Jasmine Dental Center - TimesCity

Jasmine Dental Center - TimesCity First fully digitalized dental clinic in Myanmar

သွားပိုးပေါက်တွေရဲ့ အရွယ်အစားကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး🙅‍♀️လူ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းကတော့ သွားပိုးစားခြ...
15/05/2026

သွားပိုးပေါက်တွေရဲ့ အရွယ်အစားကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး🙅‍♀️

လူ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းကတော့ သွားပိုးစားခြင်းကို အနည်းနဲ့အများ ခံစားနေကြရပါတယ်။ သွားပိုးပေါက်သေးနေလို့ သိပ်မသိတာမျိုးနဲ့ သွားပိုးပေါက်ကြီးလို့ နာကျင်ခံစားရတာပဲ ကွာပါတယ်။

သွားပိုးက သွားရဲ့ အလယ်ဗဟိုအထိ ရောက်သွားရင် ရေအေး၊ ရေနွေး သောက်တိုင်း စူးခနဲ ကိုက်ခဲလာပါမယ်။ အဲဒီအချိန်ကျမှ ကုမယ်ဆိုရင် ရိုးရိုးသွားဖာရုံနဲ့ မရတော့ဘဲ Root Canal Treatment လုပ်ဖို့ လိုအပ်လာနိုင်ပါတယ်💁‍♀️

အဆိုးရွားဆုံးအနေနဲ့ ပိုးတွေက သွားအမြစ်ထိ ရောက်သွားရင် သွားဖုံးတွေ ရောင်ပြီး ပြည်တည်လာပါမယ်။ ဒီအချိန်မှာတော့ သွားကို နှုတ်ပစ်ရမယ့် အခြေအနေအထိ ရောက်သွားတတ်ပါတယ်။

လူနာရဲ့ သွားအခြေအနေကို Digital X-Ray နဲ့ အတိအကျ စစ်ဆေးပြီး သွားအကြောမထိသေးပါက Composite Filling လို့ခေါ်တဲ့ အဆင့်မြင့် သွားကြွေဖြည့်ခြင်းနည်းလမ်းနဲ့ သွားပိုးပေါက်တွေကို ဖြည့်ပေးပြီး လိုအပ်ရင် အပေါ်က သွားအစွပ်စွပ်လိုက်ရုံနဲ့ သဘာဝသွားအတိုင်း ခိုင်မာမှုကို ပြန်လည်ရရှိစေပါတယ်​💯

မလိုအပ်ဘဲ သွားနှုတ်လိုက်တာထက် သွားကြွေလွှာဖြည့်ပြီး ကုသတာက အကောင်းဆုံးအဖြေဖြစ်လို့ သွားအပေါက်တွေဖြစ်နေရင် Jasmine Dental Center ကိုသာ လှမ်းလာခဲ့ပါနော်👩‍⚕️​

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
Google Map Link >>https://maps.app.goo.gl/n9w7afym56yyZh5W8
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲
Google Map Link >>https://maps.app.goo.gl/n9ngpQrJd7K1tfjz7
#သွားဖာခြင်း

