Dental Hub Aesthetic Dental Clinic - သွားနှင့်ခံတွင်းဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Dental Hub Aesthetic Dental Clinic - သွားနှင့်ခံတွင်းဆေးခန်း

Dental Hub Aesthetic Dental Clinic - သွားနှင့်ခံတွင်းဆေးခန်း Dental care with heart ❤️
Dentistry

"၁၃၈၅ ခု သီတင်းကျွတ်လပြည့်နေ့"အဘိဓမ္မာ အခါတော်နေ့ ကိုအလေးအမြတ်ထား၍ ပူဇော်အပ်ပါသည်။မိဘပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်...
17/10/2024

"၁၃၈၅ ခု သီတင်းကျွတ်လပြည့်နေ့"

အဘိဓမ္မာ အခါတော်နေ့ ကို

အလေးအမြတ်ထား၍ ပူဇော်အပ်ပါသည်။

မိဘပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ အန္တရာယ်အပေါင်းမှ လွတ်ငြိမ်းပါစေကြောင်း Dental Hub မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
🙏🙏🙏🙏🙏🙏🙏

#သီတင်းကျွတ်လပြည့်နေ့

Dental Hub မှာ Braces တပ်ဖို့၊ Dental Veneer ကပ်ဖို့အတွက် စဉ်းစားနေကြတဲ့သူတွေရှိကြလား?သီတင်းကျွတ်ကာလမှာ ညီညာလှပတဲ့သွားတွ...
05/10/2024

Dental Hub မှာ Braces တပ်ဖို့၊ Dental Veneer ကပ်ဖို့အတွက် စဉ်းစားနေကြတဲ့သူတွေရှိကြလား?

သီတင်းကျွတ်ကာလမှာ ညီညာလှပတဲ့သွားတွေပိုင်ဆိုင်ဖို့အတွက် Dental Braces ခရီးစဉ်ကိုစတင်ဖို့စဉ်းစားနေတယ်ဆိုရင် အကောင်းဆုံးအချိန်ပါပဲ။
ဘာလို့လဲဆိုတော့ သီတင်းကျွတ်နဲ့အတူ Dental Hub မှာ Dental Braces 10% off, Dental Veneer 20% off တို့ကို လျော့ချပေးထားပါတယ်။

Discount လျော့ထားတာလည်း ပုံမှန် Dental Braces Package မှာပါဝင်တဲ့ သွားကျောက်ခြစ်သန့်ရှင်းပေးခြင်း၊ လိုအပ်သည့် သွားနှုတ်ရခြင်းများ(အံဆုံးသွားများမပါဝင်ပါ)၊ သွားညှိကုသပြီးတပ်ရတဲ့ Retainer တို့ကို အခမဲ့ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ Package တစ်ခုလုံးကို 10% off ရမှာဆိုတော့ လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးကြီးတစ်ခုက သီတင်းကျွတ် Promo ထဲမှာ ပါဝင်လာပါပြီ။

ပုလဲလုံးလေးတွေလို ညီညီညာညာ လှပပေါ်လွင့်တဲ့ သွားတွေပိုင်ဆိုင်ချင်ပါတယ်ဆိုတဲ့ သူတွေအတွက်လည်း Dental Veneer ကို 20% Discount နဲ့ ကုသခွင့်ရမှာပါ။ Dental Veneer Discount ထဲမှာ Direct ရော Indirect ရော ပါတာဆိုတော့ ဘယ်လိုပဲကပ်ကပ် Discount ရမှာပါ။

အခုလို သီတင်းကျွတ်ကာလနဲ့အတူ Dental Braces ခရီးစဉ်ကို စတင်မယ့်သူတွေ၊ နဂိုသွားကို အရင်ကထက် ပိုပြီး ကြည်လင်တောက်ပညီညာတဲ့ သွားကို ပိုင်ဆိုင်ချင်လို့ Dental Veneer ကပ်မယ့်သူတွေအတွက် အကောင်းဆုံးအချိန်ဖြစ်လို့ ဆေးခန်းမှာ Appointment ကြိုတင်ယူထားနိုင်ပါပြီ။

Promotion ကာလ က အောက်တိုဘာလကုန်ထိပဲဖြစ်လို့ အချိန်ရှိတုန်းလေး ဆေးခန်းကို လာရောက်ကြဖို့ဖိတ်ခေါ်ပါတယ် ခင်ဗျာ ❤❤

🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-788 254 222 / 09-7630 72234

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - 09-788 254 222/ 09-7630 72234

🚕 Google map 🚕
Dental Hub Aesthetic Dental Clinic
https://maps.app.goo.gl/EVLm4LZJCpAUe9eZA

သွားတွေ ဘာကြောင့် ဝါသလဲ၊ သွားမဝါအောင် ဘယ်လိုလုပ်ကြမလဲ 🤔🤔သွားဝါတယ်၊ သွားအရောင်ပြောင်းတယ်ဆိုတာ ကြည့်ရဆိုးတဲ့ ပြဿနာတစ်ခုပါ။...
22/09/2024

သွားတွေ ဘာကြောင့် ဝါသလဲ၊ သွားမဝါအောင် ဘယ်လိုလုပ်ကြမလဲ 🤔🤔

သွားဝါတယ်၊ သွားအရောင်ပြောင်းတယ်ဆိုတာ ကြည့်ရဆိုးတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာရဲ့ အလှအပကို ပေါ်လွင်စေမယ့် သွားတွေ ဝါကျင်ကျင်ဖြစ်နေတာကို လူတိုင်းမြင်ဖူးကြတယ်မဟုတ်လား။
ဒီနေရာမှာ သိထားသင့်တာက ခြုံငုံပြီးသွားဝါတယ်လို့ ခေါ်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ သွားအရောင်ပြောင်းလဲတာကိုဆိုလိုတာဖြစ်ပြီး သွားဟာ အဝါ၊ အညို၊ အမည်း၊ မီးခိုး၊ ပန်းရောင်နဲ့ fluoride လွန်ကဲပြီး ဖြူလွန်းနေတာမျိုးတွေ ပါဝင်ပါတယ်။

ဘာလို့ သွားဝါတာလဲ ??

သွားဝါစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိကဖြစ်စေတဲ့ အချက်တွေကတော့ ဆေးလိပ်သောက်သုံးတာနဲ့ ပုံမှန်စားသုံးနေတဲ့အစားအစာတွေကြောင့်ပါပဲ။ သွားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကို ပြောပြချင်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။

နီကိုတင်းဓာတ် – ဆေးလိပ်-ဆေးပေါ့လိပ်-ဖက်ကြမ်း-စီးကရက်စတာတွေ သောက်သုံးတာ၊ ဆေးရွက်ကြီးငုံတာ၊ ကွမ်းစားတာ စတာတွေအားလုံးက သွားရဲ့မူလအရောင်ကို ပြောင်းလဲစေပါတယ်။
ဒီအရာတွေရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ဆေးရွက်ကြီးထဲက နီကိုတင်းဓာတ်ကြောင့်ပါ။

အစားအစာ – ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်နီ၊ ကိုလာ၊ ဘလက်ဘယ်ရီနဲ့ ဘလူးဘယ်ရီတွေကလည်း သွားကိုဝါစေနိုင်ပါတယ်။ ဝါစေရုံတင်မကပါဘူး။ ညိုတာ၊ မည်းတာနဲ့ အဝါစက်တွေထစေတာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်။

သွားချေးတွေ မပြောင်စင်တာ – သွားကို ပုံမှန်နဲ့ စနစ်တကမတိုက်တဲ့အခါမှာ သွားမှာ သွားချေးတွေ စုပုံလာပြီး သွားအရောင်ဟာလည်း ဝါကျင်ကျင်အရောင်ကို ပြောင်းလဲသွားတတ်ပါတယ်။

Fluorosis – Fluoride က သွားကို ကာကွယ်ပေးနိုင်တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသုံးပြုတာ အရမ်းများသွားရင်လည်း သွားကို ဝါကျင်ကျင်ဖြစ်သွားစေတတ်တဲ့ dental fluorosis ဖြစ်စေတတ်တာမို့ သတိထားသုံးစွဲဖို့ လိုအပ်ပါတယ်။

Enamel hypoplasia – Enamel hypoplasia ဟာ သွားရဲ့ အပေါ်ယံကြွေထည်လွှာ ချိုတဲ့တဲ့ဝေဒနာတစ်မျိုးဖြစ်ပြီး ဒီလိုကြွေလွှာချို့တဲ့တာကြောင့် သွားဟာ ကြည်လင်တောက်ပြောင်မှုမရှိတော့ပဲ အရောင်ပြောင်းသွားတတ်ပါတယ်။

အသုံးပြုနေတဲ့ ဆေးဝါးတွေကြောင့် – နေ့စဉ်ကျန်းမာရေးအတွက် မှီဝဲနေရတဲ့ ပဋိဇီဝဆေးတွေရဲ့ သက်ရောက်မှုကြောင်လည်း သွားတွေ ဝါနိုင်ပါတယ်။ Chlorhexidine mouth wash – ခံတွင်းသန့်ဆေးတွေကို အလွန်အကျွံသုံးစွဲတာကလည်း သွားကို ဝါစေနိုင်ပါတယ်။

Celiac disease – ဂလူတန်ဓာတ်မတည့် အူလမ်းကြောင်းရောဂါ (Celiac disease) ဆိုတာဟာ ဂျုံ ၊ ဘာလီ စသော အစားအသောက်တို့တွင် ပါဝင်သော ပရိုတင်းတမျိုးဖြစ်တဲ့ ဂလူတန် (Gluten) နဲ့ မတည့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါသည်တွေဟာ သွားဝါကျင်တာကိုလည်း ခံစားရပါတယ်။

မျိုးရိုးလိုက်တာ – သွားဝါတာက မျိုးရိုးလိုက်ပါတယ်။ သွားဝါတဲ့အခါမှာ ဒီအချက်ကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။

သွားမဝါအောင် ဘယ်လိုကာကွယ်မလဲ ???

သွားဝါခြင်းဟာ ကာကွယ်လို့ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီးတော့ ကုသနိုင်တဲ့နည်းလမ်းတွေလည်း ရှိပါတယ်။

အရင်ဆုံးအနေနဲ့ ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ပြောပြချင်ပါတယ်။ သွားဝါခြင်းကို ကာကွယ်ချင်တယ်ဆိုရင်တော့

သွားကျန်းမာရေးကို ဂရုစိုက်ပါ📌

သွားပုံမှန် တိုက်လား၊ မတိုက်လား ဆန်းစစ်ပြီး သွားကို စနစ်တကျနဲ့ တနေ့ ၂ ကြိမ်တိုက်ပေးပါ။
သွားကြားက သွားချေးတွေကို နေ့စဉ် သန့်ရှင်းပေးပါ။
သကြားဓာတ်များတဲ့ အစားအစာတွေ၊ ကာဘိုဟိုက်ဒြိတ်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ မှီဝဲနေမှုကို ရပ်တန့်ပါ။
အရက်သေစာ၊ ဆေးလိပ်၊ ကွမ်းယာမှီဝဲမှုကို ရပ်တန့်ပါ။
သွားဆေးခန်းမှာ ၆လ တစ်ကြိမ် ပုံမှန် စစ်ဆေးပေးပါ။

အထက်ပါနည်းလမ်းတွေကတော့ သွားဝါခြင်း၊ အရောင်ပြောင်းလဲခြင်းကို ကာကွယ်ရာမှာ အသုံးတည့်စေမယ့် နည်းလမ်းတွေဖြစ်လို့ ဖြူဖွေးလှပတဲ့ သွားလေးတွေ ပိုင်ဆိုင်ချင်ရင် မိမိကိုယ်တိုင် ဂရုစိုက်မှ ရပါမယ်နော် 📣📣



🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-7630 72234 / 09 788 254 222

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - ၀၉ - ၇၆၃၀ ၇၂၂၃၄ / ၀၉ ၇၈၈ ၂၅၄ ၂၂၂

🚕 Google map 🚕
Dental Hub Aesthetic Dental Clinic
https://maps.app.goo.gl/EVLm4LZJCpAUe9eZA

လူတိုင်းဖြစ်နိုင်တဲ့ သွားနှင့်ခံတွင်းဆိုင်ရာပြဿနာတစ်ခု💯💯သွားနှင့်ခံတွင်းဆိုင်ရာပြဿနာတွေထဲက ကမ္ဘာမှာအဖြစ်များဆုံးပြဿနာကို...
17/09/2024

လူတိုင်းဖြစ်နိုင်တဲ့ သွားနှင့်ခံတွင်းဆိုင်ရာ
ပြဿနာတစ်ခု💯💯

သွားနှင့်ခံတွင်းဆိုင်ရာပြဿနာတွေထဲက ကမ္ဘာမှာအဖြစ်များဆုံးပြဿနာကို ပြပါဆိုရင်တော့ သွားပိုးစားခြင်းပါပဲ ခင်ဗျာ။

🔸ဘယ်လိုလူတွေမှာ အဖြစ်များလဲ ??

သွားပိုးစားတာဟာ ကလေးသူငယ်များ၊သွားထပ် သွားကျဲနေတဲ့ ဆယ်ကျော်သက်အရွယ်များနှင့် သက်ကြီးပိုင်းတွေမှာအဖြစ်များတယ်ဆိုပေမဲ့ ``သွား´´ ရှိသူတိုင်း ခံစားရနိုင်တဲ့ ပြဿနာတစ်ခုပါ။

🔸ဘယ်လိုကြိုတင်ကာကွယ်ရမလဲ ??

သွားပိုးပေါက်စတင်ဖြစ်ခါစမှာ စောစီးစွာ ကုသမှုမခံယူဘူးဆိုရင် ပိုးပေါက်များဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုကြီးမားလာကာ သွားအမြစ်အတွင်းပိုးဝင်ခြင်း၊ သွားကိုက်ခြင်းနှင့်အတူ ဆုံးရှုံးရတဲ့အထိဖြစ်နိုင်ပါတယ်။

👉 မိမိသွားအား မှန်ထဲတွင် အမြဲစစ်ဆေးပေးခြင်း
👉 သွားများအား စနစ်တကျအချိန်မှန်တိုက်ခြင်း
👉 (Dental Floss) သွားပွတ်ကြိုးများအား
အသုံးပြုခြင်း
👉 သွားဆေးခန်းမှာ (၆)လ တစ်ကြိမ် ပုံမှန်
Check up လုပ်ခြင်းဖြင့် သွားပိုးစားတဲ့ ပြဿနာ
ကို သေချာကာကွယ်နိုင်ပါလိမ့်မယ်။

🔸သွားပိုးစားနေကြောင်း သိနိုင်တဲ့လက္ခဏာများ

(1) - သွားမျက်နှာပြင်ပေါ်တွင် အမဲစက်လေးများ
ပေါ်လာခြင်း
(2) - အစားအစာအမာများစားတဲ့အခါ နာခြင်း
(3) - အပေါက်များ ချိုင့်ခွက်များရှိနေခြင်း
(4) - သွားကျဥ်ခြင်း
(5) - အပူ၊ အအေး အစားအစာများ စားသောက်
သည့်အခါ သွားကနေ နာကျင်မှုကို ခံစားရခြင်း
စသည့်အချက်များကနေ မိမိသွားပိုးစားနေကြောင်း စောစီးစွာ သိရှိနိုင်ပါတယ်။

ဒီလိုအချက်လေးတွေ မိမိသွားနှင့်ခံတွင်းမှာဖြစ်နေပြီဆိုရင်တော့ သွားနှင့်ခံတွင်းဆေးခန်းသို့ သွားရောက်၍ အမြန်ဆုံးဖာထေးပေးသင့်ပါတယ်။
မိဘပြည်သူအပေါင်း ကျန်းမာတဲ့ သွားနှင့်ခံတွင်းများကို ပိုင်ဆိုင်နိုင်ကြပါစေ ခင်ဗျာ 🙏🙏🙏

🦷 Tee







🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-788 254 222 / 09-7630 72234

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - 09-788 254 222/ 09-7630 72234

🚕 Google map 🚕
Dental Hub Aesthetic Dental Clinic
09 7630 72234
https://maps.app.goo.gl/EVLm4LZJCpAUe9eZ

လူတိုင်းငေးကြည့်ရမဲ့ အပြုံးလေး တစ်ခုရဖို့ဆို Dental Hub မှာ အချိန် (၂) နာရီပေးယုံပဲနော် ...🔸 Direct Composite Veneer 🔸 🕑...
11/09/2024

လူတိုင်းငေးကြည့်ရမဲ့ အပြုံးလေး တစ်ခုရဖို့ဆို Dental Hub မှာ အချိန် (၂) နာရီပေးယုံပဲနော် ...

🔸 Direct Composite Veneer 🔸 🕑 2 hours 🕑

သင်ဟာ ဘာလူမျိုးပဲဖြစ်ဖြစ်၊ သင့်ရဲ့ ပုံပန်းသဏ္ဍန်ဟာ ဘယ်လိုပဲဖြစ်နေပါစေ ... အပြုံးတစ်ခုရဲ့ လှပမှုကိုတော့ ဘယ်သူမှ မငြင်းဆိုနိုင်ပါဘူး။

သင့်ရဲ့ အပြုံးလေးတစ်ချက်က စကားတွေ မြောက်များစွာကို ပြောနိုင်သလို သင့်ရဲ့ အရည်အသွေးတစ်ခုဆိုလည်း မမှားပါဘူး။

လူတစ်ယောက်နဲ့ တစ်ယောက် စကားပြောဆိုတဲ့ အခါမှာ မိမိပင်ကိုယ်သွားအခြေအနေများဖြစ်တဲ့..

