လဝန်းဖြူ သွားနှင့်ခံတွင်းဆေးခန်း

  • Home
  • Myanmar
  • Yangon
  • လဝန်းဖြူ သွားနှင့်ခံတွင်းဆေးခန်း

လဝန်းဖြူ သွားနှင့်ခံတွင်းဆေးခန်း Smile and happiness are the best gifts from us.

📢 သွားကျန်းမာရေးအတွက် အထူးသက်သာခွင့် (၂၀%) ကို မေလထဲမှာ ထပ်မံရယူလိုက်ပါ။လှပပြီး ယုံကြည်မှုရှိတဲ့ အပြုံးလေးကို ဆက်လက်ပိုင...
16/04/2026

📢 သွားကျန်းမာရေးအတွက် အထူးသက်သာခွင့် (၂၀%) ကို မေလထဲမှာ ထပ်မံရယူလိုက်ပါ။

လှပပြီး ယုံကြည်မှုရှိတဲ့ အပြုံးလေးကို ဆက်လက်ပိုင်ဆိုင်နိုင်ဖို့ လဝန်းဖြူ သွားနဲ့ခံတွင်းဆေးခန်း မှ လူနာဟောင်းများသာမက လူနာသစ်များအတွက်ပါ အထူးသတင်းကောင်းတစ်ခု ပါးပါရစေ။ အားလုံးတောင်းဆိုနေကြတဲ့ 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကာလကို မေလ (၁၀) ရက်နေ့အထိ တိုးမြှင့်သတ်မှတ်
ပေးလိုက်ပါပြီ။

သွားနဲ့ခံတွင်း ပြဿနာတွေကို အဆင့်မြင့်ဝန်ဆောင်မှုတွေနဲ့ စိတ်ချလက်ချ ကုသနိုင်မယ့်အပြင် အိတ်စိုက်သက်သာစေမယ့် အစီအစဉ်တွေကတော့ -
* ✅ လူနာသစ်/ဟောင်း အားလုံးအတွက်: 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တိုင်းကို 𝟏𝟎% 𝐈𝐧𝐬𝐭𝐚𝐧𝐭 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 ချက်ချင်းရရှိမှာဖြစ်ပြီး
* ✅ ပိုမိုထူးခြားတဲ့ အစီအစဉ်က ယခု 𝐏𝐨𝐬𝐭 ကို 𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 လုပ်ထားရုံနဲ့ 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭𝐬 အားလုံးကို 𝟐𝟎% 𝐎𝐅𝐅အထိ အထူးခံစားခွင့် ရရှိမှာ ဖြစ်ပါတယ်။

💡 ပါဝင်ကုသမှု ခံယူပုံအဆင့်ဆင့်
၁။ လဝန်းဖြူ သွားနဲ့ခံတွင်းဆေးခန်း ရဲ့ 𝐏𝐚𝐠𝐞 ကို 𝐋𝐢𝐤𝐞 လုပ်ထားပါ။
၂။ ယခု 𝐏𝐨𝐬𝐭 ကို 𝐏𝐮𝐛𝐥𝐢𝐜 နဲ့ 𝐋𝐢𝐤𝐞 & 𝐒𝐡𝐚𝐫𝐞 လုပ်ပေးပါ။
၃။ ဆေးခန်းပြသတဲ့အခါ 𝐒𝐡𝐚𝐫𝐞 ထားတဲ့ 𝐒𝐜𝐫𝐞𝐞𝐧𝐬𝐡𝐨𝐭 လေးကို ပြသပြီး 𝟐𝟎% 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ကို ရယူလိုက်ပါ။

🦷 "🗓 𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 ရက်ကို မေလ ၁၀ ရက်နေ့ထိ တိုးပေးထားလို့ လဝန်းဖြူသွားနဲ့ခံတွင်းဆေးခန်းမှာ အခုပဲ 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 ယူလိုက်တော့နော်။"

🏥 ဆက်သွယ်ရန်အသေးစိတ်
☎️ 𝐎𝐟𝐟𝐢𝐜𝐞 𝐏𝐡 𝐧𝐨: 𝟎𝟗-𝟒𝟓𝟎𝟎𝟓𝟒𝟗𝟑𝟔
📍 လဝန်းဖြူ ၁ 🏠 မြေညီထပ်/ အမှတ် ၁၇ / ၁၃၉ လမ်း/ မအူကုန်းရပ်ကွက်/ တာမွေ ဆေးခန်းဖွင့်ချိန် (နေ့လည် ၂ နာရီ မှ ည ၉ နာရီထိ)
📍 လဝန်းဖြူ ၂ 🏠 အမှတ် ၄၁/ မြေညီထပ်/ ၁၆၄ လမ်း/ တာမွေကြီး (ခ) ရပ်ကွက်/ တာမွေ ဆေးခန်းဖွင့်ချိန် (နံနက် ၁၁ နာရီမှ ည ၈ နာရီထိ)

