
✍️မိမိသွားတွေ ဆုံးရှုံးနေရင် ပြန်လည်အစားထိုးဖို့လိုအပ်ပါတယ်
✍️ဆုံးရှုံးသွားတဲ့သွားတွေအစားထိုးတဲ့နည်းစနစ်
(၃ ) မျိုးအကြောင်းပြောပြပေးပါမယ်

(၁) သွားမြစ်တု အစားထိုးခြင်း
( Dental Implant)
- ယခုနောက်ပိုင်း ခေတ်စားလာတဲ့ သွားအစားထိုးခြင်း နည်းပညာ တစ်ခုဖြစ်ပါတယ်
- Dental Implant နည်းစနစ်ဟာဆိုရင် ဘေးသွားများကို အစားမခံရပဲ သွားမရှိတဲ့နေရာတွင်သာ သွားမြစ်တုအစားထိုးသော နည်းစနစ်တစ်ခုဖြစ်ပါတယ်
- မူလသွားကဲ့သို့ စိတ်ခံစားမှု ရစေနိုင်သောကြောင့် သွားမရှိသူများအတွက် အဆင်ပြေသော နည်းစနစ်တစ်ခုလဲဖြစ်ပါတယ်

(၂) သွားအသေစိုက်နည်း ( ဘေးသွားတွဲနည်း)
(Dental Crown & Bridge)
-ဒီနည်းစနစ်ကတော့ ဘေးသွားနှစ်ချောင်းကို
အားယူ၍ အသေစိုက်သောနည်းစနစ်တစ်ခု
ဖြစ်ပါတယ်
- သွားမြစ်တု မစိုက်ချင်သူများ၊ အံကပ်မတပ်ချင်သူများအနေဖြင့် ရွေးချယ်သင့်တဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်
- မူလသွား ပုံစံ ကဲ့သို့ ခံစားရစေနိုင်တဲ့နည်းစနစ်တစ်ခုဖြစ်ပါတယ်

(၃) သွားအရှင်စိုက်နည်း ( Denture)
- သွားအများအပြားဆုံးရှုံးနေသူများ၊ သွားအသေ စိုက်ခြင်း မသင့်တော်သူများအတွက်
ရွေးချယ်သင့်ပါတယ်
- လူနာ ကိုယ်တိုင် ဖြုတ်၊ တပ် လုပ်နိုင်တဲ့နည်းစနစ်တစ်ခုလဲ ဖြစ်ပါတယ်။

ဆေးခန်းပြသလိုပါက

Shwe Bhone Dental Care
Orthodontic & Implant Center

အမှတ် ၇၃၊၇၄၊၇၅၊ ရတနာလမ်းသွယ် (၃)၊ ဘောက်ထော်၊ သင်္ဃန်းကျွန်း။

ဆက်သွယ်လိုပါက 09 789002888 သို့ ကြိုတင် ဖုန်းဆက်၍ ပြသနိုင်ပါတယ်

 #သွားညှိကုသမှုခံယူထားသူများအတွက် သွားတိုက်နည်းစနစ်အကြောင်း #✍️မဂ်လာပါခင်ဗျ✍️ဒီတစ်ခါ ပြောပြပေးမဲ့အကြောင်းအရာလေးကတော့ သွာ...
22/08/2022

#သွားညှိကုသမှုခံယူထားသူများအတွက် သွားတိုက်နည်းစနစ်အကြောင်း #

✍️မဂ်လာပါခင်ဗျ
✍️ဒီတစ်ခါ ပြောပြပေးမဲ့အကြောင်းအရာလေးကတော့ သွားညှိကုသမှု ခံယူထားသူများအတွက်
သွားတိုက်နည်းစနစ်အကြောင်းဖော်ပြပေးသွားမှာဖြသ်ပါတယ်။

✍️သွားညှိကုသမှု ခံယူထားသူများသည် ပုံမှန်သူ
များထက် အစာညှပ်လွယ်တာကြောင့်သွား
နှင့်ခံတွင်းသန့်ရှင်းရေးကို ပိုပြီးဂရုစိုက်ကြရ
ပါမယ်။