💢 သွားဝါခြင်း

💢 သွားကျဲခြင်း

💢 သွားအရောင် ညစ်ညမ်းနေခြင်း

💢 သွားအတိုအရှည် မညီညာခြင်း

💢 သွားသေးသေးလေးတွေ ဖြစ်နေခြင်း

💢 သွားပိုးစားခြင်းကြောင့် သွားများပျက်စီးနေခြင်း

စသဖြင့် ပြုံးလိုက်တိုင်း ကိုယ့်ကိုယ်ယုံကြည်မှု မရှိတဲ့ အပြုံးတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုရင် .....

Dental Hub မှာ (Direct Composite Veneers) ကုသနည်းဖြင့် သွားကြွေလွှာကပ်ပြီး ဖြူဖွေးညီညာတဲ့သွားလေးတွေကို ပိုင်ဆိုင်နိုင်ပါပြီ ။

သွားကြွေလွှာကပ်ပြီးပြီ ဆိုရင်တော့ 💁‍♂️💁‍♂️

✌️လူတိုင်းနှင့် Social ကျစွာ Professional ဆန်ဆန်
စကားပြောလို့ရပြီ။

✌️Selfie ဆွဲတိုင်း ကိုယ့်ရဲ့ အပြုံးလေးကို
ကြွားလို့ရပြီ။

✌️ဆွဲဆောင်မှုရှိတဲ့ အလှတစ်ခုကို ပိုင်ဆိုင်
နိုင်ပါပြီနော် 😍😍

Direct Composite Veneers ~ DCV အကြောင်းကို မိမိရဲ့ သွားအခြေအနေနှင့် ပက်သက်ပြီး အသေးစိတ် ဆွေးနွေးတိုင်ပင်လိုသည် ဆိုပါက ....

Dental Hub Page Chat Box သို့မဟုတ်
Dental Hub Hot Line ☎️ - 09 7630 72234 သို့ အချိန်မရွေးဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။





🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon

☎️ Contact No - 09-788 254 222 / 09-978868886

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်

☎️ ဖုန်းနံပါတ် - 09-788 254 222/ 09-7630 72234

🚕 Google map 🚕

Dental Hub Aesthetic Dental Clinic
09 953 870000

https://maps.app.goo.gl/EVLm4LZJCpAUe9eZA

ဖာထားမှန်း မသိသာအောင် `` လေဆာဖြင့်သွားဖာခြင်း´´ နည်းလမ်းကို ရွေးချယ်ပါ 🛡️🛡️သွားဖာဖို့အတွက် ကျွန်တော်တို့ စဥ်းစားရမယ့် အခ...
25/08/2024

ဖာထားမှန်း မသိသာအောင် `` လေဆာဖြင့်သွားဖာခြင်း´´ နည်းလမ်းကို ရွေးချယ်ပါ 🛡️🛡️

သွားဖာဖို့အတွက် ကျွန်တော်တို့ စဥ်းစားရမယ့် အခြေအနေတွေက ...

❗ အံသွားတွေမှာ အခေါင်းပေါက်ဖြစ်ပြီး အစာတွေကျန်နေတဲ့အခါ
❗ အကြောင်းကြောင်းကြောင့် ရှေ့သွားတွေ ပဲ့သွားတဲ့အခါ
❗ သွားရဲ့ ဘယ်နေရာမှာမဆို အမည်းရောင်တွေ့တာနဲ့ သွားပိုးစားနေပြီလို့ ယူဆရတဲ့အတွက်
❗ သွားပိုးစားခြင်းကြောင့် သွားတွေ မဆုံးရှုံးစေဖို့ သွားနှင့်ခံတွင်းဆေးခန်းကို ပြေးသင့်နေပါပြီ။

သွားပိုးပေါက်တွေဟာ အောက်ဆုံးအလွှာအထိ ဖောက်ဝင်သွားပြီဆိုရင် သွားအကြောထုတ်ခြင်း၊ သွားနှုတ်ပြီး အသစ်ပြန်စိုက်ခြင်း (သို့) သွားအစွပ်စွပ်ခြင်းကို လုပ်ဆောင်ရဖို့ သေချာနေပါပြီ။

သွားပိုးစားနေပြီဟု စသိတာနဲ့ အချိန်မှီကုသမှု Light Cure Filling Treatment ဖြင့် သွားပိုးစားနေတဲ့ နေရာတွေကို သွားဖာလိုက်ပါက မူလပုံစံမပျက်တဲ့ သွားတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

Light Cure Filling ဟာ Dental Treatments တွေထဲမှာ 1960 လောက်ကတည်းက ပေါ်လာခဲ့တာဖြစ်ပြီး အစပထမက NUVA light, Halogen bulb, UV light စတဲ့ ရောင်ခြည် အမျိုးမျိုးပြောင်းပြီး အသုံးပြုလာရာမှ ယနေ့ခေါတ်မှာ လူတွေအတွက် အန္တာရာယ်အကင်းဆုံး Blue light ကို အသုံးပြုလာကြတာ ဖြစ်ပါတယ်။

သွားပိုးပေါက်နေရာ၊ ပဲ့သွားတဲ့သွားနေရာမှာ ထည့်ထားတဲ့ Composite resin ကို Blue light နဲ့ ခိုင်ခံအောင် ပြုလုပ်ပြီး ကုသပေးခြင်း ဖြစ်ပါတယ်။

