Nyein Dental Clinic
Nyein Dental Clinic Dental Clinic offering a great opportunity with positive and enjoyable dental experience which will
အချိုကြိုက်ရင်တော့  ကြံခင်း မှာနေပါအနေဖြောင့်ချင်ရင် 'မကွေး' မှာ နေပါ ရောင့်ရဲတတ်ရင် 'ဘိတ်' မှာ နေပါ အပေါ်ယံ သမားဆို 'ဖြ...
25/05/2023
အချိုကြိုက်ရင်တော့ ကြံခင်း မှာနေပါ
အနေဖြောင့်ချင်ရင် 'မကွေး' မှာ နေပါ
ရောင့်ရဲတတ်ရင် 'ဘိတ်' မှာ နေပါ
အပေါ်ယံ သမားဆို 'ဖြူး' မှာ နေပါ
လမ်းဆုံကြိုက်ရင် 'ဂွ' မှာ နေပါ
မနှေးချင်ရင် 'မြန်အောင်'မှာ နေပါ
သူများ ပုခုံးထက်က လိုက်ချင်ရင် 'ဝေါ' မှာ နေပါ
ရေပေါပေါ သုံးချင်ရင် 'မြစ်ကြီးနား' မှာ နေပါ
ပျင်းနေရင် 'ပျော်ဘွယ်' မှာနေပါ
အစိုမကြိုက် ရင် 'ချောက်' မှာ နေပါ
အမြင့် တက်ချင်ရင် 'ထန်းတပင်' မှာ နေပါ
စွပ်ပြုတ် သောက်ချင်ရင် 'ဝက်လက်' မှာ နေပါ
မသောက်ဘဲ မူးချင်ရင် 'တမူး' မှာ နေပါ
ရေသောက်များရင် 'ပေါက်' မှာ နေပါ
အသက် မကြီးချင်ရင် 'ကလေး' မှာ နေပါ
အပျိုကြီး မဖြစ်ချင်ရင် 'ရွှေပန်းတော' မှာ နေပါ
သားသမီး လိုချင်ရင် 'ပူတာအို' မှာနေပါ
စာမသင်ချင်ရင် 'ဝမ်းတွင်း' မှာ နေပါ
မင်းမရှိတဲ့ အရပ်မှာ နေချင်ရင် 'မင်းကင်း'မှာ နေပါ
ရန်မများချင်ရင် 'ရန်ကုန်' မှာ နေပါ
ရုန်းကန်ချင်ရင် 'သဲတော' မှာ နေပါ
စကားကြောမပြတ်ရင် 'လေရှီး' မှာ နေပါ
မကြောက်တတ်ရင် 'တောင်စွန်း' မှာ နေပါ
ဆေးမသုတ်ချင်ရင် 'အိမ်မဲ' မှာ နေပါ
ကားမစီးချင်ရင် 'လှည်းကူး' မှာ နေပါ။
သွားနှင့်ပတ်သက်ပြီးအရာရာ ပူပန်နေရရင်
'Nyein' သွားဆေးခန်းကို လာပြနေပါ။
-Credit
📣 သွားကျန်းမာရေးနဲ့ သွားအလှအပ အတွက်ဆိုလျှင် Nyein Dental Clinic ကိုသတိရလိုက်ပါ။🦷 Nyein Dental Clinic မှ ရရှိနိုင်သည့် ဝန...
20/05/2023
📣 သွားကျန်းမာရေးနဲ့ သွားအလှအပ အတွက်ဆိုလျှင် Nyein Dental Clinic ကိုသတိရလိုက်ပါ။
🦷 Nyein Dental Clinic မှ ရရှိနိုင်သည့် ဝန်ဆောင်မှုများ
💧Consultation & Check-Up
သွားကျန်းမာရေး စစ်ဆေးခြင်းနှင့် ဆွေးနွေးပေးခြင်း
💧Dental Implant
သွားမြစ်တုထည့်ပြီး အစားထိုးကုသခြင်း
💧Orthodontic Treatment
သွားညှိကုသခြင်း
💧Laser Teeth Whitening Treatment
လေဆာဖြင့် သွားများဖြူဖွေးစေရန် ပြုလုပ်ပေးခြင်း
💧Dental Veneers
သွားမျက်နှာပြင် ဖြူဖွေးလှပစေရန် ကြေလွှာကပ်ခြင်း
💧Tooth Cavity Restoration with Composite
လေဆာဖြင့် သွားဖာထေးပြုပြင်ပေးခြင်း
💧Root Canal Treatment
သွား အကြောထုတ် ကုသခြင်း
💧Skyce
သွားမျက်နှာပြင်တွင် စိန်ကပ်ပေးခြင်း
💧Scaling & Polishing
သွားကျောက်ခြစ်ခြင်းနှင့် သွားသန့်ရှင်းရေးပြုလုပ်ပေးခြင်း
💧Dental Extraction & Impaction
ရိုးရိုးသွားနှုတ်ခြင်းနှင့် အံဆုံးသွား ခွဲစိတ်နှုတ်ခြင်း
💧Dental Crown & Bridge
အစွပ်စွပ်ပြီး သွားအသေစိုက်ခြင်း
💧Denture
အံကပ်ပြုလုပ်ပေးခြင်း
💧Digital Dental X-rays
ဒီဂျစ်တယ် သွားဓာတ်မှန်ရိုက်ခြင်း
🏘️ လိပ်စာ -အမှတ် (၅၉/၆၁)၊ အောင်မေတ္တာလမ်းမကြီး၊(မြေညီထပ်)၊ (၁)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်။
✳️ လူကြိုမင်းတို့​၏ တန်ဖိုးရှိသော အချိန်များကို စောင့်ဆိုင်းခြင်းဖြင့် ကုန်ဆုံးခြင်းမဖြစ်စေရအောင် ကြိုတင်ရက်ချိန်း ရယူပေးပါ ရှင့်။
☎️ 09 4200 46634
#သွားဆေးခန်း
🌟20% OFF YEAR END PROMO 🌟မကြာမီရောက်ရှိလာမည့် နှစ်သစ်နှင့်အတူ 🦷"ငြိမ်း"🦷 သွားနှင့်ခံတွင်းအား အစဉ်တစိုက် ယုံကြည်စွာ လာရော...
