Dental Hub Aesthetics Dental Clinic - Tamwe

Dental Hub Aesthetics Dental Clinic - Tamwe Dental care with heart ❤️
Dentistry

သွားတွေ ဘာကြောင့် ဝါသလဲ၊ သွားမဝါအောင် ဘယ်လိုလုပ်ကြမလဲ 🤔🤔သွားဝါတယ်၊ သွားအရောင်ပြောင်းတယ်ဆိုတာ ကြည့်ရဆိုးတဲ့ ပြဿနာတစ်ခုပါ။...
04/11/2025

သွားတွေ ဘာကြောင့် ဝါသလဲ၊ သွားမဝါအောင် ဘယ်လိုလုပ်ကြမလဲ 🤔🤔

သွားဝါတယ်၊ သွားအရောင်ပြောင်းတယ်ဆိုတာ ကြည့်ရဆိုးတဲ့ ပြဿနာတစ်ခုပါ။ မျက်နှာရဲ့ အလှအပကို ပေါ်လွင်စေမယ့် သွားတွေ ဝါကျင်ကျင်ဖြစ်နေတာကို လူတိုင်းမြင်ဖူးကြတယ်မဟုတ်လား။
ဒီနေရာမှာ သိထားသင့်တာက ခြုံငုံပြီးသွားဝါတယ်လို့ ခေါ်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ သွားအရောင်ပြောင်းလဲတာကိုဆိုလိုတာဖြစ်ပြီး သွားဟာ အဝါ၊ အညို၊ အမည်း၊ မီးခိုး၊ ပန်းရောင်နဲ့ fluoride လွန်ကဲပြီး ဖြူလွန်းနေတာမျိုးတွေ ပါဝင်ပါတယ်။

ဘာလို့ သွားဝါတာလဲ ??

သွားဝါစေတဲ့အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အဓိကဖြစ်စေတဲ့ အချက်တွေကတော့ ဆေးလိပ်သောက်သုံးတာနဲ့ ပုံမှန်စားသုံးနေတဲ့အစားအစာတွေကြောင့်ပါပဲ။ သွားဝါခြင်းကိုဖြစ်စေတဲ့အကြောင်းအရင်းတွေကို ပြောပြချင်ပါတယ်။ အောက်ပါအတိုင်းဖြစ်ပါတယ်။

နီကိုတင်းဓာတ် – ဆေးလိပ်-ဆေးပေါ့လိပ်-ဖက်ကြမ်း-စီးကရက်စတာတွေ သောက်သုံးတာ၊ ဆေးရွက်ကြီးငုံတာ၊ ကွမ်းစားတာ စတာတွေအားလုံးက သွားရဲ့မူလအရောင်ကို ပြောင်းလဲစေပါတယ်။
ဒီအရာတွေရဲ့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ဆေးရွက်ကြီးထဲက နီကိုတင်းဓာတ်ကြောင့်ပါ။

အစားအစာ – ကော်ဖီ၊ လက်ဖက်ရည်၊ ဝိုင်နီ၊ ကိုလာ၊ ဘလက်ဘယ်ရီနဲ့ ဘလူးဘယ်ရီတွေကလည်း သွားကိုဝါစေနိုင်ပါတယ်။ ဝါစေရုံတင်မကပါဘူး။ ညိုတာ၊ မည်းတာနဲ့ အဝါစက်တွေထစေတာမျိုးတွေလည်းဖြစ်စေနိုင်ပါတယ်။

သွားချေးတွေ မပြောင်စင်တာ – သွားကို ပုံမှန်နဲ့ စနစ်တကမတိုက်တဲ့အခါမှာ သွားမှာ သွားချေးတွေ စုပုံလာပြီး သွားအရောင်ဟာလည်း ဝါကျင်ကျင်အရောင်ကို ပြောင်းလဲသွားတတ်ပါတယ်။

