The One Dental Clinic

The One Dental Clinic Smile is the key that fits the lock of everybody’s heart.

✨ The One Dental Clinic နှင့်အတူ လက်တွဲပြီး  တက်ကြွဖော်ရွေသော ဝန်ထမ်းကောင်းများကို ဖိတ်ခေါ်ပါရစေခင်ဗျာ ✨👉🏻 လိုအပ်သော အရည...
17/01/2026

✨ The One Dental Clinic နှင့်အတူ လက်တွဲပြီး တက်ကြွဖော်ရွေသော ဝန်ထမ်းကောင်းများကို ဖိတ်ခေါ်ပါရစေခင်ဗျာ ✨

👉🏻 လိုအပ်သော အရည်အချင်းများ 👈🏻
🔹အသက် - (၁၈ - ၃၀) နှစ်အတွင်း (ကျား/မ)
🔹ပညာအရည်အချင်း - ဆယ်တန်း သို့မဟုတ် Grade (12) အောင်။
🔹English အလယ်အလတ်ပြောဆိုရေးသားနိုင်သူ
🔹 တက်တက်ကြွကြွအလုပ်လုပ်နိုင်သူ
🔹တိုးတက်လိုစိတ်ရှိ၍ သင်ယူတတ်မြောက်လွယ်သူ
🔹အကျင့်စာရိတ္တကောင်းမွန်ပြီး လူမှုဆက်ဆံရေးပြေပြစ်သူ
🔹 ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူ
🔹အသင်းအဖွဲ့နှင့် ခိုကပ်လိုစိတ်မရှိဘဲ အလုပ်လုပ်နိုင်သူ
🔹 အနည်းဆုံး ၈လခန့် တာဝန်ထမ်းဆောင်နိုင်သူများသာ လျှောက်ထားပေးပါ။

✨ လုပ်ငန်းအတွေ့အကြုံမရှိပါကလည်း စနစ်တကျ Training များ လေ့ကျင့်သင်ကြားပေးပါမည်။ ✨

🕘 အလုပ်ချိန်၊ အလုပ်နားရက်
• အလုပ်ချိန် - မနက် ၉ နာရီမှ ညနေ ၆:၃၀ နာရီအထိ
• အလုပ်နားရက် - တစ်လ (၄) ရက် (တစ်ပတ်လျှင်တစ်ရက် စနေ၊တနင်္ဂနွေမှလွဲ၍ မိမိအဆင်ပြေရာရက်ကို နားနိုင်သည်)

🌟အကျိုးခံစားခွင့်များ🌟
• Performance ပေါ်မူတည်၍ လစာတိုးမြှင့်ခြင်း၊ အချိန်ပိုခံစားခွင့် Bonus များ အပြည့်အဝ ရရှိမည်။
•လုပ်သက် ၃လအထက် ဝန်ထမ်းဖြစ်ပါက မိမိကိုယ်တိုင်၊ လုပ်သက် ၆လအထက်ဖြစ်ပါက မိမိ မိသားစုဝင်များ၏ သွားနှင့်ခံတွင်းကုသမှုများကို အလျဉ်းသင့်သလို ဆေးခန်းတွင် အခမဲ့ကုသခွင့်ရှိသည်။
•လုပ်သက် ၆လနှင့်အထက်ဝန်ထမ်းများအား The One Dental Clinic တွင် အလုပ်ချိန်အတွင်း Break time များတွင် မိမိနှစ်သက်ရာ သင်တန်းများအချိန်ပိုင်း တက်ခွင့်ရရှိမည်။

စိတ်ပါဝင်စားသူများသည် CV form များကို The One Dental Clinic Page messenger သို့မဟုတ် Viber 09953192924 သို့ ပေးပို့လျှောက်ထားနိုင်ပါသည် ။

✨ တစ်လကို အနည်းဆုံး “တစ်သိန်း” ကျပ် အရစ်ကျပေးသွင်း၍ သွားညှိကုသမှု ခံယူနိုင်ပါပြီ ✨‼️‼️ သွားညှိဖို့ လို/မလို ဘယ်လို သိမလဲ...
07/01/2026

