05/01/2026
သွားကျောက်ခြစ်လိုက်မှ သွားတွေ ကျဲကုန်ပြီ" ဆိုပြီး စိတ်ညစ်နေပါသလား? 😟🦷
ဒီနေ့တော့ ကျွန်တော်တို့ ဆေးခန်းကို လာကြတဲ့ လူနာတော်တော်များများ စိုးရိမ်တကြီး မေးတတ်ကြတဲ့ မေးခွန်းတစ်ခုကို အားလုံးသိရအောင် ဖြေကြားပေးချင်ပါတယ်။
ဒါကတော့ "ဆရာ... သွားကျောက်ခြစ်ပြီးမှပဲ သွားတွေက ကျဲသွားသလို ခံစားရတယ်ဗျာ၊ သွားကျောက်ခြစ်တာက သွားတွေကို ကျဲစေတာလား?" ဆိုတဲ့ မေးခွန်းပါပဲ။
သွားကျောက်ခြစ်ပြီးကာစမှာ သွားတွေကြားထဲ ဟာတာတာဖြစ်ပြီး လေတိုးသလို ခံစားရတာကိုးဗျ။ ဒီတော့ "ငါ့သွားတွေ ကျဲကုန်ပြီလား" လို့ ထင်မိတာ မဆန်းပါဘူး။
ဒါပေမဲ့ အမှန်တရားကို ကျွန်တော် ရှင်းပြပါရစေ။
သွားကျောက်ခြစ်ခြင်းက သွားတွေကို ဘယ်တော့မှ ကျဲမသွားစေပါဘူး ခင်ဗျာ။
ဒါဆိုရင် ဘာလို့ သွားကျဲသလို ခံစားရတာလဲ? အချက် (၃) ချက်နဲ့ သေချာ ရှင်းပြမယ်နော်။
၁။ ဖုံးကွယ်နေတဲ့ အမှန်တရား (Hidden Gaps)
ကျွန်တော်တို့ သွားကျောက်မခြစ်ဘဲ အကြာကြီးထားလိုက်တဲ့အခါ၊ အဲဒီ မာကျောတဲ့ ကျောက်တွေက သွားဖုံးတွေကို ဖိပြီး အောက်ကို တဖြည်းဖြည်း တွန်းချလိုက်ပါတယ်။ အဲဒီအခါ သွားဖုံးနိမ့်ကျသွားပြီး သွားမြစ်လေးတွေ ပေါ်လာတာကြောင့် သွားကြားထဲမှာ နေရာလွတ် (Gap) တွေ ဖြစ်လာပါတယ် ခင်ဗျာ။
ဒါပေမဲ့... အဲဒီ ဖြစ်လာတဲ့ နေရာလွတ်တွေကို သွားကျောက်ကြီးတွေက အပြည့် ဖုံးအုပ်ထားတော့ ကိုယ့်သွားဖုံး ဘယ်လောက် နိမ့်ကျသွားလဲ၊ သွားကြားထဲ ဘယ်လောက် ဟ သွားလဲဆိုတာကို မမြင်ရဘူးပေါ့ဗျာ။ "ငါ့သွားတွေ စီနေတာပဲ" လို့ ထင်နေတတ်ကြပါတယ်။
၂။ အမှန်တရား ပေါ်လာခြင်း (The Reveal)
ဆရာဝန်က ultrasonic scaler စက်လေးနဲ့ အဲဒီသွားကျောက်တွေကို ရှင်းထုတ်လိုက်တဲ့အခါကျမှ၊ ကျောက်တွေဖုံးထားလို့ မမြင်ရတဲ့ အရင်ကတည်းက ရှိနေပြီးသား သွားကြားက နေရာလွတ်တွေ ပေါ်လာတာပါဗျာ။
ရှင်းရှင်းပြောရရင် သွားကျောက်ခြစ်လိုက်လို့ သွားကျဲသွားတာ မဟုတ်ဘဲ၊
ဖုံးထားတဲ့ သွားကျောက်တွေကို ဖယ်လိုက်လို့ သွားကျဲနေတာကို ကျဲနေမှန်း သိလိုက်ရတာပါ ခင်ဗျာ။
၃။ သွားဖုံးရောင်ရမ်းမှု လျော့ကျသွားခြင်း
သွားကျောက်ရှိနေတုန်းက သွားဖုံးတွေက ရောင်ရမ်းပြီး ဖောင်းနေတတ်ပါတယ်။ သွားကျောက်ခြစ်ပြီးတဲ့အခါ အဲဒီရောင်ရမ်းတာတွေ လျော့သွားပြီး သွားဖုံးက ကျစ်လစ်သွားတော့ သွားကြားထဲမှာ နေရာပိုဟလာသလို ခံစားရတာလည်း ပါပါတယ်။ ဒါက သွားဖုံး ပြန်ကျန်းမာလာတဲ့ လက္ခဏာမို့ စိတ်မပူပါနဲ့ ခင်ဗျာ။
အနှစ်ချုပ်ပြောရရင်တော့ ဗျာ...
