Sweet Dental Care

Sweet Dental Care Let us create a precious smile for you that fits your lifestye.

Happy 4 years Anniversary to our Sweet Dental Care Clinics 🎉 🎉🎉ကျွန်တော်တို့ Sweet Dental Care မိသားစုမှ မိဘလူကြီးမင်းတိ...
15/01/2026

Happy 4 years Anniversary to our Sweet Dental Care Clinics 🎉 🎉🎉

ကျွန်တော်တို့ Sweet Dental Care မိသားစုမှ မိဘလူကြီးမင်းတို့၏ သွားနှင့်ခံတွင်းဆိုင်ရာ ရောဂါ ပြသာနာများကို ကူညီ
ဖြေရှင်း ကုသပေးခဲ့တာ 15.1.2026 ဆိုရင် ( 4 ) နှစ်တိတိ ပြည့်ခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျာ …😇

ကျွန်တော်တို့ Sweet Dental Care သွားနှင့်ခံတွင်း အထူးကုဆေးခန်းများတွင် စိတ်ချ ယုံကြည်စွာ ကုသမှု ခံယူခဲ့ကြသော လူကြီးမင်းများ ၊ ကုသမှု ခံယူလျက်ရှိကြသော လူကြီးမင်းများ
ကိုလည်း ကျွန်တော်တို့ ဆေးခန်း မိသားစုမှ ကျေးဇူးအထူးတင်ရှိပါကြောင်း ရိုသေစွာ ပြောကြားပါရစေခင်ဗျာ…🙏

ကျွန်တော်တို့ Sweet Dental Care သွားနှင့်ခံတွင်း အထူးကုဆေးခန်းများတွင် ရရှိနိုင်တဲ့ ကုသမှုများကတော့ ….

🦷 Dental Crown & Bridges (သွားအသေစိုက်ခြင်း)
🦷 Partial/ Full Denture (Acrylic, Flexible, Metallic) (သွားအရှင် - အံကပ် ပြုလုပ်ခြင်း)
🦷 Root Canal Treatment (သွားအကြောထုတ်ကုသခြင်း)
🦷 Dental Restoration (သွားဖာခြင်း)
🦷 Dental Extraction (သွားနှုတ်ခြင်း)
🦷Dental Whitening (သွားများဖြူဖွေးတောက်ပအောင်လုပ်ခြင်း)
🦷 Scaling & Polishing (သွားကျောက်ခြစ်/ကွမ်းဂျိုးခြစ်သန့်စင်ပေးခြင်း)
🦷 Dental Skycee (သွားတွင်စိန်ကပ်အလှဆင်ခြင်း)
🦷 Veneers (သွားရှေ့မျက်နှာပြင်ကြွေလွှာကပ်ခြင်း)
🦷Orthodontics treatment ( သွားညှိကုသခြင်း )

စသည့်ကုသမှုများကို Sweet Dental Care (Yangon & Mandalay branches ) များ မှာ ကုသမှု ခံယူနိုင်မှာဖြစ်ပါတယ် ခင်ဗျာ…😇😇😇

Sweet Dental Care သွားနှင့်ခံတွင်း အထူးကုဆေးခန်းများမှာ သွားအလှအပဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်များဖြင့် မိမိတို့ရဲ့ အပြုံးလေးတွေကို လူအများကြား ထူးခြားနေအောင် ပြုပြင်လို့ ရနေပါပြီခင်ဗျာ 🙆🏻🙆🏻

🏠Sweet Dental Care ( Yangon )🏠
အမှတ် ၈၃-၈၅ မြေညီထပ်, လမ်း(၅၀)ထိပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ပုစွန်တောင်မြို့နယ် ရန်ကုန်မြို့
☎️09-768039561

🏠Sweet Dental Care ( Mandalay )🏠
၃၉ လမ်း ၇၈ × ၇၉ ကြား မဟာအောင်မြေမြို့နယ် မန္တလေးမြို့
☎️09-940006681

Sweet Dental Care, Mandalay သွားနှင့်ခံတွင်းဆေးခန်းတွင်ဆရာ၀န်အကူ အမျိုးသမီး(Dental Assistant) တစ်ဦး အမြန် ခန့်ထားရန်ရှိပ...
14/01/2026

Sweet Dental Care, Mandalay
သွားနှင့်ခံတွင်းဆေးခန်းတွင်
ဆရာ၀န်အကူ အမျိုးသမီး
(Dental Assistant) တစ်ဦး အမြန် ခန့်ထားရန်ရှိပါသည်။

CV Form နှင့်တကွ လာရောက်လျှောက်ထားနိုင်ပါသည်။

လိပ်စာ - ၃၉လမ်း ၊ ၇၈လမ်းနှင့် ၇၉လမ်းကြား၊
မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