Fluorosis – Fluoride က သွားကို ကာကွယ်ပေးနိုင်တဲ့အရာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အသုံးပြုတာ အရမ်းများသွားရင်လည်း သွားကို ဝါကျင်ကျင်ဖြစ်သွားစေတတ်တဲ့ dental fluorosis ဖြစ်စေတတ်တာမို့ သတိထားသုံးစွဲဖို့ လိုအပ်ပါတယ်။

Enamel hypoplasia – Enamel hypoplasia ဟာ သွားရဲ့ အပေါ်ယံကြွေထည်လွှာ ချိုတဲ့တဲ့ဝေဒနာတစ်မျိုးဖြစ်ပြီး ဒီလိုကြွေလွှာချို့တဲ့တာကြောင့် သွားဟာ ကြည်လင်တောက်ပြောင်မှုမရှိတော့ပဲ အရောင်ပြောင်းသွားတတ်ပါတယ်။

အသုံးပြုနေတဲ့ ဆေးဝါးတွေကြောင့် – နေ့စဉ်ကျန်းမာရေးအတွက် မှီဝဲနေရတဲ့ ပဋိဇီဝဆေးတွေရဲ့ သက်ရောက်မှုကြောင်လည်း သွားတွေ ဝါနိုင်ပါတယ်။ Chlorhexidine mouth wash – ခံတွင်းသန့်ဆေးတွေကို အလွန်အကျွံသုံးစွဲတာကလည်း သွားကို ဝါစေနိုင်ပါတယ်။

Celiac disease – ဂလူတန်ဓာတ်မတည့် အူလမ်းကြောင်းရောဂါ (Celiac disease) ဆိုတာဟာ ဂျုံ ၊ ဘာလီ စသော အစားအသောက်တို့တွင် ပါဝင်သော ပရိုတင်းတမျိုးဖြစ်တဲ့ ဂလူတန် (Gluten) နဲ့ မတည့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ဒီရောဂါသည်တွေဟာ သွားဝါကျင်တာကိုလည်း ခံစားရပါတယ်။

မျိုးရိုးလိုက်တာ – သွားဝါတာက မျိုးရိုးလိုက်ပါတယ်။ သွားဝါတဲ့အခါမှာ ဒီအချက်ကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်ပါ။

သွားမဝါအောင် ဘယ်လိုကာကွယ်မလဲ ???

သွားဝါခြင်းဟာ ကာကွယ်လို့ရတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပြီးတော့ ကုသနိုင်တဲ့နည်းလမ်းတွေလည်း ရှိပါတယ်။

အရင်ဆုံးအနေနဲ့ ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို ပြောပြချင်ပါတယ်။ သွားဝါခြင်းကို ကာကွယ်ချင်တယ်ဆိုရင်တော့

သွားကျန်းမာရေးကို ဂရုစိုက်ပါ📌

သွားပုံမှန် တိုက်လား၊ မတိုက်လား ဆန်းစစ်ပြီး သွားကို စနစ်တကျနဲ့ တနေ့ ၂ ကြိမ်တိုက်ပေးပါ။
သွားကြားက သွားချေးတွေကို နေ့စဉ် သန့်ရှင်းပေးပါ။
သကြားဓာတ်များတဲ့ အစားအစာတွေ၊ ကာဘိုဟိုက်ဒြိတ်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေ မှီဝဲနေမှုကို ရပ်တန့်ပါ။
အရက်သေစာ၊ ဆေးလိပ်၊ ကွမ်းယာမှီဝဲမှုကို ရပ်တန့်ပါ။
သွားဆေးခန်းမှာ ၆လ တစ်ကြိမ် ပုံမှန် စစ်ဆေးပေးပါ။

