Thwin Dental Clinic

Thwin Dental Clinic Dental Clinic

20/07/2023
20/07/2023

သွားကျောက်တွေကနေတဆင့် နောက်ဆက်တွဲ အနေနဲ့ ဖြစ်လာနိုင်တဲ့ ပြသနာတွေအကြောင်း Sharing လုပ်ချင်ပါတယ်‌

📌သွားကျောက်မှတဆင့် သွားပိုးစားခြင်း
📌သွားဖုံး ရောင်ခြင်း
📌အစာစားတိုင်း သွားကြားညှပ်ခြင်း
📌သွားဖုံးများ နိမ့်ကျလာခြင်း
📌အစားအမာ စားခြင်းနှင့် သွားတိုက်ခြင်းများတွင် သွားဖုံးမှ သွေးထွက်ခြင်း
📌နောက်ဆုံး ရေစီးကမ်းပြို ရောဂါများလဲ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် သွားကျောက်ခြစ်ခြင်းကို သွားကျောက်ပေါ်မူတည်ပြီး သွားကျောက်ပုံမှန်ခြစ်ပေးခြင်းနှင့် သွားကျန်းမာရေးကိုလဲ ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။

သွားနှင့်ခံတွင်းပြဿနာများနှင့်ပတ်သက်ပြီး appointment ရယူလိုပါက
📱09975322337 ဒါမှမဟုတ်

Page Message Box ကနေ ဆက်သွယ်ပြီး appointment ရယူနိုင်ပါတယ်
Dental Clinic

#ဝါဆိုမှတ်တိုင်
#သင်္ဘောကျင်း
#သွားဆေးခန်း

သွားအစွပ်လေးတွေနဲ့ ပါတ်သတ်ပြီး မေးလာကြတဲ့အတွက်  " သွားအစွပ် Crown & Bridge တွေအကြောင်း " ပြောပြပါရစေသွား​​လေး​တွေဆုံးရှု...
18/07/2023

သွားအစွပ်လေးတွေနဲ့ ပါတ်သတ်ပြီး မေးလာကြတဲ့အတွက် " သွားအစွပ် Crown & Bridge တွေအကြောင်း " ပြောပြပါရစေ

သွား​​လေး​တွေ
ဆုံးရှုံးသွားတဲ့အခါ ပြန်စိုက်ဖို့ပဲဖြစ်ဖြစ်

သွားပိုးစားလို့အ​ကြောထုတ်ရလို့ပြန်ပြီး အစွပ်စွပ်ဖို့ အတွက်ပဲ ဖြစ်ဖြစ်

နဂိုထက်ပိုလှချင်လို့ veneer ​ကြွေလွှာကပ်ချင်လို့ဘဲဖြစ်ဖြစ်

သွားအစွပ် (dental crown and bridge)လုပ်ဖို့လိုအပ်လာတဲ့အခါမှာ
ရရှိနိုင်တဲ့သွားအစွပ်လေးတွေ အကြောင်းပြောပြချင်ပါတယ်

သွားအစွပ်တစ်ခုကို အရည်အ​​သွေးသတ်မှတ်တဲ့အခါမှာအချက်အလက်နဲ့သတ်မှတ်ပါတယ်

1.... လှပမှု ❤️

​ခေတ်မီလာတာနဲ့အမျှ
သဘာဝသွားနဲ့ခွဲမရ​အောင်တူတဲ့ သွားအစွပ်​တွေပိုလုပ်လို့ရနိုင်လာပါပြီ

2...မာ​ကျောမှု🔨

သွားအစွပ်တစ်ခုဟာမာ​​ကျော​လေ ပျက်စီးပေါက်ပြဲမှု
နည်းပါးလေဖြစ်ပါတယ်

3...တိကျမှူ👍

သွားအစွပ်တစ်ခုဟာ အစွပ်စွပ်ထားတဲ့သွားနဲ့ fitting ကျ​နေဖို့လိုပါတယ်

သွားတုနည်းပညာ​တွေ အဆင့်မြင့်လာတာနဲ့အမျှ Computer-aided Design and Computer-aided manufacturing (CAD/CAM ) သုံးတာဖြစ်လို့ တိကျမှုမှာအရင်ကထက်တိုးတက်လာပါတယ်