09 94000 6681
09 977 288 416
09 97 567 4317

📝အောက်ပါအ‌ရည်အချင်းများနှင့်ကိုက်ညီသူတိုင်း
‌လျှောက်ထားလို့ရပါတယ်။

✅ အသက် ၃၀ မကျော်သူ
✅ ဆက်ဆံရေးပြေပြစ်သူ
✅ ပညာအရည်အချင်း ၁၀တန်း နှင့်အထက်
✅ သွားဆေးခန်းနှင့်ပတ်သက်၍စိတ်ပါ၀င်စားသူ
✅ သန့်ရှင်းသပ်ရပ်စွာ ၀တ်စားနေထိုင်သူ
✅ ရေရှည်လုပ်ကိုင်နိုင်သူ(အနည်းဆုံး ၁နှစ်)
✅ အလုပ်ချိန် မနက် ၈နာရီခွဲမှ ညနေ ၅နာရီခွဲအထိ
✅ လစာ ၂၅၀၀၀၀ +++ ရက်မှန်ကြေး Bonus +++
✅ အတွေ့အကြုံရှိသူ ဦးစားပေးပါမည်။

Page Messenger မှလည်း လျှောက်ထားလို့ရပါတယ်။

ဟင်္သာတမြို့က မိသားစုတွေ အတွက် Sweet Dental Care လာတော့မယ်နော် ✨🦷ဖွင့်ပွဲ အထူးအစီစဉ်တွေ မလွတ်အောင် Follow လုပ်ထားကြပါဦး ...
12/01/2026

ဟင်္သာတမြို့က မိသားစုတွေ အတွက် Sweet Dental Care လာတော့မယ်နော် ✨🦷

ဖွင့်ပွဲ အထူးအစီစဉ်တွေ မလွတ်အောင် Follow လုပ်ထားကြပါဦး 📣

Sweet Dental Care (Hinthada Branch) coming soon 🔜

🙏 Sweet Dental Care ရဲ့ နှစ်သစ်ကူး         အထူး Special Promotions  🙏 SWEET DENTAL CARE ( Yangon & Mandalay ) ဆေးခန်းမျာ...
01/01/2026

🙏 Sweet Dental Care ရဲ့ နှစ်သစ်ကူး
အထူး Special Promotions 🙏

SWEET DENTAL CARE ( Yangon & Mandalay ) ဆေးခန်းများတွင် အစဉ်အမြဲ ယုံကြည်အားထားပြီး ကုသမှု ခံယူနေကြသော လူကြီး မိဘများအားကျေးဇူးတုံ့ပြန်သောအနေဖြင့်
နှစ်သစ်ကူး အခါသမယမှာ အထူး ( Special Promotions ) များ စီစဥ်ပေးထားပါတယ် ခင်ဗျာ…🙆🏻

🦷 သွားညှိကုသခြင်း 10 % Off 🦷
( Orthodontics Treatment )

ပြီးပြည့်စုံတဲ့ အလှတရားလေးတွေ ပိုင်ဆိုင်ဖို့ဆိုရင်တော့ သွားလှလှလေးတွေ ရှိဖို့လည်း လိုအပ်ပါတယ်ခင်ဗျာ ။
သွားညှိကုသမှု စတင်ချိန်မှာ ကနဦး မြန်မာငွေ ၁သိန်းကျပ်သာ ပေးသွင်းရမှာဖြစ်ပြီး ကျန်သည့် ကုန်ကျငွေကို လစဉ်အရစ်ကျပေးသွင်းသွားနိုင်ပါတယ် …
ဒါ့အပြင် ကုသမှုကုန်ကျစရိတ်အားလုံးရဲ့ ( 10% Off ) ခံစားခွင့်လေးပါ ကျေးဇူးတုံ့ပြန်ထားတာမို့ ဘာလိုသေးလဲခင်ဗျာ….🙆🏻‍♂️

နှစ်သစ်ကူး အခါသမယ မှာ သွားအသစ်လေးတွေ ပြန်လည် အစားထိုးကာ သွားစိုက်ခြင်း ကုသမှု ခံယူလိုသူ လူကြီးမိဘများအတွက်
🦷 သွားစိုက် ကုသခြင်း 10% 𝐎𝐟𝐟 🦷
( Dental Crowns & Bridges)
~ သွားအစွပ်စွပ်ခြင်း
~ သွားတုအသေစွပ်၍ စိုက်ခြင်း
~ သွားအစွပ်လဲလှယ်ခြင်း စသော ကုသမှုများကို ( 10% off )
လျော့ချ၍ ကုသမှုပေးသွားမည်ဖြစ်ပါတယ်ခင်ဗျာ… 🙆🏻‍♂️

🦷 လေဆာဖြင့်သွားဖြူအောင်ပြုလုပ်ခြင်း
10 % 𝐎𝐟𝐟 🦷
( Laser Whitening Treatment )

သွားလေးတွေ ဖြူ၀င်းလှပ‌ စေရန် အချိန် ၁နာရီ ထဲနဲ့ ပြုပြင်လို့ရမယ့် Laser Whitening Treatment ကို ဇန်နဝါရီ လအတွင်း
10 % လျော့ချ၍ ကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်ခင်ဗျာ….🙆🏻‍♂️

🎉ဇန်နဝါရီလ တစ်လအတွင်းတည်းသာ ရရှိနိုင်တဲ့ အခွင့်အရေးလေးဖြစ်လို့ လက်မလွှတ်ရအောင် သတ်မှတ်ကာလအတွင်းမှာ Appointment လေးတွေ ကြိုယူထားဖို့တော့ လိုပါမယ်ခင်ဗျာ …🙆🏻‍♂️