#လဝန်းဖြူသွားနဲ့ခံတွင်းဆေးခန်း #𝐃𝐞𝐧𝐭𝐚𝐥𝐂𝐥𝐢𝐧𝐢𝐜 #𝐃𝐞𝐧𝐭𝐚𝐥𝐏𝐫𝐨𝐦𝐨𝐭𝐢𝐨𝐧 #𝐁𝐞𝐚𝐮𝐭𝐢𝐟𝐮𝐥𝐒𝐦𝐢𝐥𝐞 #𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭𝐕𝐨𝐮𝐜𝐡𝐞𝐫 #𝐎𝐫𝐚𝐥𝐇𝐞𝐚𝐥𝐭𝐡

"နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ မျောပါလို့ နှစ်သစ်မှာ အေးချမ်းပါစေ။ မိဘပြည်သူ၊ညီကိုမောင်နှမအပေါင်း သင်္ကြန်အခါသမယမှာ ...
12/04/2026

"နှစ်ဟောင်းက အညစ်အကြေးတွေ အတာရေနဲ့ မျောပါလို့ နှစ်သစ်မှာ အေးချမ်းပါစေ။ မိဘပြည်သူ၊ညီကိုမောင်နှမအပေါင်း သင်္ကြန်အခါသမယမှာ ဘေးဘယာဝေးကွာပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။ 🙏 လဝန်းပမာ ဖြူစင်ဝင်းပတဲ့ အပြုံးလေးတွေနဲ့အတူ စီးပွားလက်လာဘ်များ ဒီရေအလား တိုးတက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။ 💰🌾

#လဝန်းဖြူသွားနှင့်ခံတွင်းဆေးခန်း #နှစ်ကူးအတာသင်္ကြန်

"အံကပ်က သွားဖုံးကို ထိုးနေလို့ အနာဖြစ်တယ်..." "စကားပြောရင် အံကပ်က ကျွတ်ချင်သလိုဖြစ်လို့ အားမရဘူး..." "မာတာလေးတွေ ဝါးချင်...
31/03/2026

"အံကပ်က သွားဖုံးကို ထိုးနေလို့ အနာဖြစ်တယ်..." "စကားပြောရင် အံကပ်က ကျွတ်ချင်သလိုဖြစ်လို့ အားမရဘူး..." "မာတာလေးတွေ ဝါးချင်ပေမဲ့ အံကပ်က မမြဲတော့ မစားရဲဘူး..."ဒီလိုပြဿနာလေးတွေ အမြဲ ခံစားရတက်ပါတယ်။🦷

အဘိုးအဘွားတို့ကို အံကပ်ကြောင့်ဖြစ်တဲ့ နာကျင်မှုတွေကနေ ကင်းဝေးစေဖို့ 𝐃𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭 (သွားမြစ်တုစိုက်ခြင်း) ကအစားအစာတွေကိုပါ စိတ်ကြိုက်ကြိတ်ဝါးနိုင်လို့ အာဟာရပြည့်ဝစေတဲ့အပြင်၊ သွားဖုံးရိုး ပြုန်းတီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။✅

𝐃𝐞𝐧𝐭𝐚𝐥 𝐈𝐦𝐩𝐥𝐚𝐧𝐭 (သွားမြစ်တု)စိုက်ပြီးနောက်ပိုင်းမှာလည်း မိမိသွားအစစ်ကဲ့သို့ပင် ပုံမှန်သွားတိုက်ပေးဖို့နဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်။✅

💬မိမိတို့ရဲ့ ချစ်လှစွာသော အဘိုးအဘွားတွေရဲ့ သွားလေးတွေမှာ ပြန်လည်ကောင်းမွန်ပြီး ပြုံးပျော်နိုင်ဖို့အတွက် လဝန်းဖြူ သွားဘက်ဆိုင်ရာဆေးခန်း သို့ ခေါ်ဆောင်လာခဲ့ဖို့ တိုက်တွန်းပါရစေ။ ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများက သေချာစွာ စမ်းသပ်စစ်ဆေးပြီး အကောင်းဆုံး ကုသမှုတွေကို ပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။

🦷 သွားပိုးလည်းမစားဘဲ... ဘာလို့ စူးခနဲ နာနေရတာလဲ?"သွားက ကြည့်လိုက်ရင် အကောင်းကြီးပဲ၊ ပိုးပေါက်လည်း မရှိဘူး... ဒါပေမဲ့ ရေအ...
28/03/2026

🦷 သွားပိုးလည်းမစားဘဲ... ဘာလို့ စူးခနဲ နာနေရတာလဲ?

"သွားက ကြည့်လိုက်ရင် အကောင်းကြီးပဲ၊ ပိုးပေါက်လည်း မရှိဘူး... ဒါပေမဲ့ ရေအေးသောက်ရင်ဖြစ်ဖြစ်၊ အချိုစားရင်ဖြစ်ဖြစ် ဘာလို့ စူးခနဲ နာနေရတာလဲ?"