22/12/2022
🌟20% OFF YEAR END PROMO 🌟
မကြာမီရောက်ရှိလာမည့် နှစ်သစ်နှင့်အတူ 🦷"ငြိမ်း"🦷 သွားနှင့်ခံတွင်းအား အစဉ်တစိုက် ယုံကြည်စွာ လာရောက်ပြသလျက် ရှိသော လူနာများအတွက် နှစ်သစ်ကူးအကြို Promotion 😮များပေးသွားများဖြစ်ကြောင်း အသိပေးပါရစေ ရှင့်။
✅ သွားအသေစိုက်ခြင်း အမျိုးမျိိုး(Dental Crown and Bridge) အတွက် 20% OFF ပေးထားပါတယ်ရှင့်။ သွားတုအစွပ်အမျိုးအစားများမှာ
1️⃣ Zarconia Crown (ကြွေချည်းသပ်သပ် ကြွေသွားအစွပ်)
🦷သဘာဝသွားနှင့်အတူဆုံးအလှဆုံးဖြစ်ပြီး မာကြောမှုအရှိဆုံးသွားတုဖြစ်၍ ရှေ့သွား၊နောက်သွားများအတွက်သင့်တော်ပါတယ်။ MRI ရိုက်ဖို့လိုအပ်သောလူနာများအတွက်လည်း ပိုသင့်တော်ပါတယ်။
2️⃣ Porcelain Fused to Metal PFM (သတ္တုစပ်ကြွေသွား)
🦷ဒုတိယအကောင်းဆုံးကြွေသွားဖြစ်သည်။ဘေးသွားအရောင်လေးတိုင်းရွေးလို့ရ၍ ခိုင်ခံ့လှပသည်။ ဈေးအသင့်တင့်နှင့် အသုံးအများဆုံးသွားတုပါ။
3️⃣ Metal or Nickle Crown (သတ္တုသွားအစွပ်)
🦷ဈေးအသက်သာဆုံးဖြစ်သော်လည်း ခိုင်ခံ့မှုရှိသောကြောင့်နောက်သွားများတွင် အသုံးများသောသွားတုအစွပ်ဖြစ်ပါတယ်။
✅ သွားအရှင် အံကပ်ပြုလုပ်ပေးခြင်း(Removable Denture)အတွက် 20% OFF ပေးထားပါတယ်ရှင့်။
1️⃣အံကပ်အမာ (Acrylic Denture)
2️⃣အံကပ်အပျော့ (Flexible Denture)
3️⃣သတ္တုအံကပ် (Metal Denture)
✅လေဆာဖြင့် သွားဖြူအောင် ပြုလုပ်ခြင်း(Laser Whitening)အတွက် 20% OFF ပေးထားပါတယ်ရှင့်။
*️⃣ကော်ဖီ၊ Bubble Tea အသောက်များလို့ သွားဝါနေသူများ၊ သွားအရောင် မလှသူ
များအတွက် Laser Tooth Whitening Treatment ဖြင့် မိနစ် ၃၀သာ အချိန်ပေး၍
သွားများဖြူဖွေးတောက်ပစေနိုင်ပါပြီ။🦷🦷🦷
✅သွားကျောက်သန့်စင်ခြင်း၊ သွားအရောင်တင်ခြင်း နှင့် သွားအလှစိန် 💎တပ်ခြင်း (Dental Scaling ၊ Dental Polishing and Dental Skyce)အတွက် 20% OFF ပေးထားပါတယ်ရှင့်။
*️⃣သွားတိုက်တိုင်းသွားဖုံးမှ သွေးထွက်နေသူများ၊ ခံတွင်းအနံ့ဆိုးထွက်၍ လူအများကြား စကားပြောရန် မဝံ့မရဲဖြစ်နေသူများ (၆)လတစ်ကြိမ် သွားကျောက်ခြစ်သင့်ပါသည်။
📌 အရေအသွေးကောင်းသောပစ္စည်းများနှင့် ကျွမ်းကျင်သောဆရာဝန်များမှ ကုသစရိတ်အသင့်အတင့်ဖြင့် ကုသပေးလျက်ရှိပါသည်။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
🦷"ငြိမ်း" သွားနှင့်ခံတွင်း ဆေးခန်း 🦷
⏰မနက် (၉)နာရီမှ ညနေ(၉)နာရီ အထိ (နေ့စဉ် ပိတ်ရက်မရှိ) ဖွင့်လှစ်ထားပါတယ်ရှင့်။
✳️ လူကြိုမင်းတို့​၏ တန်ဖိုးရှိသော အချိန်များကို စောင့်ဆိုင်းခြင်းဖြင့် ကုန်ဆုံးခြင်းမဖြစ်စေရအောင် ကြိုတင်ရက်ချိန်း ရယူပေးပါ ရှင့်။
💙"ငြိမ်း" သွားနှင့်ခံတွင်း ဆေးခန်း (လှိုင်)
🏘️ အမှတ် (၅၉/၆၁)၊ အောင်မေတ္တာလမ်းမကြီး၊(မြေညီထပ်)၊ (၁)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်။
🧡"ငြိမ်း" သွားနှင့်ခံတွင်း ဆေးခန်း (ဒေါပုံ)
🏘️အမှတ် (၂၁/ A)၊ ဗိုလ်တေဇလမ်း ၊ ဗိုလ်ထွန်းစံရပ်ကွက် ၊ ဝက်စုမှတ်တိုင်အနီး၊မင်းနန္ဒာကျောကပ်လမ်း၊ သစ္စာလမ်းနှင့် ဗိုလ်ဗထူးလမ်းကြား အပိုင်း၊ ဒေါပုံမြို့နယ်၊ရန်ကုန်မြို့။
☎️ 09 4200 46634, 09 79966 5198
"သွားတွေ ဘာကြောင့် မဖြူသလဲ"🦷        သွားတွေ ဘာကြောင့်  မဖြူသလဲ ခေါင်းစဉ်အောက်မှာ ဆိုရင်ဖြင့်  အောက်ပါပုံများကို ကြည့်ခြင...
