Yangon Dental Clinic

Yangon Dental Clinic သွားလေးတွေကျန်းမာပြီး ပြုံးလိုက်တိုင်းလှနေဖို့ Yangon Denal - သွားနှင့်ခံတွင်း ကျန်းမာရေးဆေးခန်း

Yangon Dental Clinic ရဲ့သင်္ကြန်ကာလပိတ်ရက်များမှာApril 12 ရက်နေ့မှ April 17 ထိဖြစ်ပြီးApril 18 ရက်နေ့ကစတင်ပြီးပုံမှန်အတိ...
11/04/2026

Yangon Dental Clinic ရဲ့
သင်္ကြန်ကာလပိတ်ရက်များမှာ
April 12 ရက်နေ့မှ April 17 ထိဖြစ်ပြီး

April 18 ရက်နေ့ကစတင်ပြီးပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးနိုင်ရန် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးပါတယ်ရှင်🙏

မြန်မာ့နှစ်သစ်ကူးမှာစိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်းဆုမွန်ကောင်းတောင်းပေးပါတယ်




"စေးစေးပိုင်ပိုင် နဲ့ အရသာရှိတဲ့ ထမနဲကို သုံးဆောင်ပြီး သွားလေးတွေကိုလည်း သန့်ရှင်းရေး လုပ်ဖို့ မမေ့ကြပါနဲ့နော်" 🌕🦷​ချစ်ခ...
31/01/2026

"စေးစေးပိုင်ပိုင် နဲ့ အရသာရှိတဲ့ ထမနဲကို သုံးဆောင်ပြီး သွားလေးတွေကိုလည်း သန့်ရှင်းရေး လုပ်ဖို့ မမေ့ကြပါနဲ့နော်" 🌕🦷
​ချစ်ခင်ရပါသော လူနာများအားလုံး တပို့တွဲလမှာ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ Yangon Dental Clinic မိသားစု မှ နှုတ်ခွန်းဆက်သအပ်ပါတယ်။


Yangon Dental Clinic မှ Dental assistant သွားဆေးခန်းအကူ (၁) ဦးအလိုရှိသည်။✔️အသက်  ၂၀-၂၅ နှစ်အတွင်း✔️ရိုးသားကြိုးစားပြီး အ...
14/01/2026

Yangon Dental Clinic မှ Dental assistant သွားဆေးခန်းအကူ (၁) ဦးအလိုရှိသည်။
✔️အသက် ၂၀-၂၅ နှစ်အတွင်း
✔️ရိုးသားကြိုးစားပြီး အလုပ်ကိုစိတ်ဝင်စားကာ သင်လွယ်တတ်လွယ်သူဖြစ်ရမည် ။
✔️အလုပ်အပေါ်စေတနာထားပြီး ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူဖြစ်ရမည် ။
✔️လူနာပေါ်စိတ်ရှည်ပြီး အပြောအဆိုပြေပြစ်ဖော်ရွေသူဖြစ်ရမည်။
✔️ပညာအရည်အချင်း ၁၀ တန်းအောင် ဖြစ်ရမည်
အစမ်းခန့်ကာလ ၃ လ ရှိမည်။
✔️လုပ်နိုင်ကိုင်နိုင်စွမ်းပေါ်မူတည်ပြီး bonus ရှိမည်။
🕘အလုပ်ချိန် - မနက် ၉:၃၀ မှ ည ၆:၀၀ နာရီ🕗
✔️တစ်ပတ် တစ်ရက်နားခွင့်ရှိသည်။

📲စိတ်ဝင်စားပါက CV form ကို Viber 09796488287 သို့ ပေးပို့လျှောက်ထားနိုင်ပါတယ်
Yangon Dental Clinic
အမှတ်(၂၅၁)၊ ဗိုလ်အောင်ကျော်လမ်း၊ အလယ်ဘလောက်၊ဝန်ကြီးများရုံးအနီး၊ ကျောက်တံတားမြို့နယ်

အားလုံးပဲ... ပိတ်ရက်ခရီးစဉ်ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ 🌟သီတင်းကျွတ် အားလပ်ရက်မှာ Yangon Dental Clinic မှ လူကြီး...
04/10/2025