14/05/2026

ကော်ဖီ၊လက်ဖက်ရည်သောက်တာများပြီး သွားတွေဝါနေလို့ ပြုံးရမှာကို ဝန်လေးနေပြီလား❔
အပေါင်းအသင်း၊မိတ်ဆွေတွေနဲ့ တွေ့ဆုံတဲ့အခါ ဒါမှမဟုတ် လုပ်ငန်းခွင်မှာ အထက်လူကြီးတွေနဲ့ပြောဆိုဆက်ဆံတဲ့အခါမှာ သွားတွေဝါနေတာက မိမိကိုယ်ကိုယုံကြည်မှု လျော့နည်းစေနိုင်ပါတယ်၊၊😐
ဒီvideoလေးထဲမှာတော့ သွားဝါနေတဲ့သူတွေအတွက် အချိန်အများကြီးပေးစရာမလို နာရီပိုင်းတွင်းကုသလို့ရတဲ့ Laser Teeth Whiteningအကြောင်း အသေးစိတ်ပြောပြပေးထားတာဖြစ်လို့ အဆုံးထိကြည့်လိုက်တော့နော်🤍
သွားကျန်းမာရေး အကြောင်းအရာဗဟုသုတများကိုလည်း အမြဲမပြတ်တင်ပေးသွားမှာဖြစ်လို Page ကို like and Follow လုပ်ထားနိုင်ပါတယ်
ရှင့်💙
သွားကျန်းမာရေးအ‌ကြောင်းများကို အသေးစိတ်သိလိုပြီး Appointment ရယူလိုပါက -
☎️ 09970000966 ( သိုမဟုတ် ) 09978777777💌 Page Message Box ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
Google Map Link >>Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲
Google Map Link >>Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)
#သွားဖြူကုသခြင်း

12/05/2026

အခုနောက်ပိုင်းVeneer Treatment တွေ ခောတ်စားနေတာ ဘာလို့လဲ❔
First Impressionမှာ ပြီးပြည့်စုံနေဖို့ဆိုရင် သွားလေးတွေဖြူဖွေးပြီး လှပနေဖို့ကလည်း အရမ်းအရေးကြီးပါတယ်။
သွားကြွေလွှာကပ်ကုသခြင်း (Dental Veneer Treatment)ကို ဘယ်လိုသွားအခြေအနေမှာကုသဖို့လိုလဲဆိုတာ ဒီvideoလေးထဲမှာ အသေးစိတ်ပြောပြပေးထားတာဖြစ်လို့ အဆုံးထိကြည့်လိုက်တော့နော်🤍
သွားကျန်းမာရေး အကြောင်းအရာဗဟုသုတများကိုလည်း အမြဲမပြတ်တင်ပေးသွားမှာဖြစ်လို Page ကို like and Follow လုပ်ထားနိုင်ပါတယ်
ရှင့်💙
သွားကျန်းမာရေးအ‌ကြောင်းများကို အသေးစိတ်သိလိုပြီး Appointment ရယူလိုပါက -
☎️ 09970000966 ( သိုမဟုတ် ) 09978777777💌 Page Message Box ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
Google Map Link >>Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲
Google Map Link >>Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma)
#သွားကြွေလွှာကပ်ကုသခြင်း

"သွားခဏခဏတိုက်တာ ပိုကောင်းတယ်လို့ ထင်နေပါသလား?" ⚠️သွားကျန်းမာဖို့ တစ်နေ့ (၂) ကြိမ် သွားတိုက်ရမယ်ဆိုတာ အားလုံးသိကြပါတယ်။ ...
11/05/2026

"သွားခဏခဏတိုက်တာ ပိုကောင်းတယ်လို့ ထင်နေပါသလား?" ⚠️
သွားကျန်းမာဖို့ တစ်နေ့ (၂) ကြိမ် သွားတိုက်ရမယ်ဆိုတာ အားလုံးသိကြပါတယ်။ ဒါပေမဲ့ အစားစားပြီးတိုင်း ဒါမှမဟုတ် တစ်နေ့ကို (၂) ကြိမ်ထက်ပိုပြီး အလွန်အမင်း သွားတိုက်နေတာဟာ ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်ပါတယ်။

👉သွားကြွေလွှာ (Enamel) ပါးလာခြင်း: သွားတိုက်တာ များလွန်းရင် သွားရဲ့ အကာအကွယ်လွှာဖြစ်တဲ့ ကြွေသားတွေ ပွတ်တိုက်မှုဒဏ်ကြောင့် ပါးလွှာလာတတ်ပါတယ်။

👉သွားကျင်ခြင်း: သွားကြွေလွှာပါးလာတဲ့အခါ အစားအသောက်စားရင် သွားကျင်တဲ့ဝေဒနာကို ခံစားလာရပါလိမ့်မယ်။