11/12/2022
"သွားတွေ ဘာကြောင့် မဖြူသလဲ"
🦷 သွားတွေ ဘာကြောင့် မဖြူသလဲ ခေါင်းစဉ်အောက်မှာ ဆိုရင်ဖြင့် အောက်ပါ
ပုံများကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ် ခင်ဗျာ။
⏰ ဆေးခန်းဖွင့်ချိန် မနက် ၁၀နာရီ မှ ည ၈နာရီ⏰
☎️ 09 4200 46634၊ 09 799 66 5198
🏡 အမှတ် ၅၉/၆၁၊အောင်မေတ္တာလမ်း၊(လှိုင်စျေးကြီးလမ်း)၊(၁)ရပ်ကွက်၊လှိုင်မြို့နယ်။
"သွားဖြူအောင် ပြုလုပ်ခြင်း" ၁။           သွားဖြူအောင်ပြုလုပ်ခြင်းနှင့်  ကျောက်ခြစ်ခြင်းမှာ  မတူညီပါ။ ကျောက်ခြစ်ခြင်းမှာ ...
09/12/2022
"သွားဖြူအောင် ပြုလုပ်ခြင်း"
၁။ သွားဖြူအောင်ပြုလုပ်ခြင်းနှင့် ကျောက်ခြစ်ခြင်းမှာ မတူညီပါ။
ကျောက်ခြစ်ခြင်းမှာ သွားပတ်ပတ်လည်တွင် ကပ်နေတဲ့ အညစ်အကြေး ကျောက်
များကို သန့်ရှင်းစေရန် ဖယ်ရှားခြင်း ဖြစ်ပါတယ်။ သွားဖြူအောင်ပြုလုပ်ခြင်းမှာ
မူလသွားအရောင်ဖြစ်တဲ့ အဖြူရောင်မှ အကြောင်းအမျိုးမျိုးကြောင့် ဝါနေတဲ့
သွားများကို ပြန်လည်ဖြူဖွေးအောင် ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ပြန်လည်ဖြူဖွေး
လာအောင် ပြုလုပ်လို့ရတဲ့သွားတွေရှိသလို ဆေးနဲ့ ပြန်လည်ဖြူဖွေးအောင် လုပ်လို့
မရတော့တဲ့ သွားများလည်း ရှိပါတယ်။ ဆေးနဲ့ဖြူအောင် လုပ်လို့မရပါက သွား
အစွပ်ကို အသုံးပြုခြင်း နှင့် သွားကြွေလွှာကပ်ခြင်းတို့ကို ပြုလုပ်လို့ရပါတယ်။
၂။ သွားဖြူအောင် ပြုလုပ်ရာတွင် ပြုံးလိုက်ရယ်လိုက်ရင် ပေါ်လာမယ့်
ရှေ့သွားများကို ဖြူအောင် ပြုလုပ်ကြပါတယ်။ အများအားဖြင့် ရယ်လိုက်ရင်
မြင်ရတဲ့ အပေါ်ဘက် အရှေ့သွား(၁၀)ချောင်း၊ အောက်ဘက် ရှေ့သွား(၁၀)ချောင်း
ကိုဖြူအောင် ပြုလုပ်ကြပါတယ်။
၃။ သွားဖြူအောင် ပြုလုပ်ရန် အချိန် တစ်နာရီမှ တစ်နာရီခွဲခန့်အထိ ကြာ
နိုင်ပါတယ်။ ကုသနေစဉ် သွားကျဉ်ခြင်းခံစားရပါက ကုသချိန်လျှော့ကာ ပြုလုပ်
လေ့ရှိပါတယ်။
၄။ သွားဖြူအောင် မကုသခင်မှာ သွားအပေါက်ဖြစ်ပြီး မဲနေတဲ့ သွားတွေကို
ကြိုတင်ဖာထားသင့်ပါတယ်။
၅။ သွားဖြူအောင် ကုသမှုပေးပြီးနောက် လူနာတချို့မှာ သွားကျဉ်ခြင်းကို
ရက်အနည်းငယ်ကြာ ခံစားရတတ်ပါတယ်။ သွားကျဉ့်ပျောက်စေတဲ့ သွားတိုက်
ဆေး၊ သွားကျဉ့်ပျောက်စေတဲ့ ဖရိုရိုက်တို့ကို အသုံးပြုပါက အမြန်သက်သာစေ
နိုင်ပါတယ်။
၆။ ကုသမှုပြီးနောက် ဆေးလိပ်၊ ကော်ဖီ၊ အနီရောင်ဝိုင်ကဲ့သို့ အရောင်စွန်း
စေတဲ့ အစားအသောက်တွေကို တစ်ပါတ်ခန့် ရှောင်သင့်ပါတယ်။ ကြာကြာရှောင်
နိုင်ရင် ပိုကောင်းပါတယ်။
၇။ သွားဖြူအောင် ကုသမှုပေးပြီးနောက် ပူလွန်း၊ အေးလွန်းတဲ့ အစားအစာ
တွေကို (၁)ပါတ်ခန့် မစားမသောက်ပဲ ရှောင်နိုင်ရင် သွားကျဉ်တာကို ကာကွယ်တဲ့
သဘောမို့ ပိုကောင်းပါတယ်။
၈။ သွားဖြူအောင်ကုသမှုပေးပြီးနောက် သန့်ရှင်းရေးသေချာလုပ်မယ်ဆိုရင်
အချိန်(၂)နှစ်ခန့်အထိ သွားတွေဖြူနေမှာ ဖြစ်ပါတယ်။ သွားသေချာမတိုက် သန့်ရှင်း
ရေးမလုပ်ရင်တော့ အချိန်ကြာကြာ ဖြူမှာ မဟုတ်ပါဘူးခင်ဗျာ။
👉နောက်တစ်ပို့စ်တွင် သွားမဖြူရခြင်း အကြောင်းများကို ရှင်းပြပေးသွားမှာဖြစ်ပါ
တယ်။
⏰ ဆေးခန်းဖွင့်ချိန် မနက် ၉:၃၀နာရီ မှ ည ၈နာရီ⏰
☎️ 09 4200 46634၊ 09 799 66 5198
🏡 အမှတ် ၅၉/၆၁၊အောင်မေတ္တာလမ်း၊(လှိုင်စျေးကြီးလမ်း)၊(၁)ရပ်ကွက်၊လှိုင်မြို့နယ်။
လူနာကမလှတော့တဲ့စိုက်သွားအဟောင်းကိုပြန်လဲချင်တယ် သဘာဝသွားအရောင်နဲ့တစ်ထပ်တည်းကျတာလဲလိုချင်တယ်။ MRI (Magnetic Resonance Ima...