✨ တစ်လကို အနည်းဆုံး “တစ်သိန်း” ကျပ် အရစ်ကျပေးသွင်း၍ သွားညှိကုသမှု ခံယူနိုင်ပါပြီ ✨

‼️‼️ သွားညှိဖို့ လို/မလို ဘယ်လို သိမလဲ ‼️‼️

🔹လှပသောအပြုံးတစ်ခု၏ အခြေခံမှာ သွားများ ညီညာမှုဖြစ်ပါတယ် ။ သွားများမညီညာခြင်းက အလှအပအပြင် မိမိကျန်းမာရေးအပေါ်ပါ သက်ရောက်မှုများရှိနိုင်ပါသည်။ ဥပမာ -
👉🏻 သွားထပ်ခြင်းကြောင့် အစာညပ်ခြင်းများဖြစ်ပေါ်ပြီး သွားပိုးစားခြင်း။
👉🏻 မေးရိုးအဆစ်ပြဿနာများ ( TMJ problems ) ဖြစ်လာနိုင်ခြင်း။
👉🏻 မျက်နှာ နှစ်ခြမ်း ခေါက်ချိုးညီ ထပ်တူကျမှု မရှိခြင်း ( Facial Asymmetry )

🔹Braces တပ်ရန် လိုအပ်သည့် အကြောင်းရင်းများ
• သွားများ ထပ်နေခြင်း (Crowded teeth)
• သွားကြဲခြင်း (Spacing)
• အပေါ်သွားနှင့် အောက်သွား အံဝင်ခွင်ကျ မကိုက်ညီခြင်း (Overbite / Underbite / Crossbite )
• သွားများ လွဲစောင်းနေခြင်း၊ လှည့်နေခြင်း ( Rotated teeth / Abnormal eruption )

🔹 Braces တပ်ခြင်း၏ အကျိုးကျေးဇူးများ
• သွားများကို ညီညာစေပြီး ယုံကြည်မှုရှိသော အပြုံးရရှိစေပါသည် ။
• သွားတိုက်သန့်ရှင်းရေး ပိုမိုလွယ်ကူစေ၍ သွားဖုံးရောဂါများ လျော့နည်းစေပါသည် ။
• သွားများ အပေါ်နှင့်အောက် ကိုက်နည်း မှန်ကန်လာသဖြင့် အစားအစာကို မေးရိုးအဆစ်ထိခိုက်မှုမရှိဘဲ အဆင်ပြေစွာ ကိုက်စားလာနိုင်ပါသည်။
• အနာဂတ်တွင် သွားပျက်စီးခြင်း၊ သွားဖုံးရောဂါများ ဖြစ်နိုင်ခြေကို လျော့ချပေးပါသည်။
• မျက်နှာ အချိုးအစားပိုမိုလှပလာနိုင်ပါသည်။

‼️‼️ ဘယ်အချိန်မှာ Braces တပ်သင့်ပါသလဲ ‼️‼️
ကလေးများ၊ လူကြီးများ မည်သည့်အသက်အရွယ်မဆို သွားညီညာမှုမရှိပါက သွားဖုံးနှင့် သွားဖုံးရိုးကောင်းသေးသရွေ့ သွားညှိကုသနိုင်ပါသည်။
ကလေးလူငယ်များအတွက် မေးရိုးကြီးထွားမှု မပြီးခင် အချိန်မီ စစ်ဆေးကုသခြင်းက ပိုမိုကောင်းမွန်သော ရလဒ်ကို ရရှိစေပါသည်။