👉သွားဖုံးနိမ့်ဆင်းခြင်း (Gum Recession): သွားတိုက်လွန်းတဲ့အတွက် သွားဖုံးသားတွေ ပျက်စီးပြီး နိမ့်ဆင်းသွားတတ်ပါတယ်။ ဒါဟာ သွားအမြစ်တွေ ပေါ်လာပြီး သွားနဲ့ သွားဖုံးကြားမှာ ပြဿနာတွေ ဖြစ်စေပါတယ်။

👉သွားပဲ့ခြင်းနှင့် တိုက်စားခြင်း: အက်စစ်ဓာတ်ပါတဲ့ အစားအသောက်တွေစားပြီးပြီးချင်း (မိနစ် ၃၀ အတွင်း) သွားတိုက်ရင် သွားကြွေလွှာတွေ ပျော့နေချိန်မို့ ပိုပြီးတိုက်စားလွယ်ပါတယ်။

"အရာရာတိုင်းမှာ အတိုင်းအဆရှိသလို သွားတိုက်တာလည်း များလွန်းရင် သွားကြွေလွှာကို ထိခိုက်စေနိုင်တာကြောင့် စနစ်တကျနဲ့ အကြိမ်ရေမှန်မှန်ပဲ တိုက်ပေးဖို့ တိုက်တွန်းပါရစေရှင်။" ✨
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
Google Map Link >>https://maps.app.goo.gl/n9w7afym56yyZh5W8
Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲
Google Map Link >>https://maps.app.goo.gl/n9ngpQrJd7K1tfjz7
Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma

#သွားကျန်းမာရေး #သွားတိုက်ခြင်း

👩‍👦Happy Mother Day👩‍👦 ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ ယနေ့ မေလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ အမေမ...
10/05/2026

👩‍👦Happy Mother Day👩‍👦
ကမ္ဘာပေါ်မှာရှိတဲ့ အမေများအားလုံး ကျန်းမာပျော်ရွှင်ကြပါစေ
ယနေ့ မေလ (၁၀) ရက်နေ့မှာ ကျရောက်တဲ့ အမေများနေ့မှာ ကမ္ဘာပေါ်မှာရှိတဲ့ "ချစ်လှစွာသော အမေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး အလှပဆုံး အပြုံးတွေနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေကြောင်း Jasmine Dental Center မိသားစုမှ လှိုက်လှဲစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 💖

09/05/2026

Clear Alignerနဲ့သွားညှိကုသရင်ရော ရုပ်ပြောင်းနိုင်လား❓
လူနာရဲ့သွားအခြေအနေ၊သွားဖုံးနှင့်မေးရိုးအခြေအနေအပေါ်မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်Treatment Planတွေမတူနိုင်ပါဘူး။
ဒီနေ့မှာတော့ သွားညှိလုပ်ငန်းစဉ်ပြီးမြောက်ပြီး သွားတွေညီသွားတဲ့အခါ ဘာတွေပြောင်းလဲမှုရှိလာနိုင်မလဲဆိုတာJasmine Dental Center မှ Orthodontic Specialist Dr. Chit Su Khaing မှ အသေးစိတ်ပြောပြပေးထားတာဖြစ်လို့ ဒီvideoလေးကို အဆုံးထိကြည့်လိုက်တော့နော် 💙
သွားညှိကုသခြင်းနဲ့ ပတ်သတ်ပြီး တခြားသိချင်တာလေးတွေရှိရင်လဲ comment မှာ မန့်သွားပေးပါအုံးနော် 🥰
သွားညှိကုသခြင်းနှင့် သွားကျန်းမာရေး အကြောင်းအရာဗဟုသုတများကိုလည်း အမြဲမပြတ်တင်ပေးသွားမှာဖြစ်လို Page ကို Like and Follow လုပ်ထားနိုင်ပါတယ်ရှင့်💙
သွားကျန်းမာရေးအ‌ကြောင်းများကို အသေးစိတ်သိလိုပြီး Appointment ရယူလိုပါက -
☎️ 09970000966 ( သိုမဟုတ် ) 09978777777💌 Page Message Box ကို ဆက်သွယ်နိုင်ပါတယ်ရှင်။
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိင်မြိုနယ်၊ ရန်ကုန်မြို ။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡
အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြိုနယ် ၊ ရန်ကုန်မြို ။
☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