သွားပိုးမစားဘဲ စူးခနဲ နာကျင်ရခြင်းမှာ သွားတိုက်ပြင်းလွန်း၍ သွားဖုံးနိမ့်ကာ သွားအမြစ်ပေါ်လာခြင်း၊ အချဉ်ဓာတ်နှင့် အချိုရည်များကြောင့် သွားကြွေလွှာ (𝐄𝐧𝐚𝐦𝐞𝐥) ပါးလွှာသွားခြင်း၊ အိပ်ပျော်စဉ် သွားကြိတ်တတ်ခြင်း (𝐓𝐞𝐞𝐭𝐡 𝐆𝐫𝐢𝐧𝐝𝐢𝐧𝐠) ကြောင့် သွားမျက်နှာပြင်များ ပွန်းစားကာ အာရုံကြောနှင့် နီးကပ်သွားခြင်းနှင့် မျက်စိနှင့်မမြင်ရသော သွားအက်ကြောင်းလေးများ ရှိနေခြင်းတို့ကြောင့် ဖြစ်တတ်ပါတယ်။

ဒါ့ကြောင့် သွားကစူးခနဲ နာတာဟာ သွားဖုံးရောဂါ သို့မဟုတ် သွားပြသနာတွေရဲ့ အစပျိုးခြင်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် မပေါ့ဆဘဲ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ စစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

✨ သွားနဲ့ ခံတွင်း ကျန်းမာရေးအတွက် လဝန်ဖြူ သွားနှင့်ခံတွင်းဆေးခန်းကို သတိရလိုက်ပါ။

☎️ 𝐎𝐟𝐟𝐢𝐜𝐞 𝐏𝐡 𝐧𝐨: 𝟎𝟗-𝟒𝟓𝟎𝟎𝟓𝟒𝟗𝟑𝟔
📍 လဝန်းဖြူ ၁ 🏠 မြေညီထပ်/ အမှတ် ၁၇ / ၁၃၉ လမ်း/ မအူကုန်းရပ်ကွက်/ တာမွေ ဆေးခန်းဖွင့်ချိန် (နေ့လည် ၂ နာရီ မှ ည ၉ နာရီထိ)
📍 လဝန်းဖြူ ၂ 🏠 အမှတ် ၄၁/ မြေညီထပ်/ ၁၆၄လမ်း/ တာမွေကြီး (ခ) ရပ်ကွက်/ တာမွေ ဆေးခန်းဖွင့်ချိန် (နံနက် ၁၁ နာရီမှ ည ၈ နာရီထိ)

#လဝန်းဖြူသွားနှင့်ခံတွင်းဆေးခန်း #သွားဖုံးရောဂါ #သွားပြသာနာများ #သွားနှင့်ခံတွင်းကျန်းမာရေး

ရှေ့သွားနှစ်ချောင်းကြားက ဟနေတဲ့နေရာလွတ်ဟာ သူ့အလိုလို ပြန်စေ့သွားဖို့ ခဲယဉ်းလှပါတယ်... 🦷အရွယ်ရောက်ပြီးသူတစ်ယောက်မှာ ရှေ့သ...
24/03/2026

ရှေ့သွားနှစ်ချောင်းကြားက ဟနေတဲ့နေရာလွတ်ဟာ သူ့အလိုလို ပြန်စေ့သွားဖို့ ခဲယဉ်းလှပါတယ်... 🦷

အရွယ်ရောက်ပြီးသူတစ်ယောက်မှာ ရှေ့သွားနှစ်ချောင်းကြား ဟနေတာ ဒါမှမဟုတ် သွားများ ကြဲနေတာဟာ သဘာဝအလျောက် ပြန်စေ့သွားဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဒါဟာ သွားဖုံးတစ်ရှူး အသားပို ရှိနေတာ၊ သွားအရွယ်အစားနဲ့ မေးရိုးမမျှတတာကြောင့် ဖြစ်တတ်ပါတယ်။

ဒီတော့ ဘာလုပ်သင့်လဲ... 🤔
✨ 𝐏𝐨𝐫𝐜𝐞𝐥𝐚𝐢𝐧 𝐕𝐞𝐧𝐞𝐞𝐫𝐬 သွားမျက်နှာပြင်ပေါ်မှာ ပါးလွှာတဲ့ ကြွေလွှာလေးတွေ ကပ်ပေးတာမျိုးဖြစ်ပြီး ပုံစံရော အရောင်ပါ တစ်ခါတည်း လှပသွားစေမယ့် နည်းလမ်းပါ။
✨ 𝐁𝐫𝐚𝐜𝐞𝐬 သွားတွေ အများကြီး ကြဲနေတာမျိုးဆိုရင်တော့ သွားညှိကုသခြင်း နည်းလမ်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
ဒီလို နည်းလမ်းတွေထဲက မိမိနဲ့ ဘယ်အရာက အသင့်တော်ဆုံးဖြစ်မလဲဆိုတာကို သိရှိနိုင်ဖို့ ကျွမ်းကျင်ဆရာဝန်ကြီးတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