11/02/2022
လူနာကမလှတော့တဲ့စိုက်သွားအဟောင်းကိုပြန်လဲချင်တယ် သဘာဝသွားအရောင်နဲ့တစ်ထပ်တည်းကျတာလဲလိုချင်တယ်။ MRI (Magnetic Resonance Imaging)ရိုက်လေ့ရှိတယ်ပြောပါတယ်။
လူနာလိုချင်တဲ့အချက်အလက်တွေနဲ့အကိုက်ညီဆုံး Zarconia ကြွေသွားကိုအသုံးပြု ပြီးစိုက်ပေးထားပါတယ်။
Zarconiaကြွေသွားရဲ့အားသာချက်တွေကတော့ ပုံမှန်စိုက်သွားထက်ပိုမိုမာကြောပြီး သဘာဝသွားအရောင်နဲ့ထပ်တူကျပါတယ်။MRIရိုက်ရင်လည်းစိုက်သွားကိုပြန်ဖြုတ်စရာမလိုပါ။ တခြားသတ္တုအောက်ခံကြွေသွား (PFM)၊ သတ္တုသွား(Metal)တွေနဲ့စိုက်ထားပါက MRIရိုက်ရင်ပြန်ဖြုတ်ခိုင်းပါတယ်။
လူနာကတော့ယုံကြည်မှုရှိရှိပြုံးရယ်နိုင်လို့ ပျော်သွားလေရဲ့။
⏰ ဆေးခန်းဖွင့်ချိန် မနက် ၁၀နာရီ မှ ည ၈နာရီ⏰
☎️ 09 4200 46634၊ 09 799 66 5198
🏡 အမှတ် ၅၉/၆၁၊အောင်မေတ္တာလမ်း၊(လှိုင်စျေးကြီးလမ်း)၊(၁)ရပ်ကွက်၊လှိုင်မြို့နယ်။
မနက်ဖြန် (10.12.2021) ဆေးခန်းတစ်ရက်ပိတ်ပါသည်ခင်ဗျာ။အရေးပေါ် သွားနာ၊သွားကိုက်လူနာများအနေဖြင့် ဖုန်း-09420046634,097996651...
09/12/2021
မနက်ဖြန် (10.12.2021) ဆေးခန်းတစ်ရက်ပိတ်ပါသည်ခင်ဗျာ။အရေးပေါ် သွားနာ၊သွားကိုက်လူနာများအနေဖြင့် ဖုန်း-09420046634,09799665198 သို့ဆက်သွယ်ကာ မေးမြန်းစုံစမ်းနိုင်ပါသည်ခင်ဗျာ။
(Zawgyi)ဆေးခန်းပြန်လည်ဖွင့်လှစ်ခြင်း     🔔 Emergency အရေးပေါ် သွားကိုက် / သွားနာ ဆေးသောက်လည်း မသက်သာသည့် သွားနှင့်ခံတွင်း...
