Clinic Tree Dental Specialities

Clinic Tree Dental Specialities Dental Clinic

📢ဆေးခန်းပိတ်ရက်လေးပါရှင့်။၁၂.၄.၂၀၂၆ မှ ၁၈.၄.၂၀၂၆ ရက်နေ့အထိ သင်္ကြန်ပွဲတော်ရက် ဆေးခန်းပိတ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင့်။၁...
05/04/2026

📢ဆေးခန်းပိတ်ရက်လေးပါရှင့်။

၁၂.၄.၂၀၂၆ မှ ၁၈.၄.၂၀၂၆ ရက်နေ့အထိ သင်္ကြန်ပွဲတော်ရက် ဆေးခန်းပိတ်ပါကြောင်း အသိပေးအပ်ပါတယ်ရှင့်။

၁၉.၄.၂၀၂၆ ရက်နေ့တွင် ပုံမှန်အချိန်အတိုင်းဆေးခန်းပြန်ဖွင့်ပါမယ်ရှင့်။

📢 ဆေးခန်းပိတ်ရက် ကြေငြာခြင်း ၃၀.၁.၂၀၂၆ မှ ၁.၂.၂၀၂၆ နေ့အထိ  Team Trip ရှိပါသောကြောင့် ဆေးခန်းပိတ်မည်ဖြစ်ကြောင်းနှင့်၂.၂.၂...
23/01/2026

📢 ဆေးခန်းပိတ်ရက် ကြေငြာခြင်း

၃၀.၁.၂၀၂၆ မှ ၁.၂.၂၀၂၆ နေ့အထိ
Team Trip ရှိပါသောကြောင့်
ဆေးခန်းပိတ်မည်ဖြစ်ကြောင်းနှင့်
၂.၂.၂၀၂၆ နေ့တွင်
ဆေးခန်းပုံမှန်ပြန်ဖွင့်ပါမည်ဖြစ်ကြောင်း
အသိပေးကြေငြာအပ်ပါသည်။

01/01/2026
25/12/2025
Dental Operating MicroscopeZEISS EXTARO 300မြန်မာပြည်ရဲ့ ပထမဦးဆုံး ZEISS EXTARO 300 (Made in Germany) Dental Operating M...
23/04/2025

Dental Operating Microscope
ZEISS EXTARO 300

မြန်မာပြည်ရဲ့ ပထမဦးဆုံး
ZEISS EXTARO 300 (Made in Germany)
Dental Operating Microscope ဖြင့်
သွားဖက်ဆိုင်ရာကုသမှုများကို
Clinic Tree Dental Specialities တွင်
ရရှိနိုင်ပါပြီရှင့်။

💡 ကောင်းကျိုးများ 💡

Dental Operating Microscope တွေကို
သွားဖက်ဆိုင်ရာ ဆေးကုသမှုတွေမှာ အသုံးပြုမည်ဆိုပါ

✅ ဆရာဝန်မှ ကုသမှုများကို ပိုမိုကြည်လင်ပြတ်သားစွာ မြင်ရခြင်း

✅ ဆရာဝန်မှ ကုသမှုများကို ပိုမိုတိကျ
သေချာစွာ ဆောင်ရွက်နိုင်ခြင်း

✅ မလိုအပ်ဘဲ ကောင်းမွန်သည့် သွားအစိပ်အပိုင်းများကို မှားယွင်းဖယ်ရှားမှု မရှိခြင်း/လျော့ချနိုင်ခြင်း

✅ ကုသမှုရလဒ် ပိုမိုကောင်းမွန်ပြီး ကုသချိန် မြန်ဆန်ခြင်း

စသည့်ကောင်းကျိုးများရရှိနိုင်မှာ ဖြစ်ပါတယ်ရှင့်။

💡 ကုသမှုများ 💡

Dental Operating Microscope ကို

✅ သွားအကြောထုတ်ကုသမှု
(Root Canal Therapy)

✅ သွားအမြစ်ထိပ်ခွဲစိပ် ကုသမှုနှင့်
အခြား ဆက်စပ်သည့် ခွဲစိတ်ကုသမှုများ (Endodontic Microsurgery and Other Related Surgical Procedures)

✅ သွားဖာခြင်းနှင့် သွားတု အစွပ်ပြုလုပ်ခြင်း (Restoration)

