Shinn Thant Dental Clinic

Shinn Thant Dental Clinic Quality dental treatment with decent charges.

16/08/2021

မင်္ဂလာပါရှင်️ 😊

ဆေးခန်းပြန်ဖွင့်ပါပြီ။

🕑 ဆေးခန်းဖွင့်ချိန်မှာနေ့လယ် ၂ မှ ည ၇ နာရီအထိ‌ဖြစ်ပြီးဗုဒ္ဓဟူးနေ့တိုင်းဆေးခန်းပိတ်ပါတယ်။ 🕖

လူနာတစ်ဦးကုသမှုပြီးတိုင်းပိုးသတ်ခြင်းပြုလုပ်မည်ဖြစ်ပါသဖြင့်စောင့်ဆိုင်းမှုများရှိနိုင်ကြောင်းကြိုတင်မေတ္တာရပ်ခံအပ်ပါသည်။

🤙 နာရီပိုင်းခန့်ကြိုတင်ဆက်သွယ်၍ ဖုန်း Booking ပေးထားခြင်းဖြင့်အချိန်ကုန်သက်သာနိုင်ပါပြီ။

Shinn Thant Dental Clinic 🦷

အမှတ် (၁၂၁၆/၅)၊ထူပါရုံလမ်း(ထူပါရုံ ၃ လမ်းနှင့် ၄ လမ်းကြား)၊သာကေတမြို့နယ်၊ကျောင်းကွေ့မှတ်တိုင်အနီး၊ရန်ကုန်။

📞 09799255922
📞 0943135388

အားလုံးပဲ Covid-19 ရောဂါမှကျော်လွှားနိုင်ကြပါစေ။😇

25/07/2021

OMFS ဆရာကြီး ဒေါက်တာ သီဟမြင့်ဝေ ဝေမျှ သော Covid လူနာ များအတွက်အိမ်တွင်းကုသမှု လမ်းညွှန်

😷Covid ဖြစ်တယ်လို့ သံသယရှိရင် အတတ်နိုင်ဆုံး အိမ်မှာနေပါ
Mask နဲ့ face shield ကို မချွတ်တမ်း တပ်ထားပါ
အိမ်သားတစ်ဦးနှင့် တစ်ဦး တစ်ခန်းစီနေပါ
ပေါင်းနေပါက အနဲ ဆုံး ၇ ပေ ခွဲထား ပါ
စွန့်ပစ်ပစ္စည်းများစနစ်တကျ စွန့်ပစ်ပါ
ထမင်း အစားအသောက် သီးသန့်စားပါ

🤒ကိုယ် အပူ ချိန်တက်လာပီ ဆိုလျှင် Paracetamol (ဘယ်တံဆိပ်ပဲဖြစ်ဖြစ်) 500mg တစ်နေ့ ၄ ကြိမ်စသောက်ပါ
Alardae အာလာဒေး သို့မဟုတ် Citrizine 10mg ည တစ်လုံး သို့မဟုတ် Loratidine 10mg ည တစ်လုံး သောက်ပါ
😮‍💨ချောင်းဆိုး ချွဲကျပ်ရင် Zedex cough syrup 10ml tds ချောင်းဆိုးပျောက်ဆေးရည် တစ်နေ့ ၃ ကြိမ် သောက်ပါ သို့မဟုတ် Bromhexine or Carbocistine ပါတဲ့ ချောင်းဆိုး ချွဲပျော်ဆေး တစ်မျိုးမျိုးသောက်ပါ.. နှလုံးသွေးတိုး ရင်တုန် ရောဂါမရှိ လျှင် Solmux Broncho 500mg တစ်နေ့ ၂ကြိမ်သောက်နိုင်ပါတယ်
🤧နှာပိတ်ရင် Saline nasal drop or spray ထည့် လို့ရပါတယ်
-Saline Nobulizar inhaler စက်နဲ့ လဲ ရှု လို့ရပါတယ်
Rossmax စက်တန်ဖိုး ၅ သောင်းလောက် ရှိပါတယ်
သို့မဟုတ် ရေနွေးငွေ့ လေး ရှုပေး လို့ရပါတယ်
-နှာခေါင်း အသက်ရှု လမ်းကြောင်း ရောင်ရမ်းမှု ကျ ဆင်းအောင် Otrivan nasal spray (nasal decongestant)သို့မဟုတ် အလားတူ ဆေးများ လဲ သုံးပီး နှာခေါင်းထဲ ညှစ်ထည့် လို့ရပါတယ်
-ညှစ်ထည်ပုံ မှာ အိပ်ပီး ပက်လက်အနေအထားဖြင့် နှာခေါင်း နှစ်ဖက် ကို နှစ် ကြိမ် စီ ညှစ်ချ ပီး ၁၀ မိနစ်လောက်နေမှ ထရမှာ ဖြစ်ပါတယ်