"သားသမီးတို့ရဲ့ ဘဝမှာ အနွေးထွေးဆုံး အရိပ်ဟာ 'အမေ့ရဲ့ အပြုံး' ပါပဲ👩‍👦ကျွန်တော်တို့ ငယ်စဉ်ကတည်းက အရာရာကို အကောင်းဆုံး ဖြည့...
08/05/2026

"သားသမီးတို့ရဲ့ ဘဝမှာ အနွေးထွေးဆုံး အရိပ်ဟာ 'အမေ့ရဲ့ အပြုံး' ပါပဲ👩‍👦
ကျွန်တော်တို့ ငယ်စဉ်ကတည်းက အရာရာကို အကောင်းဆုံး ဖြည့်ဆည်းပေးခဲ့တဲ့ အမေဟာ အခုဆိုရင်တော့ အသက်အရွယ်ကြောင့် စားချင်တာကို စိတ်ကြိုက်မစားနိုင်တော့တာ၊ ပြုံးရမှာ ဝန်လေးလာတာမျိုးတွေ ရှိနေနိုင်ပါတယ်။"
"ဒီနှစ် အမေများနေ့မှာ အမေ့ကို ပေးနိုင်မယ့် အကောင်းဆုံး လက်ဆောင်ကတော့... အမေ့ရဲ့ 'အပြုံး' နဲ့ 'ကျန်းမာရေး' ကို ပြန်လည် ဂရုစိုက်ပေးဖို့ပါပဲ💖
Jasmine Dental Center မှာ အမေတို့ရဲ့ သွားနှင့်ခံတွင်း ကျန်းမာရေးအတွက် အောက်ပါ သွားနှင့်ခံတွင်းဆိုင်ရာ ဝန်ဆောင်မှုတွေကို ရရှိနိုင်ပါတယ်။
💫သွားလုံးဝမရှိတော့တဲ့ အမေများအတွက် တစ်ခါစိုက်ရုံနဲ့ တစ်ဘဝစာ စိတ်ချရတဲ့ သွားအသေစိုက်ခြင်း ကုသမှု
💫 သွားအသေစိုက်ရမှာကို ကြောက်ရွံ့ကြတဲ့ အမေ့အတွက် ဖြုတ်၊ တပ်လို့ရတဲ့ အံကပ်အပျော့၊ အမာ ကုသမှု
💫သွားလေးတွေ ဖြူဖွေးတောက်ပချင်တဲ့ အမေ့အတွက် လေဆာ သွားဖြူကုထုံး ကုသမှုတွေကို ရရှိနိုင်ပါတယ်။
"ကျွန်တော်တို့ ဆေးခန်းမှာ ကုသမှုခံယူပြီး သားသမီးတွေနဲ့အတူ အစားအသောက်တွေကို ပျော်ရွှင်စွာ ပြန်လည်စားသောက်နိုင်ခဲ့တဲ့ အမေပေါင်းများစွာရဲ့ အပြုံးတွေက အကောင်းဆုံး သက်သေပါပဲ။"
"ဒီနှစ် အမေများနေ့မှာ အမေ့အတွက် အဖိုးတန်ဆုံး 'အပြုံးလက်ဆောင်' ကို ပေးချင်တယ်ဆိုရင်... အမေ့ကို Jasmine Dental Center ဆီ ခေါ်ဆောင်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေ။"🥰🥰
𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
Google Map Link >>https://maps.app.goo.gl/n9w7afym56yyZh5W8
Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲
Google Map Link >>https://maps.app.goo.gl/n9ngpQrJd7K1tfjz7
Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma
#အမေများနေ့ #အမေ့အပြုံးလက်ဆောင်