4...ကိုယ်ခန္ဓာနဲ့သဟာဇာဖြစ်မှု ( Biocompatabality)

သတ္တု သွားအစွပ်​တွေမှာသုံးတဲ့ nickel ဟာ
အချို့လူ​တွေနဲ့မတည့်ဘဲ allergy ဖြစ်တတ်ပါတယ်

Medical Hazard-Metal Crown ​တွေဟာ digital dental 3D ဓါတ်မှန်ရိုက်တဲ့အချိန်အ​နှောင့်အယှက်ဖြစ်စေရုံသာမက
Magnetic Resonance Imaging (MRI) ရိုက်တဲ့အခါ
ပြန်ဖြုတ်ရပါတယ်

အသုံးများတဲ့ သွားအစွပ်တွေအကြောင်းရှင်းပြပေးပါမယ်

🦷 Zirconia crown

အသုံးအများဆုံး​ကြွေသွားဘဲဖြစ်ပါတယ်
PFZ နဲ့ FCZ ဆိုပြီး (၂)မျိုးရှိပါတယ်
အပေါ်မှာ Porcelain နောက်ထပ်ကြွေလွှာ ပါတာနဲ့ မပါတာကွာပါတယ်

⚡အားသာချက်

သဘာဝသွားထက် ၅ဆ ပိုမာပါတယ်
အံသွား​ရော ​ရှေ့သွားအတွက်ပါ လှပမှုအရ​ရော ​​စျေးနှုန်းအရ​ရော​ရေရှည်ခံမှုအရပါ သင့်တင့်မျှတပါတယ်
Fully digital menufacture ဖြစ်လို့တိကျပါတယ်
​ကြွေဖြစ်လို့ လူနဲ့တည့်တယ် Biocompatible ဖြစ်သလို MRI ရိုက်မယ်ဆိုလဲ ရပါတယ် ပြန်ဖြုတ်ဖို့မလိုပါဘူး

⚡အားနည်းချက်

အင်မတန်မာတာဖြစ်လို့ အံကြိတ်တဲ့အကျင့်ရှိတဲ့လူ​တွေမှာ ဆန့်ကျင်ဘက်သွားကိုပွန်းစေနိုင်ပါတယ်

🦷သတ္တုအုပ်ကြွေသွား PFM
(Porcelain Fused to Metal)

☑️သတ္တု တစ်လွှာ​​ပေါ်မှာမှ​ကြွေပြန်အုပ်ထားတဲ့သွားအစွပ်ဖြစ်ပါတယ်

⚡အားသာချက်

သွားအ​ရောင် သွားစွပ်ထဲမှာ​စျေးအနည်းဆုံးဖြစ်ပါတယ်

ကုန်ကျစရိတ်​လျော့ချချင်သလို ​ရှေ့သွားဖြစ်​နေလိုသွားအ​ရောင်လည်းလိုအပ်တဲ့အ​ခြေအ​နေမျိူးအတွက်သုံးပါတယ်

⚡အားနည်းချက်

အတွင်းက သတ္တု တစ်လွှာကို အပေါ်ကကြွေလွှာအုပ်ထားတာကြောင့်
ကြည်လင်မှုမရှိသလို သွားဖုံးရင်းမှာ မည်းနေတာမျိုးဖြစ်တတ်ပါတယ်
အလွှာ ၂လွှာဖြစ်လို Crown Preparation လုပ်တဲ့အခါမှာသွားကိုသေးအောင် ပိုစားပစ်ရပါတယ်
အံ့သွားလို​နေရာမျိုးမှာဆို​ရေရှည်မှာ အပေါ်ယံ ​ကြွေလွှာကွာသွားတာမျိုးဖြစ်နိုင်ပါတယ်