🥴လည်ချောင်းနာရင် Mybacin သို့မဟုတ် Strepsil ဆေးပြားများ တစ်နေ့ ၃ -၄ ကြိမ်လောက် ငုံပေးနိုင်ပါတယ်
ပုလုပ်ကျင်းဆေးရည် Listerine (မကြာခဏငုံနိုင်) သို့မဟုတ် C20 (chlorhexadine) သို့မဟုတ် Betadine 1%ဆေးရည် တစ်ခါငုံ တစ်မိနစ် တစ့်နေ ၄ ကြိမ် ငုံပေးနိုင်ပါတယ်
ဘာမှ မရှိရင် ရေနွေး ပူပူလေး ထဲ ဆားအနည်းငယ် ထည့် ပီး မကြာခဏ ငုံထွေး နိုင်ပါတယ်

😴ညဖက် အိပ်ပျော်စေရန် short term sleep problem အတွက် melatonin 3mg တနေ့တစ်လုံး ညနေ စောင်း သောက် နိုင်ပါတယ်

🤗ကိုယ်ခံအားကောင်းစေရန်နှင့် ရောင်ရမ်းမှု များအတွက်
Vitamin C 500mg တနေ့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်
Vitamin D 5000IU မနက်စာစားပီးတစ်ကြိမ်
Zinc ဓာတ်ပါသော အားဆေးများ Zincovit or Becozinc စသဖြင့် အစာစားပီး တစ်လုံး သောက်ပေးနိုင်ပါတယ်

😣ဝမ်းလျှောရင် ဓာတ်ဆားရည် BPI ဓာတ်ဆား တစ်ထုတ် နှင့် ရေသန့်တစ်လီတာဖျော်ပီး ဝမ်းလျှော သလောက်ပြန်တိုက်ပါ
ဓာတ်ဆား အထုတ်သေး Pharolit တစ်ထုတ် နှင့် ရေတဖန်ခွက်ဖျော်ပီး ဝမ်းတခါသွားတိုင်း ပြန်တိုက်နိုင်ပါတယ်
သီးစုံ ဓာတ်ဆားကတော့ အူနံရံ က ရေကို ဆွဲကာဝမ်းကို ပိုသွားစေတဲ့အတွက်ကြောင့် မတိုက်သင့်ပါဘူး
ဝမ်းရပ်စေရန် Bioflor မနက် တကြိမ် ည တစ်ကြိမ် သို့မဟုတ် probiotics များ ပြန်သောက်နိုင်ပါတယ်
ဗိုက် ပြည့် ဗိုက်ကယ် အတွက် air X တစ်နေ့ ၃ ကြိမ်
Omeprazole 20 Mg တစ်နေ့ ၂ ကြိမ် သို့မဟုတ် pentoprazole (pentocid) 20mg တစ်နေ့ ၂ ကြိမ် ၅ ရက်လောက်သောက် နိုင်ပါတယ်