"သွားအစွပ် (Crown) ဟောင်းနေလို့ ဒါမှမဟုတ် စွပ်ထားတဲ့သွားတွေအရောင်ကျသွားလို့  စိတ်တိုင်းမကျ ဖြစ်နေပါသလား?" ✨အရင်က စွပ်ထား...
07/05/2026

"သွားအစွပ် (Crown) ဟောင်းနေလို့ ဒါမှမဟုတ် စွပ်ထားတဲ့သွားတွေအရောင်ကျသွားလို့ စိတ်တိုင်းမကျ ဖြစ်နေပါသလား?" ✨

အရင်က စွပ်ထားတဲ့ သွားအစွပ်တွေက အနားသတ်တွေ မလုံဘဲ အစာညှပ်တာ ဒါမှမဟုတ် အရောင်ပြောင်းလာတာဟာ သင့်ရဲ့ အပြုံးကို ထိခိုက်စေရုံတင်မကဘဲ အတွင်းက သွားအစစ်ကိုပါ ပျက်စီးစေနိုင်ပါတယ်။

ဒီအတိုင်း ဆက်ထားရင် သွားဖုံးရောဂါဖြစ်တာ၊ သွားကိုက်တာနဲ့ နောက်ဆုံးမှာ သွားအစစ်ကိုပါ နှုတ်ပစ်ရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သင့်တင့်တဲ့နှုန်းထားနဲ့ ရေရှည်စိတ်ချရတဲ့ Crown အမျိုးအစားကို မှန်မှန်ကန်ကန် ရွေးချယ်ဖို့ လိုအပ်ပါတယ်။

👉သွားအစွပ်တွေမှာဆိုရင် သတ္တုအရောင် သွားအစွပ်၊ သတ္တုစပ်ကြွေသွားနဲ့ ကြွေသီးသန့် သွားအစွပ်ဆိုပြီး (၃) မျိုး ရွေးချယ်နိုင်ပါတယ်။

👉သတ္တုအရောင် သွားအစွပ်ကတော့ ဈေးအသက်သာဆုံးဖြစ်ပြီး အလွန်ကြာရှည်ခံပါတယ်။ ဝါးတဲ့ဒဏ်ကို ကောင်းစွာခံနိုင်ပြီး အနောက်ဖက်သွားများအတွက်လည်း အသင့်တော်ဆုံးဖြစ်ပါတယ်။

👉သတ္တုစပ်ကြွေ သွားအစွပ်သည် သဘာဝသွားအရောင်နှင့် နီးစပ်ပြီး သတ္တုနှင့်ကြွေကို ပေါင်းစပ်ထားတဲ့အတွက် ခိုင်ခံ့မှုကောင်းမွန်ပြီး အပြင်ပန်းအသွင်အပြင်လည်း လှပစေပါတယ်။

👉ကြွေသီးသန့် သွားအစွပ်သည် အလှအပအတွက် အကောင်းဆုံးဖြစ်ပြီး သဘာဝသွားနှင့် ခွဲခြား၍မရအောင် တူညီပါတယ်။ အရောင်မပျက်ဘဲ အပူအအေးဒဏ်ကိုလည်း ခံနိုင်ရည်ရှိသလို အရည်အသွေးလည်း အကောင်းဆုံးဖြစ်ပါတယ်။

"သင့်တင့်တဲ့နှုန်းထား၊ စိတ်ချရတဲ့ အရည်အသွေးနဲ့ ရာနှုန်းပြည့် ကျေနပ်မှုရစေဖို့ Jasmine Dental Center ကိုသာ အရောက်လှမ်းလာခဲ့ပါ"