2026 နှစ်သစ်ကူးကာလမှာ ဆေးခန်းတစ်ခုကို Promotion လူဦးရေ ၂၅ ဦးသာ သတ်မှတ်ထားတာကြောင့်
သွားနှင့်ခံတွင်းဆိုင်ရာ ပြုပြင်ကုသဖို့ လိုအပ်နေသည့် မိဘပြည်သူများအနေဖြင့် Promotion လေးအား လက်မလွှတ်ရအောင် သတ်မှတ်လူဦးရေ မပြည့်ခင် အမြန်ဆုံး လာရောက်စာရင်း ပေးသွင်းပြီး ကုသမှု ခံယူလိုက်ပါခင်ဗျာ …

Sweet Dental Care သွားနှင့်ခံတွင်း အထူးကုဆေးခန်းများမှာ သွားအလှအပဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်များဖြင့် မိမိတို့ရဲ့ အပြုံးလေးတွေကို လူအများကြား ထူးခြားနေအောင် ပြုပြင်လို့ ရနေပါပြီခင်ဗျာ 🙆🏻🙆🏻

🏠Sweet Dental Care ( Yangon )🏠
အမှတ် ၈၃-၈၅ မြေညီထပ်, လမ်း(၅၀)ထိပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ပုစွန်တောင်မြို့နယ် ရန်ကုန်မြို့
☎️09-768039561

🏠Sweet Dental Care ( Mandalay )🏠
၃၉ လမ်း ၇၈ × ၇၉ ကြား မဟာအောင်မြေမြို့နယ် မန္တလေးမြို့
☎️09-940006681

" 𝟐𝟎𝟐𝟔 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫  " ဆုတောင်း 🙏🙏🙏              လူကြီး မိဘ ညီအကို မောင်နှမ များ အားလုံး  2026 ခုနှစ်  နှစ်သစ်မှာ လိုရ...
01/01/2026

" 𝟐𝟎𝟐𝟔 𝐇𝐚𝐩𝐩𝐲 𝐍𝐞𝐰 𝐘𝐞𝐚𝐫 " ဆုတောင်း 🙏🙏🙏

လူကြီး မိဘ ညီအကို မောင်နှမ များ အားလုံး 2026 ခုနှစ် နှစ်သစ်မှာ လိုရာဆန္ဒ ပြည့်ဝကြပါစေ ၊ ကျန်းမာ ချမ်းသာ ပျော်ရွှင်အေးချမ်းကြပါစေ၊ စီးပွား လာဘ်လာဘများ ပိုမိုတိုးပွားကြပါစေ၊ ပျော်ရွှင်ခြင်း၊ကျန်းမာခြင်း၊ချမ်းသာခြင်း သုခအဖြာဖြာနှင့် ပြည့်စုံသော 2026 နှစ်သစ် အချိန်အခါကို ပိုင်ဆိုင်နိုင်ကြပါ‌စေကြောင်း ..ကျွန်တော်တို့ Sweet Dental Care မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်ခင်ဗျာ 🙏🙏🙏

✨ပျော်ရွှင်စရာ နှစ်သစ် အချိန်အခါသမယ လေး ပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ 🙏🙏🙏

မဂ်လာညချမ်းလေးပါ Sweeties လေးတို့ရေ 🫶ဒီနေ့မှာတော့ Sweeties လေးတို့ရဲ့ နေ့စဉ်ဘဝမှာ အများစုကြုံတွေ့ရတတ်တဲ့ အလှအပဆိုင်ရာ သွ...
22/12/2025

မဂ်လာညချမ်းလေးပါ Sweeties လေးတို့ရေ 🫶

ဒီနေ့မှာတော့ Sweeties လေးတို့ရဲ့ နေ့စဉ်ဘဝမှာ အများစုကြုံတွေ့ရတတ်တဲ့ အလှအပဆိုင်ရာ သွားပြသာနာလေးတစ်ခုနဲ့ ကုသမှုလေးအကြောင်းကို မိတ်ဆက်ပေးပါရစေနော် 🤩

Sweeties လေးတို့ရဲ့ ရှေ့သွားလေးတွေပိုးစားလို့ မလှမပဖြစ်နေတာလား?🥳

အရင်ကသွားဖာထားတာ ကြာလို့ အရောင်တွေပြောင်းပြီး ကြည့်ရဆိုးနေတာလား?🥳

အချိန်ခဏအတွင်း ကုန်ကျစရိတ်သက်သက်သာသာနဲ့

အလှဆုံးသွားလေးတွေ ရရှိဖို့ လေဆာဖြင့် သွားကြွေလွှာကပ်ခြင်း ( Direct Composite Veneer Treatment ) လေး ပြုလုပ်လို့ ရပါတယ်နော် 🥳

ကျွန်တော်တို့ Sweet Dental Care သွားနှင့်ခံတွင်း အထူးကုဆေးခန်းများမှာ သွားနှင့်ခံတွင်းဆိုင်ရာ အထူးကု ဆရာဝန်များကိုယ်တိုင် တာဝန်ယူ ကုသမှုပေးနေတာမို့ အမြန်ဆုံး ကြွလှမ်းခဲ့လိုက်ပါနော် 🤩