အားလုံးပဲ... ပိတ်ရက်ခရီးစဉ်ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ 🌟
သီတင်းကျွတ် အားလပ်ရက်မှာ Yangon Dental Clinic မှ လူကြီးမင်းတို့အတွက် စိတ်ချမ်းသာကိုယ်ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။
​ကျွန်တော်တို့ ဆေးခန်းအနေနဲ့...
🗓️ [5.10.2025(Sunday)] နေ့မှ
🗓️ [6.10.2025(Monday)] နေ့အထိ
​ခေတ္တပိတ်ထားမှာဖြစ်ပြီး၊ [7.10.2025(Tuesday)] နေ့မှစ၍ ပုံမှန်အတိုင်း ပြန်လည်ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါတယ်။
​အားလပ်ရက်မှာ ပျော်ရွှင်စွာ အနားယူကြပြီး ပြန်လည်ဆုံတွေ့ကြပါစို့!
မိတ်ဆွေများအားလုံး သွားနှင့်ခံတွင်းကျန်းမာရေးကို ဂရုစိုက်ဖို့လည်း မမေ့ပါနဲ့နော် 😉။
​ #ဆေးခန်းပိတ်ရက် #အားလပ်ရက်

သွားနဲ့ခံတွင်းကျန်းမာရေးအတွက် လူအများစု မှားယွင်းစွာလုပ်ဆောင်နေတဲ့ အလေ့အထတွေကို ဖော်ပြပေးလိုက်ပါတယ်။  🦷 သွားကျန်းမာရေးနဲ...
01/09/2025

သွားနဲ့ခံတွင်းကျန်းမာရေးအတွက် လူအများစု မှားယွင်းစွာလုပ်ဆောင်နေတဲ့ အလေ့အထတွေကို ဖော်ပြပေးလိုက်ပါတယ်။

🦷 သွားကျန်းမာရေးနဲ့ပတ်သက်ပြီး အမှားအမှန်မသိဘဲ လုပ်မိနေကြတဲ့ အချက် (၅) ချက်

🗣️ သွားတိုက်တာ ပြင်းပြင်းတိုက်မှ သန့်တယ်…
✅ - သွားဖုံးဒဏ်ရာရစေပြီး သွားတွေပွန်းစားနိုင်တာကြောင့် နူးညံ့စွာတိုက်ပါ။

🗣️သွားတိုက်ဆေး အများကြီးသုံးမှ သန့်တယ်…
✅ - ပဲစေ့ပမာဏလောက်သာ လိုအပ်ပါတယ်။

🗣️မုန့်စားပြီးတိုင်း ချက်ချင်းသွားတိုက်ရမယ်…
✅ - အချဉ်ဓာတ်ပါတဲ့အစာစားပြီး (၃၀) မိနစ်ခန့်စောင့်ပါ။

🗣️သကြားစားခြင်းဟာ သွားပိုးစားစေတယ်…
✅ အစားအစာမှထွက်တဲ့ အက်ဆစ်နဲ့ သွားနှင့်ခံတွင်းသန့်ရှင်းမှုအားနည်းခြင်းကြောင့် သွားပိုးစားတာဖြစ်ပါတယ်။

🗣️သွားနာရင် ဆေးမြီးတိုနဲ့ကုတာ အကောင်းဆုံး…
✅ ဆရာဝန်နဲ့ပြသပါ။ မဟုတ်ရင် ပိုဆိုးသွားနိုင်ပါတယ်။

✨ သွားနဲ့ခံတွင်းကျန်းမာရေးအတွက် အကြံပြုချက်အနေနဲ့

- တစ်နေ့ကို ၂ ကြိမ် (မနက် + ည) သွားတိုက်ပါ။
- ( ၆ ) လတစ်ကြိမ် သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးပါ။
- သွားကြားထိုးတံ (သို့) သွားကြားကြိုးသုံးပါ။

🦷 သွားကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ သင့်ကျန်းမာရေးအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာမို့ အမှားအမှန်ခွဲခြားပြီး ဂရုစိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်…

Phone – 09 968 888 950
Email – [email protected]

Yangon Dental Clinic
📌အမှတ်(၂၅၁)၊ ဗိုလ်အောင်ကျော်လမ်း၊ အလယ်ဘလောက်၊ ဝန်ကြီးများရုံးအနီး၊ ကျောက်တံတားမြို့နယ်