🤮အန်ပါအန်ရင်တော့ Motilum သို့မဟုတ် Maxalon 10mg တစ်နေ့ ၂ ကြိမ် ကနေ ၃ ကြိမ် သောက်နိုင်ပါတယ်
အစား မစား ခင် နာရီဝက် အလို ကြိုသောက် ပါ က အစားစား ချိန် ပျို့အန် ချင်စိတ်လျှော့နည်းစေပါတယ်
အအန်များ လျှင် ဓာတ်ဆား ရည် ပြန် လည် ဖြည့်တင်းသောက်နိုင်ပါတယ်

🤤ဖျားနေချိန် အန်နေချိန် ဝမ်းသွားနေချိန် အာဟာရပြည့်ဝတဲ့ အစားပျော့ပျော့(ဆန်ပြုတ်/စွပ်ပြုတ်)ကို နည်းနည်း ချင်းစီ အကြိမ်ရေ များများ (တစ်နေ့ ၁၀ကြိမ်မျှ) အနည်းဆုံး အရည် 2.5 လီတာ ကျွေးပေးရပါမယ်
စိတ်ပူပီး အားရှိအောက် တစ်ကြိမ်ထဲ အများ ကြီး ကျွေးရင် ပျို့အန်ပီး လူ နှုံးစေပါတယ်
အဟာရများပြည့်ဝပါဝင်စွာ စား သုံး နိုင်ရန် အရေးကြီးပါတယ်
လူနာကျန်းမာ လို့ စားချင်ရင် ထမင်းကျွေး လိုက ကျွေးနိုင်ပါတယ်
🚽🧻ဝမ်းလျှော ပီး မရပ်ပဲ ဝမ်းကိုက် ဝမ်းလျှော ပိုးဝင်ရင်တော့ metro ၂ လုံး ၃ ကြိမ် နဲ့ Norbactin 400mg တနေ့ ၂ ကြိမ် ၅ ရက် (လိုအပ်မှသာ) တိုက်နိုင်ပါတယ်
ပိုးသတ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးများကြောင့် လိုအပ်မှသာ တိုက်စေ လိုပါတယ်

🤢ချောင်း ဆိုး အသက်ရှု မြန် နောက်ဆက်တွဲ ဘက်တီးရီးယားနမိုးနီးယား ကာကွယ် ရန်အတွက် Azithromycin 500mg တစ်နေ့တစ်ကြိမ် ၅ ရက် သို့မဟုတ် Augmentin 625mg တစ်နေ့ ၃ ကြိမ် လိုအပ်ပါက သောက်နိုင်ပါတယ်..
မလိုအပ်ပဲ သောက်ရင် ဆေးကြောင့်လေးဆိုသလို ပိုးသတ်ဆေး ကြောင့်ဖြစ်တဲ့ ဝမ်းလျှော ဝမ်းပျက် ဖြစ်နိုင်ပါတယ်