🏠Sweet Dental Care ( Yangon )🏠
အမှတ် ၈၃-၈၅ မြေညီထပ်, လမ်း(၅၀)ထိပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ပုစွန်တောင်မြို့နယ် ရန်ကုန်မြို့
☎️09-768039561

🏠Sweet Dental Care ( Mandalay )🏠
၃၉ လမ်း ၇၈ × ၇၉ ကြား မဟာအောင်မြေမြို့နယ် မန္တလေးမြို့
☎️09-940006681

🥳Happy Karen New Year🥳 😇 နိုင်ငံအသီးသီးမှာရှိကြတဲ့ ကရင်တိုင်းရင်းသား ညီအကိုမောင်နှမများ နှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံ...
19/12/2025

🥳Happy Karen New Year🥳

😇 နိုင်ငံအသီးသီးမှာရှိကြတဲ့ ကရင်တိုင်းရင်းသား ညီအကိုမောင်နှမများ နှင့်တကွ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံး ကရင် နှစ်သစ်မှာ ကျန်းမာပျော်ရွှင်ချမ်းမြေ့ပါစေကြောင်း , အလိုရှိရာမှန်သမျှပြီးပြည့်စုံစေပြီး ဘေးအန္တရာယ်မှန်သမျှကင်းဝေးပါစေကြောင်း ကျွန်တော်တို့ Sweet Dental Care Family မှ ဆုတောင်းမေတ္တာ ပို့သ အပ်ပါတယ်ခင်ဗျာ 🙏🙏

Sweeties လေးတို့အားလုံး မဂ်လာပါခင်ဗျာ…ဒီတစ်ခေါက်မှာတော့ Sweeties လေးတို့အတွက် လှုမှုပတ်ဝန်းကျင်မှာ ကြုံတွေ့ရတတ်သော သွားန...
16/12/2025

Sweeties လေးတို့အားလုံး မဂ်လာပါခင်ဗျာ…

ဒီတစ်ခေါက်မှာတော့ Sweeties လေးတို့အတွက် လှုမှုပတ်ဝန်းကျင်မှာ ကြုံတွေ့ရတတ်သော သွားနှင့်ခံတွင်းဆိုင်ရာ ပြသာနာလေးတစ်ခုအကြောင်းကို Educational Content လေးတစ်ခုအနေနဲ့ Knowledge Sharing လေးပြုလုပ်ပေးသွားမှာဖြစ်ပါတယ် …

🤢 ခံတွင်းအနံ့ဆိုးခြင်း (Halitosis) 🤢

🦷ခံတွင်းအနံ့ဆိုးခြင်း (Halitosis) သည် လူမှုဆက်ဆံရေးတွင် ယုံကြည်မှုလျော့နည်းစေပြီး စိတ်အနှောင့်အယှက်ဖြစ်စေသော ပြဿနာတစ်ခုဖြစ်ပါတယ်…

🤢 ဖြစ်ပွါးစေတတ်သော အဓိကအကြောင်းရင်းများ

— ခံတွင်းအနံ့ဆိုးခြင်း၏ ၈၅% မှ ၉၀% ခန့်သည် ခံတွင်းထဲမှ စတင်ဖြစ်ပေါ်လေ့ရှိပြီး အဓိကအားဖြင့် ..

🦷 သွားနှင့်ခံတွင်း သန့်ရှင်းမှု အားနည်းခြင်း
-သွားကြား၊ လျှာနှင့် သွားဖုံးများပေါ်တွင် ကျန်ရှိသော အစားအသောက် အကြွင်းအကျန် အမှုန်အမွှားများကို ဘက်တီးရီးယားများက ဖြိုခွဲရာမှ မကောင်းတဲ့ အငွေ့ပျံနိုင်သော
ဆာလဖာ ဒြပ်ပေါင်းများ (Volatile Sulphur Compounds - VSCs) ထွက်ပေါ်လာခြင်း သည် ခံတွင်းအနံ့ဆိုးခြင်း၏ အဓိကအရင်းအမြစ်ဖြစ်ပါတယ်

🦷 သွားဖုံးရောဂါများ
-သွားပိုးစားခြင်း၊ သွားဖုံးရောင်ခြင်းနှင့် သွားဖုံးအမြစ်များကို ထိခိုက်စေတတ်သော (Periodontitis) ကဲ့သို့သော ရောဂါများကြောင့် ဘက်တီးရီးယားများ ပိုမိုပေါက်ဖွားခြင်း
-လျှာပေါ်ရှိ အနည်အနှစ်များနှင့် လျှာပေါ်တွင် ဘက်တီးရီးယားများနှင့် ဆဲလ်သေများ စုပုံနေခြင်း။

🦷ခံတွင်း ခြောက်သွေ့ခြင်း (Dry Mouth - Xerostomia): -တံတွေးသည် ခံတွင်းသန့်ရှင်းရေးကို ကူညီပေးသော်လည်း တံတွေးနည်းပါးသည့်အခါ ဘက်တီးရီးယားများကို ဆေးကြောဖယ်ရှားနိုင်မှု လျော့ကျသွာ:ခြင်း

🦷 စားသောက်မှုပုံစံများ
-ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အရက်နှင့် အချို့သော အနံ့ပြင်းသည့် အစားအစာများ စားသုံးပြီးနောက် ဖြစ်ပေါ်တတ်ခြင်း။