22/10/2020
(Zawgyi)
ဆေးခန်းပြန်လည်ဖွင့်လှစ်ခြင်း
🔔 Emergency အရေးပေါ် သွားကိုက် / သွားနာ ဆေးသောက်လည်း မသက်သာသည့် သွားနှင့်ခံတွင်း လူနာများ အတွက် “ငြိမ်း” သွားနှင့်ခံတွင်းဆေးခန်းအား မနက် (၁၀ )နာရီမှ ညနေ (၈)နာရီ အထိ ပြန်လည်ဖွင့်လှစ်နေပီ ဖြစ်ပါသည်။
လာရောက်ကုသမည့် လူနာများနှင့် ဆရာဝန်အကြား ရောဂါမပြန့်ပွားရေးအတွက် စိတ်ချလုံခြုံမှု ရှိစေရန် အောက်ပါ ဆောင်ရန်/ရှောင်ရန်လေးတွေကို လိုက်နာစေလိုပါတယ် ခင်ဗျာ။
🔺(1) ဆေးခန်းပြမည့်သူများအနေဖြင့် ကြိုတင်ရက်ချိန်းရယူရန်လိုအပ်ပါသည်။Appointment system only ဖြစ်ပီး Page chat box မှဖြစ်စေ၊ ဆေးခန်းနှင့်နီးသူများ လမ်းလျှောက်လာပီး ဖြစ်စေ၊ 09420046634 သို့ ဖုန်းဆက်သည်ဖြစ်စေ ရက်ချိန်း Booking လုပ်ထားသူများသာ လက်ခံကုသ ပေးသွားမည်ဖြစ်ပါသည်။
🔺(2)တစ်နေ့လျှင် လူနာ(၅)ဦး သာ လက်ခံကုသပေးမည်ဖြစ်ပါသည်။
🔺(3) Social Distancing အတွက် သတ်မှတ်ထားသောနေရာတွင်သာထိုင်ရန်လိုအပ်ပါသည်။
🔺(4) ဆေးခန်းသို့လာလျှင် လူနာနှင့်တကွ လူနာစောင့်အဖြစ် နောက်တစ်ယောက် ပေါင်း ၂ယောက်သာ လာပေးကြပါရန်။
🔺(5) လူနာနှင့်တကွ မိသားစုဝင်အတွင်းမှမည်သူမဆို လက်ရှိ သို့မဟုတ် ရက်သတ္တပါတ် (၇)ရက်အတွင်း ဖျားနာမှု ရှိပါက ကြိုတင်အသိပေးကြပါရန်။
🔺 (6) ဆေးခန်းသို့ရောက်လျှင်
🛎 သတ်မှတ်ထားသော နေရာတွင် ရပ်ခြင်း
🛎 လက်ဆေးခြင်း
🛎 ကိုယ်အပူချိန် တိုင်းခြင်း
🛎 သတ်မှတ်ထားသော အကာအကွယ် ပစ္စည်းများ ဝတ်ဆင်ခြင်းများကို ပူးပေါင်းဆောင်ရွက်ပေးပါ ခင်ဗျာ။
🔺(7) ဤ ကာလအတွင်း လူအများအပြား စုရုံးနေမှုမဖြစ်စေရန် Appointment ဖြင့်သာ လက်ခံကုသပေးသွားမည်ဖြစ်လို့ ဆေးခန်းဖုန်းနံပါတ် 09420046634 သို့ တစ်ရက်ကြိုတင် ဆက်သွယ်၍ Booking လုပ်ပေးကြပါရန် မေတ္တာ ရပ်ခံပါတယ် ခင်ဗျာ။
✳️ ရောဂါပိုးသန့်စင်ခြင်းနှင့် ကာကွယ်ရေးပစ္စည်းများအသုံးပြုခြင်း ဝန်ဆောင်မှုအတွက် ပုံမှန်ထက် အနည်းငယ်ပို ကျသင့်ပါမည်။
(အခြားဆေးဝါးကုသသည့်စရိတ်များမှာ ပုံမှန်အတိုင်းသာကျသင့်ပါမည်။
✳️ရောဂါပိုးမကူးစက်စေရန် တစ်ခါသုံး ဆေးထိုးအပ်၊လက်အိတ်၊ခွက်နှင့် ဖိအားသုံးပိုးသတ်စက် (Autoclave) ဖြင့်စနစ်တကျ ပိုးသတ်ထားသော ပစ္စည်းကိရိယာများဖြင့်သာ အသုံးပြု ကုသပေးပါသည်။
✳️လူနာတစ်ယောက် ကုသမှု ပြီးသွားလျှင်လည်း dental chair နှင့် အခန်းအတွင်းအား အချိန်ပေးပြီး သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ခြင်းများ ပြုလုပ်ခြင်းများ ပြုလုပ်ပါသည်။
09-420046634
09-799665198
ဆေးခန်းပြန်လည်ဖွင့်လှစ်ခြင်း
🔔 Emergency အရေးပေါ် သွားကိုက် / သွားနာ ဆေးသောက်လည်း မသက်သာသည့် သွားနှင့်ခံတွင်း လူနာများ အတွက် “ငြိမ်း” သွားနှင့်ခံတွင်းဆေးခန်းအား မနက် (၁၀ )နာရီမှ ညနေ (၈)နာရီ အထိ ပြန်လည်ဖွင့်လှစ်နေပီ ဖြစ်ပါသည်။
လာရောက်ကုသမည့် လူနာများနှင့် ဆရာဝန်အကြား ရောဂါမပြန့်ပွားရေးအတွက် စိတ်ချလုံခြုံမှု ရှိစေရန် အောက်ပါ ဆောင်ရန်/ရှောင်ရန်လေးတွေကို လိုက်နာစေလိုပါတယ် ခင်ဗျာ။