✅ သွားအက်ကွဲကြောင်းများ ရှာဖွေခြင်း
(Crack tooth diagnosis)

စသည့် သွားဖက်ဆိုင်ရာ ကုသမှုတွေမှာ
အသုံးပြုကုသပါက လူနာများအတွက်
ပိုမို တိကျ သေချာ ကောင်းမွန်တဲ့ ကုသမှု
ရလဒ်တွေ ရရှိစေမှာဖြစ်ပါတယ်ရှင့်။

💡 အားသာချက် 💡

✅ ကုသမှုမှတ်တမ်းကို video ရိုက်ကူးနိုင်ခြင်းသည် ZEISS EXTARO 300 ၏ ထူးခြားတဲ့ အားသာချက်ဖြစ်ပါတယ်ရှင့်။

Clinic Tree Dental Specialities မှ
လူကြီးမင်းတို့၏ သွားနှင့်ခံတွင်း ကျန်းမာရေး
စောင့်ရှောက်မှုအတွက်
နည်းပညာပိုင်းဆိုင်ရာ၊
စက်ပစ္စည်းပိုင်းဆိုင်ရာ၊
ကုသမှုပိုင်းဆိုင်ရာ အစရှိသည်များကို
လိုအပ်ချက်မရှိရလေအောင်
သွားဖက်ဆိုင်ရာဆေးပညာအလိုက်
အထူးကုသွားဆရာဝန်များမှ
အမြဲ ဖြည့်ဆည်းပေးလျက်ရှိပါတယ်ရှင့်။

၂၀၂၅ ခုနှစ် မေလမှ စတင်ပြီး
ပိုမိုကောင်းမွန်သည့် သွားဖက်ဆိုင်ရာ ကုသမှုများအတွက် ZEISS EXTARO 300 Dental Operating Microscope ကို အသုံးပြုပြီး ကုသမှုပေးနိုင်ပြီဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင့်။

🎯Our goal🎯
“Saving your Natural Teeth for Lifelong
by Modern Equipment and Techniques”

ကြိုတင်ရက်ချိန်းယူ​ရန်
📱09965054620,
📱09885413528
သို့ ဆက်သွယ်နိုင်ပါသည်။

🗓Everyday🗓
🕰Clinic Hours 🕰
9:00am to 7:00pm

Clinic Tree Dental Specialities
၁၉/ခ၊ ၁ လမ်း(၁လမ်းနှင့် ၅လမ်းထောင့်)၊ ၈ ရပ်ကွက်၊ တ/ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
📱09965054620,
📱09885413528

📌Google Maps Location 📌
https://maps.app.goo.gl/H8kWfSYQzXRPidpv7?g_st=iv




🦷ကမ္ဘာ့ခံတွင်းကျန်းမာရေးနေ့! 🦷ကျန်းမာသည့်ခံတွင်းသည် ကျန်းမာသော ခန္ဓာကိုယ်အတွက် အဓိကအရေးပါပါသည်။ သွားနှင့်သွားဖုံးများကို...
20/03/2025

🦷ကမ္ဘာ့ခံတွင်းကျန်းမာရေးနေ့! 🦷

ကျန်းမာသည့်ခံတွင်းသည်
ကျန်းမာသော ခန္ဓာကိုယ်အတွက် အဓိကအရေးပါပါသည်။

သွားနှင့်သွားဖုံးများကို ဂရုစိုက်ခြင်းဖြင့်
ခံတွင်းရောဂါများကို ကာကွယ်နိုင်ပြီး
လူနေမှုဘဝအရည်အသွေးကို မြှင့်တင်လိုက်ဖို့
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းကတိုက်တွန်းလိုက်ပါတယ်။

✅ ဖလိုရိုက်ပါဝင်သော သွားတိုက်ဆေးဖြင့် တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။

✅ သွားပွတ်ကြိုးဖြင့် ချေးများကို ဖယ်ရှားပါ။

✅ မျှတသော အစားအစာများ စားသုံးပြီး
သကြားပါဝင်မှုများသော အစားအစာများကို ကန့်သတ်ပါ။

✅ သွားဆရာဝန်နှင့် ပုံမှန်ပြသပြီး စစ်ဆေးမှုများ ပြုလုပ်ပါ။

ကျန်းမာသော အနာဂတ်အတွက် ခံတွင်းကျန်းမာရေးကို ဦးစားပေးလိုက်ပါစို့။

ဤစာကို မျှဝေခြင်းဖြင့် အခြားသူများကိုလည်း သူတို့၏ ခံတွင်းကျန်းမာရေးကို ဂရုစိုက်ရန် အားပေးလိုက်ပါ။ 😁

#ကမ္ဘာ့ခံတွင်းကျန်းမာရေးနေ့

🦷 Today is World Oral Health Day! 🦷

A healthy mouth is key to a healthy body. Taking care of your teeth and gums can help prevent oral diseases and improve overall well-being.