Nickel allergy ရရှိတဲ့သူတွေဆို တပ်လို့မရပါဘူး

MRI ရိုက်မယ်ဆို အဆင်မပြေ ဖြစ်နိုင်ပါတယ်

🦷 Metal crown

Nickel -Chromium ​alloy နဲ့လုပ်ထားတဲ့ Basic သွားအစွပ်တစ်မျိူးဖြစိပါတယ်

သွားအစွပ်​တတွေထဲ ကုန်ကျစရိတ်အနည်းဆုံးသွားအစွပ်ဖြစ်ပါတယ်

⚡အားသာချက်

စျေးအနည်းဆုံး နဲ့ တစ်ချို့သွားတွေမှာ လိုအပ်ချက်အရ အသုံးပြုရပါတယ်

⚡အားနည်းချက်

​ငွေ​ရောင်ဖြစ်လို့​ရှေ့သွားအတွက်အဆင်မ​ပြေပါဘူး
​ရေရှည်မှာ သတ္တုလွှာပါးလာနိုင်ပါတယ်

Nickel နဲ့မတည့်သူ​‌တွေ အတွက် အဆင်မပြေနိုင်ပါဘူး

MRI လို 3D imaging procedure ​တွေအတွက် အဆင်မပြေ ဖြစ်နိုင်ပါတယ်

🦷 ရွေးချယ်စရာ သွား အစွပ်လေးတွေ ‌အကြောင်း သိရှိသွားပြီဆိုတော့ သွားလေးတွေကို အစွပ်စွပ်ဖို့ လိုအပ်လာပြီဆိုရင် သတိရလိုက်ပါနော်

Thwin Dental Clinic

🏥အမှတ် 506 အလင်းရောင် 4 လမ်း ကြည်စုရပ်ကွက် ဒေါပုံမြို့နယ်၊ရန်ကုန်မြို့။

#ဝါဆိုမှတ်တိုင် အနီး
#သင်္ဘောကျင်း မှတ်တိုင်အနီး

📱09975322337

Thwin Dental Clinic https://www.facebook.com/Thwin-Dental-Clinic-113805970523802/


#သွားဆေးခန်း

🦷သွားနှင့်ခံတွင်း ကျန်းမာရေး အတွက် သွားကျောက်ခြစ်ကုသမှူ dental scaling က အရေးကြီးပါတယ်နော်သွားကျောက်ခြစ်ကုသမှု ဆိုတာကတော...
05/07/2023

🦷သွားနှင့်ခံတွင်း ကျန်းမာရေး အတွက် သွားကျောက်ခြစ်ကုသမှူ dental scaling က အရေးကြီးပါတယ်နော်

သွားကျောက်ခြစ်ကုသမှု ဆိုတာကတော့

🦷သွားမျက်နှာပြင်၊သွားကြားနဲ့ သွားအခြေတွေမှာ ရှိနေတဲ့ သွားကျောက်တွေကို ကျောက်ခြစ်ကိရိယာလေးနဲ့ ဖယ်ရှားပေးခြင်း ဖြစ်ပါတယ်

အနည်းငယ်ကျင်တာကလွဲပြီး
နာကျင်မှူမရှိ သက်တောင့်သက်သာနဲ့ လွယ်လွယ်ကူကူ ပြုလုပ်နိုင်ပါတယ်

သွားကျောက်ခြစ်တာကို ခြောက်လတကြိမ် ဒါမှမဟုတ် တစ်နှစ်တကြိမ် ပြုလုပ်ပေးသင့်ပါတယ်

ဒါမှသာ
🙄ခံတွင်းအနံ့ ဆိုးရွားတာ
😔သွားဖုံး သွေးယိုတာ
😭သွားဖုံးယောင်တာ
စတဲ့ သွားနှင့်ခံတွင်း ပြဿနာတွေ မဖြစ်ရအောင် ကာကွယ်နိုင်မှာပါ

ဒါ့အပြင် အပိုဆုအနေနဲ့
တောက်ပြောင်လှပတဲ့ သွားကလေးတွေကြောင့် မိမိကိုမိမိ ယုံကြည်မှူ အပြည့်ရှိနေမှာ အသေအချာပါပဲ

Thwin Dental Clinic
သွင် သွားနှင့်ခံတွင်း အထူးကုဆေးခန်း

⏱️ Opening hour

နေ့စဉ်
မနက် 9:00 Am မှ ည 8:30 pm ထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်