သင့်အပြုံးကို ပိုမိုလှပစေရန်၊ သွားကျန်းမာရေးကို တာရှည်ထိန်းသိမ်းနိုင်ရန်အတွက် ကျွန်ုပ်တို့၏ ​The One Dental Clinic တွင် သွားညှိအထူးကု ဆရာဝန်များက သင့်အတွက် အသင့်တော်ဆုံး သွားညှိကုသမှုများကို အကြံပြုဆွေးနွေးဆောင်ရွက်ပေးနေပါသည်။
ယုံကြည်မှုအပြည့်ရှိသော အပြုံးသစ်ကို ကျွန်တော်တို့နဲ့အတူ စတင်လိုက်ပါခင်ဗျာ ။ 😊

🔹 The One Dental Clinic 🔹

⏰ Opening hours : 9:30 AM to 6:30 PM

📞 Hotline Number : 09445588829 , 09943218829

🏠 Address: အမှတ် ၂၅/၅၊ လေးထောင့်ကန်လမ်းမ၊ (ကက်ချီးယားမှတ်တိုင် တည့်တည့်)၊ Junction Zawana အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

📍Google Map :

https://maps.app.goo.gl/ZZvveMLqnA24jgyf8?g_st=ifm


၂၀၂၆ နှစ်သစ်အချိန်အခါသမယမှာ အားလုံးပဲ စိတ်ရောလူပါ ကျန်းမာပျော်ရွှင်ပြီး လိုအင်ဆန္ဒများပြည့်စုံကြပါစေခင်ဗျာ။ 🙏🏻🙏🏻🙏🏻၂၀၂၅ တ...
01/01/2026

၂၀၂၆ နှစ်သစ်အချိန်အခါသမယမှာ အားလုံးပဲ စိတ်ရောလူပါ ကျန်းမာပျော်ရွှင်ပြီး လိုအင်ဆန္ဒများပြည့်စုံကြပါစေခင်ဗျာ။ 🙏🏻🙏🏻🙏🏻

၂၀၂၅ တစ်နှစ်လုံးအတွင်း ကျွန်တော်တို့ရဲ့ The One Dental Clinic ကို ယုံကြည်စွာဖြင့် လာရောက်ကုသမှုခံယူတဲ့ မိတ်ဆွေတိုင်းကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ။ 🥰🥰🥰

၂၀၂၆ မှာလည်း လူကြီးမင်းတို့ စိတ်ကျေနပ်စေမယ့် ကုသမှုများပေးနိုင်ရန်လည်း ကျွန်တော်တို့ The One Dental Clinic မှ စောင့်ကြိုလျှက်ပါ ခင်ဗျာ ✨✨✨

Happy New Year to all 🎉🎉🎉

26/12/2025

သွားဆေးခန်းဆို မကြောက်တတ်တော့တဲ့ မီးမီးလေးတွေရဲ့ Dental Appointments အမှတ်တရလေးတွေပါ ခင်ဗျာ။ 🧒🏻👧🏻🦷😍
ကလေးဘဝထဲက ငယ်သွားလေးတွေဟာ လူကြီးသွားတွေ စနစ်တကျပေါက်လာဖို့အတွက် အရေးကြီးလို့ သားသားမီးမီးတို့ရဲ့ ငယ်သွားလေးတွေကိုလည်း ဂရုစိုက်သင့်ပါတယ်ခင်ဗျာ ။ ✨✨
မိမိရင်သွေးငယ်များရဲ့ သွားကျန်းမာရေး စိတ်ချရဖို့အတွက် ကျွန်တော်တို့ The One Dental Clinic မှ ကြိုဆိုလျှက်ပါ ခင်ဗျာ ။ ☺️☺️

🔹 The One Dental Clinic 🔹

⏰ Opening hours : 9:30 AM to 6:30 PM

📞 Hotline Number : 09445588829 , 09943218829

🏠 Address: အမှတ် ၂၅/၅၊ လေးထောင့်ကန်လမ်းမ၊ (ကက်ချီးယားမှတ်တိုင် တည့်တည့်)၊ Junction Zawana အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

📍Google Map :

https://maps.app.goo.gl/ZZvveMLqnA24jgyf8?g_st=ifm


Merry Christmas to you all 🎅🏻🎄❄️☃️ပျော်ရွှင်စရာ Christmas လေး ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ ✨
25/12/2025