Light Cure Filling ရဲ့ အားသာချက်တွေကတော့ -

✨ ဘေးသွားတွေရဲ့ အရောင်အတိုင်း တစ်ပုံစံထဲ ရရှိတဲ့အတွက် သွားဖာထားမှန်း မသိသာခြင်း
✨ မာကျော၊ ခိုင်ခံ့ံ့ ရှိခြင်း
✨ အလွယ်တကူ မပြုတ်ထွက်နိုင်ခြင်း
✨ ကြာရှည်ခံခြင်း
✨ အပူ၊ အအေးဒဏ်ခံနိုင်ခြင်း
✨ မတော်တဆ ထိခိုက်မှုရှိလျှင် အလွယ်တကူ ပြုပြင်နိုင်ခြင်း
✨ သွားကျင်၊ သွားကိုက်မှု မရှိခြင်း တို့ပဲ ဖြစ်ပါတယ်။

အခြားသွားဖာခြင်းနည်းလမ်းတွေ အများကြီးရှိတဲ့အထဲမှ အကောင်းဆုံး သွားဖာခြင်းနည်းလမ်းဖြစ်တဲ့ Light Cure Filling ကို Dental Hub မှာ ကျွမ်းကျင်ဆရာဝန်များဖြင့် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ပါပြီ ...

#လေဆာဖြင့်သွားဖာခြင်း



🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-7630 72234 / 09 788 254 222

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - ၀၉ - ၇၆၃၀ ၇၂၂၃၄ / ၀၉ ၇၈၈ ၂၅၄ ၂၂၂

🚕 Google map 🚕
Dental Hub Aesthetic Dental Clinic
https://maps.app.goo.gl/EVLm4LZJCpAUe9eZA

အပြုံးလေးများ ကျန်းမာလှပစေဖို့ ဂရုစိုက်သင့်တဲ့အချက် (၁၀) ချက် 🖊️🖊️ကျန်းမာသန့်ရှင်းပြီး အပြုံးလေးတွေ လှပအောင်လုပ်ဖို့ကတော...
18/08/2024

အပြုံးလေးများ ကျန်းမာလှပစေဖို့ ဂရုစိုက်သင့်တဲ့အချက် (၁၀) ချက် 🖊️🖊️

ကျန်းမာသန့်ရှင်းပြီး အပြုံးလေးတွေ လှပအောင်လုပ်ဖို့ကတော့ မလွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။
နေ့စဥ်လုပ်နေကြအကျင့်လေး ရှိသွားရင် သွားနှင့်ခံတွင်းကျန်းမာရေးဆိုတာ ဒေါင်ဒေါင်မြည်ဖြစ်နေမှာပါ။
သင်ဟာ ကောင်းမွန်တဲ့ သွားနှင့်ခံတွင်းကျန်းမာရေးကို ရရှိနိုင်ဖို့ အောက်ပါအချက် (၁၀)ချက်ကို လိုက်နာဖို့ လိုပါတယ်။

📌 သွားကြားထဲမှာရှိတဲ့ အစာများကို သွားပွတ်ကြိုးဖြင့် နေ့စဉ် ရှင်းပါ

သွားတိုက်ခြင်းသည် သွားကြားထဲတွင်ရှိသော အစာနှင့် သွားချေးအားလုံးကို မဖယ်ရှားနိုင်ပါဘူး။ သို့ပေမယ့် သွားပွတ်ကြိုးကတော့ ကူညီဖယ်ရှားနိုင်ပါတယ်။ ထိုသို့ နေ့စဉ်သွားကြားထဲရှိ အစာများကိုရှင်းလင်းခြင်းသည် သွားတွင် ကျောက်တည်ခြင်းကြောင့် ဖြစ်ပေါ်လာသော သွားနှင့်ပတ်သက်သော ရောဂါများ (ဥပမာ သွားဖုံးရိုးပျက်ဆီးခြင်း၊သွားကျိုးခြင်း၊သွားဖုံးရောင် ခြင်း)တို့ကို ကာကွယ်နိုင်ပါတယ်။

📌 တစ်နေ့ကို သွားနှစ်ကြိမ်တိုက်ပါ

သွားနှင့်သွားဖုံးများ ဖြူဖွေးကျန်းမာစေဖို့အတွက် တစ်နေ့ကို အနည်းဆုံး သွား (၂)ကြိမ်တိုက်သင့်ပါသည်။

📌 သွားဆရာဝန်နှင့် တစ်နှစ် (၂)ကြိမ်ပြပါ

သွားတွင်ကပ်ငြိနေသော အညစ်အကြေးနှင့် အစွန်းအထင်းများကို ဖယ်ရှားဖို့အတွက် သွားဆရာဝန်နှင့် တစ်နှစ် (၂)ကြိမ် ပြသင့်သည်။ ထို့အပြင် အခြားသောသွားရောဂါများ (ဥပမာ သွားဖုံးသွေးယိုခြင်း၊ ခံတွင်းကင်ဆာ) ကို အချိန်မီသိရှိနိုင်သည်။ သွားနှင့် ခံတွင်းကို ပုံမှန်ဂရုစိုက်ခြင်းကြောင့် လှပသောအပြုံးနှင့် ကောင်းမွန်သောခံတွင်းကျန်းမာရေးကို ပိုင်ဆိုင်နိုင်မှာပါ။

📌 ကွမ်း၊ ဆေးလိပ်ဖြတ်ပါ

ကွမ်းစား၊ ဆေးလိပ်သောက်ခြင်းသည် ခံတွင်းအနံ့ဆိုးခြင်း၊ သွားမည်းခြင်းနှင့် သွားဖုံးရောဂါများကို ဖြစ်စေနိုင်သည်။ ဒါကြောင့် သွားခံတွင်းကျန်းမာရေးနှင့် အလှအပအတွက် ကွမ်းစားခြင်းနှင့် ဆေးလိပ်သောက်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ရှားသင့်ပါတယ် ။