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳
Google Map Link >>https://maps.app.goo.gl/n9w7afym56yyZh5W8
Jasmine Dental Center Yangon · No. 218, The Century Building, Insein Rd, Yangon 11051, Myanmar (Burma)
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲
Google Map Link >>https://maps.app.goo.gl/n9ngpQrJd7K1tfjz7
Jasmine Dental Center ( Times City Branch ) · No (407), 37 Ward, Between Hantharwaddy and Kyun Taw Rd, Yangon 11041, Myanmar (Burma

#သွားအစွပ်

သွားကိုက်လွန်းလို့ အမြဲတမ်း နှုတ်ပစ်ဖို့ စဉ်းစားနေပြီလား❓သွားတစ်ချောင်း နှုတ်လိုက်ရုံနဲ့ ပြဿနာမပြီးပါဘူး။ သွားဖုံးထဲမှာရ...
06/05/2026

သွားကိုက်လွန်းလို့ အမြဲတမ်း နှုတ်ပစ်ဖို့ စဉ်းစားနေပြီလား❓

သွားတစ်ချောင်း နှုတ်လိုက်ရုံနဲ့ ပြဿနာမပြီးပါဘူး။ သွားဖုံးထဲမှာရှိတဲ့ သွားအမြစ်မှာ ပိုးဝင်ပြီး နာကျင်ရတာဖြစ်လို့ အချိန်မီမကုသရင် ပိုးကူးစက်မှုတွေ ပြန့်ပွားလာနိုင်ပါတယ်။

ဒါ့အပြင် သွားနှုတ်ပြီးတဲ့အခါ မေးရိုးအရိုးတွေ ကျုံ့ဝင်သွားနိုင်ပြီး ဘေးသွားတွေ နေရာရွေ့ကုန်တာလိုမျိုး နောက်ဆက်တွဲ ပြဿနာတွေလည်း ဖြစ်လာနိုင်ပါတယ်💯

Root Canal Treatment သွားအကြောသတ် ကုသမှုဟာ -

✅သွားအကြောသတ် ကုသမှုက သွားအမြစ်ထဲက ပိုးဝင်နေတဲ့ တစ်သျှူးတွေကို ဖယ်ရှားပေးပြီး သန့်စင်ပေးတာဖြစ်လို့ နာကျင်မှုကို အပြီးတိုင်ဖြေရှင်းနိုင်ပြီး သွားအစစ်ကို ဆုံးရှုံးမှုမရှိဘဲ ဆက်လက်အသုံးပြုနိုင်အောင် ကယ်တင်ပေးနိုင်ပါတယ်။

✅သွားအကြောသတ်ပြီးရင်လည်း နောက်ထပ် သွားပြဿနာတွေမဖြစ်အောင် အပေါ်က သွားအစွပ် တပ်ပေးမှာဖြစ်လို့ အစားအသောက်တွေကို စိတ်ချလက်ချ ပြန်လည် စားသုံးနိုင်ပါတယ်။

ဒါဆို သွားကိုက်တိုင်း သွားမနှုတ်ပါနဲ့။ ကျွမ်းကျင် သွားဆရာဝန်ကြီးများနဲ့ ပြသပြီး အကောင်းဆုံး အကြံဉာဏ်များ ရယူဖို့ Jasmine Dental Center မှ နွေးထွေးစွာ စောင့်ကြိုနေပါတယ်ရှင့်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >>Google Maps
https://maps.app.goo.gl/n9w7afym56yyZh5W8
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >>Google Maps
https://maps.app.goo.gl/n9ngpQrJd7K1tfjz7

သင့်ကလေးရဲ့ သွားတွေ ပိုးစားပြီး ငုတ်တိုလေးပဲ ကျန်နေလို့ နှုတ်ပစ်ရတော့မလားဆိုပြီး စိတ်ပူနေလား❓ကလေးသွားတွေ ပိုးစားလို့ ငုတ...
05/05/2026