Merry Christmas to you all 🎅🏻🎄❄️☃️

ပျော်ရွှင်စရာ Christmas လေး ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ ✨

👉🏻 နိစ္စဓူဝအလုပ်တွေထဲမှာ သွားတိုက်ခြင်းက နည်းစနစ်မှန်ကန်ဖို့ အလွန်အရေးကြီးတဲ့ အလုပ်တစ်ခုပါ။သွားတိုက်နည်းမမှန်ကန်ရင် အစာလ...
24/11/2025

👉🏻 နိစ္စဓူဝအလုပ်တွေထဲမှာ သွားတိုက်ခြင်းက နည်းစနစ်မှန်ကန်ဖို့ အလွန်အရေးကြီးတဲ့ အလုပ်တစ်ခုပါ။
သွားတိုက်နည်းမမှန်ကန်ရင် အစာလည်းမပြောင်သလို သွားကြွေလွှာတွေလည်းပြုန်းတီးနိုင်ပါတယ်။

👉🏻 အစာများမပြောင်ပါက သွားဖုံးယောင်ခြင်း၊ သွားဖုံးမှ သွေးထွက်ခြင်း၊ ခံတွင်းအနံ့ဆိုးခြင်းနှင့် သွားပိုးစားခြင်းတို့လည်း ဖြစ်ပေါ်စေပါတယ် ။

သွားတိုက်နည်းစနစ်မှန်ကန်အောင်ဘယ်လိုတိုက်ရမလဲ?
✅ သွားပွတ်တံကို သွားဖုံးစပ်ကနေ သွားရဲ့မျက်နှာပြင်ပေါ်အတိုင်း ၄၅ ဒီဂရီခန့်စောင်းပြီး ဒေါင်လိုက် (သို့မဟုတ်) စက်ဝိုင်းပုံ ရွေ့လျားပြီး အပေါ်အောက်ရွှေ့ပြီး တိုက်ပေးပါ။

✅ သွားများရဲ့ အတွင်းဘက်မျက်နှာပြင်များနှင့် အစာဝါးတဲ့စားတဲ့မျက်နှာပြင်များကိုလည်း နှံ့စပ်အောင်တိုက်ပေးပါ။

✅ သွားတိုက်ချိန်ကို ၂ မိနစ်မှ ၃ မိနစ်ခန့်ကြာအောင်တိုက်ပေးပါ။

✅ သွားတိုက်ပြီးပါက လျှာကိုပါ သွားပွတ်တံဖြင့်သန့်ရှင်းပေးပါ။

✅ တစ်နေ့ ၂ ကြိမ် သွားတိုက်ပေးပါ။
- မနက်စာစားပြီး တစ်ကြိမ်
- ည အိပ်ယာမဝင်မီတစ်ကြိမ်

✅ မိမိ၏သွားပွတ်တံကို သုံးလတစ်ကြိမ် (သို့) အမွှေးများဖွာသွားသည့်အခါတိုင်း အသစ်လဲပေးပါ။

🔹 The One Dental Clinic 🔹

⏰ Opening hours : 9:30 AM to 6:30 PM

📞 Hotline Number : 09445588829 , 09943218829

🏠 Address: အမှတ် ၂၅/၅၊ လေးထောင့်ကန်လမ်းမ၊ (ကက်ချီးယားမှတ်တိုင် တည့်တည့်)၊ Junction Zawana အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

📍Google Map :

https://maps.app.goo.gl/ZZvveMLqnA24jgyf8?g_st=ifm


Happy Diwali  🪔🪔🪔ဒီနေ့ ဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့နေ့ထူးနေ့မြတ် ဒေဝါလီနေ့ လေး ဖြစ်ပါတယ်ခင်ဗျာ ✨𝐃𝐢𝐰𝐚𝐥𝐢 (ဒေဝါလီ)နေ့လေးမှာ မိသာ...
20/10/2025