📌 အရောင်ပါသော အဖျော်ယမကာများ

ကော်ဖီ၊ လက်ဖက်ရည်နှင့် အနီရောင်ဝိုင်သည် အချိုဓါတ်နှင့် အက်စစ်ဓါတ် များစွာ ပါဝင်သောကြောင့် သွားများကို ပျက်ဆီးစေနိုင်ရုံသာမက သွားတွင် အရောင်စွန်းထင်းနိုင်ပါသည်။ ဒါကြောင့် အဖျော်ယမကာ သောက်သုံးတဲ့အခါ မှာ ပိုက်ကို အသုံးပြု၍ သောက်သုံးသင့်ပါသည်။ ထို့အပြင် ဖျော်ရည်များ သွားတွင် အကြာကြီး မတင်ကျန်စေဖို့ ရေ (သို့) ခံတွင်းသန့်စင်ဆေးရည်ဖြင့် ခံတွင်းကို ဆေးသင့်ပါသည်။

📌 ရေများများသောက်ပါ

ရေသည် ကျန်းမာရေးနှင့် နုပျိုခြင်းအတွက် အကောင်းမွန်ဆုံးသောအရည် ဖြစ်သည်။ ၎င်းသည် သွားကို သန့်ရှင်းစေရုံသာမက အချိုနှင့်အက်စစ်ဓါတ်ကြောင့် သွားပိုးစားခြင်းကိုလည်း လျော့ချပေးနိုင်သည်။ သွားဆရာဝန်များကလည်း ရေသန့်ရေထက် ဖလိုရိုက် ပြည့်ဝစွာပါဝင်သော ပိုက်ခေါင်းမှလာသော ရေကို သောက်သုံးရန် အကြံပေးကြသည်။

📌 သင့်တော်သော သွားတိုက်တံကို ရွေးပါ

သွားတိုက်ခြင်း၏ အကျိုးကျေးဇူးများ အပြည့်အ၀ ရရှိစေနိုင်ဖို့အတွက် သင့်၏ ခံတွင်းနှင့်သင့်တော်သော သွားအားလုံးကိုတိုက်နိုင်သော သွားတိုက်တံကို အသုံးပြုသင့်သည်။ သွားတိုက်ရာတွင် သက်သောင့်သက်သာရှိစေရန် သွားပွတ်တံ၏ လက်ကိုင်၊ ဒီဇိုင်းပုံစံများကို အဓိကထား၍ ရွေးချယ်သင့်သည်။

📌 သွားဖြူစေသော ကုန်ပစ္စည်းများကို သတိပြု၍ ရွေးချယ်ပါ

သင်၏လိုအပ်ချက်ပေါ်မူတည်၍ အမျိုးမျိုးသော သွားဖြူပစ္စည်းများကို အသုံးပြုနိုင်ပေမယ့် တချို့သော ကုန်ပစ္စည်းများဟာ ဘေးဥပါဒ်ဖြစ်စေပါတယ်။ ဆရာဝန်ညွှန်ကြားသော သွားဖြူသွားတိုက်ဆေးများကိုသာ အသုံးပြုသင့်ပါသည်။

📌 သင်၏ အခြားသောကျန်းမာရေးအခြေအနေများကို ဂရုစိုက်ပါ

အန္တရာယ်ရှိသော ကျန်းမာရေးအခြေအနေ (သွေးတိုး၊ ဆီးချို၊ အဝလွန်ခြင်း နှင့် သွားကြိတ်ခြင်း) များသည် သင့်သွားနှင့်ခံတွင်းကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် မိမိတစ်ကိုယ်ရည်ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ကျန်းမာသော ဘဝ၊ လှပသော အပြုံးနှင့် လတ်ဆတ်သော ခံတွင်းနံ့များကို ရယူလိုက်ပါ။

📌 သွားနှင့်ပက်သက်၍ အချိန်မီကုသမှုခံယူပါ

သွားကျန်းမာရေးအခြေအနေများကို သွားဆရာဝန်များသာ ကုသနိုင်သည်။ ဒါကြောင့် သွားပိုးစား ပျက်စီးနေပါက သွားဆေးခန်းသို့ အမြန်ဆုံးသွားသင့်သည်။ အချိန်မီကုသခြင်းဖြင့် သွား၏ခိုင်ခံ့မှုနှင့် ပုံစံကိုထိန်းသိမ်းနိုင်ပြီး အခြားသော သွားများကို ထိခိုက်ခြင်းမှ ကာကွယ်နိုင်သည်။

လှပသောအပြုံးရရှိဖို့အတွက် အချိန်နှင့်လုပ်အား လိုပါသည်။ တစ်ရက် တစ်ညနှင့် သိသာသောပြောင်းလဲမှု မဖြစ်နိုင်ပါ။ စိတ်ရှည်ပြီး နေ့စဉ် အလေ့အထ တစ်ခုအနေနှင့် ပြုလုပ်သွားမည်ဆိုလျှင် သင့်အပြုံးတွေ တစ်နေ့တော့ လင်းလက်တောက်ပလာမှာပါနော် 💙



🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-7630 72234 / 09 788 254 222

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - ၀၉ - ၇၆၃၀ ၇၂၂၃၄ / ၀၉ ၇၈၈ ၂၅၄ ၂၂၂

🚕 Google map 🚕
Dental Hub Aesthetic Dental Clinic
https://maps.app.goo.gl/EVLm4LZJCpAUe9eZA

သွားအစွပ် စွပ်ထားသူတွေ ရှိရင် ၁ နှစ်မှာ တစ်ကြိမ် သွားနှင့်ခံတွင်းကို မဖြစ်မနေ စစ်ဆေးပါ ။                       🦷 Teeth a...
13/08/2024

သွားအစွပ် စွပ်ထားသူတွေ ရှိရင် ၁ နှစ်မှာ တစ်ကြိမ် သွားနှင့်ခံတွင်းကို မဖြစ်မနေ စစ်ဆေးပါ ။



🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-7630 72234 / 09 788 254 222