🤢အောက်စီဂျင်အကြောင်းပြောပါမယ်
အောက်စီဂျင်ကတော့ Covid သံသယ လက္ခဏာ များ စပေါ် ပီ ဆို လျှင် pulse oximeter နှင့် သွေးတွင်း O2 ပမာဏကို ၂ နာရီခြား တိုင်း သင့် ပါတယ်
မော လာရင် မကြာခဏ တိုင်းကြည့်သင့်ပါတယ်
သွေးတွင်းအောက်စီဂျင်ပမာဏ ၉၅ အောက် ကျ လာရင်တော့ medical grade Oxygen concentrator ရှိရင် 2.5 to 3L per minute နဲ့ nasal prawn နှာခေါင်း ပိုက် အတို လေး နဲ့ စရှု သင့်ပါတယ် တခါရှု ၄ နာရီလောက် ရှု (တစ်နာရီနား)
ရှုရင်း နဲ့ သွေးတွင်း အောက်စီဂျင်ပမာဏ ကို မကြာခဏ တိုင်းသ့်ပါတယ်
ပြန်ရှု လိုက်လို့ ၉၆ -၉၉ ကြားမှာရှိတယ်ဆိုရင်တော့ ဘာမှ ဆက်လုပ်ဖို့မလိုပါဘူး
သွေးတွင်းအောက်ဆီဂျင်ပမာဏ ၉၀ နဲ့ ၉၂အောက်ကျလာရင်တော့ Face mask နဲ့ 5-10 L/min နဲ့ ရှု ပေးရပါမယ်
အဲ့ဒိမှာ O2 concentrator ကတော့ medical grade ဖြစ်ဖို့ လိုပါတယ်။ သို့မှသာ flow တင်လိုက်ရင် လိုအပ်တဲ့ O2 ပမာဏ ထွက်မှာ ဖြစ်ပါတယ်။ သူ ကတော့ လျှပ်စစ်ရှိနေရင် ရပါတယ်။ ၄-၅ နာရီ သုံးပီးတိုင် စက်အေးအောင် ခဏ နားပေးသင့်ပါတယ်
🤿အကောင်းဆုံး ကတော့ O2 cylinder နဲ့ liquid O2 ရှုနိုင်ရင်တော့ကောင်းပါတယ်။ သူက 100% အောက်စီဂျင်အပြည့်ထွက်ပါတယ်။ ဒါပေမယ် ပြန်ဖြည့်ရရင် အချိန် ကြာပီး ပြင်ပ လူများ primary contact နဲ့ ထိတွေ့နိုင်ပါတယ်။ ပီးတော့ အချိန် ခဏပဲသုံးလို့ရပါတယ်။ 10 L အိုးဆို ၂ နာရီလောက်…40 Liter အိုးကြီး ဆို ၈နာရီကနေ ၁၅ နာရီလောက် O2 လိုအပ်မှုပေါ်မူတည်ပီး သုံး လို့ရပါတယ်။
🤸🏼‍♂️၄ နာရီမှောက်အိပ် ၂ နာရီ ဘေးစောင်းအိပ် တစ်နာရီ ထောင်အိပ် (4-2-1 hours )အနေအထား ဖြင့် အသက်ရှု လေ့ကျင့်ခန်း လုပ်ပေးလို့ရပါတယ်
🧘🏽‍♂️အသက်ကို အဝ ကြီးရှု ပီး ၂-၃ စက္ကန့်အောင့်ထားပီး ဖြည်းဖြည်း ပြန်ထုတ်ခြင်း ဖြင့် အဆုတ် ကြွက်သား များ သန်မာအောင် လေ့ကျင့်ခန်း လုပ်ရပါမယ်
အောက်ဆီဂျင်92 အောက် ကျလာရင်တော့ Dexa 8 mg ၃ ရက် 6mg ၅ရက် 4mg ၂ရက် 2mg ၂ရက် သောက်သင့်ပါတယ်
နီးစပ်ရာ ဆရာဝန်များနှင်တိုင်ပင်ကုသသင့်ပါတယ်
🚑O2 ရှု ရင်းနဲ့ သွေးတွင်း အောက်စီဂျင်ပမာဏ ၉၀ အောက် တဖြည်း ဖြည်း ဆက်လက်ကျ ဆင်းနေတယ်ဆိုရင်တော့ ဆေးရုံ မှာ ကုသမှု ခံယူ ဖို့ လိုအပ်နေပီဆိုတာ သဘောပေါက်ရပါမယ်

📞☎️နီးစပ်ရာ ဒေသန္တရ ကျန်းမာရေးဌာနကို ဆက်သွယ်(ဖုန်းကိုင်ရင်ပေါ့လေ😔) စာရင်းပေး၊ RDT test kit နဲ့စစ်ပီး ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ (ပြောရင်းနဲ့မောလာပီ) တောင်းပီး လူနာ ကို ကျန်းမာရေးဌာန မှ လွှတ် တဲ့နေရာ သို့ သွားရောက်ကုသဖို့ ပြင်ဆင်ရပါမယ်
🦠(လူနာကို အိမ်ပြန်လွှတ်ရင်တော့ မသေအောင် အားတင်းခိုင်းထားရပါမယ်🥴)

