09/05/2024
THE SWEET DANGER OF SUGAR
သကြား သည် ချိုမြသည် ချိုမြလျှင်လူတွေ ကြိုက်ကြ သည် ထို့ကြောင့် ထမင်းစားပြီး တိုင်း အချိုရည် လက်ဖက်ရည် သကြားလုံး ထန်းလျှက်လုံး စသည့် ချိုမြသော အရာ တစ်ခုခုဖြင့် အချိုတည်း ကြသည်မှာ နှစ်ကာ လကြာ မြင့်လာ ပြီဖြစ်သည်
ယနေ့ခေတ်တွင်လည်း fast food၏တွဲဖက် များဖြစ်သော Coca Cola ,Energy drink အစရှိသော အချိုရည်များကို ရာသီဥတု ပူပူတွင် energy drink တစ်လုံးသောက်လိုက်ရရင်လန်းဆန်းတက်ကြွပြီးအမောပြေ သည်။
သကြားဓာတ် သည် ခန္ဓာ ကိုယ် အတွက်အရေး ကြီးသော စွမ်းအင်တစ်မျိုးဖြစ်သောကြောင့် နေ့စဉ်လိုအပ်သော အစားစာ လဲဖြစ်သည် သို့သော် တန်ဆေးလွန်ဘေး ဆိုတဲ့စကား အတိုင်းသကြား သုံးစွဲမှု လွန်ကဲ လာ လျှင် ခန္ဓာ ကိုယ် တွင်ဖြစ်ပေါ်လာ နိုင်သော ဆိုးကျိုးများမှာ
၁။ ကိုယ်အလေးချိန် တက်ခြင်း
၂။ဆီးချိုရောဂါ (ဆီးချိုနှင့်ဆက်စပ်ပြီးကျောက်ကပ်ရောဂါဖြစ်နိုင်ချေမြင့်တက်လာခြင်း)
၃။အသည်းဆီဖုံး ရောဂါ
၄။နှလုံးရောဂါ
၅။သွေးတိုးရောဂါ(သွေးတိုးနှင့်ဆက်စပ်ပြီးလေဖြတ်ဖို့အခွင့်လမ်းများလာနိုင်ခြင်း)
၆။ကင်ဆာ ရောဂါဖြစ်ဖို့အခွင်လမ်းများခြင်း
၇။သကြားစားသုံးမှုလွန်ကဲခြင်းကြောင့် သွားများပျက်စီးခြင်း
အစရှိသည်တို့ဖြစ်လာနိုင်ပါသည်
အထက်ပါအချက်များတွင်သကြားသုံးစွဲမှု လွန်ကဲခြင်းကြောင့် အလျင်မြန်ခံစားနိုင်ရသော အချက်မှာ သွားပိုးစားချင်းပင်ဖြစ်သည် သွားပိုးစားသွားကိုက်သွားနာလာလျင် ငွေကြေးကုန်ကျမှု များပြီး အလွန်တရာ နေရထိုင်ရခက်အောင် ဝေဒနာ ခံစား ရလေ့ရှိသည်
ပြီးခဲ့သည့် Euro2020 အတွင်းသတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် နာမည်ကျော် Portugal အသင်းခေါင်းဆောင် Cristiano Ronaldo မှ Coca Cola သောက်မည့်အစားရေ သာ သောက်သုံးရန် သတင်းစာ ရှင်းလင်းပွဲတစ်ခု တွင်ပြော ကြားwခဲ့ သည်ကို မှတ်မိကြမည်ထင်ပါတယ် ..ထို coca cola အချိုရည် အပါဝင် အချိုရည်များတွင်ပါသော သကြားပမာဏ များကိုတော့ ပုံတွင်ကြည့်ရှု လေ့လာနိုင်ပါကြောင်း........👇🏻👇🏻👇🏻👇🏻
ဆေးခန်းလိပ်စာကတော့
🦷 Htoo Hla Premium Dental care 🦷
Phone📞📞📞09401535130,09965650485,09444515286,09962678948📞📞📞
Google map link လေး👇🏻👇🏻👇🏻
https://goo.gl/maps/xzGZ9JPNTvMyPEr98
အမှတ် ၉၆ /စိမ်းလဲ့သာယာ( စိမ်းလဲ့ကန်သာ) လမ်း ၊၃၂ ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ရန်ကုန်မြို့
အနီးဆုံးကားမှတ်တိုင် #ဆက်သွယ်ရေး ကားမှတ်တိုင် ပင်လုံလမ်းမ ၃၂ ရပ်ကွက် ဒဂုံမြို့သစ်မြောက်ပိုင်း ရန်ကုန်မြို့
Banking ( digital payment) ဖြင့်ပေးချေလို သူများ အတွက် KBZ mbanking,Aya mbanking, Kpay နှင့် AYA payတို့ဖြင့်လည်း ရာခိုင်နှုန်း အပို ထပ်ပေးစရာမလိုပဲ အပြည့်ဝ ပေးချေနိုင်ပါပြီ