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - ၀၉ - ၇၆၃၀ ၇၂၂၃၄ / ၀၉ ၇၈၈ ၂၅၄ ၂၂၂

🚕 Google map 🚕
Dental Hub Aesthetic Dental Clinic
https://maps.app.goo.gl/EVLm4LZJCpAUe9eZA

သွားစိုက်ထားတာပဲဖြစ်ဖြစ်၊ သွားအစွပ်စွပ်ထားတာပဲဖြစ်ဖြစ် ဘယ်လိုဂရုစိုက်ပေးရမလဲ?သွားအစွပ်တွေစွပ်ထားတယ်။ ဘယ်လိုအကြောင်းအရာတွ...
12/08/2024

သွားစိုက်ထားတာပဲဖြစ်ဖြစ်၊ သွားအစွပ်စွပ်ထားတာပဲဖြစ်ဖြစ် ဘယ်လိုဂရုစိုက်ပေးရမလဲ?

သွားအစွပ်တွေစွပ်ထားတယ်။ ဘယ်လိုအကြောင်းအရာတွေကြောင့် အစွပ်ကို ဂရုစိုက်ဖို့ လိုအပ်တာလဲဆိုတာ အောက်မှာ အသေးစိတ်ရှင်းပြပေးထားပါတယ်။

ကုန်ကျစရိတ်နှစ်ခေါက်မကုန်အောင် သွားအစွပ်နဲ့ သွားဖုံးကြား ဟမနေတာမျိုးရှိမရှိ သေချာစစ်ဆေးကြည့်ဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ တကယ်လို့ အစွပ်ကဟနေမယ်ဆိုရင် အစာဟောင်းတွေက သွားအစွပ်ထဲဝင်ပြီး အောက်ခံသွားပိုးစားခြင်းတို့ကိူဖြစ်လာစေပါတယ်။ ပိုးစားပြီး သွားနာ၊ သွားကိုက်တာတွေဖြစ်လာမယ်ဆိုရင် သွားကို အကြောထုတ်ပြီး အစွပ်အသစ်ပါ ပြန်စွပ်ပေးရတဲ့ အခါ ကုန်ကျစရိတ်ကလည်းနှစ်ခေါက်ကုန်တော့ စရိတ်ကလည်း ပိုကြီးသွားတာပေါ့…

သွားအစွပ်နဲ့ သွားဖုံးကြားဟမနေအောင် ဆေးခန်းမှာ သွားအစွပ်စွပ်တည်းက သေချာစစ်ဆေးခိုင်းပါ။
သွားအစွပ်စွပ်ပြီးသွားရင်လည်း ပေါ့ပေါ့ဆဆမနေသင့်ဘဲ သွားနှင့်ခံတွင်းကျန်းမာရေးကို (၆) လ တစ်ကြိမ်သေချာစစ်ဆေးပေးပြီး သွားကျောက်ကိုလည်း ပုံမှန်ခြစ်ပေးသင့်ပါတယ်။
ဘာလို့လဲဆိုတော့ သွားကျောက်တွေက သွားဖုံးနိမ့်ဆင်းမှုကို ဖြစ်ပေါ်စေတယ့် အဓိကအကြောင်းအရင်း တစ်ခုဖြစ်ပါတယ်။

သွားအစွပ်တွေ သက်တမ်းမပြည့်ခင်အချိန်အထိ အေးအေးဆေးဆေး သုံးလို့ရအောင် ကိုယ်တိုင် သေချာဂရုစိုက်ပေးဖို့လိုတယ်ဆိုတာသိလောက်ပြီထင်ပါတယ်။

Dental Hub မှာ အစဉ်အမြဲ လာရောက်ကုသမှုပြုလုပ်နေတဲ့ သူတွေထဲမှာရော သွားအစွပ်အတွက် အမြဲ စစ်ဆေးဖြစ်သေးရဲ့လား?
မလုပ်ဖြစ်သေးရင် လုပ်ထားကြဖို့ အသိပေးလိုက်ပါတယ်နော်…



🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon

☎️ Contact No - 09-7630 72234

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်

☎️ ဖုန်းနံပါတ် - ၀၉ - ၇၆၃၀ ၇၂၂၃၄

🚕 Google map 🚕

Dental Hub Aesthetic Dental Clinic
09 953 870000
https://maps.app.goo.gl/EVLm4LZJCpAUe9eZA

သွားမရှိတော့တဲ့ လူကြီးမိဘတွေအတွက် ....သွားလေးရှိသွားရင် ပျော်ရတဲ့ အပျော်ဆိုတာ 🥰🥰                    🦷 Teeth are always i...
07/08/2024

သွားမရှိတော့တဲ့ လူကြီးမိဘတွေအတွက် ....
သွားလေးရှိသွားရင် ပျော်ရတဲ့ အပျော်ဆိုတာ 🥰🥰



🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09 7630 72234

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - 09-7630 72234

သွားပိုးစားခြင်းဟာ အသက်ရွယ်နဲ့ ဆိုင်လား ❓❓Dental Caries (သွားပိုးစားခြင်း) သွားပိုးစားခြင်းဆိုတာ သွားမှာ အခေါင်းပေါက်မျာ...
03/08/2024

သွားပိုးစားခြင်းဟာ အသက်ရွယ်နဲ့ ဆိုင်လား ❓❓

Dental Caries (သွားပိုးစားခြင်း)

သွားပိုးစားခြင်းဆိုတာ သွားမှာ အခေါင်းပေါက်များ ဖြစ်ပေါ်ခြင်းပါ။ ဘတ်တီးရီးယားပိုးများကြောင့် ဖြစ်တတ်ပြီး သွားပိုးစားခြင်းဟာ ကမ္ဘာ့အဖြစ်အများဆုံး ကျန်းမာရေးအခြေအနေတွေထဲက တစ်ခုဖြစ်ပါတယ်။ မကုသဘဲထားလိုက်ရင် ပိုးပေါက်များ ပိုကြီးလာပြီး သွားအတွင်းလွှာများအထိ ထိခိုက်သွားနိုင်ပါတယ်။ သွားကိုက်ခြင်း၊ ပိုးဝင်ခြင်းနဲ့ နောက်ဆုံး သွားနှုတ်ရခြင်းထိ ဖြစ်နိုင်ပါတယ် ။

ဘယ်လောက်အဖြစ်များသလဲ ?