🧴အတူနေမိသားစုများ အနေဖြင့် Covid လူနာ ပြုစု ကုသမည်ဆိုပါက mask, shield mask, apron gown, လက်အိပ်များ ဝတ်ပီး ကိုင်ပီးတိုင်း လက်ကို အနည်းဆုံး စက္ကန့် ၂၀ မကြာခဏ ဆေး ခြင်း ဖြင့် ကာကွယ်ရပါမယ်

အများအားဖြင့် မပြင်းထန်တဲ့ Covid လူနာများကို အထက်ပါ အတိုင်း အိမ်တွင် ပြုစု ကုသနိုင်ပါတယ်။

🩺စာကြွင်း-၁ (ကလေးငယ်များကိုတော့ သူတို့အသက်အရွယ် ကိုယ် အလေး ချိန်ပေါ်မူတည် ပီးတွက်ချက် တိုက်ကျွေးရပါမယ်
အကောင်းဆုံး က ဆရာဝန် ညွှန်ကြားချက်ယူသင့်ပါတယ်
ကံကောင်းသည်မှာ ကလေးငယ်အများစု တွင် Covid သည် ပြင်းထန်လေ့ မရှိပဲ အများအားဖြင့် သာမန်တုတ်ကွေး အဆင့် ဖြင့် သက်သာလေ့ရှိပါတယ်
မသက်သာပါက ဆရာဝန် များထံ ပြသရပါမယ်)

🧨စာကြွင်း-၂ ဂွေးတောက် နဲ့ ကြက်သွန်နီ များ လုံးဝ အသုံးမဝင်ပါ။ ကြက်ဂွေးတောက် ဟင်းချက်စားရင်တော့ တစ်ခွက်ပို့လိုက်ပါခဗျား
😊😊
ဝေဒနာရှင် မိသားစု များ အမြန်ကျန်းမာ ချမ်းသာ ကြ ပါစေ
လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါတယ်

မေတ္တာဖြင့်

ဒေါက်သီ
ဒေါက်တာ သီဟမြင့်ဝေ
၁၅/၇/၂၀၂၁

15/07/2021

ရှင်းသန့်သွားနှင့်ခံတွင်းဆေးခန်းအား ၁၆.၇.၂၁ မှ ၃၁.၇.၂၁ ထိခေတ္တပိတ်ထားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။ 😔

သွားနှင့်ခံတွင်းရောဂါနှင့်ပတ်သက်၍နေ့စဉ်မနက် ၉ နာရီမှည ၉ အထိ‌
ဆေးခန်းဖုန်းနှင့် Messenger မှအားမနားတမ်းမေးမြန်းနိုင်ကာဆရာဝန်နှစ်ဦးမှ‌‌ဖြေကြားပေးပါမည်။ 🧑‍⚕️🧑‍⚕️

ဆေးခန်းပြန်ဖွင့်မည့်ရက်အားကြိုတင်အသိပေးပါမည်။ 🤗

အဆင်မပြေမှုများရှိခဲ့ပါကနားလည်ခွင့်လွှတ်ပေးစေလိုပါသည်။ 🦷

လူကြီးမင်းတို့လည်းတတ်နိုင်သရွေ့အချိန်ကြာမြင့်စွာအပြင်မထွက်ခြင်းဖြင့် Covid-19 ရောဂါဘေးမှကင်းဝေးကြပါစေ။ 😇

📞 09799255922,0943135388,09757534802

13/07/2021
အံဆုံးသွားအကြောင်းသိကောင်းစရာများ👀    ■ဆယ်ကျော်သက်အရွယ်ရောက်ပြီးသူတိုင်း အံဆုံးပြဿနာကို အနည်းနဲ့အများတော့ တွေ့ကြုံရတတ်ပါ...
08/07/2021

အံဆုံးသွားအကြောင်းသိကောင်းစရာများ👀

■ဆယ်ကျော်သက်အရွယ်ရောက်ပြီးသူတိုင်း အံဆုံးပြဿနာကို အနည်းနဲ့အများတော့ တွေ့ကြုံရတတ်ပါတယ်။