🔺(1) ဆေးခန်းပြမည့်သူများအနေဖြင့် ကြိုတင်ရက်ချိန်းရယူရန်လိုအပ်ပါသည်။Appointment system only ဖြစ်ပီး Page chat box မှဖြစ်စေ၊ ဆေးခန်းနှင့်နီးသူများ လမ်းလျှောက်လာပီး ဖြစ်စေ၊ 09420046634 သို့ ဖုန်းဆက်သည်ဖြစ်စေ ရက်ချိန်း Booking လုပ်ထားသူများသာ လက်ခံကုသ ပေးသွားမည်ဖြစ်ပါသည်။
🔺(2)တစ်နေ့လျှင် လူနာ(၅)ဦး သာ လက်ခံကုသပေးမည်ဖြစ်ပါသည်။
🔺(3) Social Distancing အတွက် သတ်မှတ်ထားသောနေရာတွင်သာထိုင်ရန်လိုအပ်ပါသည်။
🔺(4) ဆေးခန်းသို့လာလျှင် လူနာနှင့်တကွ လူနာစောင့်အဖြစ် နောက်တစ်ယောက် ပေါင်း ၂ယောက်သာ လာပေးကြပါရန်။
🔺(5) လူနာနှင့်တကွ မိသားစုဝင်အတွင်းမှမည်သူမဆို လက်ရှိ သို့မဟုတ် ရက်သတ္တပါတ် (၇)ရက်အတွင်း ဖျားနာမှု ရှိပါက ကြိုတင်အသိပေးကြပါရန်။
🔺 (6) ဆေးခန်းသို့ရောက်လျှင်
🛎 သတ်မှတ်ထားသော နေရာတွင် ရပ်ခြင်း
🛎 လက်ဆေးခြင်း
🛎 ကိုယ်အပူချိန် တိုင်းခြင်း
🛎 သတ်မှတ်ထားသော အကာအကွယ် ပစ္စည်းများ ဝတ်ဆင်ခြင်းများကို ပူးပေါင်းဆောင်ရွက်ပေးပါ ခင်ဗျာ။
🔺(7) ဤ ကာလအတွင်း လူအများအပြား စုရုံးနေမှုမဖြစ်စေရန် Appointment ဖြင့်သာ လက်ခံကုသပေးသွားမည်ဖြစ်လို့ ဆေးခန်းဖုန်းနံပါတ် 09420046634 သို့ တစ်ရက်ကြိုတင် ဆက်သွယ်၍ Booking လုပ်ပေးကြပါရန် မေတ္တာ ရပ်ခံပါတယ် ခင်ဗျာ။
✳️ ရောဂါပိုးသန့်စင်ခြင်းနှင့် ကာကွယ်ရေးပစ္စည်းများအသုံးပြုခြင်း ဝန်ဆောင်မှုအတွက် ပုံမှန်ထက် အနည်းငယ်ပို ကျသင့်ပါမည်။
(အခြားဆေးဝါးကုသသည့်စရိတ်များမှာ ပုံမှန်အတိုင်းသာကျသင့်ပါမည်။
✳️ရောဂါပိုးမကူးစက်စေရန် တစ်ခါသုံး ဆေးထိုးအပ်၊လက်အိတ်၊ခွက်နှင့် ဖိအားသုံးပိုးသတ်စက် (Autoclave) ဖြင့်စနစ်တကျ ပိုးသတ်ထားသော ပစ္စည်းကိရိယာများဖြင့်သာ အသုံးပြု ကုသပေးပါသည်။
✳️လူနာတစ်ယောက် ကုသမှု ပြီးသွားလျှင်လည်း dental chair နှင့် အခန်းအတွင်းအား အချိန်ပေးပြီး သန့်ရှင်းရေးပြုလုပ်ခြင်း၊ ပိုးသတ်ခြင်းများ ပြုလုပ်ခြင်းများ ပြုလုပ်ပါသည်။
09-420046634
09-799665198
08/10/2020
🛎 ဒီအချိန်မှာ ကပ်ရောဂါ အခြေအနေကြောင့် ဆေးခန်းကို ယာယီပိတ်ထားရပါတယ် ခင်ဗျ။ကိုယ်တိုင်က သွားဆရာဝန် ဆိုပေမဲ့ သွားကိုက်တဲ့ဝေဒနာကို ခံစားဖူးတဲ့အတွက် ကိုယ်ချင်းစာမိပါတယ် (အတော်ခံစားရခက်တဲ့ ဝေဒနာပါ)။
ဒီလိုအချိန်မှာ သွားဆေးခန်းများ ပိတ်ထားတာရယ်၊ အပြင်မထွက်ရဲတာကြောင့် ကျွန်တော်လူနာများ ရောဂါဝေဒနာ ခံစားရလျှင် အခက်အခဲ ဖြစ်နေမှာကို ကိုယ်ချင်းစာမီပါတယ်။
-ထို့ကြောင့် မိမိခံစားနေရသော ဝေဒနာ အသေးစိတ် (သွားကနာနေတာလား၊ သွားအငုတ်လေးက နာပီး ကိုက်နေတာလား၊ သွားပိုးပေါက်က ကိုက်နေတာလား၊ သွားဖုံးတွေက ယောင်နေတာလား၊ မျက်နှာတခြမ်းအထိပါ ယောင်နေတာလား၊ သွားကျင်နေရုံပဲလား ..စသည်ဖြင့်) မတည့်သောဆေး၊ စွဲသောက်နေရသောဆေး၊ ရောဂါအခံများရှိရင် message မှာရေးပေးထားပါ...တနေ့လျှင် ၂နာရီခန့် အချိန်ပေးပီး ဖြေကြားပေးပါမယ်။
-အန္တရာယ်ကင်းပီး အမြန်သက်သာစေမဲ့ နည်းလမ်းများ၊ ဆေးများကို အကြံပေးဆွေးနွေးပေးပါ့မယ် ခင်ဗျ/ရှင့်။
“ငြိမ်း” သွားနှင့်ခံတွင်းဆေးခန်းမှာ လာရောက်ပြသကြသော လူနာရှင် မိဘပြည်သူများအားလုံး ကပ်ရောဂါ ဘေးမှ ကင်းဝေးကြပါစေ ခင်ဗျာ/ရှင့်။
(Zawgyi Version)
“ဘေးသွားများကို အသုံးပြုပီး တံတားထိုးသွားစိုက်ခြင်း”🛎သွားနှုတ်ထားပြီးလျှင်  သွားပြန်စိုက်ဖို့ လိုအပ်ပါသည်။သွားတစ်ချောင်း...