အထက်ပါနည်းလမ်းတွေကတော့ သွားဝါခြင်း၊ အရောင်ပြောင်းလဲခြင်းကို ကာကွယ်ရာမှာ အသုံးတည့်စေမယ့် နည်းလမ်းတွေဖြစ်လို့ ဖြူဖွေးလှပတဲ့ သွားလေးတွေ ပိုင်ဆိုင်ချင်ရင် မိမိကိုယ်တိုင် ဂရုစိုက်မှ ရပါမယ်နော် 📣📣



🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-7630 72234 / 09 788 254 222

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - ၀၉ - ၇၆၃၀ ၇၂၂၃၄ / ၀၉ ၇၈၈ ၂၅၄ ၂၂၂

🚕 Google map 🚕
Dental Hub Aesthetic Dental Clinic
https://maps.app.goo.gl/EVLm4LZJCpAUe9eZA

ဖာထားမှန်း မသိသာအောင် `` လေဆာဖြင့်သွားဖာခြင်း´´ နည်းလမ်းကို ရွေးချယ်ပါ 🛡️🛡️သွားဖာဖို့အတွက် ကျွန်တော်တို့ စဥ်းစားရမယ့် အခ...
16/10/2025

ဖာထားမှန်း မသိသာအောင် `` လေဆာဖြင့်သွားဖာခြင်း´´ နည်းလမ်းကို ရွေးချယ်ပါ 🛡️🛡️

သွားဖာဖို့အတွက် ကျွန်တော်တို့ စဥ်းစားရမယ့် အခြေအနေတွေက ...

❗ အံသွားတွေမှာ အခေါင်းပေါက်ဖြစ်ပြီး အစာတွေကျန်နေတဲ့အခါ
❗ အကြောင်းကြောင်းကြောင့် ရှေ့သွားတွေ ပဲ့သွားတဲ့အခါ
❗ သွားရဲ့ ဘယ်နေရာမှာမဆို အမည်းရောင်တွေ့တာနဲ့ သွားပိုးစားနေပြီလို့ ယူဆရတဲ့အတွက်
❗ သွားပိုးစားခြင်းကြောင့် သွားတွေ မဆုံးရှုံးစေဖို့ သွားနှင့်ခံတွင်းဆေးခန်းကို ပြေးသင့်နေပါပြီ။

သွားပိုးပေါက်တွေဟာ အောက်ဆုံးအလွှာအထိ ဖောက်ဝင်သွားပြီဆိုရင် သွားအကြောထုတ်ခြင်း၊ သွားနှုတ်ပြီး အသစ်ပြန်စိုက်ခြင်း (သို့) သွားအစွပ်စွပ်ခြင်းကို လုပ်ဆောင်ရဖို့ သေချာနေပါပြီ။

သွားပိုးစားနေပြီဟု စသိတာနဲ့ အချိန်မှီကုသမှု Light Cure Filling Treatment ဖြင့် သွားပိုးစားနေတဲ့ နေရာတွေကို သွားဖာလိုက်ပါက မူလပုံစံမပျက်တဲ့ သွားတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

Light Cure Filling ဟာ Dental Treatments တွေထဲမှာ 1960 လောက်ကတည်းက ပေါ်လာခဲ့တာဖြစ်ပြီး အစပထမက NUVA light, Halogen bulb, UV light စတဲ့ ရောင်ခြည် အမျိုးမျိုးပြောင်းပြီး အသုံးပြုလာရာမှ ယနေ့ခေါတ်မှာ လူတွေအတွက် အန္တာရာယ်အကင်းဆုံး Blue light ကို အသုံးပြုလာကြတာ ဖြစ်ပါတယ်။

သွားပိုးပေါက်နေရာ၊ ပဲ့သွားတဲ့သွားနေရာမှာ ထည့်ထားတဲ့ Composite resin ကို Blue light နဲ့ ခိုင်ခံအောင် ပြုလုပ်ပြီး ကုသပေးခြင်း ဖြစ်ပါတယ်။