“လဝန်းဖြူ သွားနှင့်ခံတွင်းဆေးခန်း” မှာ ခေတ်မီစက်ကိရိယာတွေနဲ့ စနစ်တကျ စိတ်ချယုံကြည်စွာ ကုသမှု ခံယူနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ 🏥🤝

☎️ 𝐎𝐟𝐟𝐢𝐜𝐞 𝐏𝐡 𝐧𝐨: 𝟎𝟗-𝟒𝟓𝟎𝟎𝟓𝟒𝟗𝟑𝟔
📍 လဝန်းဖြူ ၁ 🏠 မြေညီထပ်/ အမှတ် ၁၇ / ၁၃၉ လမ်း/ မအူကုန်းရပ်ကွက်/ တာမွေ ဆေးခန်းဖွင့်ချိန် (နေ့လည် ၂ နာရီ မှ ည ၉ နာရီထိ)
📍 လဝန်းဖြူ ၂ 🏠 အမှတ် ၄၁/ မြေညီထပ်/ ၁၆၄လမ်း/ တာမွေကြီး (ခ) ရပ်ကွက်/ တာမွေ ဆေးခန်းဖွင့်ချိန် (နံနက် ၁၁ နာရီမှ ည ၈ နာရီထိ)

#လဝန်းဖြူသွားနှင့်ခံတွင်းဆေးခန်း #𝐏𝐨𝐫𝐜𝐞𝐥𝐚𝐢𝐧𝐕𝐞𝐧𝐞𝐞𝐫𝐬 #𝐁𝐫𝐚𝐜𝐞𝐬
#သွားကျဲခြင်း

သွားတစ်ချောင်းရဲ့ ဒုတိယအခွင့်အရေး.. ✨🦷ဘာလို့သွားနှုတ်ပစ်ချင်ကြတာလဲ…သွားရဲ့အတွင်းပိုင်းက အာရုံကြောတွေ ပိုးဝင်ပျက်စီးတဲ့အခ...
21/03/2026

သွားတစ်ချောင်းရဲ့ ဒုတိယအခွင့်အရေး.. ✨🦷

ဘာလို့သွားနှုတ်ပစ်ချင်ကြတာလဲ…

သွားရဲ့အတွင်းပိုင်းက အာရုံကြောတွေ ပိုးဝင်ပျက်စီးတဲ့အခါ သွားကို မနှုတ်ပစ်ဘဲ မူလအတိုင်း ပြန်လည်ကောင်းမွန်အောင် ကုသနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။

𝐑𝐨𝐨𝐭 𝐂𝐚𝐧𝐚𝐥 Treatment နဲ့ ပိုးဝင်နေတဲ့ အာရုံကြောတွေကို ဖယ်ရှားပြီး မိမိရဲ့ မူလသွားလေးကို မဆုံးရှုံးရအောင် ကယ်တင်ပေးနိုင်တဲ့ ဒုတိယအခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။ 🦷✨

ဒီကုသမှုဟာ နာကျင်မှုကို အမြစ်ပြတ်ပျောက်ကင်းစေရုံတင်မကဘဲ သဘာဝသွားအတိုင်း အစားအစာတွေကို စိတ်ကြိုက် ပြန်လည် ဝါးစားနိုင်အောင် ကူညီပေးနိုင်ပါတယ်။ သွားတုစိုက်စရာမလိုဘဲ ကိုယ့်သွားလေးနဲ့ကိုယ် ယုံကြည်မှုရှိရှိ ပြုံးပျော်နိုင်ဖို့ သိထားသင့်တဲ့ အချက်လေးပါ။

လဝန်းဖြူ သွားနဲ့ခံတွင်း ဆေးခန်းမှာတော့ ခေတ်မီစက်ကိရိယာတွေနဲ့ ကျွမ်းကျင်ဆရာဝန်ကြီးများက သေချာဂရုတစိုက် ကုသပေးနေတာမို့ စိတ်ချလက် ချ ပြသနိုင်ပါတယ်။ 🏥👨‍⚕️

သွားတစ်ချောင်းကို မနှုတ်ပစ်ခင် အကောင်းဆုံး ကယ်တင်ကြည့်ဖို့ အကြံပြုပါရစေ။ 😊
လဝန်းဖြုသွားနဲ့ခံတွင်းဆေးခန်း သို့ လူကိုယ်တိုင် လာရောက်ပြသနိုင်သလို ကြိုတင် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 လည်း ရယူနိုင်ပါတယ်။ 📞✨

#လဝန်းဖြူသွားနှင့်ခံတွင်းဆေးခန်း #သွားနှင့်ခံတွင်းဆေးခန်း

အံ့ဆုံးသွားနှုတ်လိုက်တာနဲ့ သွားတွေကြဲသွားမှာလား? 💄အံဆုံးသွားကြောင့် သွားကိုက်၊ သွားဖုံးရောင် အ စာစားတိုင်းနာ ဒီလိုမျိုး ...
11/02/2026

အံ့ဆုံးသွားနှုတ်လိုက်တာနဲ့ သွားတွေကြဲသွားမှာလား?