🏥 အမှတ် 506 အလင်းရောင် 4 လမ်း ကြည်စုရပ်ကွက် ဒေါပုံမြို့နယ် ရန်ကုန်မြို့။
#ဝါဆိုမှတ်တိုင် အနီး
#သင်္ဘောကျင်းမှတ်တိုင် အနီး

📱09421014897
📱09975322337


#သွားဆေးခန်း



https://www.facebook.com/Thwin-Dental-Clinic-113805970523802/

03/07/2023

💎Skycee💎 သွားစိန်အလှကပ်တယ်ဆိုတာ မိမိအပြုံးကို ပိုမိုပေါ်လွင်သတိထားမိအောင် ပြုလုပ်တာပဲဖြစ်ပါတယ်

ယနေ့ခေတ်မှာ သွားစိန်ကပ်တာကို ခေတ်ရေစီးကြောင်း တခုအနေနဲ့ လူငယ်တွေကြားမှာ အတော် ခေတ်စားနေတာ တွေ့ရပါတယ်

😁 ရီလိုက်ရင် သွားဖြူတန်း‌ပေါ်တဲ့ သူတွေ

😄သွားစွယ်လေးနဲ့သူတွေအတွက် စိန်ကပ်လိုက်မယ်ဆိုရင် လုံးဝကို ပေါ်လွင်သွားမှာ အသေအချာပဲပေါ့

☑️တယောက်နဲ့တယောက် ရီလိုက်ရင် သွားပေါ်တဲ့ပုံခြင်းမတူတော့ ပိုပေါ်လွင်မယ့်နေရာကပ်ကြပါတယ်။

💎အလှစိန်ဖြစ်လို့ မတော်တဆဗိုက်ထဲဝင်မိရင်တောင် အန္တရယ်လုံးဝမဖြစ်ပါဘူး။

💎 အရမ်းမာတဲ့ အစာတွေမစားဘူး
ကြက်ရိုးတို့လို မာကြောတာကို ကိုက်တာမျိုး သတိပြုပေးမယ် ဆိုနှစ်အတော်လေးကိုကြာကြာခံတယ်။ အရောင်လဲမကျပါဘူး။
ကဲ
မိမိရဲ့ အပြုံးလေးကို ပိုမို ပေါ်လွင်အောင် လုပ်လိုက်ကြရအောင်


#သွားဆေးခန်း


Thwin Dental Clinic

🏥 အမှတ် 506 အလင်းရောင် 4 လမ်း ကြည်စုရပ်ကွက် ဒေါပုံမြို့နယ် ရန်ကုန်မြို့

📱09421014897
📱09975322337

https://www.facebook.com/Thwin-Dental-Clinic-113805970523802/

06/04/2023

ကုန်ကျစရိတ်လဲသက်သာမယ်
စိတ်ရှည်ကျွမ်းကျင်တဲ့ဆရာဝန်နဲ့ နည်းစနစ်မှန်ကန်တဲ့ကုသမှူနဲ့
သွားနှင့်ခံတွင်းဆေးခန်းကို ရှာနေပါသလား
ဒါဆိုရင်တော့
Thwin Dental Clinic
သွင် သွားနှင့်ခံတွင်း အထူးကုဆေးခန်းကို လာရောက်ပြသလိုက်ပါ

သွင် သွားနှင့်ခံတွင်းအထူးကုဆေးခန်းမှာ ရရှိနိုင်တဲ့ ဝန်ဆောင်မှူတွေကတော့

❤️free dental check-up ( သွားနှင့်ခံတွင်း အခမဲ့စစ်ဆေးပေးခြင်း)

❤️Dental Scaling (သွားကျောက်ခြစ်ခြင်း)

❤️Laser whitening (လေဆာဖြင့်သွားဖြူအောင် ပြုလုပ်ခြင်း)

❤️ Veneer (သွားကြွေလွှာကပ်ခြင်း)

❤️ Dental Skycee (သွားစိန်အလှကပ်ခြင်း)

❤️ Dental crown (သွားအစွပ် စွပ်ခြင်း)

❤️ Dental extraction (သွားနုတ်ခြင်း)

❤️ Dental Bridge (သွားအသေစိုက်ခြင်း)

❤️ Denture (အံကပ်အရှင် သွားစိုက်ခြင်း)