Happy Diwali 🪔🪔🪔

ဒီနေ့ ဟာ ဟိန္ဒူဘာသာဝင်တို့ရဲ့နေ့ထူးနေ့မြတ် ဒေဝါလီနေ့ လေး ဖြစ်ပါတယ်ခင်ဗျာ ✨

𝐃𝐢𝐰𝐚𝐥𝐢 (ဒေဝါလီ)နေ့လေးမှာ မိသားစုများနဲ့ အတူ ပျော်ရွှင်မှုများ ကို မျှဝေရင်း ပျော်ရွှင်စရာ အားလပ်ရက်ကို ပိုင်ဆိုင်နိုင်ပါစေလို့ The One Dental Clinic မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏🙏🙏

မင်္ဂလာအပေါင်းနဲ့ပြည့်စုံသော ပျော်ရွှင်စရာ သီတင်းကျွတ်ကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ The One Dental C...
06/10/2025

မင်္ဂလာအပေါင်းနဲ့ပြည့်စုံသော ပျော်ရွှင်စရာ သီတင်းကျွတ်ကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်တော်တို့ The One Dental Clinic မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ 🙏🏻✨💫

The One Dental Clinic မှာ ကုသမှုခံယူပြီးစီးခဲ့တဲ့ သွားအမြစ်တု တိုင်စိုက်ကုသမှုလေးပါခင်ဗျာ ✨ဆုံးရှူံးထားတဲ့ သွားတွေနေရာမှ...
19/09/2025

The One Dental Clinic မှာ ကုသမှုခံယူပြီးစီးခဲ့တဲ့ သွားအမြစ်တု တိုင်စိုက်ကုသမှုလေးပါခင်ဗျာ ✨

ဆုံးရှူံးထားတဲ့ သွားတွေနေရာမှာ နဂိုသွားအတိုင်း ပြန်လည်အစားထိုးအသုံးပြုနိုင်ဖို့အတွက် မိမိသွားအစစ်အတိုင်း ခံစားချက်ပေးစွမ်းနိုင်သော အကောင်းဆုံးသွားစိုက်နည်းဖြစ်တဲ့ “Dental Implants” သွားအမြစ်တု တိုင်စိုက်ကုသနည်း ဖြစ်ပါတယ်ခင်ဗျာ 🦷✨

ကုသမှုခံယူနေစဉ်အတွင်းလည်း နာကျင်မှုမရှိသော ကုသမှုမျိုးဖြစ်ပြီး ဘေးသွားများကို စက်ဖြင့်စားရခြင်း၊ အံကပ်တပ်ဆင်အသုံးပြုခြင်းကဲ့သို့ နေသားမကျဖြစ်ခြင်းများမှလည်း ကာကွယ်ပေးတဲ့ ကုသမှုဖြစ်ပါတယ် 🦷✨

🔹 The One Dental Clinic 🔹

⏰ Opening hours : 9:30 AM to 6:30 PM

📞 Hotline Number : 09445588829 , 09943218829

🏠 Address: အမှတ် ၂၅/၅၊ လေးထောင့်ကန်လမ်းမ၊ (ကက်ချီးယားမှတ်တိုင် တည့်တည့်)၊ Junction Zawana အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

📍Google Map :

https://maps.app.goo.gl/ZZvveMLqnA24jgyf8?g_st=ifm


သွားကျောက်ခြစ်ခြင်းကြောင့် သွားတွေ ကျဲသွားနိုင်လား ⁉️သွားတွေ ကျဉ်လာနိုင်လား ⁉️🦷 သွားကျောက်တွေဆိုတာ သွားမျက်နှာပြင်ပေါ်မှ...
18/09/2025

သွားကျောက်ခြစ်ခြင်းကြောင့် သွားတွေ ကျဲသွားနိုင်လား ⁉️
သွားတွေ ကျဉ်လာနိုင်လား ⁉️

🦷 သွားကျောက်တွေဆိုတာ သွားမျက်နှာပြင်ပေါ်မှာ Dental Plaque လို့ခေါ်တဲ့ သွားချေးလွှာက အချိန်အတော်ကြာနေရာယူထားတဲ့အခါမှာ နှစ်ကြာလာတာနဲ့အမျှ မာခဲတဲ့သွားကျောက်တွေအဖြစ်ပြောင်းလဲလာပါတယ်။