သွားလေးတွေ ဖြူဖွေးလှပစေမယ့် Whitening Treatment (20% Off) အတွက် သူငယ်ချင်းလေးကို အပါခေါ်ခဲ့….😊ဒီလိုနေရာမှာ သူငယ်ချင်းလေး...
15/08/2025

သွားလေးတွေ ဖြူဖွေးလှပစေမယ့် Whitening Treatment (20% Off) အတွက် သူငယ်ချင်းလေးကို အပါခေါ်ခဲ့….😊

ဒီလိုနေရာမှာ သူငယ်ချင်းလေးတွေရဲ့ အခန်းကဏ္ဍက အရေးပါလာပါပြီ….

မတည့်အတူနေ Bff လေးတွေရှိရင်လည်း ချော့မော့ပြီး Yangon Dental ဆီ အပါခေါ်ခဲ့လိုက်ပါ။ 🙆

💁ဘာလို့လဲဆိုတော့ Yangon Dental Clinic မှာ သူငယ်ချင်းနှစ်‌ယောက်အတူတူ Whitening Treatment လာလုပ်မယ်ဆိုရင် တစ်ယောက်စီကို 20% Off ပေးနေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် သွားဝါနေတဲ့၊ သွားမလှတဲ့သူငယ်ချင်းလေးတွေကို အခုကတည်းက ကြိုရှာထားတော့နော်။ 🦷 🤗

Promotion ကာလက August လအတွင်းမို့ သူငယ်ချင်းကို စည်းရုံးပြီး အပြုံးလှလှလေးတွေ ရရှိစေမယ့် Whitening Treatment ကို လမကုန်ခင် Yangon Dental မှာ လာလုပ်ကြရအောင်။

Phone – 09 968 888 950
Email – [email protected]

Yangon Dental Clinic
📌အမှတ်(၂၅၁)၊ ဗိုလ်အောင်ကျော်လမ်း၊ အလယ်ဘလောက်၊ ဝန်ကြီးများရုံးအနီး၊ ကျောက်တံတားမြို့နယ်


👨🏻‍⚕️သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သွားဆရာဝန်ထံသို့ (၁)လတစ်ကြိမ်လောက်တော့ ပုံမှန်သွားရောက်စစ်ဆေးသင့်ပါတယ်။ဒီလို ပုံမှန...
08/08/2025

👨🏻‍⚕️သွားနှင့်ခံတွင်းကျန်းမာရေးအတွက် သွားဆရာဝန်ထံသို့ (၁)လတစ်ကြိမ်လောက်တော့ ပုံမှန်သွားရောက်စစ်ဆေးသင့်ပါတယ်။

ဒီလို ပုံမှန်စစ်ဆေးခြင်းဖြင့် -

✅သွားပြဿနာများကို စောစောစီးစီး ကြိုတင်သိရှိနိုင်ခြင်း။��✅ပြဿနာမဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်ပြီးသားဖြစ်စေပါတယ်။

✅အိမ်မှာသွားအမြဲတိုက်ပေမယ့်လည်း မဖယ်ရှားနိုင်တဲ့ သွားချေးကျောက်တွေကို သွားဆရာဝန်တွေက စနစ်တကျဖယ်ရှားပေးနိုင်ပါတယ်။��✅သွားနှင့်ခံတွင်း ကျန်းမာရေးဟာ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ကျန်းမာရေးနှင့်ဆက်စပ်နေတာကြောင့် နှလုံးရောဂါ၊ ဆီးချိုရောဂါတို့ကို တစ်ခါတည်းထိန်းသိမ်းပြီးသားဖြစ်စေပါတယ်။

✅ကလေးတွေမှာ သွားဖွံ့ဖြိုးပုံ မှန်ကန်မှုရှိ၊မရှိ နဲ့ လူကြီးများတွင် ဖြစ်လေ့ဖြစ်ထရှိတဲ့ သွားကျန်းမာရေးပြဿနာများကို သိရှိနိုင်ပါတယ်။�
Phone – 09 968 888 950
Email – [email protected]