✅ Brush twice a day with fluoride toothpaste

✅ Floss daily to remove plaque

✅ Eat a balanced diet and limit sugary foods

✅ Visit a dentist regularly for check-ups

Let’s make oral health a priority for a healthier future!
Share this message and encourage others to take care of their smiles. 😁


🦷Dental Implant နဲ့ပတ်သက်ပြီး လူကြီးမင်းတို့ကို သတင်းလေးတစ်ခု ပေးချင်ပါတယ်ရှင့်။✅ 14.12.2024✅ 15.12.2024✅ 16.12.2024ရက်​...
08/12/2024

🦷Dental Implant နဲ့ပတ်သက်ပြီး
လူကြီးမင်းတို့ကို သတင်းလေးတစ်ခု
ပေးချင်ပါတယ်ရှင့်။

✅ 14.12.2024
✅ 15.12.2024
✅ 16.12.2024
ရက်​များတွင်
Germany နိုင်ငံ Goethe University မှ
Oral Implantology ဘွဲ့လွန်ရရှိခဲ့သည့်
Dr Kaung Myint Myat နှင့် Dental Implant ကုသမှုအတွက် ဆွေးနွေးလိုပါက
Clinic Tree Dental Specialities တွင် ကြိုတင် appointment ရယူနိုင်ပါသည်။

👨🏻‍⚕️Dr. Kaung Myint Myat
- B.D.S, MSc. (Oral Implantology)
Goethe University - Frankfurt Germany
- ICOI Diplomate (USA)
- F.I.C.C.D.E
- F.I.C.D

Clinic Tree Dental Specialities
၁၉/ခ၊ ၁ လမ်း(၁လမ်းနှင့် ၅လမ်းထောင့်)၊ ၈ ရပ်ကွက်၊ တ/ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

📱09965054620,
📱09885413528
သို့ appointment ယူပေးပါရှင့်။

🗓Everyday🗓
🕰Clinic Hours 🕰
9:00am to 7:00pm

📌Google Maps Location 📌
https://maps.app.goo.gl/H8kWfSYQzXRPidpv7?g_st=iv


Guided Biofilm Therapy (GBT) 👄ပါးစပ်ထဲတွင် အဖြစ်အများဆုံးရောဂါမှာ သွားဖုံးရောဂါနှင့် သွားပိုးစားရောဂါဖြစ်ပါတယ်။၎င်းရောဂါ...
17/08/2024

Guided Biofilm Therapy (GBT)

👄ပါးစပ်ထဲတွင် အဖြစ်အများဆုံးရောဂါမှာ
သွားဖုံးရောဂါနှင့် သွားပိုးစားရောဂါဖြစ်ပါတယ်။

၎င်းရောဂါများသည် သွားချေးလွှာကို
သေချာမဖယ်ရှားနိုင်ခြင်းမှ အစပြုသော
ရောဂါများဖြစ်ပါတယ်။

သွားချေးလွှာ (Biofilm) သည်
သာမန်မျက်စိဖြင့် မမြင်ရပါဘူး။ 👀

ထိုသွားချေးလွှာကို biofilm discloser အား
အသုံးပြုပြီး သိသာထင်ရှားအောင်ပြုလုပ်နိုင်ပါတယ်။

ဒီလို ပြုလုပ်ပြီးပြီဆိုရင်တော့ သွားချေးလွှာကို
EMS Airflow Prophylaxis Master
(Made in Switzerland)
ဖြင့် အထိရောက်ဆုံး ဖယ်ရှားနိုင်ပါပြီ။

EMS Airflow သည် 14 micron Erythritol
ပေါင်ဒါအမျိုးအစားကို အသုံးပြုပြီး
ရေမှုန်၊ လေမှုန်များဖြင့် သွားချေးလွှာနှင့် အစွန်းအထင်များကို ဖယ်ရှားပေးသော စက်ကိရိယာဖြစ်ပါသည်။