သင့်ကလေးရဲ့ သွားတွေ ပိုးစားပြီး ငုတ်တိုလေးပဲ ကျန်နေလို့ နှုတ်ပစ်ရတော့မလားဆိုပြီး စိတ်ပူနေလား❓

ကလေးသွားတွေ ပိုးစားလို့ ငုတ်တိုပဲ ကျန်နေတာကို လျစ်လျူရှုထားမယ်ဆိုရင် နာကျင်ကိုက်ခဲတာ၊ အစာကောင်းကောင်းမစားနိုင်တာ၊ အာဟာရမပြည့်တာအပြင် နောက်ထပ် ထွက်လာမယ့် အမြဲတမ်းသွားတွေပါ ပိုးဝင်နိုင်တဲ့ အန္တရာယ်ရှိပါတယ်။

ဒါ့အပြင် ကလေးငယ်ရဲ့ အပြုံးလေးကိုပါ ထိခိုက်စေပြီး ယုံကြည်မှုလျော့နည်းစေနိုင်ပါတယ်။

Jasmine Dental Center မှာတော့ ကလေးသွားကျန်းမာရေးကို အထူးပြု စောင့်ရှောက်ပေးဖို့ ကလေးသီးသန့်ခန်း ထားရှိပေးထားပါတယ်✨​

✅ကလေးငယ်တွေရဲအပြုအမူကို နားလည်ပြီး သူတို့အတွက် အသင့်တော်ဆုံး ကုသမှုတွေကို ပျော်ရွှင်စွာ ခံယူနိုင်အောင် ဝန်ဆောင်မှုပေးပါတယ်။

✅ကလေးရဲ့ သွားလေးတွေ ကျန်းမာလှပမှ နောက်ပေါက်လာတဲ့ သွားလေးတွေလည်း လှပပြီး ကျန်းမာစွာ ကြီးပြင်းလာနိုင်မှာပါ။

သင့်ကလေးရဲ့ သွားကျန်းမာရေးအတွက် အကောင်းဆုံး စောင့်ရှောက်မှုပေးဖို့ Jasmine Dental Centerကိုအခုပဲ ဆက်သွယ်ပြီး ရက်ချိန်းယူလိုက်ပါနော်👩‍⚕️

𝐇𝐥𝐚𝐢𝐧𝐠 𝐁𝐫𝐚𝐧𝐜𝐡 - အမှတ် (𝟐𝟏𝟖) ၊ 𝐇𝐨𝐲𝐚 𝐇𝐨𝐭𝐞𝐥 (𝐓𝐡𝐞 𝐂𝐞𝐧𝐭𝐮𝐫𝐲 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠)မြေညီထပ်၊ ရန်ကုန် - အင်းစိန်လမ်းမကြီး၊ သံလမ်းမှတ်တိုင်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။

☎️𝟬𝟵-𝟵𝟳𝟴 𝟳𝟳𝟳 𝟳𝟳𝟳

Google Map Link >>Google Maps
https://maps.app.goo.gl/n9w7afym56yyZh5W8
𝐓𝐢𝐦𝐞𝐬 𝐂𝐢𝐭𝐲 𝐁𝐫𝐚𝐧𝐜𝐡- အမှတ် (407), ဟံသာဝတီလမ်းနှင့် ကျွန်းတောလမ်းကြား ၊ ကမာရွတ်မြို့နယ် ၊ ရန်ကုန်မြို့။ ☎️𝟬𝟵-𝟵𝟳𝟬𝟬𝟬𝟬𝟵𝟲𝟲

Google Map Link >>Google Maps
https://maps.app.goo.gl/n9ngpQrJd7K1tfjz7

Address

No. 407, 37/Quarter, Between Hantharwaddy And Kyun Road . Kamayut Tsp
Yangon
11041

Alerts

Be the first to know and let us send you an email when Jasmine Dental Center - TimesCity posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share