05/05/2026
ဘယ်အချိန်မှာ သွားအစွပ်လေးတွေကို လဲပေးသင့်လဲ ?
🦷 သွားအစွပ်လေးတွေကို လဲသင့်တဲ့အချိန်လေးတွေရှိတယ်နော်⏳
ဘယ်လိုအချိန်တွေမှာ သွားအစွပ် (Crown) လေးတွေကို လဲသင့်လဲဆိုတာ ပြောပြပေးလိုက်ပါတယ်ရှင့်✨
🔹 သွားအရောင်မတူတော့ခြင်း၊ ပုံပျက်လာခြင်း
( သဘာဝသွားတွေနဲ့ ယှဉ်ရင် အရောင်ကွဲပြားနေခြင်း၊ အစွပ်မှာ ကြွေကွဲတာ၊ ပဲ့တာတွေ ရှိလာပြီဆိုရင် လဲသင့်တဲ့အချိန်ရောက်ပါပြီနော် )
🔹 ဘာစားစား အစာညပ်လာခြင်း
( အစွပ်နဲ့ သွားဖုံးကြားမှာ ဟနေပြီး အစာဝင်နေခြင်းဖြစ်ပြီး အစွပ်နဲ့ သွားနဲ့ တိတိကျကျမရှိတဲ့ လက္ခဏာပါ )
🔹 ခံတွင်းနံ့ မကောင်းခြင်း
( သွားတိုက်ပေမယ့် ခံတွင်းနံ့မကောင်းသေးရင် အစွပ်အောက်မှာ ဘက်တီးရီးယားတွေ စုပြုံနေနိုင်တာကြောင့် ဖြစ်နိုင်ပါတယ် )
🔹 အစွပ်အောက်က သွားပိုးပြန်စားခြင်း
( အပြင်က ကြည့်ရင် ကောင်းနေပေမယ့် အတွင်းက သဘာဝသွားပျက်စီးနေပြီး အချိန်မီမကုသပါက နုတ်ရတဲ့အထိ ဖြစ်နိုင်ပါတယ် )
🔹 သွားဖုံးနားမှာ အမည်းလိုင်းတွေ ပေါ်လာခြင်း
( PFM (သတ္တုပါတဲ့ crown) အဟောင်းတွေကြောင့် သွားဖုံးနားမှာ အမည်းလိုင်းတွေ ဖြစ်ပေါ်လာပြီး အပြုံးကို မှေးမှိန်စေပါတယ်နော် )
🔹 သွားဖုံးနာခြင်း၊ ဖောင်းခြင်း
( အစွပ်နားတစ်ဝိုက် သွားဖုံးနာခြင်း၊ သွေးထွက်ခြင်း၊ ဖောင်းလာခြင်းတွေက infection (ပိုးဝင်ခြင်း) လက္ခဏာဖြစ်နိုင်ပါတယ် )
✨ အခုလိုပြဿနာလေးတွေ ကြုံတွေ့လာပြီဆိုရင်
အချိန်မီ စစ်ဆေးပြီး ကုသနိုင်ဖို့ အရေးကြီးပါတယ်နော်။
🧑⚕️ Fine Dental Clinic မှာတော့
သင့်တော်လိုက်ဖက်တဲ့ သွားအစွပ်အမျိုးအစား၊ သွားအရောင်တို့ကို ကျွမ်းကျင်ဆရာဝန်များနှင့် တိုင်ပင်ရွေးချယ်နိုင်ပြီး သင့်တင့်သောဈေးနှုန်းဖြင့် စိတ်ကျေနပ်မှုရရှိစေမယ့် ဝန်ဆောင်မှုများကို ရရှိနိုင်မှာအသေအချာပါပဲရှင့်🥰🥰
Fine Dental Clinic မှာ Appointment ယူချင်တယ်ဆိုရင်တော့
☎️ 09 966 245 400
☎️ 09 894 496 677
မှတဆင့်ဆက်သွယ်နိုင်ပါတယ်ရှင့်
🏡 လိပ်စာ – အမှတ် (၁၄)၊ မြေညီထပ်၊ အရှေ့ရွှေဂုံတိုင်လမ်းမကြီး၊ တာမွေ Ocean အရှေ့၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
🕘 ဆေးခန်းဖွင့်ချိန် – 9:00 AM to 7:00 PM (ပိတ်ရက်မရှိ)