💄အံဆုံးသွားကြောင့် သွားကိုက်၊ သွားဖုံးရောင် အ စာစားတိုင်းနာ ဒီလိုမျိုး ကြုံဖူးသူတိုင်း "မှာ နှုတ်ရမှာလည်း ကြောက်၊ မနှုတ်ရင်လည်း နာ" ဆိုတဲ့ ဒုက္ခနဲ့ရင်ဆိုင်ရလေ့ရှိပါတယ်။ အထူးသဖြင့် "အံဆုံးနှုတ်လိုက်တာနဲ့ သွားတွေ ကြဲသွားမလား"ဆိုပြီး စိုးရိမ်နေတက်ပါတယ်။

တကယ်တော့ အံဆုံးသွားဆိုတာ ပါးစပ်ရဲ့ အနောက် ဘက် အစွန်ဆုံးမှာ ပေါက်တာဖြစ်တဲ့အတွက် နှုတ် လိုက်ရင်လည်း ရှေ့ကသွားတွေ ဟသွားတာ၊ နေရာရွေ့သွားတာမျိုး မဖြစ်နိုင်ပါဘူး။💢 သူတို့က နေ ရာမလောက်ဘဲ အတင်းတိုးပေါက်လာတာကြောင့် ဘေးကသွားတွေကို ပိုပြီးတွန်းကန်ကာ သွားထပ်တာ၊ သွားတိုက်ရခက်လို့ ဘေးသွားပါ ပိုးစားတာတွေကိုသာ ဖြစ်စေတာပါ။ 😖

🦷🧑🏻‍⚕️သွားဆရာဝန်တွေ အံဆုံးနှုတ်ဖို့ အကြံပြုရတာက
၁။ သွားဖုံးရောင်ခြင်း
၂။ ဘေးသွားကို ထိခိုက်ခြင်း
၃။ သွားပိုးစားခြင်း အလွယ်တကူ ဖြစ်စေလို့ပါ။

အံဆုံးနှုတ်ပြီးစမှာ သွားဖုံးနေရာက လစ်ဟနေသလို ခံစားရပေမယ့် ရက်အနည်းငယ်ကြာလို့ အသားနု တက်လာရင် အလိုလို ပြန်ပိတ်သွားမှာပါ။✨

ဒါ့ကြောင့် အံဆုံးသွားနှုတ်လိုက်လို့ သွားကြဲမှာကို လုံးဝစိတ်မပူဘဲ 🙅‍♂️ နာကျင်နေပြီဆိုရင်တော့နောက် ဆက်တွဲ ပြဿနာတွေမဖြစ်ခင် သွားဆရာ ဝန် နဲ့ တိုင်ပင်ပြီး စောစောစီးစီး နှုတ်ပစ်ဖို့ အကြံပြုလိုက်ပါတယ်ရှင်။ 👩‍⚕️🩺

☎ 𝐎𝐟𝐟𝐢𝐜𝐞 𝐏𝐡 𝐧𝐨: 𝟎𝟗-𝟒𝟓𝟎𝟎𝟓𝟒𝟗𝟑𝟔

📍လဝန်းဖြူ ၁ 🏠 မြေညီထပ်/ အမှတ် ၁၇ / ၁၃၉ လမ်း/ မအူကုန်းရပ်ကွက် / တာမွေ ဆေးခန်းဖွင့်ချိန် (နေ့လည် ၂ နာရီ မှ ည ၉ နာရီထိ)
📍လဝန်းဖြူ ၂ 🏠 အမှတ် ၄၁/ မြေညီထပ်/ ၁၆၄ လမ်း/ တာမွေကြီး (ခ) ရပ်ကွက်/ တာမွေ
ဆေးခန်းဖွင့်ချိန် (နံနက် ၁၁ နာရီမှ ည ၈ နာရီထိ)

#လဝန်းဖြူသွားဆေးခန်း

သွားကျိုးထားတဲ့ နေရာလွတ်တွေကို ဘာလို့အစားပြန်ထည့်သင့်တာလဲ” 🤔"သွားတစ်ချောင်းလောက် မရှိတာနဲ့ ဘာဖြစ်မှာမလို့လဲ... ဝါးလို့ရတ...
07/02/2026