❤️ Dental Filling (သွားဖာခြင်း)

❤️ Rooth Canal Treatment (သွားအကြောထုတ်ကုသခြင်း)

❤️ Paediatric treatments (ကလေးသွားများကုသပေးခြင်း)


#သွားဆေးခန်း

Thwin Dental Clinic

Opening hr..
⏱️နေ့စဉ် မနက် 10:00 Am မှ ည 9:00pm ထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်

🏥 အမှတ် 506 အလင်းရောင် 4 လမ်း ကြည်စုရပ်ကွက် ဒေါပုံမြို့နယ်

#ဝါဆို မှတ်တိုင် အနီး
#သင်္ဘောကျင်း မှတ်တိုင်အနီး

📱09421014897
📱09975322337

https://www.facebook.com/Thwin-Dental-Clinic-113805970523802/

Dental Clinic

အံကပ်တွေထဲ အကောင်းဆုံးက သတ္တုအံကပ်ပါဘာလို့လဲဆိုရင်တော့သတ္တုအံကပ်ဟာခံတွင်းနဲ့ နေသားကျမှု အရှိဆုံး/အမြန်ဆုံး၊ ဇီဝဓာတ်တည့်မ...
06/04/2023

အံကပ်တွေထဲ အကောင်းဆုံးက သတ္တုအံကပ်ပါ
ဘာလို့လဲဆိုရင်တော့

သတ္တုအံကပ်ဟာ

ခံတွင်းနဲ့ နေသားကျမှု အရှိဆုံး/အမြန်ဆုံး၊ ဇီဝဓာတ်တည့်မှု အရှိဆုံး (biocompatible အဖြစ်ဆုံး) ဖြစ်ပါတယ်

အစာဝါးရာမှာ အထူးပိုမိုအဆင်ပြေပါတယ်

အစားအသောက်အရသာ အပေါ်လွင်ဆုံးအံကပ် ဖြစ်ပါတယ်

အခိုင်ခံ့ဆုံးဖြစ်သလို အပေါ့ပါးဆုံး အံကပ်လည်း ဖြစ်ပါတယ်

လျှာနဲ့ လိုက်လျောညီထွေအဖြစ်ဆုံး အံကပ်မလို့ စကားပြောရာမှာလည်း အနှောင့်အယှက်အနည်းဆုံး အဆင်ပြေဆုံးပါ

တခြားအံကပ်တွေလို လူကြားထဲ အလွယ်တကူ ကျွတ်မသွားတတ်ပါဘူး

အခိုင်ခံ့ဆုံး တာရှည်အခံဆုံး ဖြစ်ပါတယ်

ရေရှည်မှာ သွားဖုံးရိုးနိမ့်ကျလာတာကို ကာကွယ်အပေးနိုင်ဆုံး အံကပ်အမျိုးအစား ဖြစ်ပါတယ်

တပ်တာကြာလာလို့ ပုံပြောင်းသွားတာမျိုး မရှိတဲ့ အံကပ်ပါ

အံကပ်ကြောင့် သွားဖုံးသားတွေ မလောင်ရတဲ့ အံကပ်မျိုးပါ

ပြုတ်ကျမှုဒဏ်ကို အခံနိုင်ဆုံး အံကပ်ဖြစ်ပါတယ်

လူအများစုနဲ့ အဆင်ပြေဆုံး ရွေးချယ်စရာဖြစ်ပါတယ်

#အံကပ် #သတ္တုအံကပ် #သွားစိုက်

Thwin Dental Clinic
သွင် သွားနှင့်ခံတွင်း အထူးကုဆေးခန်း

⏱️ Opening hour
နေ့စဉ် မနက် 10:00Am မှ ည 9:00Pm ထိ ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်

🏥အမှတ် 506 အလင်းရောင် 4 လမ်း ကြည်စုရပ်ကွက် ဒေါပုံမြို့နယ် ရန်ကုန်မြို့
#‌ဝါဆိုမှတ်တိုင် အနီး
#သင်္ဘောကျင်းမှတ်တိုင် အနီး

📱09421014897
📱09975322337
တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်