အလွန်တရာကို အဖြစ်များပါတယ်။ လူတိုင်းမှာ ဖြစ်နိုင်ပြီး ကလေးငယ်၊ ဆယ်ကျော်သက်များနဲ့ အသက်ကြီးသူများမှာ ပိုအဖြစ်များတာကို တွေ့ရပါတယ်။

သွားပိုးစားခြင်းရဲ့လက္ခဏာတွေက ဘာတွေလဲ ?

~သွားကိုက်ခြင်း
~သွားကျင်ခြင်း
~အချို၊ အပူ၊ အအေးစာများ စားရင် စူးရှစွာနာကျင်ခြင်း
~သွားမှာ အပေါက်များဖြစ်ခြင်း
~သွားမျက်နှာပြင်ပေါ်မှာ အညိုရောင်၊ အမည်းရောင်၊ အဖြူရောင်များထင်ခြင်း
~အစာ ဝါးရင်၊ ကိုက်ရင် နာကျင်တို့ ခံစားရတတ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ??

သွားပိုးစားတာကို တွေ့တာနဲ့ သွားဆရာဝန်နဲ့ ပြသသင့်ပါတယ်။ တကယ်လို့ ဖျားမယ်၊မခံနိုင်အောင်သွားနာမယ်ခံတွင်းအနံ့ထွက်လာမယ် ဆိုရင်တော့ အမြန်ဆုံး ပြသသင့်ပါတယ်။

သွားပိုးစားခြင်းဖြစ်နိုင်ခြေ များစေတဲ့ အချက်များ ⚠️

(1) သွားသန့်ရှင်းရေးအားနည်းခြင်း- နေ့စဉ်ပုံမှန်သွားတိုက်ခြင်း၊ သွားသန့်ရှင်းမှုမရှိခြင်း။

(2) ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာ၊ သစ်သီးဖျော်ရည်၊ ဆော်ဒါ၊ မုန့်အချိုများ၊ သကြားလုံး၊ ကွတ်ကီးများ အစားများခြင်း။

(3) အက်စစ်ပါတဲ့ စားစရာသောက်စရာများ (သံပုရာရည်၊ ဆော်ဒါ၊ ဖျော်ရည်များ) အလွန်အကျွံ စားသောက်ခြင်း။

(4) အစာအိမ်အတွင်းရှိ အက်စစ်များပြန်ဆန်တက်ကာ သွားများနဲ့ ထိတွေ့မိခြင်း၊

(5) ဖလိုရိုက် မလုံလောက်ခြင်း- သွားပေါက်များကို ကာကွယ်ပေးတဲ့ သဘာဝသတ္တုဓာတ် ဖလိုရိုက်နည်းပါးခြင်း။

(6) တံထွေးအထွက်နည်းခြင်း – ခံတွင်းအတွင်းရှိ တံထွေးဟာ သင့်သွားများကြားရှိ အစာများကို သန့်ရှင်းပေးပြီး သွားပျက်စီးစေတဲ့ ဘတ်တီးရီးယားများကိုလည်း လျှော့ချပေးနိုင်ပါတယ်။

သွားပိုးစားခြင်းဟာ အသက်အရွယ်မရွေး ဖြစ်နိုင်တာကြောင့် ဆောင်ရန် ရှောင်ရန်လေးတွေကို သေချာနားလည်အောင်လုပ်ပြီး ဂရုတစိုက်နေထိုင်ကြည့်ပါ။

ကျန်းမာရေးကောင်းတဲ့ သွားနှင့်ခံတွင်းကို ပိုင်ဆိုင်နိုင်ကြပါစေ 🦷🦷



🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon

☎️ Contact No - 09-7630 72234

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်

☎️ ဖုန်းနံပါတ် - ၀၉ - ၇၆၃၀ ၇၂၂၃၄

🚕 Google map 🚕

Dental Hub Aesthetic Dental Clinic

https://maps.app.goo.gl/EVLm4LZJCpAUe9eZA

သွားဆုံးရှုံးမှုအရေအတွက် နည်းနေသေးရင် ရွေးချယ်သင့်တဲ့ Dental Bridge...❗❗❗Dental Hub တွင် သွားစိုက်၊ သွားအစွပ်စွပ်ခြင်းမျ...
25/07/2024

သွားဆုံးရှုံးမှုအရေအတွက် နည်းနေသေးရင် ရွေးချယ်သင့်တဲ့ Dental Bridge...❗❗❗

Dental Hub တွင် သွားစိုက်၊ သွားအစွပ်စွပ်ခြင်းများအတွက် ...

✅ သက်သာသောစျေးနှုန်း
✅ အကောင်းဆုံး Quality
✅ သွားအစွပ်အမျိုးအစားပေါ်မူတည်၍
သက်ဆိုင်ရာ အာမခံများ
✅ ကျွမ်းကျင်သည့် ဆရာဝန်များ
✅ ခေတ်မှီစက်ကရိယာများနှင့်အတူ
✅ အချိန်တိုအတွင်း ကုသလို့ရရန် စီစဥ်ပေးထား​​ပါပြီ ခင်ဗျာ။

🦷 Teeth are always in style 🦷






🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-953870000 / 09-978868886

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - 09-953870000 / 09-978868886

Address

No 26, Kyaut Yay Twin Street, Kyaut Myaung East Quarter, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959953870000

Website

Alerts

Be the first to know and let us send you an email when Dental Hub Aesthetic Dental Clinic - သွားနှင့်ခံတွင်းဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share