✍️သွားညှိကုသမှုခံယူထားသူများသည်
သွားနှင့်ခံတွင်းသန့်ရှင်းရေးအတွက်
သွားပွတ်တံ အပြင် သွားကြားထဲတိုက်ရသော
Brush များ၊ သွားပွတ်ကြိုးမျာကိုလဲ
အသုံးပြုရပါမယ်။

✍️သွားပွတ်တံဖြင့် သွားတိုက်သည့်အခါမှာ
အဆင့်ဆင့် စနစ်တကျတိုက်ဖို့လိုပါမယ်
(၁) Dental Brace ရဲ့ အပေါ်ပိုင်း နှင့်
သွားဖုံးကြားကို သွားပွတ်တံအမျှင်များ
ဖြင့် ၄၅ ဒီဂရီစောင်းထား၍
Circular motion လှည့်၍ တိုက်ပေးရပါ
မယ်
(၂) Dental Brace ရဲ့ အောက်ပိုင်း ကို
၄၅ ဒီဂရီစောင်းထား၍ Circular motion
လှည့်၍ တိုက်ပေးရပါမယ်
(၃) Brace နှင့် Wire အပေါ်ကို ၉၀ ဒီဂရီထား၍
စက်ဝိုင်းပုံလှည့်၍ တိုက်ပေးရပါမယ်
(၄) သွား​၏ ဝါးသောမျက်နှာပြင် ကို တိုက်ပေး
ပါရမယ်
(၅)အပေါ်သွား/ အောက်သွား (၂) ခုလုံးကို
ပါအောင်တိုက်ပေးရပါမယ်

✍️သွားပွတ်ကြိုးကိုလဲ Wire ကြားတိုင်ထည့်၍
သွားနှစ်ချောင်း ကြားထည့်၍ အသုံးပြုပေး
ရပါမယ်။

✍️သွားတိုက်ရခက်သောနေရာများအတွက် အဓိကထုတ်ထားတဲ့ Interdental Brush များကိုလဲအသုံးပြုနိုင်ပါတယ်။

ညီညာလှပသော သွားများပိုင်ဆိုင်ပြီး ပြုံးပန်း
ဝေနိုင်ကြပါစေ။

Crd Dr ATH

သွားနှင့်ခံတွင်းပြသနာများကို ကုသမှုခံယူလိုပါက
ရွှေဘုန်းသွားဆေးခန်း
အမှတ် (၇၃၊၇၄၊၇၅)၊ ရတနာလမ်းသွယ် (၃)၊ မိကျောင်းကန် အပိုင်း(၂)၊ သင်္ဏန်းကျွန်း၊ရန်ကုန်။

09789002888

✍️အားလုံးပဲ မင်္ဂလာပါခင်ဗျာ။✍️ဒီတစ်ခါ ဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့ ကလေးငယ်တွေမှာအများဆုံးတွေ့ရတတ်တဲ့ ကလေးသွားနို့ပို...
09/08/2022

✍️အားလုံးပဲ မင်္ဂလာပါခင်ဗျာ။

✍️ဒီတစ်ခါ ဖော်ပြပေးချင်တဲ့အကြောင်းအရာကတော့ ကလေးငယ်တွေမှာအများဆုံးတွေ့ရတတ်တဲ့ ကလေးသွားနို့ပိုးစားခြင်း ( Rampant Caries) အကြောင်းပဲ ဖြစ်ပါတယ်။

✍️Rampant Caries ( နို့ပိုးစားခြင်း) ဆိုသည်မှာ ကလေးငယ်များ၏ ပါးစပ်အတွင်းရှိ
ကလေးသွားအားလုံး တစ်ပြိုက်နက်ထဲ ပိုးစား
နေခြင်းဖြစ်ပါတယ်။

✍️နို့ပိုးစားခြင်း ကို ဘယ်လို ကလေးတွေမှာ
အမြဲတွေ့ရလေ့ရှိသလဲဆိုရင်

👶ညဘက် နို့ဗူးစို့၍ အိပ်သောကလေး
များ
👶အမေနို့စို့ချိန်ကြာသောကလေးများ
👶အချိုများသော နို့မှုန့်များသောက်
သောကလေးများ
👶ခံတွင်းသန့်ရှင်းရေးနည်းသော ကလေးများ
👶Snacks(သွားရေစာ) အစားများသော
ကလေးငယ်များ
👶တံတွေးထွက်နည်းသော ကလေးငယ်များ
စသည့် ကလေးငယ်တွေမှာ အတွေ့ရအများဆုံးဖြစ်ပါတယ်။