🦷 ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီးသုံးစွဲခြင်း တို့ကြောင့်လည်း ခံတွင်းအနံ့ ဆိုးခြင်း ( Halitosis) ကို ဖြစ်ပေါ်စေတတ်ပါတယ်

✅ ကာကွယ်ခြင်းနှင့် ကုသခြင်း

🤢 ခံတွင်းအနံ့ဆိုးခြင်းကို ကာကွယ်ရန်နှင့် ကုသရန်အတွက် အဓိကသော့ချက်မှာ စနစ်တကျ ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ခြင်း ဖြစ်ပါတယ်

🦷 တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ
-ဖလူအိုရိုက် ( Fluoride ) ပါဝင်သော သွားတိုက်ဆေးကို အသုံးပြု၍ နံနက်စာစားပြီး တစ်ကြိမ်၊ ညအိပ်ရာဝင်ခါနီးတစ်ကြိမ် စနစ်တကျ သွားတိုက်ပါ။
🦷 သွားကြားရှင်းပါ
-နေ့စဉ် သွားကြားပွတ်ကြိုး (Dental Floss) သို့မဟုတ် (Interdental Brush) ကို အသုံးပြု၍ သွားကြားရှိ အစာအကြွင်းအကျန်များကို ဖယ်ရှားပါ။
🦷 လျှာကို သန့်ရှင်းပါ
-လျှာပွတ်တံ (Tongue Scraper) သို့မဟုတ် သွားတိုက်တံ၏ နောက်ဘက်ရှိ လျှာသန့်စင်ခွက်ကို အသုံးပြု၍ လျှာပေါ်ရှိ အနည်အနှစ်များကို ဖယ်ရှားပါ။
🦷ပလုတ်ကျင်းဆေးရည် သုံးပါ
-ပိုးသတ်အာနိသင်ရှိသော ပလုတ်ကျင်း ဆေးရည် (Mouthwash) ကို လိုအပ်သလို အသုံးပြုပါ။
🦷 ရေများများသောက်ပါ
- ခံတွင်းခြောက်သွေ့မှုကို လျှော့ချရန်နှင့် တံတွေးစီးဆင်းမှုကို အားပေးရန် ရေများများသောက်ပါ။
🦷 ပုံမှန် သွားဘက်ဆိုင်ရာဆရာဝန်နှင့် ပြသပါ
-၆ လလျှင် တစ်ကြိမ် သွားဆရာဝန်နှင့် ပြသ၍ သွားနှင့်ခံတွင်းစစ်ဆေးမှုနှင့် သွားချေးချွတ်ခြင်း (Scaling Treatment) များကို ပြုလုပ်ပါ။ သွားဖုံးရောဂါ သို့မဟုတ် သွားပိုးစားခြင်းကဲ့သို့သော ပြဿနာများရှိပါက အမြန်ဆုံး ကုသမှုခံယူပါ။
🦷 စားသောက်မှုကို ဂရုစိုက်ပါ
-အနံ့ပြင်းသော အစားအစာများ စားသုံးပြီးနောက် သွားတိုက်ခြင်း သို့မဟုတ် ပါးစပ်ကို ဆေးကြောခြင်း ပြုလုပ်ပါ။

🏠Sweet Dental Care ( Yangon )🏠
အမှတ် ၈၃-၈၅ မြေညီထပ်, လမ်း(၅၀)ထိပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ပုစွန်တောင်မြို့နယ် ရန်ကုန်မြို့
☎️09-768039561

🏠Sweet Dental Care ( Mandalay )🏠
၃၉ လမ်း ၇၈ × ၇၉ ကြား မဟာအောင်မြေမြို့နယ် မန္တလေးမြို့
☎️09-940006681

Sweeties လေးများ အားလုံး မဂ်လာပါခင်ဗျာ…🤩ဒီနေ့မှာတော့ Sweeties လေးတို့အတွက် သွားနှင့်ခံတွင်းဆိုင်ရာကုသမှုလေး တစ်ခုအကြောင်...
11/12/2025

Sweeties လေးများ အားလုံး မဂ်လာပါခင်ဗျာ…🤩

ဒီနေ့မှာတော့ Sweeties လေးတို့အတွက် သွားနှင့်ခံတွင်းဆိုင်ရာကုသမှုလေး တစ်ခုအကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်ဗျ

Sweeties လေးတို့ရဲ့ သွားကျန်းမာရေးအတွက် နေ့စဥ် ပုံမှန် သွားတိုက်ဖို့ လိုအပ်သလို သွားမရှိလျှင်တော့ သွားစိုက်ဖို့ လိုအပ်ပါတယ် ….