Light Cure Filling ရဲ့ အားသာချက်တွေကတော့ -

✨ ဘေးသွားတွေရဲ့ အရောင်အတိုင်း တစ်ပုံစံထဲ ရရှိတဲ့အတွက် သွားဖာထားမှန်း မသိသာခြင်း
✨ မာကျော၊ ခိုင်ခံ့ံ့ ရှိခြင်း
✨ အလွယ်တကူ မပြုတ်ထွက်နိုင်ခြင်း
✨ ကြာရှည်ခံခြင်း
✨ အပူ၊ အအေးဒဏ်ခံနိုင်ခြင်း
✨ မတော်တဆ ထိခိုက်မှုရှိလျှင် အလွယ်တကူ ပြုပြင်နိုင်ခြင်း
✨ သွားကျင်၊ သွားကိုက်မှု မရှိခြင်း တို့ပဲ ဖြစ်ပါတယ်။

အခြားသွားဖာခြင်းနည်းလမ်းတွေ အများကြီးရှိတဲ့အထဲမှ အကောင်းဆုံး သွားဖာခြင်းနည်းလမ်းဖြစ်တဲ့ Light Cure Filling ကို Dental Hub မှာ ကျွမ်းကျင်ဆရာဝန်များဖြင့် စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ပါပြီ ...

#လေဆာဖြင့်သွားဖာခြင်း



🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-7630 72234 / 09 788 254 222

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - ၀၉ - ၇၆၃၀ ၇၂၂၃၄ / ၀၉ ၇၈၈ ၂၅၄ ၂၂၂

🚕 Google map 🚕
Dental Hub Aesthetic Dental Clinic
https://maps.app.goo.gl/EVLm4LZJCpAUe9eZA

လူတိုင်းငေးကြည့်ရမဲ့ အပြုံးလေး တစ်ခုရဖို့ 🦷သင့်ရဲ့ အပြုံးလေးတစ်ချက်က စကားတွေ မြောက်များစွာကို ပြောနိုင်သလို သင့်ရဲ့ အရည်...
21/06/2025

လူတိုင်းငေးကြည့်ရမဲ့ အပြုံးလေး တစ်ခုရဖို့ 🦷

သင့်ရဲ့ အပြုံးလေးတစ်ချက်က စကားတွေ မြောက်များစွာကို ပြောနိုင်သလို သင့်ရဲ့ အရည်အသွေးတစ်ခုဆိုလည်း မမှားပါဘူး။

လူတစ်ယောက်နဲ့ တစ်ယောက် စကားပြောဆိုတဲ့ အခါမှာ မိမိပင်ကိုယ်သွားအခြေအနေများဖြစ်တဲ့..

💢 သွားဝါခြင်း
💢 သွားကျဲခြင်း
💢 သွားအရောင် ညစ်ညမ်းနေခြင်း
💢 သွားအတိုအရှည် မညီညာခြင်း
💢 သွားသေးသေးလေးတွေ ဖြစ်နေခြင်း
💢 သွားပိုးစားခြင်းကြောင့် သွားများပျက်စီးနေခြင်း
စသဖြင့် ပြုံးလိုက်တိုင်း ကိုယ့်ကိုယ်ယုံကြည်မှု မရှိတဲ့ အပြုံးတစ်ခုကို ပိုင်ဆိုင်ထားတယ်ဆိုရင် .....
Dental Hub မှာ သွားကြွေလွှာကပ်ပြီး ဖြူဖွေးညီညာတဲ့သွားလေးတွေကို ပိုင်ဆိုင်နိုင်ပါပြီ ။

သွားကြွေလွှာကပ်ပြီးပြီ ဆိုရင်တော့ 💁‍♂️💁‍♂️

✌️လူတိုင်းနှင့် Social ကျစွာ Professional ဆန်ဆန်
စကားပြောလို့ရပြီ။
✌️Selfie ဆွဲတိုင်း ကိုယ့်ရဲ့ အပြုံးလေးကို
ကြွားလို့ရပြီ။
✌️ဆွဲဆောင်မှုရှိတဲ့ အလှတစ်ခုကို ပိုင်ဆိုင်
နိုင်ပါပြီနော် 😍😍