Yangon Dental Clinic
📌အမှတ်(၂၅၁)၊ ဗိုလ်အောင်ကျော်လမ်း၊ အလယ်ဘလောက်၊ ဝန်ကြီးများရုံးအနီး၊ ကျောက်တံတားမြို့နယ်


သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေ လွဲမှားစွာ သိထားတဲ့ အယူအဆအမှားတွေကတော့ -❌အယူအဆအမှား – သွားကို သွားပွတ်တံကြ...
07/08/2025

သွားနှင့်ခံတွင်းကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေ လွဲမှားစွာ သိထားတဲ့ အယူအဆအမှားတွေကတော့ -

❌အယူအဆအမှား – သွားကို သွားပွတ်တံကြမ်းကြမ်းနဲ့တိုက်တိုင်း အကုန်ပြောင်စင်သန့်ရှင်းနိုင်မယ်။

✅အမှန်တရား – သွားကိုကြမ်းကြမ်းတိုက်ခြင်းက သွားပြင်ကြွေလွှာကိုဖျက်စီးစေနိုင်လို့ သွားပွတ်တံပျော့ပျော့နဲ့သာ ညင်ညင်သာသာတိုက်သင့်ပါတယ်။

❌အယူအဆအမှား – သွားပြဿနာတစ်ခုခု မဖြစ်မချင်း ဆရာဝန်ထံ သွားဖို့မလိုဘူး။

✅အမှန်တရား – သွာနှင့် ခံတွင်းပြဿနာများကို စောစောစီးစီး ကြိုတင်သိရှိဖို့ သွားဆရာဝန်နဲ့ ပုံမှန်စစ်ဆေးသင့်ပါတယ်။

❌အယူအဆအမှား – သွားဖြူစေတဲ့ကုသမှုတွေက သွားကိုပျက်စီးစေနိုင်တယ်။

✅အမှန်တရား – သွားဆရာဝန်တွေနဲ့ ပြုလုပ်တဲ့ Whitening Treatment တွေက Save ဖြစ်ပါတယ်။ဒါပေမယ့် အိမ်တွင်းကုထုံးတွေနဲ့ လက်တည့်စမ်းတာက သွားထိခိုက်တာမျိုးဖြစ်စေနိုင်ပါတယ်။

Phone – 09 968 888 950
Email – [email protected]

Yangon Dental Clinic
📌အမှတ်(၂၅၁)၊ ဗိုလ်အောင်ကျော်လမ်း၊ အလယ်ဘလောက်၊ ဝန်ကြီးများရုံးအနီး၊ ကျောက်တံတားမြို့နယ်


အံကပ်မှာလည်း သဘာဝသွားများနည်းတူ သွားချေးမှာကျောက်များကပ်တွယ်နေနိုင်ပါတယ်။ ဒါကြောင့် အံကပ်တပ်ပြီးနောက် ဘယ်လို Care လုပ်ရမ...
06/08/2025

အံကပ်မှာလည်း သဘာဝသွားများနည်းတူ သွားချေးမှာကျောက်များကပ်တွယ်နေနိုင်ပါတယ်။ ဒါကြောင့် အံကပ်တပ်ပြီးနောက် ဘယ်လို Care လုပ်ရမလဲဆိုတဲ့ အကြောင်းများကို မျှဝေသွားပါမယ်။💁🏻‍♀️

✅အံကပ်ကို အစာစားပြီးတိုင်း သန့်ရှင်းရပါမည်။သန့်ရှင်းရာတွင် သွားပွတ်တံ၊ ဆပ်ပြာ၊ ရိုးရိုးရေအေးတို့ကို အသုံးပြုရပါမည်။

✅အံကပ်ကို သန့်စင်သောဆေးရည်ထဲမှာ မိနစ် (၃၀) ခန့်စိမ်ထားပါ။

✅အံကပ်အတွက် သီးသန့်ထုတ်ထားသော ဆေးရည်နဲ့ သွားတိုက်တံတို့ကိုသာ အသုံးပြုပေးပါ။

✅ညအိပ်ချိန်မှာ အံကပ်ချွတ်ထားပါ။

✅အံကပ်ကို (၅) နှစ် အသုံးပြုပြီးပါက အသစ်လှဲလှယ်ပေးသင့်ပါတယ်။

Phone – 09 968 888 950
Email – [email protected]