🦷 သွားတိုက်ခြင်း ဆိုတာ မနက်မိုးလင်းချိန် မနက်စာ စားပြီး
ချိန် နဲ့ ညအိပ်ယာဝင်ခါနီးချိန် တိုင်း ပုံမှန်လုပ်သင့်တဲ့ သွား
ကျန်းမာရေး ဂရုစိုက်မှုတစ်ခုဖြစ်ပါတယ် …

🦷 သွားတိုက်ခြင်းကို ပုံမှန် ဂရုမစိုက်ဘူးဆိုရင်တော့ သွားနှင့်
ခံတွင်းဆိုင်ရာ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်

🦷သွားတွေကို ပုံမှန် ဂရုမစိုက်လို့ သွားတွေမရှိတော့တဲ့ အခါ
ဆုံးရူံးသွားတဲ့ သွားများနေရာမှာ အစားထိုးပြီး သွားပြန်စိုက်ဖို့ လိုအပ်ပါတယ်…

🦷 လူကြီးမင်းတို့ရဲ့ အသက်အရွယ်တစ်ခုအရ သွားနှင့် သွားဖုံးရိုးများ ယိုင်နဲ့ နိမ့်ကျ ဆုံးရူံးလာခြင်းများလည်း ကြုံရတတ်ပါတယ်..

🦷 ဆုံးရူံးသွားတဲ့ သွားများ နေရာမှာ အစားထိုးပြီး သွားစိုက်
မယ်ဆိုရင် သဘာဝ သွားအတိုင်း ထပ်တူညီတဲ့ Dental Implant Treatment ဆိုတဲ့ ကမ္ဘာပေါ်တွင် ခေတ်အမှီဆုံးနဲ့ Conservatory အဖြစ်ဆုံး ကုသနည်းတစ်ခု ရှိပါတယ်…

🦷 Dental Implant အပြင် ဘေးသွားနဲ့တွဲ၍ တံတားထိုး
စိုက်လို့ရတဲ့ Dental Bridge Treatment နဲ့ သွားအရှင် အံကပ် Denture Treatment လည်းရှိပါတယ်…

🦷 ကျွန်တော်တို့ရဲ့ Sweet Dental Care Clinic သွားနှင့်ခံတွင်းအထူးကုဆေးခန်းများ မှာ သွားစိုက်ကုသမှု ခံယူမယ်ဆိုရင် မူလသဘာဝသွားအတိုင်း အသုံးပြုလို့ရပြီး အစားအစာများ စားသောက်ရာတွင်လည်း သဘာဝသွားနှင့် ဝါးနေသကဲ့သို့ ခံစားရစေမည့်အပြင် မိမိနှင့် သင့်တော်သည့် သွားစိုက်နည်း အမျိုးအစားကို သက်ဆိုင်ရာ သွားနှင့်ခံတွင်း အထူးကုဆရာဝန်တွေနဲ့ အခမဲ့ အသေးစိတ် တိုင်ပင်ဆွေးနွေးတိုင်ပင်လို့ ရပါတယ်ခင်ဗျာ…

🏠Sweet Dental Care ( Yangon )🏠
အမှတ် ၈၃-၈၅ မြေညီထပ်၊ လမ်း(၅၀)ထိပ်၊ ဗိုလ်ချုပ်
အောင်ဆန်းလမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
☎️09-768039561
09-663001413

🏠Sweet Dental Care ( Mandalay )🏠
၃၉ လမ်း ၇၈ × ၇၉ ကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
☎️09-940006681

ကျွန်တော်တို့ Sweet Dental Care ( Yangon  ) သွားနှင့်ခံတွင်း အထူးကုဆေးခန်းများ ကို   6.10.2025  သီတင်းကျွတ်လပြည့် ( တနလာ...
06/10/2025

ကျွန်တော်တို့ Sweet Dental Care ( Yangon ) သွားနှင့်ခံတွင်း အထူးကုဆေးခန်းများ ကို 6.10.2025 သီတင်းကျွတ်လပြည့် ( တနလာ်နေ့ ) တစ်ရက်တည်းသာ ဆေးခန်းပိတ်မည် ဖြစ်ပါတယ်ခင်ဗျာ ….😇

7.10.2025 ( အဂ်ါနေ့ ) မှစတင်ပြီး ပိုမိုကောင်းမွန်သော ကျန်းမာရေး ဝန်ဆောင်မှုများနှင့်အတူ ဆေးခန်းပြန်လည်
ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျာ …..🙆🏻

ပျော်ရွှင်စရာ သီတင်းကျွတ်အခါသမယတွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း
များနှင့် ပြည့်စုံပြီး မဂ်လာ အပေါင်း ခ ညောင်းပါစေကြောင်း
ကျွန်တော်တို့ Sweet Dental Care မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ…🙆🏻

မဂ်လာပါ Sweeties လေးတို့ရေ ….Sweeties လေးတို့အတွက် အလှအပ ဆိုင်ရာ ကုသမှု လေးတစ်ခုဖြစ်တဲ့ သွားညှိကုသမှုလေးကို မေတ္တာလက်ဆော...
25/09/2025

မဂ်လာပါ Sweeties လေးတို့ရေ ….