Dental Veneers နှင့်ပက်သက်၍ အသေးစိတ် ဆွေးနွေးတိုင်ပင်လိုသည် ဆိုပါက ....
Dental Hub Page Chat Box သို့မဟုတ်
Dental Hub Hot Line ☎️ - 09 7630 72234 သို့ အချိန်မရွေးဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-7630 72234

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - ၀၉- ၇၆၃၀၇၂၂၃၄

🚕 Google map 🚕
Dental Hub Aesthetic Dental Clinic
https://maps.app.goo.gl/EVLm4LZJCpAUe9eZA

သွားမရှိတော့တဲ့  လူကြီးမိဘတွေအတွက် ....သွားလေးရှိသွားရင် ပျော်ရတဲ့ အပျော်ဆိုတာ 🥰🥰      🦷 Teeth are always in style 🦷    ...
20/06/2025

သွားမရှိတော့တဲ့ လူကြီးမိဘတွေအတွက် ....
သွားလေးရှိသွားရင် ပျော်ရတဲ့ အပျော်ဆိုတာ 🥰🥰



🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-788 254 222 / 09- 7630 72234

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - ၀၉ - ၇၈၈ ၂၅၄ ၂၂၂ / ၀၉ - ၇၆၃၀ ၇၂၂၃၄

တံတာထိုး စိုက်တယ်ဆိုတာ ဘယ်လိုလဲ ? သွားဆုံးရှုံးမှုအရေအတွက် နည်းနေသေးရင် ရွေးချယ်သင့်တဲ့ Dental Bridge...❗❗❗Dental Hub တွ...
19/06/2025

တံတာထိုး စိုက်တယ်ဆိုတာ ဘယ်လိုလဲ ?

သွားဆုံးရှုံးမှုအရေအတွက် နည်းနေသေးရင် ရွေးချယ်သင့်တဲ့ Dental Bridge...❗❗❗

Dental Hub တွင် သွားစိုက်၊ သွားအစွပ်စွပ်ခြင်းများအတွက် ...

✅ သက်သာသောစျေးနှုန်း
✅ အကောင်းဆုံး Quality
✅ သွားအစွပ်အမျိုးအစားပေါ်မူတည်၍
သက်ဆိုင်ရာ အာမခံများ
✅ ကျွမ်းကျင်သည့် ဆရာဝန်များ
✅ ခေတ်မှီစက်ကရိယာများနှင့်အတူ
✅ အချိန်တိုအတွင်း ကုသလို့ရရန် စီစဥ်ပေးထား​​ပါပြီ ခင်ဗျာ။

🦷 Teeth are always in style 🦷






🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-788 254 222 / 09- 7630 72234

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - ၀၉ - ၇၈၈ ၂၅၄ ၂၂၂ / ၀၉ - ၇၆၃၀ ၇၂၂၃၄

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 👪👪“အဖေများနေ့” ကိုလေးစားစွာ ဂုဏ်ပြုပါသည်။ကမ္ဘာပေါ်ရှိအဖေများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာက...
15/06/2025

𝐇𝐚𝐩𝐩𝐲 𝐅𝐚𝐭𝐡𝐞𝐫’𝐬 𝐃𝐚𝐲 👪👪

“အဖေများနေ့” ကိုလေးစားစွာ ဂုဏ်ပြုပါသည်။

ကမ္ဘာပေါ်ရှိအဖေများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း Dental Hub မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်…


“Wishing you and your family a very happy and blessed Eid-ul-Adha. May Allah's grace be with you. 🐏❤️”
07/06/2025

“Wishing you and your family a very happy and blessed Eid-ul-Adha. May Allah's grace be with you. 🐏❤️”