ထိုအခါမှာ သွားဘေးပတ်လည် သွားဖုံးနှင့် သွားဖုံးရိုးတို့ကို အောက်က တွန်းချပြီး နေရာယူလာတတ်ကြပါတယ်။

သွားကျောက်တွေ များလာတာနှင့်အမျှ သွားဖုံးနဲ့သွားဖုံးရိုးက နိမ့်လာပြီး သွားအမြစ်တွေ ပေါ်လာတတ်ပါတယ်။

ပုံမှန်ဆို သွားတစ်ချောင်းနဲ့တစ်ချောင်းကြားမှာ ရှိရမယ့် တြိဂံပုံသွားဖုံးသားလေးဟာ နိမ့်ဆင်းသွားတဲ့အတွက် သွားကြားတွေမှာ black triangles လို့ခေါ်တဲ့ အပေါက်လေးတွေ ဖြစ်နေတတ်ပါတယ်။

သွားကျောက်သန့်ရှင်းရေး လုပ်လိုက်ရင် သွားကြားထဲ နေရာယူထားတဲ့ ကျောက်တွေ ကွာကျသွားတဲ့အတွက် black triangles အပေါက်လေးတွေ ပေါ်လာတတ်ပါတယ်။

ဒါကို အများစုက သွားကျောက်ခြစ်လိုက်လို့ သွားတွေကျဲသွားတယ်လို့ အထင်မှားတတ်ကြပါတယ်။

သွားကျောက်တွေရှိနေခြင်းကြောင့် သွားအမြစ်တွေ ပေါ်နေတဲ့လူနာတွေမှာ ကျောက်သန့်ရှင်းရေးလုပ်နေစဉ်အတွင်း ခဏတာကျဉ်ခြင်းကို ဖြစ်ပေါ်စေတတ်ပါတယ်။

ကျန်းမာတဲ့ သွားဖုံးသား ပြန်တက်လာပြီး သွားအမြစ်တွေကို သွားဖုံးသားပြန်လည်ဖုံးသွားတဲ့အချိန်မှာ သွားကျဉ်ခြင်းသက်သာလာမှာပါ။

🦷 ဒါဆို သွားကျောက်ခြစ်လို့ သွားကျဲမှာလားဆိုတဲ့မေးခွန်းအတွက် အဖြေကတော့ 👉🏻 သွားကျောက်ခြစ်ခြင်းကြောင့်တော့ သွားတွေလုံးဝမကြဲသွားပါဘူးခင်ဗျာ 👈🏻

သွားကျောက်တွေ ရှိနေလျက်နဲ့ သန့်ရှင်းရေးမလုပ်မှသာ ကျောက်တွေများလာတာနဲ့အမျှ သွားတွေ *ပိုကျဲ၊ပိုကျဉ်လာပြီး သွားဖုံးရိုးတဖြည်းဖြည်း နိမ့်လာခြင်းကြောင့် သွားတွေ ယိုင်နဲ့လာနိုင်ပါတယ်ခင်ဗျာ* ‼️‼️

🔹 The One Dental Clinic 🔹

⏰ Opening hours : 9:30 AM to 6:30 PM

📞 Hotline Number : 09445588829 , 09943218829

🏠 Address: အမှတ် ၂၅/၅၊ လေးထောင့်ကန်လမ်းမ၊ (ကက်ချီးယားမှတ်တိုင် တည့်တည့်)၊ Junction Zawana အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

📍Google Map :

https://maps.app.goo.gl/ZZvveMLqnA24jgyf8?g_st=ifm


ပုံမှန်တွေ့မြင်နေကြဆိုပေမယ့် လစ်လျှူရှုမထားသင့်တဲ့ သွားနှင့်ခံတွင်းပြဿနာများ 🚨🚨🚨အောက်ပါ လက္ခဏာတွေက ပုံမှန်ဖြစ်လေ့ဖြစ်ထရှ...
05/09/2025