သွားကျိုးထားတဲ့ နေရာလွတ်တွေကို ဘာလို့အစားပြန်ထည့်သင့်တာလဲ” 🤔

"သွားတစ်ချောင်းလောက် မရှိတာနဲ့ ဘာဖြစ်မှာမလို့လဲ... ဝါးလို့ရတာပဲ၊ စားလို့ရတာပဲ"🙄🦷

တကယ်တော့ သွားကျိုးထားတဲ့ နေရာလွတ်ကို ဒီအတိုင်းထားလိုက်တဲ့အခါ

၁။ ကျန်တဲ့သွားတွေက လွတ်နေတဲ့နေရာကို စောင်းလာလို့ သွားတွေ ပုံပျက် သွားမယ်။

၂။ အပေါ်ကသွား (သို့) အောက်ကသွားရဲ့ဆန့်ကျင် ဘက်မှာ ထိန်းမယ့်သွားမရှိတော့လို့ ရှည်ထွက်လာမယ်။

၃။ နောက်ဆုံးမှာတော့ သွားတစ်ချောင်းစာ ပြဿနာကနေ သွားနဲ့ခံတွင်းဆိုင်ရာ ပြဿနာတွေဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် အချိန်မနှောင်းခင်မှာ သေချာစနစ်တကျ ဂရုဖို့ လိုအပ်ပါတယ်။ 🏥✨ လဝန်းဖြူသွားနှင့် ခံတွင်းဆိုင်ရာသွားဆေးခန်းမှာ

✅ 𝐁𝐫𝐢𝐝𝐠𝐞 (သွားတံတားစိုက်ခြင်း)
✅ 𝐃𝐞𝐧𝐭𝐮𝐫𝐞 (အံကပ်ပြုလုပ်ခြင်း)
✅ 𝐈𝐦𝐩𝐥𝐚𝐧𝐭 (သွားမြစ်တုစိုက်ခြင်း)

စတဲ့ မိမိနဲ့ အကိုက်ညီဆုံးဖြစ်မယ့် နည်းလမ်းတွေကို အခုပဲ လာရောက်ဆွေးနွေးနိုင်ပါပြီ။🤝

☎ 𝐎𝐟𝐟𝐢𝐜𝐞 𝐏𝐡 𝐧𝐨: 𝟎𝟗-𝟒𝟓𝟎𝟎𝟓𝟒𝟗𝟑𝟔

📍လဝန်းဖြူ ၁ 🏠 မြေညီထပ်/ အမှတ် ၁၇ / ၁၃၉ လမ်း/ မအူကုန်းရပ်ကွက် / တာမွေ ဆေးခန်းဖွင့်ချိန် (နေ့လည် ၂ နာရီ မှ ည ၉ နာရီထိ)
📍လဝန်းဖြူ ၂ 🏠 အမှတ် ၄၁/ မြေညီထပ်/ ၁၆၄ လမ်း/ တာမွေကြီး (ခ) ရပ်ကွက်/ တာမွေ
ဆေးခန်းဖွင့်ချိန် (နံနက် ၁၁ နာရီမှ ည ၈ နာရီထိ)

#လဝန်းဖြူသွားဆေးခန်း

🦷 𝐁𝐫𝐚𝐜𝐞𝐬 တပ်တာက "သွားညီဖို့" တစ်ခုတည်းအတွက်လား? 🔹𝐁𝐫𝐚𝐜𝐞𝐬 (သွားညှိခြင်း) က သွားလေးတွေ ညီညာလှပစေရုံသာမက ခံတွင်းကျန်းမာရေးနဲ...
05/02/2026

🦷 𝐁𝐫𝐚𝐜𝐞𝐬 တပ်တာက "သွားညီဖို့" တစ်ခုတည်းအတွက်လား?

🔹𝐁𝐫𝐚𝐜𝐞𝐬 (သွားညှိခြင်း) က သွားလေးတွေ ညီညာလှပစေရုံသာမက ခံတွင်းကျန်းမာရေးနဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲနိုင်မှုများအတွက် အရေးကြီးတဲ့ ကုသမှုတစ်ခုပါ။

🔹 သွားလေးတွေ ညီညာမှုမရှိရင် အစာကိုကြေ ညက်အောင် ဝါးရခက်ခဲခြင်း၊ စကားပြောသံ မပီသခြင်းနှင့် မေးရိုးအဆစ်များ နာကျင်ခြင်း စတဲ့ပြ ဿနာတွေကို 𝐁𝐫𝐚𝐜𝐞𝐬 တပ်ထားခြင်းဖြင့် သက်သာစေတဲ့အပြင် အစာခြေစနစ်ကိုလည်း အထောက် အကူပြုပါတယ်။

🔹 ဒါ့အပြင် သွားများ ထပ်နေရင်လည်း သန့်ရှင်းရေးလုပ်ဖို့ ခက်ခဲပြီး သွားပိုးစားခြင်းနှင့် သွားဖုံးရောဂါများ ဖြစ်လွယ်လို့ သွားများကို နေရာမှန်ရောက် အောင် ညှိပေးခြင်းဖြင့် သွားလေးတွေဟာ ကျန်းမာကြံ့ခိုင်စေပါတယ်။ 🦷✨