Dental Hub Aesthetic Dental Clinic မှာရရှိနိုင်မယ့် သွားနှင့်ခံတွင်း ကျန်းမာရေးကုသမှုများရရှိနိုင်တဲ့ Speciality Service...
03/06/2025

Dental Hub Aesthetic Dental Clinic မှာရရှိနိုင်မယ့် သွားနှင့်ခံတွင်း ကျန်းမာရေးကုသမှုများ

ရရှိနိုင်တဲ့ Speciality Services တွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်👇

(၁) Consultation & Check-Up 🦷
သွားကျန်းမာရေး စစ်ဆေးခြင်းနှင့် ဆွေးနွေးပေးခြင်း

(၂) Dental Extraction & Impaction 🦷
ရိုးရိုးသွားနှုတ်ခြင်းနှင့် အံဆုံးသွားခွဲစိတ်နှုတ်ခြင်း

(၃) Root Canal Treatment 🦷
သွားအကြောထုတ်ကုသခြင်း

(၄) Dental Crown & Bridge 🦷
အစွပ်စွပ်၍ သွားအသေစိုက်ခြင်း

(၅) Denture 🦷
အံကပ်ပြုလုပ်ပေးခြင်း

(၆) Scaling & Polishing 🦷
သွားသန့်ရှင်းရေးပြုလုပ်ခြင်း

(၇) Teeth Whitening Tx 🦷
သွားများဖြူဖွေးစေရန်ကုသပေးခြင်း

(၈) Skyce 🦷
သွားမျက်နှာပြင်တွင် စိန်ကပ်ပေးခြင်း

(၉) Dental Veneers (Hollywood smile) 🦷
သွားမျက်နှာပြင် ဖြူဖွေးလှပစေရန် ကြွေလွှာကပ်ခြင်း

(၁၀) Dental Implant 🦷
သွားမြစ်တုအစားထိုးကုသခြင်း

(၁၁) Orthodontic Treatment 🦷
သွားညှိကုသခြင်း

(၁၁) Digital Dental X-Ray 🦷
ဒစ်ဂျစ်တယ်သွားဓာတ်မှန်ရိုက်ခြင်း

အစရှိတဲ့ ၀န်ဆောင်မှုများကို ခေတ်မီစက်ကိရိယာများဖြင့် ပိုးသတ်ထားသော ပစ္စည်းများအား အသုံးပြု၍ သင့်တင့်မျှတသောဆေးကုသစရိတ်ဖြင့် ဝန်ဆောင်မှုပေးနေပါတယ် 🙏

🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-788 254 222 / 09- 7630 72234

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - ၀၉ - ၇၈၈ ၂၅၄ ၂၂၂ / ၀၉ - ၇၆၃၀ ၇၂၂၃၄

တာမွေမြို့နယ်အတွင်း ယုံကြည်စိတ်ချရတဲ့ သွားနှင့်ခံတွင်းဆေးခန်း ???Review ကောင်းများစွာကိုရရှိထားပြီး သင့်ရဲ့ သွားနှင့်ခံတ...
02/06/2025

တာမွေမြို့နယ်အတွင်း ယုံကြည်စိတ်ချရတဲ့ သွားနှင့်ခံတွင်းဆေးခန်း ???

Review ကောင်းများစွာကိုရရှိထားပြီး သင့်ရဲ့ သွားနှင့်ခံတွင်းဆိုင်ရာ ပြုပြင်ကုသမှုတိုင်းအတွက် DentalHub ✔️✔️

သွားနှင့်ခံတွင်းဆိုင်ရာ စိုးရိမ်ပူပန်မှုများကို နှုတ်ဆက်ပြီး Dental Hub တွင် ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုအတွက် ယုံကြည်အားကိုးလိုက်ပါ။



🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon
☎️ Contact No - 09-7630 72234