✍️နို့ပိုးစားချိန် ဘယ်လို လက္ခဏာတွေ ရတတ်လဲဆိုရင်
👶ပါးစပ်အတွင်းရှိကလေးသွားအားလုံး
ပိုးစားနေခြင်း
👶ရှေ့သွားများတွင်အများဆုံးတွေ့ရခြင်း
👶သွား​၏ မွှသွားလွှာအထိ ပိုးကူးစက်မှု
မြန်ခြင်းစသည့် လက္ခဏာတွေတွေ့ရတတ်ပါ
တယ်။

✍️ ဒီလို ပိုးစားတာတွေကို မကုပဲထားရင် နောက်ဆက်တွဲအနေနဲ့
👉သွား​၏မွှသွားလွှာအထိပိုးဝင်ခြင်း
👉မျက်နှာများရောင်ရမ်းခြင်း
👉နာကျင်ခြင်း
👉အစားမစားနိုင်ခြင်း
👉လူကြီးသွားပေါက်မှုပုံမမှန်ဖြစ်ခြင်း
👉စကားမပီခြင်း
👉ပုံမှန်မဟုတ်သော ခံတွင်းအပြုအမူများ ပြုလုပ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။

✍️ကလေးငယ်တွေမှာ ဒီလိုမျိုး ပိုးစားခြင်းများ
ကြုံတွေ့ရပါက

🦷ကလေးငယ်များ​၏ခံတွင်းသန့်ရှင်းရေး ကို
ဂရုစိုက်ပေးသင့်ပါတယ်။
🦷အသက် (၂) နှစ်အောက်ကလေးငယ်များကို
မိဘများမှ သွားနှင့်ခံတွင်းကျန်းမာရေးကို
သေချာစွာစောင့်ရှောက်ပေးရပါမယ်။
🦷သွားတိုက်နိုင်သော အရွယ်ဖြစ်ပါက
စနစ်တကျသွားတိုက်နည်းစနစ်သင်ကြား
ပေးဖို့လိုအပ်ပါတယ်။
🦷လိုအပ်ပါက သွားနှင့်ခံတွင်းဆရာဝန်နှင့်
တိုင်ပင်၍ ကုသမှုခံယူခြင်း၊
Fluoride sealants ကုသမှုပြုလုပ်
ပေးခြင်း ။
🦷သွားနှင့်ခံတွင်းဆရာဝန်နှင့်တိုင်ပင်၍
ပိုးစားနေသောသွားများကို ပြန်လည်ကုသ
ခြင်း၊ မွှသွားလွှာအထိပိုးဝင်နေပါက
အမြစ်ဆေးကုသခြင်းစည်တို့ကို လုပ်
ဆောင်ပေးသင့်ပါတယ်။

စသည့် တို့ကို ဆောင်ရွက်ပေးခြင်းဖြင့် ကလေးငယ်များသွားပိုးစား ရောဂါများကို ကာကွယ်နိုင်ပါတယ်။

သားသားမီးမီးအားလုံး သွားနှင့်ခံတွင်းရောဂါများ ကင်းဝေးကြပါစေ

Crd DrATH

သွားနှင့်ခံတွင်းပြသနာများကို ကုသမှုခံယူလိုပါက
ရွှေဘုန်းသွားဆေးခန်း
အမှတ် (၇၃၊၇၄၊၇၅)၊ ရတနာလမ်းသွယ် (၃)၊ မိကျောင်းကန် အပိုင်း(၂)၊ သင်္ဏန်းကျွန်း၊ရန်ကုန်။

09789002888

Address

No. 73/74/75, Yadanar Lane 3, Bauk Htaw, Thingangyun Township
Yangon
11071

Opening Hours

Monday 10:00 - 19:00
Tuesday 10:00 - 19:00
Wednesday 10:00 - 19:00
Thursday 10:00 - 19:00
Friday 10:00 - 19:00
Saturday 10:00 - 19:00
Sunday 10:00 - 19:00

Telephone

09789002888

Website

Alerts

Be the first to know and let us send you an email when SHWE BHONE Dental Care Orthodontic & Implant Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share