ဒါ့ကြောင့် သွားကျန်းမာရေးအတွက်များစွာ အကျိုး ပြုတဲ့ 𝐁𝐫𝐚𝐜𝐞𝐬 တပ်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံလိုက်ပါ။🤍

☎️ 𝐎𝐟𝐟𝐢𝐜𝐞 𝐏𝐡 𝐧𝐨: 𝟎𝟗-𝟒𝟓𝟎𝟎𝟓𝟒𝟗𝟑𝟔

📍 လဝန်းဖြူ ၁ 🏠 မြေညီထပ်/ အမှတ် ၁၇ / ၁၃၉ လမ်း/ မအူကုန်းရပ်ကွက်/ တာမွေ ဆေးခန်းဖွင့်ချိန် (နေ့လည် ၂ နာရီ မှ ည ၉ နာရီထိ)
📍 လဝန်းဖြူ ၂ 🏠 အမှတ် ၄၁/ မြေညီထပ်/ ၁၆၄လမ်း/ တာမွေကြီး (ခ) ရပ်ကွက်/ တာမွေ ဆေးခန်းဖွင့်ချိန် (နံနက် ၁၁ နာရီမှ ည ၈ နာရီထိ)

#လဝန်းဖြူသွားဆေးခန်း

သွားကျောက်ခြစ်ရင် သွားတွေ တကယ်ပဲ ပါးသွားတာလား? 🧐သွားကျောက်ခြစ်ခြင်းကြောင့် သွားသားပါးသွားတယ်ဆိုတာ တကယ်တော့ လူအများကြားမှ...
29/01/2026

သွားကျောက်ခြစ်ရင် သွားတွေ တကယ်ပဲ ပါးသွားတာလား? 🧐

သွားကျောက်ခြစ်ခြင်းကြောင့် သွားသားပါးသွားတယ်ဆိုတာ တကယ်တော့ လူအများကြားမှာ အမြဲလိုလိုအထင်မှားနေကြတဲ့ ယူဆချက်အမှား တစ်ခုသာ ဖြစ်ပါတယ်။ 🫢

သွားဆရာဝန်များ အသုံးပြုတဲ့ ကိရိယာမှာ 𝐕𝐢𝐛𝐫𝐚𝐭𝐢𝐨𝐧 (တုန်ခါမှု) စနစ်ဖြင့် သွားမျက်နှာပြင်ပေါ်ရှိ မာကျောသောအညစ်အကြေးများကိုသာ ခွာထုတ်ခြင်းဖြစ်ပြီး သွားရဲ့ အမာဆုံးအလွှာဖြစ်သော သွားကြွေလွှာကို ထိခိုက်ပျက်စီးအောင် လုပ်နိုင်စွမ်း မရှိပါဘူး။ 🫶

သွားကျောက်တွေ အကြာကြီး ကပ်နေတဲ့အခါ သွားဖုံးတွေ နိမ့်ဆင်းသွားတတ်ပါတယ်။ ကျောက်ခြစ်လိုက်တဲ့အခါ အဲ့ဒီကျောက်တွေနေရာမှာ လွတ်သွားတော့ လျှာနဲ့ထိရင် သွားက ပါးသွားသလို၊ ချောသွားသလို ခံစားရတာပါ။ ဒါဟာ သွားသားပါးသွားတာမဟုတ်ဘဲ "မူလသွားပုံစံ" ပြန်ပေါ်လာတာပဲ ဖြစ်ပါတယ်။ 🦷

သွားကျောက်ခြစ်တာဟာ သွားကို ပါးသွားစေတာ မဟုတ်ဘဲ သွားနဲ့ သွားဖုံးကြားမှာ ခိုအောင်းနေတဲ့ ဘက်တီးရီးယား အညစ်အကြေးတွေကို ရှင်းလင်းပေးတာ ဖြစ်တဲ့အတွက် သွားဖုံးရောင်တာနဲ့ သွားကျွတ်ထွက်ခြင်းမှ ကြိုတင်ကာကွယ်ပေးပါတယ်။ ဒါကြောင့် ခိုင်မာတောင့်တင်းတဲ့ သွားလေးတွေ ပိုင်ဆိုင်နိုင်ဖို့ (၆) လတစ်ကြိမ် ပုံမှန်သွားစစ်ဆေးပြီး သွားကျောက်ခြစ်ပေးဖို့ တိုက်တွန်းချင်ပါတယ်ရှင် 💜