■အံဆုံးသည်ဘေးသွားကဲ့သို့သွားအပြည့်မပေါက်ခြင်း၊သွားဖုံးသားဖုံးနေခြင်းနှင့်ပုံစံမမှန်ကာစောင်းပေါက်ခြင်းစသည်တို့ကိုကြုံရတတ်ပါသည်။

■သွားအပြည့်မပေါက်သေးသောအချိန်တွေမှာဆို သွားနှင့်သွားဖုံးကြားမှာ အစာကျန်ပြီး အံဆုံးသွားအပေါ်တွင် အုပ်နေသော သွားဖုံးရောင်ရမ်းကာ သွားကိုက်လာနိုင်ပါတယ်။😔😞

■👨‍⚕ ထိုရောဂါဝေဒနာအား ကုသရန်နည်းလမ်းကတော့ ဆားရေနွေးဖြင့်ပလုပ်ကျင်းပေးခြင်း၊တစ်နေ့ ၂ ကြိမ်သွားမှန်မှန်တိုက်ပေးခြင်း နှင့် အစာစားပြီးတိုင်းပလုပ်ကျင်းပေးခြင်းများ ပြုလုပ်ပေးရပါမယ်။

ယခုကဲ့သို့ ပုံမှန်လုပ်ခြင်းအားဖြင့် အစာဝင်သောနေရာတွင် သန့်ရှင်းသွားသည်နှင့် သက်သာသွားပါလိမ့်မယ်။🦷🧚‍♂️🧚‍♀️

🖍️လက်နှင့်နှိုက်၍ ညှပ်နေသောအစာကိုထုတ်ခြင်း၊ သွားကြားထိုးတံနှင့် ထိုးခြင်းများမလုပ်မိပါစေနှင့်။
👉 အခန့်မသင့်လျှင် ပိုးဝင်ပြီး မျက်နှာနှင့်လည်ပင်းတစ်ဝိုက် ရောင်ရမ်းလာနိုင်ပါတယ်။

■သွားဖုံးသားဖုံးအုပ်နေသောအခါမျိုးတွင်အောက်အံဆုံး၏သွားဖုံးကို အပေါ်အံသွားဖြင့် မကြာခဏကိုက်မိသောကြောင့် နာခြင်းမျိုးလဲဖြစ်လေ့ရှိပါတယ်။

■အံဆုံးစောင်းပေါက်လာပြီဆိုရင် အစာမညှပ်အောင်အထူးသတိထားပေးပါ။အစာညှပ်ခြင်းဖြင့် အံဆုံးဘေးရှိသွားတွင် သွားပိုးစားခြင်းများ ဖြစ်တတ်ပါတယ်။

■👨‍⚕ စောင်းပေါက်နေသော အံဆုံးများသည် အချိန်မရွေးနာလာနိုင်သောကြောင့် ခရီးဝေးသွားဖို့ရှိသောအခါတွေမှာ ကြိုတင်စစ်ဆေးပြီး နှုတ်ထားခြင်းသည် အကောင်းဆုံးဖြစ်ပါတယ်။

■အံဆုံးတွန်းသည့်အတွက်ကြောင့်လည်း ရှေ့သွားများထပ်လာနိုင်ပါတယ်။

👨‍⚕ သွားဖုံးသားဖုံးနေသောသွားနှင့်ပုံစံမမှန်သည့် အံဆုံးသွားများကို ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသမှုခံယူဖို့ အကြံပေးချင်ပါတယ်။💁‍♂️

Shinn Thant Dental Clinic တွင်လူကြီးမင်းတို့၏ အံဆုံးပြဿနာအတွက် မေးရိုးနှင့်ခံတွင်းခွဲစိတ်အထူးကုဆရာဝန်ဖြင့် ကုသပေးလျက်ရှိပါသည်။

📢For More Details And Appointment

Shinn Thant Dental Clinic

အမှတ် (၁၂၁၆/၅)၊ထူပါရုံလမ်း(ထူပါရုံ၃လမ်းနှင့်၄လမ်းကြား)၊သာကေတမြို့နယ်၊ကျောင်းကွေ့မှတ်တိုင်အနီး၊ရန်ကုန်။