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်
☎️ ဖုန်းနံပါတ် - ၀၉- ၇၆၃၀၇၂၂၃၄
🚕 Google map 🚕
Dental Hub Aesthetic Dental Clinic
https://maps.app.goo.gl/EVLm4LZJCpAUe9eZA

02/06/2025

Attentions Please, ⚠️⚠️

ယခု Link တွင်ပါဝင်သော Dental Hub Page သည် အသုံးပြု၍ မရတော့ပါသဖြင့် ယခု Page အား Official အသုံးပြုသွားပါမည် ခင်ဗျာ 👇👇

https://www.facebook.com/DHDentalAestheticClinic

Dental care with heart ❤️
Dentistry

  ဆေးခန်းလမ်းညွှန်မိဘပြည်သူများ ဆေးခန်းကိုလာရောက်ကုသလို့ ရောက်ခါနီးဆိုရင်📲 ဆေးခန်းက ဘယ်နားမှာလဲ❓📲ဆေးခန်းကို မတွေ့လို့ 😟 ...
02/06/2025

ဆေးခန်းလမ်းညွှန်

မိဘပြည်သူများ ဆေးခန်းကိုလာရောက်ကုသလို့ ရောက်ခါနီးဆိုရင်

📲 ဆေးခန်းက ဘယ်နားမှာလဲ❓

📲ဆေးခန်းကို မတွေ့လို့ 😟 ဆိုတာမျိုးတွေမဖြစ်စေရန် ဆေးခန်းရဲ့‌ နေရာပြ မြေပုံလေးအား တင်ပေးလိုက်ပါတယ်။

မိဘပြည်သူများရဲ့ သွားနှင့်ခံတွင်း အခက်အခဲတွေကို ကုသမှုစျေးနှုန်း သက်သာစွာဖြင့် ဖြေရှင်းပေးနိုင်ရန်နှင့် လူတစ်ဉီးချင်းစီ ( Safety ) ဖြစ်စေရန် Dental_Hub သွားနှင့်ခံတွင်း ဆေးခန်းကို မနက် (၉)နာရီမှ ည‌နေ (၆) နာရီ အထိ နေ့စဉ် ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ် ။

⚠️ ဆေးခန်းသို့ လာရောက်ပြသမည့် သူများအနေဖြင့် ဆေးခန်းသို့မလာခင် (၁) နာရီခန့်ကြိုတင်ဖုန်းဆက်‌ပေးခြင်းဖြင့် စောင့်ဆိုင်းရမှု မရှိစေရန် ဆောင်ရွက်‌ပေးထားပါတယ်။ ကြိုတင် (Appointment) /Booking တင်ပေးခြင်းဖြင့်ရက်ချိန်း ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်မျာ ❤️

☎️☎️ လူကြီးမင်းတို့၏ သွားနှင့်ခံတွင်းဆိုင်ရာပြသနာများအတွက် Hello သာ လုပ်လိုက်ပါ 🤙

🦷 Teeth are always in style 🦷





🏩 🏩
No (26), Kyaut Yaytwin Street , East Quarter (Kyaut Myaung), Tamwe , Yangon

☎️ Contact No - 09-7630 72234

🏩ဆေးခန်းလိပ်စာ 🏩
အမှတ် (၂၆)၊ ကျောက်ရေတွင်းလမ်း၊ ကျောက်မြောင်းအရှေ့ရပ်ကွက်၊တာမွေမြို့နယ်

☎️ ဖုန်းနံပါတ် - 09-763072234

🚕 Google map 🚕

Dental Hub Aesthetic Dental Clinic
09 953 870000
https://maps.app.goo.gl/EVLm4LZJCpAUe9eZA

Address

No 26, Kyaut Yay Twin Street, Kyaut Myaung East Quarter, Tamwe Township
Yangon
11211

Website

Alerts

Be the first to know and let us send you an email when Dental Hub Aesthetics Dental Clinic - Tamwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share