✅ 𝐅𝐫𝐞𝐞 𝐂𝐨𝐧𝐬𝐮𝐥𝐭𝐚𝐭𝐢𝐨𝐧 (အခမဲ့ဆွေးနွေးတိုင်ပင်ခြင်း) တို့ကိုလည်းကျွမ်းကျင်သောသွားနှင့်ခံတွင်းဆရာဝန်များကိုယ်တိုင် သေချာစစ်ဆေးကုသပေးမှာဖြစ်တာကြောင့် 𝐀𝐩𝐩𝐨𝐢𝐧𝐭𝐦𝐞𝐧𝐭 လေးယူပြီး လဝန်းဖြူသွားဆေးခန်းကိုကြွရောက်လာဖို့ဖိတ်ခေါ်လိုက်ပါတယ်နော်။

☎ 𝐎𝐟𝐟𝐢𝐜𝐞 𝐏𝐡 𝐧𝐨: 𝟎𝟗-𝟒𝟓𝟎𝟎𝟓𝟒𝟗𝟑𝟔

📍လဝန်းဖြူ ၁ 🏠 မြေညီထပ်/ အမှတ် ၁၇ / ၁၃၉ လမ်း/ မအူကုန်းရပ်ကွက် / တာမွေ ဆေးခန်းဖွင့်ချိန် (နေ့လည် ၂ နာရီ မှ ည ၉ နာရီထိ)

📍လဝန်းဖြူ ၂ 🏠 အမှတ် ၄၁/ မြေညီထပ်/ ၁၆၄ လမ်း/ တာမွေကြီး (ခ) ရပ်ကွက်/ တာမွေ ဆေးခန်းဖွင့်ချိန် (နံနက် ၁၁ နာရီမှ ည ၈ နာရီထိ)

#လဝန်းဖြူသွားဆေးခန်း
#လဝန်းဖြူ

လှပပြီးယုံကြည်မှုအပြည့်ရှိတဲ့အပြုံးတစ်စုံကိုဖန်တီးပေးနေတဲ့သွားညှိကုသမှု (Orthodontics) 🩵သွားတွေညီအောင်လောက်ပဲညှိမယ်ဆိုပြ...
23/10/2025

လှပပြီးယုံကြည်မှုအပြည့်ရှိတဲ့အပြုံးတစ်စုံကိုဖန်တီးပေးနေတဲ့သွားညှိကုသမှု (Orthodontics) 🩵

သွားတွေညီအောင်လောက်ပဲညှိမယ်ဆိုပြီးစခဲ့တဲ့ Journey လေးတစ်ခုက အဲ့ထက်သာလွန်ပြီးနေ့စဉ်ဘဝကိုအထောက်အကူပြုတဲ့ Self Love, Patience, & Confidence တို့ကိုပါရရှိပိုင်ဆိုင်သွားမှာဖြစ်ပြီး နေ့တိုင်းရင်ကော့ခေါင်းမော့ပြီး အောင်မြင်တဲ့အနာဂတ်တွေကိုဖန်တီးဖို့ Full Support ပေးနေပါတယ် ✨

လဝန်းဖြူသွားဆေးခန်းရဲ့ Patient တစ်ယောက်ဖြစ်တဲ့ ညီမလေးအေးရည်မွန်လတ်ရဲ့ တောက်ပတဲ့အပြုံးတွေနဲ့အတူ ဘဝခရီးလမ်းတွေကို ယုံကြည်ချက်ရှိရှိဖြတ်သန်းနေတာတွေ့ရလို့ ဝမ်းသာပီတိဖြစ်ရပါတယ် 🤗

သင်ကောဒီလိုမျိုး Confidence အပြည့်နဲ့အပြုံးတစ်ခုပိုင်ဆိုင်ဖို့ ဘာတွေကသင့်ကိုတားဆီးနေတာလဲ? 😉

အခုပဲလဝန်းဖြူသွားဆေးခန်းမှာ နိုင်ငံတကာအသိမှတ်ပြုသွားဆရာဝန်ကြီးများနှင့်အတူ အခမဲ့ဆွေးနွေးတိုင်ပင်ပြီး Appointment ရယူထားလိုက်ပါ 🫶

☎ Office Ph no: 09-450054936

📍လဝန်းဖြူ ၁

မြေညီထပ်/ အမှတ်၁၇ /၁၃၉လမ်း/ မအူကုန်းရပ်ကွက် / တာမွေ
ဆေးခန်းဖွင့်ချိန် (နေ့လည် ၂နာရီ မှ ည၉နာရီထိ)

📍လဝန်းဖြူ ၂

🏠အမှတ် ၄၁/ မြေညီထပ်/ ၁၆၄လမ်း/ တာမွေကြီး (ခ) ရပ်ကွက်/တာမွေ
(ဆေးခန်းဖွင့်ချိန် (နံနက် ၁၁နာရီမှ ည ၈နာရီထိ)

#လဝန်းဖြူသွားဆေးခန်း
#လဝန်းဖြူ

Address

Yangon
11211

Telephone

+959450054936

Website

Alerts

Be the first to know and let us send you an email when လဝန်းဖြူ သွားနှင့်ခံတွင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to လဝန်းဖြူ သွားနှင့်ခံတွင်းဆေးခန်း:

Share