📞09799255922,0943135388,09757534802

အားလုံးပဲကျန်းမာပြီး Covid-19 ရောဂါဘေးမှကင်းဝေးကြပါစေ။

ကလေးသွားကျန်းမာရေးသိကောင်းစရာများအချို့ကို‌ဝေမျှပေးပါရစေ☺️>  ကလေးသွားများသည်အသက် ၆ လခန့်ဆိုရင်စပေါက်ပါပြီ> ၂ နှစ်ခွဲ ၃ န...
04/07/2021

ကလေးသွားကျန်းမာရေးသိကောင်းစရာများအချို့ကို‌ဝေမျှပေးပါရစေ☺️

> ကလေးသွားများသည်အသက် ၆ လခန့်ဆိုရင်စပေါက်ပါပြီ

> ၂ နှစ်ခွဲ ၃ နှစ်ရောက်လျှင်ကလေးသွားလေးတွေစုံပြီလို့အကြမ်းဖျင်းပြောလို့ရပါတယ်

> ကလေးအသက် ၆ နှစ်‌အရွယ်လောက်ကတော့
လူကြီးအံသွားစပေါက်တတ်တဲ့အရွယ်ပါ

> ကလေးသွားနဲ့မှားတတ်ကြတော့ပြန်ပေါက်မည်ထင်ကာသတိမထားမိဂရုမစိုက်မိတာ‌ကြောင့်သွားပိုးစားပြီးကလေးကြီးသွားများပျက်စီးဆုံးရှုံးရတတ်ပါသည်😔😔🥺

**ထို့ကြောင့်အသက် ၆ နှစ်အရွယ်တွင်စပေါက်သောလူကြီးအံသွားလေးတွေကိုဂရုစိုက်ပုံလေးပြောပြ‌ပေးချင်ပါတယ်😇😇

🐥 သွားပိုးစားခြင်းမှကာကွယ်ရန်ခံတွင်းသန့်ရှင်းရေးသေချာလုပ်ပေးပါ။ဥပမာ

(၁) အသက် ၅ နှစ် ၆ နှစ်အရွယ်အထိမိဘအုပ်ထိန်းသူကိုယ်တိုင်ဝိုင်းကူပြီးသွားတိုက်ပေးခြင်းကအကောင်းဆုံးဖြစ်ပါတယ်။

(၂) အစာစားပြီးတိုင်းပလုတ်ကျင်းခြင်းကကောင်းမွန်သောအကျင့်ဖြစ်ပါတယ်။

(၃) ချို၍စေးကပ်သောအစားအသောက်များကိုရှောင်ပါ။

👦👱🧒👧ကလေးသွားများကို ၆ လတစ်ကြိမ်သွားဆရာဝန်ထံတွင်ပုံမှန်စစ်ဆေးပေးခြင်းဖြင့်သွားပိုးစားခြင်းရှိခဲ့ပါကစောလျှင်စွာလိုအပ်သောကုသမှုခံယူလိုက်ပါ။

ကလေးများသွားပိုးစာခြင်းမှကာကွယ်ပေးနိုင်သောကုသမှုအသစ်နှစ်မျိုးအကြောင်းအနည်းငယ်ပြောပြပေးချင်ပါတယ်😇

Fissure Sealant Treatment~ကလေး ၆ နှစ်အရွယ်တွင်ပေါက်သောလူကြီးအံသွားများ၏အစာဝါးသောမျက်နှာပြင်များကိုကြိုတင်ဖာထားခြင်းဖြစ်ပါတယ်

👨‍⚕👩‍⚕ အားသာချက်ကတော့အံသွားများကိုသွားပိုးစားခြင်းမှအမြင့်မားဆုံးကာကွယ်ပေးနိုင်ကာအသက်ကြီးသည်အထိအသုံးပြုနိုင်စေမှာပါ

Fluoride Varnish Treatment~ကလေးသွားမျက်နှာပြင်များကို Cleansing သေချာပြုလုပ်ပြီး Fluoride varnish gel ဖြင့်ကုသပေးခြင်းဖြစ်ပါတယ်