"သွားကျဲမှာ ကြောက်လို့ သွားကျောက်မခြစ်ဘူး" ဆိုရင်တော့... ရေရှည်မှာ သွားဖုံးရောင်ရောဂါ၊ ရေစီးကမ်းပြိုရောဂါတွေ ပိုဆိုးလာပြီး နောက်ဆုံးမှာ သွားတွေ အကုန်လုံးနဲ့ လမ်းခွဲရမယ့် အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါက ပိုကြောက်စရာ ကောင်းပါတယ် ခင်ဗျာ။
ဒါကြောင့် အထင်အမြင်လွဲမှားမှုလေးတွေကြောင့် ကိုယ့်ရဲ့ အဖိုးတန်သွားလေးတွေကို မဆုံးရှုံးလိုက်ပါနဲ့ဗျာ။ (၆) လတစ်ကြိမ် ပုံမှန် သွားကျောက်ခြစ်ခြင်းကသာ အကောင်းဆုံး ကာကွယ်မှုပါပဲ ခင်ဗျာ။
☺️ ကျွန်တော်တို့ 𝐍𝐨𝐛𝐥𝐞 𝐃𝐞𝐧𝐭𝐚𝐥 𝐂𝐥𝐢𝐧𝐢𝐜 မှာ နိုင်ငံတကာအဆင့်မီ ပိုးသတ်နည်းစနစ်များ အသုံးပြုပြီး အကောင်းမွန်ဆုံးကုသမှု့ကို သင့်တင့်သောနှုန်းထားဖြင့် ကုသပေးနေပြီဖြစ်ကြောင်း သတင်းကောင်းလေး ပါးလိုက်ပါရစေ ခင်ဗျာ။ ☺️
⌛ဆေးခန်းဖွင့်ချိန် - နေ့စဉ် မနက် (၉) နာရီ မှ ည (၇) နာရီ အထိ⌛
ပိတ်ရက်မရှိပါ။ စောင့်ဆိုင်းကြန့်ကြာမှု့မရှိစေရန် ဖုန်းဆက်ပြီး ရက်ချိန်းကြိုယူထားလို့ရပါတယ်ခင်ဗျာ။
📞📞သွားနှင့်ခံတွင်း နဲ့ပတ်သက်ပြီး သိလိုတာများကို အောက်ပါ ဖုန်းနံပတ်ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ..
𝐂𝐨𝐧𝐭𝐚𝐜𝐭 𝐍𝐨 - 𝟎𝟗 𝟔𝟔𝟑 𝟓𝟗𝟎 𝟗𝟏𝟎 , 𝟎𝟗 𝟓𝟐𝟎 𝟐𝟎𝟒𝟏 📞📞
မေတ္တာဖြင့်
နိုဘယ် သွားနှင့်ခံတွင်း ဆေးခန်း
အမှတ် (၃၉)၊ နတ်သျှင်နောင်လမ်း၊ (၁)ရပ်ကွက်၊ ဘုရင့်နောင်ဈေးအနီး၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။
🙏 အားလုံးပဲ ကျန်းမာရွှင်လန်းကြပါစေ ခင်ဗျာ... 🙏