ပုံမှန်တွေ့မြင်နေကြဆိုပေမယ့် လစ်လျှူရှုမထားသင့်တဲ့
သွားနှင့်ခံတွင်းပြဿနာများ 🚨🚨🚨

အောက်ပါ လက္ခဏာတွေက ပုံမှန်ဖြစ်လေ့ဖြစ်ထရှိလို့ဆိုပြီး အချိန်မီကုသမှုမခံယူရင် နောက်ဆက်တွဲ ဘာဆိုးကျိုးတွေရှိလာနိုင်လဲဆိုတာကို ကျွန်တော်တို့နဲ့အတူတူ လေ့လာကြည့်ရအောင်နော် 👇🏻👇🏻👇🏻

🦷 သွားချေးကျောက်များရှိနေခြင်း 🦷
- သွားတိုက်တဲ့အခါမပြောင်ရင် သွားမျက်နှာပြင်မှာကပ်နေတဲ့ သွားချေးတွေက အချိန်တစ်ခုရောက်တဲ့အခါမှ ကျောက်တွေဖြစ်ပြီး သွားအခြေတွေမှာ မြဲမြံစွာကပ်တွယ်ထားတတ်ပါတယ်
- သွားပွတ်တံနဲ့ ဖယ်ရှားလို့မရနိုင်တော့တဲ့ သွားချေးကျောက်တွေများလာရင်တော့ သွားကို ခိုင်ခံ့အောင် ပတ်လည်ဝန်းရံပေးထားတဲ့သွားဖုံးနှင့် သွားဖုံးရိုးကို အောက်ကို တွန်းချပစ်ပြီး သွားအမြစ်တွေပေါ်လာပါတယ်
- မဖယ်ရှားဘဲ ဆက်ရှိနေရင်တော့ သွားက အချိန်ကြာလာနဲ့အမျှ ယိုင်နဲ့ပြီး သွားအချောင်းလိုက် ကျွတ်ထွက်သွားတတ်ပါတယ်ခင်ဗျာ

🦷 သွားဖုံးမှ သွေးထွက်တတ်ခြင်း 🦷
- သွားတိုက်တဲ့အခါမှာ သွားဖုံးတွေက သွေးထွက်တာမျိုးကြုံဖူးကြမှာပေါ့...ဒါက သွားဖုံးယောင်ခြင်းရဲ့ ကနဦး လက္ခဏာပါ...သွားဖုံးယောင်ခြင်းကနေ တဆင့် ရေစီးကမ်းပြိုရောဂါကနေ သွားများဆုံးရှုံးသည်အထိ ဖြစ်ပွါးနိုင်ခြင်းကြောင့် သာမန် သွေးထွက်တယ်ဆိုပြီး မပေါ့ဆသင့်ပါဘူးင်ဗျာ

🦷 ခံတွင်း အနံ့ဆိုးနေခြင်း 🦷
- အပေါ်မှာပြောခဲ့တဲ့ သွားကျောက်တွေရှိနေရင်၊ သွားဖုံးတွေယောင်နေရင်၊ ပြီးတော့ သွားပိုးပေါက်တွေရှိနေရင် သွားပိုးပေါက်ထဲ ဝင်နေတဲ့ အစာဟောင်းတွေကနေ အချိန်ကြာလာတော့ ခံတွင်းအနံ့အသက်တွေ ဆိုးလာတတ်ပါတယ်…နေ့စဉ်လူနေမှုဘဝ လူမှုဆက်ဆံရေးတွေမှာ အရမ်းအရေးပါတဲ့ တစ်ချက်ဖြစ်လို့ ဂရုစိုက်သင့်ပါတယ်ခင်ဗျာ