အခုလို ကုသမှုမျိုးကို Guided Biofilm Therapy (GBT) လို့ခေါ်ပါတယ်။

GBT မှာ အားသာချက် ဘာတွေရှိလဲ❓

✅ သွားကြွေလွှာများကို ထိခိုက်မှု မရှိဘဲ
သန့်စင်နိုင်ခြင်း။

✅ သွားနှစ်ချောင်းအကြားရှိ အစွန်းအထင်းများကို ဖယ်ရှားနိုင်ခြင်း။

✅ သွားပိုးစားနေသော နေရာများကို ရှာဖွေနိုင်ခြင်း။

✅ သွားဖုံး နှင့် လျှာကို နာကျင်မှု မရှိခြင်း။

✅ သွားချေးလွှာများ၊ လက်ဖက်ရည်ကျိုး၊ ကော်ဖီကျိုးများ၊ ကွမ်းကျိုးများ နှင့် တခြားအစွန်းအထင်းများကို သွားမျက်နှာပြင်အား ထိခိုက်မှု မရှိဘဲ သန့်ရှင်းစင်ကြယ်နိုင်ခြင်း။

✅ သွားကျောက်များကို နာကျင်မှု မရှိဘဲ
ဖယ်ရှားနိုင်ခြင်း။

✅ ကလေးငယ်များ၊ ဆီးချိုရောဂါရှိသူများ နှင့် သွေးတိုးရောဂါရှိသူများတွင် အသုံးပြုနိုင်ခြင်း။

✅ သွားညှိကုသစဉ် သွားသန့်ရှင်းခြင်းကို ကောင်းမွန်စွာ မဆောင်ရွက်သည့်အတွက် ဖြစ်လေ့ဖြစ်ထရှိသော သွားမျက်နှာပြင်အဖြူအကွက်များအား ကာကွယ်နိုင်ခြင်း။

✅ Veneer - သွားကြွေလွှာကပ်ထားသော မျက်နှာပြင်များ ကို သန့်ရှင်းစင်ကြယ်နိုင်ခြင်း။

✅ Dental Implant - သွားမြစ်တုအား ထိခိုက်ခြင်းမရှိဘဲ သန့်ရှင်းနိုင်ခြင်း။

သွားနှင့်ခံတွင်းရောဂါများကို ကာကွယ်ဖို့
GBT ကုသမှုကို စတင်ကြပါစို့။

ကြိုတင်ရက်ချိန်းယူ​ရန်
📱09965054620,
📱09885413528
သို့ ဆက်သွယ်နိုင်ပါသည်။

🗓Everyday🗓
🕰Clinic Hours 🕰
9:00am to 7:00pm

Clinic Tree Dental Specialities
၁၉/ခ၊ ၁ လမ်း(၁လမ်းနှင့် ၅လမ်းထောင့်)၊ ၈ ရပ်ကွက်၊ တ/ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

📌Google Maps Location 📌
https://maps.app.goo.gl/H8kWfSYQzXRPidpv7?g_st=iv

Viber Channel Link
https://tinyurl.com/sztafzmk

Telegram Channel Link
https://t.me/clinictreedentalspecialities



21/05/2024

ခံတွင်းကင်ဆာ ကင်းဝေးဖို့
ပုံမှန် စစ်ဆေးကြပါစို့

🧨ခံတွင်းကင်ဆာ ဖြစ်ချင်တဲ့သူ ဘယ်သူမှမရှိပါဘူး။

💚Early Detection can save Lives💚

ခံတွင်းကင်ဆာမဖြစ်အောင်
ကာကွယ်လို့ရနိုင်သလို
ကြိုတင်စစ်ဆေးလို့လဲ ရပါတယ်ရှင့်။

ကြိုတင်စစ်ဆေးခြင်းအားဖြင့်

▶️ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိနားလည်သဘောပေါက်ခြင်း

▶️ သာမန်မျက်စိဖြင့်မမြင်နိုင်သော
ခံတွင်းကင်ဆာအကြိုလက္ခဏာများကို
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ
အသိအမှတ်ပြုထားသော
Velscope Vx (Made in Canada)
စက်ကိရိယာဖြင့် စမ်းသပ်ခြင်းဖြင့် ကြိုတင်သိရှိနိုင်ခြင်း