👨‍⚕👩‍⚕ ကောင်းကျိုးအနေဖြင့်ကလေးသွားများကိုသွားပိုးစားခြင်းမှပိုမိုထိရောက်စွာကာကွယ်နိုင်ပါတယ်

အသေးစိတ်သိရှိလိုပါက Shinn Thant Dental Clinic ၏ messenger တွင်လည်းကောင်းအောက်ပါဖုန်းနံပတ်များကိုဆက်သွယ်၍သော်လည်းကောင်းမေးမြန်စုံစမ်းနိုင်ပါသည်။

🦷Shinn Thant Dental Clinic

အမှတ် (၁၂၁၆/၅)၊ထူပါရုံလမ်း(ထူပါရုံ၃လမ်းနှင့်၄လမ်းကြား)၊သာကေတမြို့နယ်၊ကျောင်းကွေ့မှတ်တိုင်အနီး၊ရန်ကုန်။

📞 09799255922,0943135388,
09757534802

02/01/2021

မင်္ဂလာပါရှင်☺️☺️

ကျွန်မတို့ Shinn Thant dental clinic အား 1.1.2021 မှစတင်၍​ပြန်လည်ဖွင့်လှစ်​ပြီဖြစ်ကြောင်းအသိပေးအပ်ပါသည်ရှင်📢📢

Covid 19 ကာလအတွင်းဆေးခန်းဖွင့်ချိန်

⏰⏰နေ့စဥ် ညနေ ၃:၀၀ မှ ည ၈:၀၀အထိဖွင့်လှစ်ကုသပေးသွားပါမည်ရှင်။

တစ်နေ့ကို လူနာ (5)ဦးခန့်သာ Appointment စနစ်ဖြင့် လက်ခံကုသပေးမည်ဖြစ်ပါသောကြောင့်ဖုန်းဖြင့်ကြိုတင်၍ Appointment ယူပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်ရှင်။

☎️ 0943013960
☎️ 0943135388

02/10/2020

ဆေးခန်းခေတ္တပိတ်ထားကြောင်းပြောကြားပါရစေ။
ပြန်ဖွင့်မည့်ရက်ကို Page တွင်ကြိုတင်အသိပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
🤗

26/09/2020

အောက်တိုဘာလ ၁ ရက်နေ့ ညနေ ၃ နာရီမှစ၍ဆေးခန်းပြန်ဖွင့်မည်ဖြစ်ကြောင်းအသိပေးပါရစေ။😇

Covid-19 ရောဂါပြန့်ပွားခြင်းအားကူညီကာကွယ်ရန်လူနာများအ​နေဖြင့်သွားကိုက်ခြင်း၊သွားနာခြင်း၊သွားကျိုးခြင်း၊သွားနဲ့ခြင်း၊သွားဖုံးနှင့်မျက်နှာတစ်ခြမ်းရောင်ခြင်းစသော Dental Emergency Conditions များရှိမှသာဆေးခန်းသို့လာပြသင့်ကြောင်းမေတ္တာရပ်ခံအပ်ပါသည်။👨‍⚕️

Stay At Home ကာလအတွင်းဆေးခန်းလာပြလိုပါကလူနာများ Social Distancing ဖြစ်​စေရန်ဖုန်းဖြင့် Booking ကြိုယူပေးကြပါခင်ဗျာ။☎

Dr. Su Wai Paing~0943135388
Dr. Nyan Min Yu~0943013960

ဆေးခန်းပိတ်ထားစဉ်အဆင်မပြေမှုများအတွက်တောင်းပန်ပါတယ်ခင်ဗျ။

Address

Yangon
11231

Opening Hours

Tuesday 09:30 - 19:00
Wednesday 09:30 - 19:30
Thursday 21:00 - 19:30
Friday 09:30 - 19:30
Saturday 09:30 - 19:00
Sunday 09:00 - 19:30

Telephone

+95943135388

Website

Alerts

Be the first to know and let us send you an email when Shinn Thant Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share