Sweeties လေးတို့အတွက် အလှအပ ဆိုင်ရာ ကုသမှု လေးတစ်ခုဖြစ်တဲ့ သွားညှိကုသမှုလေးကို မေတ္တာလက်ဆောင်မွန် အစီအစဉ်လေး စီစဉ်ပေးပြီးတဲ့အခါမှာတော့ လူကြီးမင်းများ နဲ့ Sweeties လေးတို့ တောင်းဆိုထားတဲ့အတိုင်း သွားနှင့်ခံတွင်းဆိုင်ရာ ကုသမှု တစ်ခုဖြစ်တဲ့ သွားစိုက်ကုသမှုလေး ကိုလည်း မေတ္တာလက်ဆောင်မွန် အစီအစဉ်လေး နဲ့ တွဲဖက်ပြီး ကုသမှုလေးပေးသွားဖို့ စီစဉ်ထားပါတယ်ခင်ဗျာ..🤩🤩

မကြာခင်အချိန်မှာ ဝါလကင်းလွတ် သီတင်းကျွတ် အခါသမယ ကိုရောက်ရှိတော့မှာ ဖြစ်တာကြောင့် လူကြီး မိဘ ဘိုးဘွားများရဲ့ နေ့စဉ်ဘဝ မှာ မရှိမဖြစ် လိုအပ်တဲ့ ဆုံးရူံးသွားသော ( သို့မဟုတ် ) ပျက်စီးနေသော သွားများနေရာမှာ သွားတုအစားထိုးကုသမှုလေး တစ်ခုဖြစ်တဲ့ သွားစိုက်ကုသမှုလေး ပြုလုပ်ပေးပြီး ကုသိုလ်ယူလို့ ရပါပြီခင်ဗျာ…🤩🤩

ကျွန်တော်တို့ Sweet Dental Care Family မှလည်း ရန်ကုန်
နှင့် မန္တလေး ဆေးခန်း နှစ်ခုလုံးတွင် လူကြီး မိဘ ဘိုးဘွားများကို သွားစိုက်ကုသမှု ပြုလုပ်ပေးပြီးကုသိုလ်ယူကြမယ့် Sweeties လေးများကို သွားစိုက်ကုသမှု အားလုံးအတွက် 🦷15% Off 🦷မေတ္တာလက်ဆောင်မွန် အစီအစဉ်လေး ပေးအပ်သွားမှာဖြစ်ပြီး အတူပါဝင် ကုသိုလ်ယူသွားမှာ ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျာ…😇😇

အော် ဒါနဲ့ ပြောဖို့ မေ့တော့မလို့ဗျ….Sweeties လေးတို့အတွက် စီစဉ်ပေးထားတဲ့ သွားညှိကုသမှု လက်ဆောင်မွန် အစီအစဉ် လေးကလည်း လူဦးရေ အကန့်အသတ် ( 2 ) ယောက်စာသာ ကျန်ရှိတော့တာမို့ အမြန်ဆုံး လာရောက်ပြီး စာရင်းပေးသွင်းလိုက်တော့နော်…🤩🤩

Sweet Dental Care သွားနှင့်ခံတွင်း အထူးကုဆေးခန်းများမှာ သွားအလှအပဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်များအပြင်
သွားနှင့်ခံတွင်းဆိုင်ရာ အဆင်မပြေမှုများအတွက်လည်း သွားနှင့်ခံတွင်း အထူးကုဆရာဝန်များဖြင့် အခမဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုများ ခံယူနိုင်ပါတယ်ခင်ဗျာ ….🙆🏻🙆🏻

🏠Sweet Dental Care ( Yangon )🏠
အမှတ် ၈၃-၈၅ မြေညီထပ်, လမ်း(၅၀)ထိပ် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီး ပုစွန်တောင်မြို့နယ် ရန်ကုန်မြို့
☎️09-768039561

🏠Sweet Dental Care ( Mandalay )🏠
၃၉ လမ်း ၇၈ × ၇၉ ကြား မဟာအောင်မြေမြို့နယ် မန္တလေးမြို့
☎️09-940006681

🦷 ပထမဆုံး စာရင်းပေးသွင်းသူ အယောက် ( ၂၀ ) အတွက် 30 % off ခံစားခွင့်လေးနဲ့ အတူ သွားညှိကုသမှု ခံယူနိုင်ပါပြီ ….🦷ဟုတ်ပါတယ်ဗျ...
17/09/2025

🦷 ပထမဆုံး စာရင်းပေးသွင်းသူ အယောက် ( ၂၀ ) အတွက်
30 % off ခံစားခွင့်လေးနဲ့ အတူ သွားညှိကုသမှု ခံယူနိုင်ပါပြီ ….🦷

ဟုတ်ပါတယ်ဗျာ ….ကျွန်တော်တို့ Sweet Dental Care
သွားနှင့်ခံတွင်း အထူးကု ဆေးခန်း ( Yangon Branch ) ဟာဆိုရင် ဝါလ ကင်းလွတ် သီတင်းကျွတ် အခါသမယ လေးမှာ လူကြီးမင်းတို့ရဲ့ ချစ်ခင် အားပေးခြင်း များ ၊ ယုံကြည်မှုများနှင့်အတူ ရှင်သန်လာခဲ့တာတော့ လေးနှစ်ပြည့် သက်တမ်းလေးတစ်ခုကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်ခင်ဗျ … 🤩

ယုံကြည်မှုပေးပြီး သွားဘက်ဆိုင်ရာ ကုသမှုများ ခံယူခဲ့ကြသော လူကြီးမင်းများ …ကုသမှု မခံယူဖြစ်သေးပေမယ့် ကုသမှု ခံယူမယ် စီစဉ်ထားသော လူကြီးမင်းများအားလုံး အတွက် ကျွန်တော်တို့ Sweet Dental Care Family မှမေတ္တာလက်ဆောင် အစီအစဉ်လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေခင်ဗျာ …🤩