စသည့်် အကျိုးကျေးဇူးများ ရရှိမှာ
ဖြစ်ပါတယ်ရှင့်။

ကာကွယ်ခြင်းက ကုသခြင်းထက် ပိုမိုကောင်းမွန်တာမို့ ကြိုတင်စစ်ဆေးကြပါစို့။

ကြိုတင်ရက်ချိန်းယူ​ရန်
📱09965054620,
📱09885413528
သို့ ဆက်သွယ်နိုင်ပါသည်။

🗓Everyday🗓
🕰Clinic Hours 🕰
9:00am to 7:00pm

Clinic Tree Dental Specialities
၁၉/ခ၊ ၁ လမ်း(၁လမ်းနှင့် ၅လမ်းထောင့်)၊ ၈ ရပ်ကွက်၊ တ/ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

📌Google Maps Location 📌
https://maps.app.goo.gl/H8kWfSYQzXRPidpv7?g_st=iv



Dental Clinic

Digital Guided Implant SystemDigital Guided Implant System၏ အားသာချက်များ1️⃣ Implant ထည့်ရန်အတွက် ပထမအကြိမ် သွားဖုံးခွဲရ...
17/05/2024

Digital Guided Implant System

Digital Guided Implant System
၏ အားသာချက်များ

1️⃣ Implant ထည့်ရန်အတွက်
ပထမအကြိမ် သွားဖုံးခွဲရန် မလိုအပ်ခြင်း

2️⃣ Healing cap တပ်ရန်အတွက်
ဒုတိယအကြိမ် သွားဖုံးခွဲရန် မလိုအပ်ခြင်း

3️⃣ Implant ထည့်ပြီး ဖြစ်လေ့ဖြစ်ထရှိသော ရောင်ရမ်းမှုနှင့် နာကျင်မှုအားလျော့ချနိုင်ခြင်း

4️⃣ သွားဖုံးထဲတွင်ထည့်မည့် Implant ၏ Direction အား Planning အတိုင်း အမှန်ကန်ဆုံး ထည့်နိုင်ခြင်း

5️⃣ Implant အပေါ်မှ တပ်မည့် သွားတုအား ကြိုတင်ပုံစံချနိုင်ခြင်းဖြင့် စားရဝါးရပိုမိုကောင်းမွန်ခြင်း

စသည့် အားသာချက်များဖြင့် Traditional Implant Surgery မှ Digital Guided Implant Surgery
သို့ တစ်ကမ္ဘာလုံး ပြောင်းလဲကုသမှု ပေးနေကြပါပြီ။

Clinic Tree Dental Specialities မှ
လူကြီးမင်းတို့၏ သွားနှင့်ခံတွင်းကျန်းမာရေးအတွက် နည်းပညာအရည်အသွေး၊ ကုသမှုအရည်အသွေးတို့ကို စိတ်အချရဆုံးဖြင့် ဝန်ဆောင်မှုပေးနေပါတယ်ရှင့် 🙏🏻

လိုအပ်သော ဝန်ဆောင်မှုများအတွက်
ကြိုတင်ရက်ချိန်းယူ​ရန်
📱09965054620,
📱09885413528
သို့ ဆက်သွယ်နိုင်ပါသည်။

🗓Everyday🗓
🕰Clinic Hours 🕰
9:00am to 7:00pm

Payment 🧮
Cash, MPU, AYA Pay, CB pay, KBZ Pay &
Mobile Banking

Clinic Tree Dental Specialities
၁၉/ခ၊ ၁ လမ်း(၁လမ်းနှင့် ၅လမ်းထောင့်)၊ ၈ ရပ်ကွက်၊ တ/ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။

📌Google Maps Location 📌
https://maps.app.goo.gl/H8kWfSYQzXRPidpv7?g_st=iv



Address

19/B, 1st Street (corner Of 1st & 5th Street), 8 Ward, South Okalapa Township
Yangon
11091

Opening Hours

Monday 09:00 - 19:00
Tuesday 09:00 - 19:00
Wednesday 09:00 - 19:00
Thursday 09:00 - 19:00
Friday 09:00 - 19:00
Saturday 09:00 - 19:00
Sunday 09:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Clinic Tree Dental Specialities posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Clinic Tree Dental Specialities:

Share