Yangon Dental Clinic
📌အမှတ်(၂၅၁)၊ ဗိုလ်အောင်ကျော်လမ်း၊ အလယ်ဘလောက်၊ ဝန်ကြီးများရုံးအနီး၊ ကျောက်တံတားမြို့နယ်


Yangon Dental မှာ Customer Service ပိုင်းနဲ့ ပတ်သက်လို့ အစစအရာရာ စိတ်တိုင်းကျစေဖို့ ✨ကျွမ်းကျင်တဲ့ Dentist များနဲ့အတူ Te...
05/08/2025

Yangon Dental မှာ Customer Service ပိုင်းနဲ့ ပတ်သက်လို့ အစစအရာရာ စိတ်တိုင်းကျစေဖို့ ✨

ကျွမ်းကျင်တဲ့ Dentist များနဲ့အတူ Team တစ်ခုလုံးက အကောင်းဆုံး ဝန်ဆောင်မှုပေးနေပါပြီ။🤗

နွေးထွေးပျူငှါ ချိုသာတဲ့အပြုံးများနဲ့အတူ သွားနှင့်ခံတွင်းကျန်းမာရေးကို အကောင်းဆုံးကုသစစ်ဆေးပေးနေတာကြောင့် ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ စိတ်တိုင်းကျစေဖို့ Yangon Dental ကိုသာ လှမ်းခဲ့လိုက်တော့နော်…💁🏻‍♀️

Phone – 09 968 888 950
Email – [email protected]

Yangon Dental Clinic
📌အမှတ်(၂၅၁)၊ ဗိုလ်အောင်ကျော်လမ်း၊ အလယ်ဘလောက်၊ ဝန်ကြီးများရုံးအနီး၊ ကျောက်တံတားမြို့နယ်


လုပ်ငန်းနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို သွားဆေးခန်း ပြပေးချင်တာပဲဖြစ်ဖြစ်၊ ဖောက်သည်တွေအတွက် ယုံကြည်ရတဲ့ သွားဆေးခန်းနဲ့ Partn...
04/08/2025

လုပ်ငန်းနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို သွားဆေးခန်း ပြပေးချင်တာပဲဖြစ်ဖြစ်၊ ဖောက်သည်တွေအတွက် ယုံကြည်ရတဲ့ သွားဆေးခန်းနဲ့ Partnership လုပ်ထားချင်ရင်ဖြစ်ဖြစ် Yangon Dental ကို ရွေးချယ်သင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့…..

✅ဝါရင့်သွားဆရာဝန်ကြီးများကိုယ်တိုင် ကုသပေးနေတဲ့ ဆေးခန်းဖြစ်ခြင်း

✅ခေတ်မီစက်ကိရိယာများစုံလင်ပြီး သွားနဲ့ပတ်သက်တဲ့ Treatment မျိုးစုံ ရရှိနိုင်ခြင်း

✅လုပ်ငန်းရှင်များအတွက် ကုန်ကျစရိတ်သက်သာအောင် စီစဉ်ပေးခြင်း

စတဲ့အချက်တွေကြောင့် လုပ်ငန်းရှင်တွေလက်တွဲထားသင့်တဲ့ သွားဆေးခန်းဟာ Yangon Dental ပဲပေါ့။

Phone – 09 968 888 950,
Email – [email protected]

Yangon Dental Clinic
📌အမှတ်(၂၅၁)၊ ဗိုလ်အောင်ကျော်လမ်း၊ အလယ်ဘလောက်၊ ဝန်ကြီးများရုံးအနီး၊ ကျောက်တံတားမြို့နယ်


Address

No. 251, 1st Floor (Left), Bo Aung Kyaw Road (Middle Block)
Yangon
11181

Opening Hours

Monday 10:00 - 18:00
Tuesday 10:00 - 18:00
Wednesday 10:00 - 18:00
Thursday 10:00 - 18:00
Friday 10:00 - 18:00
Saturday 10:00 - 18:00
Sunday 10:00 - 18:00

Telephone

+959968888950

Website

Alerts

Be the first to know and let us send you an email when Yangon Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Yangon Dental Clinic:

Share