#သွားဆေးခန်း






https://www.facebook.com/Thwin-Dental-Clinic-113805970523

မွေးရာပါ ရှေ့သွားဝါခြင်းကို ဘယ်လိုကုသနိုင်လဲ ❓🦷မွေးရာပါ ရှေ့သွားဝါနေတာကို Dental Veneer (သွားကြွေလွှာကပ်ခြင်း) နဲ့ ကုသနိ...
02/04/2023

မွေးရာပါ ရှေ့သွားဝါခြင်းကို ဘယ်လိုကုသနိုင်လဲ ❓

🦷မွေးရာပါ ရှေ့သွားဝါနေတာကို Dental Veneer (သွားကြွေလွှာကပ်ခြင်း) နဲ့ ကုသနိုင်ပါပြီ။
🦷 နိုင်ငံတကာအနုပညာအသိုင်းအဝိုင်းကြားမှာ ခေတ်စားလာတဲ့ သွားမျက်နှာပြင်ကြွေလွှာကပ်ခြင်းလဲဖြစ်ပါတယ်။
Celebrity Smile လို့လဲ ခေါ်ကြပါတယ်

𝗗𝗲𝗻𝘁𝗮𝗹 𝗩𝗲𝗻𝗲𝗲𝗿(သွားကြွေလွှာကပ်ခြင်း)

✔️သွားကို 0.5 to 0.7 mm လောက်တော့စားပေးရပြီး ၊ နဂိုရှိရင်စွဲ သွားကို အပေါ်ကတလွှာအုပ်ပေးခြင်း ၊ ရှေ့သွားပြုပြင်နည်းလမ်းများထဲက အချိန်ကုန်အသက်သာဆုံးလဲ ဖြစ် လုံး၀နာကျင်မှုမရှိတဲ့အပြင် ပုံမှန်အတိုင်းပေါ့ပေ့ါပါးပါးဖြစ်စေပါတယ်။ (သွားလေးတွေကြာကြာခံနိုင်ဖို့အတွက်ဆိုရင်တော့ ဆရာ၀န် ညွှန်ကြားချက်လေးတွေကိုလိုက်နာဖို့တော့လိုပါမယ်နော်)
✔️မွေးရာပါ ရှေ့သွားဝါနေတာကို ပြုပြင်လို့ရတဲ့အပြင် သွားသေးပြီးတိုတိုလေးဖြစ်ခြင်း၊သွားကျဲ၊ သွားပဲ့၊ သွားကွဲအက်၊ သွားပိုးစားအနည်းငယ်ဖြစ်ခြင်း၊ သွားအရောင်ညစ်ခြင်း၊ အရောင်မညီညာခြင်း၊ သွားမျက်နှာပြင် ချိုင့်ဖြစ်နေခြင်း စတဲ့ သွားပြဿနာတိုင်းကို Dental Veneer သွားကြွေလွှာကပ် နိုင်ပါတယ်။

🦷ဖြူဖွေးညီညာတောက်ပတဲ့ သွားလေးတွေပိုင်ဆိုင်ဖို့ အခုဘဲ Thwin Dental Clinicမှာ ကျွမ်းကျင် သွားဆရာဝန်နဲ့ ကုသမှုခံယူနိုင်ပါပြီ။

Thwin Dental Clinic
သွင် သွားနှင့်ခံတွင်း အထူးကုဆေးခန်း

⏱️ Opening hour
နေ့စဉ် မနက် 10:00Am မှ ည 9:00Pm ထိ ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်

🏥အမှတ် 506 အလင်းရောင် 4 လမ်း ကြည်စုရပ်ကွက် ဒေါပုံမြို့နယ် ရန်ကုန်မြို့
#‌ဝါဆိုမှတ်တိုင် အနီး
#သင်္ဘောကျင်းမှတ်တိုင် အနီး

📱09421014897
📱09975322337
တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်



#သွားဆေးခန်း







https://www.facebook.com/Thwin-Dental-Clinic-113805970523

Address

No. 506, Alin Yaung 4th Street, Dawbon Township
Yangon

Telephone

+959975322337

Website

Alerts

Be the first to know and let us send you an email when Thwin Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thwin Dental Clinic:

Share