🦷 သွားပိုးပေါက်များရှိနေခြင်း 🦷
- ပိုးပေါက်လေးက သေးသေးလေးပါဆိုပြီး မဖာဘဲ ပစ်ထားမိတဲ့အခါ ပိုးပေါက်က တဖြည်းဖြည်းနက်လာပြီး သွားရဲ့အလယ်ဗဟိုမှာရှိတဲ့ သွားအကြောနားအထိ ရောက်သွားရင်တော့ သွားကိုက်/သွားနာတာတွေ စတင်ခံစားလာရမှာပါ။
- အဲ့ဒီအချိန်ရောက်မှဆိုရင်တော့ သွားက ပြန်ဖာလို့မရတော့ဘဲ သွားအကြောထုတ်ကုသမှု ခံယူမှဖြစ်တော့မှာမို့ ကုန်ကျစရိတ်နဲ့ ဆေးခန်းလာရတဲ့ အကြီမ်အရေအတွက်လည်း များလာနိုင်တာမို့ သွားပိုးပေါက်သေးသေးလေးစဖြစ်ပြီဆိုတာနဲ့ ဖာထားသင့်ပါတယ်ခင်ဗျာ

🦷 သွားကိုက်/သွားနာခြင်း 🦷
- ဒီအဆင့်ရောက်မှသာ သွားဆေးခန်းကို လူနာတွေ ရောက်လာကြတတ်ကြပါတယ်။ အကယ်၍သာ အပေါ်က အချက်တွေ စဖြစ်ကတည်းက လိုအပ်တဲ့ကုသမှုခံယူခဲ့လျှင် သွားကိုက်/သွားနာဝေဒနာခံစားရတဲ့အဆင့်အထိမရောက်တော့ဘဲ မိမိရဲ့သွားလေးတွေရဲ့ သက်တမ်းက မိမိအသက်ရှင်သရွေ့ စားကောင်းသောက်ဖွယ်တွေကို မိမိနဲ့အတူတူစားသောက်ခွင့်ရရှိနေမှာပါခင်ဗျာ 🥰🥰

Page Messenger သို့မဟုတ် ဖုန်းဖြင့်ကြိုတင် appointment ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 🙏🏻🙏🏻

🔹 The One Dental Clinic 🔹

⏰ Opening hours : 9:30 AM to 6:30 PM

📞 Hotline Number : 09445588829 , 09943218829

🏠 Address: အမှတ် ၂၅/၅၊ လေးထောင့်ကန်လမ်းမ၊ (ကက်ချီးယားမှတ်တိုင် တည့်တည့်)၊ Junction Zawana အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

📍Google Map :

https://maps.app.goo.gl/ZZvveMLqnA24jgyf8?g_st=ifm





“ သင့်သွားလေးတွေ သဘာဝကျကျ မူလထက် ၂ ဆ ဖြူဖွေးစေဖို့ Laser Whitening Treatment “ The One Dental Clinic မှာ Laser Whitening...
13/08/2025

“ သင့်သွားလေးတွေ သဘာဝကျကျ မူလထက် ၂ ဆ ဖြူဖွေးစေဖို့ Laser Whitening Treatment “

The One Dental Clinic မှာ Laser Whitening Treatment ကုသမှုခံယူထားတဲ့ပုံလေး ဖြစ်ပါတယ်ခင်ဗျာ ✨

🔹 The One Dental Clinic 🔹

⏰ Opening hours : 9:30 AM to 6:30 PM

📞 Hotline Number : 09445588829 , 09943218829

🏠 Address: အမှတ် ၂၅/၅၊ လေးထောင့်ကန်လမ်းမ၊ (ကက်ချီးယားမှတ်တိုင် တည့်တည့်)၊ Junction Zawana အနီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့။

📍Google Map :

https://maps.app.goo.gl/ZZvveMLqnA24jgyf8?g_st=ifm


Address

No. 25/5 ( Near Junction Zawana ), Lay Daungkan Road, Thingankyun Tsp
Yangon
11072

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

+959445588829

Website

Alerts

Be the first to know and let us send you an email when The One Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to The One Dental Clinic:

Share