24/08/2020
“ဘေးသွားများကို အသုံးပြုပီး တံတားထိုးသွားစိုက်ခြင်း”
🛎သွားနှုတ်ထားပြီးလျှင် သွားပြန်စိုက်ဖို့ လိုအပ်ပါသည်။သွားတစ်ချောင်းနှုတ်ထားရလျှင် ဘေးသွားနှစ်ချောင်းကို အနည်းငယ်သေးကာ အစွပ်ပြုလုပ်ပီး သွားစိုက်နိုင်ပါသည်။
တံတားထိုးသွားစိုက်ခြင်း ( dental bridge ) ဖြစ်ပါသည်။ သွားနှစ်ချောင်းမရှိလျှင်လည်း
အလားတူ စိုက်နိုင်ပါသည်။
1️⃣။ တံတားထိုးသွားစိုက်ခြင်းမှာ အံကပ်ကဲ့သို့ ဖြုတ်စရာမလိုပါ။ ဒါကြောင့် သွားအသေစိုက်ခြင်းဟု ခေါ်ကြပါသည်။
2️⃣။ သွားအရောင်နှင့်တူသော အစွပ်များကို အသုံးပြုပီး သွားစိုက်နိုင်ပါတယ်။
3️⃣။ သဘာဝသွားများကဲ့သို့ သွားနှင့်ခံတွင်းသန့်ရှင်းရေးကို မှန်မှန်ပြုလုပ်ပေးပါက နှစ်ကာလကြာရှည်စွာ အသုံးပြုနိုင်ပါတယ်။
4️⃣။ စိုက်မည့်နေရာအပေါ် မူတည်ပီး ရှေ့သွားတွေကို သွားအရောင်၊ နောက်သွားတွေကို ငွေရောင် စသဖြင့် မိမိစိတ်ကြိုက် ရွေးချယ်နိုင်ပါတယ်။ သွားအားလုံးကို သွားအရောင်အသုံးပြုပီးလည်း စိုက်နိုင်ပါတယ်။
5️⃣။ သတိပြုရမည့်အချက်တွေကတော့ စွပ်ထားတာက ဟနေရင်၊ အစာတွေညှပ်ရင် သွားနှင့်ခံတွင်းဆေးခန်းမှာ ချက်ချင်းပြန်ပြပီး လိုအပ်သလို ပြုပြင်ရပါမယ်။ အစာတွေ ဝင်နေရင် အထဲမှာရှိတဲ့သွားကို ဆွေးမြေ့စေပါတယ်။ သွားတွေကြားထဲမှာ အစာတွေညှပ်ပီး သွားဖုံးတွေ ရောင်လာရင် သွားတွေ ယိုင်နဲ့လာတတ်ပါတယ်။
6️⃣။ သွားအမျိုးအစားကို ရွေးချယ်ရာမှာ သွားအရောင်၊ မာကြောမှု၊ ရေရှည်ခံမှု၊ လှပမှု၊ သဘာဝသွားနှင့် နီးစပ်မှုတို့ အပေါ်မူတည်ပီး ကုန်ကျစရိတ်ကွာခြားသွားပါတယ်။
7️⃣။ အများအားဖြင့် အနည်းဆုံး သွားတုသက်တမ်း (၅) နှစ်ခန့် အသုံးပြုနိုင်ပါတယ်။ သန့်ရှင်းရေးသေချာပြုလုပ်ပီး အသုံးပြုရင် ပိုခံပါတယ်။ သွားတုပြုလုပ်ဖို့ သွားဆေးခန်းကို
(၂ ) ကြိမ် လာရောက်ရပါမယ်။
☎️ အသေးစိတ်ဆက်သွယ်စုံစမ်းမေးမြန်းရန်နှင့် ကြိုတင်ရက်ချိန်းရယူရန်အတွက် အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်ပေးစေလိုပါသည်။
09-4200 46634
09-79966 5198
⏰လူကြီးမင်းတို့၏ တန်ဖိုးရှိလှသောအချိန်များဆေးခန်းတွင်စောင့်ဆိုင်းခြင်းဖြင့် အချိန်မကုန်စေရန် ဖုန်းဖြင့်ကြိုတင်ချိန်းနိုင်ပါသည်။
🏘 NYEIN Dental Clinic
Building 29, Aung Myittar Street
Corner of Zayya Mingalar Street and Aung Myittar Street,behind of Hlaing Market
Hlaing Township, Yangon, Myanmar
(Zawgyi)
(၂ ) ကြိမ် လာရောက်ရပါမယ်။
09-4200 46634
09-79966 5198
🏘 NYEIN Dental Clinic
(Zawgyi)“သွားမရှိခြင်း (မရှိတဲ့သွားကို ပြန်မစိုက်ခြင်း)ဧ။် ဆိုးကိုးများ”၁။ သွားနူတ်ထားပီး ပြန်မစိုက်ဖြစ်လျှင် အစားအစာဝါး...