ပြုံးရယ်လိုက်တိုင်း အလှပဆုံး နဲ့ ယုံကြည်မှုရှိသော အပြုံးတွေ
ပိုင်ဆိုင်နိုင်ဖို့ Sweet Dental Care မှာ ပထမဆုံး သွားညှိကုသမှု ခံယူရန် စာရင်းပေးသွင်းသူ အယောက် ( ၂၀ ) ကို မြန်မာကျပ် ငွေ ( ၁ ) သိန်း ကျပ် ရှိရုံ နဲ့ သွားညှိကုသမှု ပေးအပ်သွားမှာ ဖြစ်သည့်အပြင် ကျန်ငွေ ကိုလည်း လစဉ် အရစ်ကျ တစ်လ ( 70,000 ) ကျပ် မှ စတင်ပြီး ပေးသွင်းသွားနိုင်ရန် စီစဉ်ထားတာမို့ လူကြီးမင်းတို့ အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေပဲ ယုံကြည်မှုရှိသော အပြုံးများလည်း ပိုင်ဆိုင်
နိုင်မှာမို့ ဘာလိုသေးလဲခင်ဗျာ ….😉

🦷သွားများမညီညာ ခြင်း ၊ သွားများကျဲခြင်း ၊ သွားများရှေ့ထွက်နေခြင်း အစရှိသော သွားဘက်ဆိုင်ရာ ပုံမှန်မဟုတ်သော အခြေအနေများ ( Dental Malocclusions)တို့ကို
အကောင်းဆုံး ကုစားပေးနိုင်တဲ့ သွားညှိကုသမှု ( Orthodontics Treatment ) ဟာဆိုရင် 21 ရာစု မှာ လူကြိုက်များပြီး ခေတ်စားလာတဲ့ Dental 𝐓𝐫𝐞𝐚𝐭𝐦𝐞𝐧𝐭 တစ်ခုပဲဖြစ်ပါတယ်…😇

🦷Orthodontics Treatment ခံယူခြင်းရဲ့ ကောင်းကျိုးတွေကတော့….
သွားနှင့်ခံတွင်း ဆိုင်ရာ သန့်ရှင်းမှု နဲ့ ကျန်းမာမှုအတွက်
အလွန်ကောင်းမွန်စေတဲ့အပြင် မျက်နှာ နဲ့ မေးရိုး ပိုမို
လှပလာစေဖို့အတွက်လည်း များစွာ အထောက်အကူပြုပါတယ်ခင်ဗျာ …😎

ကျွန်တော်တို့ Sweet Dental Care မှာဆိုရင် 𝐁𝐫𝐚𝐜𝐞𝐬
အမျိုးအစားပေါင်း အမျိုးမျိုးရှိတာမို့ ကိုယ်နဲ့သင့်တော်တဲ့ 𝐁𝐫𝐚𝐜𝐞𝐬 ကို တပ်ဆင်နိုင်ဖို့အတွက် အတွေ့အကြုံရှိပြီး
ကျွမ်းကျင်မှုရှိတဲ့ Specialist 𝐎𝐫𝐭𝐡𝐨𝐝𝐨𝐧𝐭𝐢𝐬𝐭 နဲ့ အခမဲ့ တိုင်ပင်ဆွေးဆွေးပြီးကုသနိုင်သလို အသေးစိတ်လေးတွေကို လည်း Sweet Dental Care ရဲ့ 𝐂𝐡𝐚𝐭 𝐁𝐨𝐱 မှာ
စုံစမ်းမေးမြန်းနိုင်ပြီး ဆေးခန်းဖုန်းနံပါတ်လေးကိုလည်း
ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ …😇

Sweet Dental Care သွားနှင့်ခံတွင်း အထူးကုဆေးခန်းများမှာ သွားအလှအပဆိုင်ရာ ကျွမ်းကျင်တဲ့ ဆရာဝန်များဖြင့် မိမိတို့ရဲ့ အပြုံးလေးတွေကို လူအများကြား ထူးခြားနေအောင် ပြုပြင်လို့ ရနေပါပြီခင်ဗျာ 🙆🏻🙆🏻

သွားဘက်ဆိုင်ရာ အလှအပ နှင့် သွားကျန်းမာရေးအတွက်ဆိုရင် Sweet Dental Care ကိုသာ ရွေးချယ်လိုက်ပါခင်ဗျာ 😉

🏠Sweet Dental Care ( Yangon )🏠
အမှတ် ၈၃-၈၅၊ မြေညီထပ်၊ လမ်း(၅၀)ထိပ်၊ ဗိုလ်ချုပ်
အောင်ဆန်းလမ်းမကြီး၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့
☎️09-768039561, 09-663001413

🏠Sweet Dental Care ( Mandalay )🏠
၃၉ လမ်း၊ ၇၈ × ၇၉ ကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့
☎️09-940006681

Address

Yangon

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Telephone

+959768039561

Website

Alerts

Be the first to know and let us send you an email when Sweet Dental Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Sweet Dental Care:

Share

Category