14/08/2020
(Zawgyi)
“သွားမရှိခြင်း (မရှိတဲ့သွားကို ပြန်မစိုက်ခြင်း)ဧ။် ဆိုးကိုးများ”
၁။ သွားနူတ်ထားပီး ပြန်မစိုက်ဖြစ်လျှင် အစားအစာဝါးစားဖို့အတွက် အခက်အခဲဖြစ်တတ်ပါတယ်။ အထူးသဖြင့် မာတဲ့ အစားအသောက်တွေ၊ အသားတွေ စားဖို့ မလွယ်ပါဘူး။ အစားအသောက်ကောင်းကောင်း မစားနိုင်ရင် ကျန်းမာရေးညီညွတ်ဖို့ ပိုမိုခက်ခဲသွားတတ်ပါတယ်။ ဒါကြောင့် သွားမရှိလျှင် သွားပြန်စိုက်သင့်ပါတယ်။
၂။ ရှေ့သွားတွေ မလှရင်၊ မရှိတော့ရင် လှလှပပပြုံးဖို့၊ စကားပြောဖို့ ယုံကြည်မှု နည်းသွားတတ်ပါတယ်။ လူတိုးမတိုးရဲဘဲ ဖြစ်နေတတ်ပါတယ်။ စကားပြောဆိုရာမှာ ဆွဲဆောင်မှုရှိအောင်၊ အသံထွက်ပီသအောင် သွားရှိဖို့ လိုအပ်ပါတယ်။
၃။ သွားမရှိတော့ရင် အချိန်မတိုင်မီ မျက်နှာအိုမင်းရင့်ရော်ခြင်း ဖြစ်တတ်ပါတယ်။ သွားနဲ့ သွားပတ်ပတ်လည်က အရိုးပမာဏ နည်းသွားတဲ့အတွက် မျက်နာအနေအထားက ခိုင့်ဝင်ပီး ရှုံ့တွသလို ဖြစ်သွားတတ်ပါတယ်။
၎။ အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ သွားနှုတ်ထားတဲ့ နေရာရဲ့ဘယ်ညာ၊အထက်က သွားတွေ ယိုင်လာတာ၊ ရှည်ထွက်လာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွားနှုတ်ပီးရင် သွားပြန်စိုက်ဖို့ လိုအပ်ပါတယ်။ ကြာလာတဲ့အခါ လွယ်လွယ်ကူကူ သွားပြန်စိုက်ဖို့ ခက်သွားတတ်ပါတယ်။
၅။ သွားနှုတ်ပီး (၂)လအကြာ သွားပြန်စိုက်သင့်တယ်။ အစားအစာကို ကြေညက်စွာ ဝါးစားနိုင်ဖို့၊ လှလှပပ ပြုံးနိုင်၊ ပီပီသသ စကားပြောနိုင်ဖို့ သွားတွေ လိုအပ်ပါတယ်။ တစ်သက်လုံးအသုံးပြုရမယ့် သွားတွေကို (၆)လ တစ်ကြိမ် သွားနှင့်ခံတွင်းဆေးခန်းမှာ စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ စစ်ဆေးမှုမှန်မှန်ပြုလုပ်ပီး သွားနှင့်ခံတွင်း သန့်ရှင်းရေးကို သေသေချာချာဆောင်ရွက်မယ်ဆိုရင် သွားနှုတ်ရခြင်း၊ သွားနာခြင်းများ မဖြစ်ပေါ်အောင် ကာကွယ်ပီးသားဖြစ်ပါလိမ့်မယ်။
(Unicode)
“သွားမရှိခြင်း (မရှိတဲ့သွားကို ပြန်မစိုက်ခြင်း)ဧ။် ဆိုးကိုးများ”
၁။ သွားနူတ်ထားပီး ပြန်မစိုက်ဖြစ်လျှင် အစားအစာဝါးစားဖို့အတွက် အခက်အခဲဖြစ်တတ်ပါတယ်။ အထူးသဖြင့် မာတဲ့ အစားအသောက်တွေ၊ အသားတွေ စားဖို့ မလွယ်ပါဘူး။ အစားအသောက်ကောင်းကောင်း မစားနိုင်ရင် ကျန်းမာရေးညီညွတ်ဖို့ ပိုမိုခက်ခဲသွားတတ်ပါတယ်။ ဒါကြောင့် သွားမရှိလျှင် သွားပြန်စိုက်သင့်ပါတယ်။
၂။ ရှေ့သွားတွေ မလှရင်၊ မရှိတော့ရင် လှလှပပပြုံးဖို့၊ စကားပြောဖို့ ယုံကြည်မှု နည်းသွားတတ်ပါတယ်။ လူတိုးမတိုးရဲဘဲ ဖြစ်နေတတ်ပါတယ်။ စကားပြောဆိုရာမှာ ဆွဲဆောင်မှုရှိအောင်၊ အသံထွက်ပီသအောင် သွားရှိဖို့ လိုအပ်ပါတယ်။
၃။ သွားမရှိတော့ရင် အချိန်မတိုင်မီ မျက်နှာအိုမင်းရင့်ရော်ခြင်း ဖြစ်တတ်ပါတယ်။ သွားနဲ့ သွားပတ်ပတ်လည်က အရိုးပမာဏ နည်းသွားတဲ့အတွက် မျက်နာအနေအထားက ခိုင့်ဝင်ပီး ရှုံ့တွသလို ဖြစ်သွားတတ်ပါတယ်။
၎။ အရေးကြီးတဲ့ နောက်တစ်ချက်ကတော့ သွားနှုတ်ထားတဲ့ နေရာရဲ့ဘယ်ညာ၊အထက်က သွားတွေ ယိုင်လာတာ၊ ရှည်ထွက်လာတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သွားနှုတ်ပီးရင် သွားပြန်စိုက်ဖို့ လိုအပ်ပါတယ်။ ကြာလာတဲ့အခါ လွယ်လွယ်ကူကူ သွားပြန်စိုက်ဖို့ ခက်သွားတတ်ပါတယ်။
၅။ သွားနှုတ်ပီး (၂)လအကြာ သွားပြန်စိုက်သင့်တယ်။ အစားအစာကို ကြေညက်စွာ ဝါးစားနိုင်ဖို့၊ လှလှပပ ပြုံးနိုင်၊ ပီပီသသ စကားပြောနိုင်ဖို့ သွားတွေ လိုအပ်ပါတယ်။ တစ်သက်လုံးအသုံးပြုရမယ့် သွားတွေကို (၆)လ တစ်ကြိမ် သွားနှင့်ခံတွင်းဆေးခန်းမှာ စစ်ဆေးကုသမှု ခံယူသင့်ပါတယ်။ စစ်ဆေးမှုမှန်မှန်ပြုလုပ်ပီး သွားနှင့်ခံတွင်း သန့်ရှင်းရေးကို သေသေချာချာဆောင်ရွက်မယ်ဆိုရင် သွားနှုတ်ရခြင်း၊ သွားနာခြင်းများ မဖြစ်ပေါ်အောင် ကာကွယ်ပီးသားဖြစ်ပါလိမ့်မယ်။
09-420046634
09-799665198
🏘 NYEIN Dental Clinic
Address
No. 59/61, Ground Floor, Aung Myittar Road, 1 Ward, Hlaing Township
Yangon
111052
Opening Hours
Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00
Telephone
+959420046634
Website
Alerts
Be the first to know and let us send you an email when Nyein Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Practice
Send a message to Nyein Dental Clinic:
Share